Chapter 99 Extra (End of Story)
Viewers 5k


Chapter 99👥️Chapter 99 (End of Story)

အချပ်ပို၄ 

ချီစန်းနှင့် ထန်းကော်






ထိုနေ့ ယန်အန်းယု၏ အဝတ်လဲခန်းထဲ၌။




"ထန်းကော် မလှုပ်နဲ့... မလှုပ်နဲ့... မျက်လုံးတွေက မပြီးသေးဘူး"




"ဟင်း ဒီနေရာက အမှုန့်နည်းနည်း ထပ်ရိုက်ရမယ်"




"ပါးနီနည်းနည်း လိုနေသေးတယ်"




.........................




မိတ်ကပ်ပစ္စည်းများနှင့် ကိရိယာငယ်များ အပုံလိုက်ကို စားပွဲပေါ်တွင် တင်ထားသည်။




ယန်အန်းယုက စကားပြောနေရင်း ထန်းကော်၏ မျက်နှာကို ဟိုဟာလူးလိုက် သည်ဟာသုတ်လိုက်နှင့် မရပ်မနား အလုပ်ရှုပ်နေ၏။




ခဏအကြာ မှန်ထဲမှ 'မိန်းမလှ​လေးထန်' ကို ကြည့်ရင်း ယန်အန်းယု ကျေနပ်စွာ ပြုံးပြလိုက်သည်။


"ဟားဟား ငါက ဒီနေရာမှာ ပါရမီရှင်ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး"




အနုပညာရှင်တစ်ယောက်အနေဖြင့် ယန်အန်းယုက နေ့တိုင်း မိတ်ကပ်လိမ်းပြီး မိတ်ကပ်ဖျက်ရ​လေသည်။ဤသည်က သူ့ကိုအနည်းငယ် နာကျင်​စေပြီ မကြာသေးခင်က ညလုံးပေါက်ရိုက်ကူးရေးလုပ်ခဲ့ရသည်ကိုပါ ထပ်ဖြည့်လိုက်သောအခါ သူ့မျက်လုံးများ အောက်မှာ အမဲကွင်းများရှိလာရုံသာမက သူ့အသားအရည်ကလည်းမကောင်းတော့ပေ။




ရက်အနည်းငယ်ကြာပြီးနောက် ဇာတ်ဝင်ခန်းတစ်ခုတွင် သူ အမျိုးသမီးအဝတ်အစားများကိုပင် ၀တ်ဆင်ရဦးမှာဖြစ်လေသည်။ယန်အန်းယု တကယ်မပျော်ပေ။




သို့ပေမဲ့ သူတို့မိသားစုက ရုပ်ရှင်ဧကရာဇ်ယီက ဤအကြောင်းကို သိလိုက်ရသည့်အခါ ချက်ချင်း သူ့မျက်လုံးထဲမှာ တစ်ခုခုဖြတ်ပြေးသွားသည်။ဟမ့် သူ့မျက်နှာတွင် ပြောင်းလဲမှုမရှိသော်လည်း ယီချန်းယန် စိတ်ထဲတွင် တစ်စုံတစ်ရာကို ကြံစည်နေသည်မှာ သေချာမှန်း ယန်အန်းယုသိသည်။




ယနေ့မှာ ယန်အန်းယုက မိတ်ကပ်ပညာရှင် ကျဲကျဲကို ခေတ္တထွက်သွားခိုင်းလိုက်သည်။ သူရုတ်တရက်ကြီး ကြံကြံဖန်ဖန်စိတ်ကူးပေါက်ကာ တခြားတစ်ယောက်ယောက်ကို မိတ်ကပ်လိမ်း​ပေးပြီး သူ၏ မော်ဒယ်အဖြစ် သရုပ်ဆောင်ခိုင်းချင်​နေ​လေသည်။




သူ့မျက်လုံးများတွင် ဉာဏ်များသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ယန်အန်းယု၏ အကြည့်များက ဟိုဟိုသည်သည် လွင့်မျောနေပြီးနောက် သူ့အနားရှိ ထန်းကော်ပေါ်တွင် အခြေချလိုက်လေသည်။




ယခု ထန်း​ကော်၏ အမျိုးသမီးပုံစံမိတ်ကပ်ကို ကြည့်ပြီး ယန်အန်းယု သက်ပြင်းအ​ကြီးကြီးချလိုက်သည်။


"မစ္စထန်းကော်က အရမ်းလှတာပဲ"




ထန်း​ကော်၏ မူလအသွင်အပြင်ကတင် အလွန်ကောင်းမွန်နေပြီဖြစ်သည်–သေးငယ်ပြီး နူးညံ့သိမ်မွေ့သော မျက်နှာ​ဖြူ​ဖြူ​လေးနှင့် ဖြူစင်သော မျက်ဝန်း တစ်စုံ။သူသာ မိတ်ကပ် အနည်းငယ် လိမ်းထားသရွေ့ သူ့တွင် ဖန်များစွာ ရှိနေမည်မှာ သေချာသည်ဟု ယန်အန်းယု ခံစားရသည်။




"... " 




ထန်းကော်က မျက်မှောင်ကြုတ်ကာ သူ့အကြည့်ကို ရှောင်တိမ်းလိုက်သည်။မှန်ထဲက သူ့ပုံရိပ်ကို သူတကယ်မကြည့်ချင်၊ ဆံပင်တု၊ မျက်တောင်ထူထူ၊ နှင်းဆီ​ရောင်ပါး​နီများနှင့် နှုတ်ခမ်းနီပင် ပါသေးသည်။




"သခင်​လေး ကျွန်​တော့်ကိုထပ်​ပြီးကစား​နေတာလား"




ဤခေတ်ကြီးတွင် သက်တော်စောင့်တစ်ဦးဖြစ်ရန်မှာ ခက်ခဲလွန်းလှသည်။ အထူးသဖြင့် ထူးထူးဆန်းဆန်း စိတ်ကူးသစ်များ အမြဲရှိပြီး ပုံမှန်လမ်းကို မလျှောက်လှမ်းနိုင်သော သခင်တစ်ဦးနှင့် နေ့စဉ်ရင်ဆိုင်​နေရခြင်းဖြစ်သည်။




"​ရှောင်ယု ဒီ​နေ့နေ့လည်ခင်းအတွက်..."




ထိုအချိန်တွင် ချီစန်းက ရုတ်တရက် တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်။အမျိုးသမီးပုံစံ ပြင်ဆင်ထားသော ထန်းကောကို မြင်လိုက်သည်နှင့် ချက်ချင်းပင် မှင်တက်သွားမိသည်။




"..." 




ထန်းကော်က သုံးစက္ကန့်လောက် နေရာတွင်ပင် ကျောက်ရုပ်ဖြစ်သွားသည်။




နောက်ဆုံးတွင် အသိဝင်လာသောအခါ သူ့မျက်နှာကို ချက်ချင်းအုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်သည်။




ဘုရားရေ အခု တူးဝင်ဖို့ တွင်းတစ်တွင်းတကယ်ရှာချင်နေပြီ ...




***




ထိုညက မြို့၏အနောက်ပိုင်းလူနေရပ်ကွက်၌




သူ၏အမျိုးသမီးပုံစံကို မနက်ခင်းတုန်း က ချီစန်းမတော်တဆမြင်သွားသောကြောင့် ထန်းကော် တစ်နေ့ခင်းလုံး အလွန်ကို ရှက်နေခဲ့သည်။ချီစန်းနှင့် နှစ်ယောက်တည်း အချိန်မဖြုန်းချင်သဖြင့် အလုပ်ပြီးသည်နှင့် အိမ်ပြန်ခဲ့သည်။




သို့သော် သူအိမ်ပြန်ရောက်သည်နှင့် ထန်းကော် သူ၏အပျက်သဘောဆောင်သောစိတ်ခံစားချက်များအားလုံးကို ချက်ချင်းထိန်းလိုက်သည်။ တက်​ကြွမှုအပြည့်နှင့် တောက်ပစွာ ပြုံးလိုက်သောကြောင့် သူ့မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်မှုများ မရှိတော့ပါချေ။




ညစာစားပြီးနောက် ထန်းကော် သူ့အမေ၏ခြေထောက်ကို ဆေးကြော​ပေးကာ တစ်ညတာ အနားယူရန် အိပ်ရာထဲသို့ တွဲပို့ပေးခဲ့သည်။




"​အမေ ဒီနေ့ ပျော်စရာတွေ အများကြီး ကြုံခဲ့တယ်...ကျွန်​တော့် အမေ့ကိုပြောပြမယ်..."




စိတ်မချမ်းသာစရာကိစ္စများ သို့မဟုတ် သူခံစားခဲ့ရသော မတရားမှုများကို ဘယ်သောအခါမှ မပြောဘဲ ထန်းကော်က သူနေ့တိုင်းကြားသိမြင်ခဲ့ရသောအရာများကို ပျော်စရာကောင်းစွာဖြင့် သူ့အမေအား ကွက်ကွက်ကွင်းကွင်း၊ အသက်ဝင်အောင် ပုံပေါ်အောင် အဆုံးမရှိ စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းကို ပြောပြနေသကဲ့သို့ပြောပြလေသည်။




အမေထန်းက ကြားပုံပေါ်ပေမဲ့ မကြားရပေ။ခေါင်းညိတ်ပြရုံသာ​ပြုသည်။သူမက သားဖြစ်သူအား ချစ်ခင်ကြင်နာသော မျက်လုံးများဖြင့် နူးညံ့စွာ စိုက်ကြည့်နေသည်။ ထို့နောက် မကြာမီ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ကာ အိပ်ပျော်သွားသည်။




၎င်းကိုမြင်သောအခါ ထန်းကော်က  တံခါးကို ဖြည်းညှင်းစွာပိတ်ပြီး တိတ်တဆိတ်ထွက်သွားသည်။




သူ့အခန်းထဲမှာ ထန်းကော် သူ့ကုတင်ဘေး စားပွဲပေါ်က မီးအိမ်လေးကို ထွန်းလိုက်ပြီး လက်နှစ်ဖက်နှင့် ကိုင်ထားသော အပြာရောင်လက်ကိုင်ပုဝါကို စိုက်ကြည့်နေသည်။




ဤအရာက မူလက ချီစန်းနှင့်အပိုင်ဖြစ်လေသည်။




တစ်ခါက ယန်အန်းယု အပြင်မှာအလုပ်ရှိနေချိန် ကံမကောင်းစွာပဲ လမ်းခုလတ်မှာ မိုးရွာလာသည်။




ထန်းကော်က ယန်အန်းယုကိူ ကာကွယ်ရင်း ကျန်ခဲ့ပြီး သူ့မျက်နှာပေါ်မှာ မိုးရေများနှင့် ရွှံ့များဖုံးနေသည်။သူက ပျာယာခတ်နေပြီး သိပ်ဂရုမစိုက်နိုင်ဖြစ်နေချိန်မှာ ချီစန်းက သူ့မျက်နှာကို လက်ကိုင်ပုဝါနှင့် သုတ်ပေးလာခဲ့သည်။




ထို့နောက် ထန်းကော် ချီစန်းကို ပြန်ပေးချင်သည့်အခါ ထိုသူက ခေါင်းခါပြီး လက်ကိုင်ပုဝါကို မယူပေ။ ဘာမှလည်း မပြောပေ။




ယန်အန်းယုက လွန်ခဲ့သည့်လေးနှစ်ကတည်းက ပွဲဦးထွက်ခဲ့​ခြင်းဖြစ်ပြီး သူနှင့် ချီစန်းတို့သည် ယန်အန်းယု၏အနားတွင် အမြဲရှိနေခဲ့သည်။




၎င်းတို့ ပေါင်းလာခဲ့သည့်အချိန်အတွင်း


ချီစန်းက တကယ်ကို ရက်စက်သူမဟုတ်ကြောင်း သိလာရသည်။ သူကအမြဲတိတ်ဆိတ်နေပြီး စကားမပြောပေ။သူ့ခန္ဓာကိုယ်ကလည်း အရပ်ရှည်ရှည် ခပ်ထွားထွားဖြစ်သောကြောင့် သူ့အဖေနှင့်တူသည်ဟု နားမလည်နိုင်လောက်အောင် ခံစားရပေမဲ့ တစ်ခါတလေတွင်လည်း ထိုသို့မဟုတ်ပြန်ပေ။




သူ့အဖေအကြောင်းတွေးရင်း ထန်းကော် လက်ကိုင်ပုဝါကို သိမ်းလိုက်ပြီး သူ့ကုတင်ဘေးစားပွဲပေါ်က မိသားစုဓာတ်ပုံကို ထုတ်လိုက်သည်။




ဓာတ်ပုံထဲက ပျော်ရွှင်စရာကောင်းသော မိသားစု သုံးယောက်ကို ကြည့်ပြီး ထန်းကော် အနည်းငယ် ပြုံးနေပေမဲ့ ငိုချင်သလို ခံစားရသည်။ 




သူဆယ်ကျော်သက်အရွယ်တုန်းက သူ့အမေက သူ့အဖေနှင့် မကြာခဏ စနောက်ကျီစယ်ပြီး သူနှင့် သူ့အဖေကို ကြင်ကြင်နာနာ ဟာသလုပ်ရင်း ရယ်မောနိုင်ဆဲဖြစ်သည်။




"ကော်ကော် ယောက်ျားလေးတွေက ပိုချစ်စရာကောင်းသင့်တယ်...  တစ်နေ့ကုန် မျက်နှာကြီးတင်းမာနေတဲ့ မင်းအဖေလိုသက်တော်စောင့်ကို ဘယ်သူက သဘောကျမှာလဲ...ဘယ်လိုလုပ် ကောင်မလေးရမှာလဲ... သူသာ အ​မေနဲ့ မတွေ့ခဲ့ရင် သူတစ်သက်လုံး မိန်းမရမှာမဟုတ်ဘူး ဟားဟား"




"ကော်ကော် အနာဂတ်မှာ အလုပ်ကြိုးစားရမယ်နော်...အမေ ဝတုတ်တုတ်မြေးလေးချီချင်တယ်"




နောက်ပိုင်းမှာ သူ့အဖေဆုံးသွားသောအခါ သူ့အ​မေက မပြုံးနိုင်တော့​ပေ။တစ်ခါတလေ နားမကြားရသူက  တဖြည်းဖြည်း စကားနည်းလာသည်၊ ယခုအချိန်မှာ သူမပါးစပ်ကနေ 'အင်းအင်း အဲအဲ' သာ ပြောနိုင်ကာ စကား မပြောနိုင်တော့ပေ။




"သား...သားတောင်းပန်ပါတယ်..."




ဓာတ်ပုံထဲက သူ့မိဘများကို ကြည့်ပြီး ထန်းကော် တိုးတိုးလေး ရေရွတ်လိုက်၏။




အနှစ်နှစ်ဆယ်ကျော်နေထိုင်ပြီးနောက် သူက လူပျိုစစ်စစ်လေးပဲဖြစ်​နေသေးပြီး ဘယ်မိန်းမကိုမှ စိတ်မဝင်စားခဲ့ဖူပေ။ထို့ကြောင့် ဖြစ်နိုင်သည်က သူ...




သူ့အမေက အမြဲ မြေးချီချင်နေမှန်းသိပေမဲ့ သူ ဘာမှမတတ်နိုင်သည်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။




ထန်း​ကော်၏ မျက်နှာငယ်လေးသည် ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့ဖြင့် ဖုံးလွှမ်းသွားသည်။ သူ ရုတ်တရက် ဘာလုပ်ရမှန်းမသိသလို အနာဂတ်ကို လည်း စိတ်ကူးမယဉ်ရဲ​ပေ။




*****




နေဝင်ရီတရောအချိန် မြို့၏တစ်ဖက်ခြမ်းရှိ ချီစန်းမှာလည်း စိတ်ပူစရာတစ်ခုရှိနေသည်။သူကုတင်ပေါ်မှာ ဂနာမငြိမ် လူးလိမ့်နေပြီး အိပ်မပျော်နိုင်ဖြစ်နေ၏။




ချီစန်းက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဓာတ်ပုံထဲက ထန်း​ကော်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ဤသည်မှာ ထန်းကော် သတိမထားမိသော အချိန်၌ သူရိုက်ခဲ့သော ဓါတ်ပုံဖြစ်သည်။ယန်အန်းယု သူ့ကို ရယ်စားသလိုမျိုး၊ ဓာတ်ပုံထဲက ထန်းကော်က 'အမည်း​ရောင်စာလုံးအကြီးကြီးများ'နှင့် ကြောင်တောင်တောင်ဖြစ်နေဟု ရေးထားသည့် မျက်နှာကို အမှန်တကယ် ပိုင်ဆိုင်ထားလေသည်။




ထို့နောက် သူ နေ့ခင်းဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို တွေးတောမိသည်။သူ့စိတ်ထဲတွင် အမျိုးသမီးတစ်ဦးပုံစံ ၀တ်ဆင်ထားသော ထန်းကော်၏ပုံရိပ်နှင့် ရုတ်ချည်း ပြည့်နှက်သွားသည်။ချီစန်းက လက်သီးဆုပ်ကာ ထိုကိစ္စကို မေ့ပစ်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။




သို့​ပေမဲ့ သူ ပိုမေ့ချင်လေလေ၊ ထိုပုံရိပ်က ပျောက်မသွားလေလေဖြစ်သည်။ထိုအစား သူက ပို၍ပင် ကိစ္စတွေကို ပြန်သတိရလာသည်။




လွန်ခဲ့သည့်တစ်နှစ်ကျော်က ယန်အန်းယုသည် ပန်းပေါင်းတစ်ရာဆု​ပေးပွဲ၌ အကောင်းဆုံးမျက်နှာသစ်ဆုကို ရရှိခဲ့သည်။ ထိုနေ့ညတွင် အားလုံးက အောင်ပွဲခံရန် အတူတကွ စားသောက်ကြပြီး အများစုမှာ အရက်မူးကုန်ကြသည်။ထန်းကော်သည်လည်း ခြွင်းချက်မဟုတ်ပေ။




ထိုညက ထန်းကော်၏အိမ်ဘယ်မှာရှိမှန်း မသိသဖြင့် ချီစန်း သူ့ကို အနီးနားရှိ ဟိုတယ်တစ်ခုသို့သာ ခေါ်ဆောင်သွားခဲ့သည်။




ဟိုတယ်သို့ရောက်ပြီးနောက် ထန်းကော်က ရေချိုးချင်သည်ဟု တဂျီဂျီပြောခဲ့သော်လည်း ရေချိုးရင်းတန်းလန်း မူးပြီး အိပ်ပျော်သွားခဲ့သည်။




သူထွက်မလာသည်ကိုမြင်သောအခါ ချီစန်း အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် သူ၏သတ္တိကို ဆင့်ခေါ်ပြီး ဝင်ရုံတတ်နိုင်ခဲ့သည်။ ​ရေချိုးခန်းထဲဝင်​လိုက်​​သည့်အခါ သူ့​ရှေ့ကမြင်ကွင်းက ဖြူဖွေးတောက်ပနေသည်။ထန်းကော်၏ ကိုယ်လုံးတီးခန္ဓာကိုယ်က အနည်းငယ်မျှပင် ဖုံးအုပ်ထားခြင်းမရှိဘဲ သူ တစ်ချက်ကြည့်ရုံနှင့် အကုန်လုံးကို မြင်သွားခဲ့သည်။




ချက်ချင်းပဲ ချီစန်း၏လည်စေ့က လှုပ်ရှားသွားပေမဲ့ ထန်းကော်ကိုယ်ပေါ်မှာ အဝတ်အစားများကို မြန်မြန်ဆန်ဆန် ခြုံ​ပေးပြီး အိပ်ရာဆီသယ်လာခဲ့လိုက်သည်။




ထန်းကော်က အိပ်ပျော်နေရင်း ဗလုံးဗထွေးပြောနေသည်။ချီစန်း သူဘာပြောနေသည်ကို အတိအကျ မကြားရပေ။ထိုအချိန်တွင်၊ သူ့လက်များကလည်း ဇွတ်တရွတ်နိုင်စွာဖြင့် ချီစန်း၏ကော်လာကို သတိလက်လွတ် ဆုပ်ကိုင်ထားသည်။




ချီစန်း၏အမူအရာက မပြောင်းမလဲရှိ​နေပြီး ငုံ့ကာ သူ့ကို တိတ်တဆိတ် စောင်ခြုံပေးလိုက်သည်။




သို့ပေမဲ့ သူ့ခေါင်းကို ငုံ့လိုက်သည့်အခါ ဤသည်က သူ့အတွက် ထန်းကော်နှင့် ပထမဆုံးအကြိမ် ဤမျှနီးနီးကပ်ကပ်နေဖူးခြင်းဖြစ်ပြီးထန်း​ကော်၏မျက်နှာကို အနီးကပ်မြင်နေရလေသည်။ထန်း​ကော်၏ ပါးပြင်များသည် ရေနွေးငွေ့များကြောင့် အနီ​ရောင်သန်းနေပြီး သူ့နှုတ်ခမ်းများမှာလည်း အလွန်နူးညံ့နေပုံရသည်။




ရုတ်တရက် ထန်း​ကော်က သူ့လက်များကို ချီစန်း၏လည်ပင်းမှာချိတ်ပြီး ရှေ့တိုးကာ သူ့ပါးကို နမ်းလာခဲ့သည်။




ပုစဉ်းတစ်ကောင်ရေကိုထိသလိုမျိုး နူးညံ့သိမ်မွေ့သော အထိအတွေ့ဖြစ်ပေမဲ့ လျှပ်စီးကြောင်းတစ်ခုက ချီစန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သွားပုံရပြီး အိပ်ယာပေါ်ရှိ အသိမဲ့နေသည့် ထန်းကော်ကိုပဲ ကြောင်တက်တက် စိုက်ကြည့်​နေရုံတတ်နိုင်ခဲ့သည်။




နောက်တစ်နေ့တွင် ချီစန်း အလုပ်မသွားခဲ့ဘဲ ထန်းကော်လည်း ဘာကြောင့်ဖြစ်ရသည်ဟူ၍တိကျသောအကြောင်းပြချက်ကို မသိနိုင်ခဲ့ပေ။မည်သို့ပင်ဖြစ်စေ သူက ထိုညက သူ၏ရဲတင်းသောအပြုအမူကို လုံးဝ မမှတ်မိတော့သည်မဟုတ်ပါလော။




ယနေ့ အလုပ်ပြီးသည့်အခါ ချီစန်းက ထန်းကော် ရုတ်တရက် တားလိုက်သည်။


"ငါ မင်းအိမ်ကို လိုက်ချင်တယ်"




"ဟင်"


ထန်းကော် သိသိသာသာ တုန်လှုပ်သွားပြီး ငြင်းဆန်ချင်လာသည်။




"ဒီဟာက... ကျွန်​တော်ဘာမှ မပြင်ဆင်ထားရသေးဘူး... ချီကော ရုတ်တရက်ကြီး လာရင် အမေနဲ့ကျွန်​တော် အမ်း..."




"ဒါဆို မနက်ဖြန်ညလာမယ်"




"..."




ထန်းကော် ကြောင်အသွားကာ ခေါင်းယမ်းလိုက်ဆဲဖြစ်၏။




"ခဏလေး ကျွန်​တော့်အိမ်ကိုဘာလို့လာချင်နေတာလဲ"




"လုပ်ဖော်ကိုင်ဖက်အကြောင်း ဂရုစိုက်တာ"




ထန်းကော် : "..."




ချီစန်းက ယခင်ကအတိုင်း ပြည့်စုံ တိကျသော်လည်း ဤသဘောထားနှင့် အဟန့်ကောင်းသောအမူအရာက စေ့စပ်ဆွေးနွေးညှိနိုင်းရန် နေရာမရှိပေ။




ထို့ကြောင့် နှစ်ရက်အကြာတွင် ချီစန်း ထန်းကော်၏အိမ်သို့ လိုက်သွားခဲ့သည်။




အလည်လာမည့် ဧည့်သည်ရှိသဖြင့်  အမေထန်းက သူမတို့အိမ်ကို ရှင်းလင်း သပ်ရပ်နေ​အောင်လုပ်ထားပြီး   အစားအသောက်များကိုလည်း ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပေးထားသည်။ အမေထန်းကို မြင်လိုက်ရသည့်ခဏတွင် ချီစန်း အနည်းငယ် မှင်တက်သွားပြီး အချိန်တစ်ခုလောက် ဘာပြောရမှန်းမသိ ဖြစ်နေသည်။




ထန်းကော်က သူ့အ​မေက ကျန်းမာရေးမကောင်းကြောင်း ယခင်က ပြောခဲ့ဖူးသော်လည်း အမေထန်းက ဆွံ့အနားမကြား​ဖြစ်လုနီးပါး​ ဖြစ်နေလိမ့်မည်ဟု ချီစန်း မမျှော်လင့်ထားပေ။




ညစာစားပြီးနောက် ထန်း​ကော်က ချီစန်းကို မရမက အိမ်ပြန်လိုက်ပို့ခဲ့သည်။ လမ်းမီးရောင်အောက်မှာ နှစ်ယောက်သား ဘေးချင်းကပ် လျှောက်သွားနေ​ပေမဲ့ စကားမပြောဖြစ်ကြပေ။ စိတ်အခြေအနေက အနည်းငယ် ညံ့သက်နေခဲ့သည်။




အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချီစန်းက နောက်ဆုံးတွင် စကားပြောခဲ့သည်။


"တောင်းပန်ပါတယ်...ငါ ဒီနေ့ မလာခဲ့သင့်ဘူး"




"ဘာမှမ​​ဖြစ်ပါဘူး"


ထန်းကော်က စိတ်သက်သာရာရစွာ ပြုံးကာ ခေါင်းယမ်းလိုက်သည်။




"ချီ​ကော...ကျွန်​တော်တို့က အခုသူငယ်ချင်းတွေဖြစ်နေပြီမို့ ကျွန်​တော့်အမေရဲ့ကိစ္စကို အမြဲဖုံးကွယ်ထားလို့မရပါဘူး"




"မင်း... မင်း ငါ့ကို ထပ်ပြော​ပြဖို့ ဆန္ဒရှိလား"




ချီစန်းက မေး​လေသည်။သူထန်း​​ကော်၏အကြောင်းကို အမှန်တကယ် မသိကြောင်း သူ ရုတ်တရက် သိလိုက်ရသည်။ သူ့အပြုံးမျက်နှာ၏နောက်ကွယ်မှာ အများကြီး ဖုံးကွယ်ထားခဲ့ပေမဲ့ ယခု ချီစန်း တကယ်ကို ပိုနားလည်ချင်နေပြီး ထန်းကော် အကြောင်းအားလုံးကို သိချင်နေသည်။ 




"ကောင်းပြီလေ"


ထန်းကော်က လုံးဝစိတ်မကွက်ဘဲ ဆက်ပြော​ပြလိုက်သည်။




"ချီကော ကျွန်​တော့်အဖေကလည်း သက်တော်စောင့်တစ်ယောက်ပဲ ဒါပေမဲ့..."




သို့သော် မတော်တဆမှုတစ်ခုတွင် အဖေထန်းသည် လူဆိုးဂိုဏ်း၏ ဓားဖြင့်ထိုး​ခြင်းခံရပြီး သွေးအလွန်အကျွံဆုံးရှုံးမှုကြောင့် သေဆုံးသွားခဲ့သည်။ ဤမိသားစုမှာ ကံဆိုးမိုးမှောင်ကျမှုများ ဆက်တိုက်​ဖြစ်ခဲ့ပြီး မကြာခင်မှာပဲ အမေထန်းလည်း ကားမ​တော်တဆမှု​ဖြစ်ခဲ့သည်။




ကားမတော်တဆမှုကြောင့် အမေထန်း၏ ညာဘက်နားက ပင်းသွားကာ မျက်နှာကြွက်သားများ တစ်ဝက်ခန့် အကြောသေသွားခဲ့သည်။ကံကောင်းထောက်မစွာ၊ သူမ၏ ဦးနှောက်က ဆိုးဆိုးရွားရွား မပျက်စီးသွားပေ။သူမသည် တွေးခေါ်နိုင်စွမ်း ရှိနေဆဲဖြစ်သော်လည်း အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သူမ အလွန်ပင် ပင်ပန်းနွမ်းနယ်လာတတ်သည်။




အမေထန်းက ဆက်​ပြီးမရယ်နိုင်တော့ပေ။သူမ၏ အကြားအာရုံမှာလည်း အလွန်ဆိုးရွားသည့်အခြေအနေမှာရှိနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အမေထန်းသည် တဖြည်းဖြည်း စကားမပြောတော့ပေ။ သူမ ဆွံ့အသွားဖွယ်ရှိသည်ဟု အခြားသူတိုင်းက ပြောကြသည်။




ညလေက တိုက်ခတ်နေသည်။ချီစန်း ထန်းကော်၏ပြောပြချက်ကို နားထောင်ပြီး သူ၏စိတ်ပျက်အားငယ်နေသောလေသံထဲမှာ ဖုံးကွယ်၍မရသော ဝမ်းနည်းမှုကို ခံစားမိခဲ့သည်။




"ချီ​ကော လူတော်တော်များများက ကျွန်တော့်ကို သက်တော်စောင့်တစ်ယောက်ဖြစ်ဖို့ လုံးဝမသင့်တော်ဘူးလို့ ပြောကြတယ်...ဒါတောင် ကျွန်​တော်က ကျွန်​​တော့်အဖေလို ဖြစ်ချင်နေတုန်းပဲ... သူသေတာက ကျွန်​တော့်အတွက် အရိပ်မဲမ​​ဖြစ်ခဲ့ဘူး...သူက တခြားသူတစ်ယောက်ကိုကာကွယ်ရင်းသေသွားခဲ့တာမှန်း ကျွန်တော် သိတယ်လေ...သူက သူရဲကောင်းတစ်ယောက် အရမ်းကိုဂုဏ်ယူဖို့ကောင်းစွာသေဆုံးသွားခဲ့တာ... အမေကလည်း ကျွန်တော့်ကို အမြဲထောက်ခံတယ်...ဒါကြောင့် ကျွန်တော်—"




"မင်းက အရမ်းတော်ပါတယ်"




ချီစန်းက သူ့ကို ဖြတ်ပြီး အားပေးလေသည်။




ချီစန်းက မလိုအပ်သော စကားများ နားဝင်ချိုသော စကားများကို မည်ကဲ့သို့ ပြောရမည်ကို သူ့မျက်လုံးများက နွေးထွေးပြီး ရိုးသားနေသည်။သူ၏ကြင်နာသော ရည်ရွယ်ချက်က ထန်းကောကို အမှန်တကယ် နွေးထွေးစေခဲ့သည်။




ထန်းကော် မရယ်ဘဲမ​နေနိုင်​ပေ။ 




"ကျေးဇူးတင်ပါတယ် ချီကော"




သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားစမြည်ပြောရင်း ဤလမ်းပေါ်မှာ အပြန်ပြန်အလှန်လှန် လျှောက်နေခဲ့သည်။နှုတ်ဆက်လမ်းခွဲရန် ဆန္ဒမရှိသလိုမျိုး အချိန်အတော်ကြာအောင် လမ်းလျှောက်ခဲ့ကြသည်။




သို့ပေမဲ့ ဤတစ်ကြိမ်မှာ ထန်းကော်က ပြောလိုက်ဆဲဖြစ်လေသည်။


"ချီ​ကော ကောပြန်သင့်ပြီ"




"အင်း"


ချီစန်းက ခေါင်းညိတ်ပြသော်လည်း လူက သူ့နေရာတွင်သူ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။




"အရမ်းနောက်ကျနေပြီ... တကယ်ပြန်သင့်တယ်"


ထန်းကော်က ညင်ညင်သာသာ ပြောလိုက်သည်။သူ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။




"အင်းး"




"ဘာ...ဘာလို့မပြန်သေးတာလဲ"




"ထန်းကော် အနာဂတ်မှာ မင်းနဲ့အတူတူငါလုပ်ချင်..."




ချီစမ်းက တစ်ခုခုပြောချင်သလိုမျိုး နှုတ်ခမ်းကို စုဝိုင်းလိုက်သည်။




ထန်းကော် အနည်းငယ် အံ့သြသွားသည်။


"ဟမ်"




"မင်းအမေကို အတူတူဂရုစိုက်ချင်တယ်"




ချီစန်း ပြောလိုက်ချိန်မှာ ကံမကောင်းစွာပဲ ကားတစ်စီးက အရှိန်ပြင်းပြင်းနှင့် ဖြတ်မောင်းသွားခဲ့သည်။ထန်းကော်လည်း ကြောင်သွားသည်။




"ချီ​ကော ဘာပြောလိုက်တာလဲ"




"..." 




ချီစန်း နင်သွားကာ သူ့အမူအရာက မကြာမီပင် ပြန်လည်တည်ငြိမ်သွားလေသည်။




"ဘာမှမဟုတ်ဘူး"




"အိုး"




ထန်းကော်၏ မျက်တောင်များ အနည်းငယ်​အောက်စိုက်သွား​သည်။ အမှန်တွင် သူ ခပ်သဲ့သဲ့ကြားလိုက်ပေမဲ့ အတည်မပြုဝံ့​​ခြင်း​ဖြစ်​လေသည်။တကယ်တမ်းတွင် ဤစကား၏နောက်ကွယ်က အဓိပ္ပါယ်နှင့် ကတိသစ္စာက အလွန်​လေးလံလွန်းသည်။




ထန်းကော်က တွေးလိုက်သည်။


ငါ...ငါနားကြားမှားတာဖြစ်မယ် ထင်ပါ​တယ်လေ...




မထင်မှတ်ပဲ၊ နောက်အခိုက်အတန့်တွင် ချီစန်း ရုတ်တရက် အနားကပ်လာပြီး သူ၏နဖူးကို နူးနူးညံ့ညံ့လေး နမ်းရှိုက်လာသည်။




ထန်းကော် မှင်တက်သွားသည်။ချီစန်း၏ အနမ်းက ဖွဖွလေးသာဖြစ်ပေမဲ့ သူ့မျက်နှာမှာ ပူလောင်နေဆဲ​ဖြစ်သည်။




"နှုတ်... နှုတ်ဆက်ပါတယ်"




ချီစန်း၏အသံမှာလည်း ရှားရှားပါးပါး စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုတို့ ရှိနေသည်။ ပြောပြီးသည်နှင့် သူ အမြန်ထွက်သွားတော့သည်။




ဤညမှာ သူတို့နှစ်ယောက်လုံး အိပ်၍မပျော်နိုင်ပေမဲ့ နောက်တစ်နေ့မှာတော့ ထုံးစံအတိုင်း အလုပ်ပြန်ဆင်းကြသည်။ တစ်ယောက်နှင့်တစ်ယောက်တွေ့​သောအခါ ထန်းကော်က ခပ်ဖျော့ဖျော့ပြုံးပြပြီး ချီစန်းကလည်း ခေါင်းအသာညိတ်ပြသည်။




သူတို့ကြားတွင် ရပ်နေသော ယန်အန်းယုသည် သူတို့မိသားစုက Coco လေး၏ ခံစားချက်ကို ရုတ်တရက် နားလည်သွားခဲ့သည်။




ချန်းယန်ရေ ခင်ဗျားကို တကယ်လွမ်းတယ်ဗျာ...






👥️👥️👥️ The END ❤️ 




TRANSLATED BY - IQ TEAM 




THANKS 🥰