🌍Chapter 107
ထိုကလေးမှာ ထန်မော့၏အမူအယာကိုကြည့်ကာ အနည်းငယ် စိတ်သက်သာရာရသွားပုံပင်။
"နံရံကြီးတက်မသွားခင်က ကျွန်တော့်အသင်းဖော်၂ယောက်ရှိတယ်... စုစုပေါင်း ၃ယောက်အသင်းလေ...တာမှာ၀န်ကကျ လိမ်ရတာကြိုက်တဲ့ လရောင်ပန်းကို ရှာဖို့ပဲ... ကျွန်တော့်အထင်မမှားဘူးဆို ခင်များတို့လည်း လရောင်ပန်းကိုရှာနေတာမလား"
ကောင်ကလေးမှာ ထန်မော့၏လက်ထဲမှ လရောင်ပန်းကိုထိုးပြလာသည်။
"ကျွန်တော်ထင်တာမမှားရင် ခင်များတို့နဲ့ ကျွန်တော်တို့မစ်ရှင်ကအတူတူဖြစ်မယ်... ဒီလိုဆို ကျွန်တော်တို့က ရန်သူတွေမဟုတ်ဘူး...ပြီးတော့အနက်ရောင်မျှော်စင်က အခုလေးတင်ပေးလိုက်တဲ့ အဓိကမစ်ရှင်ကိုလည်း ကြားလိုက်တယ်မလား"
ထိုကောင်လေးမှာ အဓိကမစ်ရှင် အကြောင်းပြောရန်တွန့်ဆုတ်မနေချေ။ ကလေးမျက်နှာနှင့်လူရွယ်၏ရယ်သံကြောင့် ထန်မော့မျက်လုံးတို့မှေးကျဥ်းသွားခဲ့သည်။ သူတို့နှစ်ယာက်က ကောင်လေး၏စကားကိုမငြင်းလိုက်ချေ။
ကောင်ကလေးက ဆက်ပြောလာခဲ့သည်။
"လောလောဆယ် ကျွန်တော်တို့က ရတနာကော်ရစ်တာမှာ။...အဓိကမစ်ရှင်ကတူနေမှတော့ ဘယ်လိုလုပ်ရန်သူတွေဖြစ်နိုင်မှာလဲ...ကျွန်တော့်အဓိကမစ်ရှင်ထဲမှာလည်း ထည့်ပြောမသွားဘူး...ခင်များတို့ထဲမှာလည်း မပါတာသေချာတယ်...ကျွန်တော်တို့ကရန်သူတွေမဟုတ်မှတော့ စဥ်းစားရအောင်လေ...ဘာလို့ဒီပန်း၃ပွင့်ကို ကော်ရစ်တာတစ််ခုစီမှာထားထားပြီး အဲဒီကော်ရစ်တာမှာကျ ဘာလို့တစ်ယောက်မှ မရှိကြတာလဲ"
ထိုကောင်လေး ၁၁နှစ် ၁၂နှစ်မျှသာ ရှိပုံပေါ်ကာ သူ့ပါးစပ်ကထွက်လာသော စကားများမှာလည်း အဓိပ္ပါယ်ရှိနေခဲ့သည်။ ထန်မော့ သူ့စကားများပေါ်မြောပါမိတော့မတက်။
ဤကောင်လေးက အလွန်ဥာဏ်ကောင်းပြီး သူ၏အဓိကမစ်ရှင်ကို ထုတ်မပြောခဲ့ချေ၊ ထန်မော့သည်လည်း သူ့အား တိုက်ရိုက်ထုတ်မပြောစေလို။ ကလေးမျက်နှာနှင့်လူရွယ်၏မစ်ရှင်မှာ သူနှင့်ကွဲပြားနေမည်လား မသေချာ၍ ထိုကောင်လေးမှသာ တစ်ခုခုထုတ်ပြောလိုက်လျှင် ပေါ်သွားလိမ့်မည်။
သို့မဟုတ် ထိုကောင်လေးနှင့် ကလေးမျက်နှာနှင့်လူရွယ်တို့တွင် တူညီသော မစ်ရှင်ရှိနေခဲ့ပါက ၂ဦးပေါင်းလျက် ထန်မော့ကို ရှင်းထုတ်ပစ်ရန်ကြိုးစားလာလိမ့်မည်။
အကယ်၍ ထန်မော့နှင့် ထိုကောင်လေး၏မစ်ရှင်ကသာ တူညီပါက ထိုလူရွယ်မှာ ပြဿနာတစ်ခုရှိနေသည်ကို သတိထားမိပြီး သူ၏မစ်ရှင်အစစ်ကိုဖုံးကွယ်ထားလိမ့်မည်။
ထို့အပြင် ထန်မော့ ထိုကောင်ကလေးနှင့် လူရွယ်တို့၃ဦးစလုံးတွင် မတူညီသော မစ်ရှင်များရှိနေပါက ပို၍ဆိုးလိမ့်မည်။
ထန်မော့အတွက်မူ လက်ရှိ အရေးအကြီးမှာ ရတနာကော်ရစ်တာမှ ၃နာရီအတွင်း ထွက်နိုင်ရန်ပင်။
ကောင်ကလေးမှာ ထန်မော့နှင့်လူရွယ်၏အမူအယာကိုတွေ့လျှင် ဘာမှထပ်ဆိုမလာတော့ချေ၊ ထို့နောက်သူကဦးစွာ သူ၏လရောင်ပန်းကို ထန်မော့ထံပေးလာခဲ့သည်။ ထန်မော့တန့်သွားမိလျက် ထိုကောင်လေးမှာတော့တည်ငြိမ်စွာဆိုလာသည်။
"ကျွန်တော် အစ်ကို့ကိုမယှဥ်နိုင်ဘူး...အစ်ကို့စွမ်းရည်ကဘာမှန်းမသိပေမယ့် မယှဥ်နိုင်တာသေချာတယ်၊"
ဒါကြောင့် အစ်ကို့ဆီကယုံကြည်မှုကိုတော့ရမှဖြစ်မယ်...
နောက်ဆုံးစကားလုံးများကို ထိုကောင်လေးကထုတ်မပြောခဲ့သော်လည်း ထန်မော့ရော ကလေးမျက်နှာနှင့် လူငယ်ကပါ နားလည်လေသည်။
အကယ်၍ထန်မော့မှာ ဤကောင်လေး၏လရောင်ပန်းကိုလိုချင်လျှင် တိုက်ရိုက်လုယူလိုက်၍ရသည်။ သို့သော် ကောင်လေးကသူ၏ဆန္ဒအလျောက်ထိုလရောင်ပန်းကို ထန်မော့တို့၂ဦးထံ ပေးလာခဲ့သည်။ ထန်မော့နှင့်လူရွယ်ကြားက ဆက်ဆံရေးကို သူမသိသော်လည်း သူ့ဘက်ကတော့စိတ်ရင်းကိုပြသချင်ခဲ့တာ ဖြစ်သည်။ ထို့အပြင်သူက အဓိကမစ်ရှင်အကြောင်းကိုပါ အနည်းငယ် အရိပ်အမြွှတ်ပေးလိုက်သည်။
[လရောင်ပန်းကိုကိုင်ထားသူများကသာ ရတနာကော်ရစ်တာထဲကထွက်သွားနိုင်မည်]
ဤလရောင်ပန်းမှာ အလွန်အရေးကြီးလှသည်။ ထန်မော့မှာ ထိုကောင်လေးတွင် သူနှင့် တူညီသော ဂိမ်းစည်းမျဥ်းများရှိသလားမသိသော်လည်း ထိုကောင်လေး၏ အပြုအမူအရ ထိုလရောင်ပန်းကအရေးကြီးသည်ကိုတော့ ကျိန်းသေသိထားပုံပင်။
ထိုလရောင်ပန်း၏ကျေးဇူးနှင့်အတူ လူသုံးယောက်ကြားမှ အခြေအနေမှာလည်း ယာယီတည်ငြိမ်သွားခဲ့လေသည်။
ထို့နောက် လူ၃ယောက်မှာ ဘယ်သူမှမရှိသော နောက်ဆုံးကော်ရစ်တာထံလျှောက်သွားလိုက်ကြသည်။
ထန်မော့မှာ လရောင်ပန်းကိုယူလိုက်စဥ်ကပင် သူ၏နောက်မှ ပြိုကျသွားသော ကြမ်းပြင်မှာ မူလအတိုင်းပြန်ဖြစ်သွားခဲ့သည်။ ဤကော်ရစ်တာတွင်လည်း ကြမ်းပြင်မှာ ပြိုကျမနေချေ။ ငွေရောင် လရောင်ပန်းမှာ ဖန်ပေါင်းချောင်းနှင့်ဖုံးအုပ်ခံထားရသည်။ သူကထန်မော့တို့အုပ်စုကိုမြင်လျှင် ထိတ်လန့်စွာ အော်ဟစ်လာသည်။
"မလာနဲ့ ငါ့ကိုမယူနဲ့...ငါ့ကိုယူရင် အန္တရာယ်များမှာနော်"
ကလေးမျက်နှာနှင့်လူကဆိုလိုက်သည်။
"ငါတို့မင်းကိုယူလိုက်ရင် ရတနာကော်ရစ်တာထဲရောက်သွားမှာလား"
လရောင်ပန်း၏အသံမှာ ချက်ချင်းတိတ်သွားခဲ့သည်။
ကလေးမျက်နှာနှင့်လူရွယ်မှာ ထန်မော့နှင့် ကောင်ကလေးကိုကြည့်လျက် ဆိုသည်။
"ဒါကအန္တရာယ်များတယ်လို့ထင်ရလား"
ထန်မော့သူ့ကို ဂရုစိုက်မနေချေ။ သူကဖန်ပေါင်းချောင်ကိုဖွင့်လျက် လရောင်ပန်းကိုယူလိုက်သည်။
သူကလရောင်ပန်းကိုထိခါနီးမှာပင် လူရွယ်မှာ လျင်မြန်စွာ ပန်းကိုလှမ်း၍ ယူသွားခဲဲ့လေသည်။
ထန်မော့သူ့အားလှည့်ကြည့်လိုက်သည်။
ကလေးမျက်နှာနှင့်လူရွယ်ကပြုံးလိုက်ကာ
"အရင်ပန်းကို မင်းပဲယူသွားတာလေ... အဲဒီကလေးကလည်း သူ့ရဲ့ပန်းကိုမင်းကိုပေးထားတာပဲ...ငါ့မှာကျပန်းမရှိဘူး... မင်းကငါ့ကိုပေးချင်တဲ့ပုံလည်းမပေါ်ဘူး...ဒီပန်းကိုငါယူလို့ရလား"
ထန်မော့ကဆိုလိုက်သည်။
"လိုချင်ရင် ယူလိုက်"
ကလေးမျက်နှာနှင့်လူရွယ်မှာ ထိုလရောင်ပန်းကိုယူလျက် သူ၏နှာခေါင်းအောက်တွင်ထားကာ အနံ့ခံကြည့်လိုက်သည်။
"အင်း တကယ်မွှေးတာပဲ"
ထိုပန်းကိုရပြီးသည့်နောက် ၃ယောက်သားမှာ လူသူကင်းမဲ့သော ကော်ရစ်တာကို စူးစမ်းလိုက်ကြသည်။ သေးငယ်သောငွေရောင်လိုင်းနှင့် သွေးတချို့ကထန်မော့၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူက၄င်းတို့ကို ဂရုတစိုက်စစ်ဆေးနေစဥ် ကောင်လေးကဆိုလာခဲ့သည်။
"ကြည့်ရတာသူတို့လမ်းကို မရွေးနိုင်ပဲ ရန်ဖြစ်ကြတာထင်တယ်...ဒီတစ်ယောက်ကလမ်းမှားကိုရွေးမိတဲ့နောက်ဆုံးတစ်ယောက်ဖြစ်မလားမသိဘူး"
ထန်မော့သူ့အားလှည့်ကြည့်လိုက်သည်။
ကောင်လေးကဆိုလာသည်။
"လရောင်ပန်းကိုရှာရတာကအတူတူပဲဆိုတာရယ် ကြုံရတဲ့ခက်ခဲမှုတွေကအတူတူပဲဆိုတာရယ်ကို လူတိုင်းသိတယ်လေ... အစ်ကို့မှာ ကျွန်တော့်လရောင်ပန်းရှိနေပြီပဲကို မယုံသေးဘူးလား"
ထန်မော့မှာ ဤကောင်လေးကိုကြည့်လျက်တခြားကလေးတစ်ဦး၏ အရိပ်ကို သူ့ထံမြင်ယောင်လာမိသည်။
ထန်မော့ကဆိုလိုက်သည်။
"မယုံဘူး။...မင်းကို ၉မှတ်စာပဲယုံတာ"
ကောင်လေးကမေးလာသည်။
"ကျန်တဲ့၉၁မှတ်စာကြီးတောင် ကျွန်တော့်ကို ဘယ်နေရာကမယုံတာလဲ"
ထန်မော့ပြန်မဖြေလိုက်ချေ။
ကလေးမျက်နှာနှင့်လူရွယ်ကပြုံးကာ ထန်မော့အစားပြန်ဖြေလာခဲ့သည်။
"မယုံကြည်တဲ့အမှတ်က၁မှတ်စာပဲရှိရင်တောင် သူမင်းကိုယုံမှာ မဟုတ်ဘူး၊...သူကငါ့ကိုတောင်အခုထိမယုံသေးတာ...မင်းကိုယုံစရာလား"
ထန်မော့ပေါ့ပါးစွာဆိုလိုက်သည်။
"မင်းနဲ့ယှဥ်ရင် သူ့ကိုတောင်ပိုယုံသေးတယ်"
ကလေးမျက်နှာနှင့်လူက သူ၏လက်များကိုဆန့်တန်းလာခဲ့သည်။
ကောင်လေးမှာ ထန်မော့နှင့် ကလေးမျက်နှာနှင့်လူကိုကြည့်လျက်ဆိုလာခဲ့သည်။
"ကျွန်တော့်အထင်တော့ လူတိုင်းရဲ့နောက်မစ်ရှင်ကအတူတူပဲဆိုတော့ ရန်သူတွေမဖြစ်နိုင်ဘူး ပူးပေါင်းရတော့မယ်ဆိုမှတော့...ကျွန်တော်က ဖူ၀မ်ရှန်းလို့ခေါ်တယ် နာမည်အရင်းပါ အစ်ကိုတို့ကိုဘယ်လိုခေါ်ရမလဲ"
ထန်မော့မှာ တစ်ခုခုမှားယွင်းနေသည်ကိုခံစားလိုက်ရပြီး အမူအယာမှာလည်း အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ကလေးမျက်နှာနှင့်လူက ပြုံးသည်။
"ငါ့နာမည်က ဘရုစ် ဘရုစ်၀ိန်း သူကကျောက်ကျောက်"
"ဒါနဲ့ မင်းနာမည်က ရင်းနှီးနေသလိုပဲ"
ကလေးမျက်နှာနှင့်လူကထန်မော့အမည်ကို ကျောက်ကျောက်ဟု ကူပြောပြီးသည်နှင့် ကောင်လေး၏အနားသို့ အပြုံးဖြင့်လျှောက်သွားလိုက်သည်။
"ဖူ၀မ်ရှန်း... ဖူ၀မ်ရှန်း...ဖူ၀မ်ရှန်း
ဘယ်ဖူက မင်းနာမည်ရဲ့စာလုံးပေါင်းလဲ"
(နာမည်၃ခုလုံး မတူညီသော တရုတ်စာလုံးများရှိ)
ကောင်လေးမှာသူ့ကိုတည်ငြိမ်စွာကြည့်လျက်
"အဲဒါကအရေးကြီးလို့လား"
ကလေးမျက်နှာနှင့်လူရွယ်မှာဆိုလာသည်။
"အရေးကြီးလားဆိုတော့ သိပ်အရေးကြီးတာပေါ့
အာ...အရေးကြီးတဲ့ပုံတော့မပေါ်ဘူးနော် ဒါပေမယ့်မင်းနာမည်က အာ...ငါမှတ်မိပြီ"
သူကလက်ခုပ်ကိုပျော်ရွှင်စွာတီးလျက် မျက်လုံးများကို မှေးကျဥ်းလိုက်ကာ
"မျှော်စင်ကိုပထမဆုံးတိုက်ခိုက်တဲ့သူနာမည်ကဘာလဲ ကျောက်ကျောက် မင်းရောမှတ်မိလား"
လူရွယ်မှာ ထန်မော့အား လှည့်ကြည့်လာခဲ့သည်။
"လူတိုင်းကိုဂိမ်းထဲကိုဆွဲခေါ်သွားတဲ့တစ်ယောက်လေ သူ့နာမည်ကဘာပါလိမ့်"
ထန်မော့အေးစက်စွာတုန့်ပြန်လိုက်သည်။
"မသိဘူး"
လူရွယ်ကသူ့ဘာသူဖြေလာသည်။
"ဟုတ်တယ်လေ သူကဖူ၀မ်သော်လို့ခေါ်တာ၊မင်းလိုပဲပေါ့ မင်းတို့ကဘယ်လိုပတ်သက်တာလဲ မင်းကအဲဒီခိုး၀င်သူရဲ့သားလား"
လူရွယ်၏မျက်နှာပေါ်မှ အပြုံးမှာ အမြဲလိုလို ရွံစရာကောင်းနေဆဲပင်။ သူကထိုကောင်လေးကို ကိုင်းကြည့်လျက် စနောက်ရသည်ကို ပျော်ရွှင်နေပုံပေါ်သည်။
သို့သော် သူ၏မျက်လုံးများထဲတွင်သော အပြုံးအရိပ်အယောင် တစ်စက်မျှထင်ဟပ်နေခြင်း မရှိချေ။ သူ၏ ထိုကောင်လေးကိုစိုက်ကြည့်နေသော မျက်လုံးများမှာ မြွေတစ်ကောင်နှယ် အေးစက်ကာ အန္တရာယ်များလှသည်။
"သူ့ကိုမှမသိတာ"
ကောင်လေးကအလွန်ပြတ်သားစွာဖြေလာသည်။
"ပြီးခဲ့တဲ့၂လလောက်က ကျွန်တော်လည်း အဲခိုး၀င်သူကြောင့် ဂိမ်းထဲဆွဲသွင်းခံရပြီး မသေရုံတမယ်ပဲ.. သူ့ကိုမုန်းတယ်...အစ်ကိုတို့လည်းအတူတူပဲမလား.
. ကျွန်တော့်မှာသာသူနဲ့ တကယ်ကြီးပတ်သက်မှုမျိုးရှိနေရင် ကျွန်တော်နာမည်ကို အစ်ကိုတို့ကို ပြောပြပါ့မလား... ကျွန်တော်နာမည်က တူနေလို့ သံသယ၀င်ခံရတာက ဘာများပျော်စရာကောင်းလို့လဲ"
ဖူ၀မ်ရှန်းလေးမှာ လိမ်နေပုံမပေါ်ချေ။
ဟွားရှားမှ ကစားသမားအားလုံးမှာ လူတိုင်းကို ဂိမ်းထဲဆွဲခေါ်သွားသော ခိုး၀င်သူကိုကျိန်ဆဲကြသည်ပင်။ တိုက်အဖွဲ့အစည်းမှ လော့ဖုန်းချန်းသည်လည်း လူကြီးမင်းဖူမှာ ဖူ၀မ်သော်ဖြစ်ကြောင်း သူ၏အဖွဲ့သားများကို ပြောမပြခဲ့ချေ၊ အဘယ်ကြောင့်ဆိုသော် သူသာထုတ်ပြောလိုက်ပါက ဂျက်လိုဦးနှောက်မျိုးနှင့်သူက ဖူ၀မ်သော်ကို ပြဿနာသွားရှာမိပြီး အရိုက်ခံရဖို့များ၍ပင်။
အကယ်၍ ဖူ၀မ်ရှန်းသာ ဖူ၀မ်သော်နှင့် အမှန်တကယ်အမျိုးတော်ပါက သူ၏အမည်ကို မိမိတို့ကို ထုတ်ပြောပါမည်လော။ သူကဖုံးကွယ်ထားသင့်သည်မှာအမှန်ပင်။
လူရွယ်မှာ သူ့အားခတ္တမျှကြည့်နေပြီးမှ ရယ်မောလိုက်ကာ
"မင်းက ပြောင်းပြန်စိတ်ပညာကိုသုံးနေတာလည်း ဖြစ်နိုင်တာပဲလေ... သာမာန်လူတစ်ယောက်က အဲဒီခိုး၀င်သူနဲ့ပတ်သက်မှုရှိရင် ဖုံးကွယ်ထားမှာပဲ...အခုတော့မင်းကတမင်ထုတ်ပြောလာပြီး သံသယအ၀င်မခံရအောင် လုပ်ချင်တာမလား"
ကောင်လေးမှာ တည်တံ့စွာပင် သူ့ကိုယ်သူခုခံလာသည်။
"ကျွန်တော်ကပြောပြချင်ရုံပါ...ယုံပါဗျာ... ဖူ၀မ်ရှန်ကကျွန်တော့်နာမည်အရင်းလေ တစ်ယောက်ယောက်နဲ့နည်းနည်းဆင်နေပေမယ့် သူနဲ့ဘာမှမှမဆိုင်တာ ကျွန်တော့်နာမည်အရင်းကို ပြောပြတယ်ဆိုတာ အစ်ကိုတို့ကျွန်တော့်ကို ယုံစေချင်လို့လေ...ကျွန်တော်အစ်ကိုတို့ကိုမနိုင်ပါဘူး ကျွန်တော့်ကိုမယုံရင်လည်း ကြိုက်တဲ့အချိန်သတ်လိုက်လို့ရတယ် ကျွန်တော်ကအသက်ရှင်ချင်ရုံပဲ"
ထန်မော့မှာ ထိုကလေး၏ အင်မတန်ရင့်ကျက်ကာ တည်ငြိမ်လှသောပုံစံကိုကြည့်နေမိသည်။ လူရွယ်သည်လည်း ထိုကောင်လေးအား အဓိပ္ပါယ်တစ်မျိုးဖြင့်ကြည့်လိုက်လေသည်။
မကြာခင်မှာပင် လူ၃ယောက်မှာ ထိုအကြောင်းကိုမေ့လျော့သွားပုံဖြင့် မူလအကြောင်းအရာသို့ပြန်လည်ရောက်ရှိလာခဲ့သည်။
"ဒီလရောင်ပန်းတွေကလည်းအတူတူပဲ ကော်ရစ်တာတွေကလည်းအတူတူပဲ "
ထန်မော့ဖန်ပေါင်းချောင်ကိုပြန်ချလိုက်ပြီး ကြမ်းပြင်ပေါ်မှ အမည်းရောင်သွေးများကိုကြည့်လိုက်သည်။
"မတူတာဆိုလို့ ဒီသွေးတွေပဲရှိတယ်"
ကောင်လေးကဆိုလာသည်။
"ကျွန်တော်ခန့်မှန်းရသလောက်တော့ ဒီကော်ရစ်တာမှာလည်း ကစားသမား၃ယောက်ရှိမယ်ထင်တယ် ကျွန်တော်တို့လိုပဲ သူတို့မစ်ရှင်ကလည်း လရောင်ပန်းကိုရှာဖို့ဖြစ်နိုင်တယ်...သူတို့ဘယ်လမ်းကိုသွားမလဲ မရွေးနိုင်ခင် တိုက်ခိုက်မိကြတာထင်တယ်...၃ယောက်လုံးကအရင်မသွားချင်ခဲ့တာနေမှာ"
ထိုဖူ၀မ်ရှန်းဟုခေါ်သောကောင်လေးမှာ ထန်မော့တို့အသင်းနှင့် ရောနှောနိုင်စေဖို့ အလွန်အမင်းကြိုးစားနေခဲ့လေသည်။ထန်မော့ထိုကောင်လေးကိုကြည့်လိုက်သည်။ ထန်မော့သည်လည်း ထိုကောင်လေးမှာ မိမိနှင့်လူရွယ်ထံမှ ယုံကြည်မှုကို အမှန်တကယ်ရလိုမှန်း ခံစားမိလိုက်သည်ပင်။ အဘယ်ကြောင့်မူ ထိုနည်းကသာလျှင် အသက်ရှင်နိုင်ချေပိုများ၍ပင်ဖြစ်သည်။
ထန်မော့ဆက်၍ပြောလိုက်သည်။
"ကစားသမား၂ယောက်ကအတင်း တွန်းအားပေးခဲ့တာဆိုရင်တော့ ပထမသွားတဲ့တစ်ယောက်က သေတာသေချာတယ်"
ကောင်လေးကလည်း၀င်ပြောလာသည်။
"ကျန်တဲ့ကစားသမား၂ယောက်က ကျန်တဲ့လမ်းကို လမ်းမှန်လို့ထင်သွားတာဖြစ်မယ် သူတို့လည်းသတိမမူမိပဲ တွင်းထဲကျပြီး သေသွားတာဖြစ်လောက်တယ်"
ထို့နောက်သူက တစ်ခုခုကိုသတိရမိသည့်အလား ထန်မော့နှင့် ကလေးမျက်နှာနှင့် လူရွယ်ကိုမော့ကြည့်လာခဲ့သည်။
🪩