နေထွက်လာချိန်တွင် ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်က အိပ်ရာပေါ်မှ ထလာခဲ့ပြီး မျက်နှာသစ်ဆေးကျောကာ အဖွဲ့သားများနှင့်အတူ ဆက်သွားကြသည်။
တစ်ညလုံးနားပြီးနောက်တွင် လူတိုင်းက သက်လုံကျလာကြပြီး ပိုမိုမောပန်းလာကြသည်။ ကံကောင်းစွာဖြင့် တောင်ထိပ်နှင့်နီးလာပြီဖြစ်သည်။ အချင်းချင်းဖေးမရင်း တက်လာလိုက်သည်မှာ နေ့လည်ခင်းတွင် တောက်ထိပ်ပေါ်ရောက်လေသည်။
တောင်ထိပ်တွင် bungeeခုန်ရာရှိသည်။ အမျိုးသားစတားများက ၎င်းကိုအလွန်စိတ်ဝင်စားနေကြသည်။ တစ်ယောက်ပြီးတစ်ယောက် ထိုနေရာကိုဝန်းရံရင်း ဆွေးနွေးနေကြလေသည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီကိုမေးလိုက်သည်။
"ဆော့ဦးမှာလား..."
ဝမ်မင်ယီက ခေါင်းခါပြလိုက်သည်။
သူက ပြန်လည်မွေးဖွားလာသူဖြစ်၍ ထိုကဲ့သို့ အန္တရာယ်များသော ကိစ္စများကို ကြောက်ရွံ့ပေသည်။ သူသာ ဂရုမစိုက်မိလျှင် သေဆုံးသွားမည်ကိုလည်း ကြောက်နေမိသည်။
စစ်ကျွင်းတောက်ကလည်း သူသွားမကစားသည်ကိုမြင်၍ သူလည်းမကစားတော့ပဲ တောင်ထပ်ပေါ်မှနေ၍ ရှုခင်းကိုအတူရှုစားနေလိုက်သည်။
ဝမ်မင်ယီ ပြုံးလိုက်သည်။
"ကော သွားကစားပြီး ဖိအားတွေဖြေဖျောက်လိုက်လေ...."
စစ်ကျွင်းတောက်က သူ့ကိုဖက်လိုက်ပြီးမေးလိုက်သည်။
"ကိုယ့်မှာ ဖိအားရှိတယ်လား..."
"မရှိဘူး...."
သူဝမ်မင်ယီကိုဖက်ကာ နားရွက်နားကပ်၍ပြောလိုက်သည်။
"မင်းသာကိုယ့်အနားရှိရင် ဖိအားဆိုတာမရှိတော့ဘူးလေ...."
ဝမ်မင်ယီ မှင်သက်သွားခဲ့သည်။ သူ့ကို ချိုချဉ်လက်တစ်ဆုပ်ပေးလိုက်သည်။ သူ့ကို ချိုချဉ်လိုချိုမြနေသော အပြုံးလေးပြုံးပြလိုက်ပြီး ကင်မရာသာမရှိပါက နမ်းချပစ်လိုက်ပြီဖြစ်သည်။
သူတို့နှစ်ယောက်ကြား၏ တုန့်ပြန်မှုကိုကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုစောင်ကြည့်နေကြသော ပရိတ်သတ်များက အော်ဟစ်နေကြလေသည်။
[ချိုလိုက်တာ... ချိုလိုက်တာ... ချိုလိုက်တာ...]
[ကောကောနဲ့ မင်မင်တို့ဘာတွေပြောနေကြတာလဲ... နားထောင်ချင်လိုက်တာ...]
[မင်မင်ရဲ့ မျက်လုံးလေးတွေက ချိုမြိန်လိုက်တာ... မင်မင်ရဲ့မျက်လုံးတွေကိုကြည့်ပြီး သေမလိုပဲ...]
[သူတို့တွေ ခံစားချက်အပြည့်နဲ့ ကြည့်နေကြတာမဟုတ်လားလား... မနေ့ကကြတော့ အခုလိုမကြည့်ကြဘဲနဲ့ အခုမှကြည့်နေကြတယ်..]
[ကောကောက မင်မင်ကိုထပ်ဖက်လိုက်ပြန်ပြီ... ကောကောက မင်မင့်ကိုဖက်ရတာ တကယ်ကြိုက်ပုံပဲ...]
[ဖက်ခိုင်းလိုက်စမ်းပါ.... ဖက်သင့်ပါတယ်...]
[မင်မင်က bungeeမခုန်တော့ ကောကောကလည်း မခုန်ဘူး... ကောကောက အရမ်းအလိုလိုက်တာပဲ...]
[ကောကောလို ယောက်ျားမျိုးလိုချင်ရင်တော့.... မရှိပါဘူး....]
[ကံဆိုးစွာနဲ့ ဒီနေ့ပြီးရင် အပိုင်းကပြီးပြီ... ကောကောနဲ့ မင်မင်တို့ထွက်သွားတော့မှာ ငါမခံစားနိုင်ဘူး....]
[ငါတော့ လက်မလျော့ချင်ဘူး... ကောကောနဲ့ မင်မင်ကိုဒီမှာပဲ နေခိုင်းလို့မရဘူးလားဟင်...]
[ငါလည်း အဲ့လိုမဖြစ်စေချင်ဘူး.. အရမ်းရက်စက်လွန်းတာပဲ... သူတို့နှစ်ယောက် အတူတူရှိတာမျိုးက ဘယ်တော့မှမြင်ရမှာလဲမသေချာဘူးလေ... ကောကောက သာမန်လူတစ်ယောက်မလား... သူ့ကိုထပ်မြင်ရတော့မယ် မထင်ဘူး...]
[ဝူး.... ငါအော်ငိုနေမိပြီ... ငါ့CPလေးက အရမ်းချိုတယ်... ဒါပေမဲ့ ထပ်မြင်ခွင့်မရတော့ဘူး... ငါ့ဘဝလေးက ခက်ခဲလွန်းပါတယ်...]
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်က လူတိုင်းကစားလို့ပြီးမှ တောင်ပေါ်ကဆင်းကာ အိမ်ပြန်သွားကြသည်။
ရိုက်ကူးရေးမှာ ပြီးဆုံးသွားလေပြီ။ ဝန်ထမ်းက ကင်မရာပိတ်လိုက်သည်နှင့် ဝမ်မင်ယီနှင့် စသ်ကျွင်းတောက်တို့က ထွက်ခွာရန် အသင့်ဖြစ်နေလေပြီ။
စုန့်ဟယ်က ထုပ်ပိုးပြီးသည်နှင့် ဝမ်မင်ယီကိုမေးလိုက်သည်။
"ငါတို့ အတူတူပြန်ကြမလား..."
ဝမ်မင်ယီက ခေါင်းခါလိုက်သည်။
"ငါ့ကော နဲ့ ဈေးဝယ်ထွက်ဦးမှာ.. ပြန်နှင့်လိုက်..."
စုန့်ဟယ်က ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်းဖုန်းနှင့်အတူ စကားပြောနေလိုက်သည်။
မကြာခင်တွင် ဝမ်မင်ယီ၏ပရိတ်သတ်များက ဝမ်မင်ယီက ပြန်ရန်အတွက် လက်မှတ်မဝယ်ထားကြောင်း သတိပြုမိလိုက်သည်။
"အိမ်မပြန်ဖြစ်ဘူးလားမသိဘူး...."
ပရိတ်သတ်များသိချင်နေသည့်မေးခွန်းကို ပရိုဂရမ်အဖွဲ့သားများက မေးလိုက်သည်။
"ဟုတ်တယ် ဒီမှာနှစ်ရက်လောက် နေခဲ့ဦးမလို့...."
"ဝိုး... နှစ်ရက်တောင်လား..."
"တော်ပြီ အစ်မဆက်မပြောနဲ့တော့ တကယ်ကိုအံ့ဩဖို့ကောင်းတာပဲ..."
စစ်ကျွင်းတောက်နှင့် ဝမ်မင်ယီတို့က ကျိစစ်ယောင်၏ အိမ်ကိုသွားကြလေသည်။ သူတို့က ဝမ်ဝေ့ဆီအရင်သွားရန် လုပ်ခဲ့သော်လည်း ဖုန်းခေါ်လိုက်ချိန်တွင် ဝမ်ဝေ့က မိုးသစ်တစ်ခုထဲ ရောက်နေကြောင်း သိလိုက်ရသည်။
"သားလာမယ်ဆိုတာ ဘာလို့ကြိုမပြောတာလဲ... မား က ဒီမှာတစ်ပတ်လောက်နေဖြစ်ဦးမှာ... အခုပြန်လာလို့မရသေးဘူး...."
ဝမ်ဝေ့က မတတ်နိုင်ဘဲ ပြောလိုက်ရသည်။
"သားရဲ့ ခေါင်းကိုင်အမေဆီသွားနှင့်...မား အလုပ်တွေပြီးတာနဲ့ ချက်ချင်းလာတွေ့မယ်နော်... မွ..."
ဝမ်မင်ယီက ဘာမှမတတ်နိုင်တော့ဘဲ စစ်ကျွင်းတောက်တို့အိမ်ကိုသာ သွားလိုက်ရသည်။
နိုင်ငံခြားကုမ္ပဏီမှာ အတော်လေးဖွံ့ဖြိုးနေပြီဖြစ်ပြီး ရောင်းအားက ပုံမှန်ဖြစ်ကာ တည်ငြိမ်နေသည်။ စစ်ချီက စစ်ကျွင်းတောက်ကို ကုမ္ပဏီထဲလှည့်ပတ်ပြချိန်တွင် ဝမ်မင်ယီပါလိုက်သွားခဲ့၍ သူ့ကိုကိုမိသားစု၏ လုပ်ငန်းက အတော်လေးကြီးမားသည်ဟု ခံစားလိုက်ရသည်။
ကျိစစ်ယောင်က သူတို့လာသည်ကိုမြင်သည်နှင့် နာမည်ကြီးသိပ္ပံပြခန်းများကိုခေါ်ပြပြီး ညစာလိုက်ကျွေးကာ ကားမောင်း၍ အိမ်ပြန်ပို့လေသည်။
စစ်ကျွင်းတောက်၏ အားလပ်ရက်မှာ ငါးရက်သာဖြစ်၍ အချိန်ပြည့်သွားချိန်တွင် ဝမ်မင်ယီက ကျိစစ်ယောင်ကိုနှုတ်ဆက်၍ ပြန်လေတော့သည်။
တဖြေးဖြေးအချိန်ကုန်လာသည်မှာ ဝမ်မင်ယီ၏ ၂၂နှစ်ပြည့်မွေးနေ့ပြီ ရောက်လုနီးလာလေပြီ။
စစ်ကျွင်းတောက်က သူ့မွေးနေ့အတွက် အိမ်ပြန်လာရန်ပြော၍ သူလည်းအများကြီးမတွေးဘဲ သဘောတူလိုက်သည်။ ရိုက်ကူးရေးအဖွဲ့ထံမှ ခွင့်ယူကာ လက်မှတ်ဝယ်ပြီး စစ်ကျွင်းတောက် သူ့ကိုလာကြိုသောကားပေါ် တက်လိုက်သည်။
"ကျွန်တော့်ကိုဘာလို့ ပြန်လာစေချင်တာလဲ... ကျွန်တော့်အတွက် စပရိုက်ရှိလို့လား...."
ဝမ်မင်ယီ အတော်လေးသိချင်နေသည်။
စစ်ကျွင်းတောက်က သူ့ကိုပြုံးပြုံးလေးပြောလ်ုက်သည်။
"အချိန်ကျရင် သိပါလိမ့်မယ်...."
ဝမ်မင်ယီက သူ့လေသံကိုနားထောင်ပြီး အမှန်တကယ် စပရိုက်ရှိနေကြောင်း သိသွားပေသည်။ ချက်ချင်းစိတ်လှုပ်ရှားလာပြီး ဘာစပရိုက်ဖြစ်မလဲ ခန့်မှန်းနေလေသည်။
လူနှစ်ယောက် အိမ်အတူပြန်လာကြသည်။ စစ်ကျွင်းတောက်က ကားကိုဂိုထောင်ထဲထည့်ပြွးသည်နှင့် အိမ်တံခါးဖွင့်ကာဝင်လိုက်လေသည်။
"အရင်စားကြတာပေါ့..."
သူပြောလိုက်သည်။
ဝမ်မင်ယီလည်း သူအတော်လေးတည်ငြိမ်နေသည်ဟုတွေးလိုက်သည်။
"ကောင်းပြီလေ....."
စစ်ကျွင်းတောက်က သူပြန်မရောက်ခင်ကတည်းက ချက်ပြုတ်ရန်ပြင်ဆင်ပြီးဖြစ်၍ ယခုတွင် နည်းနည်းပါးပါးကြော်လှော်ရန်သာကျန်လေသည်။ သူချက်ချင်းချက်ပြုတ်လိုက်ပြီး ရေခဲသေတ္တာထဲမှ ကိတ်မုန့်ကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
ဝမ်မင်ယီက ကိတ်ဘူးကိုဖွင့်ပြီး ဖယောင်းတိုင်ပင် မထွန်းဘဲ လှီးလိုက်သည်။
သူကိတ်မုန့်ကို နောက်တစ်ကြိမ်လှီးပစ်ရန် ကြံရွယ်နေချိန်တွင် စစ်ကျွင်းတောင်က ကူကယိရာမဲ့စွာပြောလာသည်။
"ဘာလို့ ဆုမတောင်းရတာလဲ..."
"ကျွန်တော့်ဆုတောင်းက ဒီကိတ်မုန့်ပေါ်မှာ မူတည်နေတာမှမဟုတ်တာ.... "
ဝမ်မင်ယီက တည်ငြိမ်စွာပြောလိုက်သည်။
"ကျွန့်တော်ဘာလိုချင်ချင် ကိုကို့ကိုပြောရင်ရပြီလေ... ကိုကိုက ဒီကိတ်ထက်တောင် အကျိုးသက်ရောက်မှုရှိသေးတယ်...."
စစ်ကျွင်းတောက်က ငိုရခက်ရယ်ရခက်ဖြစ်သွားခဲ့သည်။
"ဒါဆို ကိတ်မုန့်က အရသာရှိလား...."
ဝမ်မင်ယီက ခေါင်းငြိမ့်ပြလိုက်သည်။
"အရသာရှိတယ်...."
စစ်ကျွင်းတောက်က စိတ်ကျေနပ်စွာပြုံးလိုက်ပြီး သူ့နားနားကပ်ကာ တီးတိုးပြောလေသည်။
"ကိုယ်လုပ်ထားတာလေ...."
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို အံ့ဩတကြီးကြည့်လာပြီး စစ်ကျွင်းတောက်က ပြုံးပြလိုက်သည်။
"ကိုယ် နှစ်တိုင်းမင်းအတွက် လုပ်ပေးချင်တယ်..."
ဝမ်မင်ယီက ကိတ်ကိုချလိုက်ပြီး သူ့ကိုဖက်လိုက်သည်။
"ကိုကို က ဘာလို့ အရာရာတိုင်းကို လုပ်တတ်နေရတာလဲ...."
"မင်းကိုပျော်အောင်လုပ်ပေးဖို့ပေါ့...."
စစ်ကျွင်းတောက်က သူ့ကိုနမ်းလိုက်ပြီး သူ့နှာခေါင်းလေးကို ထိလိုက်သည်။
ဝမ်မင်ယီ၏နှလုံးသားလေး နူးညံ့လာပြီး သူ့တစ်ကိုယ်လုံး စစ်ကျွင်းတောက်အပေါ် မှီလိုက်သည်။ စစ်ကျွင်းတောက်က သူ့ကိုပြန်ဖက်လိုက်ပြီး ခေါင်းငုံ့ပြီးနမ်းလိုက်သည်။
"အရင်ဆုံးစားရအောင်ပါ..."
"စားပြီးရင် တစ်ခုခုလုပ်လို့ရတယ်ပေါ့လေ... အဲ့လိုလား...."
စစ်ကျွင်းတောက်က သူ့ကိုပြုံးပြုံးလေးကြည့်လိုက်သည်။
"ခန့်မှန်းကြည့်ပေါ့...."
ဝမ်မင်ယီက မခန့်မှန်းချင်ပေ။
"ကျွန်တော်က အဲ့လိုပဲပြောတယ်လေ...."
သူပြန်ထိုင်လိုက်ပြီးစစ်ကျွင်းတောက်နှင့်အတူ ညစာပြန်စားလေသည်။
စစ်ကျွင်းတောက်က လက်မှုပညာကျွမ်းကျင်သူဖြစ်ပြီး သူလုပ်သမျှကို ဝမ်မင်ယီက သဘောကျပေသည်။ ခဏအကြာတွင် ဝမ်မင်ယီက ဗိုက်ပြည့်နေအောင်စားပြီးလေပြီ။
သူထိုင်ခုံပေါ်တွင်မှီထိုင်နေပြီး စစ်ကျွင်းတောက် တစ်ခုခုလုပ်သင့်သည်ဟု တွေးမိသည်။
"နောက်ထပ်ဘာလုပ်မှာလဲ...."
"ဘာမှမလုပ်ဘူး... ပန်းကန်ဆေးမှာလေ...."
စစ်ကျွင်းတောက်က ကူကယ်ရာမဲ့စွာခေါင်းလာလိုက်ပြီး မီးဖိုချောင်ထဲဝင်ကာ ပန်းကန်ဆေးလေသည်။
ဝမ်မင်ယီက ဆိုဖာပေါ်တွင်ထိုင်ပြီး အပေါ်ထပ်သွားကာ အဝတ်အစားလဲရန် ဆုံးဖြတ်လိုက်သည်။
သူတံခါးဖွင့်လိုက်ပြီး မီးဖွင့်လိုက်သည်နှင့် အံ့အားသင့်သွားရသည်။
သူ့အခန်းက နှင်းဆီပန်းတို့ပြည့်နှက်နေကာ လှပနေလျက်ရှိသည်။
ဝမ်မင်ယီက အနည်းငယ်အံ့ဩသွားသည်။ သူဖြေးဖြေးချင်းဝင်သွားလိုက်ပြီး ညဝတ်အင်္ကျီကိုထုတ်လေသည်။ အဝတ်အစားလဲနေချိန်တွင် စစ်ကျွင်းတောက် ဘာလုပ်ရန်ကြံနေသလဲတွေးနေမိသည်။ နှင်းဆီပန်းများစွာရှိနေ၍ လက်ထပ်ခွင့်တောင်းခြင်းဖြစ်လောက်ပေသည်။
ဝမ်မင်ယီ စိတ်လှုပ်ရှားသွားသည်။ သူဝတ်ရန်ကြိုးစားနေသော ညဝတ်အင်္ကျီကိုပြန်ချလိုက်သည်။ လက်ထပ်ခွင့်တောင်းခံရတဲ့လူက ညဝတ်အင်္ကျီနှင့်ဆိုလျှင် ကြည့်မကောင်းချေ။
သူအဝတ်အစားလဲပြီးချိန်တွင် စစ်ကျွင်းတောက်ထံမှ စာဝင်လာသည်။
စစ်ကျွင်းတောက် : အောက်ဆင်းခဲ့....
ဝမ်မင်ယီက အနည်းငယ်ရှက်သွားသော်လည်း ထပ်တွေးကြည့်လိုက်သောအခါ ဘာကိုမှရှက်စရာမလိုကြောင်း တွေးမိသွားသည်။
စစ်ကျွင်းတောက်က လက်ထပ်ခွင့်တောင်းတော့မှာဆိုတော့ဘာဖြစ်လဲ... သူတောင်မရှက်တာလေ... ငါကဘာလို့ရှက်ရမှာလဲ....
ဝမ်မင်ယီက သူ၏ယခင်အဝတ်အစားများကို ပြန်ဝတ်လိုက်ပြီး အောက်က်ုဆင်းလိုက်သည်။
သို့သော် စစ်ကျွင်းတောက်က ဧည့်ခန်းထဲတွင် မရှိပေ။
သူဘယ်ရောက်နေလဲ မသိ၍ လိုက်ရှာနေချိန်တွင် မက်ဆေ့တစ်စောင် ရောက်လာပြန်သည်။
: အပြင်ထွက်ခဲ့...
ဝမ်မင်ယီက တံခါးဖွင့်ကာ အပြင်ထွက်လိုက်သည်။ သူအပြင်ထွက်လာသည်နှင့် သူ့ခေါင့းအထက်တွင် မီးရှုးမီးပန်းတို့ပေါက်ကွဲလာကြသည်။ ဝမ်မင်ယီက ညအမှောင်ထဲတွင်လင်းလက်နေသော မီးရှုးမီးပန်းများကို တိတ်တဆိတ်ကြည့်နေမိသည်။
တစ်ခုပြီးတစ်ခု ပေါက်ကွဲနေသည်မှာ ကြယ်ပျံများအလား တူနေသည်။
ဝမ်မင်ယီက လှည့်ကြည့်လိုက်ချိန်တွင် ခြံဝန်းထဲတွင် စစ်ကျွင်းတောက်ရပ်နေကြောင်း တွေ့လိုက်ရသည်။
သူ ရယ်မောမိလိုက်သည်။ စစ်ကျွင်းတောက်က သူ့လက်ထဲရှိ ရီမုကိုနှိပ်လိုက်ချိန်တွင် ခြံဝန်းတစ်ခုလုံး လင်းထိန်သွားသည်။ သူ့ခြေထောက်အောက်တွင်လည်း သက်တံ့တစ်ခုရှိနေကြောင်းတွေ့လိုက်ရသည်။
၎င်းက သက်တံ့အရှည်ကြီးတစ်ခုဖြစ်သည်။ သူက သက်တန့်အစွန်းတစ်ဖက်တွင်ရှိပြီး အခြားတစ်ဖက်တွင် စစ်ကျွင်းတောက်ရှိနေသည်။ ဝမ်မင်ယီက သူနှင့်သိပ်မဝေးသည့်နေရာတွင်ရှိသော စစ်ကျွင်းတောက်ကိုကြည့်လိုက်သည်။ သက်တံ့ပေါ်တွင် ရပ်နေရာမှ သူ့ဆီသို့ တစ်လှမ်းချင်းလမ်းလျောက်သွားသည်။
အစက လမ်းလျောက်နေပါသော်လည်း နောက်ဆုံးတွင် စစ်ကျွင်းတောက်ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။
စစ်ကျွင်းတောက်က သူ့ကိုပြန်ဖက်လိုက်ပြီး ခြံဝန်းထဲရှိမီးများကို ဖွင့်လိုက်လေသည်။
"မီးရှုးမီးပန်းတွေဖောက်တာ ကြည့်ချင်သေးလား...."
စစ်ကျွင်းတောက်ကမေးလိုက်သည်
ဝမ်မင်ယီက ခေါင်းငြိမ့်ပြသည်။ စစ်ကျွင်းတောက်က သူ့ဖုန်းကိုယူကာ မီးပန်းဖောက်သည့်အဖွဲ့ကို စာပို့လိုက်သည်။
ဤတစ်ကြိမ်တွင် မီးပန်းများကို အသည်းပုံပေါ်အောင် ဖောက်လိုက်သည်။
ဝမ်မင်ယီက သူ့ကိုကြည့်ပြီး စကားပြောရန်ပြင်လိုက်ချိန်တွင် စစ်ကျွင်းတောက်က သူ့ကိုနမ်းလာသည်။
လူနှစ်ယောက်က မီးရှုးမီးပန်းများအောက်တွင် နမ်းရှိုက်နေကြပြီး မီးရှုးမီးပန်းများမှာလည်း ဆက်လက်ပေါက်ကွဲနေသည်။ ဝမ်မင်ယီက ပသက်ရှူဝမတော့မှသာ ထိုအနမ်းကိုရပ်လိုက်သည်။
စစ်ကျွင်းတောက်က သူ့ကိုကြည့်ကာ တိုးတိုးလေးပြောလာသည်။
"ကိုယ်မင်းကိုချစ်တယ်..."
ဝမ်မင်ယီ ရယ်မောလိုက်သည်။
"ကျွန်တော်လည်း ကိုကိုကိုချစ်တယ်..."
"ကိုယ့်ကိုလက်ထပ်နိုင်မလား...."
စစ်ကျွင်းတောက်က ညင်သာစွာရယ်မောရင်းမေးလိုက်သည်။