အပိုင်း ၁၂၄ (Extra 10)
Viewers 12k

သူနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဒူးထောက်ချကာ သူပြင်ဆင်ထားပါသော လက်စွပ်ကိုထုတ်လိုက်သည်။
ဝမ်မင်ယီက သူ့ကိုစိတ်ကျေနပ်စွာကြည့်ပြီး ပျော်ရွှင်မှုတို့ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လေသည်။
"ကိုယ်အရင်က ကတိပေးဖူးတယ်လေ.. မင်းလက်ထပ်ဖို့ တရားဝင်အသက်ပြည့်တဲ့နေ့ကြရင် လက်ထပ်ပါ့မယ်ဆိုတာ... ဒီတော့ ကိုယ့်ကိုလက်ထပ်နိုင်မလား...."
စစ်ကျွင်းတောက်က ငြင်သာစွာပြောလိုက်သည်။
ဝမ်မင်ယီက စိတ်လှုပ်တရှားခေါင်းငြိမ့်လိုက်သည်။
"လက်ထပ်ပါ့မယ်...."
သူလက်စွပ်ဘူးကိုယူပြီး လက်စွပ်အသေးကိုစစ်ကျွင်းတောက်ကိုပေးလိုက်ပြီး လက်စွပ်အကြီးကို စစ်ကျွင်းတောက်လက်ကိုစွပ်ပေးလိုက်သည်။
"ထတော့...."
ဝမ်မင်ယီက သူ့ကိုဆွဲထူလေသည်။
စစ်ကျွင်းတောက်က သူ့၏ဘယ်ဘက်လက်လေးကိုဆွဲကာ လက်စွပ်စွပ်ပေးလိုက်ပြီး လက်ဖမိုးလေးကို နမ်းလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူက လက်ထပ်ခွင့်တောင်းရန်နေရာမျိုးစုံကို တွေးဖူးသည်။ နိုင်ငံခြားတွင်၊ ပင်လယ်တွင်၊ တောင်တန်းများဘေးတွင် နေရာစုံကိုတွေးကြည့်သော်လည်း နောက်ဆုံးတွင် သူ့အိမ်သူသာ ရွေးချယ်လိုက်သည်။
ဝမ်မင်ယီနှင့်သူ့အတွက် ဤနေရာက အရာရာတိုင်းကို အစပြုခဲ့သော နေရာဖြစ်သည်။ ဤနေရာတွင် စတင်တွေ့ခဲ့သည်။ ဤနေရာတွင် အတူတူဆော့ကစားခဲ့သည်။ ဤနေရာတွင် အေးအတူပူအမျှအတူနေခဲ့သည်။
သူတို့ နေရာတိုင်းကိုသွားခဲ့ပြီး လူပေါင်းစုံနှင့်ကြုံခဲ့ပါသော်လည်း နောက်ဆုံးတွင် သူတို့ကြီးပြင်းရာ အိမ်ကိုပြန်ရောက်လာကြသည်။
သူတို့အတွက် ဤနေရာမှလွဲ၍ သင့်တော်သောနေရာမရှိပေ။ ဝမ်မင်ယီက ဤနေရာမှ တစ်ကြိမ်ထွက်ခွာဖူးသည်။ သူလည်း ထွက်ခွာကာ သူ့နှလုံးသားကို ဖုံးကွယ်ဖူးပါသော်လည်း နောက်ဆုံးတွင် ဤနေရာကိုသာ ပြန်လာခဲ့ရသည်။
ဤနေရာတွင် လူပေါင်းများစွာနှင့်ကြုံခဲ့ရပြီး သူတို့၏ခံစားချက်များစွာကိုလည်း ဖလှယ်ခဲ့ကြဖူးသည်။ ထို့ကြောင့် စစ်ကျွင်းတောက်က သူနှင့်ဝမ်မင်ယီတို့နှင့် သက်ဆိုင်သော ဤနေရာတွင် လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
လူနှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြပြီး မပြုံးပဲမနေနိုင်ကြတော့ချေ။
နောက်ဆုံးတွင် စစ်ကျွင်းတောက်က ဝမ်မင်ယီကိုပွေ့ချီလိုက်သည်။
ဝမ်မင်ယီက ခေါင်းငြိမ့်ပြလိုက်ပြီး စစ်ကျွင်းတောက်လည်ပင်းကို လက်ဖြင့်ချိတ်တွယ်ကာ အိမ်ထဲလိုက်လာခဲ့သည်။
နွေဦးညလေးတစ်ခု အစပြုခဲ့သည်။
ပြီးဆုံးပြီးနောက်တွင် ဝမ်မင်ယီက သူ့ဘေးတွင်လှဲလျောင်းပြီး တီးတိုးပြောလိုက်သည်။
"ကျွန်တော် ဒီနေ့အခန်းထဲဝင်လိုက်သေးတယ်... ပြီးတော့ ကိုကိုကျွန်တော့်ကို လက်ထပ်ခွင့်တောင်းမယ်မှန်းသိလိုက်တာပဲ... ဒါပေမဲ့ ဒီအခန်းထဲမှာပဲ လက်ထပ်ခွင့်တောင်းမယ်ထင်ခဲ့တာ...."
စစ်ကျွင်းတောက်ကရယ်လိုက်ပြီး သူ့ကို နမ်းရှိုက်လိုက်သည်။
"ကိုယ်က မင်းကိုခမ်းခမ်းနားနား လက်ထက်ခွင့်တောင်းချင်တာလေ... ပြီးတော့ မင်းက ကိုယ်နဲ့အတူအိပ်လေ့ရှိတော့ မင်းအခန်းထဲမှာ အလှဆင်ထားပြီးမှ အံ့ဩအောင်လုပ်မယ်တွေးခဲ့တာ...."
ဝမ်မင်ယီက သူ့ရင်ခွင်ထဲတွင် တိုးဝှေ့လိုက်ပြီး ပြုံးလိုက်မိသည်။
စစ်ကျွင်းတောက်၏ လက်ထပ်ခွင့်တောင်းမှု ပြီးဆုံးပြီးနောက် နောက်နှစ်နှစ်အကြာ နွေဦးတွင် နိုင်ငံခြားသွား၍ လက်ထပ်မှတ်ပုံတင်ခဲ့ကြသည်။
နိုင်ငံခြားလက်ထပ်မှတ်ပုံတင်မှာ တရုတ်တွင် တရားဝင်ခြင်းမရှိသော်လည်း ဝမ်မင်ယီအတွက်မူ ၎င်းက သူတို့၏လက်ထပ်ပွဲနှင့် အတူတူပင်ဖြစ်သည်။
ကျိစစ်ယောင်နှင့် ဝမ်ဝေ့တို့က မြန်လွန်းနေ၍ သင်ပြင်းချလိုက်သည်။ ကလေးနှစ်ယောက်မှာ မစောင့်နိုင်ကြတော့ပုံပင်။
"ကျွန်မသူတို့ကို တကယ်အတူရှိစေချင်တာပါ..."
ကျိစစ်ယောက်က မှတ်ချက်ပြုလိုက်သည်။
"ဒါအချစ်စစ်ပဲ...."
ဝမ်ဝေ့က ရေရွတ်လိုက်သည်။
လုယွင်ဖေးက ဝမ်မင်ယီ သူ့ထက်အရင် ချစ်မိသွားမည်ဟု မထင်ခဲ့ပေ။ ရလဒ်သည်ကား တစ်ဖက်လူက သူ့ထက်ပင်စောပြီး လက်ထပ်လိုက်သေးသည်။ သူအတော်လေး အံ့ဩနေရသည်။
ပြန့်ကျင်းယွမ် အတိအလင်းပြောလာသည်။
"မင်းလည်း အဲ့လိုလုပ်ချင်ရင်... ငါတို့လည်း လက်ထပ်ကြတာပေါ့..."
လုယွင်ဖေး "....."
လုယွင်ဖေးက သူ့မိဘများနှင့် ဆွေးနွေးရဦးမည်ဟု ခံစားလိုက်ရသည်။
"မင်းတို့ မင်္ဂလာဆောင်လုပ်ကြမှာလား...."
လုယွင်ဖေးကမေးလိုက်သည်။
"ငါတော့ မလိုဘူးထင်တာပဲ... ဒါပေမဲ့ ကိုကိုကတော့ ငါ့ကိုတခြားလူတွေလို လက်ထပ်ပွဲဆိုတာရသင့်တယ်လို့တွေးတယ်... ဒါပေမဲ့လည်း တရုတ်မှာက လိင်တူလက်ထပ်ခွင့်မပေးထားတော့ နိုင်ငံခြားသွားပြီး လက်ထပ်ဖို့စီစဉ်ထားတယ်..."
လုယွင်ဖေးက အတော်လေးကောင်းသည်ဟု တွေးမိ၍ သူလည်းလှုပ်ရှားရန်တွေးနေတော့သည်။
ဝမ်မင်ယီနှင့် သူ့သူငယ်ချင်းတို့က လူသိရှင်ကြားကြေငြာပြီဖြစ်သည်။ ထို့ကြောင့် သူပါကြေငြာချင်လာခဲ့သည်။
စစ်ကျွင်းတောက်က မလိုအပ်ဟုထင်လိုက်သည်။
"မင်းက အခုပုံရိပ်ကောင်းလေးရှိနေတာလေ... လူသိရှင်ကြားကြေငြာဖို့မလိုပါဘူး... ဒါက မင်းရဲ့လုပ်ငန်းကို ထိခိုက်စေတယ်လေ..."
ဝမ်မင်ယီက မျက်စောင်းထိုးလိုက်သည်
"ကိုကိုသေချာလား...."
"သေချာတယ်..."
"ပြီးရောလေ..."
ဝမ်မင်ယီသဘောတူလိုက်သည်။
သို့သော် လအတန်ကြာပြီးနောက်တွင် စစ်ကျွင်းတောက်က ဝမ်မင်ယီ၏ ရိုက်ကူးရေးအဖွဲ့ကိုသွားရောက်လာချိန်တွင် ဝမ်မင်ယီက အခြားသရုပ်ဆောင်တစ်ယောက်နှင့် တရင်းတနှီးပြောဆိုနေသည်ကို မြင်လိုက်ရသည်။
စစ်ကျွင်းတောက်က မျက်မှောင်ကြုတ်လိုက်ပြီး အခြားတစ်ဖက်ကို ချက်ချင်းဆွဲထုတ်ချင်ပါသော်လည်း ထိုသို့မလုပ်နိုင်၍ ထိုလူကို သတိပေးသလိုသာကြည့်လိုက်သည်။
သူက တစ်ချိန်လုံးဝမ်မင်ယီ၏ အစ်ကိုဟုသာ ပြောထားခဲ့ပြီး တစ်ဖက်လူကလည်း ထိုသို့သာသိပေသည်။ ခဏမျှတိတ်ဆိတ်သွားပြီးနောက်တွင် တစ်ဖက်လူက ဝမ်မင်ယီကို အတော်လေးခံစားချက်ရှိနေကြောင်း ထုတ်ဖော်ပြလေသည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီအလုပ်ပြီးသည်နှင့် ချက်ချင်းဆွဲခေါ်သွားသည်။
"အဲ့သရုပ်ဆောင်က ဘာဖြစ်နေတာလဲ..."
"ဘာမှမဟုတ်ပါဘူး... ကျွန်တော့်ကိုသဘောကျနေရုံပါ.."
"ငြင်းလိုက်တယ်မလား..."
စစ်ကျွင်းတောက်က မေးလိုက်သည်။
ဝမ်မင်ယီက အပြစ်ကင်းစင်စွာကြည့်လာသည်။
"ငြင်းခဲ့တယ်..."
"ဒါကိုတောင် သူက မင်းကိုလိုက်နေသေးတာလား....."
"ကျွန်တော်ငြင်းပေမဲ့ သူက ကျွန်တော့်ကိုလိုက်ချင်နေသေးတာလေ..."
"
စစ်ကျွင်းတောက် "...."
"ကိုယ်ကိုင်တွယ်လိုက်ပါ့မယ်..."
ခပ်တိုးတိုးပြောလိုက်သည်။
"ကောင်းတာပေါ့..."
ဝမ်မင်ယီသဘောတူလိုက်သည်။
စစ်ကျွင်းတောက်က မနေနိုင်ဘဲ ထုတ်မေးရတော့သည်။
"အလုပ်မှာ ဒီလိုမျိုးကြုံတွေ့နေကြလား...."
ဝမ်မင်ယီက ပြုံးရုံသာပြုံးပြလိုက်သည်။
မငြင်းဆန်ခြင်းက ဝန်ခံခြင်းသာဖြစ်သည်။
စစ်ကျွင်းတောက် ခေါင်းကိုက်သွားရသည်။ ဝမ်မင်ယီက နာမည်အတော်ကြီးကြောင်း သူသိပါသည်။ ဝမ်မင်ယီနှင့် ငယ်စဉ်ကတည်းက အတူတူနေခဲ့ရ၍ သူ့အကြောင်းကောင်းကောင်းသိပါသည်။ သို့သော် ဝမ်မင်ယီက လိင်တူများနှင့် ဆက်ဆံရေးကောင်းကြောင်း မသိခဲ့ရပါပေ။
မိန်းကလေးများက အရူးအမူးဖြစ်သည်မှာ အဆင်ပြေသော်လည်း ယောက်ျားလေးများကပါ အရူးအမူးဖြစ်နေလေသည်။ စစ်ကျွင်းတောက်က ဝမ်မင်ယီကိုဖွက်ထားပြီး သူ့ကိုလိုချင်တပ်မက်နေကြသော ယောက်ျားများထဲမှ ဖွက်ထားချင်ပေသည်။
ဝမ်မင်ယီက သူ့ကိုကြည့်ပြီးပြောလိုက်သည်။
"အခု ကျွန်တော်ဘာလို့ လူသိရှင်ကြားကြေငြာချင်လဲ သိသွားပြီလား... တစ်ယောက်ယောက်က ကျွန်တော့်ကိုလိုက်ချင်နေပြီလေ..."
စစ်ကျွင်းတောက်က သူ၏ချောမော၊ ခန့်ညားကာ နှစ်လိုဖွယ်ကောင်းသော ခင်ပွန်းလေးကိုကြည့်ပြီး ဝမ်မင်ယီဤလောကထဲ ဝင်ကတည်းက ဤသို့အလိုက်ခံရသည်ဟုသိသွားပေသည်။
"လူသိရှင်ကြား ကြေငြာရမယ်...."
စစ်ကျွင်းတောက်က သူ့ကိုယ်သူ ချန်းလုလို ဝမ်မင်ယီနောက် နေ့တိုင်းမလိုက်နိုင်၍ နောင်တရနေသည်။ ထို့ကြောင့် သူ့ဂေါ်ဖီထုတ်လေးကို အခြားဝက်များတူးမည်မှ ကာကွယ်ရန် ခေါင်းစဉ်လေး တပ်ပေးရန် လိုနေလေပြီ။
"သေချာရဲ့လား...."
ဝမ်မင်ယီက မေးလိုက်သည်။
"သေချာတယ်...."
စစ်ကျွင်းတောက်က သူ့ကိုကြည့်ပြီးပြောလေသည်။
"ကိုယ်မင်းဘေးနား မရှိတဲ့အချိန်တိုင်း နေ့တိုင်းမပူပန်ချင်ဘူးလေ...."
ဝမ်မင်ယီက ရယ်လိုက်သည်။
"ကိုကို သဝန်တိုနေတာလား...."
"ရှာလကာရည်တွေတော့ အတော်လေး သောက်လိုက်မိတယ်...."
ဝမ်မင်ယီက ပျော်ပျော်ကြီရယ်လေသည်။ သူစစ်ကျွင်းတောက်နား ချဉ်းကပ်ကာ တီးတိုးပြောလိုက်သည်။
"ကိုကို... ဒီလိုပုံစံလေးနဲ့က ပိုချစ်ဖို့ကောင်းတယ်ဆိုတာ သိလား..."
စစ်ကျွင်းတောက် မပြုံးပဲမနေနိုင်တော့ချေ။ သူ ဝမ်မင်ယီကိုဖက်လိုက်ပြီး နှဖူးလေးကိုနမ်းလိုက်သည်။
"ကိုယ်မင်းကို တရားဝင်ရားထူးပေးမယ်..."
ဝမ်မင်ယီက မျက်လုံးများကွေးညွတ်အောင်ပြုံးပြီး နမ်းလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် ရက်ကောင်းတစ်ခုကို ရွေးလိုက်သည်။ စစ်ကျွင်းတောက်က သူ့မွေးနေ့တွင် သူ့ကိုလက်ထပ်ခွင့်တောင်းခဲ့၍ သူကလည်း စစ်ကျွင်းတောက်မွေးနေ့တွင် လူသိရှင်ကြားကြေငြာရန် ဆုံးဖြတ်ခဲ့သည်။
သူရိုက်ကူးရေးပြီးသည်နှင့် စစ်ကျွင်းတောက် မွေးနေ့ရောက်လာခဲ့သည်။ ဝမ်မင်ယီက သူနှင့်အတူတူ အိမ်တွင်မွေးနေ့ပွဲကျင်းပသည်။ နောက်တစ်နေ့တွင် စစ်ကျွင်းတောက်က သူ့သူငယ်ချင်းများနှင့်အတူ အပြင်သွားရန်ပြင်သည်ကိုတွေ့၍ သူပါလိုက်သွားခဲ့သည်။
ထိုနေ့တွင် သူငယ်ချင်းများစွာဖြင့် အပြင်ထွက်ကစားလေသည်။ ညနေခင်းတွင် KTVသွား၍ သီချင်းသွားဆိုကြလေသည်။ ယနေ့က စစ်ကျွင်းတောက်မွေးနေ့ဖြစ်၍ စစ်ကျွင်းတောက်ကို သီချင်းဆိုခိုင်းကြလေသည်။
ဝမ်မင်ယီ သူငယ်ငယ်ကတည်းက စစ်ကျွင်းတောက်သီချင်းဆိုသည်ကို သိပ်မကြားခဲ့ဖူး၍ တိုက်တွန်းလေသည်။
"သီချင်းဆိုလေနော်.. ကိုကိုသီချင်းဆိုလေ..."
"ဟုတ်တယ်... မင်မင်တောင်ပြောနေတာပဲကို ဆိုစမ်းပါကွာ... မြန်မြန်လေးဆိုရင်ရတာပဲကို..."
စစ်ကျွင်းတောက်က မဆိုချင်သော်လည်း ဝမ်မင်ယီ၏အကြည့်လေးကြောင့် သီချင်းရွေးလိုက်သည်။
မကြာခင် သံစဉ်က စတင်ထွက်ပေါ်လာသည်။ ဝမ်မင်ယီက ဆိုဖာပေါ်တွင်ထိုင်နေပြီး စစ်ကျွင်းတောက်က သီချင်းစာသားတစ်ခုချင်းဆီ ဖြေးဖြေးချင်းဆိုသည်ကို ကြားလိုက်ရသည်။
ကိုယ်ငယ်ငယ်တုန်းက...
မင်းရဲ့လက်ကလေးကိုလွှတ်လိုက်ချိန်မှာ မင်းကိုပျောက်သွားဖူးတယ်...
မင်းလက်ထဲမှာရေခဲမုန့်လေးကိုင်ပြီး လူအုပ်ကြီးထဲမှာ ငိုနေတာကို မြင်လိုက်ရတယ်...
တစ်ချိန်တည်းမှာ ကိုယ်ဝမ်းနည်းသလို ဒေါသထွက်မိတယ်...
မင်းမှာ အမြဲတမ်း ကိုယ့်ကိုပြုံးပျော်နေအောင်လုပ်ပေးဖို့ နည်းလမ်းရှိနေခဲ့တယ်...
ကိုယ်တို့အတူ ရယ်မောခဲ့ ငိုကြွေးခဲ့တဲ့ မှတ်ဉာဏ်တွေကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပဲ....
ငါတို့တစ်ဘဝလုံး greenhouseလေးထဲမှာ အတူရှိခဲ့ကြတာ...
ကမ္ဘာပေါ်မှာရှိတဲ့ တစ်ခုတည်းသောအရာပေါ့...
အနာဂတ်ရဲ့ခြေလှမ်းတိုင်းမှာ..
တစ်ယောက်အိပ်မက်တစ်ယောက်နောက် လိုက်ခဲ့ဖူးတယ်...
လမ်းမကြီးက တစ်ခါတစ်ရံလေထန်တယ် မိုးရွာတယ်...
ဒါပေမဲ့ ကိုယ်တို့အမြဲတမ်း လက်တွဲထားခဲ့ကြတယ်...
အနာဂတ်ရဲ့ခြေလှမ်းတိုင်းက တစ်ယောက်ကိုတစ်ယောက်သိကြဖို့၊ တစ်ယောက်ကိုတစ်ယောက် မြတ်နိုးဖို့၊ တစ်ယောက်ကိုတစ်ယောက် မှီခိုဖို့အတွက်ပေါ့...
ကိုယ်တို့ သဘောတူထားတာလေးကို မမေ့နဲ့နော်...
ကိုယ်က မင်းနဲ့အမြဲတမ်း အတူရှိနေပေးမှာ...
ဝမ်မင်ယီခဏမျှ အံ့ဩသွားသည်။ သူထိုသီချင်းကို ကြားဖူးသလိုလိုရှိနေပြီး သူငယ်စဉ်က စစ်ကျွင်းတောက်ဆိုပြခဲ့သော သီချင်းဖြစ်ကြောင်း မှတ်မိသွားသည်။
သူစစ်ကျွင်းတောက်ကိုကြည့်ပြီး တိတ်တိတ်လေးလက်ကိုင်လိုက်သည်။
အခြားသူများက "တဝိုးဝိုး.."အော်လေကြသည်။
ဝမ်မင်ယီက ဂရုပင်စိုက်မနေဘဲ စစ်ကျွင်းတောက် သီချင်းဆိုပြီးသည်နှင့် နမ်းချလိုက်သည်။
မုကျိအန်းက လျှာတောက်လေသည်။
"ကျစ် ကျစ်... ငါတို့ကဒီမှာမရှိသင့်ဘူးဝေ့.... "
စစ်ကျွင်းတောက်က ပြုံးရင်းပြောလိုက်သည်။
"ဒါဆို ဘာလို့ဒီမှာထိုင်နေသေးလဲ..."
"ထိုင်ချင်လို့ပေါ့...."
မုကျိအန်းက ပြန်ပက်လေသည်။
တစ်ယောက်ပြီးတစ်ယောက် သီချင်းဆိုကြ စားကြသောက်ကြပြီးနောက်တွင် ဆယ့်တစ်နာရီပင်ထိုးပြီဖြစ်၍ အချင်းချင်းနှုတ်ဆက်ကာ အိမ်ပြန်ကြလေသည်။
ဝမ်မင်ယီက ကားပေါ်တွင်ထိုင်ပြီး စစ်ကျွင်းတောက်ကို မှီထားသည်။
"ကျွန်တော် ကိုကို့ကိုမွေးနေ့လက်ဆောင်ပေးမယ်...."
"ပေးပြီးပြီမဟုတ်ဘူးလား...."
စစ်ကျွင်းတောက်က ပြုံးရင်းပြောလိုက်သည်။
"နောက်တစ်ခုပေးမှာ...."
ဝမ်မင်ယီကပြောလိုက်သည်။
"လက်ဆောင်တွေ အများကြီးပဲ...."
သူထိုသို့ပြောလိုက်ပြီး ဖုန်းကိုယူလိုက်ကာ စစ်ကျွင်းတောက်လက်ထဲပေးလိုက်သည်။
စစ်ကျွင်းတောက်က ယူလိုက်ပြီး ဝမ်မင်ယီက ပို့စ်လေးတင်ထားကြောင်း တွေ့လိုက်သည်။
ဝမ်မင်ယီ V : Happy Birthday , I love you [မွေးနေ့ကိတ်] [မွေးနေ့ကိတ်] [အာဘွား]
ပို့စ်ထဲတွင် ပုံသုံးပုံရှိသည်။ ပထမဆုံးတစ်ခုက အချင်းချင်း လက်ချင်းယှက်ပြီး ကိုင်ထားသည့်ပုံဖြစ်သည်။ သူတို့လက်များပေါ်ရှိ လက်စွပ်များက ဆင်တူဖြစ်နေသည်။ ဒုတိယပုံက သူတို့ငယ်စဉ်က ခြံဝန်းထဲတွင်ရိုက်ထားသည့်ပုံဖြစ်သည်။ တတိယပုံမှာ အရင်နှစ်က ဝမ်ဝေ့လာစဉ်က ရိုက်ပေးထားသောဓာတ်ပုံဖြစ်သည်။
ပုံနှစ်ပုံထဲတွင် လူနှစ်ယောက်၏ အသက်အရွယ်မှာပြောင်းလဲသွားပြီး အသွင်အပြင်များမှာလည်း ပြောင်းလဲသွားကြသည်။ မပြောင်းလဲသည်မှာ နေရာဒေသ၊ ဓာတ်ပုံရိုက်ထားသည့်ပုံစံနှင့် အချင်းချင်း အမြဲအတူရှိနေသည်သာဖြစ်သည်။
ဝမ်မင်ယီ ပရိတ်သတ်များက ထိုပို့စ်ကိုမြင်သည်နှင့် ဘယ်လိုကောမန့် မန့်ရမလဲပင် မသိကြတော့ချေ။
[I love youဆိုတာ ဘာကိုဆိုလိုတာလဲ... ပထမဆုံးပုံကို ဘယ်လိုရှင်းပြရမှာလဲ...]
ထိုပို့စ်မှာ ချက်ချင်းပေါက်ကွဲသွားပြီး [ဝမ်မင်ယီ၏အချစ်ကိုလူသိရှင်ကြား ထုတ်ဖော်ခြင်း]နှင့် [ဝမ်မင်ယီ coming outလုပ်ပြီ..] ဟူ၍
[သောက်ကျိုးနည်း... ဝမ်မင်ယီရဲ့ ပို့စ်ကဘာသဘောလဲ... သူက သူ့အစ်ကိုနဲ့ပြန်ကြိုက်နေတာလား...]
[သူ့အစ်ကိုလား...အရမ်းချောတာပဲ...]
[သွေးသားဆက်နွယ်မှုမရှိကြပါဘူးဟ... ကျူးမားလိုညီအစ်ကိုတွေ... မဟုတ်ကဟုတ်ကတွေ မတွေးကြနဲ့...]
[ငါတို့ရဲ့ လူမှုပတ်ဝန်းကျင်ကြီးက သဟဇတဖြစ်ပြီး သွေးသားရင်း စပ်ယှက်မှုကို ခွင့်မပြုထားကြပါဘူးဟ...]
[ဒီတော့ ဝမ်မင်ယီတကယ် Come outလိုက်တာလား..]
[မဟုတ်သေးပါဘူး... သူဒီလောကထဲမှာ မနေချင်တော့တာလား... ငယ်ငယ်လေးနဲ့ come outလုပ်နေတာ..]
[ဒါ ဆွေမျိုးအချင်းချင်း ချစ်တယ်လို့ပြောတာများလား... မင်မင်တို့က ငယ်ငယ်ကတည်းက သိနေကြတာဆိုတော့ အမျိုးတွေလိုပဲလေ...]
[လက်စွပ်ကြတော့ရော... လက်စွပ်ကြဘာကိုဆိုလိုတာလဲ...]
[အဲ့လိုလက်စွပ်ကို ကြိုက်လို့များလား..]
[ဝမ်မင်ယီ အဲ့ဒီ့လက်စွပ်ကိုဝတ်တာကြာလှပြီ... အရင်က ဒီတိုင်းအလှသက်သက်ဝတ်တာထင်နေတာ... စုံတွဲလက်စွပ်ဖြစ်နေမယ် ထင်မထားဘူး... ]
[စိတ်လှုပ်ရှားစရာကြီး... ဝေ့ပေါ်ကြီးတော့ ပရမ်းပတာဖြစ်နေလောက်ပြီ.... ဝေ့ပေါ်က ပရိုဂရမ်မာတွေ တစ်ညလုံးမအိပ်ရလောက်ဘူးလို့ ငါထင်တယ်..]
[ဝမ်မင်ယီပရိတ်သတ်တွေက မိသားစုအချစ်လို့ အတင်းပြောနေကြသေးတယ်... ဘယ်လိုမိသားစုအချစ်က စုံတွဲလက်စွပ်ဝတ်လို့လဲ...]
[ငါတော့ သူတို့သေချာပေါက်တွဲနေတယ်လို့ ပြောရဲတယ်... ငါဝမ်မင်ယီနဲ့ သူ့ကောကောတို့ ရသစုံရှိုးကိုလာပြီး အချိုတွေကြဲချသွားတာ မှတ်မိသေးတယ်... ဘုရားတွေ အဲ့တုန်းက သူတို့ကြဲတဲ့သကြားတွေက ပုံမှန်ချစ်သူရည်းစားတွေထက်တောင် ချိုသေးတယ်... သူ့ကောက သူ့ကိုအရမ်းအလိုလိုက်တာ အာလူးကြော်တောင် ခွံ့ကျွေးသေးတယ်...]
[လိမ်နေတာမလား... အရမ်းချိုတယ်ဆိုရင် ငါလည်းကြည့်ချင်တာပေါ့... အပေါ်ထပ်ရေ linkချဟေ့..]
[သတင်းအသစ်.... ဝမ်မင်ယီပို့စ်ထပ်တင်ပြန်ပြီဟေ့...]
[ဝမ်မင်ယီကိုယ်တိုင် ဒါကအချစ်လို့ဝန်ခံသွားတာပဲ...]
[အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား....]
[ငါစခရင်ရှော့ပြမယ်.,]
ဝမ်မင်ယီ V : ဒါမိသားစုအချစ်မဟုတ်ဘူး အာဒီအတိုင်းအချစ်ပါ... ကျွန်တော်တို့ အတူရှိနေတာကြာပါပြီ.. ကျေးဇူးပါ...
ထိုပိုစ့်အောက်တွင် အော်ဟစ်သံတို့ဆူညံနေသည်။
[ငါ့တိတိလေးပျော်ရွှင်ပါစေ...]
xxxxxxx