အပိုင်း ၁၂၅ (Extra End)
Viewers 12k

[တိတိလေးအတွက် ငါ့အမေတောင် ငိုရင်းသဘောတူနေတယ်..]
[တိတိလေး အရမ်းပျော်နေမှာပဲနော်..]
[ငါတကယ် အံ့ဩလွန်းလို့ ချကားတောင် အပီတော့ဘူး..]
[Happy Birthdayပါ ကောကောရေ.. တိတိလေးကို ကောင်းကောင်းဆက်ဆံနော်...]
[တိတိaccမှာပဲတင်တာလား... ကောကောကရော...]
ထိုကောမန့်ကိုကြည့်ပြီး စစ်ကျွင့်းတောက်က သူ့ဖုန်းကိုယူကာ ဝမ်မင်ယီ၏ပို့စ်ကို forwardလုပ်လေသည်။
စစ်ကျွင်းတောက် : ကိုယ့်ကိုချစ်ပေးလို့ကျေးဇူးတင်ပါတယ်... ဒါကကိုယ့်ဘဝမှာ ပိုင်ဆိုင်ရသမျှထဲ ကံအကောင်းဆုံးအရာပါပဲ.. ကိုယ်မင်းကိုချစ်တယ်...
သူဝမ်မင်ယီကိုကြည့်ကာ နမ်းရှိုက်လိုက်လေသည်။
ဝမ်မင်ယီ၏ come outလုပ်မှုက ဖျော်ဖြေရေးလောကတစ်ခုလုံးကို ပွက်ပွက်ညံသွားစေသည်။ ချန်လု၏ဖုန်းမှာ ပေါက်ကွဲလုမတတ်ဖြစ်သွားရသည်။ ဟိုဟိုသည်သည် နေရာပေါင်းစုံမှ ဖုန်းခေါ်လာပြီး TVလောကမှာ မီဒီယာသမားများလိုမဟုတ်ဘဲ အနည်းငယ်တုံ့ဆိုင်းနေကြလေသည်။
ကိုယ့်အနာဂတ်ကိုယ်ဖျက်ဆီးခံပြီး ပြည်တွင်းဖျော်ဖြေရေးလောက၏ ပထမဦးဆုံး come outလုပ်လာသူတစ်ယောက်အနေဖြင့် များစွာသော TVရှိုးများက သူ့ကိုခေါ်ရန်တုံ့ဆိုင်းနေကြသည်။
ဝမ်မင်ယီ၏ပရိတ်သတ်များကလည်း ထိုကိစ္စကြောင့် စိုးရိမ်နေကြသည်။ ဝမ်မင်ယီ၏ come outလုပ်မှုက သူ့ကိုပရိတ်သတ် ပိုတိုးလာစေခဲ့သည်။ သို့သော် ပထမဆုံးအကြိမ် come outလုပ်သည့် မင်းသားတစ်လက်ဖြစ်၍ ပရိတ်သတ်များက သူ့အနာဂတ်အပေါ်ကောင်းသည်လား မကောင်းသည်လား မသိကြပေ။
လူတိုင်း စိုးရိမ်နေကြချိန်တွင် ကျောက် ဝမ်ယွီ၏ စတူဒီယိုက ပို့စ်တင်လာသည်။
: သုံးနှစ်ကြာပြီးတဲ့နောက်မှာ နောက်တစ်ကြိမ်ပူးပေါင်း လုပ်ဆောင်ဖြစ်ကြပြန်ပြီ.... မင်္ဂလာပါ ဝမ်မင်ယီ... မင်္ဂလာပါ စုဟန်...
စုဟန်ဆိုသည်မှာ ဇာတ်ကားထဲရှိ အဓိကဇာတ်ဆောင်၏နာမည်ဖြစ်သည်။
ဝမ်မင်ယီ၏ ပရိတ်သတ်များက စိတ်လှုပ်ရှားလာကြပြီး ပိုစ်အောက်တွင် စာများချန်ကြလေသည်။
[စုဟန်ကိုအားပေးကြ.. ကျိုးထောင်ကိုအားပေးကြ... တိတိလေးကြိုးစားထား...]
သူ၏ပိုစ်က ဝမ်မင်ယီ၏ပရိတ်သတ်များကို စိတ်တည်ငြိမ်စေသည်။ အဆုံးတွင် ကျောက် ဝမ်ယွီ၏ အရင်းအမြစ်များဖြင့်ဆိုလျှင် မည်သည့် TVအစီအစဉ်၏အရင်းအမြစ်ကိုမဆို အေးအေးဆေးဆေးကျော်လွန်သွားပေမည်။ ဤကဲ့သို့ဖရဲသီးကြီးရလာပါက မည်သူကမှ နှမ်းစေ့လေးကို မက်မောနေမည်မဟုတ်ကြတော့ပေ။
[ဝမ်မင်ယီရဲ့ကံက အရမ်းကောင်းတာပဲ... come outပြီးတာတောင် သူ့ရဲ့ အရင်းအမြစ်တွေက ထိခိုက်မှုမရှိဘူ... အရမ်းမိုက်တယ်...]
[ဒါရိုက်တာကျောက် က သူ့ကို အတောအလေးသဘောကျတဲ့ပုံပဲ...]
[သေချာတွက်ချက်ကြည့်ရင် သူလူသိရှင်ကြား come outလုပ်လိုက်ပေမဲ့ ပရိတ်သတ်တွေထပ်တိုးလာပြီး ရုပ်ရှင်တွေရော ဇာတ်ကားတွေရောအပေါ် အကျိုးအမြတ်က သက်ရောက်မှုမရှိဘူး... ကောင်းလိုက်တာ...]
[ဒါဘယ်လိုကံတရားမျိုးလဲကွာ... သေအောင် အားကျနေမိပြီ...]
တစ်ချိန်တည်းတွင် ကျောက် ဝမ်ယွီက ပွဲတစ်ခုသွားတက်ရင်း သတင်းထောက်များထံမှ မေးခွနိးမေးခံနေရသည်။
"လွန်ခဲ့တဲ့ နှစ်ရက်က ပို့စ်မြင်လိုက်တယ်ဗျ.. ဒါရိုက်တာကျောက် ရဲ့ ဇာတ်ကားအသစ်အတွက် ဇာတ်လိုက်မင်းသားက ဝမ်မင်ယီဆိုတာ ဟုတ်လား.."
"ဟုတ်ပါတယ်...."
"သူ လူသိရှင်ကြား come outလုပ်ထားတာ သိပါသလား..."
"သိတာပေါ့..."
ကျောက် ဝမ်ယွီက တည်ငြိမ်စွာဖြေလိုက်သည်။
"အရမ်းကိုသင့်တော်ပါတယ်..."
သတင်းထောက် "...."
"ဒါရိုက်တာကြည့်ရတာ ဝမ်မင်ယီကိုအတော်လေးသဘောကျပုံပဲနော်...."
သတင်းထောက်က မေးလိုက်သည်။
"ကိုယ့်သားကိုယ်မကြိုက်တဲ့သူ မရှိဘဲနေမလား...."
ကျောက် ဝမ်ယွီက မေးလိုက်သည်။
"အထူးသဖြင့်အရမ်းကိုတော်တဲ့ သားမျိုးကိုလေ...."
"ခင်ဗျာ...."
သတင်းထောက်က အံ့ဩသွားသည်။
"ဝမ်မင်ယီက ဒါရိုက်တာကျောက် ရဲ့သားလို့ပြောလို့တာလား...."
"ဒါပေါ့...."
ကျောက်ဝမ်ယွီ ၏မျက်နှာတွင် ဂုဏ်ယူမှုတို့ လွှမ်းခြုံနေသည်။
ဤသတင်းက အင်တာနက်ပေါ်ကို လွှမ်းခြုံသွားပြီး အင်တာနက်အသုံးပြုသူများမှာ ဖရဲသီးအကြီးစားကြောင့် ထိတ်လန့်သွားကြရသည်။
[ငါ့လခွမ်း.... ဒါရိုက်တာကျောက် ဘာပြောလိုက်တာ... ဝမ်မင်ယီက သူ့သားတဲ့လား...]
[ဘုရားရေ.. ဝမ်မင်ယီက သူ့ကိုယ်သူ ဒုတိယမျိုးဆက်စတားလို့ မပြောခဲ့ဖူးဘူးနော်...]
[ဘယ်လိုတောင် မျက်လှည့်ဆန်လိုက်တဲ့ လှည့်ကွက်လဲ... ငါTVများ ကြည့်နေမိတာလား...]
[ဒါရိုက်တာကျောက် က သူ့ကိုတအားသဘောကျနေတာ မဆန်းတော့ပါဘူး.... သူ့သားဖြစ်နေတာကိုး...]
[ဒါရိုက်တာကျောက် က ဝမ်မင်ယီပို့စ်အောက်မှာ အဖေကသဘောတူတယ်လို့ပြောသွားတာ ဒါကြောင့်ကိုး... သူက ဝမ်မင်ယီအဖေအစစ်ဖြစ်နေတာပဲ...]
[နေစမ်းပါဦး. အပေါ်ထပ်က အစ်မရေ...]
[ဒုတိယအဟော့ဆုံး ကောမန့်ကိုသတိရသွားပြီ... ဗီဗီယန်ကလည်း အမေသဘောတူတယ်လို့ ပြောခဲ့တာလေ...]
[မဖြစ်နိုင်တာ...]
[ဒါပေမဲ့ ဒါရိုက်တာကျောက် က အတည်ပြုပေးထားတယ်လေ...]
[ဒါရိုက်တာကျောက် ရဲ့ မိန်းမက ဗီဗီယန်လား...]
[ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...]
[ဘုရားရေ... နတ်သမီးပုံပြင်ထဲက မိသားစုလေးပဲ... ငါလေးအရမ်းကိုဆွံ့အနေပါပြီ...]
[ဒီဖရဲသီးက ကြီးလွန်းနေတယ်...]
[ဗီဗီယန်က ဝမ်မင်ယီနဲ့ ဓာတ်ပုံတွဲရိုက်တာလည်း မဆန်းတော့ပါဘူး...]
[လျှပ်တပြက်အတွင်း အရာအားလုံးက ကျိုးကြောင်းဆီလျော်သွားတာပဲ...]
[ဒါကို ဝမ်မင်ယီကဖုန်းကွယ်ထားခဲ့တယ်နော်... သူဘာလို့ သူ့မိဘတွေအကြောင်း ဘာမှမပြောခဲ့ရတာလဲ...]
ဝမ်မင်ယီ : ဘာလို့လဲဆိုတော့ ငါစိတ်ဆိုးနေလို့ပေါ့....
ဝမ်မင်ယီကူကယ်ရာမဲ့နေရသည်။ ယခုတွင် ဒါရိုက်တာကျောက် ဝမ်ယွီ၏ကျေးဇူးဖြင့် အရာအားလုံးဖော်ထုတ်ခံလိုက်ရလေပြီ။ သူ့အဖေကိုသာသိသွားကြလျှင် တစ်လောကလုံး သိသွားတော့မည်ဟု သိနေခဲ့သည်။
ဝမ်မင်ယီသက်ပြင်းချလိုက်သည်။ စစ်ကျွင်းတောက်က သူ့ကိုဖက်လိုက်ကာ နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။
"သက်ပြင်းမချနဲ့... Honeymoonမှာ ဘယ်ကိုအရင်သွားမလဲ....."
ဝမ်မင်ယီက အတွေးများကိုလက်စသတ်လိုက်ကာ သူတို့၏ honeymoon ခရီးစဉ်အတွက်ကို ပြန်တွေးနေလေသည်။
ဟုတ်ပေသည်။ သူတို့ နောက်ဆုံးတွင် honeymoonထွက်တော့မည်ဖြစ်သည်။ ဝမ်မင်ယီက ထိုအကြောင်းကိုတွေးပြီး ပျော်လာပြန်သည်။ သူ့ရှေ့ရှိ မြေပုံကိုကြည့်ပြီး ဟိုနေရာလည်းသွားချင် သည်နေရာလည်းသွားချင်ဖြစ်နေသည်။
စစ်ကျွင်းတောက်က သူ့ကိုဖက်ထားပြီး ဘယ်နေရာကစိတ်ဝင်စားဖို့ကောင်းသည် ဘယ်နေရာက ရှုခင်းလှသည်ဟူ၍ ပြောပြလေသည်။
"ကိုကိုကြည့်လိုက်လေ..."
ဝမ်မင်ယီကပြောလိုက်သည်။
"ဘယ်ကိုသွားချင်လဲသာပြော..."
"ကိုယ်မကြည့်လိုက်ဘူး..."
စစ်ကျွင်းတောက်က ငြင်သာစွာပြောလိုက်သည်။
"ကိုယ်သွားချင်တဲ့နေရာက မင်းဘေးနားကိုပဲလေ... ကိုယ့်ဘေးမှာမင်းရှိနေရင် ဘယ်သွားသွားရတယ်..."
ဝမ်မင်ယီအားပါးတရပြုံးလိုက်ပြီး သူ့ကိုချစ်ခင်မြတ်နိုးစွာကြည့်လေသည်။
"ကျွန်တော်ရောပဲ..."
သူ့အသံလေးက နွေးထွေးနေလေသည်။
ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးနေရင်တောင် မင်းက ငါ့ရဲ့နှလုံးသားထဲမှာ ထာဝရအတွက် သန့်စင်တဲ့နယ်မြေလေးဖြစ်နေမှာပါ..
ဒီဘဝပြီးနောက်ဘဝ ဘဝဆက်တိုင်း တစ်ယောက်နဲ့တစ်ယောက် သက်ဆိုင်ကြပြီး... ဒီတစ်ယောက်တည်းကိုသာ တစ်သက်လုံးသက်ဆိုင်သွားကြမယ်...


❤တကယ်ပြီးပါပြီ❤

ဖတ်ရှုအားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်
ဘာသာပြန် - IQ Team
xxxxxxxxxxxx
ချစ်တို့ရေ ဝမ်မင်ယီ Novel လေးကတော့ ဇာတ်သိမ်းသွားပါပြီရှင် ဖတ်ရှူအားပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်🥰🥰🥰
Novel အသစ်လေးတွေကိုလည်း အားပေးကြပါဦးနော် 😘😘😘