အပိုင်း ၃
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး 

 

အပိုင်း ၃ - ယောက်ျား ကျွန်မကြောက်တယ်!

 

 

 

 

ဖိန်နင်က နိုင်ငံ့အကျော်ကြားဆုံး ထိပ်တန်းစရင်းဝင် ဖြစ်ပြီး ဟွာရွေ့ကုမ္ပဏီရဲ့ အကျော်ကြားဆုံး အနုပညာရှင်လည်းဖြစ်သည်။  သူမကရုံးခန်းတစ်ခုမှာ ထိုင်နေပြီး အလုပ်အမှုဆောင် သူဌေးက သူမရှေ့တွင်ရှိနေခဲ့သည်။

 

 

အမှုဆောင်သူဌေးက မင်းရဲ့စာချုပ်သက်တမ်းက ကုန်တော့မယ်။  မင်းက ဟွာရွေ့နဲ့ဆက်ပြီး လက်မှတ်ထိုးမှာလား? ဒါမှမဟုတ် တခြားအစီအစဉ်တွေရှိလား?"

 

 

ဖိန်နင်ရဲ့ မြင့်မားနေတဲ့ ဂုဏ်သတင်းကြောင့် ကုမ္ပဏီများစွာက မကြာသေးခင်က သူ့ကိုဆက်သွယ်ခဲ့သည်။ အားလုံးက ဖိန်နင်ကိုသူတို့ရဲ့ အနုပညာရှင်အဖြစ် လက်မှတ်ထိုးရန် စိတ်ဝင်စားကြသည်။

 

 

ဟွာရွေ့က အကြီးဆုံး ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီ ဖြစ်သည်။  ဘီလီယံပေါင်းများစွာရဲ့ စျေးကွက်တန်ဖိုးနှင့်အတူ ဟွာရွေ့ရဲ့နဖူးစည်း စာတန်းအောက်မှာ မရေတွက်နိုင်အောင် လူသိများတဲ့ အနုပညာရှင်တွေရှိသည်။  လူအတော်များများဟာ ဟွာရွေ့ကိုဝင်ချင်ပေမယ့် ကံမကောင်းကြပေ။

 

 

အလုပ်အမှုဆောင်သူဌေးရဲ့ ထင်မြင်ချက်အရ သူမ ဟွာရွေ့တွင် ဆက်လက် နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။

 

 

ဖိန်နင်က လက်ကိုမြှောက်လိုက်ပြီး သူမရဲ့မကြာခင်ကမှ ဆေးဆိုးခဲ့ပြီး တလက်လက်တောက်ပနေတဲ့ လက်သည်းကို ကြည့်လိုက်သည်။

 

 

ကျွန်မ ဥက္ကဌချန်နဲ့ တွေ့ချင်တယ် " လို့သူမက တောင်းဆိုခဲ့သည်။

 

 

ဟွာရွေ့က အကြီးဆုံး ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ပထမတန်းစား အမွေတွေနဲ့ ကျော်ကြားတဲ့ လက်ရွေးစင်တွေ ရှိသည်။ ဒါပေမယ့် အများဆုံး ပြောကြတာက အဲ့ဒါကို မဟုတ်ပေ။ ဟွာရွေ့ရဲ့ဥက္ကဌ ဖြစ်သည်။ ဟွာရွေ့ ရဲ့ဥက္ကဌက လူအများအလယ်တွင် တွေ့ရဖို့က ဝေးကွာလွန်းလှသည်။ သူက အကြီးမားဆုံး ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီပိုင်ဆိုင်သည်မှာသေချာသည်။ သို့သော် သူသည် နောက်ကွယ်မှာ ပုန်းကွယ်နေပြီး အရေးကြီးသော အခါသမယများတွင်သာ သူ့အားပြောဆိုရန် အခြားသူများအား အခွင့်ပေးခဲ့သည်။

 

 

သူကဘယ်သူဘယ်ဝါလဲ ဆိုတာ မသိရှိကြပေ။ သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှာ အလွန်နည်းသည်။  ပြင်ပကမ္ဘာက သူ့မျိုးရိုးနာမည်ကို  ချန်လို့သိကြပြီး သူက အလွန်ငယ်သေးသည်။

 

 

အဲ့ဒိလိုလူက  အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိသူဖြစ်သည်။  လူတွေက သူ့အကြောင်း ဘယ်လိုလုပ် မသိချင်ဘဲနေမှာလဲ?

 

 

"ဥက္ကဌ ချန်က ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ဘူး ....."   လို့ အမှုဆောင်သူဌေးက ပြန်ပြောခဲ့သည်။ ပြီးတော့ လူအများစုက ဥက္ကဌချန်ကို မမြင်ဖူးကြပေ။

 

 

ဖိန်နင်က ယုံကြည်မှုရှိစွာနဲ့ “ ဥက္ကဌ ချန်က ကျွန်မကို တွေ့လိမ့်မယ် "လို့ပြောခဲ့သည်။

 

 

သူမက ဟွာရွေ့ ရဲ့လူကြိုက်အများဆုံး အနုပညာရှင်ဖြစ်ခဲ့သည်။  သူမရဲ့အလှအပနဲ့ ရဲစွမ်းသတ္တိကြောင့် ဥက္ကဌချန်က သူမကိုအမြဲတမ်း မြင်နေသရွေ့ စိတ်ဝင်စားလိမ့်မည်။ အဲ့ဒိနောက်မှာ သူမက ဥက္ကဌရဲ့ဇနီး အဖြစ်တိုက်ရိုက်ရာထူးတိုးလိမ့်မည်။ ပြီးတော့ သူမကဖျော်ဖြေရေးလုပ်ငန်းမှာ ကြိုးစားလုပ်ကိုင်ဖို့ လိုအပ်လိမ့်မည်မဟုတ်ချေ။

 

 

အလုပ်အမှုဆောင်သူဌေးက မစ္စတာချန်ရဲ့အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းရာ သူ၏အတွင်းရေးမှူးက ပြောကြားရာတွင် သူသည်၎င်းအား ဥက္ကဌချန်အား ပြောမည်ဖြစ်သော်လည်း ဥက္ကဌ ချန်က ဖိန်နင်နဲ့ တွေ့ရမှာက မသေချာကြောင်းပြောကြားခဲ့သည်။

 

 

ဖိန်နင်က အတွင်းရေးမှူးရဲ့ ပြန်ကြားချက်ကိုစောင့်ဆိုင်း အပြင်ဘက်မှာ စောင့်ဆိုင်းခဲ့သည်။  အတွင်းရေးမှူးက ပြန်ရောက်လာချိန်မှာ သူမက သူမရဲ့ဆံပင်တွေကို လှုပ်ခါလိုက်ပြီး ဥက္ကဌချန်က ကျွန်မကို တွေ့ချင်တယ်မဟုတ်လား?” ဖိန်နင်က သူ သူမကို တွေ့မယ် ဆိုတာသိသည် ဒါကြောင့် လွန်ကဲ့စွာနဲ့ဘဲ “ သွားကြစို့ လို့သူမပြောလိုက်သည်။

 

 

  အတွင်းရေးမှူးက ဖိန်နင်ကိုကြည့်ပြီး ဥက္ကဌ ချန်က သူ မင်းကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး လို့ပြောလိုက်သည်။

 

 

ဤသို့ပြောဆိုပြီးနောက် အတွင်းရေးမှူးကထွက်သွားပြီး အေခဲနေတဲ့ ဖိန်နင်ကို ထားခဲ့သည်။

 

 

[ဟွာရွေ့ ကုမ္ပဏီ ရုံးခန်း]

 

 

ချနိရှု့က သူရဲ့ ရုံးခန်းတွင်ထိုင်နေသည်။  ပြင်ပလောကမှ သူ့ကိုသီးခြားခွဲထုတ်ထားတဲ့ နောက်ကွယ်ကနေ သူသည်စားပွဲပေါ်ရှိ စာရွက်များကို ကြည့်လိုက်သည်။

 

 

တစ်ချိန်တည်းမှာပင် မိုဘိုင်းဖုန်းသည် တုန်ခါလာခဲ့ပြီး ချန်ရှု့က၎င်းကို ကြည့်လိုက်သည်။ ယဲ့ဆွေရဲ့ နာမည်က ပေါ်လာခဲ့သည်။ ချန်ရှု့က စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်နေခဲ့ပြီး သူ့ဆဲလ်ဖုန်းကို ကောက်ယူလိုက်ကာ ဖုန်းပြန်ဖြေလိုက်သည်။

 

  -

 

အခြားတစ်ဖက်တွင် မန်နေဂျာ ရန်ကျဲက ယဲ့ဆွေကို အချိန်ကာလတစ်ခု အကြာမှာယဲ့ဆွေက ရုပ်ရှင်ရိုက်ကူးရေး အုပ်စုကို သွားရလိမ့်မယ်လို့ ပြောခဲ့သည်။

 

 

ယဲ့ဆွေက ရမ်ဟောင်လို့ခေါ်တဲ့ ဇာတ်လမ်းတွဲရဲ့ တစ်စိတ်တစ်ပိုင်းမှာပါမှာ ဖြစ်သည်။  သူမဒရာမာဇာတ်လမ်းကို လွှဲပြောင်းယူသည့်အချိန်တွင် အမျိုးသားနှင့်အမျိုးသမီးဇာတ်ကောင်များကို မရွေးရသေးပေ။  ထို့နောက်အမျိုးသားဇာတ်ကောင်နဲ့  အမျိုးသမီးဇာတ်ကောင်တွေကို ချန်းယင်နဲ့ ချန်ရှို့ဆိုပြီး ဆုံးဖြတ်ခဲ့ကြသည်။

 

 

ဒီနည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် မသင့်တော်တဲ့လူအနည်းငယ်ဟာ အတူတကွစုဝေးပြီး ရိုက်ကူးရေးမစခင်မှာ ဆွေးနွေးမှုတွေ အများကြီး ပြုလုပ်ခဲ့ကြသည်။ ပြင်ပကမ္ဘာကတော့ ယဲ့ဆွေနဲ့ဆန့်ကျင်ဘက်ပဲ။  ပရိတ်သတ်တွေက ယဲ့ဆွေ ကို ဝေ့ပေါ် အကောင့်မှာ နေ့စဉ်နေ့တိုင်း စကားပြောနေကြသည်။

 

 

ယဲ့ဆွေက စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသင့်တယ်။  ဒါကရုပ်ရှင်လေးဘဲ မဟုတ်ဘူးလား? ရှေ့ဆက်သွားကြတာပေါ့။ သူမမှာ ကြောက်စရာအကြောင်းမရှိပေ။

 

 

ယဲ့ဆွေ ကုမ္ပဏီကနေ ပြန်တော့မည့်အချိန်တွင် သူမဟာကောင်းကင်ကို မော့ကြည့်မိခဲ့သည်။ အမှောင်ထု ဖြစ်လာပြီး နေရောင်ခြည်ဟာ နည်းပါးလာသည်။ ယဲ့ဆွေ အိမ်ကိုပြန်ရင် သူမအိမ်ပြန်မီ ထိုသရဲများနှင့် တွေ့လိမ့်မည်။ နောက်ဆုံး သူတို့၏နေအိမ်များထက် လမ်းပေါ်တွင် သရဲများသည် ပိုမိုများပြားလာလိမ့်မည်။

 

 

ယဲ့ဆွေက စက္ကန့်ဝက်လောက်သာ တွန့်ဆုတ်သွားခဲ့ပြီး သူမက ချန်ရှု့ကို ဖုန်းခေါ်ဖို့ကိုသာ သတ္တိရှိပြီး ချန်ရှု့ ကသူမတောင်းဆိုချက်ကို လက်ခံမည်မှာ မသေချာသော်လည်းနောက်ဆုံး ချန်ရှု့က သူ့အိမ်ကို အမြန်ပြန်တာဘဲ ဖြစ်သည်။

 

 

 ဒါပေမယ့် နည်းလမ်းမရှိပေ!  ချန်ရှု့ကို သယ်ဆောင်နိုင်တဲ့ ယန်ထောက်ပံ့ရေး စခန်းတစ်ခုလို ဘယ်သူကလုပ်ထားတာလဲ။  အခြားတစ်ဖက်တွင် သူမအနေနဲ့ အခြားမည်သူမှ မတွေးနိုင်ပေ။

 

 

ဖုန်းသံသုံးကြိမ်လောက်မြည်ပြီးတဲ့ အချိန်မှာတစ်ယောက်ယောက်က ဖြေလိုက်သည်။  အခြားတစ်ဖက်တွင်လည်း တိတ်ဆိတ်ငြိမ်သက်သော အသက်ရှူသံနှင့် မည်သူမျှမပြောခြင်းကဲ့သို့ တိတ်ဆိတ်စွာနေခဲ့သည်။ ချန်ရှု့ရဲ့ နံပါတ်ကိုသိပြီးနောက်၌ပင်၊ သူမသည်ပထမဆုံးအကြိမ်သူ့ကိုဖုန်းခေါ်ခဲ့သည်။ သူမသည် ချန်ရှု့ရဲ့ ဖုန်းခေါ်ဆိုမှုအလေ့အကျင့်ကိုမသိခဲ့ပေ။ ဒါပေမယ့် သူမက ချန်ရှု့ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကနေ တစ်စုံတစ်ခုကိုမှန်းဆခဲ့သည်။

 

 

ယဲ့ဆွေက “ ချန်ရှု့ဆိုပြီး မဝံ့မရဲနဲ့ သူ့နာမည်ကိုခေါ်ခဲ့သည်။

 

 

  သုံးစက္ကန့်အကြာတွင် ချန်ရှု့က သူ့ရဲ့မပြောင်းလဲတဲ့ အသံနဲ့ ပြန်ဖြေခဲ့သည်။ သူကရိုးရှင်းတဲ့ ပုံစံနဲ့သာပြောခဲ့သည်။

 

 

  "ငါ့ကိုကုမ္ပဏီမှာ လာခေါ်လို့ရမလား"  ယဲ့ဆွေ ဒီကိစ္စကိုမေးတဲ့အခါ သူမရဲ့မျက်နှာက ဖန်နံရံပေါ်မှာ ရောင်ပြန်ဟပ်နေတာကို တွေ့လိုက်ရတယ်။

 

 

 

ယဲ့ဆွေက သူ့ရဲ့မိန်းမဖြစ်ပေမယ့် သူတို့က သူစိမ်းသာသာဘဲရှိတာဖြစ်ပြီး သူစိမ်းနှင့်တန်းတူနီးပါးဖြစ်သည့်လူကို အလုပ်ကိုလာခေါ်ဖို့ တောင်းဆိုနေတာဖြစ်သည်။  မကြာသေးမီက သူတို့က ကွာရှင်းပြတ်စဲမှုကို တောင်းဆိုခဲ့ကြတာလည်းဖြစ်သေးသည်။

 

 

ယခုချိန်မှာ ယဲ့ဆွေက ကွာရှင်းခြင်းဇာတ်လမ်းကို အလိုတော်အတိုင်း ပြောင်းလဲရုံသာမကဘဲ သူမကိုအိမ်​ပြန်လာခေါ်ဖို့ ချန်ရှု့ကို တွန်းအားပေးခဲ့တာဖြစ်သည်။  အကယ်၍ သူမကသာ ချန်ရှု့ဆိုရင် သူမခေါင်းကိုက်နေလိမ့်မယ်လို့ ခံစားရသည်။

 

 

သေချာတာပေါ့၊ ဖုန်းရဲ့အဆုံးမှာ အဖြေမရှိပေ။

 

 

 

ယဲ့ဆွေက သူ့ကိုဧည့်ကြိုလို လမ်းဖွင့်ပေးပြီးပြောခဲ့သည်။ “ အပြင်မှာ ​မှောင်လာပြီ ကျွန်မအိမ်ကိုတစ်ယောက်တည်း မပြန်ရဲဘူး ”  ဒီဝါကျကို ပြောပြီးတဲ့နောက်မှာ ယဲ့ဆွေက သူမရဲ့ပါးရိုက်ခံခဲ့ရသည်။  ရှင်သန်နိုင်ဖို့အတွက် သူမအသက်ရှင်ဖို့ သူ့ကိုယ်သူ အရှက်ခွဲရန်လိုအပ်သည်။

 

 

ယဲ့ဆွေစကား ပြီးသွားတဲ့အချိန်မှာဘဲ ချန်ရှု့က အနည်းဆုံး ၁၀ စက္ကန့်ခန့် နှုတ်ဆိတ်သွားခဲ့သည်။ ချန်ရှု့က စကားမပြောရင်တောင် ယဲ့ဆွေက သူ့စိတ်ရှုပ်ထွေးမှုနဲ့ အဆင်မပြေမှုတွေကို သူမမြင်ယောင်ကြည့်နိုင်သည်။

 

 

 "မင်းဘယ်မှာလဲ?"

 

 

ချန်ရှု့က တစ်စက္ကန့်ကိုရှူရှိုက်ပြီး အနားယူနေသည်။ ချန်ရှု့ နောင်တရမှာကို ကြောက်တာကြောင့် ယဲ့ဆွေက ကုမ္ပဏီ လိပ်စာကိုမြန်မြန်ဆန်ဆန်ပြောခဲ့သည်။

 

 

 ဆယ်မိနစ်အကြာတွင် ချန်ရှု့ရဲ့ကားကကုမ္ပဏီဝင်ပေါက်ကို ရောက်ရှိလာခဲ့သည်။ ယဲ့ဆွေက နေရောင်ကိုကြည့်လိုက်ပေမယ့် မမြင်ရပေ။ သူမကသူမရဲ့မျက်လုံးတွေကို စောင်းမကြည့်ဘဲ နှာခေါင်းစည်းကို တပ်ကာ လျင်မြန်စွာနဲ့ ချန်ရှု့ ရဲ့ကားထဲကို ဝင်ထိုင်လိုက်သည်။

 

 

ချန်ရှု့ရဲ့ နှုတ်ခမ်းက ဖြောင့်တန်းတန်းနေသည်။  သူသတ်မှတ်ထားတဲ့ အချိန်မှာအိမ်ကို မပြန်ရတာကြောင့် သူအနည်းငယ်မပျော်မရွှင် ဖြစ်ခဲ့သည်။

 

 

ချန်ရှု့က လူတွေနဲ့ စကားမပြောချင်ဘူး ဆိုတာကို ယဲ့ဆွေ သိသည်။  သူမက အခြားတစ်ဦးကို ကောင်းစွာသိပြီး စကားမပြောခဲ့ပေ။ ကားကအလွန်တိတ်ဆိတ်နေခဲ့သည်။ လူအများစုက တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကို မခံရပ်နိုင်ပေမယ့် ယဲ့ဆွေကတော့ အတော်လေး သက်သောင့်သက်သာရှိနေသည်။

 

 

ကားတလျှောက် မောင်းနှင်စဉ်မှာ ညသည်စိုစွတ်နေပြီး လုံးဝမှောင်မိုက်နေသည်။ ချန်ရှု့ရဲ့ ကားကသူတို့အိမ်အနီးအနားကို ရောက်သောအခါ ယဲ့ဆွေက အိမ်ပြန်ဖို့ ချန်ရှု့ရဲ့ ပုံမှန်အချိန်ထက် နာရီဝက်နောက်ကျနေတာကို သူမ၏မိုဘိုင်းဖုန်းပေါ်က အချိန်ကိုကြည့်ပြီး သိခဲ့ရသည်။

 

 

 ယဲ့ဆွေက မျက်လုံးထောင့်ကနေ ချန်ရှု့ကို ကြည့်လိုက်သည်။ ချန်ရှု့ရဲ့ မျက်လုံးတွေက ရှေ့ကိုသာကြည့်နေခဲ့ပြီး ယဲ့ဆွေက ချန်ရှု့ သူမကို ကားပေါ်မှ မောင်းမထုတ်တဲ့အတွက် ကံကောင်းတယ်လို့ခံစားခဲ့ရသည်။

 

 

 ကားရပ်ပြီးနောက် ကားရပ်နားရာ နေရာကထွက်လာတဲ့အခါ ယဲ့ဆွေက ဝေးလံခေါင်သီသောနေရာ တစ်ခုမှဂီတသံကိုကြားခဲ့သည်။

 

 

 ယဲ့ဆွေ သူမ ကြည့်မိလိုက်တော့ ခြေထောက်တွေက နူးညံ့ပျော့ပျောင်းသွားသညမ။

 

 

 

 မူလက သူတို့ရပ်ကွက်မှာ လူလတ်ပိုင်းအရွယ် အမျိုးသမီးများသည် ညစာစားချိန်တွင် ယောဂလုပ်ရန် ရွေးချယ်ကြသည်။  ထိုသူများအပြင် ယခုအများပြည်သူပိုင်ရင်ပြင်ထဲတွင် အန်တီသရဲများလဲ များစွာရှိသည်။

 

 

 ပလာဇာမှာ လူတွေ အလွန်များပြားသောကြောင့် နေရာလွတ်မရှိတော့ပေ။

 

 

 ထိုအန်တီသရဲများသည် ထူးဆန်းသောနည်းဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြပြီး အချို့မှာခေါင်းမရှိ၊ အချို့မှာ သူတို့၏အူများထွက်နေသည်။ အချို့မှာ မျက်လုံးများပင်ထွက်နေသည်။

 

 

 ယဲ့တွေက စိတ်ဓာတ်ခိုင်မာသောသူဖြစ်ပြီး ချန်ရှု့ နဲ့မနီးမဝေးမှာ လျှောက်သွားနေခဲ့သည်။ သို့သော်သူမက ချန်ရှု့ရဲ့ဖခင်က ချန်ရှု့ နဲ့ပတ်သက်ပြီး သူမကိုအကြံပေးတာကို သူမမှတ်မိသည်။

 

 

 ချန်ရှု့က လူတွေကသူ့ကို ထိတာကို သဘောမကျဘူး။ ယဲ့ဆွေကြောက်သည်။ ဒါပေမယ့် သူမက ချန်ရှု့နဲ့မီတာဝက် အကွာမှာရပ်နေရသည်။

 

 

 "အိုး ငါ့ ငါ့လက် !" ရုတ်တရက် ကျယ်လောင်တဲ့ ​အော်ဟစ်သံက ဟိန်းထွက်လာခဲ့သည်။

 

 

 ယဲ့ဆွေအပြင် အခြားအသံကျယ်သံက အခြားသူများကို အနှောင့်အယှက်ပေးလိမ့်မည်ဟု ပြောခြင်းသည် ကျိုးကြောင်းဆီလျော်သည်။  သူမ၏ဘေးတွင် ရှိသောလူများက ဆက်လက်ပြီး သူမရဲ့ဦးတည်ချက်ကို သူတို့ရဲ့ ခေါင်းကိုလှည့်မလာခဲ့ပေ။

 

 

 ဝှီးးးး

 

 

 ပျောက်ဆုံးနေသောလက်က အကြိမ်ပေါင်းများစွာ လှိမ့်သွားပြီး မည်သည့်ဘက်လိုက်မှုမှမရှိဘဲ ယဲ့ဆွေရဲ့ ခြေရင်းတွင် ရပ်သွားခဲ့သည်။ ယဲ့ဆွေက နောက်ထပ်ခြေလှမ်းတစ်လှမ်း တိုးလိုက်ရင် သူမခြေလှမ်းကို လှမ်းနိုင်လိမ့်မည်။

 

 

  “ ခဏစောင့်ပါဦး ” ယဲ့ဆွေက ခက်ခဲစွာ ပြောလိုက်ရသည်။

 

 

 ယဲ့ဆွေ အသံကို ကြားတဲ့အခါ ချန်ရှု့က လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီး သူ့ဘေးကိုကြည့်လိုက်သည်။  ဤအချိန်တွင် ယဲ့ဆွေက အလွန်တုန်လှုပ်နေသည်။

 

 

 ချန်ရှု့က သံသယဝင်နေခဲ့သည်။

 

 

 ယဲ့ဆွေက ဘေးကိုလှည့်မကြည့်သလို ဟန်ဆောင်သော်လည်း အမှန်မှာသူမသည် သူမ၏လက်များကို ကောက်ယူရန်ကြိုးစားနေသည့် သရဲအန်တီကို ကြည့်နေသည်။

 

 

 သရဲအန်တီက ၎င်း၏သန်စွမ်းမှု့ကို ဆုံးရှုံးခဲ့ရခြင်းကြောင့် ကြောက်ရွံ့ခြင်းနှင့်အတူ ချန်ရှု့ရဲ့မျက်နှာကို ကြည့်လိုက်ကြသည်။  အခြားတစ်ဖက်တွင်မူ သူမသည်ရှက်တတ်သည့် ဆယ်ကျော်သက်တစ်ဦး နှင့်တူအောင် သူတို့ကိုချဉ်းကပ်ရန်ကြိုးစားနေသည်။

 

 

 သရဲအန်တီက ဘေးမှာထိုင်ပြီး သူ့လက်ကတုန်နေသည်။ သရဲအန်တီရဲ့ အရေးယူမှုနဲ့, မူရင်းပြောက်ကျားတစ္ဆေ၊ သရဲတွေက ရုတ်တရက်အားလုံး ငြိမ်ဝပ်စွာနေခဲ့ကြသည်။

 

 

  သူတို့ရဲ့လှုပ်ရှားမှုတွေက တသမတ်တည်းရှိနေပြီး သူတို့က ယဲ့ဆွေကိုသာ တစ်ပုံစံတည်း ကြည့်နေကြသည်။

 

 

 ဒီသရဲအန်တီက ချန်ရှု့ဆီ နီးကပ်လာလေလေ ယဲ့ဆွေက ကြောက်လန့်ပြီး ငို​ချင်လေလေ ဖြစ်သည်။

 

 

 ဒါပေမယ့် ယဲ့ဆွေက ကံမကောင်းခဲ့ပေ !!

 

 

 ဘန်း!

 

 

 သရဲအန်တီရဲ့လက်က သူမ၏ခြေရင်းမှာလှိမ့်နေတာကြောင့် မညီမညာဖြစ်သွားပြီး ပင့်သက်ရှိုက်မိသွားသည်။

 

 

 ရှင်သန်ချင်တဲ့ ဗီဇကြောင့် ယဲ့ဆွေက ချန်ရှု့ရဲ့ လက်ကိုချက်ချင်း ဆုပ်ကိုင်လိုက်သည်။

 

 

 ဘန်း!

 

 

 ယဲ့ဆွေက သူမရဲ့မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ မမြင်သင့်တာတွေ အားလုံးပျောက်ကွယ်သွားပြီ။  ပလာဇာမှာ ကခုန်သူအရေအတွက်မှာ ပုံမှန်ပြန်ဖြစ်သွားပြီး သူမ၏ခြေထောက်ပေါ်ရှိ လက်မှာလဲ ပျောက်သွားသည်။

 

 

 ဒီတစ်ခါတော့ ယဲ့ဆွေရဲ့ ပတ်ဝန်းကျင်က လုံးဝဆိတ်ငြိမ်သွားခဲ့သည်။

 

 

 ယဲ့ဆွေက သူမ၏မျက်လုံးကို ပထမဦးဆုံး ရွေ့ကြည့်မိသည်။

 

 

 အို့ မဟုတ်သေးဘူး။ သူမက ချန်ရှု့ရဲ့ လက်ကိုတင်းတင်းကျပ်ကျပ်ကိုင်ထားခဲ့သည်။  သူမက သူမ၏အကြည့်ကို ထက်ရွှေ့ပြီးနောက် ချန်ရှု့ ရဲ့မျက်စိနှင့် တွေ့ဆုံသွားခဲ့သည်။

 

 

 ချန်ရှု့ရဲ့ မျက်လုံးများက အရိပ်ထဲမှာတောင် တောက်ပနေသည်။  ထိုအနက်ရောင်မျက်လုံး တစ်စုံက ယဲ့ဆွေကို ငေးကြည့်နေပြီး သူမက ချန်ရှု့ရဲ့ တို့ဖူးကို စားမိတယ်လို့ ခံစားလိုက်ရသည်။

( တို့ဖူးက အသားယူတာကိုပြောတာပါ 😂😂😂)

 

 

 ချန်ရှု့က သူမရှင်းပြချက်ကို စောင့်နေသည်မှာ ရှင်းနေသည်။  သို့သော် သူမဤအရာများကို မည်သို့ရှင်းပြနိုင်မည်နည်း။  ဘာဖြစ်လို့လဲဆိုတော့ သူမကသရဲတွေကို တွေ့ရမှာကြောက်လွန်းလို့လေ။

 

 

 လေထုက လေးလံနေခဲ့သည်။  ရုတ်တရက် ခွေးအနည်းငယ်က နောက်မှာရောက်လာခဲ့သည်။ ယဲ့ဆွေက ကောင်းတဲ့ အကြံဥာဏ်ကို စဉ်းစားပြီး ကောင်းတဲ့ အကြောင်းပြချက်ကို ရရှိသွားခဲ့သည်။

 

 

 

 "ယောက်ျား ကျွန်မခွေးတွေကို ကြောက်တယ် "  ဒီရှင်းပြချက်က ကျိုးကြောင်းဆီလျော်တယ်၊ ပြီးတော့သူမ ဒီလို ရှင်းပြဖို့ထက် ပိုကောင်းတဲ့ နည်းလမ်းမရှိဘူး။

 

 

 ကယ်ဆယ်ရေးခွေးလာပြီး မကြာမီခင်မှာဘဲ ခွေးကလေးက လည်ပတ်ကြိုးလေးကို တိုတောင်းတဲ့ ခြေထောက်နှင့် အတူရုန်းကန်နေခဲ့သည်။

 

 

 ခွေးကလေးက ဘာကြောင့် ဒီလောက်အချိန်မတန်ဘဲ ပေါ်လာရတာလဲ။  သူမချန်ရှု့ကိုပြောခဲ့တာက သူမပြောလိုက်တာကမုသားပဲ!

 

 

 အဲ့ဒါက အရုပ်ကလေး လမ်းလျှောက်လာတာနဲ့ တူနေတာဘဲ ဖြစ်သည်။ ချန်ရှု့က သူမသရဲများကို တွေ့မြင်နိုင်တယ်လို့ ပြောရင်တောင် ယုံကြည်လိမ့်မယ်လို့ ထင်မိသည်။