အပိုင်း ၄
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၄ - စိတ်အနှောက်အယှက်ပေးတဲ့လက်

 

 

 

 

ယဲ့ဆွေက ကို့ယို့ကားယားနိုင်စွာ ပြုံးပြလိုက်ရသည်။ ယဲ့ဆွေက ချန်ရှု့ကို ကြည့်ဖို့ခေါင်းကို လှည့်လိုက်သည်။  ချက်ချင်းပင် သူမကတစ်စက္ကန့်ဝက်အတွင်း တန်ပြန်အစီအမံများကို တွက်ဆနိုင်ခဲ့သည်။

 

 

 "ဒီခွေးက ငယ်ပေမယ့် သူရဲ့ ဟောင်သံနဲ့ ရှင်းလင်တဲ့ အံသွားတွေရှိတယ် မဟုတ်ဘူးလား?" ယဲ့ဆွေက သံသယများကိုရှင်းလင်းနိုင်ရန်အတွက် ခွေးကလေးကို အပြစ်တင်ရန်ဝန်မလေးခဲ့ပေ။

 

 

ဝုတ် ဝုတ် လို့ ခွေးက နှစ်ကြိမ်ဟောင်လာခဲ့သည်။

ဘာကြောင့်မှန်းမသိဘဲ ဒီခွေးဟောင်တာကိုကြည့်ရတာ အန္တာရယ်ပြုမည့် လက္ခဏာရှိသည်။

 

 

 ကြည့်ပါလား ခွေးကလေးရဲ့ ဟောင်သံက မပြင်းထန်လွန်းဘူးလား။

 

 

ဟိုအရင်က ချန်ရှု့က ယဲ့ဆွေကို လွန်စွာစိတ်ဝင်စားခဲ့သည်။ ဤအချိန်တွင်လည်း ချန်ရှု့က ပုံမှန်အတိုင်း တိတ်ဆိတ်စွာနေခဲ့ပေမယ့် ယဲ့ဆွေကို  ၁၀ စက္ကန့်ကြာအောင် ကြည့်ခဲ့သည်။

 

 

 ရှင်းလင်းနေတာက ချန်ရှု့က ယဲ့ဆွေကို အဓိပ္ပါယ်ဖွင့်ပြီး အာရုံစိုက်ထားခဲ့သည်။ ဒါပေမယ့် ယဲ့ဆွေက သူ့ကိုကြည့်လိုက်ချိန်မှာ အံ့သြသွားပေမယ့် ထိုအချက်ကို ချက်ချင်းဘဲ ငြင်းပယ်ခဲ့သည်။

 

 

 အဲ့ဒိအချိန်ကျမှ ချန်ရှု့က အကြည့်ကိုလွှဲလိုက်ပြီး သူတို့အိမ်ထဲကို ဝင်သွားခဲ့သည်။ ယဲ့ဆွေက စိတ်သက်သာရာရသွားပြီး နောက်မှလိုက်သွားသည်။

 

 ——-

 

 ယဲ့ဆွေက ချန်မိသားစုအိမ်ရာကနေ ညနေခင်းကို ချန်မိသားစုရဲ့အဓိက အိမ်တော်မှာ ချန်ရှု့နဲ့ အတူထမင်းလာစားဖို့ ဖုန်းလက်ခံရရှိခဲ့သည်။ ချန်ရှု့က လူတွေနဲ့ဆက်သွယ်ရတာကိုမကြိုက်လို့ ချန်သခင်ကြီးက ယဲ့ဆွေကိုဖုန်းခေါ်တာ ဖြစ်သည်။

 

 

 ချန်ရှု့ရဲ့ အခန်းက ယဲ့ဆွေနဲ့ အနည်းငယ်ကွာဝေးပြီး အခန်းတံခါးကို ပိတ်ထားလိုက်ပြီးနောက်မှာ ရောက်လာသူတိုင်းကို ငြင်းပယ်ခဲ့သည်။

 

 

 ယဲ့ဆွေက ဆင်ခြင်သုံးသပ်လိုသော်လည်း သူမတံခါးကို သွားခေါက်လိုက်ရသည်။ သူမက ချန်ရှု့ထိတ်လန့်သွားမှာကို ကြောင်တာကြောင့် သူမရဲ့အသံကို လျော့ချလိုက်ပြီး "ချန်ရှု့ "လို့ အသာလေးခေါ် ခဲ့သည်။ 

 

 

 ခဏအကြာမှာတော့ တုန့်ပြန်မှုမရှိခဲ့ပေ။ ဒါပေမယ် ယဲ့ဆွေက ချန်ရှု့ သူ့အခန်းထဲဝင်သွားတာကို သူမမျက်လုံးနဲ့ မြင်လိုက်ရတယ်လေ။ သူအခန်းအထဲမှာ ရှိမနေလို့လား။ ယဲ့ဆွေက တံခါးကို ဆက်ခေါက်ချင်ပေမယ့် တံခါးက ပွင့်လာခဲ့သည်။ ဘာဘဲဖြစ်ဖြစ် ချန်ရှု့ရဲ့ မျက်နှာအမူအရာက ဘာမှဖြစ်မနေပေ။ ယဲ့ဆွေက သူမပြောချင်တာကို မြန်မြန်ဆန်ဆန်ဘဲ ရှင့်အဖေက ကျွန်မတို့ကို ညစာစားဖို့ဖိတ်ထားတယ် လို့ပြောလိုက်သည်။

 

 

 ချန်ရှု့က သူ့လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ကြည့်ရတာတော့ သူသွားချင်တဲ့ပုံတော့ မပေါ်ပေ။ ဒီနေ့ည ညစာက သူ့ရဲ့နေ့စဥ် အစီအစဥ်တွေကို ပျက်စီးသွားစေသည်။ ဒါပေမယ့် ချန်ရှု့က ခေါင်းညိမ့်ပြီး “ အိုကေ ” လို့ ပြန်ပြောခဲ့သည်။

 

 

  ချန်ရှု့နဲ့ ယဲ့ဆွေတို့ ချန်မိသားစုအိမ်ရာကို ရောက်တဲ့အခါမှာ လူအများအပြားက ထိုနေရာမှာ ရှိနေကြပြီဖြစ်သည်။ ပြီးတော့သူတို့အိမ်မှာ ရှိတာနဲ့မတူဘူး၊ ဒီမှာက သိသိသာသာကို ဖျက်လတ်တက်ကြွနေကြသည်။

 

 

 ယဲ့ဆွေနဲ့ချန်ရှု့ ရောက်လာချိန်မှာ ချန်ရှို့က ရောက်နှင့်နေပြီဖြစ်သည်။ သူ၏ရာထူးသည် ချန်ရှု့နဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။

 

 

 ယဲ့ဆွေ ရောက်တဲ့အခါမှာ ချန်ရှို့ ကသူမကို အာရုံစိုက်ခဲ့သည်။  လွန်ခဲ့သောရက်အနည်းငယ်က ယဲ့ဆွေက သူ့ကိုတမင်တကာအရှက်ခွဲခဲ့သည်။ သူ့ဒေါသက မပျောက်ကွယ်သေးပေ။

 

 

 ညစာစားဖို့ စတင်မယ့်အချိန်မှာ ချန်ရှု့ရဲ့ဇနီး ယဲ့ဆွေက သူ့အနားဘဲ ထိုင်ခဲ့သည်။

 

 

 ဘာကြောင့်လဲဆို ချန်ရှု့က ကံဆိုးခဲ့လို့ဘဲ အရွယ်ငယ်တာဘဲ ဖြစ်ဖြစ် ကြီးတာဘဲ ဖြစ်ဖြစ် လူတိုင်းက ချန်ရှု့ကို ရှောင်ရှားကြသည်။ သူ့ကိုဘယ်သူမှ မချဉ်းကပ်ချင်ကြဘူး။  စားပွဲတစ်လုံးတည်း၌ပင် စားသည့်အခါမှာတောင် ချန်ရှု့က  ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုခံခဲ့ရသည်။  အခြားသူများသည် စကားပြောနေစဉ်မှာ သူက တိတ်ဆိတ်စွာဘဲ စားခဲ့သည်။

 

 

 ညစာစားပြီးနောက် သူကအိမ်ကိုတိတ်တဆိတ် ပြန်သွားပြီးအခြားသူတွေနဲ့ မဆက်ဆံခဲ့ပေ။ ဤတစ်ကြိမ်တွင်လည်း ဤနည်းအတိုင်းဖြစ်လိမ့်မည်။

 

 

 ယဲ့ဆွေက သူမအနားမှာထိုင်နေတဲ့ ချန်ရှု့ကို ကြည့်လိုက်သည်။  သူ့ရဲ့ခေါင်းကို ငုံ့ထားကာ အမည်းရောင်ဇွန်းကို ကိုင်ထားတဲ့ သူ့လက်ချောင်းများက သူ့အသားအရေအားဖျော့ဖျော့လေးနဲ့ သူ့အပြာရောင်သွေးပြန်ကြောများကိုပင် သတိပြုမိနိုင်သည်။

 

 

 ချန်ရှု့က အရှိန်အဆမှန်မှန်နဲ့ဘဲ စားနေခဲ့သည်။ သူ့လှုပ်ရှားမှုများက နှေးကွေးခဲ့သည်။  တစ်ခုချင်းစီရဲ့ လှုပ်ရှားမှုက စေ့စပ်သေချာမှုနဲ့ ကြော့ရှင်းမှုကို ပြနေသည်။

 

 

 ယဲ့ဆွေက အကူအညီမပေးနိုင်ပေမယ့် နေရာတစ်ခုလုံးကို သူမမျက်စိနဲ့ လိုက်ကြည့်ခဲ့သည်။ ကံမကောင်းတာကတော့  ချန်ရှု့ရဲ့ ဂြိုလ်ဆိုးကြောင့် မိန်းမ မရနိုင်ဘူးလို့သာမပြောခဲ့ရင် ချန်ရှု့က မိန်းကလေးအများအပြားရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မည်။

 

 

 စားပွဲရဲ့ထိပ်ဆုံးမှာ ထိုင်နေတဲ့ သခင်ကြီးချန်က ချန်ရှု့ကိုကြည့်ပြီးပြုံးလိုက်သည်။  "တတိယလေး မင်းမကြာခင်က ဘာလုပ်နေတာလဲ?"

 

 

 ချန်ရှု့က သခင်ကြီးချန်ရဲ့ အသံကိုကြားနဲ့တိုက်ရိုက်ကြည့်လိုက်ပြီး  "ကျွန်တော် မကြာခင်က သေးငယ်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ် " ချန်ရှု့ရဲ့အသံက ကျိုးနွံနေခဲ့သည်။

 

 

 ယဲ့ဆွေက ချန်ရှု့ ပြောတဲ့ချိန်မှာ မကူညီနိုင်ပေမယ့် ချန်ရှု့ကို ကြည့်လိုက်မိသည်။ ချန်ရှု့ကို မိသားစုကနေ ထောက်ပံ့တာကြောင့် သူသည်ရည်မှန်းချက်ကြီးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

 

 

 သခင်ကြီးချန်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ချန်ရှို့ဘက် လှည့်ကာ မင်းကော ?”

 

 

 "ကျွန်တော် လက်ရှိ ဟွာရွေ့ ကုမ္ပဏီရဲ့ ဒါရိုက်တာနှင့်အဆက်အသွယ်ရှိတယ်။ အဲ့ဒိ ရုပ်ရှင်က ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဆုအတွက်ဘွတ်ကင်လုပ်ရန် နီးပါးလုံခြုံတယ်။ ကျွန်တော် သဘောတူဖို့ မတူဖို့ တုံ့ဆိုင်းနေလို့ပါ။  ရုပ်ရှင်မှာ မပါတာက သနားစရာကောင်းတယ်။

 

 

 ချန်ရှို့က ချန် မိသားစုရဲ့ ဆက်ခံသူဖြစ်ခြင်းက ချန် မိသားစုရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ချန်ရှို့က သူလိုချင်သမျှကို အမြဲလုပ်နိုင်ပြီး ရုပ်ရှင်များတွင်လည်း သရုပ်ဆောင်ခြင်းက သူ့ဝါသနာတစ်ခုဖြစ်သည်။

 

 

 အဆိုပါ ချန် မိသားစုသား ချန်ရှို့ ရဲ့ရုပ်ရှင်ထဲတွင် သန်းပေါင်းများစွာ ရာပေါင်းများစွာ ရင်းနှီးမြှုပ်နှံနိုင်ပေသည် ။ ဒါပေမယ့် ချန်ရှို့က သူ့ကိုယ်ပိုင်ရပ်တည်ရတာကို ပိုမိုနှစ်သက်သည်။ ဒါ့အပြင် ဟွာရွေ့က တိုင်းပြည်ရဲ့ထိပ်တန်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုပါ။ ရုပ်ရှင်တွေ အများစုက အဲ့ဒီကုမ္ပဏီကထုတ်လုပ်ခဲ့ပါတယ် အဲ့ဒါက အလွန်အံ့သြစရာကောင်းလိမ့်မည်။

 

 

 “ ဟွာရွေ့ ဟူသောစကားလုံးများကို ကြားရသည့်အခါ ချန်ကှု့က ခေါင်းမော့လိုက်ကာ ချန်ရှို့ကိုငေးကြည့်လိုက်သည်။ သူကပေါ့ပေါ့တန်တန် ကြည့်လိုက်သလိုဖြစ်ပေမယ့် သူ့မျက်လုံးများက သူ့အားလင်းလက်တောက်ပစေသည်။

 

 

 သူပြောပြီးသွားတဲ့ အချိန်မှာ ချန်ရှို့က ပြုံးနေခဲ့သည်။  သူ၏ပါးစပ်ထောင့်များသည် အတိုင်းအတာတစ်ခုအထိ မြင့်တက်လာသည်၊ သို့သော် အထက်သို့ ရောက်သောအရာသည်လုံးဝမထင်ရှားပါ။  ဘယ်သူမှသတိမထားမိကြဘူး။

 

 

 ချန်ရှု့က ပြောပြီးချိန်မှာ ယဲ့ဆွေကို အခြားဝါကျတစ်ခုနဲ့ တမင်တကာသရော်လိုက်သည့။ " ပြီးတော့ ကျွန်တော်က တခြားသူတွေရဲ့ ရာထူးတွေကိုအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးတာကို အမြဲတမ်းကြိုက်တယ်။ "

 

 

 ချန်ရှို့က ချန်းယင် ကိစ္စကိုရည်ညွှန်းတာ ဖြစ်သည်။  ယဲ့ဆွေက သူမရဲ့ပထမဆုံးမင်းသမီးကာရိုက်တာကို ချန်ယင်လေး  အဖြစ်သရုပ်ဆောင်ခဲ့သည်။

 

 

 ချန်ရှို့က ယဲ့ဆွေကို ပြောတဲ့အခါမှာ သူကစိတ်ဆိုးအောင်လုပ်နိုင်တယ်လို့ထင်ခဲ့တယ်  မမျှော်လင့်ဘဲ ယဲ့ဆွေနဲ့ ချန်ရှု့တို့က ခေါင်းကိုလွှဲနေကာ သူ့စကားကိုနားမထောင်ခဲ့ကြပေ။

 

 

 သခင်ကြီးချန်က ယဲ့ဆွေကို ချန်ရှို့က မနှစ်သက်ဘူးဆိုတာကို သိလိုက်ရတဲ့အတွက် သူကခေါင်းစဉ်ပြောင်းခဲ့သည်။

 

 

 “ ဟွာရွေ့ အကြောင်းပြောရမယ်ဆိုရင် ဟွာရွေ့ရဲ့ဥက္ကဌချန်က လူအများက မမြင်ရသေးဘူး။  နောက်ဆုံးအချိန်ထိ ဘယ်သူကမှ ဟွာရွေ့ ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ မရှာနိုင်ဘူးလို့ထင်တယ် ”

 

 

 "ဒီမျိုးရိုးနာမည် ချန်က လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ငါတို့နဲ့နှိုင်းယှဉ်တာပဲဖြစ်နိုင်တယ်"

 

 

 ဟွာရွေ့ နှင့်ညှိနှိုင်းနေစဉ်၌ပင် ချန်ရှို့က ဥက္ကဌချန်နဲ့ တွေ့ဆုံဖို့ကို ပျက်ကွက်ခဲ့သဖြင့် ချန်ရှို့က ဥက္ကဌချန် အကြောင်းကို များစွာမပြောနိုင်ပေ။

 

 

 သခင်ကြီးချန်က ချန်ရှု့ကို အာရုံစိုက်နေပြီး သူစိတ်ထဲတွင်သက်ပြင်းချလိုက်သည်။

 

 

 ချန်ရှု့မှာ သူ့ကိုယ်ပိုင်မွေးရာပါအကျင့်များရှိပြီး မပြောင်းလဲနိုင်တဲ့ အရာများဖြစ်ကာ မည်သူ့ကမပြောင်းလဲနိုင်လိမ့်မည်မဟုတ်ချေ။  အကယ်၍ သူတစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရင် သူကထိုအရာကို လုပ်ကိုလုပ်လိမ့်မည်။

 

 

 တစ်စုံတစ်ယောက်က ချန်ရှု့ရဲ့ နှလုံးသားထဲ ဝင်နိုင်လျှင်သူစဉ်းစားရလိမ့်မည်။

 

 

 တစ်ဖက်မှာတော့ သခင်ကြီးချန်ရဲ့ သက်ပြင်းချသံက ကြီးမားတဲ့ ပူဖောင်းကွဲသံထက် ကျော်နိုင်သည်။  အခြားတစ်ဖက်မှာတော့ ယဲ့ဆွေက သခင်ကြီးချန်ရဲ့ နောက်ကတစ္ဆေကို ငေးကြည့်နေရင်း သူမရဲ့လက်ထဲကတူက သူအမလက်ထဲမှာတုန်နေပြီး စားပွဲပေါ်ကို ကျသွားခဲ့သည်။

 

 

သခင်ကြီးချန်က သူ့နောက်မှာ မှောင်မိုက်နေတဲ့ အရိပ်ရှိတာကိုမသိခဲ့ပေ။  လည်ပင်းပေါ်ရှိ နက်ရှိုင်းသော ယုတ်လျော့မှုအတွက် အနက်ရောင် ပုံရိပ်က ပတ်၀န်းကျင်ကမှော​င်မိုက်လျက်ရှိသည်။

 

 

 သူသေဆုံးမီက အနက်ရောင် အရိပ်သည် ဝလွန်းတဲ့ စားဖိုမှူးတစ်ဦး ဖြစ်သည်။  သူ့၌ကောင်းမွန်သော ချက်ပြုတ်စွမ်းရည်ရှိသော်လည်း အလွန်လောဘကြီးသည်။  တစ်ချိန်က သူသည်မိမိ၏ဟင်းချက်စွမ်းရည်က အလွန်အရသာရှိသည်ဟုထင်မှတ်ကာ၊ လောဘတကြီးနဲ့ ဒေါကန်ပြီး သေသွားတာဖြစ်သည်။

 

 

 သရဲတစ္ဆေဖြစ်ပြီးနောက် ဝလွန်းတဲ့ စားဖိုမှူးက မီးဖိုချောင်တွင် လှည့်လည်ရသည်ကို ကြိုက်နေဆဲဖြစ်သည်။  သူသည်အမှတ်တရများကို မှတ်မိနိုင်သောကြောင့် သူသည်ဓား၊ စဥ့်နှီတုံးတွေကို အေးအေးဆေးဆေး ထိပြီး အခြားလူများက လိမ္မာပါးနပ်စွာ စားသည်ကိုကြည့်ခဲ့သည်။  အဆိုပါသရဲတစ္ဆေက ပူပင်ကြောင့်ကြမှု ကင်းတဲ့ဘဝကို ရရှိခဲ့သည်။

 

 

 ဒီနေ့နဲ့ နောက်တစ်နေ့မှာ လူတိုင်းစားသောက်နေတာကို ဝလွန်းတဲ့ စားဖိုမှူးက ကြည့်နေဆဲဖြစ်သည်။ ချန်ရှု့ကို တစ်ချက်ဝေ့ကြည့်လိုက်ချိန်မှာ သူက ဒူးထောက်လုနီးပါးဖြစ်သွားသည်။

 

 

 ဘယ်-ဘယ်ကနေ ... ဒီကြီးမားတဲ့ အကုသိုလ်တွေက ဘယ့်သူ့ဆီကနေ လာခဲ့တာလဲ!?  ငါ ငရဲကို ကြောက်တယ် !

 

 

 အဝလွန်နေတဲ့ စားဖိုမှုးရဲ့ ခြေထောက်တွေက တုန်ခါနေပြီး သူ့မျက်နှာက တွဲကျနေသည်။  သူစိုးရိမ်မှုများက သူ့ဘဝကိုသံသယဖြစ်စေခဲ့သည်။

 

 

 တစ္ဆေကိုမြင်နိုင်တဲ့ တစ်ယောက်တည်းသော ပုဂ္ဂိုလ် ယဲ့ဆွေက တုန်လှုပ်နေတဲ့ တစ္ဆေကိုကြည့်လိုက်သည်။  လောဘကြီးတဲ့သရဲက ချန်ရှု့ကို ကြောက်ရွံ့နေသည်။ အဆိုပါလူနှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေက တစ်နည်းနည်းနဲ့ စုစည်းခဲ့ကြသည်။

 

 

 ယဲ့ဆွေက ငိုချင်သော်လည်း မျက်ရည်မကျလာပေ။ ချန်မိသားစုအိမ်ရာမှာ သူမသရဲတွေ ဘယ်လောက်တောင် တွေ့ရမှာလဲ ? သူမသွားတဲ့နေရာတိုင် သရဲများနှင့်တွေ့နေရသည်။ အဲ့ဒါက တစ်ကယ့်ကို ပြိုင်ဖက်ကင်းဘဲ။

 

 

 ယဲ့တွေက သူမစိတ်ထဲက မငြိမ်မသက်မှုကိုဖိနှိပ်လိုက်ပြီး ချန်ရှု့ ကိုတစ်ချက်ကြည့်လိုက်သည်။  သူမအရင်က သရဲအန်တီကို မြင်သောအခါ သူမ ချန်ရှု့ရဲ့ လက်ကိုကိုင်လိုက်တာနဲ့ သရဲတစ္ဆေများ ပျောက်ကွယ်သွားတာကို သတိမေ့နေခဲ့သည်။

 

 

 ဒီအချိန်မှာတော့ သူမမျက်နှာပြောင်တိုက်မှရလိမ့်မည်။

 

 

 ချန်ရှု့ကိုမကြည့်ဘဲနဲ့ ယဲ့ဆွေက သူမလက်ကို သတိရှိရှိဖြင့် ချန်ရှု့ဆီကို အနည်းငယ်ပိုမိုနီးကပ်စွာ ပြောင်းရွှေ့ခဲ့သည်။  ၎င်းသည် ရှည်လျားသော လုပ်ငန်းစဉ်ဖြစ်သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် ယဲ့ဆွေရဲ့လက်က ချန်ရှု့ရဲ့နောက်ဘက်က လက်ကို အောင်မြင်စွာထိမိသွားခဲ့သည်။

 

 

 အခုချိန်ကျမှ ယဲ့ဆွေလည်း သက်ပြင်းရှည်ရှည်ဖြင့်ချလိုက်ကာ လေကိုတဝကြီး ရှူရှိုက်လိုက်သည်။ သူမ သခင်ကြီးချန်ဆီကို ပြန်ကြည့်လိုက်ချိန်မှာ စားဖိုမှူးကပျောက်သွားပြီဖြစ်သည်။ ယဲ့ဆွေက ပြုံးပြီးသူမရဲ့ အစာစားချင်စိတ်ဟာအများကြီး တိုးတက်လာတယ်လို့ ခံစားခဲ့ရတယ်။ ယဲ့ဆွေကချန်ရှု့ကို မျက်လုံးထောင့်ကနေကြည့်လိုက်သည်။

 

 

 သူ့ခေါင်းက အစာစားဖို့အတွက် ငုံ့နေခဲ့သည်။ သူကသူမရဲ့လုပ်ရပ်များကို သတိမပြုမိခဲ့ပေ။ ချန်ရှု့က ထိုထိတွေ့မှုကို သိလိုက်သည်။  သူကသူ့မျက်လုံးများကို ရွှေ့လိုက်ပြီး ယဲ့ဆွေရဲ့ လက်ကသူ၏နောက်ကျောဘက်က လက်ကို ထိနေသည်ကိုတွေ့လိုက်ရသည်။

 

 

 ချန်ရှု့က မျက်မှောင် အနည်းငယ်ကြုတ်လိုက်မိသည်။ သူကလူတွေနဲ့ ထိတွေ့ခြင်းမရှိခဲ့ပေ။ ချန်ရှု့က ယဲ့ဆွေကို ဖျက်ကနဲကြည့်လိုက်ချိန်မှာ သူမကသူ့ကိုကြည့်မနေဘူးဆိုတာ သိလိုက်ရသည်။  သူကနောက်တဖန် သူ့ခေါင်းကို ငုံ့လိုက်ပြီး အစာစားလိုက်ပေမယ့် သူ့မျက်နှာအနည်းငယ် ဖျော့တော့နေခဲ့သည်။

 

 

အဲ့ဒါက တမင်သက်သက်လုပ်တာ မဖြစ်နိုင်ပေ။

 

 

 ချန်ရှု့က သူ့လက်ကိုအေးဆေးစွာ ဖယ်လိုက်ပြီး ယဲ့ဆွေရဲ့လက်နဲ့ နောက်တစ်ကြိမ်မထိမိတော့ပေ။ သူကဒီကိစ္စကိုဂရုမစိုက်တော့ဘဲ ဒီအဖြစ်အပျက်ကို လျစ်လျူရှုခဲ့သည်။

 

 

 ယဲ့ဆွေရဲ့ မျက်နှာအမူအရာက မှုန်မှိုင်းနေခဲ့သည်။ သူမနောက်တစ်ကြိမ် ကြည့်လိုက်ချိန်က အဝလွန်နေတဲ့စာဖိုမှုးသရဲက ပြန်ပေါ်လာသည်လေ။ သူက ချန်ရှု့ကို ကြည့်စဥ်မှာ တုန်ခါနေပြီး စောနကထက်ပို၍ တုန်ခါနေခဲသည်။ ယဲ့ဆွေက ငိုချင်နေခဲ့သည်။ နင်က ဘာလို့တုန်လှုပ်နေတာလဲ? ငါက တုန်လှုပ်သင့်တာလေ!

 

 

 ယဲ့ဆွေက ခေါင်းကိုလှည့်ဖို့ ကြိုးစားနေရင်း ချန်ရှု့နဲ့ကပ်ဖို့ဆုံးဖြတ်ခဲ့သည်။ ယဲ့ဆွေရဲ့လက်က ပြန်ပြီးရွေ့သွားသည်။ ဤအချိန်တွင် သူမ ရဲရင့်စွာရွေ့လျားသွားခဲ့ပြီး ချန်ရှု့ နှင့်နီးနီးကပ်ကပ်ဖြစ်ခဲ့သည်။

 

 

 ချန်ရှု့ရဲ့ လက်ကို နူးညံ့သိမ်မွေ့တဲ့ ထိတွေ့မှုဖြင့်ထပ်မံဖမ်းဆီးခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ဖော်ပြချက်မရှိသော်လည်း သူ၏မျက်လုံးများတွင် ရှုပ်ထွေးမှုများရှိနေသည်။  ချန်ရှု့က ယဲ့ဆွေကို ကြည့်ဖို့ သူ့ခေါင်းကိုလှည့်လိုက်သည်။

 

 

 ယဲ့ဆွေရဲ့ နားရွက်တွေကနီနေခဲ့သည်။  ဒါပေမယ့် သူမက ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့သည်။

 

 

 စက္ကန့်အနည်းငယ်အကြာတွင် ချန်ရှု့က လက်ကိုမြှောက်လိုက်ပြီး တိတ်ဆိတ်စွာလှုပ်ရှားခဲ့သည်။  ဤတစ်ကြိမ်တွင်မူ သူ့လက်က ယဲ့ဆွေနဲ့ အနည်းငယ်ဝေးကွာပြီး လုံခြုံသောအကွာအဝေးတွင်ရှိနေသည်။ ချန်ရှု့က အနည်းငယ်သက်သာရာရသွားခဲ့သည်။

 

 

 ချန်ရှု့က သက်သာရာရသွားခဲ့ပေမယ့် ယဲ့ဆွေရဲ့မျက်လုံးထဲမှာ သူတို့ရဲ့ အကွာအဝေးက နဂါးငွေ့တန်းလိုမျိုး ဖြစ်နေခဲ့သည်။ မဟုတ်ဘူး ရှင်မလုပ်ရဘူး! ပိုပြီး နီးကပ်လာခဲ့။

 

 

 ယဲ့ဆွေက ဆက်ပြီးလှုပ်ရှားနေချိန်မှာ သူမက ချန်ရှု့ရဲ့အကြည့်တွေကိုလဲ ဖမ်းမိသည်။

 

 

 ချန်ရှု့က မျက်စိတွေက ရှင်းလင်းနေပြီး နွေရာသီမှာကျတဲ့ နှင်းတစ်ပွင့်လိုတူနေခဲ့ကာ ဖျက်ကနဲကြည့်လိုက်တာနဲ့ အဆုံးသတ်ကို မြင်နေသလိုပင်။ ဤအချိန်တွင် သူမ၏လုပ်ရက်များကြောင့် သူ့အမူအရာက စိတ်ရှုပ်နေကာ မဲမှောင်နေခဲ့သည်။

 

 

 အခြားတစ်ဖက်မှာ ယဲ့ဆွေက ငြိမ်သက်နေခဲ့သည်။ ဒါပေမယ့်လည်း သူမရဲ့အကြပ်အတည်းက ဆောင်းပါးလေးတစ်ခု ရေးဖို့လုံလောက်သည်။  သူမလည်းရှုပ်ထွေးပြီး အရှက်ရခဲ့သည်။  သူမလည်း ဒီလိုမလုပ်ချင်ပါဘူး!😭😭😭

 

 

 လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမချန်ရှု့ရဲ့လက်ကိုကိုင်ခွင့်ရခဲ့သည်။  နောက်တစ်ခါ ဒီညစာစားချိန်မှာ သူမသူ့ကိုထပ်ထိခွင့်ရခဲ့သည်။ ချန်ရှု့က သူမကို မေးခွန်းမေးလာခဲ့ရင် သူမဘယ်လို အကြောင်းပြချက်ကို ရှာရမှာလဲ။

 

 

 ယဲ့ဆွေက သူမကိုယ်သူမ ချန်ရှု့အပေါ် သူမရဲ့ရည်ရွယ်ချက်က ဘာတွေလဲဆိုပြီး မေးမိခဲ့သည်။