အပိုင်း ၆
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း - မင်းရဲ့လက်ကိုချလိုက် !

 

 

 

ချန်ရှု့ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတဲ့ အကြောင်းပြချက်ကို သူမမှန်းဆမိတယ်လို့ ယဲ့ဆွေခံစားရသည်။အကြောင်းမှာသူက သူ့ပါးစပ်ကိုဖွင့်ဟလိုက်တာနဲ့ တစ်ခြားသူများကို စိတ်ဆိုးသွားစေနိုင်သည်။

 

 

ကျောင်းသူက အစတွင် ချန်ရှု့ရဲ့စကားကိုနားထောင်ခဲ့သည်။ သူမတုန့်ပြန်နိုင်ခြင်းမရှိသေးပေ။ သူမရဲ့တုန့်ပြန်မှုက ကမ္ဘာမြေတစ်လျှောက် လှည့်ပတ်လည်ပတ်နိုင်လောက်အောင် ရှည်လျားလွန်းလှသည်။ သူမက သူ့ရဲ့စကားများကို တုံ့ပြန်ပြီးတာနဲ့ကျောင်းသူရဲ့မျက်နှာကအဖြူရောင်သို့ပြောင်းသွားပြီး အရှက်ကွဲခြင်းနဲ့ ခံပြင်းဒေါသထွက်ခြင်း နဲ့အတူရောထွေးနေသည်။

 (E / N: နှေးကွေးသောတုံ့ပြန်မှုအတွက်ဥပမာစကား)

 

 

သူကအရောင်းမြှင့်တင်ရေးကို ငြင်းပယ်လိုက်တာကြောင့် မိန်းကလေးကရှက်သွားတယ်လို့တွေးမိပေမယ့် ချန်ရှု့ဟိတ်ဟန်လုပ်ခြင်းမရှိခဲ့ပေ။

 

 

အိမ်ပြန်တဲ့လမ်းမှာ ယဲ့ဆွေက သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမက ချန်ရှု့ကိုဘာမှမလုပ်ဝံ့ဘဲ အိမ်သို့ပြန်သွားသည်။

 

 

ရန်ကျဲရဲ့အမြင်တွင် ယဲ့ဆွေက မကြာသေးခင်ကာလများကပင် ကောင်းမွန်ခဲ့သည်။ သူမက ချန်ရှို့ကို နေ့တိုင်းလိုက်လံဖမ်းဆီးဖို့ မကြိုးစားသော်လည်း ဒေါသလည်းမပျောက်သွားခဲ့ပါ။  သူမရဲ့ ကိုယ်ရည်ကိုယ်သွေးက ယခင်ကနဲ အနည်းငယ် ကွဲပြားသော်လည်း ၎င်းက ရန်ကျဲကို စိတ်သောကရောက်ခြင်းမှ ကယ်တင်ခဲ့ပြီး သက်သောင့်သက်သာ အလုပ်လုပ်နိုင်ခဲ့သည်။ ယဲ့ဆွေကိုကျေးဇူးတင်ဖို့ သူကယဲ့ဆွေကို စားသောက်ဖို့အတွက် စားသောက်ဆိုင်သို့ခေါ်လာခဲ့သည်။

 

 

ပုံမှန်အားဖြင့် ယဲ့ဆွေက သရဲ တစ္ဆေကိုတွေ့ရမှာ ကြောက်သည်။ ဒါပေမယ့်  တစ်စုံတစ်ယောက်က သူမနှင့်အတူရှိနေပါက သူမရဲ့ကြောက်ရွံ့မှုကို အနည်းငယ်လျော့နည်းသွားစေလိမ့်မည်။ သို့သော် ရန်ကျဲ အစာစားပြီးတာနဲ့ သူမလုပ်ဖို့ အရေးကြီးတဲ့အရာ တစ်ခုခုရှိခဲ့ကြောင်းကို မမျှော်လင့်ထားခဲ့ဘူး။ ယဲ့ဆွေက  စားသောက်ဆိုင်၌ အချိန်အကြာကြီးမနေဖို့နဲ့ အိမ်သို့အလျင်အမြန် သွားဖို့ ဆုံးဖြတ်ခဲ့သည်။

 

 

သူမရဲ့လမ်းခရီးအလယ်တွင် ယွဲ့ဆွေက သူမရဲ့လက်များကို ဆေးကြောဖို့ သန့်စင်ခန်းသို့သွားခဲ့သည်။ သူမ မှန်ကိုကြည့်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်သည်။ သူမရဲ့မျက်နှာက ဖြူဖျော့နေပြီး အားနည်းနေပုံရသည်။

 

 

ယဲ့ဆွေ မျက်မှောင်ကြုတ်လိုက်သည်။ အမှန်မှာ၊ သူမဤဝတ္ထုအတွင်းသို့ ဖြတ်သန်းသွားစဉ်ကတည်းက ဇာတ်ကောင်အမျိုးသမီး ချန်းယင်ကိုပထမဆုံးအကြိမ် သူမမြင်တွေ့ခဲ့ရသည်။

 

 

မျက်နှာအသွင်အပြင် တစ်ခုတည်းကိုသာအခြေခံပြီး ချန်းယင်က အလွန်လှပတဲ့အလှတရားတော့မဟုတ်ပါ။ သို့သော်သူမက စင်ကြယ်ပြီး လုံ့လရှိသူဖြစ်သည်။ ဒါကအမျိုးသားရဲ့ အကြိုက်ဆုံးနှင့် သံသယမရှိတဲ့ အဖြစ်အပျက်ဖြစ်သည်။ ချန်ရှို့က အချစ်ရူးဖြစ်ပြီး ချစ်ခြင်းမေတ္တာများခဲ့သည်။  ပန်းပွင့်ရာပေါင်းများစွာနဲ့ နှိုင်းယှဉ်လျှင်ပင် သူမရဲ့ဆွဲဆောင်မှုကို နှိုင်းယှဉ်လို့မရနိုင်ပါ။

 

 

ယဲ့ဆွေက ချန်းယင်ကိုအာရုံစိုက်ဖို့ ပျင်းရိနေသည်။  သူမကခေါင်းကို ငုံ့ထားပြီး လက်တွေကိုဆေးကြောနေသည်။ ဒါပေမယ့် ချန်းယင်က သည်းမခံနိုင်တော့ သူမဆီသို့ ပိုမိုနီးကပ်စွာရွှေ့လာခဲ့သည်။

 

 

ချန်းယင်က ယဲ့ဆွေကို တစ်ချက်ကြည့်လိုက်သည်။ သူနဲ့သူမနဲ့ ခွဲခွာပြီးနောက်မှာ ယဲ့ဆွေကိုအစားထိုးခဲ့တာကို ချန်းယင် မှတ်မိသည်။ ချန်ရှို့က ယဲ့ဆွေကို အရံအဖြစ်သာ သုံးခဲ့ပေမယ့် ချန်းယင်ကတော့ ကျေနပ်အားရမှုမရှိခဲ့ဘူး။

 

 

လွန်ခဲ့သောတစ်ချိန်က ယဲ့ဆွေက ချန်ရှို့ကို လိုက်တာကို ကြိုက်နှစ်သက်ခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာ ယဲ့ဆွေ က ချန်ရှို့ ရဲ့ တတိယမြောက်ဦးလေးနဲ့ လက်ထပ်ခဲ့တယ်ဆိုတာကို သိခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာရည်ရွယ်ထားတဲ့ ပရိယာယ်တစ်ခုလို့ ဆိုနိုင်သည်။

 

 

ချန်းယင်က ယဲ့ဆွေကိုအသိအမှတ်ပြုတဲ့အခါ သူကသူမအားစိတ်ပျက်အားလျော့စွာဖြင့် တွေ့မြင်ရလိမ့်မည်ဟု မူလကထင်ခဲ့သည်။ ယဲ့ဆွေက ကြည့်ကောင်းတယ်၊ ပိုပြီးတောင်လှသေးသည်။ သူမရဲ့မျက်နှာက လှပပြီးရှင်းလင်းသည်။ လူတွေကိုမနာလိုဖြစ်စေတဲ့ ညစ်ညမ်းမှုကို လိုက်ရှာလို့မရလောက်အောင်ပဲ။

 

 

ချန်းယင်က သူမရဲ့မကျေမနပ်ဖြစ်ခြင်းကို ချုပ်ထိန်းကာ မရိုးသားစွာနဲ့  “နင့်ရဲ့မင်္ဂလာဆောင်ပွဲမှာ ဝမ်းမြောက်ကြောင်းကို ငါမပြောရသေးဘူးနော်လို့ပြောလိုက်သည်။

 

 

ကျေးဇူးတင်ပါတယ်

 

 

 “ချန်ရှို့နဲ့ ငါ အတူတူပြန်ရှိလာခဲ့တယ်။ နင် မပျော်ဘူးဆိုရင်တောင် ပျော်ရွှင်မှုကိုဆုံးရှုံးရဖို့ အခြားတစ်ယောက်ကို လက်ထပ်စရာမလိုပါဘူး

 

 

ယဲ့ဆွေက ဒီစကားများကိုမကြားလိုခဲ့ပေ။

 

 

ချန်းယင်နဲ့ ချန်ရှို့ကအတူတူပင်။ မွေးရာပါ စုံတွဲတွေဖြစ်သည်။ ယဲ့ဆွေနဲ့ ချန်ရှု့ရဲ့ လက်ထပ်ထိမ်းမြားစာသားတစ်သက်တာအဖို့ အပြစ်ဖြေခြင်းဖြစ်ခဲ့သည်။ ပြောင်လှောင်နေတဲ့ ဒီအမျိုးသမီးက ဘယ်သူလဲ?

 

 

ယဲ့ဆွေက ရေကိုပိတ်လိုက်ပြီး မော့လိုက်သည်။တန်းတန်းမတ်မတ်နေကာ မှန်ကိုကြည့်ခဲ့သည်။ သူမရဲ့မျက်လုံးတွေက မှန်ထဲက ချန်းယင်ရဲ့မျက်နှာမှာ ပုံသေရှိနေပြီးတစ်ဆိတ်လောက် နင်အခုငါ့ကို ဘာပြောနေတာလဲ?”

 

 

ယဲ့ဆွေ ရဲ့လေသံက တမင်မဟုတ်ဘူး။  “နင် ချန်ရှို့နဲ့ လက်ထပ်ပြီးပြီလား။ ဒါမှမဟုတ် ချန်မိသားစု ထဲကတစ်ယောက်ယောက်နဲ့ လက်ထပ်ခဲ့တာလား? အပြင်လူတစ်ယောက်အနေနဲ့ ချန် မိသားစုရဲ့အရေးကိစ္စတွေအကြောင်းကို ပြောဆိုလို့ရလား?”

 

 

ချန်းယင်ရဲ့မျက်နှာကဖြူဖျော့လာခဲ့သည်။ ယဲ့ဆွေက ထူးဆန်းပြီး ရဲရင့်တယ်လို့ သူမခံစားခဲ့ရသည်။

 

 

ငါက ချန်ရှို့ရဲ့ ရည်းစားပါ၊ ငါချန်မိသားစုဆီကို ရောက်ဖူးတယ်

 

 

ယဲ့ဆွေ ကပြောင်ပြောင်တင်းတင်း ပြုံးလိုက်ပြီး ချန်မိသားစုဆီကို နင်သွားတဲ့အခါကျရင် သခင်ကြီးချန်ကို နင်တွေ့ရလား? သခင်ကြီး ချန်က နင့်ကို သိပ်မကြိုက်ဘူးဆိုတာ ငါကြားခဲ့ရတယ်။ အဲဒီတုန်းက ချန်ရှို့က နင့်အတွက်ဘာလုပ်ပေးခဲ့လဲ? သူနင့်ကိုစကားပြောရဲ့လား?”လို့မေးလိုက်သည်။

 

 

ချန်းယင်ရဲ့ နှလုံးသားကမြုပ်သွားခဲ့သည်။ ဒီကိစ္စဟာ သူမနှလုံးသားထဲမှာ အမြဲတမ်းဆူးတစ်ခုဖြစ်ခဲ့သည်။ ချန်းယင်လည်း နားမလည်ဘူး။ သူမ အရာအားလုံးကို မှန်ကန်အောင်လုပ်ခဲ့သည်။ ဒါပေမယ့် သခင်ကြီးချန်က သူမကိုမကြိုက်ဘဲ သူမအပေါ်တွင်လည်း စိတ်မဝင်စားခြင်းမရှိပေ။

 

 

ဒီကိစ္စနဲ့ ချန်းယင် မဖြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ချန်ရှို့က သခင်ကြီးချန်ကိုကြောက်ရွံ့နေကြောင်းကို သူမ သိတာကြောင့်ဖြစ်သည်။ သူမကို သူကြိုက်ခဲ့ရင်တောင်မှ သူမအတွက်နဲ့ ချန် မိသားစုရဲ့ဘိုးဘေးနဲ့ ဘယ်တော့မှဆန့်ကျင်မှာမဟုတ်ဘူး။

 

 

ယဲ့ဆွေက အံ့သြစရာကောင်းတဲ့အမူအရာကို ပြသခဲ့သည်။ သူမက မှောင်မိုက်သောတုတ်ဖြင့် ချန်းယင် ကိုထိုးဖောက်ခဲ့သည်။သူအဲ့ဒီမှာစောင့်ကြည့်ဖို့ ရပ်နေလို့လား? နင်က သူ့ရဲ့ရည်းစားလို့ သူထင်လို့လား?”  သူမက သိသိသာသာ လှောင်ပြောင်လိုက်သည်။ နင့်ရဲ့ရည်းစားကိုကြည့်လိုက်ပါဦး။ သူရှက်နေတာမဟုတ်ဘူးလား?

 

 

ခေါင်းကိုလက်သည်းနဲ့ ထိုးမိလိုက်သလိုမျိုး ချန်းယင် ခံစားခဲ့ရသည်။ သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမရဲ့မျက်လုံးတွေက ဒေါသထွက်နေတာကိုပြနေသည်။

 

 

ယဲ့ဆွေ ထွက်ခွာတော့မည့်အခါ ချန်းယင်က ယဲ့ဆွေကို ရုတ်တရက် ရပ်အောင်လုပ်လိုက်သည်။ယဲ့ဆွေ ချန်ရှို့က နင့်ကိုအစားထိုးထားတာလို့ ထင်နေတာ။ နင်ဘာပဲလုပ်လုပ် ကိစ္စမရှိပါဘူး။ ချန်ရှို့က ငါ့ကိုချစ်တယ်လေ

 

 

ချန်းယင်က ချန်ရှို့ သူမကိုချစ်တယ်လို့ ယုံကြည်ချက်ရှိနေသည်။ ဒါကြောင့် သူမက ယဲ့ဆွေကို တိုက်ရိုက်ဖိအားပေးလိုက်သည်။

 

 

ယဲ့ဆွေ သူမရဲ့နှုတ်ခမ်းကို ချိတ်လိုက်သည်။  ချန်းယင်ပြောတဲ့ စကားကိုကြားတဲ့အခါ သူမက ချန်ရှို့နဲ့ ချန်းယင်တို့အား ပြိုကွဲစေတဲ့တရားခံဖြစ်တယ်လို့ သူမကိုပြောဆိုနေပုံရသည်။

 

  

ယဲ့ဆွေ ခေါင်းကိုလှည့်လိုက်ကာ ချန်းယင်ကို ကြည့်လိုက်ပြီး ဘာပဲဖြစ်ဖြစ် ချန်ရှို့က ငါမထီမဲ့မြင်ပြုထားတဲ့ သူတစ်ယောက်ပဲ။ နင်သူ့ကို အရမ်းကြီးကြိုက်နေကတည်းကပဲ နင်အခုသူ့ကိုဖမ်းရင်တောင် ပိုကောင်းအုံးမယ်။ သူ့ကိုခွဲခြားမထားပါနဲ့လို့ လေးကန်စွာပြောလိုက်သည်။

 

 

 ဒါကြောင့်ဒီလူက တခြားသူတွေကိုမထိခိုက်နိုင်ဘူး။

 (T / N: သူ့ကိုကြံစည်သူဟုရည်ညွှန်းသည်။ )

 

____

 

 

 

သူတို့အတူတကွပြန်လာပြီးနောက် ဒီနေ့က ချန်းယင်နဲ့ ချန်ရှို့ရဲ့ပထမဆုံးဒိတ်က ဒီနေ့ပါပဲ။ သူကအဲ့တာကို ကြီးစွာတဲ့အရေးပါမှုနဲ့ ပူးတွဲထားသည်။ သူစားသောက်ဆိုင်သို့ ရောက်သောအခါ ချန်ရှို့က ကွမ်းရီ ဖျော်ဖြေရေး ကုမ္ပဏီရဲ့ သူဌေးကိုတွေ့လိုက်သည်။

 

 

 ကွမ်းရီ ဖျော်ဖြေရေး ကုမ္ပဏီက ဟွာရွေ့ ကုမ္ပဏီနဲ့ ပူးပေါင်းမယ်လို့ ချန်ရှို့ အနည်းငယ်တွေးခဲ့သည်။  ဟွာရွေ့ ဥက္ကဌက ဒီနေ့ညမှာ ကွမ်ရီက ဥက္ကဌနဲ့ တွေ့ဆုံမှာမဟုတ်ဘူးလား?

 

 

ချန်မိသားစုက သန်းပေါင်းရာနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများကို ကြီးမားတဲ့စီမံကိန်းများအတွက် အမြဲရင်းနှီးမြှုပ်နှံသည်။ အဲ့တာကို အများပြည်သူသို့ မကြေငြာသေးသော်လည်း ၎င်းရဲ့အသိပညာက စက်မှုလုပ်ငန်းတွင် ပျံ့နှံ့လျက်ရှိသည်။

 

 

ချန်ရှို့က  ဟွာရွေ့ရဲ့ ဥက္ကဌနဲ့ တွေ့ဆုံမေးမြန်းခြင်းကို ပြုလုပ်ချင်ပေမယ့်လည်း သူကဘယ်တော့မှ အခွင့်အရေးမရခဲ့ပေ။

 

 

သူ ဟွာရွေ့ရဲ့ ဥက္ကဌနဲ့ တွေ့ဆုံနိုင်သမျှ ကာလပတ်လုံး ချန်ရှို့က ထိုပြဇာတ်တွင် အနိုင်ရလိမ့်မည်ဖြစ်သည်။ သူယခုမြင်တွေ့ခဲ့တဲ့ သီးသန့်အခန်းသို့သွား၍ တံခါးကိုယဉ်ယဉ်ကျေးကျေး ခေါက်လိုက်သည်။ ထို့နောက်တံခါးကို တွန်းလိုက်ပြီး အထဲဝင်သွားခဲ့သည်။

 

 

ချန်ရှို့ရဲ့ အားနည်းနေတဲ့အပြုံးက ယုံကြည်မှုအပြည့်ဖြင့်ရှိနေပြီး တံခါးဖွင့်လိုက်တဲ့အချိန်တွင် သူ့ရဲ့မျက်နှာပေါ်က အမူအရာက အေးစက်သွားခဲ့သည်။

 

 

အခန်းက အလွတ်ကြီးဖြစ်နေသည်။

 

 

 ဟွာရွေ့ ဥက္ကဌက အရမ်းလျှို့ဝှက်ဆန်းကြယ်သည်။ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် အင်အားအကောင်းဆုံး ကုမ္ပဏီက စက်မှုလုပ်ငန်းတွင် အကောင်းဆုံးအရင်းအမြစ်များရှိသည်။ ဒီတော့သူကဘာကြောင့် ဒီလောက်နှိမ့်ချနေတာလဲ?

 

 

ချန်ရှို့ နားမလည်ခဲ့ဘူး။ အခန်းမှ ထွက်ခွာချိန်တွင် အပြင်၌သူက ချန်းယင်နဲ့ ယဲ့ဆွေတို့ကို အတူတကွတွေ့မြင်ခဲ့သည်။ သူ့မျက်ခွံတွေက တုန်ယင်သွားပြီး ယဲ့ဆွေရဲ့ အသွင်အပြင်က မကြာသေးမီက အနည်းငယ်ပိုကောင်းလာတာကို သူသတိပြုမိခဲ့သည်။

 

 

တောက်ပတယ်၊ လှပတယ် ပြီးတော့ သန့်ရှင်းတယ်။  ဆန့်ကျင်ဘက်အနေဖြင့် ချန်းယင်က အနည်းငယ်ဖျော့တော့နေပုံရသည်။

 

 

ချန်ရှို့က ချန်းယင်ဆီသို့ ဦးတည်သွားခဲ့သည်။ သူဘာမှမပြောခင် ယဲ့ဆွေကိုကြည့်လိုက်သည်။ ယဲ့ဆွေက ချန်ရှို့ကိုတောင် မကြည့်ခဲ့ဘူး။ အဲ့ဒီအစား သူမကသူ့ရဲ့အနောက်ဘက်ကိုကြည့်နေသည်။

 

 

 ယဲ့ဆွေရဲ့ မျက်လုံးတွေက တောက်ပလာသည်။ချန်ရှု့

 

 

 

တစ္ဆေတွေကို မြင်ရကတည်းက ယဲ့ဆွေဟာ ချန်ရှု့ကိုအချိန်မရွေး၊ နေရာမရွေးတွေ့ချင်သည်။ ချန်ရှု့က သူမရဲ့မျက်လုံးများတွင် ကာကွယ်ပေးနေသလိုပင်။  အနည်းငယ် မှောင်မိုက်နေရင်တောင်မှ သူမရဲ့ခင်ပွန်းကို တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိနိုင်ခဲ့သည်။

 

 

ချန်ရှု့က ခဏရပ်လိုက်သည်။ သူ့အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ထားကာ မျက်လုံးကိုပင့် လိုက်ပြီး ယဲ့ဆွေကိုကြည့်လိုက်သည်။

 

 

ယဲ့ဆွေဟာ ချန်ရှု့ဆီကို ကူးသွားခဲ့သည်။ ချန်ရှု့ကရပ်တန့်ပြီးနောက် အနောက်ဘက်ကနံရံကို သဘာဝကျစွာမှီခဲ့သည်။

 

 

ယဲ့ဆွေက အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်တို့နဲ့ဒီနေရာမှာ တွေ့ဆုံရဖို့ကို မျှော်လင့်မထားခဲ့ပါ။ အချိန်တွေက ကြာသည်ထက်ကြာအောင်ဆွဲထားလေ့ရှိပြီး သူမအိမ်ပြန်ဖို့ကို ကြောက်ခဲ့သည်။ ကံကောင်းသွားတာက သူမ ချန်ရှု့ကိုတွေ့လိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေကိုကြည့်လိုက်ပြီး သူမဒီနေ့ပြောတဲ့ရှင်တစ်ယောက်တည်းစားရတာကို မကြောက်ဘူးလား?” ဆိုတာကို စဉ်းစားခဲ့သည်။

 

 

ယဲ့ဆွေ : “........”  ရှင်ကလူတွေရဲ့ လိုင်းတွေကိုဘယ်လို လုယက်တာလဲ?

 

 

ယဲ့ဆွေကရဲတင်းလွန်းစွာ ခေါင်းညိတ်လိုက်ပြီး အေးဆေးစွာဖြေလိုက်သည်။ သူမကချန်ရှု့ရဲ့လက်ကိုဆွဲယူလိုက်ပြီး ခိုင်မာစွာကိုင်လိုက်သည်။  ကမ္ဘာကြီးက ချက်ချင်းပင်တိတ်ဆိတ်ငြိမ်သက်ကာ သူမရဲ့စိတ်နှလုံးကလည်း တည်ငြိမ်နေသည်။

 

 

မြင်ကွင်းကပုံမှန်ဖြစ်နေပုံရသည်။ ယဲ့ဆွေ ချန်ရှု့နဲ့ ထွက်ခွာဖို့ပြင်ဆင်နေချိန်တွင် ချန်ရှို့က သူတို့ရှေ့တွင်ပေါ်လာပြီး သူ့ရဲ့ဦးလေးကို ချန်းယင်နဲ့ မိတ်ဆက်ပေးခဲ့သည်။

 

 

ကိုယ့်ရဲ့ တတိယဦးလေးချန်ရှု့ချန်ရှို့က ဘေးနားကယဲ့ဆွေကို လုံးဝလျစ်လျူရှုထားခဲ့သည်။ သူမနဲ့မိတ်ဆက်ပေးခြင်းမရှိခဲ့ပါ။ သူမကိုအထင်အမြင်သေးစွာဖြင့် ကြည့်ခဲ့သည်။

 

 

အဆိုပါအမျိုးသမီးက လှပတဲ့အဖြူရောင်ကြာပန်းမျှသာမဟုတ်ဘဲ မျက်နှာပြင်ပေါ်တွင်လည်း ကောင်းကောင်းအလုပ်လုပ်ခဲ့သည်။  “ချန်ရှို့ရဲ့ တတိယဦးလေးဖြစ်တာကြောင့် ဒီနေ့ညမှာ အတူတူစားကြရအောင်လေ

 

 

ချန်ရှု့က ချန်ရှို့ ကိုကြည့်ပြီး ကောင်းပြီ လို့ပြောလိုက်သည်။

 

 

ယဲ့ဆွေ , “….......”

 

 

သူတို့လေးယောက် တွေ့ဆုံခဲ့ပြီးကတည်းက သူတို့က ညစာစားဖို့ စားပွဲတစ်လုံးမှာ ရိုးရှင်းစွာ ထိုင်လိုက်သည်။ ထိုင်ပြီးပြီးချင်းမှာ ချန်ရှို့က ချန်ရှုကိုကြည့်လိုက်ပြီး ဦးလေး၊ ဒါကကျနော့်ရည်းစား ချန်းယင် လို့မိတ်ဆက်ပေးခဲ့သည်။

 

 

ချန်းယင်က ချန်ရှု့ကိုကြည့်လိုက်သည်။ ဒါကတော့ သူမ ချန်ရှု့ကို ပထမဆုံးအကြိမ်မြင်ခြင်းသာဖြစ်သည်။ ချန်ရှု့က အရမ်းငယ်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။ ကြည့်လို့ကောင်းနေတုန်းပဲ။

 

 

ချန် မိသားစုနဲ့ ပတ်သက်ရင် လူတိုင်းကအကောင်းဆုံး အလားအလာကောင်းတဲ့သူက ချန်ရှို့ လို့သာပြောလိမ့်မည်။ ချန်ရှု့က အခြားသူတွေရဲ့ ပါးစပ်တွင် အမြဲတမ်းအသုံးမကျဆုံးသော ဦးလေးဖြစ်နေသည်။

 

 

ချန်းယင်က ချန်ရှု့နဲ့ မတွေ့ဆုံခင်က သူမလည်းပဲအမြဲတမ်း အဲ့လိုသာစဉ်းစားခဲ့သည်။

 

 

ယခုတော့ ချန်ရှို့နဲ့ ချန်ရှု့က အတူတူပါပဲ။ ချန်ရှို့က တစ်ချိန်တည်းတွင် နိမ့်ကျသွားခဲ့သည်။ ချန်ရှု့က  စကားပြောတာမရှိဘူး။ ချန်ရှို့ကတော့ အလင်းရောင် အများစုကိုဖုံးကွယ်ထားသည်။

 

 

ချန်းယင်ရဲ့ နှလုံးသားထဲတွင် အတွေးများစွာရှိနေသည်။ဒါပေမယ့် သူမဘာခံစားချက်ကိုမှ မပြသခဲ့ပါ။ဦးလေး

 

 

ထို့နောက် ချန်းယင်က ယဲ့ဆွေကိုကြည့်ရင်း မိန်ကလေး ယဲ့လို့ ယဉ်ကျေးစွာပြောခဲ့သည်။ ယဲ့ဆွေကို သူမ မကြိုက်ရင်တောင်မှ မျက်နှာပြင်ပေါ်က အမှားတွေကို လူတွေကိုမြင်ခွင့်မပေးနိုင်ဘူး။

 

 

ဒါကိုကြားရတော့ ချန်ရှု့က ပထမဆုံးအကြိမ်အနေနဲ့ မျက်လုံးကိုပင့်လိုက်ပြီး ချန်းယင်ကိုကြည့်ခဲ့သည်။ သူ့ရဲ့မည်းနက်နေတဲ့ မျက်ဝန်းက အနည်းငယ် ရွေ့လျားသွားခဲ့သည်။မင်းသူမကိုအခု ဘယ်လိုခေါ်လိုက်တာလဲ?”လို့ဖြည်းညင်းစွာမေးလိုက်သည်။

 

 

ချန်းယင် အေးခဲသွားသည်။ သူမအခု ယဲ့ဆွေကို မိန်းကလေးယဲ့လို့ ခေါ်လိုက်သည်။

 

 

 

ချန်ရှု့ရဲ့ ပါးလွှာတဲ့နှုတ်ခမ်းတွေက ဖြောင့်တန်းတဲ့လိုင်းသို့ ဖိလိုက်ပြီး သူ့ရဲ့မျက်လုံးတွေက အနည်းငယ်မှေးမှိန်သွားသည်။ သူက ထပ်ပြောခဲ့သည်။မင်းကငါ့ကို ဦးလေး လို့ခေါ်တယ်။ မင်းသူမကို ဘယ်လိုခေါ်သင့်တာလဲ? ”

 

 

အသံက မြင့်လဲမမြင့်ဘူး။ နိမ့်လည်းနိမ့်မနေဘူး။ ဒါပေမယ့် အရမ်းအေးစက်လွန်းနေသည်။

 

 

ချန်းယင် နားလည်လိုက်တာက ချန်ရှု့က ယဲ့ဆွေ ကိုမျက်နှာသာပေးနေတာပဲ။ ယဲ့ဆွေက သူ့ရဲ့ဒေါ်လေးဖြစ်ကြောင်းကို ဝန်ခံဖို့သူမကိုယ်သူမရင်ဆိုင်ခဲ့သည်။ ချန်းယင်က အံကြိတ်ပြီး  “ဒေါ်လေး လို့ခေါ်လိုက်ရသည်။

 

 

ချန်းယင်က သူမကို နာမည်တပ်ခေါ်ခေါ်၊ မခေါ်ခေါ် ယဲ့ဆွေက အာရုံစိုက်မှုကို မပေးခဲ့ပါ။ သူမဂရုစိုက်တာက ချန်ရှုက ပထမဦးဆုံးအကြိမ် ခက်ထန်တဲ့အသံနဲ့ စကားပြောခဲ့သည်။ သို့သော်ငြားလည်း အဲ့တာကနူးညံ့သိမ်မွေ့တဲ့ အခါသမယတွင်ဖြစ်သည်။

 

 

သို့သော် ချန်းယင်ရဲ့ အဒေါ်ဆိုသောစကားက ယဲ့ဆွေရဲ့ နှလုံးသားထဲ အလွန်နွေးထွေးသလို ခံစားခဲ့ရသည်။  သူမရဲ့ခင်ပွန်းက သူမအတွက်နေရာရှာဖို့ အလွန်အားကြီးလွန်းလှသည်။ သူ့ရဲ့ဇနီးဖြစ်သူက ချန်ရှု့အား ထိုက်တန်တဲ့ဇနီးမရှိခြင်းအတွက် စိတ်မကောင်းဖြစ်ခဲ့သည်။

 

 

ယဲ့ဆွေက အဆင်မပြေတဲ့ အမူအရာကို တမင်ကြံစည်လိုက်သည်။ သူမက ခေါင်းစဉ်ကိုများစွာဂရုမစိုက်သော်လည်း သူမကဒေါ်လေးလို့ခေါ်တာ၊ မခေါ်တာကကိစ္စမရှိဘူး။ ဒါပေမယ့်....နောက်ဆုံးမှာတော့စီနီယာက အရင်ပါပဲ။

 

 

အဆိုပါစကားလုံးက ရှက်စရာကောင်းသလိုပဲ။ ဒါပေမယ့်အဲ့အသံက လုံးဝအသစ်ပဲ။

 

 

တကယ်လို့ မင်းစည်းမျဉ်းစည်းကမ်းတွေကို မသိဘူးဆိုရင် ပြောလို့ရပါတယ်။ မင်းရဲ့အဒေါ်လေးက မင်းကိုသင်ပေးမှာပေါ့နောက်ဆုံးဝါကျတွင် ယဲ့ဆွေက တမင်သက်သက် ကမန်းကန်းမပြောခဲ့ဘဲ စကားလုံးတိုင်းကိုလွယ်ကူရိုးရှင်းစွာပြောလိုက်သည်......

 

 

 စားပွဲအောက်၌ဝှက်ထားတဲ့ ချန်းယင်ရဲ့ လက်တွေက တင်းတင်းဆုပ်ထားသည်။ ပြီးတော့ သူမက ဒေါ်လေး ပြောတာကမှန်တာပဲ လို့မာဆက်ဆက် ပြောခဲ့သည်။

 

 

ယဲ့ဆွေကအင်း လို့ ပြန်ဖြေလိုက်သည်။

 

 

ယဲ့ဆွေက ပြုံးပြီး အလွန်နူးညံ့သိမ်မွေ့စွာ ကြည့်လိုက်သည်။ သို့သော် သူမရဲ့မျက်နှာက 'နင်ကငါ့ကို ဒေါ်လေးလို့ခေါ်တယ်၊ ငါကအဲ့တာကို ဘယ်လိုတတ်နိုင်မှာလဲ?' လို့ ပြောနေသည်။