အပိုင်း ၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၇ - သူ့လက်ကိုချိတ်ထားခြင်း

 

 

 

 

 ယဲ့ဆွေက ညစာစားရတာ အရမ်းပျော်သည်။ ဒါပေမယ့် အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ ချန်ရှို့နဲ့ ချန်းယင်တို့ရဲ့ ပထမဆုံး ဒိတ်မှာ မလိုလားအပ်သော ဧည့်သည်နှစ်ယောက်က တားဆီးခဲ့သည်။  သံသယမရှိဘဲ သူတို့၏ စိတ်နေသဘောထားကို ဖျက်ဆီးပစ်လိုက်မိသည်။

 

 

 အမှန်အတိုင်းပြောရရင် ဒီလိုမျိုး ချန်မိသားစုနဲ့ ခင်မင်ရင်းနှီးဖို့က ချန်းယင်ရဲ့ ကိုယ်ပိုင်လုပ်ဆောင်မှုပဲ။ ဒါပေမယ့် သူမက သူမတို့ရဲ့ပထမဆုံး ဒိတ်က ပျက်စီးသွားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ပြီးတော့ ယဲ့ဆွေကို ချန်ရှို့ရဲ့ ဖော်ပြချက်က မှောင်မိုက်နေသည်ကို သတိပြုမိသည်။

 

 

 အိမ်ပြန်ချိန်တွင် ယဲ့ဆွေက ချန်ရှု့ရဲ့ လက်မောင်းကို သတ္တိရှိရှိကိုင် မထားခဲ့တော့ပေ။ နောက်ဆုံးတွင် သူမသည် မိမိကိုယ်ကို ထိန်းချုပ်ရန် ကျိန်ဆိုခဲ့သည်။ သူမထပ်လုပ်ရင် ချန်ရှု့က မသင်္ကာစရာဖြစ်လိမ့်မည်။

 

 

 ယဲ့ဆွေက သူမရဲ့အတွေးက ချန်ရှု့အတွက် သိသာထင်ရှားပြီးသားဆိုတာကို မသိခဲ့ပေ။ သူမက ချန်ရှု့ရဲ့ နောက်ကိုလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသောသရဲကို တွေ့လိမ့်မယ်ဆိုရင်ကော...

 

 

 ဓာတ်လှေကားကို စောင့်နေစဉ်မှာ သူတို့သည် အရက်မူးပြီးထွက်လာသည့် အမျိုးသားအုပ်စုတစ်စု၏ အရိပ်ကို တွေ့လိုက်ရသည်။ ၎င်းသည်ချန်ရှု့၏ မျက်စိကိုတောက်ပစေခဲ့သည်။  သူသည် တစ်ချိန်တည်းတွင် သူအသိအမှတ်ပြုခံရသည့် ဤလူများသည် ​ဟွာရွေ့ မှအကြီးတန်း ၀န်ထမ်းများဖြစ်သည်။

 

 

 ချန်ရှု့က ရုပ်ရှင်ဌာန၏ တာဝန်ခံဖြစ်သူ ဝမ်ချွမ်းကို အဝေးကနေ နှုတ်ဆက်လိုက်သည်။ ချန်ရှု့က သူနှင့်ယခင်က ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်းစကားပြောခဲ့သည်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ကျရှုံးသွားခဲ့ရသည်။ " ဥက္ကဌချန်ကမင်းနဲ့အတူရှိနေတာလား ?" ချန်ရှု့က သွယ်ဝိုက်ချဉ်းကပ်မှုပြုပြီး သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ခဲ့သည်။

 

 

 ဝမ်ချွမ်းက စက္ကန့်အနည်းငယ် တုန့်ဆိုင်းသွားခဲ့ပြီး  “ ဥက္ကဌ ချန်…”

 

 

 မျက်လုံးအတော်များများသည် ချန်ရှု့ကို တည့်တည့်ကြည့်လာကြသည်။ ထိုနေရာတွင် ချန်ရှု့သည် အနည်းငယ်အောက်သို့ ကျနေသောမျက်လုံးများနှင့် မတ်တပ်ရပ်နေသည်ကို တွေ့ရသည်။ သူက နည်းနည်းပင်ပန်းနေပြီး ဒီမှာနေချင်ပုံမရဘူး။

 

 

 ဝမ်ချွမ်းက “ စောစောစီးစီး ပြန်သွားတယ်။ ”

 

 

 ချန်ရှု့ကသူ့ မျက်လုံး၏ထောင့်ကို အနည်းငယ် ပင့်ယူလိုက်သည်။ သူ၏အဖြေကို သူမျှော်လင့်ထားသကဲ့သို့ အေးဆေးတည်ငြိမ်စွာနှင့်ကျေနပ်သည်။

 

 

 အခြားလူများက ငါတို့ထဲက အချို့က ရေမသောက်ဘဲတောင် နေခဲ့ကြရတာလို့မြန်မြန်ဆန်ဆန်ပြောခဲ့သည်။

 

 

 ချန်ရှု့က မလွှဲမရှောင်နောင်တနှင့်အတူ ပြန်လည်ဖြေကြားခဲ့သည်။ "ဒါဆို အပြင်ထွက်လည်ကြ "

 

 

 ဤလူအုပ်စုသည် ရှာဖွေတွေ့ရှိဖို့ကို ကြောက်ရွံ့နေခဲ့ကြသည်။ ထို့ကြောင့်သူတို့သည် မျက်လုံးမထွက်ခင်အထိ ချန်ရှု့ကိုသာ ကြည့်နေကြသည်။ ဒီလိုဖြစ်လင့်ကစား သူတို့ဟာ သူဌေးဘေးက အမျိုးသမီးကို သတိထားမိနေတုန်းပဲ။  ဘာဖြစ်လို့လဲဆိုတော့ သူကဘယ်သူလဲဆိုတာ ကြည့်ဖို့အလင်းက မှိန်လွန်းနေလို့ပါ။ ဒါပေမယ့်သူမက မိန်းမထဲမှာ ရင်သပ်ရှုမောဖွယ် ပုံပန်းသဏ္ဌာန်ရှိနေတာကို သူတို့သိသာစွာမြင်နေရသည်။

 

 

 “ သူဌေးဘေးက အမျိုးသမီးကဘယ်သူလဲ ?”

 

 -

 

 

 ယဲ့ဆွေက ချန်ရှု့နောက်ကနေ ထွက်ခွာလာချိန်မှာ နောက်လူနှစ်ဦးက ဘေးချင်းကပ်ရပ်နေပြီး ခန္ဓာကိုယ်အကြား အကွာအဝေးသည် အရမ်းကိုတိုလွန်းသည်။  တစ်မိနစ်အကြာမှာ ယဲ့ဆွေက ချန်ရှု့ရဲ့လက်မောင်းကိုကိုင်ဖို့ သတ္တိတွေ  အများကြီးရှိခဲ့သည်။  ဒီသတ္တိအရှိန်ဟာ ဒီတစ်ခါ ပျောက်ကွယ်သွားသည်။

 

 

 ကံကောင်းထောက်မစွာနဲ့ ဓာတ်လှေကား တံခါးပိတ်ချိန်အတွင်းမှာ ချန်ရှု့က သူမအနားမှာရှိခဲ့တာကြောင့် ယဲ့ဆွေက သူမ၏ ကြောက်လန့်စရာတွေ ဘာမှကိုမကြုံတွေ့ရဘူး။

 

 

 ဓာတ်လှေကားက ဖြည်းဖြည်းချင်း ဆင်းသွားခဲ့သည်။ ယဲ့ဆွေက သူမအိမ်ပြန်နိုင်မယ်လို့ထင်ခဲ့သည်။ ဒါပေမယ့် အဲဒီနောက် ဓာတ်လှေကားက ရုတ်တရက်ပြင်းထန်စွာခါပြီး ရပ်သွားသည်။

 

 

 ၁၃ ထပ်မှာ ပြတ်တောက်သွားပြီး ဓာတ်လှေကားထဲက မီးတွေအားလုံး ပျက်သွားသည်။

 

 

 မှောင်မဲနေစဥ်မှာ ယဲ့ဆွေက ချန်ရှု့ဘက်ကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။  ဒီလိုမှောင်မိုက်တဲ့ အခြေအနေမှာဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ?  ဒါကြောင့် ချန်ရှု့နဲ့ကပ်ထားတာက ပိုလုံခြုံသည်။

 

 

 ယဲ့ဆွေက ဘေးကိုမှီလိုက်ပြီး ချန်ရှု့ ကိုအမြန်ကြည့်ခဲ့သည်။  သူမမျက်လုံးများကို ကျဉ်းမြောင်းစေပြီး သူမပြုလုပ်ခဲ့သောလှုပ်ရှားမှုများသည် ချန်ရှု့ အပေါ်လုံးဝ မသက်ရောက်ကြောင်းသေချာစွာနားလည်ခဲ့သည်။

 

 

 “ ချန် … ရ ရှု့ … ရှု့ …” ယဲ့ဆွေက ပါးစပ်ကို ဖွင့်လိုက်တဲ့အခါသူမရဲ့အသံက မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ လှုပ်ခါနေသည်။  “ ရှင်..မကြောက်ဘူးလား?” ယဲ့ဆွေက ချန်ရှု့ ရဲ့ထူးခြားမှုအကြမ်းဖျင်းကို သာတွေ့မြင်ခဲ့ပြီး ချန်ရှု့က သူမကိုကြည့်လာသည်။

 

 

 ဤအချိန်တွင် ဓာတ်လှေကားရှိ အရေးပေါ်ဖုန်းက ရုတ်တရက်မြည်လာသည်။  တိတ်ဆိတ်သော ဓာတ်လှေကားတွင် ရုတ်တရက်အသံထွက်လာတာက ယဲ့ဆွေရဲ့ ခြေထောက်များကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

 

 

 ဖုန်းကိုချိတ်ဆက်လိုက်တဲ့အခါမှာတော့ အခြားလိုင်းမှာအသံတစ်သံမှမကြားရဘဲ ဒီးးး ဒီးးးးး-” ဆိုတဲ့လိုင်းကျနေတဲ့အသံသာ ကြားလိုက်ရသည်။

 

 

 သို့သော်သူမအတွက်တော့ ထူးဆန်းသည်မဟုတ်ပေ။ သူမ ဒီဝတ္ထုထဲကို ပြောင်းရွှေ့နေထိုင်ပြီးကတည်းက သူမနေထိုင်သောကမ္ဘာကို အမြဲသံသယရှိခဲ့သည်။

 

 

 နောက်ဒုတိယအချက်မှာ ချန်ရှု့သည် ယဲ့ဆွေရဲ့ မေးခွန်းကို သူ့​အပြုအမူနဲ့ ဖြေကြားခဲ့သည်။  သူကဖုန်း၏ ရှေ့ကိုလမ်းလျှောက်သွားပြီး ဖုန်းကိုယူရန် မတွန့်ဆုတ်ခဲ့ပေ။

 

 

 အဖြစ်အပျက်များအရ ယဲ့ဆွေက များစွာစဉ်းစားဆင်ခြင်ကြောင်းသက်သေပြခဲ့သည်။  ဝန်ထမ်းများက ဓာတ်လှေကားပြတ်တောက်ပြီး ၁၃ ထပ်တွင်ရပ်တန့်သွားကြောင်းပြောပြသည်။  အကယ်၍ သူတို့ကဓာတ်လှေကားတံခါးကို ဖွင့်နိုင်ရင်စင်္ကြံကိုဖြတ်ပြီး အခြားဓာတ်လှေကားကို ဆင်းပြီးလှေကားထစ်တွေကို သွားနိုင်သည်။

 

 

 အချိန်တန်လျှင် ဓာတ်လှေကားတံခါးကို သူတို့စောင့်ဆိုင်းနေသကဲ့သို့ဖုန်းကို ချိတ်ထားပြီးနောက်ဖွင့်လိုက်သည်။ ချန်ရှု့သည် ရပ်နေပြီးထွက်မသွားခဲ့ပါ။ သို့သော် လူကြီးလူကောင်း တစ်ယောက်လို ဓာတ်လှေကားမှထွက်ရန် သူမကိုစောင့်နေခဲ့သည်။

 

 

 "ကိုယ်တို့ဒီက ထွက်သင့်တယ် "

 

 

 ပြင်ပအလင်းရောင် ရောက်လာသောအချိန်တွင် ယဲ့ဆွေက သူမရဲ့တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကိုဖြေလျော့ပေးပြီး ချန်ရှု့ရဲ့ စကားလုံးလေးလုံးက သူမကိုလုံးဝသက်သာစေခဲ့သည်။

 

 

 စင်္ကြံသည် အချည်းနှီးဖြစ်ပြီး အဝါရောင်အလင်းဖျော့က ထိပ်တွင်ရှိပြီး ကြမ်းပြင်ကိုကော်ဇောအထူဖြင့် ဖုံးအုပ်ထားသည်။  အားလုံးက ပုံမှန်ပဲ။

 

 

 ၁၃ ထပ်မှာတစ်ရက်တာ ခရီးလေးဘဲ မလား? ကြောက်ဖို့ဘာမှမရှိဘူး။

 

 

 ယဲ့ဆွေက သူမမကြောက်ဘူးလို့ပြောပြီး အေးအေးဆေးဆေးနေခဲ့သည်။

 

 

 သူမက ချန်ရှု့နောက်ကို နီးနီးကပ်ကပ် လိုက်ပြီး ဤစင်္ကြံကိုဖြတ်ကူးရန်စောင့်ဆိုင်းခဲ့ကာ ရွေ့လျားခဲ့သည်။

 

 

 ဝမ်းနည်းစရာက သူမ၏သတိပေးချက်က မကြာခဏမှန်ခဲ့ကြသည်။ တောက်ပသောမီးများက မှိတ်တုတ် မှိတ်တုတ်ဖြစ်နေသောအောက်တွင် သူတို့စင်္ကြံလမ်းတစ်ဝက်လောက် လမ်းလျှောက်ရဦးမည်။  သူမက ထိတ်လန့်တုန်လှုပ်ဖွယ် ရုပ်ရှင်ဇာတ်ကားထဲဝင်ခဲ့တာလို့တောင် ထင်ခဲ့သည်။

 

 

 ယဲ့ဆွေက သူမထင်ယောင်ထင်မှား ဖြစ်နေမလားလို့ တွေးပြီးနောက်အခန်းကို ကြည့်လိုက်သည်။  ဒီကြမ်းပြင်ပေါ်ရှိ အခန်းများ အားလုံးဗလာဖြစ်သင့်သည်။

 

 

 "အမေနဲ့အဖေ!"

 

 

ဘာတစ်ခုမျှမရှိတဲ့ ကော်ရစ်တာထဲတွင် အသံနှစ်သံ ထွက်ပေါ်လာသော်လည်း မည်သူမျှ ထိုအသံနားကို မချဉ်းကပ်ရဲကြပေ။  အဲ့ဒိ နူးညံ့ပြီး ပျော့ပျောင်းတဲ့ အသံက ကလေးတွေဆီမှ လာတာဖြစ်သည်။

 

 

 ယဲ့ဆွေက ချက်ချင်းကို ကြက်သီးတွေထလာခဲ့သည်။  သူမမျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါမှာ ကော်ရစ်တာရဲ့အဆုံးတွင် ချစ်စရာကောင်းတဲ့ စကတ်ကို  အမွှာနှစ်ယောက်က အတူတူဝတ်ထားကြသည်။

 

 

 သူတို့သည် ဓာတ်လှေကားထဲ ဝင်ရန်စောင့်နေသကဲ့သို့ ဓာတ်လှေကား၏ အစွန်းတွင်ရပ်နေကြသည်။

 

 

 ကလေးနှစ်ယောက်ရဲ့ မျက်နှာက ဖောင်းဖောင်းမို့မို့လေး ဖြစ်နေကာ ယဲ့ဆွေကိုတွေ့လိုက်ချိန်မှာ  အလွန်အံ့အားသင့်သွားခဲ့သည်။ မကြာခင်မှာပဲ သူတို့မျက်လုံးတွေ လင်းလာပြီး သူတို့ မိခင်ကို တွေ့လိုက်သလိုမျိုး ခံစားသွားရသည်။

 

 

 အမွှာနှစ်ယောက် တကယ်ကို ချစ်စရာကောင်းမယ်ဆို ယဲ့ဆွေက သူတို့ကို အသိအမှတ်ပြုမိလိမ့်မည်။ ဒါပေမယ့် အမွှာနှစ်ယောက်မှာ သူတို့၏ ကိုယ်ပိုင်နည်းလမ်းနဲ့ သေထားပြီးသားဖြစ်သည်။ တစ်ယောက်က ပုပ်နေသော ဦးခေါင်းနဲ့ နောက်တစ်ယောက်က ကျိုးပဲ့နေတဲ့ လက်တစ်ဖက်ရှိသည်။

 

 

 ယဲ့ဆွေက ချန်ရှု့ကို ချက်ချင်းပြန်လှည့် ကြည့်လိုက်သည်။ သူသည် လုံးဝသတိမပြုမိဘဲ အမြွှာနှစ်ယောက်ရဲ့ ဦးတည်ရာဘက်ကို ရဲရင့်စွာဘဲ ဦးတည်ခဲ့သည်။

 

 

 ယဲ့ဆွေက သူမရဲ့ခြေလှမ်းကို အလျင်အမြန် အရှိန်မြှင့်လိုက်ပြီး သူ့အင်္ကျီလက်အနားကို ကိုင်ထားခဲ့သည်။ သူမက ချန်ရှု့ရဲ့ ရှပ်အင်္ကျီကို ဆုပ်ကိုင်လိုက်ပြီးနောက် ဘာမှမရှိတဲ့ကော်ရစ်တာကို ပြန်လှည့်ကြည့်မိသည်။

 

 

 အဲ့ဒါက အလုပ်မလုပ်ဘူး!  အမွှာနှစ်ယောက်က ရှိနေတုန်းပဲ။

 

 

 ချန်ရှု့ကို အတင်းအကျပ် နေရာချထားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ သူသည် ရှေ့သို့ဆက်သွားဖို့ မတွယ်တာခဲ့ပါ။ ယဲ့ဆွေက သူမလက်များကို သူ့လက်၏ထောင့်၌ မိမိအဝတ်များကိုကပ်သလို ကပ်ထားသည်။ သူက မလှုပ်ယမ်းသွားပေမယ့်လည်း သူမ၏အပြုအမူကို သဘောမတူခဲ့ပေ။

 

 

 ယဲ့ဆွေ ရဲ့လှုပ်ရှားမှုကြောင့် အမွှာသရဲက သူတို့လက်ထဲကဝက်ဝံရုပ်လေးနဲ့အတူ သူမဆီကို ဦးတည်ပြေးလာခဲ့သည်။

 

 

 နင်တို့မလာလဲ ငါတို့ကလာရမှာဘဲ။

 

 

 “ အဖေ၊ အမေ၊ ခဏလေး... ”

 

 

 ဘာကြောင့်လဲဆိုတော့ အဲ့ဒိအမွှာနှစ်ယောက်ရဲ့ ကလူမြူသလိုမျိုး အသံရဲ့ အထူးအကျိုးသက်ရောက်မှုကြောင့် မီးကလင်းလာခဲ့သည်။ ယဲ့ဆွေက ချန်ရှု့ ရှေ့တွင်ငိုချလုနီးပါး ဖြစ်နေခဲ့သည်။ ဒါပေမယ့် ရုတ်တရက် ထိုးနှက်မှု့အောက်မှာ သူမက အကြောင်းပြချက်မရှိဘဲ စကားပြောနေရသည်။

 

 

 "ကျွန်မ မိခင်တစ်ဦး မဖြစ်ချင်ဘူး "

 

 

 ယဲ့ဆွေက သူမ၏ မကျေနပ်ချက်များကို ဖော်ပြချက်နှင့်စကားလုံးများလို ပြောခဲ့သည်။ ချန်ရှု့က မကူညီနိုင်ခဲ့ပေ။ ဒါပေမယ့် သူ ယဲ့ဆွေကို ကလေးမွေးဖို့  အတင်းအကျပ်တိုက်တွန်းခဲ့လို့လား။

 

 

 မကြာခင်မှာပဲ ယဲ့ဆွေက အလျင်အမြန်ဘဲ သူမရဲ့အာရုံကို ပြန်ရလာသည်။  အချိန်တိုအတွင်း သူမသည် ဖြစ်ပျက်ခဲ့သော အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

 

 

 ချန်ရှု့ ရဲ့လက်တစ်ချောင်းကို ထိတာက အသုံးမဝင်ဘူး ဆိုတာ သိလိုက်သည်။  သရဲတစ္ဆေကို ပျောက်စေချင်တယ်ဆိုရင် ချန်ရှု့ ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုနဲ့ တိုက်ရိုက်ထိတွေ့ရမည်။

 

 

 ယဲ့ဆွေက  သရဲမောင်နှမကို ကြည့်နေသည်။  သူမသည် သွားများကိုကိုက်ကာ ချန်ရှု့ဆီကို လက်ချောင်းတစ်ချောင်းပေးခဲ့သည်။  သူမကသူမပြောခဲ့သည့် စကားလုံးများကို လျစ်လျူရှုခဲ့သည်။

 

 

 ရှင်ကျွန်မနဲ့ <E.T> ဂိမ်းကို ကစားချိန်ကြရင် အဲ့ဒိဟာကို မြင်ရမှာလား ?

 (T / N: E.T သည်ဗီဒီယိုဂိမ်းဖြစ်သည်။ )

 

 

 ချန်ရှု့က ယဲ့ဆွေကို ခေတ္တငေးကြည့်ရင်း သူ့လှပသောမျက်လုံးများက သံသယများ ထပ်မံပေါ်ထွက်လာသည်။ သို့သော် သူမမျက်လုံးများမှ နှစ်သက်ဖွယ် စကားရပ်ကို တွေ့လိုက်ရသည်။

 

 

 ချန်ရှု့က သူ့မျက်လုံးတွေကို ချပြီးကြည့်လိုက်သည်။  သူသည် လက်ကိုဆန့်ပြီး ယဲ့ဆွေဆီကိုဖြည်းဖြည်းချင်းသွားခဲ့သည်။

 

 

 မိဘများကို မှားယွင်းစွာ မှတ်မိသော အမွှာသရဲများသည် သူတို့ဆီသို့ပြေးလာနေသည်။ ယဲ့ဆွေက ကြောက်ရွံ့တုန်လှုပ်နေပြီး စိုးရိမ်တကြီးကြည့်နေသည်။  သူမသည် သူမသူတို့ကိုလုံလောက်စွာ မြင်နေရတာက တော်လောက်ပြီလို့ ခံစားနေရသည်။

 

 

 သူတို့ရဲ့လက်ချောင်း ထိပ်ဖျားများမဆုံခင်အထိ​ပင်။

 

 

 ယဲ့ဆွေရဲ့ လက်ချောင်းဆယ်ချောင်းက အေးခဲနေ သော်လည်း သူ့လက်ချောင်းရဲ့ အပူချိန်မှာနွေးနေခဲ့သည်။

 

 

 မကြာခင်မှာပဲ ယဲ့ဆွေ  ရှေ့ကို အမွှာသရဲနှစ်ယောက်က ရောက်လာတာကြောင့်  သူမရဲ့မျက်လုံးတွေကို ချက်ချင်းပိတ်လိုက်မိသည်။ ချန်ရှု့ ရဲ့လက်ချောင်းထိပ်ကို ထိတဲ့အချိန်မှာ နွေးထွေးတဲ့ ခံစားမှုကိုခံစားရသည်။  သူမကြားရတဲ့ အသံတွေလဲ ပျောက်ကွယ်သွားသည်။ ယဲ့ဆွေက သူမမျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။  တောက်လောင်နေသောမီးများ ရပ်တန့်သွားပြီးအလင်းများပြန်ရလာသည်။

 

 

 တိတ်ဆိတ်နေတဲ့ ကော်ရစ်တာက အဆုံးသတ်မရှိဘူးလို့ ထင်ရသည်။

 

 

 ချနိရှု့က ယဲ့ဆွေကို ကြည့်နေဆဲဖြစ်သည်။  သူမမျက်လုံးကိုဖွင့်ကြည့်လိုက်ချိန်  နောက်တစ်စက္ကန့်တွင် သူမ၏အမူအရာသည် သူ၏လက်ချောင်းများကို ဆုပ်ကိုင်ရန် လက်ထုတ်လိုက်မယ်လို့ ကျိန်ဆိုမှုကခိုင်မာလာခဲ့သည်။

 

 

 သူမ၏မျက်နှာပေါ်ရှိ အလင်းရောင်၊ နူးညံ့သိမ်မွေ့သောနှာခေါင်းအစွန်အဖျားတွင်ချွေးစေးအနည်းငယ်ရှိပြီးနားများနီနေသဖြင့် သူမအသက်ပြင်းပြင်းရှူနေရသည်။

 

 

 ချန်ရှု့က ဖြစ်ပျက်ခဲ့တာကိုမသိခဲ့ပေ။ ဒါပေမယ့် သူ့ဇနီးရဲ့ စိတ်အခြေအနေက အလွန်ထိတ်လန့်ခြင်းမှ ငြိမ်သက်မှုသို့ပြောင်းလဲသွားသည်ကိုသာ တွေ့မြင်ခဲ့သည်။  ထို့နောက် သူကသူ့ဇနီးရဲ့ စိတ်ဓါတ်များ အလွန်လျင်မြန်စွာ ပြောင်းလဲသွားကြောင်းကို သုံးသပ်ခဲ့သည်။  သူ၏လှပသော နှုတ်ခမ်းများသည် အမှန်တကယ် အနည်းငယ်ကွေးနေပြီး သူကပြုံးနေတာကို မရပ်တန့်နိုင်ပေ။

 

 

 ယဲ့ဆွေက အေးဆေးတည်ငြိမ်ချိန်မှာ ရုတ်တရက် ရယ်မောလာတဲ့ ချန်ရှု့အသံကိုသာ သူမတိတ်ဆိတ်စွာ ကြားပြီး ​ကြည့်နေရသည်။