အပိုင်း ၈
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း - သန်းနှင့်ချီစွာတန်သော

 

 

 

 

ချန်ရှု့ပြုံးမပြတဲ့အခါမှာ သူ့ခန္ဓာကိုယ်ကအေးလွန်းလို့ ဘယ်သူမှချဉ်းကပ်လို့မရဘူး။

 

 

ယခုသူရယ်လိုက်တဲ့အခါ သူ့ရဲ့ရယ်မောသံများ၊ မျက်လုံးများက မှိတ်တုတ် မှိတ်တုတ်ဖြစ်နေသော်လည်း သူကသူမကိုငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့မျက်လုံးများတွင် ကြည်လင်တဲ့အပြုံးတစ်ခုရှိခဲ့သည်။

 

 

ရှင်ဘာကိုရယ်နေတာလဲ?

 

 

ယဲ့ဆွေ ကိုယ်တိုင်သူမပြုလုပ်ခဲ့တာက သာမန်လူတွေရဲ့ စွမ်းရည်ထက်ကျော်လွန်တယ်ဆိုတာကို သိပေမယ့် ချန်ရှု့ ရဲ့တုန့်ပြန်မှုဟာ သူမတွေးဖူးခဲ့တဲ့အရာနဲ့ ကွဲပြားသည်။

 

 

အခြားတစ်ဖက်တွင် ယဲ့ဆွေကလည်း သူမရဲ့ရည်မှန်းချက်ကို အပြည့်အ၀ အောင်မြင်ခဲ့သည်။ ယခု သူမအဲ့တာကို ထိန်းသိမ်းထားဖို့လိုသည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့လက်ချောင်း ထိပ်ကိုကိုင်ထားပြီး သူမလက်ကို မရုပ်သိမ်းခဲ့ဘူး။  သူမက ချန်ရှု့ရဲ့လက်တွေကို ချောချောမွေ့မွေ့ချိတ်ဆက်ထားတယ်လို့ ထင်ခဲ့သည်။ရှင့်ရဲ့လက်တွေက တော်တော်လေးကြည့်ကောင်းတယ်ဆိုတာ အခုမှကျွန်မသိလိုက်ရပြီ။ ရှင့်ကိုကိုင်ပြီး ဓာတ်လှေကားဆီသွားရတာက ကျွန်မအတွက်အဆင်ပြေတယ် ဒါဆိုသွားကြတော့မလား  ”ယဲ့ဆွေက ရှင်းပြချက်ကို ဆွဲထုတ်ပြီး လက်ချောင်းများကို တန်ဖိုးထားရတဲ့ အကြောင်းရင်းကို အသုံးပြုပြီး ၎င်းကိုဖယ်ထုတ်ခဲ့သည်။

 

 

ချန်ရှု့က သဘောတူတာ သို့မဟုတ် ကတိပေးတာတွေ မလုပ်ခဲ့ဘူး။ ဟုတ်ပါတယ် ယဲ့ဆွေက ချန်ရှု့သဘောမတူမှာကို ကြောက်လို့ ဓာတ်လှေကားဆီကိုသွားဖို့ သူတို့ရဲ့ လက်တွေကို ချိတ်ထားလိုက်သည်။

 

 

အဲ့ဒီမှာ အမွှာတွေရှိနေသေးတာကို သူမ သိနေသည်။ တကယ်လို့ သူမက ချန်ရှု့ရဲ့လက်ကို လွှတ်လိုက်ရင် ကလေးနှစ်ယောက်က သူမရဲ့ပေါင်ကိုပွေ့ဖက်ပြီး သူမကိုအမေလို့ခေါ်လိမ့်မည်။

 

 

အဲ့လိုမျိုးဖြစ်ပျက်ခဲ့ရင် သူမက သူမကိုယ်သူမ သူတို့ထဲကနှစ်ဖက်ကိုတောင် ကိုင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်သူမက ချန်ရှု့ရဲ့လက်မောင်းတွေထဲကို တစ်ဖက်တော့ကောင်းစွာ ထည့်ထားလိမ့်မည်။ ကောင်းပြီဒီနေ့ငါတို့ရဲ့ အသစ်စက်စက်သမီးတွေဆီကို သွားကြမယ်။

 

 

ဓာတ်လှေကားသို့သွားရန် ခရီးကမကြာလှသော်လည်း မိနစ်တိုင်းကတစ်နှစ်နှင့် နှိုင်းယှဉ်နိုင်တယ်လို့ ခံစားခဲ့ရသော ယဲ့ဆွေအတွက်ကတော့ မပြီးဆုံးနိုင်တော့ပါ။ ဆက်လက်ရှင်သန်နိုင်ရန် ယဲ့ဆွေက ချန်ရှု့ရဲ့လက်ကို အကြိမ်ပေါင်းများစွာ ကိုင်တွယ်ရန်နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။

 

 

သို့သော် ထိုကဲ့သို့သော တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်တွင် သူမလူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ အသက်ရှူသံကိုကြားနိုင်သည်။ ယဲ့ဆွေ အဆင်မပြေနေဘူး။ ကံကောင်းတာက ချန်ရှု့ကမမေးခဲ့ပေ။ မဟုတ်ရင် သူမရှုပ်ထွေးတဲ့ လိမ်ညာမှုကို လုပ်နိုင်မှာမဟုတ်ဘူး။

 

 

သူတို့ဓာတ်လှေကားသို့ရောက်တာနှင့်တပြိုင်နက် ယဲ့ဆွေက ချန်ရှု့ရဲ့လက်ကိုလျှော့လိုက်ပြီး သူမရဲ့အာရုံခံတည်ရှိမှုကိုလျှော့ချဖို့နဲ့ သူမရဲ့လုပ်ရပ်များကို ထင်ဟပ်စေဖို့ ဓာတ်လှေကားရဲ့ထောင့်နားသို့ပြန်လည်ဆုတ်ခွာခဲ့သည်။

 

 

သူမကအမြဲတမ်း ချန်ရှု့ ရဲ့ကောင်းမွန်တဲ့စိတ်နဲ့ ပျော့ပျောင်းလှတဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ်မှီခိုအားကိုးနေလို့မရဘူး။ သူလုပ်သင့်တဲ့အရာကို သူ့ကိုလုပ်ခွင့်ပြုနိုင်ရမယ် မှန်တယ်မလား?

 

 

ယဲ့ဆွေ ရဲ့စိတ်နေစိတ်ထားက အရမ်းကြီးသိပ်မကောင်းပေမယ့် ချန်ရှု့ကတိတ်ဆိတ်နေသည်။

 

 

သူကဓာတ်လှေကားရဲ့ လက်ကိုင်ကိုမှီကာ သူ့ရဲ့ခေါင်းကိုအောက်ကိုငုံ့ထားပြီး သူ့ရဲ့မျက်လုံးတွေကတော့ အခုလေးတင် ယဲ့ဆွေကိုင်ထားခဲ့တဲ့ လက်ချောင်းတွေအပေါ်မှာ ကျရောက်နေသည်။ သူ့ရဲ့ အမူအရာက ပေါ့ပါးနေပြီး သူစဉ်းစားနေတဲ့အရာကိုမသိနိုင်ခဲ့ပါ။

 

 

——

 

နောက်တစ်နေ့တွင် ယဲ့ဆွေကို ရန်ကျဲက ကုမ္ပဏီကိုခေါ်လာခဲ့ပြီး သူကထိုအဖွဲ့ရဲ့ ရိုက်ကူးရေးဆိုင်ရာပညာရပ်များနှင့် ပတ်သက်၍ အချိန်ကြာမြင့်စွာ ပြောဆိုခဲ့သည်။

 

 

ရန်ကျဲက ယဲ့ဆွေရဲ့ တိုးတက်မှုက ခေတ္တမျှသာဖြစ်မည်ကို ကြောက်ခဲ့သည်။ ဒါကြောင့်သူမက ယဲ့ဆွေကို နေ့စဉ်နေ့တိုင်း အကြံဥာဏ်များပေးလိမ့်မည်။

 

 

သူမညှင်းဆဲခံရပြီးနောက် (T / N: သူမရဲ့ မန်နေဂျာ ရန်ကျဲဆီကနေ နားပူနားဆာခံရတာ )နောက်ဆုံးတော့ သူမအခန်းထဲကနေ ထွက်လာခဲ့သည်။ အနီးဆုံးဓာတ်လှေကားရဲ့ အပြင်ဘက်မှာ လူများစွာရပ်နေကြသည်။  ရလဒ်အနေဖြင့် ယဲ့ဆွေက အခြားစင်္ကြံတစ်ခုသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။

 

 

ဓာတ်လှေကားအနီးမှာ မိန်းမတစ်ယောက် ဖုန်းပြောနေသည်။ ယဲ့ဆွေက ဒီအမျိုးသမီးကိုအနည်းငယ်ထင်မြင်ချက်ရှိနေသည်။ အဲ့တာက  ဝေရှီ အုပ်စုရဲ့ ဥက္ကဌ ချင်ရှင်း ဖြစ်သည်။ သူမက သူမရဲ့ခင်ပွန်းဖြစ်သူနှင့် အလွန်ချစ်ခင်တွယ်တာသူတစ်ဦးဖြစ်သည်။

 

 

ဝေရှီ အုပ်စုရဲ့ ဖျော်ဖြေရေးလုပ်ငန်းတွင်လည်း ပါဝင်ခဲ့သည်။ စတားပေါင်းများစွာက သူမနဲ့ဆက်သွယ်လိုကြသည်။ ရန်ကျဲက ယဲ့ဆွေကို စာရင်းပြုစုပေးခဲ့ပြီး ထိုနာမည်ကြီးများကို မှတ်တမ်းတင်ခဲ့သည်။

 

 

ဒါပေမယ့် ချင်ရှင်းရဲ့ ဘေးမှာ သရဲတစ်ကောင်တွေ့ခဲ့တာကြောင့် ယဲ့ဆွေက မတက်ချင်ခဲ့ဘူး။

 

 

အရင်တုန်းကသူမကြော်ငြာ ရှုတင်ရိုက်နေစဉ် ထိုသရဲကို ယဲ့ဆွေတွေ့ခဲ့သည်။ အဲ့အချိန်တုန်းက သရဲညီမလေးက ဖိန်နင် ရဲ့ဘေးကနေ လိုက်ကာ သူမကိုဆူပူခဲ့သည်။

 

 

 ဖိန်နင်နဲ့သူမ ချစ်မြတ်နိုးရသော အိုင်ဒေါတို့ အရင်ကဆက်ဆံရေးရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဖိန်နင်က လူကြိုက်များခဲ့ပြီးသူမရဲ့ အိုင်ဒေါကိုစွန့်ပစ်ခဲ့သည်။ ဒီရူးသွပ်လှတဲ့ ဖန်ဂဲလ် သရဲက လမ်းပေါ်မှာသူမရဲ့ အိုင်ဒေါနောက်ကိုလိုက်ရင်း သူမရဲ့လက်ထဲမှာ လင်းလက်တောက်ပတဲ့ မီးလင်းချောင်းနဲ့အတူ သေဆုံးသွားခဲ့သည်။

 

 

 ယဲ့ဆွေ ဖျက်ကနဲသာ ကြည့်လိုက်ပြီး ရပ်လိုက်သည်။သူမက ဓာတ်လှေကားရဲ့ ရှေ့တံခါးဝ၌ရပ်လျက် ဓာတ်လှေကားတက်လာဖို့ စောင့်ဆိုင်းခဲ့သည်။

 

 

သို့သော် ယဲ့ဆွေရဲ့ဆန္ဒက မပြည့်ဝခဲ့ပါ။  သူမရဲ့အားလပ်ချိန်များနဲ့အတူ သူမကလှေကားထစ်များတွင် သူမရဲ့လမ်းကြောင်းတွေ အတိုင်းလာနေပြီး လုံးဝရပ်တန့်ခြင်းမရှိဘဲ လွင့်မျောနေတဲ့ ဖန်ဂဲလ်သရဲကို သူမတွေ့လိုက်ရသည်။

 

 

ယဲ့ဆွေရဲ့ မျက်လုံးတွေကို မသိချင်ယောင်ဆောင်ထားပြီး ဓာတ်လှေကားရဲ့ အထပ်နံပါတ်ပေါ်တွင် အာရုံစိုက်ထားလိုက်သည်။

 

 

ဓာတ်လှေကားက တစ်ထပ်ပြီး တစ်ထပ် တက်ပြီးမကြာမီ သူမဆီသို့ရောက်ရှိခဲ့သည်။ ယဲ့ဆွေက သူမအသက်မရှူနိုင်ခဲ့ဘဲ နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။

 

 

ဟေ့ ဟေ့၊ နင်ငါ့ကိုတွေ့ရလား?” လို့ သရဲမလေးက မေးလာခဲ့သည်။ အဲ့အချက်က ယဲ့ဆွေကို ကြောက်လန့်ပြီး ထွက်ပြေးချင်လုနီးပါး ဖြစ်လာအောင်လုပ်နေသည်။

 

 

ဒါပေမယ့် အချိန်များစွာ ကြာမြင့်လာတော့ ယဲ့ဆွေ သရဲများနဲ့ အမြဲတမ်း ဝင်တိုးမိပြီး တုန်လှုပ်ခြောက်ခြားတဲ့ အတွေ့အကြုံများစွာကို သူမရရှိခဲ့ပြီးဖြစ်သည်။ သူမက ယခုအခါတွင် သူမရဲ့ မျက်နှာအမူအရာ ဖော်ပြချက်ကို ပြောင်းလဲခြင်းမရှိဘဲ အေးဆေးတည်ငြိမ်အောင် ဟန်ဆောင်နိုင်ခဲ့သည်။

 

 

 ဖန်ဂဲလ် သရဲက စကားတွေပြောနေစဥ် မီးလင်းချောင်းကိုဝှေ့ယမ်းလိုက်သည်။ သူမက ယဲ့ဆွေဟန်ဆောင် ဖုံးကွယ်ထားတာကို မယုံကြည်ခဲ့ပေ။  ယဲ့ဆွေကို သေစေနိုင်တဲ့အကြည့်နဲ့ကြည့်ပြီးငါနင်ရဲ့မျက်နှာကို တကယ်ထိုးချင်လာပြီ

 

 

 သူမပျံသန်းနေစဉ်တွင် သူမရဲ့လက်ထဲက မီးလင်းချောင်းက သူမရဲ့လက်ထဲမှမတော်တဆချော်ထွက်သွားပြီး ယဲ့ဆွေ ဆီသို့လွင့်ပျံသွားခဲ့သည်။

 

 

 “ , ငါ့ကလေး အလင်းရောင်တုတ်ချောင်းလေး ”  ဖန်ဂဲလ် သရဲက အလျင်အမြန် လွင့်မျောသွားလိုက်ပြီး.သူမရဲ့ကလေးကို ကောက်ယူလိုက်သည်။

 

 

 ယဲ့ဆွေက ဓာတ်လှေကားကအလွန် နှေးကွေးလွန်းတယ်လို့ တစ်ချိန်ကထင်ခဲ့သည်။ သူမအလင်းရောင်တုတ်ကို ကောက်ယူပြီးနောက် ဖန်ဂဲလ် သရဲက ယဲ့ဆွေရဲ့ အနောက်ဖက်သို့ ပြန်သွားခဲ့သည်။

 

 

ငါနင့်ကိုမမြင်ဘူး။.ငါနင့်အသံကို မကြားဘူး။ ဒါကြောင့်ကျေးဇူးပြုပြီး အဝေးကိုသွားပါတော့  .....

 

 

 ၀န်ထမ်းတော်တော်များများက အဝေးမှထွက်လာကြပြီးအဲ့ဒီနောက်မှ ငါတို့က ချန်းယင်ကို ဖြစ်ရပ်မှန်ရှိုးနဲ့ ရသစုံရှိုးပွဲတွေကို စီစဉ်ပေးသင့်တာပေါ့

 

 

ရူးသွပ်နေတဲ့ ဖန်ဂဲလ် သရဲက သူမရဲ့နှုတ်ခမ်းကို စူလိုက်ပြီး ဝန်ထမ်းတွေရဲ့အရှေ့ဘက်သို့ စိတ်ဆိုးနေတဲ့မျက်နှာနဲ့ လွင့်မျောသွားလိုက်ပြီး  “ချန်းယင်လုပ်မယ့် ဒီ ရသစုံရှိုးက အတိအကျကို ကျော်ကြားမှုကဆုံးရှုံးရလိမ့်မယ်။သူမဇာတ်ကောင်နဲ့ ဘယ်သူကကြိုက်မှာလဲ? ”  ဒီ ဖန်ဂဲလ် သရဲက စတားများနဲ့ ဖုံးလွှမ်းနေတဲ့ ဖန်တစ်ယောက်သာ မဟုတ်ဘဲ ထပ်ပေါင်းရရင်သူမက ဖျော်ဖြေရေးစက်ဝိုင်းရှိ စတားအများစုကိုသိသည်။

 

 

 ၀န်ထမ်းများက အခြားသူများကို ထပ်မံဆွေးနွေးပြောဆိုခဲ့သည်။ချီရှန်းကိုကြည့်ကြည့်လိုက်။ သူကဒီလမ်းကြောင်းကိုသုံးခဲ့ပြီး အနာဂတ်မှာ တိုးတက်မှုတွေအများကြီး မရှိလာဘူးလေ

 

 

အဆိုပါ ဖန်ဂဲလ်သရဲရဲ့ ဒေါသကချက်ချင်းဖြစ်ပေါ်ခဲ့သည်သူမက ဝန်ထန်းရဲ့ခေါင်းကို မီးလင်းချောင်နဲ့ထုလိုက်ပြီးနင့်ရဲ့ မျက်လုံးများတွေက ဘာတွေမှားနေတာလဲ! ငါ့ရဲ့ အိုင်ဒေါက မြေပြင်ပေါ်ဆင်းသက်လာတဲ့ နတ်သမီးလေးဘဲ ပြီးတော့ သူကနေ့တိုင်း အလုပ်ကို ကြိုးစားပြီးလုပ်တယ် သူ့ရဲ့အနာဂတ်က လုံးဝကိုကောင်းမွန်နေမှာ အသေအချာပဲ!” 

 

 

ဒင်!

 

 

ဓာတ်လှေကားကရောက်ရှိလာပါပြီ။ ယဲ့ဆွေက သူမအရှိန်အဟုန်ကိုထိန်းသိမ်းဖို့ ဓာတ်လှေကားသို့ တစ်ဆင့်ပြီးတစ်ဆင့်တက်ခဲ့သည်။ ဟုတ်ပါတယ် ဖန်ဂဲလ် သရဲက သူမနောက်ကနေလိုက်လာနေလို့ပါ။

 

 

 ဓာတ်လှေကားရဲ့အပူချိန်ဟာ ချက်ချင်းပဲအများကြီး ကျဆင်းသွားသည်။  ယဲ့ဆွေ က တစ်ဆယ်၊ ကိုး၊ ရှစ်..”ဆိုကြီး သူမရဲ့စိတ်ထဲတွင် တိတ်တဆိတ်ရေတွက်နေလိုက်သည်။

 

 

ဓာတ်လှေကားရဲ့ အမြန်နှုန်းက လျှပ်တစ်ပြက် ဆင်းသက်လာပြီး ယဲ့ဆွေရဲ့ အရှေ့မှာတော့ ဖန်ဂဲလ် သရဲက လွင့်မျောနေပြီးနင့်ရဲ့နာမည်က ယဲ့ဆွေဆိုတာ ငါသိတယ်။ နင်က ချန်းယင် အသေးစားလေးပဲ။ ဒါပေမယ့် နင်ကမူလ ချန်းယင် ထက်ပိုကောင်းတယ်လို့ ငါထင်တယ်။

 

 

 ပထမထပ်သို့ ရောက်လာတဲ့အခါယဲ့ဆွေက ဓာတ်လှေကားမှ မြန်မြန်ထွက်လာသည်။ အပြင်ဘက်မှာ နေရောင်ကထွန်းလင်းတောက်ပနေပြီး သရဲမက မထွက်လာနိုင်ပေမယ့် ဓာတ်လှေကားရှေ့တံခါးဝမှာ ရပ်နေသည်။

 

 

ယဲ့ဆွေဟာ ဖန်ဂဲလ် သရဲနဲ့ စကားပြောဖို့ သတ္တိရှိမနေဘူး။ သူမနောက်တစ်ခါကျရင် ချန်ရှု့ကို ကုမ္ပဏီဆီခေါ်လာသင့်လား?

 

 

——

 

 အဲ့ဒိဟာက ချန်ရှု့ ရဲ့ သတင်းထုတ်ပြန်ချက် မတိုင်မီ ဖြစ်ခဲ့တာဖြစ်သည်

   တိတ်ဆိတ်သောချိုင့်ဝှမ်း ရဲ့ ရုတ်တရက် သတင်းကြေညာချက်တစ်ခုက ကောင်းကင်တစ်ဝန်းလုံးကို ပျံသန်းသွားသည်။

( ရုတ်တရက် သီတင်တစ်ပုဒ်က တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားတယ်လို့ တင်စားထားတာပါ)

 

 

  အဆိုပါ ကျော်ကြားမှုများအတွက်တိတ်ဆိတ်သောချိုင့်ဝှမ်းရဲ့ ပြင်ဆင်မှု များသည်ဒေါ်လာသန်းရာနှင့် ချီသောရင်းနှီးမြှုပ်နှံမှုများကို စက်မှုလုပ်ငန်းတွင် အချိန်ကြာမြင့်စွာ ဖြန့်ဖြူးခဲ့သည်။  ဟွာရွေ့ ကုမ္ပဏီနှင့် ကွမ်းရီ ဖျော်ဖြေရေးတို့ကိုခိုင်မာသော မဟာမိတ်အဖြစ် သတ်မှတ်နိုင်သည်။ သို့သော် အမျိုးသားနှင့်အမျိုးသမီး သရုပ်ဆောင်များကို မဆုံးဖြတ်ရသေးပေ။

 

 

ကျွန်မ ဒါရိုက်တာရဲ့အမြင်ကို ကျေးဇူးတင်ချင်ပါတယ်! ချန်ရှို့က တကယ်ကောင်းပါတယ်။ သူက သိသာထင်ရှားတဲ့သူ မစ္စတာ ပါဖက်ပါပဲ! မိသားစု ဆက်ဆံရေးကို သူဘယ်တော့မှ အားမကိုးခဲ့ဘူး။ သူကသူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ယနေ့တိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့်မှီခိုခဲ့တယ်။  နောက်ဆုံးမှာတော့ သူအသိအမှတ်ပြုခံရနိုင်တယ်။  ဒီသဘောတူညီချက်က အနာဂတ်မှာကောင်းမွန်လာပါလိမ့်မယ်။

 

 

 “ အခွင့်အလမ်းတွေကိုပေးခဲ့တဲ့ ဟွာရွေ့ နဲ့ ကွမ်းရီကို ကျေးဇူးတင်ပါတယ်။ ဒါရိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်။  ကျွန်မတို့ရဲ့ ချန်ရှို့ကလည်း အလုပ်ကိုကြိုးစားရမယ်နော်! ”

 

 

“…”

 

 

ဟွာရွေ့က သတင်းကို ပထမဦးဆုံးအကြိမ် မြင်ခဲ့သည်။ သူတို့နှစ်ဦးက လွန်ခဲ့တဲ့ ရက်က ဘယ်သူက ဘယ်အခန်းတွင် ဦးဆောင်ရမည်ကို ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ချန်ရှို့က သူ့ရဲ့ဇာတ်ကောင်ကိုရရှိဖို့ကို တကယ်မသိခဲ့ဘူး။ ပရိသတ်ကို သရုပ်ဆောင်ခြင်းနဲ့ ကျေနပ်ရောင့်ရဲဖို့နဲ့ လူထုအမြင်တွင် အားသာချက်ရှိဖို့ ကြိုတင်ပြင်ဆင်ထားရမည်ကိုလည်း သေချာမသိခဲ့ပါပေ။

 

 

တိတ်ဆိတ်သောချိုင့်ဝှမ်းရဲ့ အဖွဲ့၀င်များသည် ဟွာရွေ့ နှင့်အချိန်တိုအတွင်းဆက်သွယ်မှုကြီးကြီးမားမားရှိခဲ့ပြီး ချန်ရှို့ရဲ့ အွန်လိုင်းဆွေးနွေးမှုသည် ယခုအချိန်တွင် အလွန်များပြားလာသည် ဟုဆိုလိုသည်။  အကယ်၍ သူတို့က သူတို့မျက်နှာကို ထုတ်ပြီးရိုက်မယ်ဆိုရင် သူတို့ကလုံးဝဆုတ်ဖြဲသွားလိမ့်မည်။  (T / N: ချန်ရှို့ ကို ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်ပြီ မျက်နှာသာပေးခြင်း။ )

 

 

၎င်းက လုံးဝဖျက်စီးပစ်လိုက်သည့် ကြင်နာတဲ့စကားဖြစ်သည်။ (T / N: ရုပ်ရှင်က မအောင်မြင်ပါပေ )

 

 

ချန်မိသားစုက စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည်။ဝမ်ချွမ်းက အဲ့တာကိုဆွေးနွေးရန် အစည်းအဝေး မကျင်းပခဲ့ပါ။ သူကတံခါးကိုခေါက်လိုက်ပြီး ချန်ရှု့ရဲ့ ရုံးခန်းသို့ဝင်လာခဲ့သည်။ "ဥက္ကဌ ချန်"

 

 

ချန်ရှို့ရဲ့တိတ်ဆိတ်သောချိုင့်ဝှမ်းမှာရှိနေတော့မယ့် သတင်းက ကျွန်တော်တို့သရုပ်ဆောင်တွေကို ကြေငြာခြင်းမခံရခင် တစ်ရက်အလိုမှာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပါတယ်"

 

 

အမ်းချန်ရှု့ရဲ့အသံက အေးဆေးတည်ငြိမ်စွာ ထွက်လာခဲ့သည်။

 

 

အဲဒီနေ့မှာပဲ သူဌေးနဲ့ ချန်ရှို့တို့ကို စားသောက်ဆိုင်တဆိုင်တည်းမှာ ကျွန်တော်တွေ့ခဲ့တယ်.....” ဝမ်ချွမ်းတွန့်ဆုတ်သွားခဲ့သည်။ဒီကိစ္စနဲ့ပတ်သက်ပြီး ချန်ရှို့ နဲ့ဘယ်လိုအပေးအယူလုပ်ရမလဲလို့ ကျွန်တော်မေးချင်ပါတယ်

 

 

ဝမ်ချွမ်က သူဌေးဘေးက အမျိုးသမီးတစ်ဦးအား အမှတ်မထင် စဉ်းစားမိလိုက်သည်။ ဒါပေမယ့် ယခုအချိန်က တင်းတင်းကျပ်ကျပ်ဖြစ်နေတာကြောင့် အဲ့တာက မေးမြန်းဖို့အခွင့်ကောင်းမဟုတ်ဘူး။

 

 

ချန်ရှု့က မျက်ခုံးကိုပေါ့ပါးစွာ မြှင့်လိုက်သည်။တိုက်ရိုက်ပြောချုံပတ်လည်ကို မရိုက်နဲ့။

 

 

သူဌေးနဲ့ ချန်ရှို့က သူငယ်ချင်းလား?”  ဝမ်ချွမ်းကသူဌေးနှင့် ချိန်ရှို့ တို့မှာ ကောင်းမွန်ဆက်ဆံရေးရှိခဲ့ရင် သတင်းကိုရှင်းလင်းတဲ့အခါ သူတို့အလွန်သတိထားသင့်တယ်လို့ ခံစားခဲ့ရသည်။

 

 

ချန်ရှု့ကသူ့ရဲ့နှုတ်ကိုဖွင့်ဟ၍ စကားအနည်းငယ်ကိုပြောလိုက်သည်။သူငယ်ချင်းတော့ မဟုတ်ဘူး။ ငါကသူ့ရဲ့   တတိယဦးလေး

 

 

ချန် မိသားစုက အစွမ်းထက်တယ်လို့ ဒါရိုက်တာ ကော ကပြောသည်။ သူတို့မှာကောင်းမွန်တဲ့ အရှိန်အဝါတွေအများကြီးရှိသည်။

 

 

“…” ဝမ်ချွမ်းက ဒုတိယပိုင်းကိုမပြောခဲ့ဘူး။ ဒါရိုက်တာတွေက ချန် မိသားစုကို အဲ့လိုလွှမ်းမိုးမှုလို့ခေါ်တဲ့ ဟာပေါ်မှာ သိသိသာသာ မမှားစေလိုသောကြောင့်ဖြစ်သည်။

 

 

ချန်ရှု့က အနည်းငယ်ပြန်လှည့်လာပြီး မျက်ခုံးကိုဆွဲလိုက်သည်။ဒီနေ့ငါတို့ ကြေညာမယ်လို့ မင်း လုပ်ဖော်ကိုင်ဖက်တွေကို သတင်းပေးလိုက်

 

 

ဝမ်ချွမ်း - “ချန်မိသားစု အတွက် ...”

 

 

ချန်ရှု့ရဲ့မျက်ခမ်းက ခုန်တက်သွားခဲ့သည်။ သူကဘာကိုမှဂရုမစိုက်ဘဲ သူ့ရဲ့နက်မှောင်တဲ့မျက်လုံးတွေက ထုံးစံအတိုင်း လျစ်လျူရှုခြင်းနဲ့ ဘာစကားမှမပြောဘဲ ယဲ့ယဲ့လေး ကြည့်လိုက်သည်။

 

 

ဝမ်ချွမ်း - “ ကျွန်တော် သိပါပြီ

 

 

နာရီဝက်အကြာတွင်တိတ်ဆိတ်သောချိုင့်ဝှမ်းက အဲ့တာရဲ့ကြယ်ပွင့်ဖြစ်ကြောင်း ကြေငြာခဲ့ပြီး တာဝန်ရှိသူများက ချန်ရှို့နဲ့ အဆက်အသွယ်မရှိခဲ့ပါဘူးလို့ ပြောကြားခဲ့သည်။ ချန်ရှို့က အရင်းအမြစ်တွေကိုလုယူချင်တာလား ဆိုတာနဲ့ပတ်သက်၍ အင်တာနက်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

 

 

 ဆယ်မိနစ်ကြာပြီးနောက် ချန်ရှို့ ရဲ့စတူဒီယိုက ရှင်းလင်းဖို့ ခုန်ချခဲ့သည်။ သူကယခင်တိတ်ဆိတ်သောချိုင့်ဝှမ်းရဲ့ ဖျော်ဖြေမှုနဲ့ ပတ်သက်တဲ့သတင်းအားလုံးကို မေ့သွားရုံသာမက အနက်ရောင်ပစ္စည်းက အလွန်လျှင်မြန်ကြောင်းနဲ့ ကောလာဟလများကို တရားစွဲဆိုလိမ့်မည်ဟု ဖော်ပြခဲ့သည်။

 

 

ချန်မိသားစု ရဲ့ နောက်ခံကဘာလဲအရင်းအမြစ်တွေကို ခိုးယူဖို့ကျွန်တော်တို့ရဲ့ အစ်ကိုကကြွေထည်ပစ္စည်းကို ထိဖို့လိုလို့လား? တကယ်လို့ ချန်ရှို့က ဖျော်ဖြေရေးလုပ်ငန်းမှာ မလုပ်ချင်ဘူးဆိုရင် သူ့မိသားစုဆီသွားကိုပြန်ပြီး အမွေဆက်ခံသင့်တယ်

 

 

သိသာထင်ရှားတာက ကောလာဟလ ထုတ်လုပ်သူရဲ့ ပြဿနာပါပဲ။  သူ့အစ်ကိုနဲ့ ဘာမှမဆိုင်ဘူး။ သူက ချန်ရှို့ကို သူ့ရဲ့အခွင့်အရေးကို ကာကွယ်ဖို့ထောက်ခံတာပဲ

 

 

“….....”

 

 

 ကြည့်ရှုသူတစ်ဦး အနေဖြင့် ယဲ့ဆွေက ထိုအဖွဲ့ရဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို မြင်ခဲ့သည်။  သူမက သူမရဲ့ဆဲလ်ဖုန်းပေါ်က သတင်းကိုမဖတ်ရှုနိုင်တော့ဘူး။

 

 

ယဲ့ဆွေက အရင် သူမ ချန်မိသားစုရဲ့ အိမ်နဲ့စားသောက်ဆိုင်၌ရှိစဉ်တုန်းက သူ့ရဲ့ချန်ရှို့ ရဲ့ရှေ့မှောက်၌ အကြိမ်များစွာကျရှုံးခဲ့တယ်လို့ တွေးခဲ့သည်။ ရလဒ်အနေနှင့် ဟွာရွေ့ကလုံးဝသူ့ကို ဆက်သွယ်ခြင်းမရှိခဲ့ပါ။ သူမက သူမရဲ့ရယ်မောမှုကို မတားနိုင်ခဲ့ပေ။

 

 

အရာရာတိုင်းအတွက် စိတ်ကြီးဝင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ပြုမူခဲ့သည်။ ကြွစောင်းစောင်းဖြစ်ခြင်းက နောက်ဆုံးတွင်  ကံကြမ္မာကရိုက်ခတ်လိမ့်မည်။  အမျိုးသားဇာတ်ကောင် ချန်ရှို့ ကတော့အကောင်းဆုံးဥပမာတစ်ခုပါပဲ။

 

 

သူမထွက်ခွာသွားတဲ့အချိန်တွင် သူမ သရဲတစ္ဆေများနဲ့ ဆုံမိသည်။ သူမပြိုလဲသွားသလို ခံစားရသည်။ကံကောင်းထောက်မစွာ ယန် စွမ်းအင်ကို ထောက်ပံ့ပေးသူ ချန်ရှု့က အနားမှာရှိခဲ့သည်။ အဲ့လိုမဟုတ်ခဲ့ရင် သူမရဲ့ဘဝက ယခုအချိန်တွင် သက်တောင့်သက်သာမရှိနိုင်ပါ။

 

 

 ယဲ့ဆွေက ချန်ရှု့ အတွက်ထမင်းဟင်းချက်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

 

 

ယဲ့ဆွေက ရေခဲသေတ္တာကို ကြည့်ဖို့ အိမ်ကိုပြန်သွားလိုက်သည်။ ဘယ်လိုအစားအစာမျိုးကို သူချက်ပြုတ်သင့်လဲ ?

 

 

 ကြက်ဥတွေကို ခရမ်းချဉ်သီးနဲ့ ရောချက်မယ်။ အဲ့တာက အရသာရှိတယ်။ ဒါပေမယ့် အဲ့တာကအရမ်းရိုးစင်းတယ်။ ခေါက်ဆွဲ ဟုတ်တယ်အတွေးအခေါ်အသစ်တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာကို သူမမသိခဲ့ပါပေ။

 

 

ဒီလိုပဲသူမဟာ ချန်ရှု့ရဲ့အားသာချက်ကို ဒီလောက်ကြာအောင် အသုံးချခဲ့လို့ အရှက်ရခဲ့သည်။ သူမကထူးခြားပြီး စိတ်ရင်းမှန်ဖြင့် ဘာချက်ပြုတ်ရမလဲကို မသိခဲ့ပါ။

 

 

ယဲ့ဆွေ ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး သူမရဲ့ခေါင်းကို လက်ပေါ်မှာတင်ပြီး ဦးနှောက်ခြောက်အောင် အချိန်ကြာမြင့်စွာ စဥ်းစားခဲ့သည်။သူမရဲ့အမြင်အာရုံကို ဧည့်ခန်းထဲမှာ လှည့်ပတ်သွားလာရင်း ရုတ်တရက် သူမရဲ့အမြင်အာရုံထဲမှာ တစ်စုံတစ်ခုက ပေါ်လာခဲ့သည်။

 

 

ယဲ့ဆွေ မျက်လုံးတွေက တောက်ပနေသည်! ဟုတ်တယ် သူမဘာလုပ်ရမလဲဆိုတာ သိသွားပြီ။

 

 

ယဲ့ဆွေ မတ်တပ်ရပ်လိုက်ပြီး နံရံကပ်စင်ဆီလိုက်သွားသည်။ သူမက သပ်သပ်ရပ်ရပ် စီစဉ်ထားတဲ့ လက်ဖက်ရွက်တွေ ထည့်ထားတဲ့အိတ်ကို ကြည့်ပြီး နူးညံ့သိမ်မွေ့တဲ့အပြုံးကို ပြသခဲ့သည်။

 

 

 ယဲ့ဆွေက လက်ဖက်ရွက်တွေကို တစ်ခုပြီးတစ်ခု ကောက်ယူလိုက်သည်။  ဒါကသူမ ဒီနေ့လက်ဖက်ရည်အနံ့ ကြက်သားကို ပြုလုပ်မှာဖြစ်သည်။

 

 

 အကယ်၍ လက်ဖက်ရွက်တွေ ထည့်ထားတဲ့အိတ်၌ စိတ်ဝိညာဉ်ရှိလျှင်ကြောက်ရွံ့တုန်လှုပ်နေပြီး သူမရှေ့တွင် အသနားခံလိမ့်မည်။

 

 

ဘာကြောင့်ဒီလို ဖြစ်လာရတာလဲ? ငါမကျေနပ်မှုကို ခံစားခဲ့ရတယ်၊ငါ့နှလုံးက ခါးနေတယ်၊ ​​ငါကအရမ်းမြင့်မြတ်တယ်။ ပြီးတော့ ငါ့ကို မမျှော်လင့်ဘဲနဲ့ ဟင်းခွက်တွေကိုလုပ်တော့မယ်။ ဝါးဝါး.......

 

 

 ယဲ့ဆွေက လက်ဖက်ရည်အနံ့အရသာရှိတဲ့ ကြက်သားလုပ်ရတာကို ကြိုက်ခဲ့သည်။ သူမ လက်ဖက်ရွက်တွေ ထည့်ထားတဲ့အိတ်ကို ကြည့်လိုက်သည်။ အဲ့မှာ လက်ဖက်ရွက်တွေအများကြီးရှိသည်။ အဲ့တာက သူမသုံးဖို့အတွက်တကယ် သင့်လျော်သည်။

 

 

ယဲ့ဆွေက သူမရဲ့လက်တွေကို ပွတ်သပ်လိုက်မိသည်။ ဒီတစ်ကြိမ်တွင် ချန်ရှု့ကို သူမရဲ့ရိုးသားမှုကို ခံစားခွင့်ပေးရမည်။

 

 

ယဲ့ဆွေက သူမစိတ်ထဲမှ ချက်ပြုတ်သည့်အဆင့်ဆင့်ကို ဖြတ်သန်းပြီးနောက် ပါဝင်ပစ္စည်းများကို ဝယ်ယူခဲ့သည်။ သူမအိမ်ပြန်ရောက်တာနဲ့ ချက်ချင်းပင် ပြင်ဆင်ခဲ့သည်။

 

 

 သူမသည်လည်း အထူးသဖြင့် အချိန်ကိုကြည့်ရှုနေသည်။ အဲ့တာက ၆နာရီထိုးပြီးပါပြီ.... ချန်ရှု့ အိမ်ပြန်မရောက်မီ နှစ်နာရီခန့်အလိုမှာဖြစ်သည်။

 

 

ယဲ့ဆွေက ချန်ရှု့ နဲ့အတူရှိနေခဲ့တာ အတော်ကြာနေပြီပင်။  ချန်ရှု့က နာရီတွင် အိမ်သို့ပြန်လာမှာကို သူမသိထားပြီးဖြစ်သည်။

 

 

ချန်ရှု့ အကောင်းဆုံးအရသာရရှိစေဖို့ သူမကအဲ့တာကို  နာရီခန့်မှာ ပြုလုပ်လိမ့်မည်။

 

 

နာရီဝန်းကျင်တွင်

 

 

 တံခါးက ချက်ချင်းပွင့်လာသည့။  ချန်ရှု့ကတော့ သူ့မျက်နှာမှာအမူအရာကို မဖော်ပြခဲ့ဘူး။

 

 

အဲ့တာက ပုံမှန်အချိန်နဲ့ အနည်းငယ်ကွာခြားသည်။ ချန်ရှု့ တံခါးဝသို့ဝင်လာတဲ့အခါ မွှေးကြိုင်တဲ့အနံ့ကို ရှူမိခဲ့သည်။ အိမ်တွင် မီးနဲ့မချက်ပြုတ်ခဲ့တာက အချိန်ကြာခဲ့သည့်အပြင် ထမင်းဟင်းတွေရဲ့ အနံကိုရတာကလည်း ရှားပါးသည်။

 

 

 ချန်ရှု့က မကြည့်ဘဲနဲ့ ဆက်ပြီး ဖိနပ်ကိုလဲခဲ့သည်။ သူက သူ့ဖိနပ်ကို လဲလိုက်ပြီး သူ့လက်ကိုဆေးကြောကာ ဆိုဖာပေါ်မှာထိုင်လိုက်သည်။

 

 

 အဲ့အချိန်တွင်  ဖြူပြီးသွယ်လျတဲ့ လက်၊ အရောင်တွေမဆိုးထားတဲ့ သန့်ရှင်းတဲ့ လက်သည်းတွေထဲက သူ့ရဲ့ အမြင်အာရုံမှာရှိနေတဲ့ စားစရာကိုကြည့်လိုက်သည်။

 

 

ယဲ့ဆွေရဲ့လက်ထဲမှာ ပန်းကန်လုံးတစ်လုံးရှိပြီး ပန်းကန်းလုံးထဲမှာ ဟင်းတွေရှိသည်။ အခုသူအနံ့ခံမိတဲ့ဟာက ဒီကနေလာတာပဲ။

 

 

ချန်ရှု့ ခေါင်းကိုမော့လိုက်ပြီး ယဲ့ဆွေကို မော့ကြည့်လိုက်သည်။

 

 

ဒီနေ့ ကျွန်မလက်ဖက်ရည်အနံ့အရသာ ကြက်သားကိုလုပ်ခဲ့တယ်။ ဒါကိုစမ်းစားကြည့်ချင်လား?”

 

 

 

ချန်ရှု့ရဲ့ ပင်ကိုအသိစိတ်က အနည်းငယ် မှားယွင်းသွားခဲ့သည်။  သူကထပ်ပြောလိုက်သည်။လက်ဖက်ရည်အနံအရသာရှိတဲ့ ကြက်သားလား ?”

 

 

ယဲ့ဆွေက ခေါင်းညိတ်ပြလိုက်သည်။ -“ အဲ့တာတွေက အိမ်မှာရှိတဲ့ ပစ္စည်းတွေလေ ဒါကြောင့် ကျွန်မလက်နဲ့လုပ်ခဲ့တာ  ယဲ့ဆွေက ထိုင်ချလိုက်ပြီး လက်ဖက်ရည်စားပွဲပေါ်ရှိ လက်ဖက်ရွက်တွေ ထည့်ထားတဲ့အိတ်ကို ကောက်ယူလိုက်ပြီး ချန်ရှု့ ရှေ့တွင်ခါလိုက်သည်။

 

 

ချန်ရှု့ရဲ့ မျက်လုံးတွေက လက်ဖက်ရွက်တွေ ထည့်ထားတဲ့အိတ် ပေါ်တွင်ကျရောက်နေပြီး အဲ့တာကို သူ့ရဲ့နက်ရှိုင်းတဲ့ မှတ်ဥာဏ်ထဲမှထုတ်လိုက်သည်။