အပိုင်း ၁၀
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၀ - မင်းကြောက်နေလား

 

 

 

ဒီဇာတ်လမ်းတွဲမှာ မိတ်ကပ်က ယဲ့ဆွေကို အများပြည်သူအတွက် 'ချန်းယင်' အဖြစ် ပထမဆုံးအကြိမ် မပြသခြင်းဖြစ်သည်။  ပထမဦးဆုံးအကြိမ် သူမရဲ့နာမည်က သူ့ကိုယ်ပိုင်တန်ဖိုးနဲ့ ရှိနေခြင်းပဲ။ ယဲ့ဆွေ ရဲ့မိတ်ကပ်က လူများစွာကို အံ့အားသင့်စေခဲ့ပေမယ့် သူမမှာ ဖန်မဟုတ်သူတွေများသည်။ အလှအပတစ်ခုတည်းက သူမရဲ့ပြန်လည်သုံးသပ်ခြင်းကို တိုးတက်လိမ့်မည်မဟုတ်ပေ။

 

 

 ဒီလိုဖြစ်လင့်ကစား ယဲ့ဆွေရဲ့ အသွင်အပြင်က လူတွေရဲ့နှလုံးသားထဲမှာ အမှတ်အသားတစ်ခုကျန်နေဆဲဖြစ်သည်။

 

 

ဘာကြောင့်လဲဆိုတော့ ခေါင်းကြီးပိုင်းတွင် လူတစ်ဦးတစ်ယောက်က ငြိမ်သက်စွာထိုင်နေလို့ မရနိုင်ပေ။

 

 

လက်ရှိတွင် ချန်းယင်က ကုမ္ပဏီရဲ့ကားထဲတွင်ထိုင်ကာ သူမရဲ့ဖုန်းကို သုန်မှုန်နေတဲ့ မျက်နှာအမူအရာနဲ့ စိုက်ကြည့်နေသည်။ သူမက သူမရဲ့ ဝေ့ပေါ် အကောင့်ကို စစ်ဆေးတိုင်း သူမရဲ့ပရိသတ်များမှ ချီးမွမ်းချက်များကို ဖတ်သည့်အခါ သူမဝမ်းသာလိမ့်မည်။ သို့သော်ယခုအခါ လူတိုင်းက ယဲ့ဆွေကို ချီးမွမ်းနေကြသည်။

 

 

သူတို့ထဲကတချို့က ယဲ့ဆွေက သူမထက်တောင် ကောင်းတယ်လို့ ထင်ကြသည်။

 

 

ချန်းယင်က သူမရဲ့ဒေါသကို ထိန်းပြီး လက်သီးကိုဆုပ်လိုက်သည်။ သူမရိုက်ကူးသည့်နေရာတွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယဲ့ဆွေရဲ့ တုန်လှုပ်စေသောမြင်ကွင်းကို သူမစိတ်ထဲတွင် မရရှိနိုင်ပါ။ သူမက သတ်မှတ်ချက့အပေါ် အာရုံစူးစိုက်လို့မရခဲ့ဘူး။ အဲ့ဒါက ပြင်းထန်စွာနဲ့ သူမရဲ့အာရုံကိုဖမ်းစားထားခဲ့သည်။

 

 

သူမက ယဲ့ဆွေရဲ့ အပြုအမူ အပြောင်းအလဲကို သတိပြုမိခဲ့သည်။ သူတို့မတိုင်မီ တွေ့ဆုံခဲ့သည့်အခါတုန်းက ချန်ရှို့က ယဲ့ဆွေရဲ့နေရာတွင် အစားထိုးဆက်ဆံဖို့ တိုင်ကြားခဲ့သည်။ ချန်းယင်က သူမအနားမှာ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေပြီး စိတ်ထိခိုက်တဲ့ ခံစားချက်ကိုသာ ပြသခဲ့သည်။

 

 

သားကောင်အဖြစ် ရည်ရွယ်ချက်ရှိရှိ ပြုမူခြင်းအားဖြင့် သူမကအများပြည်သူရဲ့ ထင်မြင်ချက်ကို သူမမျက်ခြည်မပြတ်ကြည့်ရှုဖို့ ရည်ရွယ်ထားသည်။ ငိုနေစဉ်အဝတ်အစားလဲတဲ့ အခန်းမှ ထွက်ခွာခြင်းက ထိုအကြောင်းပြချက်ကြောင့် လူအများကထိုမြင်ကွင်းကို မြင်တွေ့ဖို့ သေချာစေခဲ့သည်။ ထိုအဖြစ်အပျက်ပြီးတဲ့နောက် ယဲ့ဆွေရဲ့ ဂုဏ်သတင်းဆိုးရွားသွားသည်။

 

 

ချန်းယင်က ယဲ့ဆွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ထင်ပေါ်ကျော်ကြားမှုကို လုံးဝချေမှုန်းနိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့သည်။ ယခုတော့ ယဲ့ဆွေ ပြောင်းလဲသွားပြီ။ သူမရဲ့ပုံကို အတုယူဖို့မလိုအပ်တော့ဘဲ ယဲ့ဆွေက အစားထိုးခြင်းအဖြစ် ထပ်ပြီးဟန်ဆောင်မနေတော့ပါ။

 

 

မန်နေဂျာက ချန်းယင်ရဲ့ အမူအရာဖော်ပြချက်ကို မြင်သောအခါ သူကသူမကိုငြိမ်သက်စေဖို့ ကြိုးပမ်းခဲ့သည်။  ယဲ့ဆွေက သူမကို မှတ်ချက်ပေးဖို့ ဖိုရမ်ပိုစတာတစ်ခုကို လုပ်ခဲ့ဖူးသည်။ သူမရဲ့အလှတရားကို သူတို့ဘယ်နေရာမှာတွေ့ရလဲ။ အဲ့တာကိုစိတ်မပူပါနဲ့ ဒီတစ်ယောက်ကို ငါချန်ထားမယ်။

 

 

 အဖွဲ့က အလုပ်လုပ်ပြီး အရမ်းမြန်တယ်။ ထိုနှစ်သက်ဖွယ် မှတ်ချက်များကိုနှိမ်နင်းခဲ့သည်။ ထို့အပြင် ချန်းယင်ရဲ့ ပရိသတ်များကမူ သူတို့ရဲ့အိုင်ဒေါကို မည်သူမဆိုနှင့် နှိုင်းယှဉ်လိုခြင်း မရှိသော်လည်း သူတို့ရဲ့ထင်မြင်ချက်များကို စတင်ရေးသားခဲ့ကြသည်။

 

 

 [ယဲ့ဆွေ ကအနီရောင်မဝတ်သင့်ဘူး အဲ့တာအားလုံးက သူမနဲ့မသင့်တော်ဘူး။  ချန်းယင်ရဲ့ အသွင်အပြင်က အံ့သြဖွယ်ကောင်းတယ်။ လူတိုင်းက ကမ္ဘာ့နံပါတ်တစ် အလှတရား မဖြစ်နိုင်ဘူး ]

 

 

 [ယဲ့ဆွေက ကြည့်ကောင်းနေတယ်၊ ဒါပေမယ့်ဘာဖြစ်လဲ? အပြင်ပိုင်းမှာဘဲ လှတာ အတွင်းကတော့ ပုပ်နေတာပဲ။ သူမရဲ့အသွင်အပြင်က မီဒူဆာလိုပဲ သူမအပေါ်ဖြုန်းတီးနေတာ ]

 

 

 [ချန်းယင်ရဲ့ ရှုချယ်စဖွယ်အညွှန်းက ယဲ့ဆွေ ထက်များစွာပိုမိုမြင့်မားတယ်။ ဒီဖိုရမ်ပိုစတာတွေကို ငွေပေးချေသူတွေက အရမ်းဝေးဝေးမသွားသင့်ဘူး။ အဲ့တာကနေတဆင့် သူတို့ရဲ့ငွေတွေနဲ့ ငွေခဝါချနိုင်တယ်။ ]

 (T / N: ရှုချင်စဖွယ်အညွှန်းက တစ်စုံတစ်ယောက်က ဘယ်လောက် ကြည့်ကောင်းလဲဆိုတဲ့နှုန်းပဲ )

 

 

 အဆိုပါ မှတ်ချက်တွေက နောက်ဆုံးတော့ပြောင်းပြန်ခံခဲ့ရပေမယ့် ယဲ့ဆွေရဲ့ အဖွဲ့က ပျက်စီးဆုံးရှုံးမှုကို လျှော့ချဖို့မကြိုးစားခဲ့ဘူး။ သူတို့က ယဲ့ဆွေရဲ့လူသိများတဲ့ပုံရိပ်က မကောင်းဘူးဆိုတာကို သူတို့သတိထားမိခဲ့ကြပြီး ဘာမှမလုပ်ဘူးဆိုရင် သူမနာမည်ပျက်စာရင်းသွင်းခံရနိုင်သည်။ ဒါက မကြာမီ ဖြစ်လာလိမ့်မည်။ အနာဂတ်မှာ သူမက လူအများရဲ့ အမြင်ကိုပြောင်းလဲပစ်ဖို့ သူမရဲ့ကိုယ်ပိုင်အစွမ်းသတ္တိကို အားကိုးလိမ့်မည်။

 

 

မှတ်ချက်တွေကတောင်မှ ယခုအခါသူမရဲ့ထိန်းချုပ်မှုအောက်မှာရှိသော်လည်း ယဲ့ဆွေက ခြိမ်းခြောက်မှုကိုခဲ့နေရဆဲပဲလို့ ချန်းယင် ခံစားရသည်။ ချန်းယင်ရဲ့မျက်နှာကို ဆုံးရှုံးစေဖို့ အမျိုးသမီးတွေရဲ့ အလှအပကိုချီးမွမ်းထားတဲ့ မှတ်ချက်တွေဖြစ်သည်။

 

 

 အင်တာနက်က မှတ်ချက်များက ယဲ့ဆွေအပေါ် လုံးဝအကျိုးသက်ရောက်မှုမရှိခဲ့ပါ။ သူမမှာ အခြားစိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

 

 

ဒီနေ့တွေမှာ သူမအလုပ်ကနေ ထွက်လာတဲ့အချိန်တိုင်း သရဲတွေကိုကြောက်ပြီး ထပ်မံထွက်ပြေးရမှာကိုစိုးရိမ်သည်။ သရဲကို မြင်နိုင်တာက သူမကိုအလန့်တကြားဖြစ်စေသည်။ သူတို့ကိုသာ စကားပြောခိုင်းရတာက မလွယ်ကူဘူး။ ကံကောင်းထောက်မစွာ ထို ဖန်ဂဲလ် သရဲက နောက်ထပ်ကုမ္ပဏီမှာ မပေါ်လာတော့ဘူး။

 

 

ဒီနေ့ အချို့သောအရာများက ပုံမှန်အတိုင်းမဟုတ်ပါ။ဌာနခွဲကို ယဲ့ဆွေရောက်လာတဲ့အချိန်  ကောင်းကင်က လုံးဝမှောင်မိုက်နေသည်။ အဲ့မှာနေထိုင်တဲ့သူများက တက်ကြွနေဆဲဖြစ်သော်လည်း သရဲများက ပတ်ပတ်လည်၌ လှည့်လည်နေပြီးဖြစ်သည်။

 

 

အီ

 

 

တစ်ခုခုက ယဲ့ဆွေရဲ့ ဒေါက်ကိုကိုင်ထားပုံရသည် ဒါပေမယ့် သူမကြည့်လိုက်တော့ အဲ့တာက စက္ကူခွက် တစ်ခုဖြစ်နေသည်။ လေတိုက်ပြီး သူမရဲ့ခြေထောက်ကို လာတိုက်သွားတယ်လို့ သူမယူဆခဲ့သည်။ ယဲ့ဆွေက အဲ့တာကို ကောက်ကိုင်လိုက်ပြီး အနီးဆုံးက အမှိုက်ပုံးထဲသို့ပစ်ချလိုက်သည်။

 

 

အီ

 

 

 နောက်တဖန် သူမရဲ့ခြေထောက်ကို တစ်စုံတစ်ခုကထိမိခဲ့သည်။ သူမငုံ့ကြည့်လိုက်တဲ့အခါ ... ဒါက စက္ကူခွက်တစ်ခွက်ပဲ ဖြစ်နေပြန်သည်။  ဒီခွက်တွေကို ဘယ်သူတွေပစ်နေတာလဲလို့ သူမသိချင်ခဲ့သည်။  ဒီတစ်ခါမှာတော့ ယဲ့ဆွေက ခွက်ကိုကောက်ကိုင်လိုက်တဲ့အခါ အဲ့ဒီမှာအပေါ် ပုံစံတစ်မျိုးကိုတွေ့နိုင်သည်။ အဲ့ဒီအောက်မှာ ရေးထားတဲ့ မျဥ်းကြောင်းမှာပါတဲ့ အက္ခရာကတော့ Q ပုံပါပဲ။

 

 

ချီရှန်း၊ ချီရှန်း၊ ချီရှန်း....

 

 

 ယဲ့ဆွေ  စကားမပြောနိုင်တော့ဘူး။  သူမက ရုတ်တရက်ကုမ္ပဏီပတ်ဝန်းကျင်မှာ ပေါ်ထွက်လာတတ်တဲ့ " ညီမငယ် " သရဲကို သတိရမိလိုက်သည်။ တစ်စက္ကန့်ကြာသော် သူမကစက္ကူခွက်ကို လွှင့်ပစ်လိုက်ပြီး ဘာမျှမဖြစ်ခဲ့သလို့ ဟန်ဆောင်ခဲ့သည်။

 

 

ခဏအကြာမှာတော့ ခွက်ကထပ်ပြီး လှိမ့်လာကာ သူမရဲ့ခြေထောက်ကို ထပ်တိုက်မိတော့ သူမ မအံသြတော့ပါ။ဒါက တိုက်ဆိုင်မှုဖြစ်ခဲ့တယ်လို့ သူမ မယုံကြည်ခဲ့ဘူး။ သူမက ရိုးရှင်းစွာ လျစ်လျူရှုလိုက်ပြီး ရှေ့သို့ဆက်သွားခဲ့သည်။

 

 

 "ငါ့ကိုပြန်လှည့်ကြည့်ရင်တောင်မှ နင်ကငါ့ကိုမတွေ့ခဲ့ဘူးလို့ ဟန်ဆောင်နေတုန်းပဲ" လို့ ဖန်ဂဲလ် သရဲရဲ့ အသံက သူမရဲ့အနောက်မှထွက်လာသည်။ သို့သော် ယဲ့ဆွေ ကတော့ပြန်မဖြေခဲ့ပါ။ ဆက်ပြီး သရဲကပြောလာသည်။ - လိမ်တာက မှားတယ်လို့ အမေကပြောဖူးတယ်။ နင်ငါ့ကိုကူညီသင့်တယ်နော် "

 

 

ယဲ့ဆွေက သရဲကိုတုန့်ပြန်ဖို့ ရည်ရွယ်ချက် လုံးဝမရှိပေ။  အခြေအနေရဲ့ အရေးတကြီးလိုအပ်မှုက ယဲ့ဆွေကိုအလွန်အမင်း အပူတပြင်းဖြစ်စေခဲ့ပြီး သူမရဲ့နားကို ဖုံးအုပ်ရင်း အသက်ပြင်းပြင်း ရှူခြင်းနဲ့ သီချင်းဆိုခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

 

 

ဒီလိုအခိုက်အတန့်မှာ တစ်ယောက်ယောက်က ဘယ်လိုသီချင်းဆိုသင့်လဲ?  သဘာဝအားဖြင့် လူတွေကိုသတ္တိရှိစေတဲ့ ရဲရင့်စေတဲ့သီချင်း။

 

 

အဆိုပါသီချင်းက သရဲကို ရပ်တန့်သွားစေသည်။ သူမသီချင်းဆိုနေစဉ် ယဲ့ဆွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယန်စွမ်းအင်က တက်ကြွလာတာကို အဲ့တာက စောင့်ကြည့်နေသည်။

 

 

 လူ့ကိုယ်ခန္ဓာတွင် အလင်းအရင်းအမြစ်သုံးခုရှိသည်။တစ်ခုက ခေါင်းရဲ့ထိပ်တွင် ရှိပြီး တစ်ခုက ပခုံးနှစ်ဖက်တွင် တစ်ဖက်ကိုတစ်ခုစီရှိသည်။ နှိုးဆွသောအခါ အလင်းအားလုံးက တစ်ပြိုင်နက်တည်း ထွက်လာပြီး ယန်ကကြီးထွားလာလိမ့်မည်။

 

 

ဒီအတောအတွင်း ယဲ့ဆွေက သူမနားရွက်များကို ဖုံးအုပ်ထားပြီး ရဲရင့်စေတဲ့ သီချင်းများကို သီဆိုနေဆဲဖြစ်သည်။ သူမရဲ့အနောက်ဘက်မှ သရဲရဲ့လှုပ်ရှားမှုတွေကို အနီးကပ် အာရုံစူးစိုက်မှုကို ပေးဆောင်နေသည်။ အဲ့တာက စကားပြောနေတုန်းပဲ။ ဒါပေမယ့် အသံက နည်းနည်းလေးဝေးသွားသည်။

 

 

 “ ငါ နင်နဲ့စကားပြောရုံတင်မကဘူး။ ငါ့ကိုလည်းကူညီဖို့ တောင်းဆိုချင်တယ်။  အဆိုပါ ညီမငယ်သရဲက ယဲ့ဆွေဆီရောက်ဖို့ မျှော်လင့်ပြီး စက္ကူခွက်တစ်ခွက်ကို ပို့လိုက်သည်။

 

 

သီချင်းဆိုနေတုန်း ယဲ့ဆွေက မူရင်း အွန်လိုင်းသီချင်းကိုဆိုပြီး သတ္တိရှိခြင်းက မဖြစ်နိုင်ကြောင်း ကွန်ပလိန်း တက်ခဲ့သည်။

 

 

ဤမြင်ကွင်းကို 'ညီမငယ်' သရဲသာမက ချန်ရှု့လည်းတွေ့မြင်ခဲ့သည်။  ယဲ့ဆွေက သူ့ရှေ့တွင် လမ်းလျှောက်သွားသောအခါ သူကအိမ်ပြန်ဖို့ အဆင်သင့်ဖြစ်ခဲ့သည်။သူကနောက်မှ အနည်းငယ် ဝေးရုံမျှသာ လမ်းလျှောက်ခဲ့ပြီး သူက သူမကိုကျော်တက်ပြီး မသွားခဲ့ပေ။

 

 

သူက သူမရဲ့ရှေ့တွင်လမ်းလျှောက်ခဲ့မယ်ဆိုရင် ယဲ့ဆွေက သူမလမ်းလျှောက်နေစဉ် သူမရဲ့နားကိုဖုံးအုပ်ပြီး သီချင်းဆိုနေတာမျိုးကို သူမြင်နိုင်မှာမဟုတ်ဘူး။နောက်ကွယ်မှ ချန်ရှု့က ခဏရပ်တန့်ပြီး သူက သူမကိုရှုပ်ထွေးစွာနဲ့ကြည့်လိုက်သည်။ သူက သူမနားကို မသွားမှီအနည်းငယ်တွန့်ဆုတ်ခဲ့သည်။

 

 

ချန်ရှု့ ရောက်လာတဲ့အခါ ယဲ့ဆွေက ချက်ချင်း သတိပြုမိခဲ့သည်။ သူမကအချိန်ကြာမြင့်စွာ သူ့ကိုလိုချင်ခဲ့သည်။ ပို၍ တိကျစွာပြောရရင် သူမက သူ့ရဲ့ ယန် စိတ်ဓာတ်ကို အချိန်အတန်ကြာတည်းက လိုချင်ခဲ့တာဖြစ်သည်။ အဲ့တာက သူနဲ့နီးကပ်လာလာချင်း သူမက သူ့ကိုပြုံးပြနေမိတဲ့အဖြစ်ကို သူမဘာသာ သူမအာရုံခံစားမိနေသည်။ 

 

 

စက္ကူခွက်က သူမခြေထောက်ပေါ် လှိမ့်သွားတာကြောင့် မကြာမီထိုအပြုံးမှာ တင်းကျပ်လာခဲ့သည်။ သူမရဲ့ မသိစိတ်ကတစ်လှည့် ပြန်လှည့်လာသည်။ နဖူးမှာ သွေးတွေစီးကျလာပြီး သူမအဝတ်အစားတွေမှာ သွေးတွေ ပေကျံနေတဲ့ သရဲတစ်ကောင်က ငါးမီတာခန့်အကွာတွင်ရပ်နေသည်။

 

 

ယဲ့ဆွေရဲ့မျက်နှာက ချက်ချင်းပဲ ဖြူဖျော့သွားပြီး ချန်ရှု့ ကို ရိုးရှင်းတဲ့ နှုတ်ဆက်စကားတောင် မပြောနိုင်တော့ပေ။

 

ချန်ရှု့ မျက်မှောင်ကြုတ်ကာ မြေပြင်ပေါ်ရှိ စက္ကူခွက်ကို ကြည့်လိုက်ပြီး သူမကြည့်နေတဲ့ လမ်းကြောင်းကို ဖျက်ကနဲကြည့်လိုက်သည်။

 

 

အဲ့တာက ဗလာပဲ။ အဲဒီမှာဘာမှမရှိဘူး။

 

 

 “မင်းကြောက်လို့လား?”  သူရဲ့စကားများက သူမကိုပတ်ပတ်လည်သွားစေခဲ့ပြီး ချန်ရှု့ရဲ့ အစဉ်အမြဲဖော်ပြမှုမရှိတဲ့မျက်နှာကို ကြည့်လိုက်မိသည်။ တစ်နည်းနည်းနဲ့က သူမရဲ့နှေးကွေးမှုကိုဖြစ်စေသည်။

 

 

သူမက သူမရဲ့ပါးစပ်ကို သုတ်လိုက်ပြီး သူ့ကိုမေးလိုက်သည်။ “ချန်ရှု့ အဲ့တာက ရှိတယ်လို့ ရှင်ထင် ......”

 

 

သရဲတစ်ကောင်လား?

 

 

သူမမပြီးဆုံးခင် ချန်ရှု့က စက္ကူခွက်ကိုနင်းလိုက်ပြီး အဲ့တာက မငြိမ်မသက် လှိမ့်သွားသောကြောင့် ယဲ့ဆွေနဲ့ သရဲတို့ နှစ်ဦးစလုံး ပြောစရာစကားမဲ့သွားခဲ့သည်။

 

 

ချီရှန်းရဲ့ စက္ကူခွက်က စက္ကန့်အနည်းငယ်အတွင်း စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။ နောက်တစ်စက္ကန့်မှာ စွန့်ပစ်ထားသော စက္ကူခွက်ဖြစ်လာသည်။

 

 

တကယ်လို့ နင်လှိမ့်ချင်တယ်ဆိုရင်၊ နင်အဲ့တာကို ပြန်လုပ်ရလိမ့်မယ်။ (T / N: သရဲကအဲ့တာကို လှိမ့်ချင်တယ်ဆိုရင် ချန်ရှု့နင်းလိုက်တဲ့ အဲ့စက္ကူခွက်ကို ပြန်ဖောင်းအောင်လုပ်ပေးရမယ် )

 

 

 ယဲ့ဆွေက သူ့ရဲ့လုပ်ဆောင်ချက်ကို သဘောကျပေမယ့် သူမ မကူညီနိုင်ဘူး။ သူက ဒီကမ္ဘာပေါ်မှာ သရဲ တစ္ဆေတွေမရှိဘူးလို့ သူမကို ပြောလိုက်သလိုပဲ။

 

 

ချန်ရှု့က သူ့ရဲ့မျက်လုံးကို အောက်သို့ချလိုက်ပြီး ယဲ့ဆွေကို ငေးကြည့်ကာ ရိုးရှင်းတဲ့ စကားသုံးလုံးကို ပြောလိုက်သည်။

 

 

ယဲ့ဆွေ  မင်းကြောက်နေတာလား?”