အပိုင်း ၁၁
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၁ - အိမ်ပြန်ခြင်း

 

 

 

 သူမအာရုံတွေ ပြန်မရလာခင်မှာ ယွဲ့ဆွေက မြေပြင်ပေါ်မှာရှိတဲ့စက္ကူခွက်ကို အချိန်တော်တော်ကြာအောင် စူးစိုက်ကြည့်နေသည်။ သူမ ချန်ရှု့ကိုပြန်ကြည့်လိုက်သည်။

 

 

 “ကျွန်မမကြောက်ဘူး  ဒါ့အပြင် ကြောက်စရာအကြောင်းလည်း မရှိဘူး။

 

 

 ကြောက်တာက သူမတစ်ယောက်ထဲဘဲ ရှိလို့  ယဲ့ဆွေတွေးခဲ့သည်။ သူမရဲ့အနောက်ဘက်မှာရပ်နေတဲ့ ဖန်ဂဲလ် သရဲက ချန်ရှု့ရဲ့လုပ်ရပ်များကြောင့် သူမရဲ့အသိစိတ်ကို ကြောက်ချေးပါသွားစေခဲ့မယ်လို့ သူမဘယ်တော့မှ မတွေးမိခဲ့ဘူး။

 

 

ယဲ့ဆွေက သူမရဲ့ခေါင်းကိုလှည့်ကြည့်လိုက်သည်။ ဘာကြောင့် သရဲရဲ့ အမူအရာက အရမ်းရုပ်ဆိုးနေရတာလဲ? သူမရဲ့နဖူးမှ သွေးတွေကလဲ တစ်စက်စက်နဲ့ကျနေသည်။ လူတွေသာမြင်ခဲ့ရင် သူမနဲ့ချန်ရှု့တို့က သူမအပေါ်တစ်ခုခုလုပ်ပြီး ညှင်းပန်းနှိပ်စက်နေတယ်လို့ ယူဆကြလိမ့်မည်။

 

 

အဆိုပါသရဲက သရဲအဖွဲ့အစည်းထဲသို့ ဝင်သွားပြီး ဒီလိုမျိုးအသစ်အဆန်းကို တွေ့ကြုံခံစားခဲ့ရသည်။  ယဲ့ဆွေက နောက်တစ်ကြိမ်တွင် လူတွေကိုကြောက်လန့်တဲ့ သရဲတစ်ကောင်အနေနဲ့ သူမရဲ့အခန်းကဏ္ဍမှာ ပါ၀င်ပြီးမကစားနိုင်မှာကို စိုးရိမ်သလိုခံစားနေရသည်။

 

 

အခြားတစ်ဖက်တွင်မူ ချန်ရှု့က မြေပေါ်မှာကျနေတဲ့စက္ကူခွက်ကို အမှိုက်ပုံးထဲသို့ပစ်ချလိုက်သည်။  ဒီဘက်အခြမ်းက လှိုင်းထနေတဲ့လေထုကို သတိမပြုမိခဲ့ပေ။  [သရဲကိုရည်ညွှန်းသည်]

 

 

အကြောက်အရွံ့ကင်းတဲ့ ချန်ရှု့က “ သွားရအောင် လို့ပြောခဲ့သည်။  ယဲ့ဆွေ ဘာမှပြောစရာမရှိတော့ဘဲ ချန်ရှု့ နောက်မှလိုက်လာပြီး အိမ်ပြန်ခဲ့သည်။

 

 

အဆိုပါ ဖန်ဂဲလ်သရဲက စက္ကန့်အနည်းငယ်မျှ ယဲ့ဆွေရဲ့နောက်ကျောကို ကြည့်ခဲ့သည်။ နောင်တရတဲ့မျက်နှာနဲ့ အဝေးကိုတဖြည်းဖြည်းချင်း ရွေ့လျားသွားခဲ့သည်။

 

—— 

 

ဟွာရွေ့ ကားရပ်နားရန်နေရာ။

 

 

ဖိန်နင်က သူမရဲ့တစ်နေ့တာ အလုပ်ပြီးဆုံးသွားတာနဲ့ ယာဉ်ရပ်နားတဲ့နေရာသို့ ရောက်လာခဲ့သည်။ သူမက ကားနောက်ခန်းမှာ ထိုင်လိုက်ပြီး ထိုင်ခုံပေါ်မှာ သူမရဲ့ခေါင်းကို မှိီနေခဲ့သည်။ သူမရဲ့တစ်နေ့တာ အလုပ်ပြီးသွားတဲ့နောက်မှာ အလွန်ပင်ပန်းခဲ့သည်။ ဒါပေမယ့်ပင်ပန်းသွားတာနဲ့ နှိုင်းယှဉ်ရင် ဥက္ကဌချန်ရဲ့မျက်နှာကို မမြင်ရတာက သူမကိုပိုပြီး စိတ်မချမ်းမသာ ဖြစ်စေသည်။

 

 

 ဖိန်နင်က တခြားဘာမှမစဉ်းစားနိုင်ပေ။ ဒီလောက်ရက်တွေအများကြီးမှာ သူမ ဟွာရွေ့ရဲ့ဥက္ကဌကို ရိပ်ခနဲတောင်မမြင်နိုင်ဘူး။

 

 

အဲ့နေ့က ငြင်းပယ်ခံရပြီးနောက် ဥက္ကဌချန်ရဲ့အတွင်းရေးမှူးကို လူအများက သူမကို ဖမ်းဆုတ်ဖို့ ဆန္ဒရှိတယ်လို့ သူမ ထပ်ခါ ထပ်ခါ စကားရိပ်သန်းခဲ့ရသည်။သူမကိုယ်တိုင်ဥက္ကဌ ချန်နဲ့ အဲ့ပုဂ္ဂိုလ်အကြောင်း စကားပြောချင်သည်။

 

 

ဒါပေမယ့် ဥက္ကဌချန်ရဲ့ အတွင်းရေးမှူးက သူမကိုဘယ်လို့တုံ့ပြန်ခဲ့လဲ? သူ့ရဲ့အတွင်းရေးမှူးက သူမရဲ့စာချုပ်ကို ဆက်လုပ်သင့်၊ မလုပ်သင့်မှာသူမရဲ့စီးပွားရေးဖြစ်တယ်လို့ အတိအကျကိုပြောခဲ့သည်။ ဥက္ကဌချန်က အလုပ်များနေတဲ့အတွက် သူ့ကိုနှောင့်ယှက်ဖို့ မလိုအပ်ပါ။

 

 

ဆိုလိုတာကတော့ ဥက္ကဌချန်က သူမ ဟွာရွေ့နဲ့ အတူနေထိုင်လိုခြင်းရှိ၊ မရှိကို ဂရုမစိုက်ခြင်းဖြစ်သည်။ သူမနဲ့တွေ့ဖို့ သူ့မှာရည်ရွယ်ချက်မရှိပေ။

 

 

ဖိန်နင်က သူမရဲ့နှုတ်ခမ်းဖိလိုက်ပြီး ပြန်လည်ညှိနှိုင်းလို့မရဘူးလို့ ခံစားရသည်။ သူမက နာမည်ကြီးပြီး လှပတဲ့သူဖြစ်သည်။ လူအများစုက သူမကိုညစာစားဖို့ ဖိတ်ခေါ်ကာချိန်းတွေ့ချင်ကြသော်လည်း သူမကအားလုံးကို လျစ်လျူရှုခဲ့သည်။

 

 

ဆန့်ကျင်ဘက်တွင် ဥက္ကဌချန်ရဲ့နှလုံးသားက သံပြားလိုဖြစ်ခဲ့သည်။ [အေးစက်တဲ့နှလုံးသားကို ရည်ညွှန်းသည်]

 

 

ယခုအချိန်တွင်သူမရဲ့မန်နေဂျာက “အိမ်ပြန်ပို့ ပေးရမလား ” လို့မေးခဲ့သည်။

 

 

ဖိန်နင် စကားပြန်မပြောခဲ့ပေ။ သူမရဲ့အမြင်အာရုံကိုကြွေသွားစေပြီး သူမကိုစိတ်ဝင်စားမှုမရှိတဲ့ ယောကျ်ားတစ်ယောက်ကို ရှာကြည့်ချင်သည်။

 

 

အဲ့လူက ပိန်သွယ်၊ အရပ်ရှည် ပြီး ဖြောင့်ရမည်။  ကားရပ်နားတဲ့နေရာရဲ့ အလင်းရောင်က အနည်းငယ်မှိန်နေသော်လည်း အဝေးမှအလွန်အမင်းချောမောတဲ့ယောက်ျားတစ်ယောက်ကိုတော့ သူမအကြမ်းဖျင်း တွေ့မြင်နိုင်သည်။

 

 

ဖျက်ကနဲကြည့်လိုက်ရင် ဒီအမျိုးသားက ယောကျ်ားလေး အိုင်ဒေါတွေထက် ပိုပြီးချောတယ်ဆိုတာကို သူမသိသည်။

 

 

ဖိန်နင်က ရုတ်တရက် စိတ်ပျက်စရာအတွေးရှိတယ်လို့ ထင်ခဲ့သည်။ အဲ့လူမှာထိုကဲ့သို့သော ကောင်းမွန်တဲ့စိတ်ထားရှိခဲ့သည်။ သူက ဟွာရွေ့ရဲ့ဥက္ကဌ ချန် လား?

 

 

ဒီအကြံအစည် ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် သူမမှန်ကန်ကြောင်းကို ချက်ချင်းယုံကြည်ခဲ့သည်။  ဖိန်နင် က ခဏစောင့် လို့ ရုတ်တရက် ပြောလိုက်သည်။ သူမမှန်ထဲကိုကြည့်လိုက်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ရှင်းလိုက်သည်။ ထို့နောက် သူမရဲ့မိတ်ကပ်က ကောင်းမွန်နေဆဲလားဆိုတာကို အတည်ပြုခဲ့သည်။တကယ်လို့ဒီလူဟာ ဥက္ကဌချန်ပဲဖြစ်မယ်ဆိုရင် ဒီအခွင့်အရေးကို သူမဆုပ်ကိုင်ရမှာပေါ့။

 

 

ဖိန်နင် ရဲ့လက်ဟာလက်ကိုင်ပေါ်မှာ ရှိပြီးသားဖြစ်ပြီး နောက်တစ်စက္ကန့်တွင် သူမရဲ့နာနီကားတံခါးကို ဖွင့်ဖို့ အဆင်သင့်ဖြစ်ခဲ့သည်။ သူမကနောက်ထပ် ချန်ရှု့ရဲ့ ဦးတည်ရာကိုကြည့်လိုက်တော့ ချန်ရှု့ရဲ့ကားကိုမြင်တဲ့အခါ ချက်ချင်းလက်ငင်းသူမ မျက်မှောင်ကြုတ်လိုက်သည်။

 (T / N: နာနီတွေက သရုပ်ဆောင်တွေအသုံးပြုတဲ့ဟာ ဖြစ်သည်။သူတို့ကဗင်ကားတွေဖြစ်ပြီး များသောအားဖြင့် အနက်ရောင်ဖြစ်သည်)

 

 

ထိုလူရဲ့စိတ်နေသဘောထားနဲ့အတူ သူ့မှာမမျှော်လင့်ဘဲ သာမန်ကားတစ်စီးရှိခဲ့သည်။ ပြီးတော့ လူဦးရေ ထူထပ်တဲ့မြို့တော်မှာ အဲ့တာက သာမန်ထက်ထူးကဲတာမဟုတ်ဘူး။ သူကဥက္ကဌချန်ဖြစ်ခဲ့ရင် ဒါကမကိုက်ညီပေ။ ဖိန်နင် ချက်ချင်းအကျိုးစီးပွား ဆုံးရှုံးခဲ့ရသည်။ ဒီလူက ဥက္ကဌချန် မဖြစ်နိုင်ဘူး။ သူကကြည့်လို့ကောင်းတဲ့မျက်နှာရှိတဲ့ သာမန်လူတစ်ယောက်ပဲ။

 

 

ဖိန်နင်ရဲ့ မျက်လုံးတွင် ငွေနဲ့အဆင့်အတန်းက အခြားအရာအားလုံးထက်ပိုပြီး အရေးကြီးသည်။ ဒါပေမယ့်လူတစ်ယောက်မျက်နှာ အရမ်းချောမောနေတာက သနားစရာပဲ။

 

 

ဖိန်နင် အကြည့်ကို ဖယ်ထုတ်လိုက်ပြီး “သွားရအောင် ”လို့ ပြောလိုက်သည်။ ထိုအခါ ဖိန်နင်ရဲ့ နာနီကားက ထွက်ခွာသွားခဲ့သည်။

 

 

ချန်ရှု့ရဲ့ ကားလည်းထွက်သွားခဲ့သည်။ ချန်ရှု့ရဲ့အတွင်းရေးမှူးနဲ့ ဝမ်ချွမ်းက တဖြည်းဖြည်းချင်း အဝေးကိုထွက်ခွာသွားတဲ့ ကားရဲ့နောက်ဘက်မှာ ရပ်နေခဲ့သည်။ နှစ်ဦးစလုံး အချိန်ကြာမြင့်စွာ တိတ်ဆိတ်စွာနေကြသည်။

 

 

ခဏကြာတော့ အတွင်းရေးမှူးက “ ပြီးရင် ကျွန်မတို့ရဲ့သူဌေးက သာမန်ကားတစ်စီးကိုမောင်းဖို့ ဘာကြောင့်ဒီလောက်ခပ်လျှိုလျှိုဖြစ်နေရတာလဲလို့ ရှင်မေးကြည့်လိုက် ”

 

 

ဟွာရွေ့က အကျော်ကြားဆုံး ဖျော်ဖြေရေးကုမ္ပဏီဖြစ်ပြီး ချန်ရှု့က ဟွာရွေ့ ရဲ့သူဌေးဖြစ်သည်။  သူတန်ဖိုးကိုလတိုင်းတာလို့မရနိုင်ပေ။ အကယ်၍ အခြားသူတစ်ဦးတယ်ဆိုပါက သူတို့ရဲ့ကားက အကန့်အသတ်ရှိတဲ့ ဇိမ်ခံကားသာဖြစ်လိမ့်မည်။

 

 

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ချန်ရှု့က ငွေအများကြီးရခဲ့သည်။ တခြားသူသာဆိုရင် ငွေအမြောက်အများရှိရင် များသောအားဖြင့် သုံးစွဲကြလိမ့်မည်။ ဒါပေမယ့် အခုထိ သူ့ရဲ့ကားက အသုံးအများဆုံး သာမန်ကားတစ်စီးသာဖြစ်သည်။

 

 

ချန်ရှု့က ကားတွေသာမက အခြားအရာများကိုပါ ဂရုမစိုက်တတ်ပေ။ ချန်ရှု့က အလွန်လျှိုတာကြောင့် သူ့ရဲ့အတွင်းရေးမှူးက အလွန်ပဟေဠိဖြစ်နေခဲ့သည်။

 

 

 ဝမ်ချွမ်က အတွင်းရေးမှူးရဲ့ ပခုံးကိုပုတ်လိုက်သည်။ “မင်းကချမ်းသာတဲ့လူတွေရဲ့ အကြောင်းကိုနားမလည်သေးပါဘူး။ ငါတို့တွေအတွက်တော့ ငွေကငွေပဲ။ ဒါပေမယ့် ဥက္ကဌချန်အတွက်တော့ ငွေကအရေအတွက်ပဲ။  

 

 

ဒီအချက်ကိုမင်းစဥ်းစားကြည့်လိုက် ဥက္ကဌချန်က သူဘယ်သူဘယ်ဝါဖြစ်ကြောင်းကို သက်သေပြဖို့ စျေးကြီးတဲ့အရာတွေကို.သုံးဖူးလို့လား?”

 

 

အတွင်းရေးမှူးက သူ့ရဲ့ခေါင်းကိုခါလိုက်သည်။ ချန်ရှု့က စက်မှုလုပ်ငန်းနယ်ပယ်မှာ ဒဏ္ဍာရီဆန်ခဲ့သည်။ သူက ဘာလို့ အခြားသူတွေကို ကြည့်နေရမှာလဲ?

 

 

ဝမ်ချွမ်း - “ဒါကမလုံလောက်သေးဘူး။ အခြားအရာတွေက သူ့အတွက် စိန်ခေါ်မှုမရှိတာကြောင့် ဥက္ကဌချန်က အခုအချိန်မှာငွေရှာဖို့အတွက် ပျော်မွေ့နေတယ်

 

 

အတွင်းရေးမှူး နားလည်တယ်ဆိုတာကို ပြသဖို့ခေါင်းညိတ်ခဲ့သည်။

 

 

ညနေပိုင်းတွင် ယဲ့ဆွေက ဖက်ရှင်ရှိုးပွဲသို့ သွားခဲ့သည်။  ချန်းယင်လေးဆိုတဲ့ ခေါင်းစဥ်နဲ့ သူမအနီရောင်ကော်ဇောပေါ် လမ်းလျှောက်နိုင်ခဲ့သည်။

 

 

အတိတ်ကာလတုန်းက ယဲ့ဆွေရဲ့ မိတ်ကပ်နဲ့ အဝတ်အစားတွေက ချန်းယင်နဲ့ ဆင်တူသည်။ ဒါ့အပြင် ကုမ္ပဏီရဲ့အဖွဲ့ကလည်း သူမအကြောင်းကို ချန်းယင်လေးအဖြစ် ကူးချဖို့ တွန်းအားပေးခဲ့သည်။ ရေရှည်မှာတော့ သူမကျော်ကြားလာခဲ့သည်။ ဒါပေမယ့်  ချန်းယင်ရဲ့ကုမ္ပဏီနဲ့ အများပြည်သူနဲ့ ဆက်ဆံရေးနည်းလမ်းတွေမှာ ပိုပြီးကောင်းလာသည်။ ဒါကြောင့် ချန်းယင်ကြောင့်နဲ့ ယဲ့ဆွေက လျှို့ဝှက်စွာ ချန်လှပ်တာကိုခံခဲ့ရသည်။

 

 

ယဲ့ဆွေ အနီရောင်ကော်ပေါ်ကို မလျှောက်မီ သူမရဲ့မန်နေဂျာက ယခင်က စတိုင်နဲ့အညီ၊ ရိုးရှင်းပြီး ကြော့ရှင်းတဲ့ ညနေခင်းဝတ်စုံကို ငှားလာခဲ့သည်။

 

 

သူမရဲ့ ညနေခင်းဝတ်စုံကို ယူဆောင်လာခဲ့သည်။ ဒါ့အပြင် ယဲ့ဆွေက အဆင့်အတန်းနိမ့်ပြီး သူမရဲ့လက်ထဲမှာ ပိုက်ဆံနည်းနည်းပဲရှိတော့ အဲ့တာကိုပြောင်းလဲဖို့မလိုအပ်ဘူး။ ဒီနေ့မှာ သူမကို အနည်းငယ် ပိုမိုတောက်ပနေအောင် လုပ်ပေးဖို့အတွက် မိတ်ကပ်အနုပညာရှင်အား တောင်းဆိုခဲ့သည်။

 

 

ချန်းယင်က သန့်ရှင်းပြီး လန်းဆန်းသည်။ သူမက နိုင်ငံရဲ့ပထမဦးဆုံး ချစ်ခြင်းမေတ္တာဖြစ်ခဲ့သည်။ ယဲ့ဆွေက ဘယ်တော့မှ စင်ကြယ်တဲ့ မျဉ်းနောက်ကို ထပ်ပြီးလိုက်မှာမဟုတ်ဘူး။ သူမက အားလုံးနဲ့မသင့်တော်ဘူး။

 

 

အနီရောင်ကော်ဇောရဲ့ ဝင်ပေါက်ကို ပရိသတ်များစွာက ဝိုင်းရံထားသည်။ ယဲ့ဆွေက သူတို့ကိုဖျက်ကနဲ ကြည့်လိုက်သည်။ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားသူများက အမှန်စင်စစ် လူတွေဖြစ်သည်။ ဒါပေမယ့် လူစုလူဝေးများကြားတွင် ယဥ်ကျေးသိမ်မွေ့စွာရှိနေတဲ့ မတူညီဘဲကွဲပြားတဲ့အသွင်အပြင်ရှိတဲ့ လူစုကတော့ သရဲအုပ်စုပဲဖြစ်သည်။

 

 

 ချီရှန်း ယနေ့လာလိမ့်မယ်ဆိုတာကို သူမသတိရခဲ့သည်။ အဲဒီရူးသွပ်နေတဲ့ မိန်းကလေးသရဲ အဲ့မှာရှိနေလား?

 

 

အနီရောင်ကော်ဇောကနေ ကျင်းပရာနေရာသို့ သွားခဲ့သည်။ မီဒီယာတွေက ဓာတ်ပုံတွေရိုက်နေကြပြီး ယဲ့ဆွေက အပြုံးကိုသာ ထိန်းထားနိုင်ခဲ့သည်။ သူမရဲ့နှုတ်ခမ်းတွေက သူမရဲ့ပရိတ်သတ်တွေကို ကြည့်ပြီးကော့တက်နေချိန်တွင် သူမရဲ့မျက်နှာက မပြောင်းလဲဘဲရှိနေသည်။

 

 

အနီရောင်ကော်ဇောကို နာမည်ကြီးတွေရဲ့ ပရိသတ်တွေက ဝိုင်းရံထားပေမယ့် ယဲ့ဆွေမှာ ဖန်အစစ်တွေမရှိပေ။ယဲ့ဆွေ ခေါင်းကိုလှည့်ကြည့်ရင်း တောက်ပစွာနဲ့ သူတို့ကို ပြုံးပြလိုက်တော့ ပရိသတ်တွေက ကြည့်နေကြသည်။

 

 

အနီရောင်ကော်ဇောပေါ်မှာရှိတဲ့ နတ်သမီးလေးက ယဲ့ဆွေလို့ ငါ့ကိုမပြောနဲ့နော်။ အဲ့မျက်နှာနဲ့ စိတ်သဘောထားလေးက ရင်သပ်ရှုမောစရာကောင်းလွန်းတယ်။

 

 

ဘယ်လိုမှ မဖြစ်နိုင်ဘူး!  ယဲ့ဆွေ ရဲ့တောက်ပတဲ့မျက်နှာက ဘာကြောင့်ကြည့်ရတာ အရမ်းလှနေရတာလဲ။

 

 

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ယဲ့ဆွေဟာ ချန်းယင်နဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ သတင်းတွေနဲ့ ပြည့်နှက်နေတယ်ဆိိုတာကို လူတိုင်းသိကြသည်။ အဲ့နေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ သူမ မပါ၀င်ခဲ့ရတဲ့အကြောင်းအရင်းမှာ ဖြုတ်ချခံခဲ့ရခြင်းကြောင့်ဖြစ်သည်။

 

 

ဝိုး!  သူမကမသေနိုင်တဲ့ကမ္ဘာကနေ ဆင်းသက်လာတာပဲ။

 

 

အဖြစ်အပျက်များက တောက်ပနေပြီး အရောင်စုံလင်လှတဲ့ လူတွေက အလွန်လှပတဲ့မျက်နှာနဲ့ ရင်ဆိုင်နေကြကြောင်းကို သက်သေပြခဲ့ကြသည်။ နိုင်ငံရဲ့ပထမဦးဆုံး စင်ကြယ်တဲ့ချစ်ခြင်းမေတ္တာမှာ ဘာမျှမကျန်တော့ဘူး။

 

 

ယဲ့ဆွေ လျှောက်လှမ်းနေတဲ့ အနီရောင်ကော်ဇောခင်းထားတဲ့ အောက်ဘက်ကနေ စကတ်အတိုလေးဝတ်ထားတဲ့ သရဲက ဘေးကနေ လိုက်နေခဲ့သည်။ ယဲ့ဆွေက ရှေ့ကို တန်းတန်းမတ်မတ် ဦးတည်ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထောင့်ကနေ အောက်ဘက်က အဲ့အရာကို ဖျက်ခနဲမင်လိုက်သည်။ သူမ ကျင်းပတဲ့နေရာကို ဝင်တဲ့အခါ သူမရဲ့ပါးစပ်က အနည်းငယ်တောင့်နေခဲ့သည်။

 

 

ယဲ့ဆွေ သက်ပြင်းချလိုက်သည်။ သူမထိုင်ခုံတွင် ထိုင်နေစဉ် အကွာအဝေးတစ်ခုက သရဲတစ်ကောင်ကိုတွေ့လိုက်ရသည်။ ဒီနေ့အနီရောင်ကော်ဇောတွင် ဖိန်နင်နဲ့ ချီရှန်း တို့နှစ်ဦး စလုံး တက်ရောက်ခဲ့ကြသည် ။ ဒါပေမယ့် ဖန်ဂဲလ် သရဲက ဖိန်နင်ကိုရော ချီရှန်းကိုရော ဆူပူခြင်းမရှိခဲ့ဘူး။ သူမက အခြားလူတစ်ယောက်ရဲ့ ဘေးမှာရှိနေသည်။

 

 

အဆိုပါ ဖန်ဂဲလ်သရဲက အလင်းမီးချောင်းကို အောက်သို့ချထားခဲ့သည်။ သူမရဲ့​နဖူးမှ သွေးကို သုတ်လိုက်ပြီး ဂရုတစိုက်စောင့်ကြည့်ဖို့ လူတစ်ယောက်ရဲ့အနားတွင်ရပ်နေသည်။

 

 

တကယ်လို့ ယဲ့ဆွေ အတိအကျမှတ်မိတာဆိုရင် ထိုလူက  ဝေရှီ အုပ်စုရဲ့ ဥက္ကဌ ချင်ရှင်း ဖြစ်သည်။

 

 

ဖန်ဂဲလ် သရဲက ရုတ်တရက် ကြည့်လိုက်တော့ ယဲ့ဆွေကိုတွေ့ခဲ့သည်။ သူမရဲ့အလင်းမီးချောင်းကို လက်ထဲမှာကိုင်ထားပြီး ​ဝှေ့ယမ်းပြကာ မကျေနပ်တဲ့ မျက်လုံးတွေနဲ့ကြည့်နေသည်။

 

 

ဖန်ဂဲလ် သရဲကသူမအား အကူအညီတောင်းတဲ့ ထိုနေ့ကညကို ယဲ့ဆွေသတိရမိခဲ့သည်။ သရဲနဲ့ ချင်ရှင်း တို့ရဲ့ဆက်နွယ်မှုကဘာလဲ?  ဘာကြောင့်သူမရဲ့အိုင်ဒေါကို လျစ်လျူရှုပြီး ချင်ရှင်းနဲ့အတူရှိနေရတာလဲ?

 

 

ယဲ့ဆွေ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဝေရှီအုပ်စုကို ရှာဖွေလိုက်သည်။ သတင်းအချို့က ထွက်ပေါ်လာခဲ့သည်။

 

 

ဝေရှီအုပ်စုရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ ဝေရွှမ့်က ကမမျှော်လင့်ဘဲ သေဆုံးသွားခဲ့သည်။ ဓာတ်ပုံထဲမှာ ဝေရွှမ့်က ဆယ်ကျော်သက်အရွယ်သာဖြစ်ပြီး တောက်ပပြီး ရွှင်မြူးနေတဲ့အပြုံးလေးနဲ့ဖြစ်သည်။  အကယ်၍ ထိုသရဲက နဖူးမှသွေးတွေကို သုတ်လိုက်ပြီးပြုံးလိုက်ရင် သူမကထိုပုံထဲက အတိုင်းတစ်ပုံစံတည်းပင်ဖြစ်သည်။

 

 

 ပွဲပြီးသွားတဲ့နောက် ယဲ့ဆွေက ထွက်လာသည်။ သူမအကြာကြီးမနေတော့ဘဲ အိမ်သို့ တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။ ဖန်ဂဲလ်သရဲက သူမနဲ့မလိုက်ခဲ့သော်လည်း ချင်ရှင်းနောက်ကိုသာ တစ်ချိန်လုံးလိုက်ခဲ့သည်။

 

 

အိမ်ပြန်ရောက်လာတဲ့အခါ များသောအားဖြင့် မီးတွေဖွင့်ထားတဲ့ ဧည့်ခန်းမှာအခုချိန်မှာတော့ လုံးဝမှောင်မည်းနေတာကို ယဲ့ဆွေတွေ့ရှိခဲ့သည်။

 

 

ယွဲ့ဆွေ အလျင်အမြန်နဲ့ ဖုန်းကိုကြည့်လိုက်တော့ ဖုန်းက ညနေ ၇:၅၅အချိန်ကို ပြသနေခဲ့သည်။ ၈နာရီတောင်မှမဟုတ်သေးဘူး။ အဲ့အဓိပ္ပါယ်က ချန်ရှု့အိမ်ပြန်မရောက်သေးတာကို ဆိုလိုနေတာဖြစ်သည်။

 

 

 ချန်ရှု့ အိမ်မှာမရှိဘူးဆိုတာ ယဲ့ဆွေတွေ့တော့သူမပိုကြောက်သွားခဲ့သည်။ အခုတော့ သူမအိမ်ပြန်တဲ့လမ်းရဲ့ဘေးဘက်လမ်းကို မကြည့်တော့ဘူး။ ဒီမှာတစ်ယောက်ယောက် ရှိနေတယ်လို့ပဲတွေးခဲ့ပြီး သူမအိမ်ပြန်ချင်ခဲ့သည်။

 

 

အခုတော့ ဒီလိုအခြေအနေမျိုးဟာ သရဲခြောက်တဲ့အိမ်မှာ ထွက်ပေါက်ရှာဖို့ ကြိုးစားတာနဲ့တူသည်။ သို့သော် တံခါးလည်းပျက်သွားသဖြင့် သရဲခြောက်တဲ့အိမ်မှာပဲ သူမအချိန်ကြာမြင့်စွာနေဖို့လိုအပ်သည်။

 

 

 “ ချန်ရှု့က သရဲတွေနဲ့ပြည့်နေတဲ့ အိမ်မှာနေတယ်။ဒါကိုတစ်ခုခုမလုပ်သင့်ဘူးလား?”လို့ ယဲ့ဆွေ သူ့ကိုယ်သူပြန်မေးခဲ့ပြီး မီးကိုဖွင့်လိုက်သည်။

 

 

ကံကောင်းထောက်မစွာ ယဲ့ဆွေရဲ့အရေးပေါ်တုံ့ပြန်မှုက ပိုပြီးပြင်းထန်လာခဲ့သည်။ ချက်ချင်းပဲ ဧည့်ခန်းထဲမှာထိုင်နေတဲ့ သရဲကို သူမမြင်လိုက်တော့ ကြမ်းပြင်ကိုခေါင်းနဲ့တိုက်ပြီးတော့ ငိုလိုက်သည်။ “ဒယ်ဒီရေ! မာမီရေ!”

 

 

သူမမီးတွေဖွင့်လိုက်တဲ့နောက်မှာ အထဲက သရဲတွေအားလုံးကလှည့်လာကြပြီး ယဲ့ဆွေကိုကြည့်နေကြသည်။

 

 

ဒီနေ့ မိန်းကလေးရဲ့ ယောကျ်ားက ဒီမှာမရှိသေးဘူးနော် ဒီကမ္ဘာမှာယဲ့ဆွေပထဆုံး တွေ့ခဲ့တဲ့ သရဲဖြစ်တဲ့ သရဲအန်တီပါပဲ။

 

 

 ထူးခြားမှုကိုမြင်ရမှာကို ကြောက်တဲ့ယဲ့ဆွေက သူမခေါင်းကိုဦးချထားပြီး ဖိနပ်ကိုချွတ်ခဲ့သည်။ ရာစုနှစ်တစ်ခုလောက်ကို အချိန်စွဲပြီး အဲ့အရာပေါ်မှာပဲ အချိန်ဖြုန်းနေခဲ့သည်။ ယဲ့ဆွေက သူမရဲ့ဖုန်းကိုပဲ အာရုံစိုက်ခဲ့သည်။  ည ၇ : ၅၉ တွင် ချန်ရှု့က တစ်မိနစ်စောပြီး အိမ်ပြန်ရောက်လာခဲ့သည်။

 

 

ဒီမိန်းကလေးတောင်မှ သူမရဲ့ဖိနပ်ချွတ်လို့မရသေးဘူး။ ဘာတွေဖြစ်နေတာလဲဆိုတာ ငါသွားကြည့်ရမယ်။

 

 

ဒါကိုကြားတော့ ယဲ့ဆွေကကြောက်လန့်ပြီး သူမရဲ့ဖိနပ်ကို အဝေးကို လွှတ်ပစ်လိုက်သည်။ ဖိန်နင်က အဝေးကိုလှိမ့်သွားပြီး သရဲအန်တီရဲ့ ခန္ဓာကိုယ်ကိုဖြတ်သွားခဲ့သည်။

 

 

ကလစ်

 

 

ယဲ့ဆွေ  ချက်ချင်းပဲတံခါးဆီကို ပြေးသွားလိုက်သည်။  ပထမဆုံးအကြိမ်အဖြစ် သူကချန်ရှု့ရဲ့ မှန်ကန်တိကျပြီး တိကျမှုမရှိတဲ့ သူ့ရဲ့အချိန်အပေါ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

 

ချန်ရှု့ အထဲသို့ဝင်တော့ ယဲ့ဆွေရဲ့ အမူအရာကို ချက်ချင်းမြင်ခဲ့သည်။ သူမဘာကြုံတွေ့ခဲ့လဲဆိုတာကိုတော့ သူမသိဘူး။ သို့သော် သူမကိုကြည့်ရတာ မျက်ရည်များ ကျနေပုံပေါက်သည်။

 

 

အိမ်ကနေ  ကြိုဆိုပါတယ်လို့ ယဲ့ဆွေ တစ်ချိန်တည်းမှာပဲ နှုတ်ဆက်လိုက်သည်။ သူမစိတ်သက်သာရာရသွားပြီး စားပွဲသေးသေးလေးရဲ့တစ်ဖက်တွင် သူမရဲ့လက်ကိုတင်လိုက်သည်။

 

 

ဘန်း!

 

 

စားပွဲပေါ်က ပန်းအိုးကပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်မှာ အပိုင်းအစတွေ ပြန့်ကျဲသွားခဲ့သည်။

 

 

ယဲ့ဆွေအရင်ဆုံး ရပ်တန့်သွားပြီး ဧည့်ခန်းကို ကြည့်လိုက်သည်။ မူလကတည်းကဧည့်ခန်းတွင် အေးဆေးစွာထိုင်နေတဲ့ သရဲတွေက သူတို့ဘဝအတွက် ပြေးလွှားနေပုံရသည်။ သူတို့က တံခါးမှတဆင့် ထွက်ခွာဖို့ မရဲကြဘဲ ဒုတိယထပ်ရှိ ပြတင်းပေါက်သို့ တိုက်ရိုက်ထွက်ပြေးခဲ့ကြသည်။

 

 

လမ်းမှာအုပ်စုလိုက် ပြုံပြီးတိုးနေကြသည်။  တစ်ဦးချင်းစီအနေဖြင့် လိုက်မီဖို့နဲ့ ကျော်တက်သွားဖို့ ကြိုးစားနေကြပြီး ကျန်ခဲ့မှာကိုစိုးရိမ်နေကြသည်။  မြင်ကွင်းကအရမ်းကြီးကျယ်ခမ်းနားလွန်းသည်။ တကယ်လို့ကင်မရာသာရှိရင် ဒီမြင်ကွင်းကို ယဲ့ဆွေ ဓာတ်ပုံရိုက်ထားမှာ သေချာသည်။

 

 

ယဲ့ဆွေ သူမရဲ့အကြည့်ကို ဖယ်ခွာလိုက်တဲ့အခါ ချန်ရှု့ က ကြမ်းပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေပြီး ပန်းအိုးအပိုင်းအစတွေကို ကောက်ယူနေတာတွေ့တော့ ယဲ့ဆွေလဲ ရုတ်တရက်ထိုင်လိုက်သည်။

 

 

ကျွန်မကြောင့် ကွဲသွားတာမို့ ကျွန်မဘဲ ရှင်းလိုက်မယ်။ရှင်သွားထိုင်နေလိုက်ပါယဲ့ဆွေက ကြမ်းပြင်က ကျိုးပဲ့နေတဲ့အရာတွေကို ကောက်ဖို့ သူမရဲ့လက်ကိုဆန့်လိုက်သည်။ ဒီအပိုင်းအစတွေက ချွန်ထက်နေပြီး ဂရုမစိုက်မိရင် အလွယ်တကူခြစ်မိနိုင်သည်။

 

 

ယဲ့ဆွေ အဲ့အပိုင်းအစတွေကို မထိခင်မှာ ချန်ရှု့က သူမရဲ့လက်ကို တားဆီးလိုက်သည်။ ချန်ရှု့က သူမရဲ့လက်ကိုပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါ။  “ငါဘဲလုပ်လိုက်မယ် ”လို့ ချန်ရှု့က ခိုင်မာစွာပြောလိုက်သည်။

 

 

ဒါပေမယ့်......”ယဲ့ဆွေ စကားပြောလို့မပြီးခင်မှာ ချန်ရှု့က ခေါင်းကိုမော့လာပြီး ယဲ့ဆွေကို ကြည့်လိုက်သည်။ မကြာမီ သူမရဲ့စကားများကို ဖယ်ရှားလိုက်သည်။

 

 

ချန်ရှု့က ကြမ်းပြင်ပေါ်က အကျိုးအပဲ့များကို ရှင်းဖို့ဆောင့်ကြောင့် ထိုင်နေပေမယ့် ယဲ့ဆွေက ထွက်သွားခြင်းမရှိပေ။ သူမက အစွန်အဖျားကို မှီပြီး ချန်ရှုအား ကျွန်မ ရက် အနည်းငယ်အတွင်းမှာပဲ ရိုက်ကူးရေးလုပ်ရတော့မယ်လို့ပြောခဲ့သည်။

 

 

ချန်ရှု့ရဲ့ လက်လှုပ်ရှားမှုက ရပ်တန့်သွားပြီး နက်မှောင်တဲ့ မျက်လုံးတစ်စုံက ယဲ့ဆွေကိုကြည့်လာခဲ့သည်။  “မင်း ထုတ်လုပ်ရေးက အဖွဲ့ဝင်တွေနဲ့ နေရမှာလား?”

 

 

အစပိုင်းတုန်းကတော့ ယဲ့ဆွေက မမျှော်လင်ထားတဲ့ဧည်သည် တစ်ယောက်လိုမျိုး သူ့ရဲ့အိမ်ကို၀င်ရောက်လာခဲ့သည်။ ချန်ရှု့က အဲ့တာကို အသုံးမပြုဘဲနေတုန်းပဲ။ သို့သော်ယဲ့ဆွေက သူရဲ့ဘဝကို အနှောင့်အယှက်မပေးခဲ့ပေ။

 

 

ချန်ရှု့ကိုကြည့်ရတာ ယဲ့ဆွေတည်ရှိနေမှုနဲ့ အကျွမ်းတဝင်ရှိဟန်တူသည်။ ဒါကြောင့် ယဲ့ဆွေက အဖွဲ့လိုက်ရိုက်ကူးခြင်းအကြောင်းကို ပြောလိုက်တဲ့အခါ သူက မေးခွန်းတစ်ခုသာ မေးခဲ့သည်။

 

 

ယဲ့ဆွေက သူမရဲ့ခေါင်းကိုခါလိုက်သည်။ “မဟုတ်ပါဘူး။ ရုပ်ရှင်ရိုက်ကွင်းရဲ့ အနီးမှာအိမ်ရှိတယ်ဆိုတာကို ကျွန်မဒါရိုက်တာဆီ ပြောထားတယ်။ ကျွန်မမှာအခက်အခဲတွေရှိတယ်။ တခြားဟာတွေထက် ကျွန်မရဲ့ကိုယ်ပိုင်အိပ်ရာမှာအိပ်တာနဲ့ အိပ်ပြန်ပြီးအိပ်ချင်တာနဲ့ပေါ့

 

 

ချန်ရှု တွေဝေသွားသည်။ ယဲ့ဆွေက ဘယ်တော့မှအိမ်ကို မပြန်ခဲ့ဘူး။ အခုတော့ သူကပဲရိုက်ကူးပြီးတာနဲ့ အိမ်ကိုပြန်လာချင်နေသည်။

 

 

ဒါပေမယ့် ချန်ရှု့ရဲ့ အမူအရာက အရမ်းသိမ်မွေ့လွန်းတယ်။ ယဲ့ဆွေကတောင် သူ့ရဲ့သံသယကို သတိမပြုမိခဲ့ဘူး။ သူကရိုက်ကူးရေး ပြီးသွားတဲ့နောက်မှာ ပိုက်ဆံတွေအများကြီးရဖို့ စိတ်လှုပ်ရှားနေခဲ့သည်။

 

 

 “ ကျွန်မ ရိုက်ကူးရေးပြီးသွားတာနဲ့ ကျွန်မရဲ့လစာကိုရတော့မှာ။ ဒီပန်းအိုးမျိုး ရှစ်အိုး၊ ဆယ်အိုး ဝယ်ပေးမယ်။ရှင်လိုချင်တာတွေကိုလည်း ကျွန်မလုပ်ပေးမယ်နော် 

 

 

 ယဲ့ဆွေရဲ့မျက်လုံးထဲမှာ ဒိိီကြမ်းပြင်မှာ လဲကျနေတဲ့ ပန်းအိုးက သေချာပေါက် အတုဖြစ်ပြီး သူမလည်းပိုပြီးတတ်နိုင်သည်။

 

 

ချန်ရှု့က အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပန်းအိုးကို ကြည့်လိုက်သည်။ သူရဲ့မျက်လုံးတွေက ရှုပ်ထွေးသွားသော်လည်း ခေါင်းညိတ်ပြပြီး “ ကောင်းပြီ လို့ပြန်ဖြေလိုက်သည်။