အပိုင်း ၁၂
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၂ - ခိုးယူခြင်း

 

 

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကြမ်းပြင်ပေါ်မှာရှိတဲ့ အစအနများကို ကောက်နေတဲ့ သူ့ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူ့ကိုကြည့်နေတုန်း အစောနက သူမပြောလိုက်တဲ့ဟာကို ကြားပြီးတော့ သူစိတ်အနှောင့်အယှက် ဖြစ်တဲ့ အမူအရာ ဖြစ်နေတယ်ဆိုတာကို သူမ ပြောနိုင်သည်။ ယဲ့ဆွေက မကူညီနိုင်ပေမယ့် နည်းနည်းလေး အပြစ်ရှိတယ်လို့ ခံစားနေရသည်။ထပ်ပြောရရင် ချန်ရှု့က သူမလုပ်လိုက်တဲ့ ပြဿနာကို  ရှင်းလင်းနေရသည်။

 

 

ကလစ်

 

 

ကြမ်းပြင်ပေါ်က အစအနတွေက သိမ်မွေ့သောဆူညံသံကိုဖြစ်စေသည်။ ချန်ရှု့ ဒဏ်ရာရသွားတဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အနှောင့်အယှက် မပေးချင်သောကြောင့် အခြားလက်တစ်ဖက် ပြောင်းလိုက်တာကို ယဲ့ဆွေ အကူအညီမဲ့စွာ ကြည့်လိုက်သည်။

 

 

သူ့စိတ်ထဲမှာ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ အပိုင်းအစတွေကို ကောက်ပြီး သိမ်းဖို့ဘဲ ရှိနေခဲ့တာကြောင့် ချန်ရှု့က သူ့ရဲ့ခေါင်းကို မမော့ခဲ့ပေ။ တကယ်လို့ သူလုံးဝဒဏ်ရာမရခဲ့ရင် သူ့ရဲ့အမူအရာကို နည်းနည်းလေးတောင် ပြောင်းလဲပစ်မှာ မဟုတ်ဘူး။

 

 

ရှင်အနာတရ ဖြစ်သွားပြီယဲ့ဆွေက ချန်ရှု့ရဲ့ဒဏ်ရာရသွားတဲ့ လက်ကိုညွှန်ပြလိုက်သည်။

 

 

 “အင်း ” သူကညင်သာစွာ ပြန်ပြောခဲ့သည်။

 

 

ဒါပဲလား? သူ့ရဲ့လက်ကနေ သွေးတွေထွက်လာတာကို ယဲ့ဆွေ ကြည့်လိုက်သည်။ ချန်ရှု့က တကယ်ကြီး  “ အင်း ”တစ်လုံးပဲပြောလိုက်တာလား? အဲဒါကအကုန်ပဲလား? ယဲ့ဆွေက အလျှော့မပေးဘဲ ချန်ရှု့ကို နောက်တစ်ကြိမ်ထပ်ပြီး “ရှင်ရဲ့ လက်ကသွေးတွေထွက်နေပြီလို့ သတိပေးလိုက်သည်။

 

 

ချန်ရှု့က ဒီတစ်ကြိမ်လည်း သူ့ရဲ့ခေါင်းကို မမော့လာဘဲ “အသေးစားဒဏ်ရာလေးပါလို့ ဖြေလိုက်သည်။

 

 

ယဲ့ဆွေရဲ့အမျက်ဒေါသက ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ သူမက ရဲရင့်စွာနဲ့ ချန်ရှု့ရဲ့လက်ကိုဆွဲပြီး ထူပေးလိုက်သည်။ “ကျွန်မနဲ့လိုက်ခဲ့ အနာကိုဆေးထည့်ပြီး ပတ်တီးစည်းဖို့ကူညီပေးမယ် 

 

 

ချန်ရှု့ ခဏတာ အသက်ရှူမှားသွားခဲ့ပြီး မတ်တတ်ထရပ်ခဲ့သည်။ ဒီလိုမှမဟုတ်ရင် ယဲ့ဆွေက သူ့ကိုအတင်းအကျပ် ခိုင်းစေတာက ကိစ္စမရှိပေမယ့် ချန်ရှု့ကိုဆွဲမဖို့ဆိုတာကတော့  မဖြစ်နိုင်ဘူး။

 

 

 ယဲ့ဆွေက ချန်ရှု့ကို ဆိုဖာဆီသို ဦတည်ပြီး ဆွဲသွားခဲ့သည်။ သူမက ခြေဖျားထောက်ပြီး ချန်ရှု့ရဲ့ပခုံးကို သူမရဲ့လက်နဲ့ တွန်းလိုက်သည်။  “ထိုင်ချလိုက် ပြီးတော့ မရွှေ့လာနဲ့ ”

 

 

ချန်ရှု့က နာခံမှုရှိစွာ ထိုင်ချလိုက်ပြီး ငြင်းဆိုခြင်း မရှိခဲ့ပေ။ ဧည့်ခန်းထဲမှာရှိတဲ့ အဲဆွဲထဲကနေ သေတ္တာသေးသေးလေးကို ဆွဲထုတ်လိုက်တဲ့ ယဲ့ဆွေကို သူကြည့်လိုက်သည်။ အဲ့တာက အဲ့နေရာမှာ ဘယ်လို ရှိနေတာလဲဆိုတာတော့ သတိမထားမိခဲ့ဘူး။ ဖြစ်နိုင်တာကတော့ တစ်ချိန်တုန်းက ယဲ့ဆွေ အဲ့မှာထားထားတာပဲဖြစ်ရမည်။

 

 

ယဲ့ဆွေက ပိုးသတ်ဆေးနဲ့ ပိတ်ကျဲစကို သေတ္တာထဲကနေထုတ်ပြီး ချန်ရှု့ရဲ့ လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမခေါင်းကိုငုံ့ပြီး သူ့ရဲ့အနာကိုစတင်ပြီး သန့်ရှင်းစင်ကြယ်အောင်လုပ်ပေးခဲ့သည်။ 

 

 

 ဒဏ်ရာက သေးပေမယ့် နက်သည်။ ယဲ့ဆွေက ဒဏ်ရာကို ပိုးသတ်ဆေးလောင်းချလိုက်တဲ့အခါ ချန်ရှု့က သူ့ရဲ့နဖူးတောင် မကြုတ်ထားဘူး။

 

 

ယဲ့ဆွေက ချက်ချင်းပဲ သူ့ရဲ့လက်ကို ပိတ်စကျဖြင့် ပတ်ပေးလိုက်သည်။ သူမမော့ကြည့်လိုက်တော့ ချန်ရှု့ရဲ့ ဉာဏ်ပညာလိုင်းက စိတ်ခံစားမှုဆိုင်ရာလိုင်းနဲ့ ချိတ်ဆက်ပြီး သူ့ရဲ့လက်က လက္ခဏာကိုတောင်  သူမသတိမပြုမိခဲ့ပေ။

 

 

 ကျိုးနေတဲ့ လက္ခဏာ ရှိနေတဲ့ လူတစ်ယောက်က သူ့ရဲ့အသက်မွေးဝမ်းကျောင်းတွင် တည်ငြိမ်ပြီးအောင်မြင်လိမ့်မည်ဟု ဆိုခဲ့သည်။ ဒါပေမယ့် ယဲ့ဆွေ ချန်ရှု့ရဲ့မျက်နှာကို ရိပ်ခနဲ ဖမ်းမိလိုက်တဲ့ အချိန်မှာ အဲ့လိုမျိုးမမြင်ရဘူး။

 

 

 ယဲ့ဆွေ ပိတ်စကျဲနဲ့ ပတ်တာပြီးသွားတဲ့နောက်မှာ  သူမအခန်းသို့ ပြန်မသွားခင် ချန်ရှု့ကို အထူးဂရုစိုက်ဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ကို ညွှန်ကြားခဲ့သည်။

 

 

———

 

 နှစ်ရက်အကြာတွင် သူမအခန်းထဲက မထွက်ခွာခင် ချန်ရှု့ထွက်လာဖို့အတွက်ကို ယဲ့ဆွေ အထူးစောင့်ဆိုင်းခဲ့သည်။ သူမက ဒီနေ့ ရုပ်ရှင်ရိုက်ရတော့မှာဖြစ်တာကြောင့် သူမက ချန်ရှု့ရဲ့ အဝေးတွင်နေပြီး ချန်ရှု့ထံမှ မည်သည့်အရာကိုမဆို သူမကိုင်ဆောင်ဖို့ မလွယ်ကူတော့ပေ။

 

 

ယဲ့ဆွေက ဧည့်ခန်းကို အရင်စစ်ဆေးလိုက်သည်။ထို့နောက် သူ့ရဲ့အိပ်ခန်းတံခါးကို ဖြည်းဖြည်းချင်း တွန်းလိုက်သည်။ အဲ့တာက အခန်းရဲ့ အသွင်အပြင်ကို ယဲ့ဆွေပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။

 

 

 ချန်ရှု့လိုမျိုး သန့်ရှင်းပြီး ကျစ်လစ်ပြည့်စုံသည်။

 

 

 ဒါပေမယ့် ယဲ့ဆွေက ဒီကိစ္စတွေအပေါ်မှာ အာရုံစိုက်ခဲ့ခြင်းမရှိပေ။ အခန်းတစ်ခန်းလုံးကို သူမစကင်ဖတ်စစ်ဆေးပြီး နောက်ဆုံးတွင် သူ့ရဲ့ဗီရိုကို သူမငေးကြည့်နေခဲ့သည်။

 

 

ချန်ရှု့မှာ အဝတ်စားတွေအများကြီးရှိသည်။ ကြယ်သီးတစ်လုံး၊ နှစ်လုံးလောက် ပျောက်သွားရင် သူစိတ်ထဲထားမှာတော့ မဟုတ်လောက်ဘူးမလား?

 

 

သူခိုးလိုမျိုး ယဲ့ဆွေကချန်ရှု့ရဲ့ အဖြူရောင် ရှပ်အင်္ကျီကို ကြုံရာကျပန်း ရွေးချယ်လိုက်ပြီး ရှပ်အင်္ကျီပေါ်ရှိ နောက်ဆုံး ကြယ်သီးကို ဖြုတ်ယူလိုက်သည်။

 

 

ယဲ့ဆွေက အရာအားလုံးကို အဲ့နေရာအတိုင်း ပြန်ထားလိုက်ကာ အဖိုးတန်ကြယ်သီးကို ယူသွားပြီး သူမအလုပ်ကို စတင်ဖို့အတွက် မြို့ရှိ ရုပ်ရှင်ရိုက်ကူးရာနေရာသို့ သွားခဲ့သည်။

 

 

အိမ်ရှေ့စံမင်းသားက တီဗွီဇာတ်လမ်းတွဲနဲ့ အညီလိုက်လျောညီထွေရှိသည့် ဝဘ်နိုဗယ် ဖြစ်သည်။ ယဲ့ဆွေက တတိယမြောက်ဇာတ်ပို့ မင်းသမီးလေးဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ နဲ့ တဇွတ်ထိုးလုပ်တတ်သော နေရာတွင်သရုပ်ဆောင်ရမှာဖြစ်သည်။ အများပြည်သူရဲ့အမြင်တွင် နှစ်သက်ဖွယ်ရာမဟုတ်ပေ။ သူမက ကျော်ကြားမှု အလုံအလောက်မရှိတဲ့ သေးငယ်တဲ့ ကြယ်လေးသာ ဖြစ်ပြီး ကြီးမားတဲ့ဒရာမာတွင် ပါ၀င်နိုင်ခဲ့သည်။ သူမကကြယ်သေးသေးလေး ဖြစ်သော်လည်း ကြည့်ရှုသူများရဲ့ရှေ့တွင် ကောင်းမွန်စွာ သရုပ်ဆောင်ဖို့ လိုအပ်နေဆဲဖြစ်သည်။

 

 

 ယဲ့ဆွေက သူမရဲ့အနီရောင်ဝတ်စုံကို လဲပြီးနောက်တွင် ဒါရိုက်တာ သူမကိုခေါ်မှာကို စောင့်ရင်းထိုင်နေခဲ့သည်။အခုတော့ ခေါင်းဆောင်မင်းသားရဲ့အလှည့်ဖြစ်ပြီး အခြားသရုပ်ဆောင်များက စောင့်ဆိုင်းနေရသည်။တချို့သရုပ်ဆောင်တွေတောင်မှ ဇာတ်လမ်းတွဲထဲကသူတို့ရဲ့အပိုင်းအတွက် တစ်နေ့လုံးစောင့်ဆိုင်းခဲ့ရပြီး ရိုက်ကူးဖို့ မခေါ်မချင်း စောင့်နေရသည်။

 

 

 ယဲ့ဆွေထိုင်ပြီး ဇာတ်ညွှန်းကိုဖတ်နေစဉ် အနီးရှိတောအုပ်မှ အေးစက်တဲ့အကြည့်ကို ခံစားလာရသည်။သူမက ဇာတ်ညွှန်းကို ဘေးဖယ်ထားလိုက်ပြီး ကြည့်လိုက်တော့ သူမရေခဲတုံးဖြစ်သွားသည်။

 

 

 အဲဒါကဘာလဲ ???

 

 

 သစ်ပင်အောက်မှာ ချီတို ဆံပင်ပုံစံလေးနဲ့ မိန်းကလေးတစ်ယောက်က ရပ်နေသည်။  သူမရဲ့ ပန်ကာပုံစံဆံပင်က အနည်းငယ်ရှုပ်ထွေးကာ စီခြယ်ထားတဲ့ အဆင်တန်ဆာအချို့က ပြုတ်ကျကာ ရှင်းလင်းပြတ်သားစွာ ကျန်ရစ်ခဲ့သည်။  သူမရဲ့သရဖူဟာ အခြေအနေကောင်းနေပြီး သူမရဲ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ရှင်းပြီး သူမရဲ့ပုံရိပ်က အလွန်စိတ်ပူနေပုံရသည်။

 

 

 ယဲ့ဆွေက သူမဆီမှာကြောက်လန့်စရာ အကောင်းဆုံးအရာက လာတော့မယ်ဆိုတာကို သိလိုက်တယ်! ဒီရှုတင်မှာ ချင် မင်းဆက်ကသရဲတွေ ဘယ်လိုရှိနိုင်မှာလဲ!!

 

 

ယဲ့ဆွေ ကြက်သေသေသွားခဲ့သည်။ သူမရဲ့ခေါင်းကိုငုံ့ကာ ဒါမှမဟုတ် ချက်ချင်းလက်ငင်း ထွက်သွားဖို့ကို သူမသတိမရခဲ့ပေ။ သူမလက်ထောက် ​ရှောင်လျှို့က ဇာတ်ညွှန်းကို ဖတ်ရင်း သူမပင်ပန်းနေပြီလို့ ထင်ခဲ့သည်။  “ယဲ့ဆွေ၊ ရေလိုချင်လား?”

 

 

ယဲ့ဆွေရဲ့လက်ထဲကို ရေနွေးတစ်ခွက်ပေးလိုက်သည်။သူမ ငုံသောက်ရင်း လက်များတုန်ယင်နေခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ရှပ်အင်္ကျီမှကြယ်သီးကို အလျင်အမြန်ထုတ်ယူလိုက်ပြီး သူမရဲ့လက်ထဲမှာ တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ သူမ၀တ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့တာတောင်မှ ချန်ရှု့ရဲ့ပစ္စည်းကိုသူမနဲ့တစ်ချိန်လုံး ယူဆောင်လာဖို့မမေ့ခဲ့ပေ။

 

 

 ဒီ ချင် မင်းဆက်က သရဲက သူမဆီကိုကြည့်နေခဲ့သည်။   သူမရဲ့မျက်လုံးတွေက အနည်းငယ်ကြောက်လန့်နေသည်။ နောက်တစ်စက္ကန့်တွင် လေနှင့်အတူ သူမပျောက်ကွယ်သွားသည်။

 

 

 ယဲ့ဆွေ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချပြီး သူမမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းကြောင့် ဝမ်းမြောက်ခဲ့သည်။

 

 

 မနက်ခင်းကို နေ့ခင်းပိုင်းအချိန်ကိုရောက်လာပြီး နောက်ဆုံးတွင် ယဲ့ဆွေက သူမရဲ့ပထမဆုံးကို scene ကိုရရှိခဲ့သည်။  ဒါရိုက်တာက သူမကိုလှမ်းခေါ်လိုက်ပြီး ချန်းယင်နဲ့အတူရပ်ကာ ဇာတ်လမ်းတွဲရဲ့အခန်းကိုထောက်ပြခဲ့သည်။

 

 

ယဲ့ဆွေက သူမရဲ့အသွင်အပြင်ကို လျစ်လျူရှုကာ သရုပ်ဆောင်ရမယ့် အကြောင်းကို ပြောဆိုနေတဲ့ဒါရိုက်တာရဲ့စကားကို နားထောင်ခဲ့ပြီး လက်ရှိသရဲကို ကြည့်ရှုဖို့ အချိန်တောင်မရှိခဲ့ပေ။ ချန်းယင်ရဲ့ ခေါင်းကအနည်းငယ်စောင်းနေပြီး သူမရဲ့မျက်လုံးတွေက ပျော့ပျောင်းနေကာ သူမပြုလုပ်သမျှ လှုပ်ရှားမှုအားလုံးက မတူညီနေဘူး။

 

 

ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့မျက်နှာအသွင်အပြင်တွေက ဆင်တူနေသဖြင့် ယဲ့ဆွေက " ချန်းယင်လေး "ခေါင်းစဥ်ကိုရရှိခဲ့ပြီး သူမရဲ့ပွဲဦးထွက်ကတည်းကဖြစ်သည်။ အခုတော့ သူမရဲ့အဝတ်အစားတွေက တမင်မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် အနီရောင် အပြည့်နဲ့ရင်ဘတ်က သူမရဲ့စိတ်ရင်းမှန်ကိုအပြည့်အ၀ထင်ဟပ်စေတဲ့ ရှပ်အင်္ကျီဖြစ်သည်။

 

 

တောက်ပပြီးအရောင်စုံလှတဲ့ အဝတ်အစားမျိုးတွေက လက်ရာမမြောက်တဲ့ အမျိုးအစားဆိုရင်တောင် ပရိသတ်ရဲ့ မျက်လုံးများကချက်ချင်း ကြည့်မိစေနိုင်သည်။

 

 

အင်တာနက်ပေါ်မှာ ယဲ့ဆွေနဲ့ ချန်းယင်တို့က တော်တော်လေးဆင်တူတယ်လို့ ဆိုကြ။  ဒါပေမယ့် တကယ်တမ်း လူနှစ်ယောက် အတူတူ မတ်တပ်ရပ်နေရင် ခြားနားချက်မှာ ရှင်းလင်းလှသည်။ တစ်ယောက်က ကမ္ဘာပေါ်မှာခွဲခြားနိုင်တဲ့ ပန်းဖြစ်နေစဥ် တစ်ယောက်က ကြော့ရှင်းတဲ့ သစ်ခွနဲ့တူသည်။

 

 

ယဲ့ဆွေ ဝတ်ဆင်ထားတဲ့ အနီရောင်ဝတ်စုံက အလွန်တောက်ပလွန်းတာကြောင့် သူမရဲ့ဝတ်စုံက ချန်းယင်ရဲ့ ရိုးရှင်းတဲ့ဝတ်စုံထက် သာလွန်နေလား? ဒီအခန်းမှာ ယဲ့ဆွေက ချန်းယင်ဆီမှ ထင်ပေါ်ကျော်ကြားမှုကို ခိုးယူခဲ့တာလို့ ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်တွေက ၀န်ခံခဲ့သည်။

 

 

 အဲဒီလူတွေထဲမှာ ချန်ရှို့ လည်းသည်။

 

 

 ဒါပေမယ့် ချန်ရှို့က အေးစက်စွာနဲ့ နှာမှုတ်လိုက်သည်။ သူ့ရဲ့အမြင်အာရုံက ချန်းယင်ဆီသို့ ပြန်ရောက်သွားခဲ့သည်။ သူက နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ချိန်တွင် သူမကလူကြိုက်များတဲ့ တက္ကသိုလ်နယ်မြေထဲက အချောအလှဖြစ်ခဲ့သည်။ သူက ချစ်ခြင်းမေတ္တာအကြောင်း လူထုကို ပြောပြဖို့သင့်တော်တဲ့အချိန်ကို ရှာဖွေဖို့ပြင်ဆင်နေပြီး ပြင်ပလောကမှ ချစ်စရာကောင်းတဲ့ စုံတွဲတစ်တွဲအဖြစ် လူသိများလာပြီး သူတို့ကအစဉ်အမြဲ ချီးကျူးခံရမည်ဖြစ်သည်။

 

 

 ယဲ့ဆွေနဲ့ပတ်သက်ရင် အင်တာနက် တစ်လျှောက်လုံးတွင် သူကအန္တရယ်ပြုမယ့် လက္ခဏာရှိတဲ့ နာမည်ကြီး အဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူမမှာ သစ္စာရှိတဲ့ပရိသတ်တွေတောင် မရှိခဲ့ပေ။ တကယ်လို့ သူမကလှနေရင်ကော? သူမက ချန်းယင်လိုမျိုး ကျော်ကြားမှုမရှိသေးပေ။

 

 

ဒါရိုက်တာကသူတို့ကို ဇာတ်လမ်းအကြောင်း ပြောပြပြီးသွားပြီ။ သူရေကန်ဘေးမှ ပြန်လာတဲ့အခါ ယဲ့ဆွေနဲ့ချန်းယင်က အဲ့နေရာတွင်ကျန်နေခဲ့သည်။ ယဲ့ဆွေက သူမရဲ့စာကြောင်းများကို တိတ်တဆိတ် ရွတ်ဆိုနေစဥ် ချန်းယင်က သူတို့ကို ဖြည်းဖြည်းလေးနဲ့ တိုးတိုးလေးပြောနေသည်။

 

 

မြစ်တစ်လျှောက်မှာ လေကပြင်းထန်ပြီး ချန်းယင်ရဲ့ ၀တ်စုံကလွင့်နေကာ ကြည့်ရတာ သူတို့ကအဝေးကို ပျံထွက်သွားတော့မယ့်ပုံလိုမျိုး ဖြစ်နေသည်။ ယဲ့ဆွေက  မြစ်ကိုငေးကြည့်နေပြီး ချန်းယင်ပြောတဲ့စကားကို နားမထောင်ကြောင်းကိုပြနေသည်။

 

 

ချန်းယင်က သူ့ကိုယ်သူအမြဲဂုဏ်ယူခဲ့သည်။ သူမအနေဖြင့် မကြိုက်ဆုံးမှာ ဘာလဲဆိုတော့ ယဲ့ဆွေရဲ့အသွင်အပြင်ဖြစ်သည်။

 

 

ဒါက ရုပ်ရှင်ရိုက်ကွင်း ဖြစ်ပြီး စကားပြောဖို့ နေရာကောင်းမဟုတ်ပေ။  ချန်းယင်က ယဲ့ဆွေကို မုန်းတီးကြောင်း ထုတ်ဖော်ပြသခြင်းက မကောင်းပါ။ သူမတကယ် မပျှော်ရွှင်နေဘူး။ ဒါကြောင့် သူမက ယဲ့ဆွေနဲ့အနည်းငယ် ဝေးတဲ့ နေရာမှာ ရပ်ဖို့ ပြင်ဆင်ထားသည်။

 

 

မြစ်ကမ်းနားတွင် ကျောက်တုံး ကျောက်ဆောင်ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ချန်းယင်ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက်ပါပဲ။ နောက်ဆုံးတွင် သူမရဲ့ဒေါက်ဖိနပ်နဲ့ ကျောက်တုံးကို ကန်လိုက်ရာ ဟန်ချက်ပျက်ပြီး နောက်ပြန်လဲကျသွားခဲ့သည်။

 

 

ဒါပေမယ့် ချန်းယင်က ဒီအဖြစ်အပျက်ကို ကြိုတင်မျှော်မှန်းထားသည်။ သူမတစ်ယောက်တည်း ရေထဲသို့ကျသွားရင် ရှက်စရာကောင်းလိမ့်မည်။ သူမ ကူရှင်ယူခဲ့ရသည်။ ဒါကြောင့် သူမ မကျခင် ချန်းယင်က ယဲ့ဆွေရဲ့လက်ကို ဖမ်းကိုင်လိုက်သည်။

 

 

စလစ်းးး!— 

 

 

ရေတွေစင်သွားပြီး မြစ်နားမှာဘယ်သူမှမရှိပေ။

 

 

တစ်ယောက်ယောက် ရေထဲကျသွားတယ်!” တစ်ယောက်ယောက်က အော်လိုက်ပြီး လူတိုင်းက မြစ်ကိုပြေးလာကြသည်။

 

 

ယဲ့ဆွေက တစ်ယောက်ယောက်ကို ကျိန်ဆဲချင်ခဲ့သည်။သူမရပ်နေသော်လည်း ချန်းယင်က သူမကိုရေထဲသို့ ဆွဲချသွားနိုင်ခဲ့သည်။ လူနှစ်ယောက်က  ကမ်းခြေသို့ ကူးသွားတာကို ခွင့်ပြုသည်။ အဲ့ဒိတိုင်အောင် ချန်းယင်က ယဲ့ဆွေရဲ့ အဝတ်အစားများကို တင်းတင်းကျပ်ကျပ်ထားရှိဖို့နဲ့ သူမအား သူမရဲ့ဘဝ ဒါမှမဟုတ် သူမနဲ့အတူသေဆုံးမှုအတွက် အာမခံချက်ကိုကိုင်ထားဖို့ အခိုင်အမာပြောကြားခဲ့သည်။

 

 

ယဲ့ဆွေက ကြီးမားတဲ့အနှောက်အယှက်ဖြစ်တဲ့ ချန်းယင်ကို ကမ်းခြေဘက်သို့ အနည်းငယ်ဆွဲသွားခဲ့သည်။ ချန်းယင်ကို သူမကကြုံရာ ကျပန်းကြည့်လိုက်တဲ့အချိန် မူးဝေနေချင်ယောင် ဟန်ဆောင်နေတုန်းပဲ။

 

 

အစ်မကြီး! ဒီရေက နင့်ရဲ့ရင်ဘတ်အထိဘဲ ရှိတာကိုမသိဘူးလား? နင်လမ်းလျှောက်နိုင်တယ်။ ဒီလှည့်ကွက်က အရမ်းများနေတယ်။

 

 

ယဲ့ဆွေနဲ့ ချန်းယင်တို့ကို ရေထဲကဆွဲထုတ်ဖို့ လူတိုင်းကြိုးစားကြသည်။ သူတို့ရဲ့အဝတ်တွေကစိုနေပြီး ချန်ယင်းက  မောပန်းနေပုံပေါက်သည်။

 

 

လမ်းဖယ်ပေးပါ။.ကျွန်မသူ့ကို ​ရှေးဦးသူနာပြုနည်းနဲ့ လုပ်ပေးမလို့ ” ယဲ့ဆွေက ချန်းယင်ကို ဝန်းရံထားတဲ့ လူတွေကိုဆွဲထုတ်ခဲ့သည်။ သာမန်လူတွေက အိပ်ပျော်နေတဲ့သူကို ဘယ်လိုနှိုးနိုင်မှာလဲ? ယဲ့ဆွေရဲ့လှုပ်ရှားမှုများက အတော်လေးကျွမ်းကျင်သည်။ သူမက ချန်းယင်ရဲ့ခန္ဓာကိုယ်ကို ပလပ်လှန်ချထားလိုက်သည်။ သူမရဲ့လက်များကိုလည်း အတူတကွခေါက်ထားပြီး ချန်းယင်ရဲ့ရင်ဘတ်ပေါ်ကို ဖိလိုက်သည်။

 

 

ယဲ့ဆွေက ချန်းယင် မူးဝေနေတယ်ဆိုတာသိပြီး လက်ထဲမှခွန်အားကို တမင်တကာအားစိုက်ထုတ်ခဲ့သည်။မျှော်လင့်ထားတဲ့အတိုင်း ချန်းယင်က လူသေလိုမျိုးလုပ်နေပြီး လုံးဝမလှုပ်ရှားခဲ့ပေ။ ယဲ့ဆွေ အကြိမ်ကြိမ်ဖိအားမပေးမှီ နောက်ဆုံးတွင် ချန်းယင်က နာကျင်မှုကို မခံနိုင်ခဲ့ပေ။ နိုးလာသလိုမျိုး ဟန်ဆောင်နေခဲ့သည်။နှောင့်ယှက်ခဲ့တဲ့အချိန်မှာ သူမသွေးနဲ့ အန်ထုတ်ချင်သလိုမျိုး ယဲ့ဆွေကိုငေးကြည့်နေခဲ့သည်။

 

 

မန်နေဂျာက ယဲ့ဆွေက ချန်းယင်ကို ရည်ရွယ်ချက်ရှိရှိ ကမောက်ကမဖြစ်အောင် လုပ်နေတာလို့ မူလက ထင်ခဲ့သော်လည်း ချန်းယင် တကယ် နိုးလာလိမ့်မယ်လို့ မထင်ခဲ့ပေ။

 

 

 “ချန်းယင်၊ ယဲ့ဆွေက ရှင့်ကိုကယ်တင်ခဲ့တာပဲ။ သူမက ရှင့်ကို ကယ်ပြီးတဲ့နောက် ရှင့်ကို ​သူမကရှေးဦးသူနာပြုနည်းနဲ့ ကူညီပေးခဲ့တယ် ယဲ့ဆွေအပေါ်မှာ ထားတဲ့ မန်နေဂျာရဲ့စွဲမှတ်မှုက များစွာပြောင်းလဲသွားခဲ့သည်။

 

 

အဲ့ဒိိမှာ ယဲ့ဆွေကို ရက်စက်ယုတ်မာတဲ့သူလို့  ပြောတဲ့သူတစ်ယောက်မှမရှိဘူး။

 

 

သူမ မန်နေဂျာရဲ့ စကားကိုကြားပြီးနောက် ချန်းယင်က ယဲ့ဆွေကို အံ့အားသင့်ဖွယ်မျက်နှာဖြင့် ကြည့်ခဲ့သည်။သူမကတရားဝင် ရဲရင့်စွာနဲ့ ပြောလိုက်တဲ့စကားများအရ ယဲ့ဆွေမှာ လုံးဝကျိုးနွံခြင်းမရှိခဲ့ပေ။

 

 

ကျွန်မကိုကျေးဇူးတင်မနေပါနဲ့ ၊ ဒါကကြီးကျယ်တဲ့အလုပ်မဟုတ်ပါဘူး

 

 

ချန်းယင် “ ……”ငါကနင့်ကိုကျေးဇူးတင်ကြောင်းပြောနေတယ်ဆိုတာ ဘယ်မျက်စိနဲ့မြင်နေလို့လဲ?

 

 

 ထိုညတွင် လူသိများတဲ့ ပါပါရာဇီ ဖြစ်တဲ့ ဟူအန်းကသူ့ရဲ့ ဝေ့ပေါ် အကောင့်တွင် ဓာတ်ပုံများစွာကိုတင်ခဲ့သည်။ သူကအိမ်ရှေ့စံမင်းသားရဲ့အစီအစဉ်အရ ရေထဲသို့ကျသွားတဲ့ အဖြစ်အပျက်အချို့ကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။ သူတို့နှစ်ယောက်ဟာ ဝတ်စုံတွေဝတ်ဆင်ထားပြီး သူတို့ရဲ့ဆံပင်တွေက ရေတွေစိုနေသည်။

 

 

ဓာတ်ပုံထဲက လူတွေကိုအနီးကပ်ကြည့်လိုက်တော့ မိန်းကလေး ချန်းယင်နဲ့ တိုက်မိလိုက်တာက ကျော်ကြားတဲ့ ချန်းယင်လေးဖြစ်တဲ့ ယဲ့ဆွေဆိုတာက အံ့သြစရာပါပဲ။

 

 

ဝေ့ပေါ်တွင် ရင်းရှောင်ဟော်က အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်နေပြီး ထိုအချိန်အတောအတွင်း ထပ်တူစကားလုံးများကိုလည်း ပေးပို့ခဲ့သည်။ “ ချန်းယင်နဲ့ ယဲ့ဆွေတို့ ရိုက်ကူးရေးလုပ်နေတုန်း ရေထဲကျသွားတယ်။ ချန်းယင်က ရေထဲသို့ကျသွားပြီးတော့ ခွန်အားတွေလျော့သွားတာ။ ငါသိသလောက်ကတော့ ဇာတ်လမ်းတွဲထဲမှာ ရေနစ်တဲ့အခန်းမရှိဘူး ”

 

 

ချန်းယင်မှာ ပရိသတ်များစွာရှိပြီး အင်တာနက်ပေါ်တွင် လူကြိုက်များခဲ့သည်။ အွန်လိုင်းဆွေးနွေးမှု ချက်ချင်းထွက်ပေါ်လာတာနဲ့ နံပါတ်တစ်သို့ ချိတ်သွားခဲ့သည်။

 

 

ငါတို့ရဲ့ချစ်လှစွာသော ချန်းယင်ရေ။ မင်းကကြိုးချည်ပြီး မီဒီယာတွေနဲ့ တကြွကြွတရွရွဖြစ်နေရင်တောင်မှ မမျှော်လင့်ဘဲ ယဲ့ဆွေက ရေထဲကိုတွန်းပို့လိုက်တယ်

 

 

 “နင်ဘယ်အကြောင်းပြောနေတာလဲ? ယဲ့ဆွေကို သက်တမ်းတိုတဲ့ ကျော်ကြားမှုမပေးနဲ့။ ဒီတစ်ခါလည်း သူမရဲ့အဖွဲ့က သူမရဲ့ကျော်ကြားမှုကို မြှင့်တင်နိုင်မယ့် နည်းလမ်းအသစ်ဖြစ်နိုင်တယ်

 

 

တကယ်လို့ နင်အမှန်တရားကို မသိဘူးဆိုရင် နင်ကသနားကြင်နာပြီး နင့်ရဲ့မျက်နှာပေါ် ကျောလှည့်နိုင်အောင် ဂရုစိုက်လိုက်ပါအုံး

 

 

“……”

 

 

အင်တာနက် အသုံးပြုသူများက ယဲ့ဆွေကို အတင်းအဖျင်းစကားတွေ ပြောနေကြသဖြင့်၊ ရံဖန်ရံခါသူမကို ကာကွယ်တဲ့သူများက ဒီမှတ်ချက်များကို အလျင်အမြန်လွှမ်းမိုးခဲ့သည်။

 

 

ယဲ့ဆွေရဲ့ သက်ဆိုင်ရာအဖွဲ့ ကတော့ ဒီကိစ္စကို ဘာမှမသိခဲ့ဘူး။ သူမက ချန်ရှု့ရဲ့ရှပ်အင်္ကျီကြယ်သီးကို ဆုပ်ကိုင်ပြီး အိမ်သို့ပြန်သွားခဲ့သည်။

 

 

ရိုက်ကူးမှုနောက်ကျသောကြောင့် ယဲ့ဆွေက အိမ်ပြန်ဖို့ နောက်ကျသွားခဲ့သည်။ ချန်ရှု့က အိမ်သို့စောစောပြန်လာပြီး အဝတ်အစားလဲခဲ့သည်။ ချန်ရှု့က အဝတ်ဗီရိုတံခါးကိုဖွင့်ပြီး မနက်ဖြန် မနက်အတွက် တူညီတဲ့အဖြူရောင်ရှပ် အင်္ကျီတစ်ထည်ကို ထုတ်ယူခဲ့သည်။ သူရဲ့လက်က ရှည်ပြီးဖြောင့်သည်။ လက်တစ်ဖက်တည်းဖြင့် အင်္ကျီချိတ်ကို ကောက်ကိုင်လိုက်ပြီး ရှပ်အင်္ကျီကိုထုတ်ယူလိုက်သည်။

 

 

ရှပ်အင်္ကျီကို ထုတ်ယူပြီးနောက် သူရဲ့လက်က အောက်မှာရှိတဲ့အဝတ်က ခေါက်ပြီးချုပ်ထားတဲ့အင်္ကျီအနားကို ဖြတ်ကျော်သွားခဲ့သည်။ သူရဲ့လှုပ်ရှားမှုများမှာ နှေးကွေးပြီး သူရဲ့မျက်လုံးများက တဖြည်းဖြည်းရွေ့သွားခဲ့သည်။ သပ်ရပ်စွာ သေ​သေသပ်သပ် ခိုင်မာစွာချုပ်ထားတဲ့ ကြယ်သီးတစ်ခုက မရှိတော့ပေ။

 

 

အောက်ဖက်ကကြယ်သီးက ဘယ်လိုပျောက်သွားတာလဲ?

 

 

ချန်ရှု့က သူ့ရဲ့ရှပ်အင်္ကျီကို အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်ပြီး နောက်ထပ်ကြည့်လိုက်ပြန်သည်။ အိုး။ ပါးလွှာတဲ့ အဖြူရောင် ချည်မျှင်က ကျန်ခဲ့တာဘဲ။