လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၁၄ - သူငါ့ကိုဖမ်းမိခဲ့တယ်!
အိမ်တော်ထိန်းကျောက်ရဲ့မျက်လုံးတွေက
အရမ်းစိတ်အားထက်သန်လွန်းသည်။ သူ့ရဲ့ရည်ရွယ်ချက်က အတော်လေး သိသာခဲ့လွန်းသည်။ အိမ်တော်ထိန်းကျောက်ရဲ့
ပြောင်းလဲခြင်းနောက်ကွယ်မှာ လုံးဝကွဲပြားခြားနားသောသူဖြစ်ကြောင်း ချန်ရှု့ရှာဖွေတွေ့ရှိခဲ့သည်။
သူ့ရဲ့သဘောထားကို သူ စိတ်မကူးနိုင်ဘူး။
ခဏအကြာတွင် ချန်ရှု့က သူ့ရဲ့လက်ကိုနှေးနှေးကွေးကွေးနဲ့
ထုတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ အိမ်တောထိန်းကျောက် ရဲ့တွန့်ရှုံ့နေတဲ့မျက်နှာက
အပြုံးနဲ့ချိတ်ဆက်ထားပြီး“
သခင်လေး အတွက် နောက်ထပ်ခွက်တစ်ခွက်ပြောင်းပေးဖို့ လိုအပ်သေးလား?” လို့မေးခဲ့သည်။
“ဟမ်”
သူက ချန်ရှု့ကို စေ့စေ့ကြည့်လိုက်သည်။ အကယ်၍ ချန်ရှု့က
ကျေနပ်မှုမရှိခဲ့ရင် သူထပ်ပြီးလုပ်ပေးလိမ့်မည်။
ချန်ရှု့ရဲ့ မျက်လုံးတွေက အငွေ့ထွက်နေတဲ့ခွက်ကို ကြည့်လိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက
စိတ်ကျေနပ်မှုရှိနေသည်။
ချန်ရှု့ကသူ့ကို ဖျက်ကနဲတောင် မကြည့်ခဲ့ပေ။ “ မလိုပါဘူး
”
ချန်ရှု့ရဲ့ စိတ်ကျေနပ်မှုကို ကြောင်းသိရတဲ့အခါ အိမ်တော်ထိန်းကျောက် စိတ်သက်သာရာရခဲ့သည်။ သူကယဲ့ဆွေဘက်ကိုလှည့်ပြီး “ သခင်မလေး အတွက်လည်း
တစ်ခွက်လုပ်ပေးပါမယ်”လို့အားရပါးရ
ပြောလိုက်သည်။
ထို့နောက် အိမ်တော်ထိန်းကျောက်က ဧည့်ခန်းထဲက ထွက်ခွာခဲ့သည်။ ချန်ရှို့ကို ဖြတ်သန်းသွားစဉ် မျက်မမြင်တစ်ယောက်လို
လှည့်လိုက်ပြီး အစကနေအဆုံးထိ သူ့ကိုမကြည့်ခဲ့ပေ။
ချန်ရှို့ရဲ့ မျက်နှာက ရှုပ်ထွေးမှုနဲ့ ပြည့်နှက်နေသည်။ “ ???”
အနောက်ဘက်ကနေ နေထွက်နေတာလား? အရင်က အိမ်တော်ထိန်းကျောက်က
ချန်ရှု့အပေါ် အမြဲတမ်းမကောင်းတဲ့ သဘောထားရှိခဲ့သည်။ သို့တိုင် မျက်တောင်တစ်ခတ်ပင်
သူက အရမ်းယဉ်ကျေးလာခဲ့တာလား?
ချန်ရှို့က အိမ်တော်ထိန်းကျောက်ကို စူးစိုက်ကြည့်ခဲ့သည်။
ငါ့ကိုဒီလိုမျိုး လျစ်လျူရှုတာ ခများကရူးနေတာလား? ကံမကောင်းစွာဖြင့် အိမ်တော်ထိန်းကျောက်က
သူ့ကိုလျစ်လျူရှုခဲ့သည်။
အိမ်တော်ထိန်းကျောက်
နောက်ထပ်တစ်ခါ ပြန်ရောက်လာတဲ့အခါ သူ့လက်ထဲမှာ လက်ဖက်ရည်ခွက်နှစ်ခွက် ကို ယူလာခဲ့သည်။
တစ်ခွက်က ယဲ့ဆွေအတွက်ဖြစ်ပြီး နောက်တစ်ခွက်ကတော့ ချန်ရှို့အတွက်ဖြစ်သည်။
သူက ချန်ရှို့ကို
တွေ့ပြီးပြီလို့ထင်ပြီး သူဖြတ်သွားတဲ့အချိန် ဂရုမစိုက်စွာနဲ့ ချန်ရှို့အပေါ် လက်ဖက်ရည်တစ်ခွက်ကို
ထည့်ပေးလိုက်သလိုပဲ။
ယဲ့ဆွေက ချန်ရှို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို
ရိပ်ခနဲဖမ်းမိလိုက်ပြီး စိတ်ကျေနပ်မိသည်။ အွန်း အခုတော့လျစ်လျူရှုခံရတာကဘာလဲဆိုတာကို
ရှင်ခံစားရပြီပဲ။
ထမင်းစားခန်းထဲကို သခင်ကြီးချန် ရောက်လာခဲ့သည်။ သူကအလယ်မှာထိုင်လိုက်ပြီး သူ့မျက်လုံးတွေက ပတ်ပတ်လည်ကိုပြန့်သွားကာ
သူက ချန်ရှို့ကိုကြည့်ပြီး“
ချန်းယင် ဘယ်မှာလဲ?” လို့မေးလိုက်သည်။
“သူမ နေမကောင်းဘူး။
ပြီးတော့ နောက်တစ်နေ့မှလာလည်မယ်လို့ ပြောလိုက်တယ်။ သူမ မနက်ဖြန်ကျရင်လာတွေ့ပါလိမ့်မယ်။”သူ့အဘိုး သူမကို ပြောတာတွေက
ချန်းယင်အတွက် မလွယ်ကူဘူး။ ဒါကြောင့်မို့ သူက မလာဖို့ အကြောင်းပြချက်ပေးလိုက်သည်။
ချန်ရှီက စကားမပြောခဲ့ပေ။ ခဏအကြာတွင် သူရဲ့နှုတ်ကိုဖွင့်ဟခဲ့သည်။
“ ငါလည်း ချန်းယင်နဲ့ ယဲ့ဆွေအကြောင်း အချို့အရာတွေကို ကြားခဲ့တယ် ”
ချန်ရှို့က ပေါကြောင်ကြောင် ဟန်ဆောင်ခဲ့သည်။ “ အဘိုး၊ ဘာအကြောင်း ပြောနေတာလဲ?”
သခင်ကြီးချန် ပြောချင်တာကို ယဲ့ဆွေ ခန့်မှန်းမိခဲ့သည်။
အဲ့အကြောင်းက သူမနဲ့ချန်းယင်တို့ ရေထဲကျသွားတဲ့အကြောင်းဖြစ်သည်။ ချန်ရှို့က မျက်နှာသာပေးခံရတယ်ဆိုတာ
သူမသိသည်။ အဲ့အချိန်က သူမနဲ့ချန်းယင်တို့ မတော်တဆမှုဖြစ်ပွားခဲ့သည်။
သခင်ကြီးချန်က သူမကိုအမှန်ပင် အပြစ်တင်လိမ့်မည်။
ယဲ့ဆွေက သခင်ကြီးချန်ရဲ့ပြစ်ဒဏ်ကို လက်ခံဖို့ပြင်ဆင်နေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သခင်ကြီးချန်က ချန်ရှို့ကို ခက်ထန်တဲ့မျက်လုံးဖြင့် ကြည့်ခဲ့သည်။
“မင်းစဥ်းစားနေတဲ့အကြောင်းကို ငါမသိဘူး ထင်နေလား? မင်းရည်းစားက ဘာလုပ်နေတာလဲ? ငါ့ကိုမေးဖို့ မင်းမှာသတ္တိရှိနေတုန်းပဲ?”
ဘေးအန္တရာယ်က တစ်နည်းနည်းဖြင့် ချန်ရှို့ဆီပြောင်းရွှေ့ခဲ့သည်။
ဇာတ်ကြောင်းက ပြောင်းပြန်ဖြစ်သွားတာကြောင့် ယဲ့ဆွေ ရှုပ်ထွေးသွားခဲ့သည်။ ဘာလဲ?
ချန်ရှီက မတော်တဆမှု
အဖြစ်အပျက်ကို ကြားသိရတဲ့အခါ မကျေမနပ်ဖြစ်ခဲ့သည်။
ချန်းယင်က ယဲ့ဆွေ ကိုတမင်တကာကြံစည်ခဲ့တယ် ဆိုတာထင်ရှားသည်။ “ဒီကိစ္စမှာ ယဲ့ဆွေ
မှားနေတာ” သူ့ရဲ့လေသံက ပြောင်းလဲသွားသည်။ “ ယဲ့ဆွေ ဘာမှမမှားခဲ့ဘူး။ ယဲ့ဆွေက အမှားတစ်ခုခုလုပ်ခဲ့ရင်တောင်
သူမက ချန်းယင်ရဲ့ ဒေါ်လေးပဲ။ သူမက သူမရဲ့ဒေါ်လေး ပြောသမျှအရာရာတိုင်းကို သည်းခံသင့်တယ်။”
ချန်ရှို့က မှင်တက်မိတဲ့အထိ ကြက်သေသေသွားသည်။
“
ပြန်သွားရင် ချန်းယင်ကိုပြောလိုက်။ သူမရဲ့ဒေါ်လေးကို စိတ်အနှောင့်အယှက်မဖြစ်စေနဲ့လို့။
”
ချန်ရှို့ စကားမပြောတဲ့အခါ သခင်ကြီးချန်က သူ့ရဲ့တူကိုစားပွဲပေါ်ကို
ပြင်းပြင်းထန်ထန် ဆောင့်ချကာ“
ငါပြောတာကို မင်းကြားလား?”
ချန်ရှို့က “ ဟုတ်ကဲ့”
လို့ အပြစ်ကင်းစွာ ဝန်ခံခဲ့သည်။
သခင်ကြီးချန်ရဲ့ ပြစ်တင်ဆုံးမတာကို ချန်ရှို့ခံရပြီးနောက်
ယဲ့ဆွေက ကျေနပ်မိသည်။ ထို့နောက် လူတိုင်းစတင်စားကြသည်။
ဒီနေ့မှာအားလုံးက အဆင်မပြေဘူးလို့ ချန်ရှို့ခံစားခဲ့ရသည်။
ပထမဆုံး အိမ်တော်ထိန်းကျောက်က သူ့ကိုမျက်နှာသာ မပေးခဲ့ပေ။ အခုတော့ အဘိုးက သူ့ကိုဆူခဲ့သည်။
အရှက်တကွဲဖြစ်တာကို ခံစားဖို့အတွက် ချန်အိမ်တော်ဆီကို လာခဲ့မိတယ်လို့ သူခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက သူ့ကိုငေးကြည့်နေတာကို ချန်ရှို့ရှာဖွေတွေ့ရှိခဲ့သည်။ ဒါပေမဲ့ သူမက သူ့ကိုလှောင်ပြောင်သရော်ပြီး ကြည့်နေတာ။
သူမက ချန်ရှို့ဆီသို့ ဖန်ခွက်ကို မြှောက်လိုက်ပြီး မာနထောင်လွှားစွာနဲ့ ပြောင်ပြောင်တင်းတင်း
ပြသလာသည်။
ချန်ရှို့ ဒေါသထွက်သွားခဲ့သည်။
——
နောက်တစ်နေ့တွင်
ချန်ရှို့နဲ့ယဲ့ဆွေတို့ ပြီးခဲ့တဲ့ညက ဘာမှ မဖြစ်ခဲ့သလိုမျိုး တွေ့ဆုံခဲ့သည်။ ချန်ရှို့က ဇာတ်လမ်းတွဲထဲက သူ့ရဲ့အဓိကအခန်းကို ရိုက်ခဲ့သည်။အခြားတစ်ဖက်တွင်
ယဲ့ဆွေက သူမရဲ့ဆဲလ်ဖုန်းမျက်နှာပြင်ပေါ်က စာတွေကို အထက်၊ အောက်ရွှေ့ကြည့်နေပြီး ပွဲလမ်းသဘင်
အခမ်းအနားကို စိတ်၀င်စားသော်လည်း ၎င်းနှင့်ပတ်သက်၍ ပြောဆိုရန် ဘာမျှမသိတဲ့ ကြည့်ရှုသူများကဲ့သို့
တစိမ့်စိမ့်တွေးပြီး ပီတိဖြစ်မှုအပြည့်ဖြင့် ထိုင်နေသည်။
သို့သော် ယဲ့ဆွေ အချိန်အကြာကြီး မချိန်မဖြုန်းခဲ့ပေ။သူမရဲ့ဂုတ်က
အေးနေသလိုခံ ခံစားလိုက်ရသည်။အပြင်မှာနေသာနေတုန်းပဲ။ သစ်ပင်အရိပ်က မိနစ်အနည်းငယ်တွင်
ရုတ်တရက် ကျဆင်းသွားသည်။
ယဲ့ဆွေရဲ့ အနောက်ဘက်မှ အဖြစ်အပျက်က သူ့မကိုလှည့်စားနေသည်။
အဲ့ဒီမှာ ဆံပင်အရှည်ကြီးနဲ့သရဲမက သူမရဲ့ဂုတ်ကို မှုတ်နေတာဖြစ်ရမည်။
ယဲ့ဆွေက သူမရဲ့ဆဲလ်ဖုန်းက စာကို အထက်အောက်ရွှေ့ကြည့်ဖို့
စိတ်ကူးရှိသည်။ သို့သော် သူမလှုပ်ရှားနိုင်ခြင်း မရှိခဲ့ပေ။ ချန်ရှု့က ထပ်ပြီးဒီနေရာတွင်မရှိခဲ့ပေ။
ခုခံတွန်းလန်ဖို့ ရဲစွမ်းသတ္တိကိုသာ သူမအားကိုးနိုင်သည်။
နောက်တစ်စက္ကန့်တွင် ယဲ့ဆွေရဲ့ ပခုံးပေါ်သို့ ဆံခြည်မျှင်က
ကျဆင်းသွားခဲ့ပြီး အနက်ရောင်သွေးတွေက ယဲ့ဆွေရဲ့အဝတ်အစားတွေပေါ်သို့ တစ်စက်ချင်းစီကျလာခဲ့သည်။
နောက်ဆုံးမှာတော့ ထူးထူးခြားခြား ဖြူစွတ်နေတဲ့လက်ကြီးက ယဲ့ဆွေရဲ့ပခုံးကို ညင်ညင်သာသာဖိလိုက်သည်။
“ယဲ့ဆွေ၊
နင့်ရဲ့ယောက်ျားက အရမ်းခက်ထန်တယ်နော် ” သရဲက ယဲ့ဆွေကို ရင်းနှီးသလိုမျိုး စကားပြောလိုက်သည်။
သူမရဲ့အသံက ယဲဲ့ဆွေကပဲ သူမကိုအနိုင်ကျင့်သလိုမျိုး မခံမရပ်နိုင်တဲ့ အသံမျိုးဖြစ်နေသည်။
ဖန်ဂဲလ်သရဲရဲ့ အသံကိုကြားလိုက်တော့ ယဲ့ဆွေ သက်ပြင်းချလိုက်သည်။
ဖန်ဂဲလ်သရဲက ဘာသာစကားတွေပေါ်လာတာကို အကြိမ်ပေါင်းများစွာ
ကြိုက်နှစ်သက်ကြောင်း သူမ မသိခဲ့ပေ။ ရလဒ်အနေဖြင့် ယဲ့ဆွေ ယခုမကြောက်တော့ပေ။ ဖန်ဂဲလ်သရဲ
စကားပြောပြီးနောက် ယဲ့ဆွေကို စိတ်ခြောက်ခြားအောင်လုပ်နေတာကို ရပ်လိုက်သည်။ သူမက ယဲ့ဆွေရှေ့က
ထိုင်ခုံတွင် သူမရဲ့မေးထောက်ပြီး ထိုင်လိုက်သည်။
“
ယဲ့ဆွေ၊ နင့်ရဲ့ယောကျ်ားက ကြည့်လို့ကောင်းတယ်။ ဒါပေမယ့် သူရဲ့ ချစ်ခင်တွယ်တာမှု ခံစားချက်က
ကင်းမဲ့နေတယ်”ဖန်ဂဲလ်သရဲက
နှုတ်ခမ်းစူပြီး သူမအားနှမြောတွန့်တိုစွာနဲ့ အပြစ်တင်ခဲ့သည်။
ချန်ရှု့က သူမရဲ့စက္ကူခွက်ကို ခြေထောက်တစ်ဖက်နဲ့နင်းခဲ့သည်။
အဲ့တာတောင်မှ သူမရဲ့အိုင်ဒေါပုံစံလိုမျိုး ဆေးခြယ်ထားသလိုပဲ။ ချန်ရှု့က ယခုအခါ ယဲ့ဆွေကို
ကာကွယ်ပေးခဲ့သည်။ ချန်ရှု့ရဲ့နာမည်ကိုကာကွယ်ဖို့အတွက်
သူမကပထမဆုံးအကြိမ် ဖန်သရဲမလေးကို စကားပြောခဲ့သည်။
“
ငါ့ ယောက်ျားက ကြည့်ကောင်းတယ်။ ပြီးတော့ကောင်းမွန်တဲ့ စိတ်လည်းရှိတယ်။ အဲ့တာက သူရဲ့အမှားမဟုတ်ဘူး”
ဖန်ဂဲလ် သရဲရဲ့မျက်လုံးက လင်းလက်သွားသည်။ သူမက သူမရဲ့နဖူးပေါ်က
သွေးတွေကို သုတ်လိုက်သည်။“
နင် ငါ့ကို လိုလိုလားလား စကားပြောပေးတာလား? အရင်ကသူမအမြဲတမ်း ယဲ့ဆွေကို စကားပြောနေခဲ့သည်။
ယဲ့ဆွေ သူမကို တုံ့ပြန်လိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။
ယဲ့ဆွေက ဝေရှီ
အုပ်စုရဲ့သတင်းအချက်အလက်များကို အင်တာနက်ပေါ်တွင် ရှာဖွေဖို့ စဉ်းစားတဲ့အခါ ဖန်သရဲက
နောက်ဆုံးအကြိမ်ပြောဆိုခဲ့တဲ့အတိုင်း သူမပါးစပ်ကို ဖွင့်ဖို့မကူညီနိုင်ခဲ့ပေ။
“နင်
ငါ့ကိုကူညီစေချင်တယ်လို့ ပြောတယ်နော်။ ငါ နင့်အတွက် ဘာလုပ်ပေးရမှာလဲ?”
ယဲ့ဆွေက သူမရဲ့စကားတွေကို ပြန်သိမ်းသွားမှာကို ဖန်ဂဲလ်သရဲက
ကြောက်ရွ့သောကြောင့် သူမက“
အစ်မ၊ကျွန်မ ဝေရှီ အုပ်စုက ကျွန်မရဲ့အမေ ချင်ရှင်းနဲ့ဆက်သွယ်ချင်တယ်” လို့ ချိုသာစွာပြောလိုက်သည်။
ယဲ့ဆွေက မှားယွင်းတယ်လို့ မခန့်မှန်းခဲ့ပေ။ သူမရဲ့ရှေ့ကသရဲက
ကားမတော်တဆမှုတစ်ခုအတွင်း သေဆုံးခဲ့တဲ့ ချင်ရှင်းရဲ့ သမီးဖြစ်သည်။
“နင့် နာမည်က ဘယ်လိုခေါ်လဲ?”
ချင်ရှင်းက သူမသမီးရဲ့ သတင်းအချက်အလက်များကို ခိုင်မာစွာအကာအကွယ်ပေးခဲ့ပြီး ပြင်ပလောကသို့
သူမရဲ့အမည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
“ဝေရွှမ့် ”လို့ ဖန်ဂဲလ်သရဲက ပြန်ဖြေလိုက်သည်။ ထို့နောက်သူမက
ယဲ့ဆွေရဲ့ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာနဲ့ ပတ်လိုက်သည်။ ဒါက ယဲ့ဆွေရဲ့မျက်နှာနဲ့မျက်လုံးကို
လှည့်ပတ်လုနီးပါးဖြစ်အောင် လုပ်တာဖြစ်သည်။
အခြားသူများက သူမကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်ခြင်းမှ
ကာကွယ်ဖို့ ယဲ့ဆွေက သူမရဲ့အသံကိုတမင်တကာ လျှော့ချလိုက်သည်။ “ ဒါဆိုရင် နင် ဘယ်လိုသေသွားတာလဲ?”
အဆိုပါ ဖန်ဂဲလ် သရဲမလေးက စက်ဝိုင်းထဲမှာ လှည့်ပတ်လမ်းလျှောက်ပြီး
စိတ်မကောင်းစွာနဲ့ သူမက ယဲ့ဆွေရဲ့ဒေါက်ဖိနပ်ကို တိုက်မိလိုက်ပေမယ့် သူမက အချိန်ကြာမြင့်စွာ
ရွေ့လျားသွားခြင်းမရှိခဲ့ဘဲ မြေပေါ်မှာသေသွားသလို ဟန်ဆောင်လိုက်သည်။
အဲ့တာက ရယ်စရာကောင်းတယ်လို့ ယဲ့ဆွေ ခံစားခဲ့ရသည်။“တကယ်ပါပဲ
ယဥ်ကျေးမှုတွေ အဲ့လောက်အများကြီးပြဖို့ မလိုပါဘူး”
(T / N: ဦးညွှတ်ပြီး
သူမရဲ့ကျေးဇူးတင်ခြင်းကို ပြသခြင်း)
ဖန်ဂဲလ် သရဲက ခေါင်းစဉ်ကို ရှောင်လိုက်နိုင်ပြီး စိတ်ပျက်လက်ပျက်ဖြင့်
မြေပြင်ပေါ်ကထကာ သူမရဲ့မျက်လုံးများကို ရှောင်ခဲ့သည်။
“အပြေးအလွှားနဲ့
ကျွန်မရဲ့အိုင်ဒေါ နောက်လိုက်ရင်း မတော်တဆ လှေကားပေါ်က ပြုတ်ကျသွားခဲ့တာ”
သူမရဲ့နဖူးတွင် အပေါက်တစ်ပေါက်ရှိပြီး သွေးတွေးစီးကျနေတာ
အံ့သြစရာတော့မဟုတ်ပေ။
တစ်ယောက်ယောက်
လာနေတာကို ဖန်ဂဲလ်သရဲက မြင်လိုက်သည်။ အဲ့တာက ယဲ့ဆွေရဲ့လက်ထောက် ရှောင်လျှို့ ဖြစ်သည်။
သူမရဲ့လက်တွေနဲ့ ဆံပင်ကို မြန်မြန်ဆန်ဆန်လှန်လိုက်ပြီး ယဲ့ဆွေကို တယ်လီဖုန်းနံပါတ်တစ်ခု
ပြောပြခဲ့သည်။
“အစ်မ
ဒါက ကျွန်မ အမေရဲ့ ဆဲလ်ဖုန်းနံပါတ်။ နောက်တစ်ခါမှအစ်မကို
လာတွေ့မယ်နော်”
——
ယဲ့ဆွေ အလုပ်မှအိမ်ပြန်ရောက်တဲ့အခါ သူမအိတ်ကိုရှင်းနေစဉ်
ကြယ်သီးကို ရှာတွေ့သွားခဲ့သည်။ ဒီကြယ်သီးက အကြာကြီး ပျောက်နေတာခဲ့တာကြောင့် သူက ဒီအရာကို
တုန့်ပြန်ရန်လိုသေးသော်လည်း ချန်ရှု့က ဒါကို မတွေ့ရသေးပုံပဲ။
အကယ်၍ချန်ရှု့သာ ဒီအရာကိုတွေ့ရှိသွားခဲ့ပါက သူမလုပ်ခဲ့တာကို
သူသိနိုင်လား? သူမကအများနဲ့မတူနဲ့ တစ်မူထူးခြားတဲ့သူလို့ ထင်နေရင်ကော? ဒါမှမဟုတ် သူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ
ပစ္စည်းတွေကို ခိုးယူတဲ့အမျိုးအစားမျိုးဆိုရင်ကော?
ဒါကသိပ်မကောင်းဘူး။
အချိန်တိုအတွင်းတွင် ယဲ့ဆွေ အများကြီး စဉ်းစားခဲ့သည်။ သူမက ကောင်းတဲ့သူ တစ်ယောက်ပါ။ ဒီလိုမလုပ်ပါဘူး။
ကြယ်သီးတွေ ဘယ်တော့မှမပျောက်ခဲ့သလိုမျိုး ဟန်ဆောင်ပြီးတော့ ချက်ချင်းပြန်ချုပ်ရမည်။
ကြယ်သီး ချုပ်တဲ့စစ်ဆင်ရေးကို
ဒီနေ့ညအကောင်အထည်ဖော်လိမ့်မည်။
ညအချိန်တွင် နောက်ကျတဲ့အခါ ချန်ရှု့က သူ့ရဲ့အခန်းသို့ သွားတတ်သည်။
ယဲ့ဆွေက အခန်းထဲမှာထိုင်ပြီး အချိန်ကိုကြည့်လိုက်သည်။ ည ၁၁ နာရီလောက်ရှိနေပြီ။ ချန်ရှု့ရဲ့အကျင့်အရ အခုသူ
အိပ်ပျော်နေတာဖြစ်ရမည်။
သို့သော် ဆိုဖာဘက်ခြမ်းတွင် ယဲ့ဆွေကတစ်နာရီထပ်စောင့်ဖို့
ဆုံးဖြတ်ခဲ့သည်။ ချန်ရှု့လုံးဝအိပ်မောကျသွားတဲ့အချိန် သူမက ချန်ရှု့ရဲ့အခန်းထဲဝင်သွားမှာဖြစ်သည်။
အချိန်က တိတ်တဆိတ် ကျော်လွန်သွားပြီး မကြာခင် ၁၂ နာရီထိုးတော့မှာ
ဖြစ်သည်။ ယဲ့ဆွေက အသက်ပြင်းပြင်းရှူလိုက်ပြီး
သူမရဲ့ဘယ်ဘက်လက်က လက်နှိပ်ဓာတ်မီးကိုကိုင်ထားကာ သူမရဲ့ညာဘက်လက်က ကြယ်သီး၊ အပ်တချို့နဲ့
အပ်ချည်ကို ကိုင်ထားသည်။ သူမက တဖြည်းဖြည်းတံခါးမှ ထွက်လာခဲ့သည်။
ကိရိယာတန်ဆာပလာအားလုံးနဲ့အတူ ယဲ့ဆွေရဲ့ စိတ်နှလုံးသားကလည်း
အေးဆေးငြိမ်သက်နေသည်။
ယဲ့ဆွေက ဧည့်ခန်းကို ဆူညံခြင်းမရှိဘဲ ဂရုတစိုက်နဲ့တိတ်ဆိတ်စွာ
လျှောက်လှမ်းခဲ့သည်။ ချန်ရှု့ရဲ့အခန်းကို မကြာခင်မှာ ရောက်တော့မည်။ ယဲဲ့ဆွေက စိတ်ပိုင်းဆိုင်ရာကိုပြင်ဆင်ထားပြီး
တံခါးလက်ကိုင်ကို လှည့်လိုက်သည်။
ယဲ့ဆွေချောင်းကြည့်လိုက်တော့ ချက်ချင်းပဲသက်ပြင်းချကာ စိတ်သက်သာရာရသွားခဲ့သည်။
သူမ မျှော်လင့်ထားတဲ့အတိုင်း ချန်ရှု့က အိပ်ပျော်သွားပြီး အသံမှန်မှန်နဲ့ ကောင်းမွန်စွာအိပ်စက်နေခဲ့သည်။
ချန်ရှု့ရဲ့ မျက်နှာကို ဖုံးကွယ်ထားတဲ့အခန်းက မှောင်နေပြီး
လရောင်ကသာရောင်ပြန်ဟပ်နေသည်။ သူကအမှောင်ထဲမှာ
တစ်ဦးတည်းသော အလင်းရောင်အရင်းအမြစ်တစ်ခုတည်းနဲ့အတူ လဲလျောင်းနေသည်။
သူမကချန်ရှု့ရဲ့ အိပ်ပျော်နေတဲ့ ကိုယ်ဟန်အနေအထားက အဆင်ပြေနေတာကို
မြင်နေရသည်။ သူအိပ်ရာပေါ်မှာနေပြီး စောင်ရဲ့အပြင်ဘက်မှာ သူ့ရဲ့လက်ထားကာ ပလပ်လှန်ကာ
အိပ်နေသည်။ သူရဲ့လက်ကသွယ်လျပြီး အလင်းရောင်က သူ့ရဲ့လက်ချောင်းထိပ်များမှ ဖြတ်သန်းလာတာကြောင့်
နူးညံ့သိမ်မွေ့ခြင်းနဲ့ တည်ငြိမ်းအေးချမ်းနေသည်။
သို့သော် ယဲ့ဆွေက ညှို့ယူဖမ်းထားနေတဲ့ မြင်ကွင်းကို အရသာခံစားနိုင်ဖို့
အချိန်မရှိခဲ့ပေ။ သူမရဲ့စိတ်က ချန်ရှု့ရဲ့ရှပ်အင်္ကျီကိုပဲအာရုံစိုက်ခဲ့သည်။ မဟုတ်ဘူး
သူမယူသွားတဲ့ ရှပ်အင်္ကျီရဲ့ကြယ်သီး။
ချန်ရှု့ရဲ့ဘေးကို တိတ်တဆိတ် ချဥ်းကပ်သွားတဲ့အခါ ယဲ့ဆွေ
ပို၍ သတိထားလာခဲ့သည်။ သူမရဲ့အသက်ရှုခြင်းကိုထိန်းထားကာ ခြေလှမ်းတစ်လှမ်းပြီး၊ တစ်လှမ်းကို
ခြေဖျားထောက်ပြီးသွားခဲ့သည်။ သူမဗီရိုရှေ့သို့ရောက်ရှိသွားတဲ့အခါ ယဲ့ဆွေက ဗီရိုတံခါးကို ညင်သာစွာဖွင့်လိုက်သည်။ အထဲမှာက အရမ်းမှောင်နေတယ်။
ယဲ့ဆွေရဲ့လက်ထဲမှာယူလာတဲ့ ယူလာတဲ့လက်နှိပ်ဓာတ်မီးက အဆင်ပြေသွားသည်။
ယဲ့ဆွေက လက်နှိပ်ဓာတ်မီးကို ဖွင့်ပြီးတော့ ရှပ်အင်္ကျီကိုရှာတွေ့လိုက်သည်။ သူမက ရှပ်အင်္ကျီရဲ့အနားကိုကောက်ယူလိုက်ပြီး ကြယ်သီးကို
ချုပ်ရန်အဆင်သင့်ဖြစ်ခဲ့သည်။ ယဲ့ဆွေက ကြယ်သီးချုပ်ရင်း
အလုပ်ရှုပ်နေတဲ့အတွက် လက်နှိပ်ဓာတ်မီးကို ကိုင်ထားဖို့ အချိန်မရှိခဲ့ဘူး။ ဒါ့ကြောင့်
သူမက ကြယ်သီးကို ခလုတ်ကို မြင်နိုင်ဖို့ ဓာတ်မီးကို သူမရဲ့ ပါးစပ်ထဲထည့်ထားခဲ့ရသည်။
ယဲ့ဆွေက အပ်ကိုကိုင်ပြီး ကြယ်သီးအပေါက်ကို မှန်းပြီးထိုးလိုက်သည်။
ဖက်—-
အပ်ပေါက်က ကျဥ်းလွန်းပြီး အပ်ချည်ဝင်ဖို့က ထူလွန်းနေသည်။
ယဲ့ဆွေက အပ်ကိုလှည့်လိုက်သည်။ ခဏကြာတော့ ချည်ဟာအပ်ထဲကိုဝင်ဖို့ အနိုင်ရခဲ့သည်။
သို့သော်ဒီဖြစ်စဉ်က အနည်းငယ် စိတ်ပျက်ဖွယ်ကောင်းသည်။ ဒါပေမယ့် ရလဒ်မှာ အနည်းဆုံးတော့
ကောင်းနေခဲ့သည်။သူမက နာရီဝက်ခန့် ကြိုးစားလုပ်ခဲ့ပြီး နောက်ဆုံးတွင်ပထမဆုံးစချုပ်နိုင်ခဲ့သည်။
ယဲ့ဆွေက နဖူးမှချွေးများကို သုတ်လိုက်ပြီး ခက်ခဲတဲ့လုပ်ငန်းတာဝန်များကို
ဆက်လက်ရုန်းကန်နေရသည်။
ယဲ့ဆွေက အလျင်အမြန် လုပ်လိုက်တော့ သူမလက်ချောင်းကို မတော်တဆထိုးမိခဲ့သည်။
ဒါက နာကျင်ခဲ့သည်။ ဒါပေမယ့် သူမက နာကျင်မှုကို လျစ်လျူရှုခဲ့သည်။ ယဲ့ဆွေက အပ်ချုပ်ခြင်းတွင်
လုံးဝစုပ်ယူခံခဲ့ရသည်။ သူမရဲ့အနောက်ဘက်က ချန်ရှု့မျက်လုံးပွင့်လာတာကို သူမ မသိခဲ့ပေ။
တကယ်တော့ သူမဝင်လာတဲ့အခါကတည်းက ချန်ရှု့နိုးနေခဲ့တာဖြစ်သည်။
သူက အအိပ်ဆက်ပြီး အသံကြားတာနဲ့ နိုးလာတတ်တဲ့သူဖြစ်သည်။
သူဘာမှမပြောရတဲ့အကြောင်းရင်းမှာ
သူ့အခန်းထဲတွင် ယဲ့ဆွေကို ဘာလုပ်နေလဲဆိုတာကြည့်ဖို့ဖြစ်သည်။
ရလဒ်အနေနဲ့ ယဲ့ဆွေက သူ့ရဲ့အခန်းထဲသို့၀င်ပြီး သူ့ရဲ့ဗီရိုဆီသို့
တန်းတန်းမတ်မတ်သွားခဲ့သည်။ သူမကတံခါးကိုဖွင့်ပြီး အဲဒီမှာရွေ့လျားမှု မရှိဘဲ ရပ်နေသည်။
သူမကိုင်းထားတာကနေ ကျော်ကြည့်လိုက်တော့ သူမရဲ့နောက်ကျောက
သူ့ဆီကိုလှည့်သွားသည်။ အဲဒီမှာဘာဖြစ်နေတာလဲဆိုတာကို သူမသိခဲ့ပေ။
ချန်ရှု့ရဲ့ မျက်လုံးတွေက ဝင်းလဲ့တောက်ပနေသည်။ သူ မထပေမည့်လည်း
မျက်နှာကျက်ကိုငေးကြည့်လိုက်သည်။ ရုတ်တရက် သူ့စိတ်ထဲ အတွေးဝင်လာခဲ့သည်။
အဆုံးတွင် ယဲ့ဆွေ အပြီးသတ်ကို ချုပ်ရတော့မည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ
သူမပြီးဆုံးသွားမှာပါ။သို့သော် သူမအနောက်မှ ဆူညံသံတချို့ကို ကြားလိုက်သည်။ ယဲ့ဆွေလှည့်ကြည့်လိုက်ပြီးတော့
ချန်ရှု့ကို မျက်လုံးကျယ်ကြီးနဲ့ ကြည့်နေလိုက်သည်။
ယဲ့ဆွေ အော်လုနီးပါးဖြစ်ခဲ့သည်။ ဒါကညသန်းခေါင်ယံ ၁၂ နာရီမှာ လူတွေကို အသက်ဆုံးရှုံးအောင် ကြောက်လန့်စေတဲ့
သရဲတွေသာမဟုတ်ဘဲ လူသားတစ်ဦးလည်းဖြစ်နိုင်သည်။ အဲ့လူက မကောင်းတာတွေလုပ်နေတဲ့ မင်းကို
ရုတ်တရက် ဖမ်းမိလိုက်ပြီ!
ယဲ့ဆွေရဲ့ ခြေထောက်တွေ ပျော့ပျောင်းသွားပြီး သူမရဲ့မျက်နှာကအပြစ်ရှိပြီး
ထိတ်လန့်ခြင်းနဲ့ပြည့်နေသည်။ သူမက “ကျ - ကျ-ကျ
......ကျမကရှင်အိပ်ပျော်နေတာကို စောင့်ကြည့်ချင်တာမဟုတ်ပါဘူး ကျ - ကျ...ကျ......ကျမကရှင်နိုးလာခဲ့ဖို့
မရည်ရွယ်ထားပါဘူး ......”
သူမက ရုတ်တရက်“ကျွန်မက
ကြယ်သီးချုပ်ဖို့လာတာပါ။ အခုသွားတော့မလို့ပါ”
လို့ အဝတ်ကိုပြခဲ့သည်။
ယဲ့ဆွေက အပြစ်မရှိကြောင်း
သက်သေပြဖို့ သူ့နှလုံးသားကိုတွန်းချလိုက်သည်။
အကျွန်ုပ်ရဲ့ ဘုရားသခင်၊ အကျွန်ုပ်က မျှော်လင့်တဲ့သူမဟုတ်ပါ။ အကျွန်ုပ်ဟာအဝါရောင်မြစ်ထဲကို
ခုန်ချသွားခဲ့ရင်တောင် အကျွန်ုပ်ရဲ့သန့်ရှင်းစင်ကြယ်မှုကို သက်သေပြနိုင်ဖို့ အကျွန်ုပ်မတွန့်ဆုတ်ဘူး။
ယဲ့ဆွေက ချန်ရှု့ကိုမကြည့်ရဲဘူး။ သူမက သူမရဲ့မျက်လုံးများကိုအတင်းပိတ်ထားပြီး ချန်ရှု့ရဲ့စီရင်ချက်ကို
စောင့်ခဲ့သည်။ အချိန်များစွာကြာပြီးနောက် ချန်ရှု့က ဘယ်ဆူညံသံကိုမှ မလုပ်ခဲ့ပေ။
ယဲ့ဆွေဟာ ထူးဆန်းနေတယ်လို့ ခံစားရပြီး သူမရဲ့မျက်လုံးတွေကိုဖွင့်ကာ
ချန်ရှု့ရှိနေတဲ့နေရာကို ကြည့်လိုက်သည်။
ချန်ရှု့က သူ့ရဲ့မျက်နှာကိုအရှေ့ဘက်လှည့်ပြီး အဲ့ဒီမှာထိုင်နေသည်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အလင်းမှေးမှိန်ခဲ့ပေမယ့်
ချန်ရှု့ရဲ့ဘေးတစောင်းမြင်ရတဲ့မျက်နှာက အနည်းငယ်မပီသနေဘူး။ သို့သော်သူ့မျက်လုံးပိတ်ထားတာကတော့
ရှင်းလင်းနေသည်။
ယဲ့ဆွေ တွေးလိုက်သည်။ ချန်ရှု့က မထသေးပုံရတယ်။ သူအိပ်မက်မက်နေတာလား? ယဲ့ဆွေ ခဏစဉ်းစားပြီး“ အိပ်တော့၊ အိပ်တော့ ” လို့
ပြောလိုက်သည်။
ယဲ့ဆွေမှာ သူမရဲ့ဆုတောင်းချက် အဖြေကိုကြားခဲ့ခြင်းအပေါ်
သံသယအချို့ရှိခဲ့သည်။ ဒါကြောင့် သူမက ချန်ရှု့ရဲ့ လက်ကို စောင်ပေါ်ပြန်တင်လိုက်ပြီး
သူ့ရဲ့ကနဦး အနေအထားကို ဆက်ထိန်းထားနိုင်ခဲ့သည်။
သူကအနှောင့်အယှက်မခံခဲ့ရသကဲ့သို့ ဒီမှောင်နေတဲ့နေရာမှာ
ချန်ရှု့ရဲ့ အသက်ရှူသံက အေးဆေးတည်ငြိမ်နေသည်။
ယဲ့ဆွေက ကြယ်သီးကိုချုပ်လိုက်ပြီး အခန်းထဲမှအမြန်ထွက်သွားလိုက်သည်။
သူမတံခါးကို ပိတ်လိုက်တာနဲ့ ချန်ရှု့က မျက်လုံးဖွင့်လိုက်သည်။ ယဲ့ဆွေကို တမင်သက်သက်
ကြောက်သွားအောင်လို့ သူက ထိုင်ပြီး ပြန်အိပ်သွားသလိုမျိုး ဟန်ဆောင်လိုက်တာဖြစ်သည်။
ချန်ရှု့ ကအခြေအနေကို ယခုပင်စဉ်းစားမိခဲ့သည်။ ဒါက အနည်းငယ်
ရယ်စရာဖြစ်နေပြီး အနည်းငယ်စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ယဲ့ဆွေက ကြယ်သီးကို ဘယ်အချိန်ကတည်းက
အရမ်းစိတ်ဝင်စားလာတာလဲ? ဆိုပြီး ချန်ရှု့ကသူ့ရဲ့နဖူးကိုပွတ်လိုက်မိသည်။
တိတ်ဆိတ်ပြီးအလင်းရောင်မရှိတဲ့အထဲ၌၊ ချန်ရှု့က နှုတ်ခမ်းကို
ကွေးကာ ပဲ့တင်သံထပ်အောင် ရယ်နေခဲ့သည်။