လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၁၅ - ကိုယ့်ကို မထားခဲ့ပါနဲ့
ဖန်ဂဲလ် သရဲရဲ့
တောင်းဆိုချက်အရ ယဲ့ဆွေက ချင်ရှင်းရဲ့ ဖုန်းနံပါတ်ကိုခေါ်ခဲ့သည်။
“တူ
တူ တူ....”
ဖုန်းဝင်ပြီးခဏအကြာမှာဘဲ
တစ်ဖက်က ဖုန်းကိုင်လာခဲ့ကာ ချင်ရှင်းရဲ့ ရှုပ်ထွေးတဲ့ အသံနဲ့ "မင်္ဂလာပါ"
လို့ ကြားလိုက်ရသည်။ ဖန်ဂဲလ် သရဲသည် ယဲ့ဆွေကို ချင်ရှင်းရဲ့ ကိုယ်ပိုင်ဖုန်းကို အမှန်တကယ် ပေးခဲ့သည်။
လူအနည်းငယ်ကသာ
ချင်ရှင်းရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ကိုသိရှိခဲ့သည်။ တစ်ခါတစ်ရံ အရေးကြီးသောသူများသည်
ဤနံပါတ်ကို သူမနှင့်ဆက်သွယ်ရန် အသုံးပြုကြတာကြောင့် ချင်ရှင်းက ဤလျှို့ဝှက်ဆန်းကြယ်တဲ့
ခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး သံသယရှိမှာဖြစ်သည်။
ပွက်လောမရိုက်ခင်မှာဘဲ
ယဲ့ဆွေက အဓိကအချက်ကိုတန်းပြောခဲ့သည်။ ဘာလို့လဲဆိုတော့ သူမနောက်ထပ်ပြောတာက ချင်ရှင်းကို
သူမက အရူးလို့ပြောတာနဲ့ဘဲတူနေလို့ပါ။
“ ကျွန်မရှင့်ကိုပြောစရာရှိလို့ပါ
ရှင့်ရဲ့သမီးဝေရွှမ့်ရဲ့အကြောင်း ”
အခြားတစ်ဖက်မှ
စကားများကိုကြားတဲ့အခါ ချင်ရှင်းက မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမသမီးလေးက သေဆုံးသွားပြီဆိုတာ
လူတိုင်းသိပြီးဖြစ်သည်။
ယဲ့ဆွေက ဝေရွှမ့်
အကြောင်းပြောတာကြောင့် ချင်ရှင်းက ယဲ့ဆွေကို သူမစကားတွေပြီးအောင် စောင့်နေခဲ့သည်။
"ရှင့်ရဲ့သမီးကိုကျွန်မတွေ့တယ်။
သူမက ကျွန်မရှင့်ကိုဆက်သွယ်စေခဲ့တာ။ သူမက ရှင့်ကို ပြောစရာတစ်ခုရှိတယ်။" ယဲ့ဆွေက
ချင်ရှင်း ဖုန်းကိုချမှာ ကြောက်တာကြောင့် စကားလုံးများကို တစ်ကြိမ်တည်း ပြောထည့်လိုက်သည်။
ရုတ်တရက်ဘဲ “မိန်းကလေး
မင်းမှာဘာရည်ရွယ်ချက်လဲဆိုတာတော့ ငါမသိဘူး၊ ဒါပေမယ့် ငါ့သမီးအကြောင်းကို ထပ်ပြီးရယ်စရာ
မလုပ်နဲ့ ” ချင်ရှင်းရဲ့ အသံက အေးစက်သွားသည်။ ပြောပြီးသောအခါ ချင်ရှင်းက ဖုန်းကိုတိုက်ရိုက်ချခဲ့သည်။
သူမက ယဲ့ဆွေကို ဘယ်လို ရှင်းပြမှုမျိုးမှမပေးခဲ့သလို ယဲ့ဆွေကိုလဲ မယုံကြည်ခဲ့ပေ။
ဒါကြောင့်ဘဲ ယဲ့ဆွေက
ချန်ရှု့ကို သူမသရဲတွေ မြင်ရတယ်လို့ မပြောရဲတာဖြစ်သည်။
အကယ်၍ ချန်ရှု့က
သူ့ဇနီး အဓိပ္ပါယ်မရှိတဲ့စကားကို ပေါက်ကရပြောတက်တဲ့ အရူးလို့ သတ်မှတ်လိုက်ရင် ယဲ့ဆွေက
ချန်ရှု့လို ကံကောင်းတဲ့ လူကို ဆုံးရှုံးရမှာဖြစ်သည်။
"အိမ်ရှ့စံမင်းသား"
ထုတ်လုပ်ရေးအဖွဲ့သည် ဆိုရှယ်မီဒီယာတွင် ပရိသတ်များစွာကို ပိုင်ဆိုင်ထားသည့် ချန်းယင်နဲ့ချန်ရှို့တို့ရဲ့
ဖန်များကို စုစည်းပေးခဲ့သည်။ သူတို့၏ ပရိသတ်များသည် သဘာဝအားဖြင့် ပူးပေါင်းလာသောအခါ
ဤTVပေါ်ရှိ စုံတွဲသည် ကြည့်ရှုသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့က
screen couple ဖြစ်ကြပြီး ယဲ့ဆွေက ဗီလိန်ကာရိုက်တာ အဖြစ်သရုပ်ဆောင်ရတာကြောင့် သူမကိုလူတိုင်းက
ကျိန်ဆဲလိမ့်မည်။
screen coupleရဲ့
ပရိသတ်တွေက ယဲ့ဆွေကို အယုံအကြည်မရှိသည့် အနေအထားနဲ့ တသမတ်တည်းရှိကြသည်။ ပထမဆုံးအကြိမ်
သရုပ်ဆောင်အနေနှင့် ယဲ့ဆွေ ပေါ်ပေါက်လာသည့် မြင်ကွင်းကို တိုက်ရိုက်ခုန်ကျော်ကြပြီး
ချန်းယင်နဲ့ ချန်ရှို့တို့ရဲ့ အပိုင်းသာ ကြည့်ခဲ့တယ်လို့ဆိုကြသည်။
ချန်းယင်ရဲ့ အဖွဲ့သည်
ပြဿနာကို မကြာသေးမီက တွေးတောဆင်ခြင်ခဲ့သည်။ ယခင်က ချန်းယင်ကို ရေကန်ထဲ တွန်းချခဲ့သူမှာ
ယဲ့ဆွေ ဖြစ်တယ်လို့ လူတိုင်းကထင်ခဲ့ကြသည်။ အဆုံးမှာ ပြောင်းပြန်ဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ? အဲဒီအစား ချန်းယင်ကို ကယ်တင်ခဲ့သည်။
ယဲ့ဆွေကို ဆူပူကြိမ်းမောင်းသူတွေကတော့
သူတို့ပါးကိုပြန်ရိုက်လိုက်သလို ခံစားခဲ့ရသည်။ ချန်းယင်ရဲ့ အဖွဲ့က လူတိုင်းက အရူးတွေလို့ ခံစားခဲ့ရပြီး သူတို့က နောက်ဆုံးတွင် ဖျော်ဖြေရေးလောက
ကနေယဲ့ဆွေကို ဖယ်ရှားပစ်နိုင်လိုက်ပြီလို့ ထင်ခဲ့ကြပေမယ့် တစ်စုံတစ်ယောက်က သူတို့အားရေပုံးတစ်ပုံးနဲ့ပတ်ပြီး
နှိုးလိုက်သလ်ုဖြစ်နေသည်။
သူတို့ကဒီအဖြစ်အပျက်အတွက်
ခါးသီးနေကြသည်။ ဒီနေ့ အင်တာနက်ပေါ်မှာ သတင်းဆောင်းပါးများစွာက ရုတ်တရက်ပေါ်လာခဲ့သည်။
[နာမည်ကြီးမင်းသမီးသည်
အင်တာနက်ပေါ်မှ နာမည်ကြီးလူငယ်တစ်ဦးနှင့်အတူ မှားယွင်းသောဟန်ဆောင်မှုများဖြင့် ငွေညှစ်နေသည်ဟု
သံသယရှိသည်!]
[မှားယွင်းသော
ဟန်ဆောင်မှုဖြင့် နှိမ်ချခြင်း၊ မင်းသမီးငယ်သည် ရှေ့တွင်ကောင်းသော ပုံပန်းသဏ္ဌာန်ထားခြင်းအားဖြင့်
သူမ၏နာမည်ကို ထုတ်ဖော်ရန်အခွင့်အရေးယူပြီး သူမနောက်ထပ်ဘာလုပ်မလဲ။ ]
[ဒိစ်ဝဘ် တွင်တင်ထားသောဆောင်းပါးတစ်ပုဒ်
- ဤကျော်ကြားသော အမျိုးသမီးကြယ်ပွင့်သည် အမှန်တကယ် အလွန်ဆိုးရွားလွန်းလှသည်။ သင်ဤအချိန်တွင်ရေထဲသို့မည်သို့ဆွဲထုတ်ရန်ကြိုးစားနေသနည်း။
]
ဤဆောင်းပါးများသည်
တမင်တကာဆိုပေမယ့်လည်း စိတ်၀င်စားစရာကောင်းသည်။ မင်းသမီးကြယ်ပွင့်က ချန်ရှို့နဲ့ ချိတ်ဆက်ထားခြင်းနှင့်
ပတ်သက်ပြီးစကားလုံးတစ်လုံးမျှမပြောခဲ့ပါ။ လူတိုင်းကိုစိတ်ကူးကြည့်နိုင်လောက်အောင်နေရာပေးသည်။
သို့သော် မင်းသမီး၏ အမှတ်အသားကို တိတ်တဆိတ်ထောက်ပြသည်။ အင်တာနက်တွင် ဤသဲလွန်စများကို
ဘယ်သူမဆို အလွယ်တကူရှာဖွေတွေ့ရှိနိုင်သည်။
ချန်ရှို့က ဤဇာတ်လမ်းတွဲရဲ့
လွှမ်းမိုးမှုကိုခံရနိုင်ကြောင်း သံသယဖြစ်စရာမလိုပေ။ မတော်တဆမှုအတုပြုလုပ်ခဲ့သည့် မင်းသမီးကားမည်သူနည်း။
ချန်ရှို့ရဲ့ ပရိသတ်များသည် အလွန်ဒေါသထွက်ကြသည်။ အားလုံးက ခန့်မှန်းနေကြသည်။ သူတို့
အိုင်ဒေါကို အရှက်ရစေတဲ့သူက ဘယ်သူလဲ?
ချန်ရှို့ရဲ့ ပရိသတ်များက မင်းသမီးအားလုံးကို တစ်ယောက်ချင်းစီရှာဖွေနေပြီး
နောက်ဆုံးတွင် အရှက်ကင်းမဲ့သောမင်းသမီးသည် ချန်းယင်လို့ ဆုံးဖြတ်လိုက်ကြသည်။
ထိုအဖြစ်အပျက်များ
ဖြစ်ပွားပြီးနောက်မှာ ချန်ရှို့ရဲ့ အဖွဲ့က တိတ်ဆိတ်စွာနေခဲ့သည်ကို သတိပြုသင့်သည်။ ဤမသေချာမရေရာတဲ့
စိတ်သဘောထားက ယဲ့ဆွေ မှန်ကန်တဲ့အရာ လုပ်ခဲ့ကြောင်း ဖော်ပြတာနဲ့ တူညီသည်။
အင်တာနက် သုံးစွဲသူများက
ဒီအကြောင်းပြောနေကြကာ သူတို့အများစုက ယဲ့ဆွေ အဲဒီလိုလုပ်ခဲ့တာလို့ အခိုင်အမာ ယုံကြည်ကြသည်။
ပထမအချက်က ယဲ့ဆွေ စကားမပြောဘူးဆိုရင် ဘယ်လိုဖြစ်သွားတာလဲ?
ဒုတိယအချက်မှာ
ချန်ရှို့နဲ့ ယဲ့ဆွေတို့သည် ချီးကျူးဂုဏ်ပြုခံရသူများဖြစ်ပြီး သမိုင်းတွင် တစ်ခါမှမကြုံခဲ့ရဖူးတဲ့အပြင်
အခြားသူတစ်ဦးမှာယခင်က ချန်းယင်နဲ့လည်းနှင့် 'ပဋိပက္ခ' ဖြစ်ထားသည်။ ထပ်ပြီးလည်း ဆိုးဝါးသော
ပြန်လည်သုံးသပ်ခြင်းများနှင့် ပြည့်နှက်နေသည်။
ပိုပြီးယုံကြည်စိတ်ချရတဲ့
သူကဘယ်သူလဲ?
ချန်ရှို့ ရဲ့ပရိသတ်တွေရဲ့အမြင်မှာ
ချန်ရှို့က ပြီးပြည့်စုံတဲ့အိုင်ဒေါပါ။ သူတို့က မကောင်းတဲ့ ပြန်လည်သုံးသပ်မှုတွေနဲ့
သူတို့ရဲ့အိုင်ဒေါကိုသူမအညစ်အကြေးဖြစ်စေတဲ့ ယဲ့ဆွေကို ဘယ်လိုခံရပ်နိုင်မှာလဲ?
ဒါပေမယ့် ဒီကိစ္စကသေချာမသိဘူး၊
ဒီအခြေအနေက ယဲ့ဆွေကို ခက်ခဲတဲ့နေရာမှာ ရောက်စေသည့။
ချန်ရှို့ကို သွေးဆောင်ဖြားယောင်းဖို့
ယဲ့ဆွေက လမ်းကိုချိတ်ဆက်ထားတယ်လို့ ယူဆပြီးဖြစ်သည်။ ဤကိစ္စကိုအတည်မပြုရသေးသော်လည်း
အင်တာနက်သုံးစွဲသူများသည် လုံလုံလောက်လောက်ရှိပြီး ယဲ့ဆွေကိုအပိုင်းပိုင်းခွဲချင်ကြသည်။
ချန်ရှို့ ပရိသတ်များနဲ့
ဒီ screen couple ရဲ့ ပရိသတ်များက အခြားသူများနှင့်ပူးပေါင်းပြီး
ယဲ့ဆွေကို ပူလောင်စေသည်။ ယဲ့ဆွေက အခက်အခဲများစွာနဲ့ စုဆောင်းထားသည့် ဂုဏ်သတင်းအနည်းငယ်သာရှိသော်လည်း
၎င်းသည်အလွန်ကြောက်မက်ဖွယ်ကောင်းသောအရာဖြစ်သည်။
အင်တာနက်အသုံးပြုသူတွေက
ယဲ့ဆွေရဲ့ ဝေ့ပေါ် အကောင့်ပေါ်တွင် စပြီးဆူပူခဲ့သည်။
"ယဲ့ဆွေ ကျေးဇူးပြုပြီး
မျက်နှာသာပေးပါဦး။ ငါ့ အိုင်ဒေါ ရဲ့ဂုဏ်သတင်းကို မညိုးနွမ်းစေနဲ့။ ငါတို့ရဲ့ အိုပါးက
နင့်ကိုမကြိုက်ဘူး! "
" တစ်ကယ်လို့
နင် ချန်ရှို့ကို ထပ်ပြီးသွေးဆောင် ဖြားယောင်းဦးမယ်ဆို နင့်ကို ငါ ဓားရှည် ပို့ပေးမယ်
"
" ယဲ့ဆွေ
နင် က ဒီသရုပ်ဆောင်လုပ်ငန်းကို တရားဝင်လုပ်မယ်လို့ မင်းကြိုတင်ကြံဆခဲ့တာလား? ငါ နင့်ကို
ငါတို့ရဲ့ အိုင်ဒေါ ဆီကနေ ဝေးဝေးသွားဖို့ တိုက်တွန်းလိုတယ်။ နင်က ငါနဲ့ ငါ့ရဲ့ အိုဒေါနဲ့စကားစမြည်ထပ်ခါထပ်ခါပြောရင်
နင့်ရဲ့ခန္ဓာကိုယ်ကိုရော၊ စိတ်ဝိညာဉ်ကိုပါ သတ်ပစ်မယ် "
ယဲ့ဆွေက အင်တာနက်ပေါ်မှ
ထင်မြင်ချက်များကို ပိုမိုပြင်းထန်လာစေပြီး သူမရဲ့ဆဲလ်ဖုန်းက ရုပ်ရှင်ရိုက်နေစဥ်မှာ
အပြန်အလှန် ဆက်သွယ်ပေးသည်။
ယဲ့ဆွေက ဒီအကြောင်းကို
စဉ်းစားမိသည်။ သူမသည်ဤဆောင်းပါးများကို မည်သူရေးသည်ကို သိချင်ခဲ့သည်။ ချန်းယင် မဟုတ်ဘဲ
ချန်ရှို့ ဖြစ်နိုင်သည်။ သူတို့က သူမကိုထပ်ပြီး နှိုးဆွချင်နေကြသည်။ ချန်ရှု့က ချန်ရှို့နဲ့သူမကို
မရင်းနှီးလိုကြောင်း သူမသတိရသည်။ သူမစိတ်က အကြပ်အတည်းနှင့်ကြုံတွေ့ခဲ့ရသည်။
ယဲ့ဆွေ စဉ်းစားနေစဉ်မှာ
ချန်ရှို့ရဲ့ အသံက တစ်ခြားတစ်ဖက်က ထွက်လာသည်။ “ ယဲ့ဆွေ မင်းဒီဆောင်းပါးတွေကို ထုတ်လွှင့်ပေမယ့်
ငါ့ရဲ့လူကြိုက်များမှုကို ပျောက်ကွယ်သွားစေနိုင်တယ်လို့ မထင်ဘူး။ ”
ချန်ရှို့က ယဲ့ဆွေသည်
ထိုဆောင်းပါးကိုရေးသားပြီး အရှုပ်တော်ပုံကြီးကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်လိုခြင်းဖြစ်တယ်လို့
ထင်မြင်ခဲ့သည်။
"နောက်တစ်ခါ
ထပ်လုပ်ရင်မင်းကို ငါပိုပြီးမုန်းမိလိမ့်မယ်" ယဲ့ဆွေက ချန်ရှို့ကို စိတ်အနည်းငယ်မူမမှန်တဲ့
လူနာတစ်ယောက်လိုခံစားခဲ့ရသည်။ 'ဟေး.. အစ်ကိုကြီး
ရှင်ဆေးသောက်ပြီးပြီလား? ရှင်ကအရမ်းကို ရူးသွပ်နေတယ်၊ ရှင့်မျက်စိကို စစ်ဆေးဖို့
မမျက်စိအထူးကုဆေးရုံကို သွားချင်လား? '
ယဲ့ဆွေက ချန်ရှို့နဲ့စကားပြောဖို့
အရမ်းပျင်းနေသည်။ သူမက ချန်ရှို့ရဲ့ နောက်လှည့်လိုက်ပြီး သူနဲ့လုံးဝစကားမပြောချင်သည့်ဟန်ရှိသည်။
ချန်ရှို့က ပြတ်ပြတ်သားသားဖြစ်ခဲ့သည်။
ယဲ့ဆွေက သူ့ကိုလျစ်လျူရှုလေလေ ယဲ့ဆွေရဲ့ နှုတ်ကနေ ရှင်းပြတာကို ကြားချင်လေလေဖြစ်သည်။
“ ဘာလို့ဆို မင်းကြောင့် ချန်းယင်က မပျော်တော့ဘူးလေ။ ငါတို့ရဲ့ခံစားချက်တွေနဲ့ကင်းကင်းရှင်းရှင်းနေဖို့လိုပြီ
မဟုတ်ဘူးလား? ”
ယဲ့ဆွေက ဒီလူကို
သူမများများကြည့်လေလေ သူ့အပေါ် ပို၍ ရွံရှာလေဖြစ်သည်။ ချန်ရှို့သည်အရှက်မရှိဆုံးသူဖြစ်သည်။
ယဲ့ဆွေက ချန်ရှို့ဖက်ကို
ပြန်လှည့်လာပြီ သူမရဲ့အေးစက်တဲ့အသံက ထွက်ပြေးတိမ်းရှောင်သွားသည်။ "ငါမျက်စိကန်းနေတာ
မဟုတ်ဘူး။ တကယ်တော့ ငါ့အတွက် စူးစမ်းဖို့အရမ်းခက်တယ်။ ဒါ့အပြင် နင့်ရဲ့ အဒေါ်လေးကိုဒီလိုစကားမျိုးပြောတာလား? နင်အရမ်းရိုင်းနေတာဘဲ။ စည်းမျဉ်းစည်းကမ်းတွေကို
ပြောပြဖို့ နင့်ရဲ့အဘိုးကို ထပ်ပြောဦးမှပါ။ " ဒီစကားကိုပြောပြီးတဲ့နောက် ယဲ့ဆွေက
သူမထွက်သွားချိန်မှာ ချန်ရှို့ကို ထပ်မကြည့်ခဲ့ပေ။
ချန်ရှို့က ယဲ့ဆွေရဲ့
စကားလုံးများနဲ့ ပိတ်ဆို့ခြင်းခံခဲ့ရသည်။ သူမရဲ့ "ဒေါ်လေး"ဆိုတဲ့ တောင်ကြီးက
သူ၏ခေါင်းကို ရုတ်တရက် ဖိအားပေးနေတယ်လို့ ခံစားခဲ့ရသောကြောင့် ချန်ရှို့က ယင်းကိုဝန်မခံချင်ပေမယ့်
လက်လျှော့ အရှုံးပေးလိုက်ရသည်။ အဘိုးက ယဲ့ဆွေကို လေးစားရမယ်လို့ ပြောခဲ့သည်ကိုသူသတိရသည်။ သူကသူ့စိတ်ခံစားမှုကို ဦးစားပေးဖို့လိုသည်။
ချန်ရှို့က ဤမြင်ကွင်းများကို
သက်ဆိုင်ရာလူများက ဓာတ်ပုံရိုက်ထားကြောင်း မသိခဲ့ပေ။ သူနှင့်ချန်းယင်က ဆိုးယုတ်သောသူများ
ဖြစ်ပေမယ့် အဲ့ဒါကို ရက်စက်စွာနှိမ်နှင်းရန် လူများကို ဦးဆောင်လမ်းပြဦးမှာ ဖြစ်သည်။
———
မိုဘိုင်းဖုန်းပေါ်ရှိ
အချိန်သည် ၈ နာရီတွင် ရပ်တန့်သွားသည်။ ယဲ့ဆွေက ရှစ်နာရီခန့်တွင် အိမ်ကိုအမြဲတမ်း ပြန်ရောက်ခဲ့သည်။
ချန်ရှု့က ၈ နာရီကို အိမ်ပြန်ရောက်တာဖြစ်ပြီး ယဲ့ဆွေကလည်း သရဲတစ္ဆေတွေနဲ့ တစ်ယောက်တည်း
ရင်မဆိုင်လိုတာကြောင့် ဖြစ်သည်။
ချန်ရှု့ အိမ်မှာမရှိရင် သူမအရမ်းကြောက်တယ်။
ယဲ့ဆွေ အိမ်ထဲဝင်တဲ့အခါမှာ
ဧည့်ခန်းတွင် အလင်းရောင်မရှိခဲ့ပေ။ ယဲ့ဆွေက အနည်းငယ် ထူးဆန်းနေတယ်လို့ ခံစားလိုက်ရသည်။
သူမသည် စမ်းတဝါးဝါးနဲ့သာ နံရံပေါ်ရှိ ခလုတ်ကို ဖွင့်ခဲ့သည်။ ကျကွဲသံနဲ့အတူ အလင်းရောင်က
ရလာကာ အခန်းတစ်ခန်းလုံးကို ပြည့်စေခဲ့သည်။
ဒါပေမယ့် အိမ်မှာ ဘာမှမရှိပေ။ ပြီးတော့ ချန်ရှု့ရဲ့
တည်ရှိမှုကိုလည်း အိမ်ထဲတွင်ရှာမတွေ့နိုင်ပေ။
စနေ၊ တနင်္ဂနွေနေ့များတွင်
ချန်ရှု့ရဲ့ ဖိနပ်သည် ဖိနပ်စင်ပေါ်တွင် သပ်ရပ်စွာနေရာချလိမ့်မည်။ ဒါပေမယ့် အခုချိန်မှာ
ရှိမနေပေ။
ယဲ့ဆွေက ခိုက်ခိုက်တုန်နေခဲ့ပြီး
"ချန်ရှု့" လို့ အော်ခေါ်ခဲ့သည်။ ချန်ရှု့ ထံမှတုံ့ပြန်မှုရလိုသော်လည်း ဧည့်ခန်းထဲတွင် လေသံသည်သာ သူမ၏နားထဲတွင်ပဲ့တင်ထပ်နေခဲ့သည်။
ချန်ရှု့က သူ့အချိန်ကိုအမြဲတမ်း
တိတိကျကျလိုက်နာခဲ့သည်။ သူကဘယ်တော့မှနောက်ကျတာမရှိဘူး။ ဒီနေ့သူတစ်ခုခု ဖြစ်ခဲ့လို့လား?
ယဲ့ဆွေက သူမအခန်းထဲကို
တစ်ယောက်တည်းမ၀င်ရဲပေ။ ဒုတိယထပ်က ပြတင်းပေါက် အပြင်ဘက်မှာ သရဲတစ္ဆေ အနည်းငယ်ရှိနေတာကို
သူမမြင်တွေ့ခဲ့ရသည်။ ချန်ရှု့ မရှိတဲ့အတွက် အဲဒီသရဲတွေက အလွယ်တကူ အိမ်ထဲကို ၀င်နိုင်သည်။
ယဲ့ဆွေက ချန်ရှု့ရဲ့
ထိုင်တဲ့ ဆိုဖာတွင် ထိုင်နေခဲ့ပြီး သူမ ကုတ်ကို ယူကာ သူမ၏ကိုယ်ခန္ဓာပေါ်တွင်တင်ကာခေါင်းကို
အလုံပိတ်သလို ပိတ်ထားခဲ့သည်။
ယဲ့ဆွေက လက်ကိုင်ဖုန်းကို
သူမအင်္ကျီထဲ ထည့်လိုက်ပြီးအချိန်ကုန်လွန်လာတာနဲ့အမျှ ယဲ့ဆွေ အတွက်လည်း ဝေဒနာခံစားလာရသည်။
ရုတ်တရက် အားလုံးသူမရဲ့ဖုန်းမျက်နှာပြင်ပေါ်လာသည်။
ည ၁၀ နာရီထိုးနေပြီ ဖြစ်သည်။ သို့သော် ချန်ရှု့မှာ
အိမ်ပြန်မရောက်သေးပေ။ သူမ ချန်ရှု့ ကိုဖုန်းခေါ်တော့မယ့်အချိန် ရုတ်တရက် တံခါးကပွင့်လာခဲ့သည်။
ယဲ့ဆွေက သူမရဲ့
ကုတ်ကို ချွတ်ပြီးတံခါးကို ကြည့်လိုက်သည်။ သူ့ရဲ့ခေါင်းက အောက်ကိုငိုက်ကျနေပြီး သူ့ဖိနပ်ကို
ပြောင်းချင်နေတဲ့ ချန်ရှု့ကို တွေ့ချိန်မှာ ယဲ့ဆွေက သူမအနည်းငယ်မကျေနပ်ခဲ့ပေ။
ချန်ရှု့က သူ၏ဖိနပ်အား
ဖိနပ်စီးသည့်နေရာတွင် ပုံမှန်အတိုင်းမထားခဲ့သော်လည်း ၎င်းတို့အား စီထားခဲ့သည်။ ယဲ့ဆွေက
တစ်ခုခုမှားနေတယ်လို့ ပြောနိုင်ခဲ့သည်။ ချန်ရှု့က ဒီနေ့ည အနည်းငယ် ကွဲပြားနေတယ်လို့
ခံစားနေရသည်။
ချန်ရှု့က ခေါင်းကိုမော့ပြီး
ယဲ့ဆွေကို မကြည့်ခဲ့ပေ။ သူ့စိတ်အခြေအနေမှာ နိမ့်ကျနေပြီး သူ့ကိုဝန်းရံထားချိန် အမွှေးအကြိုင်သည့်
စပျစ်ဝိုင်နံ့နှင့် ပြည့်နှက်နေသည်။
ယဲ့ဆွေရဲ့ အမြင်အရ
ချန်ရှု့သည် အရက်မသောက်ဖူးပေ။
ယဲ့ဆွေက မသေချာပေမယ့်
ချိုသာသောအသံနဲ့ "ချန်ရှု့?" လို့ခေါ်ခဲ့သည်။
ဤအချိန်တွင် ချန်ရှု့သည်
သွားလာရန်နေရာမရှိသည့် လှည့်လည်နေသောဝိညာဉ်နှင့်တူသည်။ သူ၏မှောင်မိုက်သော မျက်လုံးများသည်
နီရဲနေခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရသည်။
ချန်ရှု့က ယဲ့ဆွေကို
ဖြည်းညင်းစွာနဲ့ "ဟမ်..” လို့ပြန်ပြောခဲ့သည်။
ဒါပေမယ့် ချန်ရှု့က သူ့နှုတ်ခမ်းကို ဖွင့်လိုက်ချိန် သူ့မျက်လုံးများမှာ အာရုံစူးစိုက်မှုမရှိခဲ့ပေ။
ယဲ့ဆွေရဲ့ မေးခွန်းကို အလိုလိုဖြေကြားခဲ့တာဖြစ်သည်။
ယဲ့ဆွေနဲ့ ချန်ရှို့တို့သည်
တစ်အိမ်ထဲတွင် ကြာမြင့်စွာနေခဲ့ကြသော်လည်း အမှန်တကယ်တော့ ရင်းနှီးမှုမရှိပေ။
ချန်ရှု့ရဲ့ လက်ရှိအခြေအနေအရ
ယဲ့ဆွေသည် သူ့ကိုတစ်ယောက်တည်း ထားခဲ့ခြင်းက ပိုကောင်းမယ်လို့ ထင်ခဲ့သည်။
ယဲ့ဆွေက မနက်ဖြန်
မနက်စောစော ထုတ်လုပ်ရေးဘက်ကို သွားရမှာဖြစ်သည်။
သူမအခန်းထဲ ပြန်ဝင်လာပြီး ဆေးကြောပြီး အိပ်ရာဝင်ခဲ့သည်။ ဒါပေမယ့် သူမကောင်းကောင်း အိပ်လို့မပျော်ခဲ့ပေ။
ယဲ့ဆွေ အိပ်မောကျနေချိန်
သူအခန်းတံခါးကို အမြန်ခေါက်လာတာကြောင့် ရုတ်တရက် နိုးလာသည်။
ယဲ့ဆွေက သူမအိပ်မက်မက်နေတယ်လို့ထင်ခဲ့သည်။
သူမမျက်လုံးများကို ဖွင့်ပြီးမှောင်မိုက်နေတဲ့ မျက်နှာကျက်ကိုကြည့်နေခဲ့သည်။
ဘန်း ဘန်း ဘန်း--
တိတ်ဆိတ်ငြိမ်သက်သောညတွင်
ရုတ်တရက်ခေါက်သံများ ထွက်ပေါ်လာခဲ့သည်။
ယဲ့ဆွေ ရုတ်တရက်
နိုးလာပြီး စောင်ကို လှန်လိုက်သည်။ အိပ်ယာပေါ်ကနေ ထလိုက်ပြီး တံခါးကိုတဖြည်းဖြည်း ဖွင့်လိုက်သည်။
ယဲ့ဆွေက ဘာကိုမှမတွေးဘဲ တံခါးကိုဖွင့်ခဲ့သည်။
အိမ်အတွင်းရှိ
မီးအားလုံးပြတ်သွားသည်။ ကြမ်းပြင်ပေါ်ရှိပါးလွှာသော အစက်အပြောက်များကို ဖြန့်ကျက်သည့်
စင်္ကြံ၏အဆုံးပိုင်းက ပြတင်းပေါက်မှ လရောင်သာဝင်ရောက်လာသည်။
ချန်ရှု့က တံခါးနားမှာ
ရပ်နေပြီး သူ့ခန္ဓာကိုယ်က ရှည်သည်။ ယဲ့ဆွေက သူမရဲ့ရှေ့က အလင်းကိုတစ်ဝက်လောက် ပိတ်ဆို့ထားသလိုခံစားရသည်။
ချန်ရှု့က သူ့နောက်ကွယ်မှာ အလင်းကိုဖုံးထားသည်။ သူ့မျက်နှာကို အရိပ်ထဲမှာဝှက်ထားတာကြောင့်
သူမ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သူနိုးနေပုံမရပေ။
သူ့ပုံစံက အိပ်နေရင် လမ်းလျှောက်တာနဲ့တောင် တူနေသည်။
ယဲ့ဆွေက ဖိနပ်မဝတ်ထားပေ။
ကြမ်းပြင်က အေးနေခဲ့သည်။ သူမလက်ကိုဆန့်၍ ချန်ရှု့ ရှေ့တွင် ယမ်းခဲ့သည်။ ချန်ရှု့က လုံးဝတုံ့ပြန်မှုမရှိပေ။
သူကအထီးကျန်နေသော
ကလေးတစ်ယောက်နဲ့တူသည်။
ယဲ့ဆွေ ရဲ့လေသံက ရှုပ်ထွေးသွားခဲ့တယ်။ "ချန်ရှု့ ရှင်-" ရှင်အဆင်ကောပြေရဲ့လား?
ယဲ့ဆွေ စကားမပြောခင်
ချန်ရှု့က ရုတ်တရက် နှုတ်ခမ်းကိုဖွင့်ခဲ့သည်။
ချန်ရှု့က ယခင်က
ပြင်ပလူများထံ ပြသခဲ့သည့်အရာနှင့် လုံးဝကွဲပြားခြားနားသည်။ မူလက ရှင်းလင်းပြတ်သားသောအသံသည်
မငြိမ်မသက်နှင့် သွေဖယ်မှုခြေရာများကို ဖုံးကွယ်ထားသည်။
"ကိုယ့်ကို
မထားခဲ့ပါနဲ့ "