အပိုင်း ၁၆
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၆ - အနီးကပ်စွာ ဆုပ်ကိုင်ထားခြင်း

 

 

 

 

ချန်ရှု့က ရှေ့သို့တိုးကာ သတိမပေးဘဲ မှီလိုက်သည်။  နောက်တစ်စက္ကန့်မှာ ချန်ရှု့က သူ့မေးစေ့ကို ယဲ့ဆွေရဲ့ပခုံးပေါ်မှာ တငိလိုက်တော့ သူမကိုအံ့အားသင့်သွားစေခဲ့သည်။

 

 

ဘာဖြစ်လို့လဲဆိုတော့ ချန်ရှု့က အရပ်ရှည်ပြီး အေးစက်တဲ့ ဟန်ပန်အမူအရာကြောင့်မလို့ဖြစ်သည်။ အမှောင်ထဲမှာ ယဲ့ဆွေရဲ့ခန္ဓာကိုယ်က ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လစ်သည်။

 

 

ချန်ရှု့ပြုလုပ်နေတဲ့ ဒီလိုလှုပ်ရှားမှုတွေက အမှန်တကယ်တွင် တွေးစရာမလိုပဲ ပြုလုပ်ခဲ့ပုံရသည်။ သူကိုယ်တိုင်က သူ့ရှေ့မှာ ဘယ်သူလဲဆိုတာကိုတောင် စဥ်းစားမရတော့ဘူး။

 

 

သူမဒီလိုမျိုးပုံစံနဲ့ ချန်ရှု့ကို အရင်ကတစ်ခါမှမမြင်ဖူးပေ။ ဒါ့အပြင်ယဲ့ဆွေက အိပ်ပျော်ရင်းလမ်းလျှာက်တက်သူနဲ့ ဘယ်လိုအပေးအယူမျှတအောင် ပြုမူရမလဲဆိုတာကိုတောင် မသိပေ။

 

 

သို့သော်တစ်ချိန်တုန်းက သူမအင်တာနက်ပေါ်မှာ ဖတ်ခဲ့ဖူးသည်။ အဲ့ဒီမှာပြောထားတာက အိပ်ပျော်ရင်းလမ်းလျှာက်တက်သူကို အမှတ်မထင်နိုးလာအောင်မလုပ်ရဘူးတဲ့။ အဲ့ပုဂ္ဂိုလ်ကို ချော့ပြီးတော့ အိပ်ရာထဲကို ဂရုတစိုက်ခေါ်သွားရမယ်တဲ့။ 

 

 

ယဲ့ဆွေ စကားပြောချင်နေခဲ့သည် ချန်ရှု့ရဲ့အနောက်တွင် အနက်ရောင် အရိပ်များစွာရှိနေတာကို သူရုတ်တရက်သတိပြုမိလိုက်သည်။ မူလတုန်းက ဒီသရဲတွေက တိုက်ခန်းရဲ့ အပြင်ဘက်မှာရှိနေပြီး ယခုအချိန်တွင် သူတို့ကတစ်ချိန်တည်းတွင် လွင့်မျောနေကြသည်။

 

 

ချန်ရှု့က အရက်မူးနေတာ မပြေသေးတာကြောင့် သူ့ရဲ့ကိုယ်ခန္ဓာရှိ ယန်ဓာတ်က အကျိုးဆက်အနေနဲ့ အနည်းငယ် အားနည်းသွားပြီး ထိုသရဲများက အိမ်ထဲ၀င်ဖို့ သတ္တိရှိခဲ့သည်။ ချန်ရှု့က အရက်မူးနေသော်လည်း သူ့ထံချဉ်းကပ်လာဖို့ သူတို့မရဲဝံ့ကြပေ။

 

 

ဦးဆောင်သူမှာ သရဲအန်တီကျန့် ဖြစ်ပြီး သူမကဓာတ်လှေကားရှိလူများနဲ့ စကားပြောလေ့ရှိသည်။ သူမရဲ့အနောက်ဘက်က သရဲအုပ်စုဟာနာခံမှုရှိတဲ့ လက်ပါးစေတွေလို အနီးကပ်လိုက်နေကြသည်။

 

 

 ဒီသရဲတွေဟာ သူတို့ရဲ့အဝတ်အစားတွေကို ယူနီဖောင်းအဖြစ် လဲလိုက်ပုံရသည်။ တင်းတင်းမာမာဖြစ်နေတဲ့အချိန်၌ သူတို့ရဲ့အဝတ်များကို သတိထားမိနိုင်တဲ့ သူမမှာအတွေးရှိနေသေးတာကြောင့် မိမိကိုယ်ကိုရယ်စရာဖြစ်ခဲ့သည်။

 

 

ဒါက ပလာဇာရင်ပြင်မှာ စုပေါင်းလျက် လက်ကားရောင်းကြပြီး လာမယ့်နောက်တစ်စက္ကန့်မှာ ဖျော်ဖြေမယ်လို့ ထင်ရတဲ့ အကဝတ်စုံနဲ့ဆင်တူသည်။ ဒီလို ဝတ်စုံအပြည့်အစုံကို သူတို့ဘယ်လို ရလာခဲ့ကြတာလဲဆိုတော့ သူမ မပြောနိုင်ဘူး။

 

 

 “အဲ၊ ဒီစုံတွဲလေးက တကယ့်ကို ညလုံးပေါက်နေကြမှာ။လာခဲ့ကြလေ ပလာဇာ ပြည်သူ့ရင်ပြင်မှာ ငါတို့ကရအောင်လာပေါင်းကြ

 

 

သရဲအန်တီက သူမပါးစပ်ကို အမြဲတမ်းအသုံးချတတ်သည်။  ယဲ့ဆွေနဲ့ သူမ မဆက်သွယ်နိုင်တာတော့ သိသိသာသာပါပဲ။ ဒါပေမယ့် သူမအဲ့တာကိုလုပ်ဖို့ နှစ်သက်နေတုန်းပဲ။

 

 

 “ ငြင်းခုန်မနေကြပါနဲ့၊ ငြင်းခုမ်းမနေကြပါနဲ့ဒီအရုပ်လေးက တော်တော်လေးကောင်းတယ်။ ငါဖြစ်နေတာက တွဲဖက် မရှိတာပဲ။  တကယ်လို့ ငါ့မှာရွေးချယ်ခွင့်ရှိရင် ဒီမြို့ကအချောဆုံးသော ပေါင်ပေ့လေးကိုရချင်တယ်

 

 

ဒီအချိန်မှာ စကားပြောနေတဲ့ သရဲအဖွားကြီးကို ယဲ့ဆွေ တစ်ခါမှမမြင်ဖူးဘူး။  သူမက ပလာဇာ ရင်ပြင်ရဲ့ အကသမားအသစ်ပဲ ဖြစ်ရမည်။

 

 

ဟတ်ချိုးသရဲတစ်ကောင်က နှာချေလိုက်သည်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလှုပ်ရှားမှုက အရမ်းကြီးနေလို့ သူမရဲ့ခေါင်းက ချန်ရှု့ ရဲ့ ခြေထောက်ဆီသို့ လှိမ့်ဆင်းသွားသည်။

 

 

ယဲ့ဆွေက ဒီသရဲအုပ်စုကို ကြောက်လန့်လုနီးပါးပဲ။ သူမ ချန်ရှု့ရဲ့ လက်ကိုကိုင်ချင်သော်လည်း ချန်ရှု့ နိုးသွားမှာကို စိုးရိမ်သည်။ ဒါကြောင့် သူမကသူ့ကို ညင်သာစွာ လှည့်စား ခဲ့သည်။

 

 

ချန်ရှု့၊တကယ်လို့ ရှင်ကြောက်နေရင် ကျွန်မရဲ့လက်ကို ကိုင်လို့ရတယ်နော်

 

 

ယဲ့ဆွေရဲ့ အမူအရာက သူ့ရဲ့လက်ကို ကိုင်ဖို့စဉ်းစားရင်းနဲ့ အတူတူပင်ဖြစ်သည်။ ထို့နောက် သူမက ချန်ရှု့ရဲ့ခေါင်းကို ညင်ညင်သာသာ တွန်းလိုက်သည်။

 

 

ချန်ရှု့ရဲ့လက်တွေက သူ့ခန္ဓာကိုယ်ရဲ့ဘေးတစ်ဖက်စီတွင် တွဲလောင်းကျနေသည်။ ယဲ့ဆွေက သူမရဲ့ခေါင်းကို နဲနဲလောက်စောင်းလိုက်ပြီး ချန်ရှု့ရဲ့ လက်ကိုဆုပ်ကိုင်လိုက်သည်။ သူ့အရေပြားက သူမကိုရှပ်ထိပြီးဆန့်ကျင်နေတဲ့ အထိတိုင်အောင်ပါပဲ။ ထိုနောက်မှ ယဲ့ဆွေအနည်းငယ် အေးဆေးငြိမ်သက်သွားသည်။

 

 

ယဲ့ဆွေ က ချန်ရှု့နဲ့ လက်ဆွဲပြီးတဲ့အခါ အပြင်ဘက်ရှိ သရဲများအားလုံး ပျောက်ကွယ်သွားလိမ့်မည်ဟု တွေးထင်ခဲ့သည်။ ဒါပေမယ့်  သူမကြည့်လိုက်တဲ့အခါ ချန်ရှု့ရဲ့ နောက်ဘက်ရှိ သရဲအရေအတွက်မှာ နည်းနည်းပင်လျော့နည်းသွားခြင်းမရှိဘဲ သူတို့လုပ်ခဲ့တဲ့လှုပ်ရှားမှုအပေါ် သူတို့ရဲ့အာရုံစိုက်မှုအားလုံးက အလိုအလျောက်ပင်အာရုံစိုက်နေခဲ့ကြသည်။

 

 

မမျှော်လင့်ဘဲ ချန်ရှု့ရဲ့ ယန် စိတ်ဓာတ်စွမ်းအားက ထိရောက်မှုနည်းနေသည်!

 

 

ထိုသရဲများက ချန်ရှု့ကိုကြောက်ရွံ့နေရသော်လည်း နီးကပ်လွန်းခြင်းလည်းမရှိပေ။ ဒီအခြေအနေက ယဲ့ဆွေ အတွက် ကောင်းနေတာလည်းမဟုတ်ပေ။

 

 

ယဲ့ဆွေ ဒီတစ်ခါမှာဘာမှမပြောဘဲ သူမရဲ့အသက်ကို စွန့်စားမှာ မဟုတ်ဘူး။ သူမဒီသရဲတွေရဲ့ ပျောက်နေတဲ့လက်တွေ၊ ကျိုးပဲ့နေတဲ့ခြေထောက်တွေကို ဖြတ်ကျော်ပြီး ချန်ရှု့ကို သူ့အခန်းပြန်ပို့ပေးကာ သူမရဲ့အခန်းကို ပြန်သွားရမည်။

 

 

သေချာတာပေါ့ ချန်ရှု သတိလစ်နေတဲ့အချိန် ဒါကလုံးဝကောင်းတဲ့အရာမဟုတ်ဘူး။ ဒီအချိန်မှာ ချန်ရှု့ရဲ့စိတ်ခံစားမှုက တည်ငြိမ်နေမှာ မဟုတ်ပေ။  အကယ်၍ သူမက ချန်ရှု့ကိုလွှတ်လိုက်ရင် အမြဲလှုပ်ရှားနေတဲ့ သရဲတွေက  သူမအိပ်ရာဘေးမှာ မတ်တပ်ရပ်နေလိမ့်မယ်လို့ ယဲ့ဆွေတွေးခဲ့သည်။

 

 

ဒီအခိုက်အတန့် မရောက်မှီတိုင်အောင် အိပ်ချင်နေတဲ့အကြောင်းကို မဖော်ပြနိုင်ပေ။ ယဲ့ဆွေက နှစ်သိမ့်မှုအတွက် သူမရဲ့နှလုံးသားကိုသာ သဲသဲကွဲကွဲမကြားနိုင်အောင်ဖုံးထားနိုင်ခဲ့သည်။

 

 

ချန်ရှု့ အခန်းထဲသွားဖို့ ကျွန်မနောက်လိုက်ခဲ့နော်ယဲ့ဆွေက ချန်ရှု့ရဲ့ လက်ကိုဆွဲပြီး အခန်းထဲကိုနည်းနည်းချင်းစီခေါ်ဆောင်သွားခဲ့သည်။

 

 

 ဒီမှတ်ချက်နဲ့ပတ်သက်ပြီး ဘာမှမမှားပါပေ။  ဒါပေမယ့်ဒီအသံက ဘာကြောင့်ဒီလောက် ထူးဆန်းရတာလဲ?

 

 

 “ဟီးဟီးဟီး၊ မိန်းကလေး နင့်ရဲ့ယောကျ်ားက တကယ်တော့မတုန်မလှုပ်ဖြစ်နေတာ။ ကောင်းပြီ၊ ဒီစုံတွဲကို မနှောက်ယှက်တော့ပါဘူး။  ”ဒီအတင်းအဖျင်းက သရဲအုပ်စုထဲက သရဲအန်တီတွေရဲ့ စိတ်ဝင်စားမှုနဲ့သာ တွေ့ဆုံခဲ့သည်။

 

 

မငြင်းနိုင်တဲ့အတွက် ယဲ့ဆွေ  တံခါးကိုပိတ်လိုက်ပြီး အခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ဒီအချိန်တွင် သူမလက်ကိုထိတွေ့နေတာက နွေးထွေးတယ်လို့ ယဲ့ဆွေခံစားနေရသည်။

 

 

အခြေအနေက အရမ်းကိုအရေးတကြီးဖြစ်နေပြီး ယဲ့ဆွေလည်း အရမ်းစိတ်လှုပ်ရှားနေသည်။ ရုတ်တရက် သူမရဲ့လက်ချောင်းတွေက ချန်ရှု့ရဲ့ လက်ချောင်းတွေကို တိုက်ရိုက်ဖြတ်လာပြီး သူတို့ရဲ့လက်နှစ်ဖက်ကအတူတကွ ဆုပ်ကိုင်ထားကြသည်။

 

 

ယဲ့ဆွေက ချက်ချင်းပဲလက်ကို ထုတ်လိုက်ပေမယ့်သူက အဲဒီလိုအတားအဆီးမျိုး ကြုံတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ချန်ရှု့က သူမရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး ထွက်သွားခွင့်မပြုချင်ဘူး။

 

 

ယဲ့ဆွေက အကူအညီမဲ့သလို့ ခံစားခဲ့ရပြီး ချန်ရှု့ကို သူမရဲ့အိပ်ရာဘေးကိုသာ ခေါ်သွားနိုင်ခဲ့သည်။  ချန်ရှု့ကို ကြည့်ရတာ ပုံမှန်အတိုင်းပဲ။  ဒါပေမယ့် သူက ယဲ့ဆွေရဲ့အိပ်ရာပေါ်မှာ နာခံမှုရှိရှိ လဲလျောင်းနေသည်။

 

 

ချန်ရှု့၊ကျွန်မကို သွားခွင့်ပေးဦးလေ ယဲ့ဆွေက သူ့ရဲ့ လက်ကိုဆွဲလိုက်သော်လည်း ဖယ်မသွားခဲ့ပေ။

 

 

ချန်ရှု့၊ ကိုယ့်ကိုယ်ကို အိပ်နေလေ။ ဟုတ်ပြီလား?” ယဲ့ဆွေက ကလေးတစ်ယောက်ကို ချော့နေသလိုမျိုး ချန်ရှု့နဲ့ရင်းရင်းနှီးနှီးပြောနေသည်။

 

 

မည်သို့ပင်ဆိုစေ ချန်ရှု့က မလွှတ်ခဲ့ပေ။

 

 

ယဲ့ဆွေက ချန်ရှု့ကို အနည်းငယ်ဒေါသဖြစ်နေသော်လည်း သူမအသံကနူးညံ့နေသေးသည်။  “ချန်ရှု့၊ရှင်ဒီလိုသာဆက်လုပ်နေ မယ်ဆိုရင် ကျွန်မရဲ့လက်ကို နောက်ထပ် ကိုင်လို့မရနိုင်တော့ဘူးနော်

 

 

ဒါက အချည်းနှီးဖြစ်နေတုန်းပါပဲ။ ချန်ရှု့ပုံက ယဲ့ဆွေ  ထွက်ပြေးမှာကိုကြောက်နေသလိုပုံစံဖြစ်နေသည်။ သူက သူမအား သူ့ရဲ့ကြီးမားတဲ့ခွန်အားနဲ့ ဆုပ်ကိုင်ခဲ့သည်။

 

 

ယဲ့ဆွေ  လုံးလုံးအရှုံးပေးလိုက်ရသည်။

 

 

မူလက အခန်းထဲရှိ ဆိုဖာပေါ်တွင် သူမအိပ်ချင်ခဲ့သည်။အခုတော့ သူမအိပ်ရာနားမှာထိုင်ပြီး အရုဏ်တက်ချိန်အထိ မျက်စိဖွင့်နေရတော့မည်။

 

 

နောက်တစ်နေ့တွင် ချန်ရှု့နိုးလာတဲ့အခါ အိပ်ရာဘေးကကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့သူကို ရုတ်တရက်တွေ့လိုက်ရသည်။ အနည်းငယ်ရှုပ်ထွေးသွားသည်။ ဒါပေမယ့် တစ်ဝက်အိပ် တစ်ဝက်နိုးဖြစ်နေသည်။

 

 

 ချန်ရှု့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူကပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူ့အခန်းမဟုတ်ကြောင်း သိလိုက်သည်။

 

 

ချန်ရှု့ရဲ့မြင်ကွင်းကနေ အောက်ကိုကြည့်လိုက်တော့ သူ့ရဲ့လက်နဲ့ ယဲ့ဆွေရဲ့လက်ကို အတူတကွမြင်နေရသည်။သူ့လက်ချောင်းတွေက ယဲ့ဆွေရဲ့လက်ကို ခိုင်မြဲစွာဆုပ်ကိုင်ထားသည်။ သူကအဲ့တာကို အစပြုတဲ့သူဖြစ်တယ်ဆိုတာက သိသာနေသည်။

 

 

ချန်ရှု့ ရွှေ့ခါနီးတွင် ယဲ့ဆွေက ချက်ချင်းပဲ တန်းတန်းမတ်မတ်နေလိုက်သည်။ သူမရဲ့ မျက်လုံးများကိုပိတ်ထားဆဲဖြစ်သည်။ ဒါပေမယ့် သူမကဝိုးတိုးဝါးတားနဲ့ သူမရဲ့လက်ကိုဆန့်ပြီး ချန်ရှု့ရဲ့ လက်မောင်းကို ပုတ်လိုက်သည်။

 

 

ရပါတယ်၊ရပါတယ်

 

 

ယဲ့ဆွေ  စကားပြောပြီးတာနဲ့ ချက်ချင်းပဲသူမရဲ့မျက်စိကိုဖွင့်ပြီး စက္ကန့်ပိုင်းလောက်မှာနိုးလာပြီး နောက်ဆုံးတော့ပြီးသွားပြီ ငါနောက်ကျတော့မယ်လို့ တောင်စင်ရေမရပြောလိုက်သည်။

 

 

ထို့နောက် ယဲ့ဆွေရဲ့လက်ကို ချန်ရှု့ရဲ့လက်မှ ဆွဲထုတ်လိုက်ပြီး ထိတွေ့ခံစားမှုက လျှပ်တစ်ပြက်ပျောက်ကွယ်သွားသည်။

 

 

သူမကအိပ်ရာဘေးက စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည်။ သူမ ဖုန်းကိုအသံတိတ်စေခဲ့သည်။ ရှောင်လျှို့က ၂၈ ကြိမ်တောင်ခေါ်ထားခဲ့သည်။

 

 

ယဲ့ဆွေက ချက်ချင်းမသွားခဲ့ရင် ရှောင်လျှို့က သူမအိမ်ကိုလာလိမ့်မယ်လို့ သူမသံသယရှိခဲ့သည်။ ဒါကြောင့်ချက်ချင်းဆိုသလို သူမကုတ်အင်္ကျီကိုဆုပ်ကိုင်ပြီး ပြေးထွက်သွားခဲ့သည်။

 

 

အခန်းကို ပိတ်လိုက်တာနဲ့ ယဲ့ဆွေက တံခါးကိုမှီပြီးစိတ်သက်သာရာရဖို့ သက်ပြင်းချလိုက်သည်။  အခုအခြေအနေက အရမ်းရှက်စရာကောင်းလို့ သူမသရုပ်မဆောင်ဖို့ မတတ်နိုင်ခဲ့ဘူး။

 

 

ချန်ရှု့က အိပ်ရာပေါ်မှ ထပြီး ယဲ့ဆွေနဲ့သူဆုပ်ကိုင်ထားခဲ့တဲ့ လက်ကိုကြည့်ပြီး အတွေးထဲနစ်နေခဲ့သည်။

 

———

 

ယဲ့ဆွေ ရုပ်ရှင်ရိုက်ကွင်းသို့ ရောက်တဲ့အခါ သူမတကယ်ပဲ နည်းနည်းလေး နောက်ကျသွားပြီ။  ​ရှောင်လျှိူ့က ယဲ့ဆွေ နောက်သို့လိုက်ကာ သူမကို မကျေနပ်ချက်တွေမြည်တမ်းနေခဲ့သည်။

 

 

ယဲ့ဆွေ အကြိမ်ပေါင်းများစွာသမ်းနေစဥ် ခေါင်းညိမ့်နေပြီး အဆုံးထိနိုးနေသလို ဟန်ဆောင်နေသည်။

 

 

ယဲ့ဆွေရဲ့ အသားအရေက ဖြူရော်နေသည်။ ဘာကြောင့်လဲဆိုတော့ သူမတစ်ညလုံးကောင်းကောင်း မအိပ်နိုင်ခဲ့လို့ပါ။ မျက်လုံးအောက်မှာ ညိုနေတဲ့စက်ဝိုင်းပုံသဏ္ဍန်တွေက သိသာနေသည်။ ယဲ့ဆွေလည်း သူမရဲ့ခါးကိုကိုင်ပြီး ရံဖန်ရံခါ ပွတ်တိုက်လိုက်သည်။ သူမတစ်ညလုံး အိပ်ရာနားမှာထိုင်ခဲ့တာကြောင့် ခါးနာနေသည်။

 

 

 သူမ ရုတ်တရက် ပင့်သက်ရှိုက်နေတဲ့အချိန်တွင် သူမရဲ့နားပူနားဆာလုပ်ခြင်းကို  ရှောင်လျှို့ကခရီးတစ်ဝက်တွင်ရပ်လိုက်ကာ ပြောလာသည်။အစ်မက ငယ်သေးတယ်ဆိုရင်တောင် အစ်မရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ရမယ်လေ

 

 

“….....”

 

 

———

 

 

 အင်တာနက်ပေါ်မှာ ယဲ့ဆွေကို စော်ကားမှုတွေက ဆက်ပြီးပြင်းထန်လာသည်။  ယဲ့ဆွေ ဒီလိုမျိုးစော်ကားခံရတာကိုတွေ့တော့ ရန်ကျဲ အရမ်းဒေါသထွက်သွားသည်။ ယဲ့ဆွေက ချန်ရှို့ကို အရင်ချဉ်းကပ်တယ်လို့ ပြောနေကြတာလားထိုအဖြစ်အပျက်က ကောလာဟလသက်သက်သာဖြစ်သည်။ သူမ ဘယ်တော့မှအဲ့လိုမရှိခဲ့ပေ။ ဘာကြောင့်  ယဲ့ဆွေကို မနှစ်မြို့စရာတွေလို ပြောနေရတာလဲ?

 

 

 အဖြစ်အပျက်ပြီးတဲ့နောက် ရန်ကျဲ ရဲ့ပထမဆုံးတုံ့ပြန်မှုက ချန်းယင်ကို  စဉ်းစားရန်ဖြစ်ခဲ့သည်။ တမင်တကာ ယဲ့ဆွေကို ခက်ခဲတဲ့အချိန်တွေရှိလာတာကို လိုချင်နေတဲ့သူက ချန်းယင်ပဲဖြစ်ရမည်။ သူမက ရေတပ်ကို ချက်ချင်းတွေ့ပြီး ကိစ္စရပ်များကို ရှင်းလင်းပေးဖို့ ပြောခဲ့သည်။

 

 

 ရေတပ်ရဲ့တုံ့ပြန်မှုက ရန်ကျဲကိုပိုပြီး ဒေါသထွက်စေခဲ့သည်။ ရေတပ်တွေက ယဲ့ဆွေကို မကူညီချင်ကြဘူး။ သူတို့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိနေကြသလိုမျိုးပဲ။

 

 

ယဲ့ဆွေရဲ့ ဂုဏ်သတင်းက ထပ်ခါထပ်ခါပျက်စီးခဲ့ပြီး ဇာတ်လမ်းမထုတ်လွှင့်မီကပင် လောလောလတ်လတ်သတင်းက မြင့်တက်လာခဲ့သည်။  လက်ရှိအချိန်မှာတော့ အင်တာနက်ပေါ်က အခြေအနေတွေက ပြိုကွဲသွားမယ့်အစား မြင့်တက်နေသည်။

 

 

 ဒါ့အပြင်ယဲ့ဆွေက အရိပ်အောက်ရောက်နေတဲ့ ဇာတ်ပို့သာဖြစ်သည်။  အမျိုးသား ဇာတ်လိုက်နဲ့ သမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ ချန်းရှို့နဲ့ ချန်းယင်တို့က အပြစ်ကင်းတဲ့သူများဖြစ်ကြသည်။  ဘာကြောင့်သူတို့က ယဲ့ဆွေကို မစွန့်လွှတ်နိုင်ရတာလဲ? ဒီဇာတ်လမ်းက ကျော်ကြားလာကတည်းက ယဲ့ဆွေက အပြစ်ကင်းလား၊ မကင်းဘူးလားဆိုတာ ဒီနောက်ပိုင်းမှာ အလုံအလောက် အရေးကြီးလာနိုင်ပါ့မလား?

 

 

 ရေတပ်ရဲ့ စိတ်မဝင်စားမှုက ရန်ကျဲကိုဒေါသထွက်စေခဲ့သည်။ သူမက လာမယ့်ခြေလှမ်းတွေကို မတွေးဘူး။ ဒီအချိန်တွင် ချန်ရှို့က ကိစ္စရပ်များကို ပိုမိုလေးနက်စေရန်အတွက် ရုတ်တရက်ကြီး ဝေ့ပေါ်တွင်တစ်ခုခုကို တင်ခဲ့သည်။

 

 

ကျွန်တော် သူမကို အချိန်မီတွေ့ဆုံခဲ့တယ် ထို့နောက်သူက ချန်းယင်ရဲ့ ဝေ့ပေါ် ကိုလည်း Tag တွဲခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် ချန်းယင်က အဲ့တာကို forward လုပ်ခဲ့သည်။

 

 

ချန်ရှို့က ရုတ်တရက် ချန်းယင်နဲ့ ချစ်နေတဲ့အကြောင်းကို ကြေငြာခဲ့သည်။ အဲ့တာက အင်တာနက် အသုံးပြုသူတွေကို အုတ်ကျတ်ကျပ်ကျပ်ဖြစ်စေခဲ့သည်။ ဒီလူတွေဟာ ဇာတ်လမ်းတွဲထဲက သူတို့စုံတွဲရဲ့ ပရိသတ်တွေသာဖြစ်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူတို့ကတကယ့် စုံတွဲတစ်တွဲဖြစ်လာခဲ့သည်။

 

 

 တတိယလူအနေဖြင့်  လူနှစ်ဦးရဲ့ဆက်ဆံရေးကို 'တမင်တကာ' ၀င်ရောက်စွက်ဖက်ခဲ့တဲ့သူအဖြစ်နဲ့ ယဲ့ဆွေကို ရှေ့တန်းတင်ခဲ့ကြသည်။ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှု ဂယက်ရဲ့ အလွဲသုံးစားလုပ်မှုကို ယဲ့ဆွေရဲ့  ဝေ့ပေါ်ကို ရူးသွပ်စွာရောက်လာခဲ့ကြသည်။

 

 

ယဲ့ဆွေရဲ့ နှလုံးသားကအရမ်းအဆိပ်အတောက်ဖြစ်စေတယ် အဲ့တာက သူမရဲ့ကံဇာတာကို ကျရှုံးစေတယ်။ ဒါကငါပြောနိုင်အားလုံးပဲ

 

 

ယဲ့ဆွေ နဲ့ ချန်ရှို့တို့နှစ်ဦးစလုံးက ငါတို့ရဲ့မျက်စိကို ညစ်ပတ်စေသည်။ ကျေးဇူးပြုပြီး အနုပညာအသိုင်းအဝိုင်းထဲက တိတ်တိတ်လေးထွက်ပြီး တခြားသူတွေကို အခွင့်အရေးပေးလိုက်ပါလား?”

 

 

သူတို့ကလိုက်ဖက်တဲ့ စုံတွဲပဲ။ ယဲ့ဆွေ ညည်းတွားပြီး ကျိန်ဆဲသင့်တယ်! ” အဆိုပါစုံတွဲရဲ့ပရိသတ်များက ရန်ငြိုးကိုမဖြေရှင်းနိုင်ပါ။ ထိုစုံတွဲရဲ့ ပရိတ်သတ်တွေ ယဲ့ဆွေကို မနှစ်သက်တာက နောက်ဆုံးတော့ ၎င်းရဲ့အထွတ်အထိပ်သို့ ရောက်ရှိခဲ့တယ်လို့သာ ဆိုနိုင်ပါတယ်။

 

 

ချန်ရှို့ ရဲ့တကယ့်ရည်းစားက ရုပ်ရှင်ရိုက်ကွင်းထဲကပါပဲ။  ယဲ့ဆွေက ချန်ရှို့နဲ့ ချိတ်ဆက်ရဲသည်။ သူမက ချန်းယင်ရဲ့ အခန်းထောင့်မှာ ပေါ်တင်ပဲစပ်စုခဲ့သည်။

 

 

 ဒါကိုလည်းသည်းခံနိုင်မယ်ဆိုရင် သူတို့ဟာစုံတွဲတွေရဲ့ ကြော်ငြာကိုတိုးမြှင့်ဖို့ အရည်အချင်းပြည့်မီသေးလား?ငါတို့အဲဒါကိုဖြုတ်ပစ်ရမယ်။ ယဲ့ဆွေ ဖျော်ဖြေရေး အသိုင်းအဝိုင်းက မထွက်ခင်အထိ ဘယ်တော့မှမရပ်နိုင်ဘူး။

 

 

သတင်းခေါင်းစဉ်များက ယဲ့ဆွေပေါ်သို့ ကျရောက်နေစဉ် အခြားတစ်ဖက်တွင်မူ ချန်ရှု့က ဟွာရွေ့တွင် ထိုင်ပြီးသတင်းကို ကြည့်ခဲ့သည်။  ယဲ့ဆွေက ဒီအရာတွေကို မလုပ်ဘူးဆိုတာကို သူ့အလိုလိုသိနေသည်။

 

 

ဒီကျိန်စာများအား ယဲ့ဆွေ ခံစားနေရတာကို အကြောင်းပြချက်မရှိ စဉ်းစားမိ၍ ချန်ရှု့ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရဲ့အေးဆေးတည်ငြိမ်တဲ့မျက်လုံးများက စိတ်ဆိုးမာန်ဆိုးဖြစ်နေတာကို အရိပ်အမြွတ်ပြနေပြီး ဒေါသထွက်စေခဲ့သည်။

 

 

ချန်ရှု့က စားပွဲပေါ်ကဖုန်းကို ကောက်ယူလိုက်ပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိနံပါတ်တစ်ချို့ကိုနှိပ်လိုက်သည်။  ဖုန်းရဲ့အခြားအဆုံးမှ အသံတစ်သံထွက်လာသည်။  “ဥက္ကဌ ချန်

 

 

ဖုန်းကိုင်တဲ့သူက ပြည်သူ့ဆက်ဆံရေးဌာနရဲ့ မန်နေဂျာဖြစ်သည်။  ချန်ရှု့က ဝါကျတစ်ကြောင်းပြောခဲ့သည်။  “ယဲ့ဆွေနဲ့ ပတ်သက်တဲ့အရာတွေကို  ခင်ဗျားဖြေရှင်းရမယ်။ ပိုမြန်လေ ကောင်းလေပဲ

 

 

 ဒီလူက မယုံနိုင်ခဲ့ဘူး။  သူတို့ရဲ့ဥက္ကဌက ကြယ်လေးကို တကယ်ကူညီပေးခဲ့သည်။  သူနားကြားလွဲနေမှာစိုးလို့ ခဏတွန့်ဆုတ်ပြီး နောက်တစ်ခါထပ်မေးလိုက်သည်။အကြီးအကဲ ချန်၊ ဘာကိုဆိုလိုတာလဲ?”

 

 

 

ချန်ရှု့ကဝါကျတစ်ကြောင်းတည်းသာ ပြောခဲ့ပြီး သူ့ရဲ့ရှုထောင့်ကိုရှင်းလင်းစွာဖော်ပြခဲ့သည်။  “ ယဲ့ဆွေမှာ အပြစ်မရှိဘူး

 

 

 ထိုလူက စက္ကန့်အနည်းငယ်မျှ ခေတ္တရပ်တန့်ပြီး နောက်ထပ်မမေးခဲ့ပေ။ဟုတ်ကဲ့ပါ ဥက္ကဌ   သူကဆဲလ်ဖုန်းကို ချလိုက်ကာ သူ့ရဲ့မိန်းမောနေခြင်းကို အတော်လေး နိုးထနိုင်မည်မဟုတ်ချေ။

 

 

ဟွာရွေ့ လက်အောက်ရှိ အနုပညာရှင်များနဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ ဖိန်နင်တို့မှတစ်ခုခုမှားယွင်းသွားရင်တောင် ဥက္ကဌချန်က ၎င်းအား သူတို့ကို ကိုင်တွယ်ခွင့်မပေးခဲ့ပေ။

 

 

 ဒါကသူတို့ရဲ့ အကြီးအကဲက အမျိုးသမီးကြယ်ပွင့်ကိုယ်စား တိုက်ရိုက်ပြောဆိုခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။ သူကယဲ့ဆွေအား ကူညီရန် အလွန်ရှင်းလင်းတဲ့ ရည်ရွယ်ချက်ကို ပေးခဲ့သည်။  ပြောစရာမလိုသည်မှာ ယဲ့ဆွေက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့အမျိုးသမီးကြယ်ပွင့်ဖြစ်သည်။ အဲ့တာက ပိုပြီးတောင်ဖြစ်နိုင်ချေမရှိဘူး။

 

 

 ဒီကြယ်ပွင့်လေးနဲ့ဥက္ကဌချန်တို့ ကြားကဆက်နွယ်မှုက ဘာလဲ?

 

 

ချန်ရှုက ဖုန်းကိုချကာ သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းများက မျဥ်းဖြောင့်အတိုင်း တွန့်သွားသည်။ ယခင်က မကျေနပ်တဲ့ စကားများပြန့်နှံ့သွားပုံရသည်။ သို့သော်၎င်းက မင်နက်ကဲ့သို့အနက်ရောင်ဖြစ်တဲ့ မျက်လုံးအောက်ခြေ၌ နက်ရှိုင်းစွာဖုံးကွယ်နေတာကိုတွေ့နိုင်သည်။

 

 

အိမ်ရှေ့စံမင်းသားရဲ့ရေတပ်က  ဝေ့ပေါ် သတင်းကို ရုပ်မြင်သံကြားတွင်မလွှင့်မီ အနည်းငယ်တင်မည်ဖြစ်သည်။  သူတို့ကအမျိုးသားနဲ့ အမျိုးသမီး ခေါင်းဆောင်နဲ့ ပတ်သက်တဲ့သတင်းများကို အမြဲတမ်းတင်ခဲ့သည်။ ယဲ့ဆွေရဲ့သတင်းအကြောင်းလည်း တစ်ခါမှမကြားဖူးကြပါ။

 

 

 ဒီနေ့တွင် အိမ်ရှေ့စံ မင်းသား က အနည်းငယ်နောက်ပြောင်ကျီစယ်မှုကို  တရားဝင်ထုတ်လွင့်ခဲ့သည်။

 

 

 လူတိုင်းက စာသားနှိပ်လိုက်သည်။  ပထမ မိနစ်တွင် ချန်ယင်းက စာကြောင်း တစ်ခုကိုအလွတ်ကျက်မှတ်ခဲ့သည်။ ချန်ရှို့က သူမအနားတွင်ရပ်နေပြီး လူနှစ်ဦးက အပြုံးဖြင့်တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

 

 

 ဒီစုံတွဲအတွက် အကျိုးရှိမည်ဟု အင်တာနက်အသုံပြုသူများက ယူဆခဲ့သည်။ နောက်ပြောင်ကျီစယ်မှုကို လုပ်နေတုန်းမှာ နောက်ဆုံးတွင် တစ်ခုခုမှားနေတာကို သူတို့သဘောပေါက်လာသည်။ ထို့နောက်ငါးမိနစ်အတွင်း စိတ်ဝင်စားဖွယ်ကောင်းတဲ့မြင်ကွင်းများကို ချန်ရှို့နဲ့ ယဲ့ဆွေ တို့နှစ်ဦး ပြသခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှို့နဲ့ ရင်ဆိုင်ခဲ့ရသည်။ အင်တာနက်အသုံပြုသူများကို အဓိပ္ပါယ်ကောက်လွဲအောင် သူမက ချန်ရှို့နဲ့ စကားစမြည်ပြောဖို့ ရည်ရွယ်ချက်မရှိပေ။ အဲဒီအစားသူမက ချန်ရှို့ကို နောက်ကျောပေးထားပြီး သူနဲ့ ချန်ရှို့ အကြားအကွာအဝေးက နီးသည်။

 

 

ထို့နောက် ပထမဦးဆုံးရှေ့ကို လှမ်းပြီး ယဲ့ဆွေဆီသို့ ဦးတည်သွားသူက ချန်ရှို့ ကိုယ်တိုင်ဖြစ်ခဲ့သည်။ သူကစကားပြောဆိုရန် အစပြုလုပ်ဆောင်ခဲ့ပြီး ယဲ့ဆွေက ချန်ရှို့ကို ကျောပေးထားဆဲ ဖြစ်သည်။

 

 

နောက်ပိုင်းတွင် ချန်ရှို့က ဘာပြောရမလဲဆိုတာကို မသိခဲ့ပါ။ နောက်ဆုံးတွင် ယဲ့ဆွေက စကားအနည်းငယ်သာ ပြောလိုက်ပြီး လှည့်ထွက်သွားသည်။ ချန်ရှို့အပေါ် ယဲ့ဆွေရဲ့ သဘောထားက အေးစက်လွန်းတယ်လို့ ပြောနိုင်သည်။

 

 

 ကလစ်ထဲမှာ ယဲ့ဆွေက စကားပြောဖို့ မလိုချင်ခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။ ဒါ့အပြင် အခြားသူတစ်ဦးကို မနှိုးဆော်ပေမယ့် အဲ့အစား ချန်ရှို့ဆီမှ အဝေးတွင်နေနေခဲ့သည်။

 

 

 ဒီကလစ်က ရိုးရှင်းစွာနဲ့ အင်တာနက်အသုံးပြုသူများကို တံဆိပ်ခတ်ထားတဲ့ နိဂုံးကိုမှောက်လှန်ပစ်လိုက်ပြီး အင်တာနက်အသုံပြုသူများက သူတို့မျက်စိကန်းခဲ့ကြတယ်လို့ ခံစားမိကြသည်။

 

 

 “ငါမှားပြီး မမြင်ခဲ့ဘူးဆိုတာ သေချာတယ်။ ယဲ့ဆွေက ချန်ရှို့ကိုတောင် အာရုံမစိုက်ဘူး။ ဘယ်လိုဇာတ်ကွက် မျိုးလဲ?”

 

 

ယဲ့ဆွေကို ရှာဖွေတွေ့ရှိဖို့ လက်ဦးမှုယူတဲ့သူက ချန်ရှို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ချန်ရှို့မှာ ရည်းစားရှိတယ်လေ။ သူဘာလုပ်ချင်နေတာလဲ?”

 

 

ယဲ့ဆွေကို ငါတို့တွေ စာနာခဲ့သင့်တယ်။ ယဲ့ဆွေက သူမဟာ သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြုလုပ်ခဲ့တယ်။ ပြီးတော့ သူမ မဟုတ်လား? ”

 

 

သတင်းတစ်ခု ဖြစ်သွာရုံပေါ့။  ပြည်သူ့အမြင်တွေကစပြီး ပြောင်းလဲလာပြီာယ ချန်ရှို့ရဲ့ ပရိသတ်တွေက ဝန်မခံကြပေမယ့်လည်း ဒါကအမှန်တရားပဲ။ ဒါပေမယ့် မှတ်ချက်တွေက တစ်ဖက်သတ်မဟုတ်တော့ဘဲ အချို့လူတွေက  ချန်ရှို့နဲ့ ချန်းယင် ကိုစတင်မေးခွန်းထုတ်လာကြပြီ

 

 

 ယဲ့ဆွေက ချန်ရှို့ကို စွပ်စွဲလိုက်တယ်ဆိုတဲ့ သတင်းထုန်ပြန်ချက်တွေ ထွက်လာတဲ့အခါ ချန်ရှို့က မကြားဖူးဘူးလို့ ဟန်ဆောင်ခဲ့သည်။  အပြောအဆိုက အလွန်ပြင်းထန်စွာ ပြောင်းလဲလာတဲ့အချိန်တွင် ချန်ရှို့က အချစ်ရေး အကြောင်းကိုကြေငြာဖို့ ထွက်ပြေးခဲ့သည်။

 

 

 ဒီလိုအထိခိုက်မခံတဲ့အချိန်မှာ ချန်ရှို့ ရဲ့လုပ်ရပ်က အရမ်းတိုက်ဆိုင်လွန်းသည်။  ထို့အပြင် ချန်ရှို့နဲ့ ချန်းယင်တို့က ဒါကိုသတိမပြုမိပါ။  သူတို့ပို့ထားတဲ့ ဝေ့ပေါ် ရဲ့ ပိုစ့် နှစ်ခုက ယဲ့ဆွေကို မီးတွင်းထဲသို့တွန်းချဖို့ လုံလောက်သည်။

 

 

 ဒီပေါက်ကွဲမှုမှာ ချန်ရှို့က ယဲ့ဆွေနဲ့စကားစပြောခဲ့တယ် အဲ့တာက အရမ်းစိတ်ဝင်စားစရာကောင်းသည့။  ချန်ရှို့နဲ့ ချန်းယင်တို့ရဲ့ ပြီးပြည့်စုံတဲ့ပုံရိပ်က နောက်ဆုံးတွင်ပြိုကွဲသွားသည်။

 

 

ဒီပြောင်းပြန်ဖြစ်အောင် ပြင်ဆင်ထားတာက အရမ်းကိုမြန်လွန်သည်။ ယဲ့ဆွေကို ကျိန်ဆဲမိခဲ့ကြတဲ့ အင်တာနက်အသုံပြုသူတွေကလည်း  သူတို့ရဲ့မျက်နှာတွေကို ဖျက်ရိုက်မိသလိုဖြစ်သွားကြတယ်မလား?

 

 

ဒီကလစ်ကိုတင်လိုက်ဖို့ ရေတပ်ဘက်ကလည်း  မမျှော်လင့်ထားပေ။ တစ်ခုခုမှားသွားတာကို တွေ့တဲ့အခါ ကြည့်ရှုသူအရေအတွက်က သန်းချီရှိနေပြီဖြစ်သည်။

 

 

ဒီသတင်းက ချန်ရှို့ရဲ့ဂုဏ်သတင်းကိုထိခိုက်စေတာကြောင့် ရေတပ်က ချက်ချင်းဖျက်ပစ်ဖို့ အဆင်သင့်ပဲ။  ရလဒ်အနေနဲ့ ၎င်းတို့ကိုတောင်မဖျက်မီ ဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့သည်။

 

 

အဆိုပါဖုန်းခေါ်ဆိုမှုက ရင်းနှီးမြှုပ်နှံသူထံမှဖြစ်သည်။  ဖုန်းရဲ့အခြားအဆုံး၌ ထိုသူကတစ်ခုခုပြောခဲ့သည်။  အကယ်၍ဒီသတင်းကိုဖျက်သိမ်းရင် အိမ်ရှေ့စံ မင်းသား ဇာတ်လမ်းတွဲက ထိုအချိန်တွင် ပယ်ဖျက်ခံရနိုင်သည်။

 

 

ပြီးတော့သရုပ်ဆောင်တွေက ယဲ့ဆွေရဲ့အမှုကနေ ရှင်းလင်းစွာ ထွက်လာမည်။ တကယ်လို့ သူတို့အဲ့လိုမလုပ်ခဲ့ရင် ရင်းနှီးမြှုပ်နှံသူများက ချက်ချင်းပဲသူတို့ပိုက်ဆံကို ထုတ်ယူလိမ့်မည်။

 

 

သရုပ်ဆောင်တွေက နောက်တဖန်ကမလုပ်ဝံ့ကြဘူး။ အဆိုပါရင်းနှီးမြှုပ်နှံသူက ဇာတ်လမ်းတွဲ ရိုက်ဖို့သူတို့ရဲ့အာမခံချက်ကိုပေးထားပြီး သူတို့က ရင်းနှီးမြှုပ်နှံသူရဲ့ဆန္ဒနှင့်အညီ သွားရလိမ့်မည်။

 

 

အဆိုပါအဖြစ်အပျက်က အချိန်တိုအတွင်းပြောင်းပြန်ဖြစ်ခဲ့သည်။ ယဲ့ဆွေက လှောင်ပြောင်သရော်ခြင်းမှ ကရုဏာသက်ခံရသူ အဖြစ်သို့ကူးပြောင်းခဲ့သည်။ သူမကအနည်းငယ် ထူးဆန်းတဲ့ ခံစားချက်မျိုးရနေသည်။ အရင်က သရုပ်ဆောင်တွေက သူမကိုပြဿနာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မကူညီချင်ခဲ့ကြဘူး။ ဘာကြောင့် တရားဝင်ထုတ်ပြန်ချက်ကို အခုဖြန့်ချိခဲ့တာလဲသို့သော် အရာရာတိုင်းက အမြဲတမ်းလမ်းကြောင်းမှန်ပေါ်သို့ သွားနေသည်။

 

 

ယဲ့ဆွေ အိမ်ပြန်ရောက်လာပြီး တံခါးကိုဖွင့်လိုက်တော့ ချန်ရှု့ ဆိုဖာပေါ်မှာ ထိုင်နေတာကို မြင်လိုက်ရသည်။  ချန်ရှု့က လက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားသည်။  ရေနွေးငွေ့က မြင်ကွင်းကိုမှုန်ဝါးစေသည်။ ကောက်ကြောင်းက အရမ်းရှင်းလင်းပြီး ကျေနပ်ဖွယ်ကောင်းသည်။

 

 

ချန်ရှု့က လက်ဖက်ရည်ခွက်ကို အေးအေးဆေးဆေး ကောက်ယူလိုက်ပြီး တစ်ငုံ စာလောက်သောက်လိုက်ကာ စိမ်ပြေနပြေ ပြန်ချလိုက်သည်။ သူက စိတ်လှုပ်ရှားခြင်းမရှိဘဲ ပုံမှန်အတိုင်းတည်ငြိမ်နေဆဲပဲ။

 

 

ယဲ့ဆွေ ထင်တာကတော့ ချန်ရှု့က သူမရဲ့အွန်လိုင်းသတင်းကို မသိရသေးတဲ့ပုံပဲလို့ ထင်လိုက်သည်။

 

 

ယဲ့ဆွေ ခေါင်းကိုငုံ့ပြီး သူမတို့ကိုယ်ပိုင်လုပ်ခဲ့တဲ့အတိုင်း ချန်ရှု့ကိုမကြည့်ခဲ့ပေ။  ချန်ရှု့က ယဲ့ဆွေ ဝင်လာတာကို  ရိပ်မိသည်။ သူကသူမကို လှည့်မကြည့်ပေမယ့် သူမကိုသတိမထားမိသလိုမျိုး ဟန်ဆောင်ခဲ့သည်။

 

 

ယဲ့ဆွေဟာ ပုံမှန်နဲ့တူညီနေတုန်းပဲ၊ သူမမျက်လုံးတွေက စိုးရိမ်ပူပန်မှုကင်းကင်းနေပုံရပြီး အင်တာနက်ပေါ်မှအရာများက သူမအပေါ်အကျိုးသက်ရောက်မှု မရှိပုံရသည်။  ချန်ရှု ကသူ့အကြည့်ကို ရုပ်သိမ်းလိုက်သည်။

 

 

ချန်ရှု့က သူမထင်ထားတာထက်ပိုပြီး အစွမ်းထက်တယ်ဆိုတာကို ယဲ့ဆွေ မသိခဲ့ပေ။

 

 

အသုံးမ၀င်တဲ့ စွန့်ပစ်ပစ္စည်းအဖြစ် သူတို့မြင်ထားတဲ့အရာက အခြေအနေကို ရိုးရှင်းတဲ့ ဝါကျဖြင့်လုံးလုံးလျားလျား ပြောင်းလဲပစ်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်းကို ချန်မိသားစုလည်း မသိခဲ့ပေ။