အပိုင်း ၁၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၇ - နှလုံးသား ပြောင်းလဲခြင်း

 

 

 

 

 ဗီဒီယိုကို ထုတ်လွှင့်တဲ့ အကျိုးသက်ရောက်မှုသည် အလွန်ကြီးမားခဲ့သည်။ အင်တာနက်ပေါ်ရှိ အများပြည်သူများရဲ့ ထင်မြင်ချက်က လုံးဝကိုပြောင်းလဲသွားခဲ့သည်။

 

 

 ချန်ရှို့နဲ့ ချန်းယင်တို့ရဲ့ အဖွဲ့က ၎င်းတို့၏ဆက်ဆံရေးနှင့် ပတ်သက်၍ လူများအားဖော်ထုတ်ကာ နောက်ဆုံးတွင် ယဲ့ဆွေ၏ဂုဏ်သတင်းကို ဖော်ထုတ်ခြင်းအားဖြင့်ကြိုတင်စီစဉ်ထားပြီးဖြစ်သည်။ သို့သော် သူတို့စားပွဲများသည် ရုတ်တရက်အမြစ်ပြတ် မှောက်ကျလိမ့်မည်ကို သူတို့မသိခဲ့ကြပေ။

 

 

 ထိပ်တန်းအလှအပ မင်းသမီးနှင့် ကျော်ကြားပြီး သြဇာရှိတဲ့ သရုပ်ဆောင် မင်းသားကြားကိစ္စကို ကွန်ယက်တစ်ခုလုံးမှ ကောင်းချီးပေးသင့်သည်။ သို့သော် ယခုအခါသူတို့၏ ဆက်ဆံရေးကို လူသိရှင်ကြားနဲ့ အင်တာနက်အသုံးပြုသူများက မေးခွန်းထုတ်နေကြသည်။

 

 

 ချန်ရှို့နဲ့ ချန်းယင်တို့ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးမှာက ထင်ရှားနေတာဘဲ မဟုတ်ဘူးလား?

 

 

 ချန်ရှို့၏ အဖွဲ့သည် ရေတပ်မှလူများက သူတို့၏ဆန္ဒများကို အမြဲတမ်းနာခံမှုရှိသောကြောင့် မေးခွန်းထုတ်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့၏ အကြံဥာဏ်များကို အခိုင်အမာ ငြင်းဆိုခဲ့သည်။

 

 

 အခြားတစ်ဖက်တွင် ထိုကဲ့သို့ခိုင်မာသည့် နောက်ခံရှိကြောင်း မည်သို့သူတို့ကသိနိုင်မှာလဲ?  ဗီဒီယိုဖိုင်ကိုအတင်းအကြပ် ပယ်ဖျက်ခံရလျှင် ၎င်းရုပ်ရှင်သည်အနာဂတ် မရှိတော့ပေ။

 

 

 ချန်ရှို့သည် ပျမ်းမျှအားဖြင့် follow များစွာရှိသည့် သရုပ်ဆောင်တစ်ဦးသာဖြစ်ပြီး ဖျော်ဖြေရေး အသိုက်အ၀န်းထဲ၀င်ရောက်ကတည်းက သူသည်အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်။

 

 

 သို့သော် အချိန်ကြာမြင့်စွာ ရှာဖွေပြီးနောက် ထိုသူသည် မည်သူမည်ဝါဖြစ်ကြောင်းကို မတွေ့ကြပေ။ သူကဘယ်သူလဲ?  သူတို့၏ အခွင့်အာဏာသည် အလွန်ကြီးသဖြင့် ချန်မိသားစုပင် ထိုအရာကိုရှာမတွေ့ပေ။

***ဒီမှာက ချန်ရှု့ကို ရည်ညွှန်းတာပါ ***

 

 

 တစ်စုံတစ်ဦးက သူတို့ကိုတောင်ကြီးတစ်တောင်လို ကျောထောက်နောက်ခံပြုထားရသော ဟွာရွေ့ ပြည်သူ့ဆက်ဆံရေးဌာနသည် သဘာဝအားဖြင့်ဘာမှကြောက်စရာမလိုပေ။ ဟွာရွေ့သည် ဖျော်ဖြေရေးလုပ်ငန်းတွင် အကျော်ကြားဆုံး ဖျော်ဖြေရေး ကုမ္ပဏီဖြစ်သည်။ နောက်ပိုင်းတွင် သူတို့သည် ဦးဆောင်မှုရရှိလျှင်ပင် ချန်ရှို့ နှင့် ချန်းယင်ရဲ့အဖွဲ့သည် အရှုံးဆိုသော အရာကိုသာမျိုချနိုင်သည်။

 

 

 ဒီကိစ္စကိုကိုင်တွယ်ရာမှာ ကူညီခဲ့တဲ့ ပြည်သူ့ဆက်ဆံရေးမန်နေဂျာက ချန်ရှု့ကို ဒီကိစ္စဖုံးကွယ်ဖို့ရက်ပေါင်းများစွာကူညီပေးခဲ့ပြီး ပဉ္စမနေ့မှာတော့ သူက သူ့ရဲ့ စီနီယာ ဝမ်ချွမ်းကို ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိခဲ့ပေ။

 

 

 "ဥက္ကဌချန်က ဒီအမျိုးသမီး ကြယ်ပွင့်နဲ့ ပတ်သက်ပြီးတစ်ခုခုရှိတယ်လို့ ငါသံသယရှိတယ်" လို့ မန်နေဂျာချန်းက ပြောခဲ့သည်။

 

 

 ဝမ်ချွမ်းသည် ဟွာရွေ့တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ထိုသတင်းမျိုးကို တစ်ခါမျှမကြားဖူးပါ။ ဟွာရွေ့၏ အနုပညာရှင်တစ်ဦးအဖြစ် သူကထင်ပေါ်ကျော်ကြားသူဖြစ်ရမည်ဟု စဉ်းစားခဲ့သည်။ “ ဖိန်းနင်လား

 

 

 ဖိန်းနင်သည် ဥက္ကဌချန်ကို အမြဲတမ်းစဉ်းစားနေသည်ကို သူတို့ဝန်းကျင်ရှိ မည်သူမဆိုမြင်တွေ့နိုင်သည်။ သူမပျင်းရိသရွေ့ ပင်မရုံးခန်းရှိတဲ့ အလွှာကို သွားနေခဲ့သည်။

 

 

 ဖိန်းနင်သည် ဥက္ကဌချန်ကို တစ်ကြိမ်မျှမတွေ့ဖူးသော်လည်း ယခုအချိန်တွင် ထိုအလွှာတွင် လုံခြုံရေးသည်လည်း ပိုပြီးအားကောင်းလာခဲ့သည်။  ဖိန်းနင်က နိုင်ငံတကာကျော်ကြားသော ဖျော်ဖြေရေးအသိုင်းအဝိုင်း၏ ထိပ်တန်းအလှလေးဖြစ်သည်။ ချန်ရှု့ သည်လည်း အနည်းငယ်တုံ့ပြန်မှုရှိလိမ့်မည်။

 

 

 မန်နေဂျာ ချန်းက ခေါင်းကိုခါလိုက်ပြီး ထူးဆန်းစွာပြောခဲ့သည်။

 

 

 ဝမ်ချွမ်းသည် ထိုညကို ရုတ်တရက် စဉ်းစားမိသွားသည်။ စားသောက်ဆိုင်၌ ဥက္ကဌနှင့်အတူ ထိုင်နေသောအမျိုးသမီးတစ်ဦးကို သူတွေ့ခဲ့သည်။ သူမ မျက်နှာသည် အလွန်အကျွမ်း တဝင်ရှိခဲ့သည်။ ယခုပြန်လည်စဉ်းစားကြည့်လျှင် အမှန်တကယ်ကို အဆင့် ၁၈ သရုပ်ဆောင် ယဲ့ဆွေ ဖြစ်သည်!

 

 

 ယဲ့ဆွေသည် နာမည်ကြီးမဟုတ်သော်လည်းသူမ၏အသွင်အပြင်မှာ ထူးခြားထင်ရှားသည်။ ယခင်ကစင်ကြယ်သော ပုံစံသို့သွားခဲ့ပြီး ချန်းယင်လေး ဟုအမည်ပေးခံခဲ့ရသည်။

 

 

 အခုဆိုရင်သူမရဲ့အဖွဲ့သည် လူများစွာကိုတုန်လှုပ်စေတဲ့အတွက် သူမရဲ့စတိုင်ကို တောက်ပတဲ့အသွင်ပြောင်းထားပြီးဖြစ်သည်။

 

 

 "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယဲ့ဆွေရဲ့ သတင်းဆိုးကိုကိုင်တွယ်ဖို့ ဥက္ကဌက ငါ့ကိုပြောခဲ့တယ်"လို့ မန်နေဂျာ ချန်းသည် ဘာမျှမဖြစ်သလိုနဲ့ သူ့အတွေးများကို ပြောခဲ့ သည်။ “ဗိုလ်ချုပ်ကြီးက ဒီမတိုင်ခင် အခြားအမျိုးသမီးတွေနဲ့ တစ်ခါမှစကားမပြောခဲ့တာက အံ့သြစရာမဟုတ်ဘူးလို့ "ပြောခဲ့သည်။

 

 

 ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသော လူသန်းပေါင်းများစွာနှင့် အနုပညာရှင်ငယ်လေးများကို တန်ဖိုးရှိသည့် ဟွာရွေ့၏ဥက္ကဌသည် ဤကိစ္စကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။  အဘယ့်ကြောင့်ဆိုသော် သတင်းများသာ ထွက်ပေါ်လာပါက ဖျော်ဖြေရေးလုပ်ငန်းတစ်ခုလုံး ပေါက်ကွဲသွားလိမ့်မည်။

 

 —–

 

 ယဲ့ဆွေသည် စတူဒီယိုတွင် ရိုက်ကူးနေခဲ့သည်။ မနေ့ကဖြစ်ရပ်ပြီးနောက် လူထုအမြင်က သူမကိုမျက်နှာသာပေးခဲ့သည်။ ချန်ရှို့နဲ့ ချန်းယင်တို့၏ဂုဏ်သတင်းကို အစားထိုးနိုင်ခဲ့သည်။

 

 

 ချန်းယင်သည် ယနေ့ရိုက်ကူးနေစဉ် ချန်ရှို့နှင့်စကားပြောသည့်အခါ၌ပင် သူမသည် ထူးခြားစွာတိတ်ဆိတ်နေခဲ့သည်။ သူမကရိုက်ကူးရန် တွန့်ဆုတ်နေပုံရသည်။ ချန်ရှို့သည်လည်း ယဲ့ဆွေနဲ့ ထပ်ပြီး စကားပြောရန်မလာခဲ့ပေ။

 

 

 တစ်ခါတစ်ရံ ယဲ့ဆွေက တစ်ယောက်ယောက် သူမကိုစောင့်ကြည့်နေတယ်လို့ ခံစားရသည်။ သူမနောက်လှည့်ကြည့်သောအခါ ချန်ရှို့ရဲ့ မျက်နှာကိုသာတွေ့နိုင်သည်။ ယဲ့ဆွေက စဉ်းစားဖို့ အလွန်ပျင်းရိခဲ့သည်။ သူမတိတ်ဆိတ်ငြိမ်သက်စွာသာ နေခဲ့သည်။

 

 

 ယဲ့ဆွေသည် ယနေ့ပထမဦးဆုံး အခန်း ပြီးဆုံးခဲ့ကာ နောက်ဇာတ်ကွက်များတွင် သူမပါဝင်ချေ။ သူမထိုင်ပြီး ဇာတ်ညွှန်းကို အလေးအနက်ထား ဖတ်နေခဲ့သည်။

 

 

 ယင် စွမ်းအင်၀င်လာသည်နှင့်အမျှ လေသည်ရုတ်တရက် အေးလာသည်။ ယဲ့ဆွေက ခေါင်းငုံ့ပြီး မြေပြင်ကို ကြည့်လိုက်ချိန် မြေပြင်ပေါ်ကို သွေးများကျဆင်းလာတာကို သူမရှေ့တွင်တွေ့လိုက်ရသည်။

 

 

 ယဲ့ဆွေ  ကြည့်လိုက်တော့ ဖန်ဂဲလ်သရဲကို တွေ့လိုက်ရသည်။ သူမ နဖူးပေါ်က သွေးသုတ်လိုက်သည်။ ထို့နောက်သူမက သစ်ရွက်ကို ကောက်ကိုင်လိုက်ကာ သွေးထွက်တဲ့နေရာပေါ် တင်လိုက်သည်။

 

 ပြီးတော့ ဖန်ဂဲလ် သရဲက ငိုကာ အစ်မကြီး လို့အော်ခေါ်ခဲ့သည်။

 

 

 ယဲ့ဆွေက သူမကိုလုံးဝ မကြောက်ခဲ့ပေ။ ဒါပေမယ့် ဖန်ဂဲလ် သရဲက အနည်းငယ်သနားစရာကောင်းတယ်လို့ ထင်ခဲ့သည်။

 

 

 ဖန်ဂဲလ် သရဲက ယဲ့ဆွေကို မျှော်လင့်ချက်ဖြင့် ကြည့်ခဲ့ကာ သူမမျက်လုံးတွေက တောက်ပနေသည်။ " အစ်မကြီး အစ်မ ညီမအမေနဲ့ စကားပြောပြီးပြီလား? "

 

 

 ယဲ့ဆွေ မှတ်မိသေးသည်။ အရင်တစ်ခေါက် ချင်ရှင်းကို ဖုန်းဆက်တဲ့အချိန်က သူမ မယုံခဲ့ပေ။ ဖုန်းကိုတိုက်ရိုက်ချခဲ့သည်။ ယဲ့ဆွေရဲ့မျက်နှာထားက အနည်းငယ်အကူညီမဲ့နေပုံပေါ်ပြီး ပြောခဲ့သည် ။  “ ငါမင်းရဲ့အမေကို ဆက်သွယ်ခဲ့တယ်၊ ဒါပေမယ့်…”

 

 

 ဝါကျ၏ ပထမတစ်ဝက်ကို နားထောင်ပြီးနောက်မှာ သူမစိတ်ပျက်သွားသည်။ မီးလင်းချောင်းကိုကိုင်ပြီး ဝေ့ယမ်းလိုက်ကာ သူမကဆက်ပြောလိုက်သည်။ “ အမေကငါ့ကိုလာတွေ့မယ်လို့ကတိပေးခဲ့တယ်၊ ဟုတ်တယ်မလား? ငါသူ့ကိုအရမ်းလွမ်းတယ်

 

 

 ယဲ့ဆွေက ဖန်ဂဲလ် သရဲပျော်ရွှင်တာကို တစ်ခါမှ မမြင်ဖူးပေ။ အဆိုပါသရဲက ပျော်ရွှင်တဲ့ စိတ်ခံစားမှုထဲတွင် နှစ်မြှုပ်နေခဲ့သည်။ “ ရေးးး ဟေးးး... နောက်ဆုံးတော့ အမေ့ကို ငါတွေ့ရတော့မယ်!”

 

 

 ယဲ့ဆွေက သက်ပြင်းချလိုက်ပြီး ကို့ယို့ကားယားနိုင်စွာနဲ့

 “ နင့်ရဲ့အမေက ငါ့ကိုမယုံဘူး၊ သူမက နင့်ကိုတွေ့မယ်လို့ မပြောလိုက်ဘူး  ” လို့ပြောခဲ့သည်။

 

 

 သရဲရဲ့လုပ်ဆောင်ချက်က ရုတ်တရက် ရပ်တန့်သွားပြီးသူမရဲ့ ဦးခေါင်းက နည်းနည်းလေး အောက်ကိုငုံ့သွားခဲ့သည်။ သူကမြေပြင်ပေါ်မှာထိုင်ပြီး မီးလင်းချောင်းကို ကိုင်ကာ မကျေမနပ်ကြည့်ခဲ့သည်။

 

 

 ဖန်ဂဲလ်သရဲက ရှိုက်ငိုပြီး ဒေါကန်စွာနဲ့  “ ဟင့်...အမေက ငါ့ကို မေ့သွားတာလား ”လို့ပြောခဲ့သည်။

 

 

 အချိန်တိုအတွင်းမှာဘဲ ဖန်ဂဲလ် သရဲရဲ့ စိတ်အခြေအနေက ပြောင်းလဲခဲ့ပြီးဖြစ်သည်။ သူမနှုတ်ခမ်းက စူနေခဲ့ပြီး နှာတစ်ရှုံ့ရှုံ့ဖြစ်နေခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူမငိုနေတယ်လို့ ခံစားခဲ့ရသည်။

 

 

 ယဲ့ဆွေက မြန်မြန်ဆန်ဆန်နဲ့ ထပ်ပြီးပြောခဲ့သည်။  “ ငါဆက်ကြိုးစားပါမယ်။ သူမ နင့်ကိုတွေ့မယ်ဆိုတာ သေချာတယ်။

 

 

 အဆိုပါ ဖန်ဂဲလ် သရဲရဲ့ စိတ်က လျင်မြန်စွာနဲ့ ပြောင်းလဲသွားပြီးသူမကမော့ကြည့်လာကာ “ တကယ်လား?” လို့ မေးခဲ့သည်။

 

 

 ဖန်ဂဲလ် သရဲက ဒီအကြောင်းကိုစဉ်းစားပြီး “ ညီမအမေက ဒီနေ့ ဝေရှီအုပ်စုကိုသွားမှာ ညီမသိတယ်။ သူ့ကို သွားရှာရအောင် ” လို့ပြောခဲ့သည်။

 

 

 “ကောင်းပြီ ” လို့ပြောပြီး ယဲ့ဆွေက သဘောတူလိုက်သည်။

 

 

 "အစ်မ၊ ရှင်ကလူကောင်းတစ်ယောက်ပဲ " ဖန်ဂဲလ်သရဲက ပျော်ရွှင်စွာနဲ့ ပြောခဲ့သည်။

 

 

 ယဲ့ဆွေက နံနက်ခင်း ရိုက်ကူးရေးပြီးတဲ့အချိန် ဖန်ဂဲလ်သရဲနှင့်အတူ ထွက်ခွာခဲ့သည်။ သူမသည် အိတ်ကိုကောက်ကိုင်လိုက်ပြီး ထွက်ခွာရန် အဆင်သင့်ဖြစ်နေသည်။ ယဲ့ဆွေသည် ခြေလှမ်း အနည်းငယ် လှမ်းပြီးချိန် သူမပတ်၀န်းကျင်ရှိ မိန်းကလေးသည် သူမနောက်သို့ မလိုက်ကြောင်း တွေ့ရှိခဲ့သည်။

 

 

 ယဲ့ဆွေ ပြန်လှည့်ကြည့်လိုက်တဲ့အခါ သစ်ပင်ရဲ့အရိပ်အောက်မှာရှိနေတဲ့ ဖန်ဂဲလ်သရဲက နေကိုကြည့်နေပြီး သူမ မျက်လုံးတွေထဲမှာ ကြောက်လန့် တုန်လှုပ်နေတာကို ယဲ့ဆွေ တွေ့လိုက်ရသည်။  သူမက " ခဏလေးစောင့် "လို့ ပြောခဲ့သည်။

 

 

 ယဲ့ဆွေက သူမရဲ့ထီးကို အိတ်ထဲကထုတ်လိုက်ပြီး သစ်ပင်ရဲ့အရိပ်ကို ပြန်သွားကာ သူမက "ဒီကိုလာခဲ့" ဆိုပြီး ဖန်ဂဲလ် သရဲကို ခေါ်ခဲ့သည်။

 

 

 "ငါလာပြီ" လို့သရဲက လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူမကထီးကို ကိုင်ထားတဲ့ယဲ့ဆွေ အနားမှာ ပါးနပ်စွာမတ်တပ်ရပ်နေခဲ့သည်။

 

 

 ဟွာရွေ့သည် မကြာသေးမီက ဝေရှီ အုပ်စုနဲ့ အချို့သောစီမံကိန်းများကို ဆွေးနွေးနေသည်။ ထိုကုမ္ပဏီနှစ်ခုလုံးသည် အနုပညာလုပ်ငန်းတွင် လူသိများသောကုမ္ပဏီများဖြစ်သည်။ ခိုင်မာသော မဟာမိတ်ဖွဲ့ထားခြင်းကြောင့်လည်း ထိခိုက်မှုမရှိခဲ့ပေ။

 

 

 ဤအချိန်တွင် ဝေရှီ အုပ်စု၏ဥက္ကဌ ချင်ရှင်းသည် ဟွာရွေ့နှင့်စေ့စပ်ညှိနှိုင်းမှုကို စတင်ခဲ့သည်။ သူတို့က ဝေရှီ အုပ်စုတွင်တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။ ကားမှာအဆင်သင့်ဖြစ်နေခဲ့ပြီး ချန်ရှု့နဲ့ စီနီယာ အမှုဆောင်များကလည်း အဆင်သင့်ဖြစ်နေခဲ့သည်။

 

 

 ချန်ရှု့ နှင့်အဖွဲ့သည် ဓာတ်လှေကားမှဆင်းသွားပြီး ကားပေါ်တက်ခဲ့သည်။ ထိုအချိန်တွင် ဝမ်ချွမ်းသည်သူ၏မိုဘိုင်းဖုန်းကို ကုမ္ပဏီတွင် ထားခဲ့မိတာကို သိလိုက်ရသည်။

 

 

 ဟွာရွေ့၏ လူများထွက်ခွာသွားပြီးနောက် သန့်ရှင်းရေးတာဝန်ခံသည် သန့်ရှင်းရေးလုပ်ရန်လာစဥ် စားပွဲပေါ်မှာကျန်ခဲ့သည့် ဆဲလ်ဖုန်းကိုတွေ့ရှိခဲ့သည်။ သူကလက်ကိုင်ဖုန်းဖြင့် ပြန်ထွက်လာပြီး ဘယ့်သူဖုန်းလဲဆိုတာကို မေးဖို့အဆင်သင့်ဖြစ်နေခဲ့သည်။

 

 

 ထိုသူထွက်လာတာနဲ့ သူ့အေးဂျင့်နှင့်စကားပြောတဲ့ ဖိန်နင်နှင့်တွေ့ဆုံခဲ့သည်။ သူမက ဒီနေ့ နေ့လည်ပိုင်းအတွက် အချိန်ဇယား မရှိတာကြောင့် အိမ်ပြန်ဖို့စီစဉ်နေတာဖြစ်သည်။

 

 

 ဖိန်နင်က လက်ကိုင်ဖုန်းကို အဲ့ဒိသူလက်ထဲမှာတွေ့ပြီးသူမစိတ်ထဲကို မထည့်လိုက်မိပေ။ သူမ မထွက်သွားခင်မှာဘဲ ဆဲလ်ဖုန်းကမြည်လာခဲ့သည်။ အဲ့ဒိလူက ကြည့်လိုက်ချိန်မှာဘဲ အံ့သြစွာနဲ့  "ဥက္ကဌ ချန်က ဘယ်လိုလုပ် ဖုန်းခေါ်လာတာလဲ? " ပြောခဲ့သည်။

 

 

 ထိုစကားသံက ဖိန်နင်ရဲ့ နားထဲကို ထင်ရှားစွာကျသွားသည်။ သူမရှေ့သို့တိုးနေတာကို ချက်ချင်းလှည့်ပြီးထိုသူဆီသို့လမ်းလျှောက်သွားသည်။ သူမက ဖုန်းကောကိုကြည့်လိုက်ချိန်မှာဘဲ ဖုန်းပေါ်မှာ ဥက္ကဌ ချန်! လို့ပေါ်နေခဲ့သည်။

 

 

 ဖိန်နင်ရဲ့ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

 

 

 ဖိန်နင်က ဖုန်းကိုကိုင်လိုက်ပြီး “ငါဖုန်းဖြေလိုက်မယ် မင်းအလုပ်ကို အရင်သွားလုပ်သင့်တယ် လို့ပြောခဲ့သည် ။

 

 

 ဤသည်မှာ သူမအမြဲတွေ့မြင်လိုသော ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် တွေ့ဆုံရန်အခွင့်အရေးမရှိခဲ့ပေ။

 

 

 ဖိန်နင်က သူမရဲ့စိတ်လှုပ်ရှားမှုကို ထိန်းထားခဲ့သည်။ သူမလည်ချောင်းကို သန့်ရှင်းလိုက်ပြီး သူမရဲ့အသံကိုနူးညံ့သောအသံဖြင့် တမင်တကာလုပ်ပြောခဲ့သည်။ ပုံမှန်ထက်ကို ပို၍ နူးညံ့သိမ်မွေ့တာဖြစ်သည်။

 

 

 "ဟယ်လို"

 

 

 ဤခေါ်ဆိုမှုက ချန်ရှု့ရဲ့ မိုဘိုင်းဖုန်းနဲ့ ဝမ်ချွမ်းက ခေါ်ခဲ့တာဖြစ်ပြီး သူက "မင်းဘယ်သူလဲ? "လို့မေးခဲ့သည်။

 

 

 "ကျွန်မက ဖိန်နင်ပါ"

 

 

 "ငါက ဝမ်ချွမ်းပါ။ ငါ့ ဆဲလ်ဖုန်းက ဟွာရွေ့မှာ ကျန်ခဲ့တယ်။ နောက်ပိုင်း မင်း ဝေရှီ အုပ်စုကိုပို့လို့ရမလား။ ကျေးဇူးတင်ပါတယ်။ "

 

 

 ဖုန်းပြောတဲ့သူက ချမ်ရှု့ မဟုတ်ဘူး။ ဖိန်နင်က တော်တော်လေး စိတ်ပျက်သွားခဲ့သည်။ ဒါပေမယ့် ဒီလက်ကိုင်ဖုန်းပိုင်ရှင်က ချန်ရှု့ ဖြစ်တာကြောင့် ချန်ရှု့ကအနီးအနားမှာရှိနေသည်။ သူမက ဝေရှီ အုပ်စုကိုသွားရင် ဥက္ကဌချန်ကိုတွေ့နိုင်တယ် ဟုတ်တယ်မလား?

 

 

 ဖိန်နင်က " ရှင့် ဆဲလ်ဖုန်း ချက်ချင်းလာပို့ပေးမယ် လို့ သဘာဝကျကျ တုန့်ပြန်ခဲ့သည်။ ဖုန်းက ချသွားပြီ ဖြစ်သည်။ သူမက ချန်ရှု့ရဲ့ ဖုန်းနံပါတ်ကိုကြည့်ကာ စိတ်ထဲတွင် မှတ်ထားခဲ့သည်။

 

 

 မိုဘိုင်းဖုန်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် ဖိန်နင်က မကြာခင်မှာဘဲ ချန်ရှု့ကို တွေ့ဖို့အတွက်ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဝေရှီ အုပ်စုဆီသွားခဲ့သည်။

 

 

 အခြားတစ်ဖက်တွင် ယဲ့ဆွေနဲ့   ဖန်ဂဲလ်သရဲတို့သည် ထိုနေရာမှ ထွက်ခွာလာကြသည်။ ဝေရှီအုပ်စု၏ စတူဒီယိုသည် ရိုက်ကွင်း နေရာနှင့် သိပ်မဝေးပါ။ လမ်းလျှောက်ရုံသာဖြစ်သည်။ ကောင်းကင်၌ နေကအနည်းငယ်သာ တောက်ပနေတော့သည်။ ယဲ့ဆွေကို အမြဲတမ်းထောက်ခံခဲ့သည့် မိန်းကလေးသည် ထီးအောက် သူမ၏ဘေးတွင်ရပ်နေသည်။

 

 

 ချန်ရှု့ရဲ့ ကားကလည်း ဝေရှီအုပ်စုသို့ ချဉ်းကပ်လာသည်။ သူက ကားထဲတွင်ထိုင်နေခဲ့ပြီး ပြတင်းပေါက်ကိုမကြည့်ဘဲ ရှေ့သို့သာကြည့်နေခဲ့သည်။ ဝမ်ချွမ်းက ဘေးဘယ်ညာကို ကြည့်သော်လည်း သူ၏မျက်လုံးများက အပေါ်ယံသာ ဖြစ်သည်။

 

 

 ငြီးငွေ့စွာနဲ့ ဘေးဘက်ကို ကြည့်လိုက်ချိန် မိန်းမတစ်ယောက်ကို သတိထားမိခဲ့သည်။

 

 

 ယနေ့ရာသီဥတုသည် သိပ်မကောင်းလှပါ၊ မိုးတိမ်များ၌ နေရောင်ခြည်သည် အရိပ်အမြွက်တစ်ခုမျှသာဖြစ်သည်။ နေရောင်သည် အလွန်ရှားပါးပြီး ယနေ့က ပို၍ မှောင်မိုက်နေပုံရသည်။

 

 

 လမ်းပေါ်ရှိလူအားလုံးတို့သည် ထီးကိုမဆောင်ခဲ့ကြပါ။ ထီးပါသည့် အမျိုးသမီးတစ်ဦး မှလွဲ၍ ထပ်ပေါင်းပြောရလျှင် ထီးအနက်ရောင် ဆောင်းထားတာကြောင့် အထူးသဖြင့် လူထုထဲတွင် ထင်ရှားနေခဲ့သည်။

 

 

 ဝမ်ချွမ်းက ကောင်းကင်ကိုကြည့်ရင်း သူ မမှားတာသေချာအောင်လုပ်ခဲ့သည်။ ယနေ့နေရောင်ခြည်လုံးဝနီးပါးမရှိသေးဘဲ သူမက ထီးဆောင်းထားတာကြောင့် "အခုချိန် ဒီလိုရာသီဥတုမှာ ထီးဆောင်းတဲ့သူတွေ ကျန်နေသေးတယ်" လို့ပြောခဲ့သည်။

 

 

 ပို၍ ထူးဆန်းသည်မှာ ထီးသည်အလွန်ကြီးမားပြီး အခြား အမျိုးသမီးတစ်ဦးသည် သူမနှင့်အတူထီးအောက်တွင်ရှိနေသကဲ့သို့ ထီး၏တစ်ဖက်၌သာရပ်နေသည်။ သို့သော် ထီး၏ အခြားဘက်ခြမ်းသည် ဗလာဖြစ်နေပြီး မည်သူမျှမရှိပေ။

 

 

 ဝမ်ချွမ်းသည် မျက်လုံးကိုပွတ်လိုက်ပြီး စေ့စေ့ကြည့်လိုက်သည်နှင့် ထိုလူသည် ထိုကိုယ်ဟန်အနေအထားကိုဆက်လက်ထိန်းထားနိုင်ခဲ့သည်။

 

 

 ချန်ရှု့ ရုတ်တရက် ကြည့်လိုက်ချိန် ယဲ့ဆွေရဲ့ နောက်ကျောကို မြင်လိုက်ရသည်။ သူမပခုံးပေါ်တွင်ဆံပင်များက ကျနေပြီး ထီးကိုင်ထားသောသူကို စဉ်းစားနေသည်။ သူမနောက်ကျောမှာ သေးသွယ်ကာ အကျွမ်းတဝင် ရှိပုံရသည်။

 

 

 ဘယ်လိုဘဲဖြစ်ဖြစ် သူသည် များစွာစဥ်းစားခြင်း မပြုခဲ့ပေ။ ယဲ့ဆွေ  ဖြတ်သွားတော့မည့်အချိန်တွင် ချန်ရှု့က သူ့အကြည့်များကို ရုပ်သိမ်းခဲ့သည်။ အဲ့ချိန်မှာဘဲ ကားက ယဲ့ဆွေကို ကျော်ဖြတ်သွားခဲ့သည်။ 

 

 

 ကားရပ်နားရာနေရာတွင် ကားရပ်လိုက်သောအခါ ချန်ရှု့ နှင့်သူ့အဖွဲ့သည် ဓာတ်လှေကားသို့သာသွားခဲ့သည်။ ချင်ရှင်း၏ရုံးခန်းသည် အထပ် ၂၀ တွင်ရှိသည်။  ချန်ရှု့ နှင့်ကုမ္ပဏီအမှုဆောင်များက လမ်းလျှောက်ကာ ဓာတ်လှေကားထဲသို့ ဝင်၍ ၂၀ ထပ်ကိုနှိပ်ခဲ့သည်။

 

 

 တံခါးက ဖြည်းဖြည်းချင်း ပိတ်လာလိုက်ပြီး ပိတ်သွားတော့သည်။

 

 

 ဤအချိန်တွင် ယဲ့ဆွေနဲ့ ဖန်ဂဲလ်သရဲကလည်း ရောက်ရှိလာပြီး သူတို့ဓာတ်လှေကားပေါ်တက်ရန် အဆင်သင့်ဖြစ်နေခဲ့ကာ သူတို့ရောက်တဲ့အချိန် ဓာတ်လှေကားတံခါးက ပိတ်သွားသည်။

 

 

 "ခြေလှမ်းတစ်လှမ်းဘဲလိုတာလေ  ငါတို့ မှီခါနီးဟာကို " ဆိုပြီး ဖန်ဂဲလ် သရဲက မနေနိုင်စွာ ပြောလိုက်သည်။

 

 

 ယဲ့ဆွေ သည်ဓာတ်လှေကားအတွင်းမှအခြေအနေများကိုမမြင်ခဲ့ပါ။ သူမ၏ခင်ပွန်းသည် ဓာတ်လှေကားထဲတွင်ရှိနေတာကိုလည်း မသိခဲ့ပေ။ သူမတို့နှစ်ယောက်ကို တံခါးက ပိုင်းခြားထားသည်။

 

 

 ချန်ရှု့ကလည်း ဓာတ်လှေကားအပြင်ဘက်မှာ ရပ်နေသူက ယဲ့ဆွေ ဖြစ်တယ်ဆိုတာကို မသိခဲ့ပေ။

 

 

 အခြားရွေးချယ်စရာလမ်းမရှိတဲ့ ယဲ့ဆွေက အခြားဓာတ်လှေကား မသွားမီကိုသာ စောင့်ဆိုင်းနိုင်သည်။ သူမက ဖန်ဂဲလ် သရဲကို ထပ်မံမေးမြန်းပြီး ချင်ရှင်းရဲ့ တည်နေရာကို အတည်ပြုခဲ့သည်။

 

 

 "အထပ် ၂၀ မှာ  "

 

 

 ယဲ့ဆွေက ဓာတ်လှေကားရှေ့တွင်ရပ်နေကာ ဖြည်းဖြည်းချင်း ဆင်းလာသည့် အရေအတွက်ကိုကြည့်နေသည်။ မကြာခင်မှာ မြေညီထပ်ကို  ဓာတ်လှေကားက ရောက်လာလိမ့်မည်။ "ကောင်းပြီ၊ အခု အထပ် ၂၀ ကိုသွားကြရအောင် "