အပိုင်း ၁၈
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၈ - သူမက အကြောက်အရွံ့ကင်းတယ်

 

 

 

 ယဲ့ဆွေက ဓာတ်လှေကားရှေ့တွင်ရပ်ကာ ဓာတ်လှေကားနံပါတ်တွေ ဆင်းသက်နေတာကို ကြည့်နေသည်။ မကြာမီ ဓာတ်လှေကားက မြေညီထပ်သို့ ရောက်လာလိမ့်မည်။ကောင်းပြီ အခု အထပ်၂၀ ကို သွားကြရအောင်

 

 

ချန်ရှု့ရော၊ ယဲ့ဆွေရော သူတို့က တူညီတဲ့အထပ်ကို ဦးတည်နေတယ်ဆိုတာကို မသိကြပေ။

 

 

ဖန်ဂဲလ် သရဲက အခြားအမျိုးသမီးသရဲကို စကားပြောလို့ပြီးသွားနဲ့ တစ်ပြိုင်နက် ဓာတ်လှေကားမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ဓာတ်လှေကားတံခါးက ပိတ်ထားဆဲဖြစ်သော်လည်း သရဲတစ်ကောင်က  ပေါ်ထွက်လာသည်.......

 

 

ဒီသရဲအသစ်ဟာ ရှေးခေတ်၀တ်စုံကို ၀တ်ဆင်ထားပြီး သူမရဲ့ဆံပင်တွေကို ဘန်းမုန့်ပုံစံ ဆံထုံး ထုံးထားသည်။သူမရဲ့အသွင်အပြင်ကနေ သူဟာငယ်ရွယ်စဉ်မှာ သေဆုံးသွားတယ်ဆိုတာက ထင်ရှားနေသည်။  သို့သော် တခြားသရဲတွေနဲ့ မတူနေတာက သူတို့ခံစားခဲ့ရပြီး သေဆုံးခြင်းသို့ ရောက်သွားစေတဲ့ ခန္ဓာကိုယ်က ဒဏ်ရာများကို ပြသတာမဟုတ်ဘဲ သူမရဲ့အသွင်အပြင်မှာ သာမန်လူတစ်ဦးရဲ့ ပုံပန်းသဏ္ဌာန်ဖြစ်နေသည်။

 

 

ရုတ်တရက် ဓာတ်လှေကားထဲမှ ထွက်ပေါ်လာတဲ့ အမျိုးသမီးသရဲကို  ယဲ့ဆွေကြောက်သော်လည်း သူမဘာကိုမှမမြင်သလိုမျိုး အလျင်အမြန်ဟန်ဆောင်ခဲ့သည်။ သူမတိတ်ဆိတ်စွာ နေမယ်ဆိုရင် သရဲကသူမကိုသတိမထားမိနိုင်ဘူးဆိုတာ ဖြစ်နိုင်တယ်လေ .......

 

 

ဟန်ဆောင်နေတာကို ရပ်လိုက်။ ဝေရွှမ့်က ငါတို့ကို မင်းမြင်နိုင်တယ်လို့ ပြောထားပြီးပြီ  ရှေးခေတ်သရဲက သူမကိုပြောပြီးယဲ့ဆွေကို သရော်စွာနဲ့ နဖူးကို တို့လိုက်သည်။သူမဘာကိုမှ မမြင်နိုင်ဘူးလို့ ဟန်ဆောင်ထားတဲ့ သူမရဲ့အစီအစဉ်က မအောင်မြင်သောကြောင့် ယဲ့ဆွေရဲ့အကြည့်က ရှေးခေတ်သရဲကို ထပ်မံအာရုံစိုက်ခဲ့သည်။

 

 

ဝေရွှမ့် ကွယ်လွန်ပြီးနောက် သူမမကြာခဏ ဝေရှီ အုပ်စုဆီ သွားရောက်လည်ပတ်ခဲ့သည်။ သူမ ဒီဓာတ်လှေကားသရဲနဲ့ သိတာက အံ့သြစရာတော့မဟုတ်ပေ။

 

 

 “ မင်းမြန်မြန်လုပ်ရမယ်။ ဟွာရွေ့ ကုမ္ပဏီရဲ့ ဥက္ကဌက ဓာတ်လှေကားထဲကို ဝင်လာပြီးနေပြီ။ အခုအချိန်မှာလာပြီး သူအနီးအနားမှာရှိနေရင် နင့် အမေနဲ့ တွေ့ဆုံနိုင်မှာမဟုတ်ဘူး

 

 

ရှေးခေတ်သရဲပြောတာကို ကြားတော့ ဖန်ဂဲလ် သရဲက ထိတ်လန့်တုန်လှုပ်နေသည်။ငါတို့တွေ ဘာလုပ်သင့်လဲ အစ်မငါဒီနေ့အမေနဲ့ တွေ့မှရမယ်!”

 

 

ဖန်ဂဲလ် သရဲက ယဲ့ဆွေကို ရှာတွေ့လိုက်ကတည်းက စိတ်ဓာတ်တက်ကြွနေသည်။ သူမသေဆုံးသွားတဲ့ချိန်တွင် (၁၆) နှစ်သာရှိသေးသည်။ ဒါကြောင့် ယဲ့ဆွေလိုမျိုး တစ်စုံတစ်ယောက်ကို ရှာဖွေဖို့အလွန်စိတ်အားထက်သန်ခဲ့ခြင်းဖြစ်သည်။

 

 

  သူတို့ရုတ်တရက်ထွက်လာပြီး ယဲ့ဆွေ ဓာတ်လှေကားထဲဝင်ပြီးချိန် နောက်တစ်ယောက်က တက်သွားပြီဖြစ်သည်။ ၎င်းဓာတ်လှေကားသည် ဟွာရွေ့ ကုမ္ပဏီရဲ့ ဥက္ကဌ ဝင်ရောက်သွားခဲ့တာဖြစ်သည်။

 

 

သူတို့ကို နည်းနည်းနှေးအောင် လုပ်ဖို့နည်းလမ်းရှိလားငါတို့ အရင်ရောက်ရင် လုံလောက်ပြီ။ ပြီးမှသူတို့ကို သွားခွင့်ပြုလိုက် ယဲ့ဆွေက အကူအညီရရန် ရှေးခေတ်သရဲဘက်သို့ လှည့်ခဲ့သည်။ အနည်းငယ် ရှက်ရွံ့နေတဲ့ ရယ်မောခြင်းနှင့်အတူ ရှေးခေတ်သရဲက ခေါင်းညိတ်လိုက်သည်။  “ငါမကြာခင် ဒီလိုလုပ်လိုက်မယ်။ ငါကအဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်။

 

 

 ရှေးခေတ်သရဲက မတော်တဆ သေဆုံးသွားတာမဟုတ်ပေ။ သူမက ဒီအဆောက်အအုံတွင် မှီခိုနေပြီး သူ့ရဲ့သင်္ချိုင်းမြေပုံက ဝေရှီ အဆောက်အအုံရဲ့ အောက်တွင်ရှိနေသောကြောင့်ဖြစ်သည်။ ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်ချိန်တွင် သူမရဲ့သင်္ချိုင်းမြေပုံကို အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြသည်။

 

 

သို့သော် ရှေးခေတ်သရဲက သူမရဲ့မူလ မြေပုံနေရာကိုပဲ နှစ်သက်မြတ်နိုးခဲ့တာကြောင့် သူမကအလွယ်တကူပဲ နေခဲ့သည်။ သူမ အသက်ရှင်နေစဉ်တုန်းက ဓာတ်လှေကားလို နည်းပညာမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ။သူမ အဲ့တာကိုပထမဦးဆုံးမြင်မြင်ခြင်းမှာပဲ သဘောတွေ့သွားခဲ့သည်။

 

 

ပျင်းရိငြီးငွေ့ခြင်းမှ တွန်းလှန်ဖယ်ရှားဖို့ ကုမ္ပဏီရဲ့ ၀န်ထမ်းများအား အကြိမ်ကြိမ်အခါခါ သူမစနောက်ခဲ့သည်။ တစ်ခါတစ်ရံ ဓာတ်လှေကားက မမှန်တဲ့အထပ်မှာ ရပ်နေတတ်သည်။ သို့မဟုတ် အကြောင်းပြချက်မရှိဘဲ တံခါးက ပွင့်သွားနိုင်သည်။

 

 

ပျော်ရွှင်နေတဲ့ မျက်နှာအမူအရာကိုရှေးခေတ်သရဲရဲ့မျက်နှာပေါ်မှာ မြင်လိုက်ရတဲ့အခါ ယဲ့ဆွေ သက်ပြင်းချပြီး တာဝန်ကိုသာပေးလိုက်သည်။   “ဒီကိစ္စကို နင်နဲ့ပဲ ထားခဲ့လိုက်တော့မယ်

 

 

အစီအစဉ်က တော်တော်လေးကို လွယ်ကူသည်။ ဓာတ်လှေကားက ကြမ်းခင်းသို့ရောက်တာနဲ့တပြိုင်နက် အဲ့တာက ရပ်တန့်သွားပြီး တံခါးပွင့်လာလိမ့်မည်။ ဒီအတောအတွင်း ယဲ့ဆွေနဲ့  ဖန်ဂဲလ်သရဲတို့က အထပ် ၂၀ ကို အရင်ဆုံးရောက်ရှိလိမ့်မည်။

 

 

အခြားဓာတ်လှေကားအတွင်းမှ လူများက ဘယ်သူမှမထိဘဲ ကြမ်းပြင်ခလုတ်များက ထွန်းလင်းနေတာကိုမြင်တဲ့အခါ သူတို့ကအလွန်ကြောက်သွားလိမ့်မည်။  သူမရဲ့မျက်နှာပေါ်တွင် သနားချင်အောင် ဟန်လုပ်ပြုံးခြင်းနဲ့အတူ ရှေးခေတ်သရဲက အခြားဓာတ်လှေကားထဲသို့ လွင့်မျောသွားခဲ့သည်။

 

 

သူမရဲ့နောက်ပြောင်မှုများ အစီအစဉ်ကို မလုပ်ဆောင်မီ ဓာတ်လှေကားအတွင်းရှိ ယန်ဓာတ်ကြောင့် သူမသေမည်ကိုကြောက်ခဲ့သည်။

 

 

ဘယ်လိုများ ဟွာရွေ့ ဥက္ကဌက အရမ်းကြောက်စရာကောင်းနေရတာလဲ?

 

 

 ချန်ရှု့က ဓာတ်လှေကား ခလုတ်ရှေ့တွင် မတ်တပ်ရပ်နေသည်။ ရှေးခေတ်သရဲက မမြင်ရတဲ့အတားအဆီးကို ဖြတ်ကျော်ဖို့ မစဉ်းစားရဲဘူး။ ပြီးတော့ ဓာတ်လှေကားမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။  ယဲ့ဆွေ သူမကိုပေးထားတဲ့အလုပ်ကို သူမအနေနဲ့အထပ်တိုင်းရှိ ဓာတ်လှေကားခလုတ်များကို နှိပ်ခြင်းအားဖြင့် ပြီးအောင်လုပ်ခဲ့သည်။ ဒါပေမယ့် အပြင်ဘက်မှ လုပ်ခဲ့တာဖြစ်သည်။

 

 

သာမန်လူတစ်ယောက်အတွက် အထပ်တိုင်းရှိ ခလုတ်ကို နှိပ်ခြင်းဟာ ရူးမိုက်ခြင်း ဖြစ်လိမ့်မည်။ ဒါပေမယ့် သရဲတစ်ကောင်အတွက်ကတော့ အဲ့တာက အပေးအယူအကြီးကြီးသာဖြစ်သည်။

 

 

ဝမ်ချွမ်းက သရဲပျံသန်းပြီးထွက်လာတဲ့ ဓာတ်လှေကားအတွင်းတွင် ရပ်နေသည်။ ရုတ်တရက် အတွင်း၌ အပူချိန်အတော်လေး ပြောင်းလဲသွားတာကို သူခံစားလိုက်ရသည်။ သူ့ရဲ့လက်မောင်းကို ပါးနပ်စွာထိလိုက်တဲ့အခါ သူကထိုအာရုံခံစားမှုကို အံ့သြသွားသည်။  “ဘာကြောင့်ဒီနေရာက ရုတ်တရက်အေးသွားရတာလဲ?

 

 

အနည်းဆုံး ထိခိုက်မှုမရှိသူ ချန်ရှု့ဆီမှရသမျှအားလုံးက ထူးဆန်းတဲ့ တစ်ချက်ဖြစ်သည်။  သူက လူကြီးတစ်ယောက်ပါ။ ဒါပေမယ့်သူက ရာသီဥတုအေးတာကို အရမ်းကြောက်သည်။  ဥက္ကဌကြီးရှေ့မှောက်မှာ သူဟာစကားများပြီး သူ့ကိုယ်သူအရှက်ရစေတဲ့အတွက် သူ့ကိုယ်သူသာ အပြစ်တင်လို့ရသည်။

 

 

တစ်ယောက်ယောက်က သူ့ကိုဖိအားပေးနေတယ်လို့ ဝမ်ချွမ်း ခံစားခဲ့ရသော်လည်း အဲ့တာအားလုံးကသူ့ရဲ့ စိတ်ကူးဖြစ်နိုင်သည်။  ခဏစဉ်းစားပြီးနောက် အဲ့တာကဟုတ်တယ်လို့ သူကောက်ချက်ချလိုက်သည်။ ဒါကထင်ယောင်ထင်မှားဖြစ်ရုံပဲ။ သူ့ရဲ့အလွန်အကျွံ စိတ်ကူးစိတ်သန်းများအားလုံးကို အကြောင်းတရားအဖြစ်မယူဆခဲ့ရင် သူကဥက္ကဌရဲ့ရှေ့မှာ ပို၍ပင်မျက်နှာကို ဆုံးရှုံးရလိမ့်မည်။

 

 

ဒင်!

 

 

နောက်တစ်ထပ်တွင် ဓာတ်လှေကားက ရပ်သွားပြီး တံခါးကပွင့်လာသည်။ ထူးဆန်းစွာနဲ့ပဲ  စောင့်ဆိုင်းနေတဲ့သူ တစ်ယောက်မှမရှိနေဘူး။  ဓာတ်လှေကားအတွင်းရှိ အမျိုးသားနှစ်ဦးစလုံးက တစ်စုံတစ်ယောက်ဟာ ခလုတ်ကိုနှိပ်ပြီးနောက် စောင့်နေခြင်းကိုလက်လျှော့လိုက်တာပဲဖြစ်နိုင်တယ်လို့ ထင်ခဲ့သည်။ တံခါးကပိတ်သွားပြီး နောက်တစ်ထပ်သို့ ဆက်သွားကြသည်။

 

 

ဒင်!

 

 

နောက်တစ်ထပ်တွင် ဓာတ်လှေကားက နောက်တစ်ခါထပ်ပြီး ရပ်သွားပြန်သည်။

 

 

ဝမ်ချွမ်းက သူ့ရဲ့ခန္ဓာကိုယ်ကို ဓာတ်လှေကားထဲမှ အပြင်ဘက်သို့ထွက်ပြီး ပတ်ပတ်လည်ကို ကြည့်ခဲ့သည်။ အပြင်မှာ ဘယ်သူမှမရှိပေမယ့် ဓာတ်လှေကား တံခါးတွေကပွင့်နေသည်။ သူ့ရဲ့ရဲစွမ်းသတ္တိက သေးငယ်သော်လည်း ရုတ်တရက် မကောင်းတဲ့လေပြင်းက သူ့အား ဖြတ်သန်းသွားတာနဲ့တပြိုင်နက် သူတုန်လှုပ်သွားခဲ့သည်။

 

 

လှည့်ပတ်ကြည့်လိုက်တော့ ချန်ရှု့က လုံးဝထိခိုက်မှုမရှိဘူးဆိုတာကို သူတွေ့လိုက်ရသည်။ ဓာတ်လှေကားက နောက်တဖန် ရပ်တန့်သွားဖို့ကို သူနည်းနည်းတောင် ဂရုမစိုက်ဘဲမနေနိုင်ဘူး။ ဥက္ကဌရော သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပါ စကားမပြောကြတာကြောင့် ဝမ်ချွမ်းကအဲ့တာနဲ့ပတ်သက်၍ ကြီးမားတဲ့အငြင်းပွားမှုကို မဖြစ်စေခဲ့ပါ။

 

 

ထပ်မံ၍ ဓာတ်လှေကားတံခါးများကပိတ်သွားခဲ့ပြီး အထက်သို့ဆက်တက်သွားခဲ့သည်။

 

 

ဒင်!

 

 

ဒင်! —ဒင်!

 

 

ဒင်! —ဒင်! —ဒင်

 

 

အဆိုပါဓာတ်လှေကားက ဖြတ်သွားတဲ့ အထပ်တိုင်းမှာ ရပ်ပေမယ့် ဘယ်တစ်ယောက်မှ ဝင်လာတာမရှိဘူး။ အဲ့ဒါကို ဝမ်ချွမ်း တစ်ယောက်တည်းသာ ပျာယာခတ်နေတာမဟုတ်ပေ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေတောင် အနည်းငယ် တွေဝေသွားခဲ့ကြသည်။

 

 

 ဥက္ကဌ ချန်၊ ဒီဓာတ်လှေကားက သရဲခြောက်နေတယ်လို့ ထင်လား?”

 

 

သူတို့ထဲကတစ်ယောက်က ဓာတ်လှေကားကို ပြောင်းလဲဖို့ သူတို့ရဲ့သူဌေးကို အကြံပေးလို့ရလိမ့်မယ်လို့ မျှော်လင့်ရင်း အဲဒီစကားတွေပြောဖို့ သတ္တိအပြည့်ရှိခဲ့သည်။

 

 

 ချန်ရှု့က သူ့ရဲ့၀န်ထမ်းများအနေဖြင့် ထိုသို့သောအတွေးမျိုးရှိမည်လို့ မမျှော်လင့်ခဲ့ပေ။ သူဓာတ်လှေကားကို ကြည့်လိုက်သည်။ ထိုစဉ် အလွန်ကြောက်လန့်နေတဲ့ တခြားသူတွေ၊ ဓာတ်လှေကားမှာသူနဲ့အတူ မျှဝေပြီးနေကြတဲ့ သူတွေနဲ့မတူဘဲ သူ့ရဲ့မျက်လုံးက အေးဆေးတည်ငြိမ်နေသည်။

 

 

အေးဆေးတည်ငြိမ်စွာနဲ့ သူ့ရဲ့လက်က ရောက်ရှိလာခဲ့သည်။ ချန်ရှု့က  " ပိတ်သည် " ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တာနဲ့ တံခါးက ဖြည်းဖြည်းခြင်း ပိတ်သွားသည်။ ရက်ရက်စက်စက်ဘဲ အခြားယောက်ျားများရဲ့မျှော်လင့်ချက်များကို ရိုက်ချိုးခဲ့သည်။

 

 

 “ဒီကမ္ဘာကြီးမှာ ဘာသရဲမှမရှိဘူး။ ဘာအတွက်နဲ့မှ ကိုယ့်ကိုကိုယ် မကြောက်စေနဲ့။  ချန်ရှု့က နောက်ထပ်စကားမပြောခဲ့ဘူး။  ရှေးခေတ်သရဲက အပြင်ဘက်မှာရှိတယ်ဆိုတာ သူတို့မသိကြခဲ့ဘူး။ ထိုစကားများကို ကြားရတဲ့အခါ သူမကအလွန်မသက်မသာခံစားခဲ့ရသည်။

 

 

ဝမ်ချွမ်းက ဓာတ်လှေကားခလုတ်များကို တိတ်ဆိတ်စွာ စိုက်ကြည့်ခဲ့သည်။ အထပ်တိုင်မှာ တံခါးတွေပွင့်တာပြီးသွားတဲ့နောက်မှာ သူတို့ကနောက်ဆုံးတော့  ၂၀မြောက်အထပ် သို့ရောက်ရှိလာသည်။

 

 

သို့သော် ယဲ့ဆွေနဲ့ ဖန်ဂဲလ် သရဲရဲ့ဓာတ်လှေကားက သူတို့ မရောက်လာခင်မှာ ရောက်ရှိနေခဲ့သည်။

 

 

ယဲ့ဆွေ ကံကောင်းသွားသည်။  သူမဓာတ်လှေကားမှထွက်ခွာသွားတာနဲ့ ချင်ရှင်းက ကွန်ဖရင့်အခန်းသို့ လမ်းလျှောက်နေတာကို တွေ့လိုက်ရသည်။  “မဒမ် ချင်

 

 

တစ်ယောက်ယောက်က သူမကိုခေါ်လိုက်တာကိုကြားရပြီးနောက် ချင်ရှင်းက ပြန်လှည့်ကြည့် လိုက်သည်။ သူမရဲ့မျက်နှာက စက္ကန့်အနည်းငယ်မျှ အေးဆေးတည်ငြိမ်နေသည်။ သို့သော် သူမမျက်လုံးများက ယခုသူမရဲ့စိတ်ထဲတွင် ရှိနေတဲ့ သံသယများကို ရောင်ပြန်ဟပ်စေသည်။

 

 

ချင်ရှင်းက မှတ်ဥာဏ်ကောင်းသည်။ ဖုန်းမှကြားရတဲ့ ယဲ့ဆွေရဲ့အသံက အခုနဲ့အနည်းငယ် ကွဲပြားနေသော်လည်း သူမမှတ်မိနေသေးသည်။  သူမက သူမရဲ့သမီးဖြစ်သူ ဝေရွှမ့် အကြောင်း ဖုန်းဆက်ပြောခဲ့တဲ့သူဖြစ်သည်။  ချင်ရှင်းဟာ သူမဆုံးရှုံးသွားခဲ့ရတဲ့ သမီးကိုတွေးမိရုံနှင့် စိတ်မကောင်းဖြစ်မိသည်။

 

 

အဲဒါမင်းပဲ  ချင်ရှင်းက မျက်မှောင်ကြုတ်လိုက်သည်။

 

 

ယဲ့ဆွေက ဝေရွှမ့်နဲ့ ဆက်သွယ်ပြီးပြီ ဖြစ်သည်။  အခုတော့ ချင်ရှင်းကို အမှန်တရားကိုပြောပြပြီး စည်းရုံးသိမ်းသွင်းဖို့ နည်းလမ်းရှာရတော့မည်။  “ဝေဝေက ရှစ်နှစ်အရွယ်တုန်းက သူကမီးနဲ့ ကစားပြီး ရှင်ကြိုက်တဲ့အဝတ်အစားကို မီးရှို့လိုက်တယ်။ ဒါပေမယ့် ရှင်ကသူမကိုအပြစ်ပေးခဲ့ဘူး။ ရှင်မှတ်မိသေးလား?”

 

 

ချင်ရှင်းနဲ့ ဝေရွှမ့်သာ ထိုအခြေအနေကို သိထားတာဖြစ်သည်။  ထို၀တ်စုံကို ချင်ရှင်းရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်ဖြစ်သူက ၀ယ်ပေးထားခဲ့တာဖြစ်ပြီး အဲ့တာကိုသူမက အလွန်တန်ဖိုးထားခဲ့သည်။ သို့သော် ဝေဝေကမီးရှို့လိုက်တဲ့အခါမှာ ချင်ရှင်းက သူမကိုအပြစ်မတင်ခဲ့ဘူး။ သူမရဲ့ခင်ပွန်းအား အသိပေးခြင်းမရှိဘဲ သူတို့အကြားမှာ အဲ့တာကိုလျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိခဲ့သည်။

 

 

ယဲ့ဆွေက အဲ့အကြောင်းကို သိနေတာကြောင့် ချင်ရှင်း အလွန်အံ့အားသင့်ခဲ့သည်။ သူမရဲ့မျက်လုံးများက အနီရောင်သို့ ပြောင်းလဲသွားပြီး သူမရဲ့ခန္ဓာကိုယ်က မထိန်းချုပ်နိုင်လောက်အောင် တုန်လှုပ်သွားသည်။  “ရုံးခန်းထဲကို ငါနဲ့အတူလိုက်ခဲ့  ကွန်ဖရင့်ခန်းသို့ ဦးတည်မယ့်အစား ယဲ့ဆွေက သူမနောက်သို့လိုက်ကာ ဆန့်ကျင်ဘက်လမ်းသို့ ထွက်သွားခဲ့သည်။

 

 

လက်ထောက်က ချင်ရှင်းရဲ့လုပ်ရပ်တွေကိုမြင်ပြီး တစ်ခုခုတော့ ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။ သူမကချက်ချင်းပဲ တားဆီးဖို့ ကြိုးစားလိုက်သည်။  “အထွေထွေ မန်နေဂျာလက်ထောက် ဟွာရွေ့ အုပ်စုက ဥက္ကဌချန်က မကြာခင်လာတော့မယ်

 

 

ကျေးဇူးပြုပြီးသူတို့ကို ရှင်းပြထားလိုက်ပါ။ အရမ်းအရေးကြီးတဲ့အရာ တစ်ခုခုရောက်လာလို့ နောက်တစ်ခါမှာတောင်းပန်ဖို့ ကိုယ်တိုင်လာမယ်လို့ ပြောပြထားလိုက် ”  ချင်ရှင်း စကားပြောနေတုန်း သူမရဲ့စိတ်ခံစားမှုက မြန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။  အဆိုပါ လက်ထောက်က မျက်စိကန်းတဲ့သူ မဟုတ်ခဲ့ပေ။ ဒီလိုမျိုးသူမရဲ့သူဌေးကို တွေ့လိုက်ရတော့ သူမသဘောတူလိုက်သည်။

 

 

ရုံးကိုသူတို့ရောက်ပြီးတော့ တံခါးကို လုံလုံခြုံခြုံ ပိတ်ထားလိုက်ကာ ချင်ရှင်းက လှည့်၍ယဲ့ဆွေနှင့် ထပ်မံပြီးမျက်နှာချင်းဆိုင် တွေ့ဆုံလိုက်သည်။နောက်ဆုံးအကြိမ်တုန်းက မင်းသူကိုတွေ့ရတယ်လို့ ပြောတယ်နော်....... သူမအခုရောက်နေပြီလား?”  ဝါကျကိုအဆုံးသတ်ဖို့ သူမကအချိန်များစွာယူခဲ့ရသည်။

 

 

ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။   “သူမက ကျွန်မနဲ့အတူလာခဲ့တာ။ သူမမှာ ရှင့်ကိုပြောစရာရှိနေတယ်

 

 

ချင်ရှင်း ရဲ့ခြေထောက်တွေက အားအင်တွေပျောက်သွားပြီး ဆိုဖာပေါ်လဲကျသွားသည်။ ဒါပေမယ့် သူမပြန်ပြီးတော့ မြန်မြန်ဆန်ဆန် ကိုယ်ကိုမတ်ထားလိုက်သည်။  “သူကမင်းရဲ့အနားမှာလား?”

 

 

 

ချင်ရှင်းက ဝေရွှမ့်ကို မတွေ့နိုင်ဘူးလို့ ယူဆရတဲ့အတွက် သူမကအခန်းကိုပဲ စူးစမ်းကြည့်နိုင်သည်။ ယဲ့ဆွေက သူမရဲ့ခေါင်းကိုလှည့်ပြီး သူမရဲ့ဘေးမှာရှိတဲ့ ဖန်ဂဲလ် သရဲကို ကြည့်လိုက်သည်။  “ နင့် အမေကို တစ်ခုခုပြောစရာရှိလား? ”

 

 

သူမစကားပြောလိုက်တဲ့အခါ ချင်ရှင်းက ယဲ့ဆွေရဲ့ခေါင်းလှည့်ထားတဲ့ နေရာအတိုင်း ကြည့်လိုက်ပြီး ချက်ချင်းပဲ သူမရဲ့ဘေးသို့ အာရုံစိုက်ထားလိုက်သည်။ ဒီအချိန်မှာ ဖန်ဂဲလ် သရဲ ဘယ်လောက် ရှက်ရွံ့နေလဲဆိုတာကို သူမမြင်နိုင်မှာ မဟုတ်ဘူး။ သရဲက အဲ့တာကိုဘယ်လိုပြောပြရမှန်းမသိဘဲ သူမရဲ့လက်တွေကို ကလိနေသည်။

 

 

ငါ ... ငါပြောချင်တယ် ......ငါတောင်းပန်ပါတယ်လို့ ဝေရွှမ့် ရဲ့ အသံက ခြင်တွေရဲ့ ဆူညံသံကဲ့သို့ ပေါ့ပါးနေသည်။ ယဲ့ဆွေက ခြင်ကောင်တဲ့ အသံအနိမ့်အမြင့်ကို လူနားလည်တဲ့ ဘာသာစကားသို့မပြန်မီ ခဏအာရုံစိုက်ခဲ့ရသည်။  ချင်ရှင်းကို အရင်ကြည့်ရင်း ဝေရွှမ့် ကိုပြန်ကြည့်လိုက်သည်။တောင်းပန်ပါတယ်လို့ ပြောရမှာလား? ငါကောင်းကောင်းမကြားရဘူး.....”

 

 

ဝေဝေကတော့ ချင်ရှင်းကိုကြည့်ပြီး သူမရဲရဲရင့်ရင့်နဲ့ ဆက်ပြောလိုက်သည်။   “အမေ သမီးတောင်းပန်ပါတယ်။ အမေ့ရဲ့စကားကို သမီးနားထောင်ခဲ့သင့်တယ်၊ အဲ့ဒီနာမည်ကြီးတွေရဲ့ နောက်ကိုမလိုက်ခဲ့သင့်ဘူး။ အမေကိုလည်း ဝမ်းနည်းအောင်လုပ်ခဲ့မိတယ်။ ပြီးတော့ စိတ်ပျက်အောင်........”

 

 

 ဖန်ဂဲလ်သရဲက စကားအများကြီးပြောခဲ့သည်။ ယဲ့ဆွေက သူမရဲ့စကားလုံးတွေကို ချင်ရှင်းဆီသို့ တစ်ချိန်တည်းမှာ ပြောပြပေးလိုက်သည်။

 

 

 ချင်ရှင်းက ပထမစာကြောင်းကို ကြားတဲ့အခါ မျက်ရည်တွေ တိတ်တဆိတ် ကျလာခဲ့သည်။ သူမသမီးရဲ့ နောက်ဆုံးစကားများအဆုံးတွင်မေမေက သမီးကိုဘယ်တော့မှအပြစ်မတင်ပါဘူး။ အမေနဲ့  သမီးအတူရှိရမယ့်အချိန်ကို မြတ်နိုးမှုမရှိခဲ့တဲ့အတွက် နောင်တရမိတယ်........သမီးကို အလုပ်ကြောင့်နဲ့ လျစ်လျူရှုခဲ့မိတယ် ...... ”လို့သူမက မထိန်းချုပ်နိုင်စွာနဲ့ ငိုကြွေးရင်းပြောခဲ့သည်။

 

 

မတ်တပ်ရပ်ပြီး သူမက ဝေရွှမ့်ကို နောက်ဆုံးအကြိမ်အနေနဲ့ တစ်နည်းနည်းဖြင့် ထိတွေ့ဖို့ ကြိုးစားကာ ယဲ့ဆွေရဲ့ဘေးသို့ ရွှေ့သွားလိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့မျက်တွေကို သုတ်ဖို့ တစ်ရှူးကိုလက်ထဲမှာကိုင်ထားခဲ့သည်။  “သူမအခုသွားရတော့မယ်။ သူမစိတ်သက်သာရာ ရသွားတဲ့ပုံပဲ ဝေဝေရဲ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ပွင့်လင်းမြင်သာလာသည်။  သူမက ချင်ရှင်းကို ဖက်ဖို့ သို့မဟုတ် သူတို့မထိနိုင်တဲ့ကတည်းက ကြိုးစားခဲ့သည်။ သူမရဲ့မိခင်က ဒါကိုခံစားမိမှာမဟုတ်ဘူး။ ဒါပေမယ့် သူမဘာပဲဖြစ်ဖြစ် ကျေနပ်ခဲ့သည်။

 

 

 ဝေရွှမ့်က ပြုံးလိုက်ပြီး ယဲ့ဆွေကို တာ့တာပြကာ......ပါးလွှာတဲ့လေထုထဲမှာ ပျောက်ကွယ်သွားခဲ့သည်။

 

 

ယဲ့ဆွေက သူမရဲ့စိတ်လှုပ်ရှားမှုတွေပါ ၀င်ရုံရှိသေးသည်။ သက်ပြင်းချလိုက်ပြီး ချင်ရှင်းကိုကြည့်လိုက်သည်။   “ဝေဝေက ရှင့်ကိုပွေ့ဖက်ထားခဲ့ပြီး အခုတော့ သူမသွားလိုက်ပြီ

 

 

အဲ့အချိန်မှာ ချင်ရှင်း အနည်းငယ် အေးသွားသလို ခံစားလိုက်သည်။ နောက်တစ်ချိန်တွင် သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ပြန်ဖြစ်သွားပြီး သူမရဲ့သမီးကလုံးဝပျောက်ကွယ်သွားတာကို သူသိလိုက်ရသည်။

 

 

 “ နောက်ဆုံးတစ်ခုအနေနဲ့။ ဝေဝေက သူမမထွက်သွားခင် တစ်စုံတစ်ခုကိုကျွန်မဆီပြောခဲ့တယ်။  သူမရဲ့အိပ်ရာအောက်မှာ အဝတ်အစားထည့်ထားတဲ့ သေတ္တာတစ်လုံးရှိတယ်။ အဲ့တာက သူမရဲ့လက်နဲ့ရှင့်အတွက် လုပ်ထားပေးခဲ့တာ။ သိပ်မကောင်းပေမယ့် သူမမီးရှို့ပစ်လိုက်တဲ့တစ်ခုအတွက် ပြန်ပြင်ဆင်ဖို့ သူမမျှော်လင့်ခဲ့တာပါ

 

 

 ဝေရွှမ့်က သူမရှစ်နှစ်အရွယ်တွင် အဝတ်အစားဘယ်လို ပြုလုပ်ရမလဲဆိုတာကိုသိဖို့ အချိန်များစွာယူခဲ့သည်။သူမမိခင်ရဲ့ကွယ်ရာမှာ သူမအားလုံးကို လုပ်ခဲ့တာဖြစ်သည်။

 

 

 ဒါကိုကြားတော့ ချင်ရှင်းရဲ့ မျက်ရည်များကနောက်ထပ် စီးကျလာသည်။ ယဲ့ဆွေက ငြိမ်သက်သွားစေဖို့ ရေအေးအေးတစ်ခွက် သောက်ခိုင်းလိုက်သည်။ သူမ ဘယ်လိုပင် နှစ်သိမ့်မှုပေးခဲ့သည်ဖြစ်စေ၊ ချင်ရှင်းရဲ့ခံစားချက်များကို သက်သာစေဖို့ လုံလောက်မည်မဟုတ်ကြောင်း သူမသိထားသည်။

 

 

ယဲ့ဆွေက လှည့်ထွက်သွားပြီး တိတ်တိတ်ဆိတ်ဆိတ် ချန်ထားခဲ့လိုက်သည်။ သူမရဲ့ခံစားချက်တွေကို ချုပ်တည်းထားရင်း ရုံးခန်းတံခါးကိုပိတ်လိုက်သည်။

 

 

သူမအဆောက်အဦးထဲမှ ထွက်သွားတာကိုပဲလုပ်နိုင်ခဲ့သည်။ သူမထွက်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ ဝေရွှမ့် နဲ့ အချိန်များစွာ ကုန်လွန်ပြီးနောက် သူမတို့ ဘယ်လောက် နီးကပ်သွားခဲ့တယ်ဆိုတာကို ဖော်ပြလို့မရနိုင်ပေ။ သူမရဲ့ခန္ဓာကိုယ်က ယင်ဓာတ်နဲ့ ပြည့်လျှံနေသည်။

 (T / N: ယင်ဓာတ် = အေးမြသောစွမ်းအင်။ )

 

 

သူမက ယင်ဓာတ်ပြင်းထန်တဲ့ လတွင်မွေးဖွားခဲ့သည်။အကယ်၍ လူတစ်ဦးက ပြင်းထန်တဲ့စိတ်ဓာတ်ဖြင့် မွေးဖွားလာပါက အဲ့တာကအများအားဖြင့် အေးမြတယ်၊ စိုစွတ်တယ်၊ မတုန်မလှုပ်ဖြစ်တယ်၊ နှေးကွေးပြီး မိန်းမဆန်စေသည်။ ယခုအချိန်တွင် သူမကအလွန်အေးစိမ့်စိမ့်နိုင်နတဲ့ ခံစားချက်ကို ခံစားနေရသည်။

 [T / N: ယင်နဲ့ ယန် တို့မှာ လုံးဝကို သဟဇာတ မဖြစ်နိုင်ပါ ယင်နဲ့ယန် တို့သည်တစ် ဦး နှင့်တစ် ဦး အပြန်အလှန်မှီခိုနေရသည့်အတွက် တစ်ခု၏အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပြည့်စုံမှုရှိရန် အဓိပ္ပါယ်ဖွင့်ဆိုချက်လိုအပ်သည်။ အကယ်၍ လူတစ်ဦးသည် ယန် ချို့တဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေရှိပါက ယန်၏ဖွဲ့စည်းပုံအခြေခံဥပဒေချို့တဲ့သော ကိုယ်ခန္ဓာ၏လက္ခဏာများမှာအောက်ပါတို့ပါဝင်သည်။ အအေး၊ ခြေသည်း၊ ရာသီဥတုဒဏ်ကိုသည်းမခံနိုင်ခြင်း]

 

 

 အကယ်၍ ချန်ရှု့သာရှိခဲ့ရင် သူမက သူ့ရဲ့ ယန် စွမ်းအင်ကို အလျင်အမြန်မျိုချလိမ့်မည်။ သူမအဲ့တာကို စဉ်းစားလိုက်တဲ့အခါ သူမရှေ့မှာ ပုံပန်းသဏ္ဍန်တူညီနေတဲ့သူကို သူမတွေ့လိုက်ရသည်။ အစပိုင်းမှာ ယဲ့ဆွေက သူမ စိတ်ချောက်ချားနေတာလို့ ထင်ပေမယ့် မျက်တောင်ခတ်ပြီးတဲ့နောက်မှာတော့ သူမခင်ပွန်းက သူမရဲ့ရှေ့မှာရှိနေတာကို အတည်ပြုနိုင်ခဲ့သည်။

 

 

သူရှိနေခြင်းက သူမရဲ့ခြေထောက်ပေါ် ပြန်လည်အားဖြည့်စေပြီး သူ့ဆီကိုပြေးသွားဖို့လုံလောက်နေပြီ။ဘာကြောင့် ချန်ရှု့ဒီနေရာမှာ ရှိနေလဲဆိုတာကို သူမဂရုမစိုက်ဘူး။ သူဘာသိဘာသာနေ ခဲ့ရင်တောင် သူ့မှာသူငယ်ချင်းမရှိဘူးလို့ ဆိုလိုတာမဟုတ်ပေ။

 

 

ချန်ရှု!”

 

 

အဲဒီမှာသူ့ကိုတွေ့ရတာ တကယ်ပျော်စရာကောင်းလိုက်တာ!

 

 

ချန်ရှု့ ကရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ ယဲ့ဆွေက သူ့နေရာရဲ့တစ်ဝက်ကိုတောင် မရောက်ခင် သူက သူမဆီသို့ ပြန်ပြီးလျှောက်လာခဲ့သည်။သူ့နောက်ကိုလိုက်ခဲ့တဲ့အခြား ဟွာရွေ့ အမှုဆောင် အရာရှိများလည်း ရပ်တန့်သွားခဲ့သည်။ နောက်ဆုံးတွင် သူတို့ရဲ့ဥက္ကဌက ရပ်သွားရုံသာမကဘဲ ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးဆီ ပြန်လှည့်သွားခဲ့သည်။

 

 

 ဒီမြင်ကွင်းက အမှုဆောင် စီနီယာတွေကို အံ့အားသင့်သွားစေခဲ့သည်။ ချန်ရှု့မှာ ရည်းစားရှိလား၊ မရှိဘူးလားဆိုတဲ့ ထင်မြင်ချင်တွေ သူတို့မှာရှိသွားခဲ့ကြသည်။ ထိုအမျိုးသမီးက ဘယ်သူလဲ

 

 

သူမက သူ့ရဲ့နာမည်ကို ခေါ်လိုက်တာသူတို့ရဲ့ဆက်ဆံရေးက ရိုးရှင်းမှာမဟုတ်ပဘူး ........”

 

 

သူဌေးက ဘာမှမပြောသေးပါဘူး။ ဒါကြောင့် မယဥ်ကျေးတဲ့ မှန်းဆချက်တွေ မလုပ်သင့်ဘူး

 

 

အာ ...အဲ့တာက ယဲ့ဆွေမဟုတ်ဘူးလား? ချန်းယင် အသေးစားလေးလေ

 

 

“….....”

 

 

 သူတို့သူဌေးက သူတို့ကိုနောက်ပြန် လှည့်ကြည့်လိုက်တော့ စကားပြောတာရပ်သွားခဲ့သည်။ သူတို့ရဲ့အရည်အချင်းက ပြည့်မီပြီး ထိုကဲ့သို့သော အရည်ရွှမ်းတဲ့အတင်းအဖျင်းနှင့်အတူ ဖြစ်နေရင်တောင်မှ သူတို့ကချန်ရှုကို အမှားမလုပ်ရဲကြဘူး။

 

 

ယဲ့ဆွေရဲ့အာရုံစိုက်မှုက ပကတိသုညကို ရောက်နေတော့ ဘာတွေဖြစ်နေတယ်ဆိုတာ လုံးဝဂရုမစိုက်နိုင်ဘူး။  သူမရဲ့တစ်ခုတည်းသော အာရုံစိုက်မှုမှာ သူမကိုယန်ဓာတ် အားသွင်းပေးမယ့်သူ ချန်ရှု့ကိုသာဖြစ်သည်။ အဲ့ဒီတုန်းက ကမ္ဘာကြီးတစ်ခုလုံးက သူမကိုတည်ရှိစေခဲ့ပြီး ခင်ပွန်းဖြစ်သူသာအရေးပါသည်။ သူက သူမနားကိုရောက်လာတော့ ယဲ့ဆွေရဲ့ခန္ဓာကိုယ်က ပြန်လည်နွေးလာခဲ့သည်။ သူမမျက်လုံးများပင် ထိုအချိန်တွင် ပြုံးနေခဲ့သည်။

 

 

 “ တစ်ယောက်ယောက်ကိုရှာဖို့ ကျွန်မကဒီမှာရောက်နေတာ။ ရှင်ကရော?”

 

 

ချန်ရှု့က အဖြေမပေးခဲ့ဘဲ လမ်းတစ်လျှောက်ရှိ ဈေးအလွန်ကြီးတဲ့ ဂျပန်စတိုးကိုသာ ညွှန်ပြခဲ့သည်။  “ဒီစတိုးဆိုင်က အရမ်းကျော်ကြားတယ်။ မင်းအဲဒီကိုသွားချင်လား?”

 

 

သူမမှာ အကြောင်းပြချက်မရှိတဲ့အတွက် ခေါင်းညိတ်လိုက်သည်။  “ အင်းဘာကြောင့်သူဒီမှာရှိနေတာလဲဆိုတာကို သူ မပြောချင်ဘူးဆိုရင် သူမကလည်းစပ်စုနေမှာမဟုတ်ဘူး။ သူမက ချန်ရှု့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စများတွင် ၀င်ရောက်စွက်ဖက်ခြင်းမရှိပေ။

 

 

 သူတို့ရဲ့ပုံစံကို ဟွာရွေ့ အမှုဆောင်အရာရှိများက မကြည့်တော့ပါ။  ဝေရှီ အုပ်စုရဲ့ အဆောက်အအုံရှေ့တွင် ရုတ်တရက်ဆိုသလို အနက်ရောင်ကားတစ်စီးရပ်လာသည်။ တံခါးကပွင့်သွားပြီး ဖိန်နင်က ကားထဲမှထွက်လာသည်။  ချန်ရှု့ကဒီမှာရှိတာကိုသိပြီး ချက်ချင်းလာခဲ့ပေမယ့် နည်းနည်းနောက်ကျသွားခဲ့သည်။

 

 

 ဖိန်နင်က သူမရဲ့ စျေးကြီးတဲ့ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ဝမ်ချွမ်းဆီကို ဦးတည်ခဲ့သည်။ သူမက သူ့ဖုန်းကိုပြန်ပေးလိုက်ပြီး သူ့အားသဘောရိုးလို့ထင်ရတဲ့ မေးခွန်းကိုမေးလိုက်သည်။ဥက္ကဌချန် ဒီနေရာမှာရောက်နေတယ်ဆိုတာကို ကြားခဲ့တယ်။ အဲဒါအမှန်ပဲလား?”

 

 

အကြီးတန်း အမှုဆောင်အရာရှိ တစ်ဝက်ကျော်က သူမရဲ့လုပ်ရပ်များကို တွေ့မြင်ခဲ့ရသည်။  သူမဘာကြောင့်ဒီမှာ ရှိနေတယ်ဆိုတာကို သူတို့အားလုံးသိသည်။

 

 

 ဖိန်နင်က လှပနေပြီး သူမရဲ့အလုပ်အကိုင်မှာ ချောချောမွေ့မွေ့ရှိသော်လည်း သူမက သူမထက်အခြားသူကိုကြိုက်ကြောင်းကို မခံရပ်နိုင်ခဲ့ပါ။ ယဲ့ဆွေက သူမနဲ့နှိုင်းယှဉ်ရင် ပိုတောက်ပပြီး ချစ်စရာကောင်းသည်။  သူက ဖိန်နင်ထက် အနှေးနဲ့အမြန်ဆိုသလို လူကြိုက်များလိမ့်မည်။

 

 

သူတို့တွေ့မြင်ခဲ့တဲ့အတိုင်း ယဲ့ဆွေအပေါ်မှာ သူတို့သူဌေးရဲ့သဘောထားက အလွန်ကောင်းသည်။  သူမကသူ့ရဲ့အနာဂတ်ဇနီးလောင်း ဒါမှမဟုတ် သူ့ရဲ့ရည်းစားဖြစ်ရမည်။

 

 

ယဲ့ဆွေနဲ့ ချန်ရှု့တို့မှာ ဆက်ဆံရေးတစ်ခုရှိကြောင်းကို ဝမ်ချွမ်းသိသည်။  ဒါကြောင့် သူကကြင်ကြင်နာနာနဲ့ ရပ်လိုက်ပြီး ချန်ရှု့ တစ်ယောက်ယောက်ကို မျက်စိကျပြီးနေပြီလို့ ဖိန်နင်ကိုဖျောင်းဖျလိုက်သည်။

 

 

 “ကျွန်တော်တို့ရဲ့သူဌေးမှာ သူကြိုက်တဲ့သူတစ်ယောက်ရှိတာကြောင့် မင်းလက်လျှော့လိုက်စေချင်တယ်

 

 

စက္ကန့်အနည်းငယ်အတွင်း ဖိန်နင်က အားတင်းပြုံးပြီး သူမရဲ့နှလုံးသားကို ထိုးနှက်နေတယ်လို့ ခံစားခဲ့ရသည်။ သူမကအဲ့ဒီက ကွက်လပ်မှာရပ်နေသည်။  “ ဖုန်းကဒီမှာပါ၊ ဒါဆိုကျွန်မအရင်သွားလိုက်ပါ့မယ်။

 

 

ဖိန်နင်ရဲ့ကားထွက်သွားတော့ ဝမ်ချွမ်းနဲ့ အခြားလုပ်ဖော်ကိုင်ဖက်များအားလုံး ဖိန်နင်ကသူ့ကိုမယုံဘူးဆိုတာကို တွေ့နိုင်သည်။  သူမကအလွယ်တကူနဲ့ ချန်ရှု့ အပေါ်အရှုံးပေးမှာတော့မဟုတ်ဘူး။

 

 

ချန်ရှု့နဲ့ ယဲ့ဆွေတို့က  ရီလီအို ဂျပန် စားသောက်ဆိုင်ကိုရောက်ရှိနေခဲ့သည်။ စောနေသေးတာကြောင့် စားသောက်ဆိုင်၌ လူအများကြီးမရှိကြပေ။ ချန်ရှု့က ယဲ့ဆွေရဲ့ ပုံရိပ်ကို သတိပြုမိတာကြောင့် သူတို့နှစ်ဦးက သီးသန့်အခန်းထဲသို့ဝင်ကာ မီနူးတွင် ဟင်းပွဲအနည်းငယ်ကို ရွေးချယ်ခဲ့သည်။

 

 

မီနူးကိုကြည့်ရင်း ယဲ့ဆွေက ဒါကသူတို့ရဲ့ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ်ရှိတဲ့ ဒိတ် ဖြစ်တယ်လို့ စဉ်းစားနေသည်။ အဲ့အတောအတွင်းမှာပဲ၊ ချန်ရှု့ကလည်း ဒါကသူတို့လက်ထပ်ပြီးတော့ ပထမဆုံးအကြိမ် စားသောက်ဖို့ ထွက်လာခဲ့တာဖြစ်တယ်လို့ စဉ်းစားနေခဲ့သည်။

 

 

 ချန်ရှု့ရဲ့အိတ်ကပ်ကိုတော့ မတင်နိုင်ပါဘူးလို့ ယဲ့ဆွေခန့်မှန်းခဲ့တဲ့အတွက်ကြောင့် ဆူရှီကိုမှာဖို့ရွေးလိုက်သည်။ သူမနည်းနည်းလေးမှာနေတာကို သူတွေ့လိုက်တဲ့အခါမင်းမဆာဘူးလား?” လို့မေးလိုက်သည်။

 

 

ယဲ့ဆွေကယဉ်ကျေးစွာနဲ့ ဆင်ခြေပေးခဲ့သည်။  “ကျွန်မအရမ်းအများကြီး မစားနိုင်ဘူး

 

 

 အကယ်၍ သူမစားတဲ့ဟာဖိုးကို သူမပဲပေးမယ်လို့ ပြောလိုက်ပါက သူမျက်နှာပျက်သွားသလို ချန်ရှု့ခံစားရလိမ့်မည်။  ဒါကြောင့်သူမက ပိုက်ဆံကိုချွေတာဖို့ အနည်းငယ်မှာတာကိုသာလုပ်နိုင်ခဲ့သည်။

 

 

 ဒေါ်လာဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ ချန်ရှု့က သူ့ဇနီးကသူ့အား ချွေတာပြီး ကန့်သတ်ခြစ်ခြုတ်ဖို့ ကြိုးစားနေတယ်ဆိုတာကို မသိခဲ့ပေ။  သူကမီနူးကိုကြည့်လိုက်ပြီး စားပွဲထိုးကို ကျေးဇူးပြုပြီး ထပ်ထည့်ပေးပါ။ ဆာရှီမီ၊ အမဲသားလျှာကင် ဆူရှီ …......”

 

 

ယဲ့ဆွေက ဟင်းလျာတွေ အများကြီး မမှာသင့်ဘူးလို့ ပြောချင်ခဲ့သည်။  သို့တိုင်အောင်  ချန်ရှု့က မီနူးမှဟင်းပွဲများစွာကို မှာယူခဲ့သည်။

 

 

နောက်တစ်ခါကျရင် သူမက ချန်ရှု့ကို ညစာစားဖို့ ဖိတ်ကြားမယ်လို့ သူမကဆုံးဖြတ်ခဲ့သည်။ ဒီနေ့သူ့ရဲ့ဘာမှမရှိတဲ့ ခေါက်ပိုက်ဆံအိတ်အတွက် အစားထိုးစားသောက်ဖို့ အကောင်းဆုံးစားသောက်ဆိုင်သို့ သူမခေါ်ဆောင်သွားရမည်။

 

 

သူတို့နှစ်ယောက်စလုံးမှာ သူတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေရှိပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အတွေးတွေကို မသိခဲ့ကြဘူး။ ခဏကြာတော့ သူတို့ရဲ့ဟင်းလျာတွေ ရောက်လာပြီး သူတို့စတင်ပြီး စားလိုက်ကြသည်။

 

 

 စားသောက်နေစဉ်မှာဘဲ ယဲ့ဆွေက  စကားသံကိုကြားလိုက်ရသည်။   “ဒီ မွှေးကြိုင်ပြီးကောင်းမွန်တဲ့အနံ့အသက်။  ငါ့လျှာက လျှောကျတော့မှာဘဲ....”

 

 

ယဲ့ဆွေချက်ချင်း နိုးထလာပြီး သူမရဲ့လုပ်ရပ်တွေကို ရပ်တန့်လိုက်သည်။  ဒီအသံက ဘယ်ကနေလာတာလဲ?

 

 

ယဲ့ဆွေ အခန်းထောင့်ကိုကြည့်လိုက်တော့ ကြက်သေသေသွားခဲ့သည်။  သေချာတာပေါ့၊ ထောင့်နားမှာ အနက်ရောင်အရိပ်တစ်ခုရှိနေပြီး ရှည်လျားတဲ့လျှာက ဆာလောင်နေသလို အောက်ကိုတွဲကျနေသည်။

 

 

အစားကြီးတဲ့သရဲက မွှေးကြိုင်တဲ့အစားအစာကို အနံခံနေပြီးသူ့ရဲ့မျက်လုံးတွေက စားပွဲပေါ်ရှိပန်းကန်များမှ မခွာနိုင်တော့ပေ။  သူကအပြည့်အဝအာရုံစိုက်ပြီး မျက်တောင်ခတ်လိုက်သည်။

 

 

ယဲ့ဆွေက သူမခေါင်းကို သူတို့ရဲ့ညစာထဲတွင် မြှုပ်နှံထားလိုက်ပြီး သူမ မကြည့်ရဲဘူး။  သူမစိတ်ထိခိုက်တယ်သူမ မကြည့်ချင်ဘူး။ ပြီးတော့ ယူကျုံးမရလဲမဖြစ်ချင်ဘူး! ဒီသရဲကလည်း ဒီအချိန်ကျမှ ဘာဖြစ်လို့ထွက်လာရတာလဲ?

 

 

အစပိုင်းတွင် ဒီအစားကြီးတဲ့သရဲက ယဲ့ဆွေနဲ့ချန်ရှုတို့ အစာစားတာကိုကြည့်ရင်း သူ့ရဲ့မျက်နှာက ပျော်ရွှင်တဲ့အမူအရာရှိနေသည်။ သို့သော်ခဏကြာတော့ သူတို့နဲ့အတူအစားအစာကို မြည်းစမ်းနိုင်ခဲ့ရင်ဆိုပြီး သူ့ရဲ့နဖူးကိုကျုံ့ခဲ့သည်။

 

 

 ယဲ့ဆွေက ဂရုမစိုက်သလို ဟန်ဆောင်ခဲ့သည်။  သူမတည်တည်ငြိမ်ငြိမ်ရှိနေတုန်းပဲ၊ ဟုတ်ပါတယ် စားနေတုန်းမှာတော့ ကြောက်သည်။  အရာအားလုံးက ပြဿနာမရှိဘဲ ဆက်လက်လုပ်ကိုင်ခဲ့သော်လည်း ယဲ့ဆွေက နွားမြှီးဟင်းကိုစားလိုက်တဲ့အခါ ရုတ်တရက်ကြေမွသွားခဲ့သည်။

 

 

 ယဲ့ဆွေက နွားမြှီးဟင်းကိုစားနေစဥ် လီမွန်နဲ့ မတို့ရဲပေ။   အစားကြီးတဲ့သရဲက ယဲ့ဆွေ ဘေးတွင် ရုတ်တရက်ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျယ်လောင်တဲ့အသံဖြင့်ဤသို့ပြောခဲ့သည် -“ ကလေး၊ နွားမြှီးဟင်းကို ခတ်မစားခင် သံပုရာသီးကိုမင်း ဘာလို့မသုတ်တာလဲ? မင်းအစားအစာရဲ့ အနှစ်သာရကို နားလည်ရဲ့လား?”

 

 

သူမ မလိုချင်ခဲ့ပေ။ သို့သော် ဒီအစားကြီးတဲ့သရဲရဲ့လက်က ရုတ်တရက် ထိုနေရာကိုဖြတ်ပြီး သံပုရာသီးကိုရယူဖို့ သူမရဲ့လမ်းကို လုံးဝပိတ်ဆို့လိုက်သည်။  သူမထိုသို့ပြုလုပ်လုပ်ဖို့ သတ္တိမရှိခဲ့ပေ။

 

 

ယဲ့ဆွေရဲ့ သဘောထားကိုကြည့်ပြီး အစားကြီးတဲ့သရဲက စိတ်ကျေနပ်မှုမရှိဘူးခဲ့ဘူး။  သူကဒေါသတကြီးနဲ့ မာန်လိုက်သည်။သံပရာသီး။  အစ်မကြီး၊ နင်က နာခံမှုမရှိဘူးငါ့စကားကို နားထောင်စမ်း!”

 

 

သူကစကားပြောရင်းနဲ့ သူ့ရဲ့လက်ကိုဆန့်ပြီး သံပုရာသီးကိုပေးဖို့ တွန်းလိုက်သည်။ ကြမ်းပြင်ပေါ်သို့တည့်တည့်မကျမှီ ပန်းကန်ထဲမှ စားပွဲအစွန်းသို့ လှိမ့်သွားခဲ့သည်။

 

 

 ဒီသံပုရာသီးက ဘယ်သူမှမထိဘဲ သူ့ဟာသူလှိမ့်လာသည်။ အကယ်၍ အဲ့တာကိုအခြားသူတွေမြင်ခဲ့ရင် သူတို့တကယ်ကြောက်လန့်သွားကြလိမ့်မည်။  ယဲ့ဆွေက ချန်ရှု့ကို ဂရုတစိုက်နဲ့ ကြည့်လိုက်သည်။

 

 

 ကံကောင်းထောက်မစွာနဲ့ ချန်ရှု့က သူ့ရဲ့ခေါင်းကို ငုံ့လိုက်တော့ သံပုရာသီးက ပန်းကန်ထဲကနေ သူ့ဟာသူခုန်ထွက်သွားတဲ့ ထူးခြားတဲ့မြင်ကွင်းကို သူ မတွေ့လိုက်ပေ။ သူမက စိတ်သင်သာရာရပြီး သက်ပြင်းချလိုက်သည်။

 

 

 သို့သော် အစားကြီးတဲ့သရဲရဲ့ မျက်လုံးများက ထမင်းစားစားပွဲပေါ်တွင် ရှိနေဆဲဖြစ်ပြီး ယဲ့ဆွေကို ဆက်လက်ကြည့်ရှုနေဆဲဖြစ်သည်။ သူမက တောင့်တင်းလာပြီး တူကိုမရွှေ့ဘဲနေခဲ့သည်။ သရဲက အဲ့လိုမျိုး သူမကိုကြည့်နေတာတောင် သူမရဲ့အစာစားချင်စိတ်ရှိနေတဲ့ဟာက ထူးဆန်းနေလိမ့်မည်။

 

 

 ယဲ့ဆွေရဲ့ လှုပ်ရှားမှုက နည်းနည်းထူးဆန်းနေတယ်လို့ ချန်ရှု့ခံစားမိလိုက်သည်။ အချိန်အကြာကြီး သူမက သူမရဲ့တူတွေကိုမရွှေ့လာဘူး။ ချန်ရှု့ကမင်းအစာစားချင်စိတ်မရှိဘူးလား?” လို့မေးခဲ့သည်။

 

 

ယဲ့ဆွေဘာပြောနိုင်မှာလဲသူမရဲ့ခေါင်းကို ခက်ခဲစွာဖြင့်ခါလိုက်သည်။ သူမရဲ့တူတွေကို ဆန့်ထုတ်လိုက်ကာ ဆာရှီမီ အချို့ကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထုံထိုင်းစွာနဲ့ထည့်လိုက်သည်။ ယဲ့ဆွေဆက်လက်စားနေတုန်း ဆိုတာကိုမြင်တော့ ချန်ရှု့က သူ့အစားအစာဘက်သို့ ပြန်လှည့်သွားခဲ့သည်။

 

 

 ရလဒ်အနေနှင့် ခဏကြာတိတ်ဆိတ်စွာနေခဲ့တဲ့ အစားကြီးတဲ့သရဲက ထပ်မံစကားပြောခဲ့သည်။

 

 

 “မင်းဘာကြောင့်အဲ့တာကို ဝါဆာဘီမှာမနှစ်ရတာလဲဝါဆာဘီ မပါရင် ဆာရှီမီရဲ့တည်ရှိမှုက ဘာရည်ရွယ်ချက်ရှိတော့မှာလဲ?”

 

 

ငါဗိုက်ဆာနေပြီလို့ အစားကြီးတဲ့သရဲက သူ့ရဲ့ဗိုက်ကိုထိပြီး ပြောခဲ့သည်။

 

 

 ယဲ့ဆွေက သူမရဲ့အခြေအနေကို ငိုချင်ခဲ့သည်။ ဘာကြောင့်သူမက မတရားခံနေရတာလဲငါကသာ နင့်ကိုကျိန်ဆဲတဲ့သူဖြစ်သင့်တာ။

 

 

 အဆိုပါအစားကြီးတဲ့သရဲက နှာမှုတ်လိုက်သည်။  “ငါဂရုမစိုက်ဘူးမိန်းမငယ်လေး မင်းကအရမ်းဆိုးတယ်။  ဒီဝါဆာဘီကို သုံးမှာမဟုတ်ဘူး

 

 

 ဒေါသထွက်နေတဲ့ အစားကြီးတဲ့သရဲက မုန်ညင်းဆော့ပန်းကန်ကို ဘန်းဆိုပြီး တွန်းထုတ်လိုက်တော့ ဝါဆာဘီက စားပွဲပေါ်ကကျသွားသည်။  ယဲ့ဆွေက ဆဲလ်ဖုန်းကိုကြည့်နေတဲ့ ချန်ရှု့ကိုကြည့်လိုက်သည်။ ထိုထူးဆန်းတဲ့မြင်ကွင်းက သူ့မျက်လုံးများကို ကောင်းမွန်စွာရှောင်နိုင်ခဲ့သည်။

 

 

 ချန်ရှု့က ထိုအသံကိုကြားတဲ့အခါ မော့ကြည့်လိုက်တော့  မုန်ညင်းဆော့ကပြုတ်ကျသွားတာကို တွေ့လိုက်ရသည်။  သူကလက်ကိုဆန့်၍ ဂရုမစိုက်ပဲ ဝါဆာဘီ ကိုကောက်ပြီး ယဲ့ဆွေ ရှေ့မှာထားလိုက်သည်။

 

 

ဂရုစိုက်

 

 

 သူ့ရဲ့အေးတိအေးစက်အသံနဲ့ အစားကြီးတဲ့သရဲရဲ့ မကောင်းသောလုပ်ရပ်များကို ယခုအချိန်တွင်ရပ်ဆိုင်းထားနိုင်ခဲ့သည်။

 

 

ယခုအချိန်တွင် အရေးမကြီးတဲ့ ကိစ္စများနှင့်စပ်လျဉ်းပြီး စကားပြောနေခဲ့တဲ့ အစားကြီးတဲ့သရဲက ချန်ရှု့ ရှေ့တွင်စကားလုံးတစ်လုံးမပြောရဲခဲ့ပါ။  ယဲ့ဆွေက အစားကြီးတဲ့သရဲကို ကြည့်ပြီးစကားမပြောခဲ့ဘူး။ ဒါပေမယ့် လက်ဟန်ခြေဟန်နဲ့ လုပ်ပြခဲ့သည်။ကျွန်မနားကနေ ထွက်သွားပေးပါ။ ရွှေ့လို့မရဘူးလား? ရှင်ကစားဖို့ အခြားနေရာတွေကို မသွားနိုင်ဘူးလား?”

 

 

 ချန်ရှု့ ကယဲ့ဆွေ ရဲ့လှုပ်ရှားမှုကိုမြင်ပြီး သူမတစ်ယောက်ယောက်ကို ကြည့်နေတယ်လို့ ထင်လိုက်သည်။ သူကသူ့ခေါင်းကိုစောင်းပြီး ဘေးဘက်ကိုကြည့်လိုက်သည်။

 

 

 ယဲ့ဆွေ မတရားခံနေရတာ မဟုတ်ဘူး။ ချန်ရှု့က သူမရဲ့အကြည့်အတိုင်း လိုက်ကြည့်လိုက်တဲ့အခါ အစားကြီးတဲ့သရဲကလည်းပဲ သူ့ရဲ့ခေါင်းကိုရည်မွန်တဲ့ ဟန်ပန်နဲ့ ပြည့်လှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင် တံတွေးကပေ ၃၀၀၀ အထိစီးနေဆဲဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ သူဟာ ကောင်းကင်ကိုကြည့်သလို ဟန်ဆောင်ခဲ့သည်။

 

 

 ထင်ရှားတာက သူက ချန်ရှု့ကို အနည်းငယ်ကြောက်ရွံ့ခဲ့သည်။

 

 

 ဒီအချိန်တွင် အခြားပန်းကန်ကို ဝန်ဆောင်မှုပြုလုပ်ခဲ့သည်။ ဒီစားသောက်ဆိုင်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ပန်းကန်ပါ။ သံသယဖြစ်စရာမရှိဘူး။.ဒီအစားကြိီးတဲ့သရဲဟာ ငန်းအသဲကိုမွှေပြီးချက်ထားတဲ့စားစရာနဲ့ပြည့်နေတဲ့ ထပ်တစ်ရာမုန့်ကြွပ် ကို စူးရှစွာနဲ့ စိတ်၀င်စားနေခဲ့သည်။  သူက ချန်ရှု့ကိုတောင် လှည့်ကြည့်ပြီးပြောလိုက်သည်။  “ဟေ့ ဒီဟင်းက အရသာရှိတယ်

 

 

 သရဲဟာ ငန်းအသဲကို မွှေပြီးချက်ထားတဲ့စားစရာကိုကြည့်နေပြီး သူ့ရဲ့အမူအရာကပြင်းထန်သည်။ သူ အတွေးနက်နေပုံရသည်။  နောက်ဆုံးတော့ သူဆုံးဖြတ်ချက်ချလိုက်သည်။

 

 

 ချန်ရှု့ကိုကြောက်ရွံ့ခြင်းနဲ့ ထူးကဲတဲ့အစားအစာများရဲ့ သွေးဆောင်မှုကြားတွင် အစားကြီးတဲ့သရဲက နောက်ကတစ်ခုကို ရွေးချယ်လိုက်သည်။

 

 

 အစားကြီးတဲ့သရဲက ရုတ်တရက် ပခုံးထဲနစ်ဝင်သွားပြီး မြင်းတစ်ကောင်ရဲ့ အနေအထားသို့ရောက်သွားကာ မေးစေ့ကိုကျုံ့ပြီး ရှူရှိုက်လိုက်သည်။ သိသာထင်ရှားတာက သူကကမ္ဘာမြေကြီးကို တုန်လှုပ်ချောက်ချားဖွယ် လှုပ်ရှားမှုတစ်ခုဖြစ်အောင်စိုက်ထူနေသည်။

 

 

 ယဲ့ဆွေက အစားကြီးတဲ့သရဲရဲ့ လုပ်ရပ်များကိုကြည့်ပြီး ရုတ်တရက်သူ့စိတ်နှလုံးထဲတွင် မကောင်းတဲ့ အကြံအစည်တစ်ခု ပေါ်လာသည်။ နင်ဘာလုပ်နေတာလဲဘာလုပ်မှာလဲ?

 

 

 ဒီအဟင်းလျာများများ၏ရဲ့ရှေ့မှောက်၌ အစားကြီးတဲ့သရဲမှာ ဆက်လက်ရှင်သန်လိုစိတ်က ခိုင်မာတဲ့ပုံလို့မထင်ရဘူး။ သူကသေရမယ့်ချောက်ကမ်းပါးသို့ ခြေလှမ်း လှမ်းလိုက်ပြီဖြစ်သည်။

 

 

 နောက်တစ်စက္ကန့်တွင် အစားကြီးရဲ့သရဲက သူ့ရဲ့လျှာကို ထုတ်လိုက်သည်။ ဒါကအချိန်ကြာမြင့်စွာဆန့်ထုတ်ခြင်းနဲ့ ငန်းအသဲဟင်းရဲ့ ထိပ်ကို ဦးတည်နေတဲ့ပုံလိုမျိုးပဲ။

 

 

အချိန်နဲ့အမြန်နှုန်းက အားကစားသမားတွေလိုတော့ မတိကျဘူး။ ဒါကိုတွေ့မြင်လိုက်ရတဲ့အခါ ငန်းအသဲဟင်း ဖြင့်ထည့်ထားတဲ့ ထပ်တစ်ရာမုန့်ကြွပ် အပိုင်းအစကို ဒီသရဲစားလိမ့်မယ်ဆိုတာက ထင်ရှားနေသည်။

 

 

 ချန်ရှု့က သူ့ရဲ့တူကိုဆန့်ပြီး ငန်းအသဲဟင်းထည့်ထားတဲ့ ထပ်တစ်ရာကို ကောက်ယူခဲ့သည်။  ကံမကောင်းစွာနဲ့ပဲ အဲ့အဖြစ်အပျက်က ဖြစ်သွားခဲ့သည်။ သရဲရဲ့လျှာကလည်း ထပ်တစ်ရာကို တိကျစွာနဲ့ဖမ်းမိခဲ့သည်။