လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၂၂ - လျော်ကြေး
'ဘုရားရေ!
ငါဘာပြောလိုက်တာလဲ? ငါ့ရဲ့ ပါးစပ်ကိုပိတ်ထားသင့်တာ။
ငါ့ရဲ့အဓိပ္ပါယ်မရှိတဲ့ စကားကိုနားထောင်ပြီးတော့ ချန်ရှု့ ဘယ်လိုထင်သွားမလဲ?'
ချန်ရှု့ရဲ့ နှုတ်ခမ်းက အတော်လေးပါးလွန်းသည်။ ဖြစ်နိုင်တာကတော့ သူ မကြာခဏ ရယ်မောခြင်းမပြုခဲ့တာကြောင့် သူရဲ့ မျက်နှာက
အမြဲပင်ခပ်တန်းတန်းဖြစ်နေတာဖြစ်နိုင်သည်။ ဒါပေမယ့် အခု ယဲ့ဆွေရဲ့
စကားကိုကြားလိုက်တော့ ချန်ရှု့က အနည်းငယ်ပြုံးလာသည်။
ယဲ့ဆွေက ထိုရှက်စရာကောင်းတဲ့စကားများကို ပြောဆိုသော်လည်း ချန်ရှု့က သူမကိုထောက်ပြဖို့ မတုံ့ပြန်ခဲ့ပေ။ ဒါကအရေးမပါဘူး။ ပြီးတော့ သူမကစည်းမျဉ်းများကို သေသေချာချာ စဥ်းစားဆင်ခြင်ခြင်းမရှိဘဲ သူမဆန္ဒရှိသလို ဘယ်လိုပြုမူနေပါစေ ဆိုသလိုနီးပါးဖြစ်နေသည်။
ချန်ရှု့က ဒီကိစ္စကိုမဖြေရှင်းနိုင်ဘူးဆိုတာကို သိလိုက်ရတော့ ယဲ့ဆွေ သူမကိုယ်သူမ အေးဆေးငြိမ်သက်သွားစေသည်။
သူတို့ရဲ့အနောက်မှ သရဲကလည်းပျာယာခတ်သွားပြီး စိတ်ရှုပ်ထွေးစွာနဲ့ အော်ဟစ်ခဲ့သည်။
“ နင့်ကိုစကားပြောခွင့်မပေးဘူး။ သူနင့်ဆီလာပြီး လာခေါ်ယုံနဲ့ သူ နင့်ကိုကြိုက်နေတယ်လို့ ထင်မနေနဲ့။ ကိုယ့်ကိုယ်ကို ဂုဏ်ယူမနေနဲ့”
ချန်ရှု့ရဲ့ ယန်ဓာတ်ကြောင့် အချစ်ရူးသရဲက သူနဲ့နီးနီးကပ်ကပ်မနေရဲဘူး။ ဒါကြောင့် သူမက သူတို့အကြား ယိမ်းယိုင်ပြီးသွားလိုက် အကွာအဝေးတချို့ကနေ သွားလိုက်ပဲလုပ်နိုင်သည်။
ယဲ့ဆွေက သရဲနဲ့အရမ်းနီးကပ်နေတာကို မလိုချင်တာကြောင့် ပြတင်းပေါက်နားကို နီးကပ်အောင်ရွှေ့သွားလိုက်သည်။
ကံကောင်းထောက်မစွာ အချစ်ရူးသရဲက သူမ ယဲ့ဆွေကိုစကားပြောလို့မရဘူးလို့ ထင်ခဲ့သည်။ သူမ ကဲ့ရဲ့ရှုတ်ချမှုအပြီးတွင် သူမက ပြန်ကျုံ့လိုက်ပြီး အနောက်ဘက်က ထိုင်ခုံတွင် ပြန်ထိုင်ခဲ့သည်။
ထို့နောက် သူမအသက်ရှင်တဲ့အချိန်တုန်းက သုံးခဲ့တဲ့ အိတ်သေးသေးလေးထဲမှ မိတ်ကပ်ပစ္စည်းများကို စတင်ထုတ်ယူခဲ့သည်။ အဲ့တာကိုကြည့်ရတာ သူမဟာတစ်ချိန်လုံး လှပနေတဲ့အသွင်အပြင်ကို နှစ်သက်ခဲ့ပုံရသည်။
သူမရဲ့ နှုတ်ခမ်းနီကို ကောက်ယူလိုက်ပြီး မှန်ရှေ့တွင် သူမရဲ့မိတ်ကပ်လိမ်းတာကို စတင်လိုက်သည်။
ယဲ့ဆွေ ကြောက်ရွံ့နေသော်လည်း သူမက မမျှော်လင့်ဘဲနဲ့ နောက်ကြည့်မှန်ကို ကြည့်လိုက်သည်။ သူမက မိတ်ကပ်ပြင်ထားတဲ့ သရဲရဲ့ အသွင်အပြင်ကို ကြည့်ကြည့်ချင်သည်။
သရဲက သူမရဲ့နှုတ်ခမ်းလိုင်း နည်းနည်းချင်း အသေးစိတ်ဆွဲကာ အပြီးသတ်တော့မည်ဖြစ်သည်။ ရုတ်တရက် ကားက လမ်းထောင့်ဆီချိုးကွေ့လိုက်သည်။
သူမရဲ့ နှုတ်ခမ်းနီက ချက်ချင်းပဲချော်သွားပြီး အနီရောင်လိုင်းအရှည်ကြီးကို မျက်နှာမှာ ဆွဲမိသွားခဲ့သည်။
အချစ်ရူးသရဲက စကားမပြောနိုင်တော့ပေ။ မှန်မှာရောင်ပြန်ဟပ်နေတဲ့ သူမရဲ့ပုံကို ဂရုတစိုက် စစ်ဆေးပြီး သူမကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်ကို ပြောကြားစဉ် သူမရဲ့မျက်နှာကို ဂွမ်းနှင့် သုတ်ခဲ့သည်။
“ စိတ်မဆိုးဘူး၊ စိတ်မဆိုးဘူး။ ကားမောင်းသမားက အနာဂတ်မှာ ငါ့ရဲ့ယောကျ်ားဖြစ်လာမယ့်သူပဲ ”
ယဲ့ဆွေ ဒီဝါကျကိုကြားလိုက်တဲ့အခါ သူမရှင်းမပြနိုင်လောက်အောင် စိတ်မကောင်းဖြစ်သွားသည်။ ချန်ရှု့ကသူမရဲ့ယောကျ်ားဖြစ်ပြီးပြီ။ အခြားသူတွေ လိုချင်လို့မရဘူး။
ယဲ့ဆွေ မကောင်းတဲ့ စိတ်ဝင်နေချိန်မှာ နှုတ်ခမ်းတွေကိုတွန့်လိုက်သည်။
အချစ်ရူးသရဲကို ကြည့်လိုက်တော့ မတော်တဆခြစ်မိသွားတဲ့ သူမရဲ့ နှုတ်ခမ်းနီကို ပြုပြင်ပြီးသွားကယ အခုတော့ အိုင်းလိုင်နာကိုဆွဲနေခဲ့သည်။
အိုင်းလိုင်နာဆွဲပြီးခါနီးတွင် ကားက ရုတ်တရက်ရပ်တန့်သွားသည်။
“ အိုး၊ ငါ့မျက်လုံး!
ငါကလှပနေတုန်းပဲ ပြီးတော့ သည်းခံဖို့လိုအပ်နေတယ်” အဆိုပါ အိုင်းလိုင်နာ ဆွဲတံက သရဲရဲ့ မျက်လုံးကို ထိုးမိသွားပြီး အိုင်းလိုင်နာ ဆွဲတာလည်း မအောင်မြင်ခဲ့ပေ။
အစပိုင်းတွင် ဆိုးရွားလှတဲ့ စိတ်အခြေအနေရှိသူ ယဲ့ဆွေက ချက်ချင်းပင် ရွှင်မြူးခဲ့သည်။
သူမက ပြတင်းပေါက်မှ ပျံ့လွင့်နေတဲ့ ရှုခင်းကိုကြည့်ပြီး သူ့ရဲ့နှုတ်ခမ်းများကကော့တက်နေကာ ကျေနပ်ရောင့်ရဲနေသည်။
အကယ်၍ ချန်ရှု့က ဤသရဲများကို မမြင်နိုင်ကြောင်းကိုသိထားတာ
မဟုတ်ပါက သူတမင်တကာလုပ်နေခြင်းဖြစ်တယ်လို့ ယဲ့ဆွေ ထင်မိလိမ့်မည်။ အခုတော့ ခင်ပွန်းဖြစ်သူကို မှားယွင်းစွာပြောဆိုဖို့ သရဲကိုဘယ်သူက ခွင့်ပြုခဲ့တာလဲ?
လမ်းပေါ်မှာ အချိုးအကွေ့များအပြီးတွင်
နောက်ဆုံး၌ ယဲ့ဆွေတို့ အိမ်သို့ပြန်ရောက်လာခဲ့သည်။
သရဲက သူတို့နဲ့အမီလိုက်နေဟန်မတူပေ။ ဒါမှဟုတ် သူမ မလိုက်ရဲတာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ယဲ့ဆွေ သက်သာရာရခဲ့ပြီး ချန်ရှု့နဲ့အတူ ဓာတ်လှေကားထဲ ဝင်ခဲ့သည်။ ဓာတ်လှေကားက တစ်ထပ်ပြီးတစ်ထပ် တက်သွားသော်လည်း အထပ်အနည်းငယ်တက်ပြီးတော့ ဓာတ်လှေကားက အကြိမ်အနည်းငယ်လှုပ်ခါကာ ရပ်တန့်သွားသည်။
ဓာတ်လှေကားတံခါးက ဖြည်းဖြည်းချင်းပွင့်လာတော့ ယဲ့ဆွေက ဓာတ်လှေကားရဲ့ခလုတ်ကို ထပ်ခါထပ်ခါနှိပ်နေပေမယ့် မအောင်မြင်ခဲ့ပေ။ သူမအဲ့တာကို ဇွတ်အတင်း
ထပ်ခါထပ်ခါနှိပ်ခဲ့သည်။ ယဲ့ဆွေ ဓာတ်လှေကားနဲ့ အိမ်ကိုပြန်ကိုပြန်မှရမယ် ဘာကြောင့်လဲဆိုတော့ ဓာတ်လှေကားက အကြောင်းပြချက်မရှိဘဲ ပျက်မှာမဟုတ်ဘူးဆိုတာကို သူမသိနေတာကြောင့်ဖြစ်သည်။ အခုဒုက္ခရောက်ရတာက သရဲကြောင့်ဖြစ်ရတယ်ဆိုတာ တစ်ရာရာခိုင်နှုန်း သေချာသည်။
“ လှေ ကားကနေ သွားကြရအောင် ”
ချန်ရှု့က ဓာတ်လှေကားမှာ တစ်ခုခုမှားနေတယ်လို့သာ ထင်ခဲ့သည်။ ပြိုကျခါနီး အစွန်းနားမှာရှိတဲ့ ယဲ့ဆွေကို သူခေါ်လိုက်သည်။
ယဲ့ဆွေ ကြိတ်မှိတ်သည်းခံရင်း ချန်ရှု့နဲ့သာ လိုက်သွားပြီး လှေကားသို့ တက်လိုက်သည်။ ချန်ရှု့ အမြန်လမ်းလျှောက်သွားမှာကို စိုးရိမ်တာကြောင့် အနီးကပ်လိုက်သွားပြီး သူနှင့်အမီလိုက်နိုင်ဖို့ ဆက်လက်ထိန်းထားနိုင်လိမ့်မည်မဟုတ်ပေ။
ထိတ်လန့်တုန်လှုပ်ဖွယ်ရုပ်ရှင်များတွင် လှေကားတက်က
မလွယ်ကူပေ။ ယေဘုယျအားဖြင့် ခေါင်းဆောင်ဖြစ်တဲ့ သရုပ်ဆောင်သူများက လှေကားပေါ်တက်လာတဲ့အခါ မီးပြတ်သွားသည်။
နောက်စက္ကန့်မှာ၊ ယဲ့ဆွေရဲ့ ယူဆချက်က မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
“ဘန်း!”
လှေကားထစ်ထဲမှ မီးတွေက အောက်ထပ်ကနေ စတင်၍ တစ်ဆင့်ချင်းတစ်ဆင့်တက်လာပြီး မီးတွေပြတ်သွားခဲ့သည်။
နောက်ဆုံးတွင် လှေကားတစ်ခုလုံး အမှောင်ထုထဲ ကျရောက်သွားခဲ့သည်။
ယဲ့ဆွေနဲ့ ချန်ရှု့တို့ တစ်ချိန်တည်းမှာ ရပ်တန့်သွားပြီး နောက်ဆုံးခြေလှမ်းရဲ့ အရှေ့တွင်ရပ်နေကြသည်။ ယဲ့ဆွေကတော့ ကြောက်လန့်နေတဲ့အတွက် ဖုန်းကိုထုတ်ပြီး မီးကိုဖွင့်ဖို့ အဆင်သင့်ဖြစ်နေပြီ။
ရုပ်ရှင်များအရ သူမ မီး ဖွင့်လိုက်တဲ့အခါ အဖြူရောင်ဝတ်စုံ ဝတ်ထားတဲ့သရဲမရဲ့ နက်မှောင်တဲ့ဆံပင်က သူမရဲ့မျက်နှာကိုဖုံးထားပြီး လှေကားထိပ်ပေါ်တွင် လဲလျောင်းနေသည်။
ယဲ့ဆွေရဲ့ လက်ကတဆတ်ဆတ်တုန်လာပြီး မီးရဲ့ တောက်ပမှုက မငြိမ်မသက်ဖြစ်လာကာ လှေကားထိပ်ရှိအဖြူရောင်ဝတ်စုံဝတ်ထားတဲ့ သရဲမက အလင်းရောင်တွေ ထွက်နေသလိုဖြစ်နေတော့သည်။
ယဲ့ဆွေက အရမ်းကြောက်လန့်လာတော့ ချန်ရှု့ရဲ့ လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။ သူ့ကိုကြည့်မယ့်အစား သူမတို့ကိုကြောက်လန့်အောင်လုပ်မယ့် အချစ်ရူးသရဲကို သူမကြည့်နေမိသည်။
အချစ်ရူးသရဲနဲ့ ယဲ့ဆွေတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြသည်။
သူမကားထဲတွင်ရှိနေစဉ် အချိန်ကြာမြင့်စွာ သူမကိုငေးကြည့်နေခဲ့တဲ့ ယဲ့ဆွေက သူမမြင်နိုင်တယ်ဆိုတာကို ရှာတွေ့သွားတာကြောင့် ယဲ့ဆွေကို ကြောင့်လန့်သွားစေရန်
သူမ ဒီနေရာမှာ စောင့်ဆိုင်းနေခဲ့သည်။
ထိုခဏခြင်းတွင် သရဲက ပထမခြေလှမ်းကို လှမ်းဖို့အဆင်သင့်ဖြစ်ခဲ့သည်။ ယဲ့ဆွေက သူမဆုပ်ကိုင်ထားတဲ့ ချန်ရှု့ ရဲ့အင်္ကျီလက်ကို မြန်မြန်ဆန်ဆန် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပေမယ့် သူမရဲ့လက်တွေက အားနည်းသွားပြီး သူ့လက်ကိုမဖမ်းနိုင်တော့ဘူး။
ယဲ့ဆွေက တုန်လှုပ်ချောက်ချားနေတဲ့အသံဖြင့် သူမရဲ့စကားတွေကို နားမလည်နိုင်လောက်အောင် ပြောလိုက်သည်။ “ယောက်.....ယောကျ်ား” ယဲ့ဆွေက မခေါ် ချင်ပါဘူး။ ဒါပေမယ့် သူမ မတော်တဆနဲ့ ကျမ်းစာရွတ်သလို ခေါ်မိသွားတာဖြစ်သည်။
အမှောင်ထဲမှာ ချန်ရှု့ရဲ့ အနည်းငယ် ရယ်မောနေသံကို ယဲ့ဆွေ ကြားလိုက်ပုံရသည်။ သူမရဲ့ ကြောက်မက်ဖွယ်ကောင်းသောအခြေအနေတွင် ယဲ့ဆွေကို ထိုကဲ့သို့သော သိမ်မွေ့တဲ့အသံက အမိအရ ဆွဲဆောင်သွားခဲ့သည်။မိန်းမောတွေဝေနေပြီး သူရဲ့မျက်လုံးတွေထဲကို သူမကြည့်လိုက်မိသည်။
ချန်ရှု့ရဲ့ မျက်လုံးတွေက အလွန်အမင်း အာရုံစူးစိုက်ထားသည်။ မှေးမှိန်နေတဲ့အလင်း၌ပင် အကြမ်းဖျင်းဖော်ပြချက်က အလွန်ရှင်းလင်းသည်။ သူ့ရဲ့ပါးစပ်ထောင့်က အနည်းငယ်ကော့တက် ယနေသည်။
“မင်းဘာကြောင့် အရမ်းကြောက်နေတာလဲ? မင်းကို ကိုင်ထားပေးစေချင်တာလား? ”
ချန်ရှု့ ရုတ်တရက် ရွှေ့လာပြီး သူ့ရဲ့လက်ကို ယဲ့ဆွေရဲ့အရှေ့တွင့် ဆန့်ထုတ်လိုက်သည်။ ဒါကသူမကို သူကိုင်ဆောင်ပြီးခေါ်သွားဖို့ အစပြုခဲ့ကြောင်း သိသာစေသည်။
ယဲ့ဆွေရဲ့နှလုံးသားမှာ ကျယ်လောင်စွာ ခုန်ပေါက်နေတာက အခုတော့ တိတ်ဆိတ်ငြိမ်သက်လာသည်။
သို့သော် သူမရဲ့နှလုံးခုန်နှုန်းမှာ ထုံးစံအတိုင်းဖြစ်အောင် စက္ကန့်အနည်းငယ်မျှသာကြာခဲ့သည်။
သူ့မျက်လုံးများကိုကြည့်ရင်းနဲ့ သူမနှလုံးက ပိုပြီး မြန်မြန်ဆန်ဆန် ခုန်လာခဲ့သည်။
သူမရဲ့လက်ကို သူလက်ပေါ်မတင်ခင်မှာ သရဲက သူမအပေါ်အာရုံစူးစိုက်နေတာကို ယဲ့ဆွေ သတိပြုမိသွားတာကြောင့် သူမရပ်တန့်လိုက်သည်။ သူမရဲ့ ရှည်လျားနက်မှောင်တဲ့ဆံပင်တွေက ကြမ်းပြင်ပေါ်မှာ ပျံ့နှံ့နေပြီး အဲ့အပေါ်ကို တက်နင်းသွားလိုက်သည်။
“အား!”
သရဲက အော်ဟစ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူမကလှေကားကနေသွားခဲ့ လှိမ့်ဆင်းသွားခဲ့သည်။
ဓာတ်လှေကားကို တမင်တကာရပ်တန့်ပြီး ယဲ့ဆွေကိုခြောက်ဖို့ လှေကားထစ်တွင် မိနစ်အနည်းငယ်စောင့်ခဲ့သည်။
သို့သော် တစ်စက္ကန့်အတွင်းမှာ သူမကျရှုံးသွားပြီး ယဲ့ဆွေခြေထောက်ဆီ လှိမ့်ဆင်းသွားခဲ့သည်။
ယဲ့ဆွေက ရုတ်တရက်ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေကြောင့် အံ့သြသွားသည်။
သူမ မူလကဆန့်ထားတဲ့လက်ကို လေထဲတွင်ဆိုင်းငံ့ခဲ့ပြီး ချန်ရှု့ရဲ့လက်နဲ့ လက်မအနည်းငယ်သာကွာဝေးသည်။
သရဲ ကြမ်းပြင်ပေါ်ကနေ မထနိုင်ခင်မှာ ချန်ရှု့ကသူ့လက်ကိုမြှောက်ပြီး ပိန်သွယ်ပြီး နွေးထွေးတဲ့လက်ချောင်းတွေက ယဲ့ဆွေ ရဲ့လက်ချောင်းတွေကို ဖြတ်သန်းသွားခဲ့သည်။
ဒါက သူတို့ပထမဆုံးအကြိမ် ဣန္ဒြေမပျက် သတိရှိရှိဖြင့်လက်ကိုင်ထားခြင်းဖြစ်သည်။
ဒီအချိန်မှာ ချန်ရှု့က ယဲ့ဆွေရဲ့ လက်ကိုကိုင်ထားခြင်းဖြစ်သည်။ ခြေထောက်ပေါ်မှာရှိတဲ့ အရိပ်ကပျောက်ကွယ်သွားပြီး အပြင်ဘက်မှ လရဲ့အလင်းရောင်ကပျံ့လွှင့်လာတာနဲ့အမျှ ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။
ယဲ့ဆွေ အရမ်းကြောက်လွန်းနေတာကြောင့် လက်ဖဝါးမှာ ချွေးတွေထွက်နေတာကို ချန်ရှု့ တွေ့ရှိသွားခဲ့သည်။သူယဲ့ဆွေရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကိုအရှေ့သို့ လျှောက်လှမ်းနိုင်ဖို့ ဦးဆောင်ခေါ်သွားလိုက်သည်။
အမှောင်ထဲမှာ လူတွေရဲ့စိုးရိမ်မှုတွေက အကြိမ်ပေါင်းများစွာ မြင့်တက်လာလိမ့်မည်။ မူလကတည်းက သူမ မမြင်သင့်တာကို ယဲ့ဆွေက ထူးဆန်းတဲ့အရာကိုမြင်နိုင်တာကို မဖော်ပြတော့ပေ။
ချန်ရှု့က ယဲ့ဆွေရဲ့လက်ကိုကိုင်လိုက်တဲ့အခါ သူမအနားကပ်ပြီး ရပ်လိုက်သည်။ သူတို့ရဲ့ပခုံးကို အချင်းချင်းထိခဲ့ကြသည်။ ချန်ရှု့ရဲ့လက်က အပူချိန်ကို ပိုင်ဆိုင်ထားတယ်လို့ သူမ ခံစားလိုက်ရသည်။
ယဲ့ဆွေ လုံးဝမကြောက်တော့ဘူး။
ချန်ရှု့က ယဲ့ဆွေရဲ့ လက်ကိုကိုင်ထားတော့ အချစ်ရူးသရဲရ ပျောက်ကွယ်သွားခဲ့ပြီး သူမရဲ့ကြောက်ရွံ့မှုကလည်း ပျောက်ကွယ်သွားသော်လည်း ချန်ရှု့အားစကားလုံးတစ်လုံးမျှမပြောဘဲ သူ့ရဲ့လက်ကိုလည်းလျှော့ချလိုက်သည်။
လှေကားခွင်က တိတ်ဆိတ်စွာရှိနေသည်။
ချန်ရှု့နဲ့ ယဲ့ဆွေတို့ရဲ့ ရှုပ်ထွေးသော အသက်ရှူသံနှင့် သူတို့ရဲ့ခြေသံတွေကိုသာ ကြားနိုင်သည်။
ချန်ရှု့က ယဲ့ဆွေရဲ့ လက်ကို သူတို့အိမ်ပြန်ရောက်တဲ့အထိ ကိုင်ထားခဲ့သည်။ သွားနေစဉ်တွင် ယဲ့ဆွေက“ ကျေးဇူးတင်ပါတယ်” လို့ မထင်မှတ်ဘဲ ပြောခဲ့သည်။
ထို့နောက် ယဲ့ဆွေက သူမရဲ့အခန်းသို့ ချက်ချင်းပြေးသွားခဲ့သည်။
သူမအိပ်ရာပေါ်မှာ လှဲချလိုက်ပြီး အိပ်ဖို့အဆင်သင့်ဖြစ်နေပေမယ့် သူမ မသိစိတ်က လက်ကိုထုတ်ပြီး ချန်ရှု့ရဲ့လက်က သူမလက်ထက်အများကြီး ပိုကြီးပုံရတယ်လို့တွေးကာ သူမရဲ့လက်ကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။
****
ယခင်တုန်းက ယဲ့ဆွေ ချန်ရှု့ရဲ့ ပန်းအိုးကိုကွဲသွားအောင်လုပ်မိခဲ့ပြီး သူမပိုက်ဆံရတဲ့အခါကျရင် ချန်ရှု့အားပန်းအိုး၈အိုး၊၁၀အိုး ပြန်လျော်ပေးမယ်လို့ ကတိပေးခဲ့သည်။
ယဲ့ဆွေက ကုန်တိုက်ကိုမသွားခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာရှိတဲ့ ပန်းအိုးတွေက ဈေးကြီးသည်။ ပြီးတော့ ချန်ရှု့ရဲ့ပန်းအိုးကလည်း အနည်းငယ်ခေတ်နောက်ကျနေပြီ။
သူမက ရှေးဟောင်းစျေးကွက်တွင် သူမရဲ့ကံကောင်းမှုကို ကြိုးစားခဲ့သည်။
သူမကြောင့်ကွဲသွားတဲ့ ပန်းအိုးက ဈေးကြီးတယ်ဆိုတာ သူမ မသိခဲ့ပေ။
ချန်ရှု့က အဲ့ပန်းအိုးကို ကြိုက်နှစ်သက်တာကြောင့်သာ ဝယ်ယူခဲ့တယ်လို့ သူမယုံကြည်ထားသည်။
ရိုက်ကူးရေးပြီးတဲ့ နောက်ဆုံးနေ့တွင် ယဲ့ဆွေက သူမရဲ့ရိုက်ကူးရေးမှ ငွေကိုလက်ခံရရှိခဲ့ပြီး ရှေးဟောင်းစျေးကွက်သို့ သွားခဲ့သည်။
သူမရှေးဟောင်းစျေးကွက်သို့ ရောက်ခါစတွင် ဆိုင်ပိုင်ရှင်တစ်ဦးမှ တားဆီးခဲ့သည်။
ဈေးဆိုင်ပိုင်ရှင်က အသက်ကြီးနေပြီး ဘယ်အနုပညာရှင်တွေကိုမှလည်း မသိပေ။
ယဲ့ဆွေက လှပပြီး ငယ်ရွယ်သည်။ အကြည့်တစ်ချက်မှာ သူမကျွမ်းကျင်သူ မဟုတ်ကြောင်းကို သူသိလိုက်သည်။
ဒီလိုလူစားမျိုးက လှည့်စားဖို့ အကောင်းဆုံးဖြစ်သည်။ဒါကြောင့်ဈေးဆိုင်ပိုင်ရှင်က ယဲ့ဆွေ ပေါ်လာတာနဲ့တပြိုင်နက် ပစ်မှတ်ထားခဲ့သည်။
ဈေးဆိုင်ပိုင်ရှင်က အရမ်းစိတ်အားထက်သန်သည်။
“ ရှေးဟောင်းပစ္စည်းတွေ လာဝယ်တာလား?
လူအတော်များများက ဒီကနေဝယ်သွားကြတယ်။ ဒီဆိုင်မှာရှိတဲ့ ကုန်ပစ္စည်းက စစ်မှန်တယ်လို့ ပြောကြတယ်”
ယဲ့ဆွေက သူ့ရဲ့စကားတွေကို ပင်ကိုအားဖြင့် မယုံကြည်ပေ။
သူမကလက်ကို ဝှေ့ယမ်းပြီး အခြားနေရာများကို ကြည့်ရှုဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။
သူမပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် သူ့အနားမှာ နှစ်လိုဖွယ်ကောင်းတဲ့အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
“မိန်းကလေး၊ ဒီမှာ ရှေးဟောင်းပစ္စည်းတွေ လာကြည့်တာလား?”
ယဲ့ဆွေက အဲ့တာက သူတို့ရဲ့ကုန်ပစ္စည်းများကို ရောင်းချင်နေကြတယ်လို့ထင်လိုက်သည်။
သူမက “ဟုတ်ကဲ့” လို့ မသိမသာပြောလိုက်ပေမယ့် သူမအနားမှာရှိတဲ့ မြင်ကွင်းကိုတွေ့တော့ ပန်းအိုးကို မြေပြင်ပေါ် ပစ်ချလုနီးပါးဖြစ်သွားခဲ့သည်။
သူမဘေးတွင် ရပ်နေတဲ့သူက ကျုန်းရှန်း အဝတ်အစားဝတ်ထားပြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့လူကြီး တစ်ယောက်ဖြစ်သည်။ ဒါကအတော်အတန် ဖြစ်လေ့ဖြစ်ထရှိသော်လည်း သူရဲ့လက်တစ်ဖက်နဲ့
ခြေထောက်တစ်ဖက်က ကျိုးနေပြီး သွေးတွေစီးကျနေသည်။
‘ ဒီ ဒီ ဒီ ဒီ ဒီစကားပြောတဲ့သူက လူမဟုတ်ဘူး။ သရဲပဲ! ’
ယဲ့ဆွေနဲ့ သရဲအိုကြီးတို့က တစ်ယောက်ကို တစ်ယောက် စက္ကန့်အနည်းငယ်လောက် ကြည့်ရှုခဲ့ကြသည်။
သူမကြက်သေသေသွားသော်လည်း သူ့ကိုမမြင်ခဲ့သလို ဟန်ဆောင်နေဆဲပဲ။ သူမ အနည်းငယ် ခိုက်ခိုက်တုန်နေစဥ် သူမရဲ့အဝတ်ကို ဆုပ်ကိုင်လိုက်ကာ “ ဒီနေ့ဘာကြောင့် နည်းနည်းလေး
အေးနေတာလဲ?”လို့ ပြောလိုက်သည်။
သရဲကို ယဲ့ဆွေက အောင်မြင်စွာ လှည့်ဖြားခဲ့သည်။ သူမက သူ့ကိုမြင်နိုင်တယ်ဆိုတာကို သူ မသိခဲ့ပေ။
သို့သော် သရဲအိုကြီးက သူမကိုကြည့်နေပုံရသည်။ ယဲ့ဆွေ ဘယ်ဆိုင်ကိုပဲသွားပါစေ သူကအနောက်က လိုက်လာခဲ့သည်။
ယဲ့ဆွေက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပန်းအိုးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး ငွေပေးချေပြီးနောက် ဆိုင်ထဲကနေ ထွက်လာခဲ့သည်။ သူမအခြားဆိုင်သို့သွားပေမယ့်လည်း သရဲက သူမနောက်သို့လိုက်နေတုန်းပဲ။
ယဲ့ဆွေက ဗြောင်ပန်းအိုးလေးတစ်အိုးကို ၀ယ်လိုက်တဲ့အခါ ရှေးဟောင်းသူရဲက “ မိန်းကလေး၊ မင်းမှာ လှပတဲ့မျက်လုံးတွေ ရှိတာပဲ။ ဘာကြောင့် ဒီလောက်ကြည့်ရဆိုးတဲ့ဟာကို ရွေးချယ်ရတာလဲ? ”
ယဲ့ဆွေ - '. .....နင်ငါ့ကိုချီးမွမ်းနေတာလား ဒါမှမဟုတ် လှောင်ပြောင်နေတာလား? '
ယဲ့ဆွေက အခြားပန်းအိုးတစ်ခုကို ဝယ်လိုက်တော့ ရှေးဟောင်းသရဲက
ပြောလာပြန်သည်။ “မင်းက ပစ္စည်းရွေးတဲ့နေရာမှာ တော်တော်ဗဟုသုတမရှိဘူးပဲ။ ပစ္စည်းအတုကို ဘယ်လိုတောင် ရွေးလိုက်ရတာလဲ?”
ယဲ့ဆွေ - .....
လမ်းတစ်လျှောက်လုံး ရှေးဟောင်းသရဲပြောလာတဲ့ စကားကြောင့် ယဲ့ဆွေနားတွေက ချုံးချုံးကြနေတော့သည်။ သူမဆိုင်မှ ဖြတ်သွားတဲ့အခါ သူမရဲ့လက်ထဲတွင် ပန်းအိုး၃လုံးကိုကိုင်ထားသည်။ ယဲ့ဆွေကိုမတားခင် ဈေးဆိုင်ပိုင်ရှင်က သူမပြန်လာတာကိုမြင်တော့ သူ့မျက်လုံးတွေကတောက်ပနေသည်။
သူက လျှို့ဝှက်စွာ ပြောခဲ့သည် - “ငါဒီပန်းအိုးကို သေချာကိုစစ်ဆေးပြီးပြီလို့ ငါပြောနိုင်တယ်။ အဲ့တာကို အထူးကြည့်ရှုပေးဖို့အတွက် ဆရာကိုဖိတ်ကြားထားတယ်။
ဒီပန်းအိုးကို၀ယ်ပြီးတဲ့အခါမှာ ဘုရားသခင် က မင်းကိုကောင်းချီးပေးလိမ့်မယ်”
ဈေးဆိုင်ပိုင်ရှင်က စကားကောင်းကောင်းပြောပေမယ့် ရှေးဟောင်းသရဲက ဂရုမစိုက်ခဲ့ဘူး။ “ အဲ့တာကို စစ်ဆေးခဲ့တယ်? ဆရာကို မင်းကဖိတ်ခဲ့တာလား?
မင်းသေပြီးတဲ့နောက်မှာ မင်းကိုဘုရားသခင် ကောင်းချီးပေးမှာလား? ”
ဆိုင်ပိုင်ရှင်ရဲ့ စကားကြောင့် ရှေးဟောင်းသရဲက သူ့ကို မထီမဲ့မြင်ပြုခဲ့သည်။
ယဲ့ဆွေက သူတို့ရဲ့အပြုအမူတွေကြောင့် ခေါင်းမူးလာသည်။
သူမလိုချင်တာက အိမ်ပြန်စောစောသွားဖို့ပဲ။
ယဲ့ဆွေက သူ့ကိုမြန်မြန်ကြည့်လိုက်ပြီး များစွာသောပန်းအိုးတွေကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “ဒီပန်းအိုးတွေ ကိုထုပ်ပိုးပေးပါ”
နောက်စက္ကန့်တွင် သူမကစူးစူးဝါးဝါးအော်လုနီးပါးဖြစ်သွားသည်။ “ကျေးဇူးပြုပြီး အဲ့တာတွေကို ဖြစ်နိုင်ရင် အမြန်ဆုံးထုပ်ပေးပါ။ ကျွန်မ ပိုက်ဆံအားလုံးကိုပေးမယ်!”
ဈေးဆိုင်ပိုင်ရှင်ရဲ့မျက်လုံးတွေက တောက်ပနေသည်။ သူကစျေးနှုန်းကို နှစ်ဆတိုးချင်ခဲ့သည်။
သူ့ရဲ့နှလုံးသား၌ အယုံလွယ်တဲ့သူကို ရှာဖွေနိုင်ဖို့က အရမ်းမလွယ်ကူနေဘူး။ တကယ်လို့သူက သူမကို မနှပ်ချခဲ့ရင်
သူ့ကိုယ်သူ မတရားမှု လုပ်နေတာဖြစ်သွားလိမ့်မည့။
သူကလက်ချောင်းတစ်ချောင်းကိုမြှောက်လိုက်ပြီး ဈေးကြီးတဲ့ပုံကို ညွှန်ပြလိုက်သည်။
ရှေးဟောင်းသရဲက မပျော်ရွှင်တော့ပေ။ သူက စျေးဆိုင်ပိုင်ရှင်ရဲ့ ခေါင်းဆီလွင့်မျောသွားလိုက်ပြီး သူ့မုတ်ဆိတ်မွှေးကို မှုတ်လိုက်ကာ သူ့မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။ ထို့နောက်သရဲက သူ့ရဲ့လက်ကိုဆန့်ထုတ်၍ ဈေးဆိုင်ပိုင်ရှင်ရဲ့ နဖူးကိုရိုက်ပစ်လိုက်သည်။
“ဒါကအတုကြီး ဒါပေမဲ့မင်းကအဲ့တာကို ဈေးကြီးကြီးနဲ့ ရောင်းနေတုန်းပဲ။
မလိမ်နဲ့တော့၊ မလိမ်နဲ့ ”
ရိုက်ခံရတာကို မမြင်ရသော်လည်း ပိုင်ရှင်ဖြစ်သူရဲ့ အရေပြားက နာနေဆဲဖြစ်သည်။
ပြီးခဲ့တဲ့ညက သူသက်တောင့်သက်သာမရှိဘဲ အိပ်ပျော်သွားပြီး တိုက်မိလိုက်လို့ပဲဖြစ်မယ်လို့ သူထင်ခဲ့သည်။ သူ့ခေါင်းကိုခါလိုက်ပြီး ဆက်ပြောချင်နေခဲ့သည်။
ပိုင်ရှင်က သူ့မျက်လုံးကို ဖုံးအုပ်လိုက်တဲ့အခါ သရဲကသူ့ရဲ့တင်ပါးကို ကိုင်ပြီး ပိုင်ရှင်ကိုဘေးဘက် တွန်းလိုက်သည်။
သူ့နောက်ကျောက ရုတ်တရက် စင်နဲ့ဆောင့်မိသွားသည်။
ဈေးဆိုင်ပိုင်ရှင်က သူ့ခါးကိုဆုပ်လိုက်ပြီး “အိုး၊ ငါ့ရဲ့ခါး ” လို့အော်ပြောလိုက်သည်။
ရှေးဟောင်းသရဲက သူ့ရဲ့မုတ်ဆိတ်ကို ဂုဏ်ယူစွာနဲ့မှုတ်ပြီး ဘေးနားမှာရပ်နေခဲ့သည်။
ဈေးဆိုင်ပိုင်ရှင်ကို လှည့်စားပြီးသည့်နောက်တွင် သရဲက ယဲ့ဆွေဆီသို့ပြန်သွားခဲ့သည်။ ကြေကွဲစွာနဲ့ သူက “ကလေးမ ရှေးဟောင်းစျေးကွက်တစ်ခုလုံးမှာ ထိပ်ဆုံးကပန်းအိုးတစ်လုံးတည်းကသာ စျေးနှုန်းကြီးတယ်”လို့ ပြောလိုက်သည်။
“မင်းငါ့ကိုယုံကြည်ရမယ်။
ငါဘယ်တော့မှ လိမ်မပြောဘူး”
သူ အများကြီးလုပ်ခဲ့တယ်။ တကယ်တော့ သူက သူမကို ထိုပန်းအိုးကို ဝယ်စေချင်ခဲ့သည်။
ယဲ့ဆွေက ခဏစဉ်းစားပြီး ဦးတည်ချက်တစ်ခုကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “ကျွန်မ ဒီထိပ်ဆုံးကပန်းအိုးကိုကြည့်လို့ရနိုင်မလား?”
ဈေးဆိုင်ပိုင်ရှင်က သူ့ရဲ့နာကျင်မှုဝေဒနာကို ကြံ့ကြံ့ခံပြီး ယဲ့ဆွေ လက်ညှိုးထိုးတဲ့နေရာကို ကြည့်လိုက်သည်။အဲဒါက ဘယ်သူမှမလိုချင်တဲ့ပန်းအိုးပါ။ အဲဒီမှာဖုန်မှုန့်အလွှာလိုက်တွေတောင် ကပ်နေပြီ။
ယဲ့ဆွေ ဒီလောက်အများကြီး ၀ယ်ပြီးသွားပြီဖြစ်တာကြောင့် ကြင်နာတတ်တဲ့ ဈေးဆိုင်ပိုင်ရှင်က သူမကို သတိပေးလိုက်သည်။ “ဒီပန်းအိုးက ဒီနေရာမှာ နှစ်ပေါင်းများစွာရှိနေခဲ့တာ ဘာကြောင့်လဲဆိုတော့ ဒါကအစစ်မဟုတ်ဘူး”
ရှေးဟောင်းသရဲက နောက်တဖန် ဒေါသထွက်လာသည်။
“မင်းဘာသိလို့လဲ? အကြည့်တစ်ချက်မှာ အမှန်တရားကို မင်းပြောပြနိုင်တယ်ပေါ့။ တကယ်လို့ မင်းမှာဝက်ဦးနှောက် တကယ်ရှိလားဆိုတာ မြင်ချင်ရင် ကလေးငယ်အဖြစ် ပြန်ဝင်စားချင်လို့လား?”
ပိုင်ရှင်က သူ့အား သရဲအိုကြီးက ကျိန်ဆဲနေသည်ကိုမသိခဲ့ပေ။
သူက “ဒီထက်ပိုပြီးကောင်းတဲ့ တခြားအရာတွေကို မင်းဝယ်လို့ရပါတယ်”လို့တောင် ပြောနေသည်။
သရဲက ပြောစရာစကားမရှိဖြစ်သွားသည်။ သူကဘေးဘက်ကနေ တိုက်တွန်းခဲ့သည်။ “ မိန်းကလေး၊ ဒီလူက လူမိုက်ပဲ။
သူနဲ့အတူ မိုက်မဲမနေနဲ့။ မင်းအဲ့တာကို ဝယ်သင့်တယ် ! ”
ယဲ့ဆွေဟာ ရှေးဟောင်းသရဲရဲ့အကြံပေးချက်ကို လိုက်နာပြီး“တခြားဟာမလိုချင်ဘူး။ ကျွန်မအဲ့တာကိုပဲ ကြိုက်တယ်”
သူမကို ဆွဲဆောင်ဖို့မတတ်နိုင်တာကြောင့် ဈေးဆိုင်ပိုင်ရှင်က လှေကားပေါ်တက်ပြီး ပန်းအိုးယူလိုက်ကာ ယဲ့ဆွေဆီကို ပေးလိုက်သည်။
ဈေးဆိုင်ပိုင်ရှင်က သူမကို ၅၀% လျှော့စျေးပေးခဲ့သည်။ အဲဒါက ယဲ့ဆွေအလကားရခဲ့သလိုပဲ။
ဈေးဆိုင်ပိုင်ရှင်က သူငွေများစွာရအောင်လုပ်ခဲ့တယ်လို့ ခံစားခဲ့ရသည်။
သရဲကသူ့ရဲ့လက်ကို ဆုပ်ကိုင်ကာ ဆိုင်ပိုင်ရှင်ရဲ့ မိုက်မဲခြင်းကိုပြောင်လှောင်ပြုံးလိုက်သည်။
ယဲ့ဆွေက ပန်းအိုးအစစ်ကို ၀ယ်ရန်ဆုံးဖြတ်ပြီးနောက် ရှေးဟောင်းသရဲက နောက်တဖန်စကားမပြောတော့ပေ။သူမကပိုက်ဆံမပေးမချင်း သူနှုတ်ဆိတ်နေခဲ့သည်။
“မိန်းကလေး၊ ဒီပန်းအိုးကိုသိမ်းထား။ ဒီဟာရဲ့ တန်ဖိုးကအနာဂတ်မှာ ပိုပြီးစျေးမြင့်လာလိမ့်မယ်။”
ဤနည်းအားဖြင့် ယဲ့ဆွေ အစောပိုင်းတုန်းကဝယ်ခဲ့တဲ့ ပန်းအိုး ၉ လုံးက အတုတွေဖြစ်ပေမယ့် သူမကမမျှော်လင့်ဘဲ ပန်းအိုးအစစ်တစ်လုံးကို ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ခဲ့သည်။
ယဲ့ဆွေက ပန်းအိုးကိုယူပြီး အိမ်ပြန်သွားခဲ့သည်။
သူမကထိုအရာကိုငေးကြည့်ရင်း ချန်ရှု့ တစ်ချက်တည်းအကြည့်မှာ အဲ့တာကိုမြင်နိုင်မယ့် နေရာမှာထားရမယ်လို့ သူမတွေးခဲ့သည်။
ညနေပိုင်း ချန်ရှု့အိမ်သို့ပြန်လာချိန်
တံခါးကိုဖွင့်လိုက်တာနဲ့
သူ့ရှေ့ကိုပြေးလာနေတဲ့ ယဲ့ဆွေကို သူတွေ့လိုက်ရသည်။ သူမရဲ့မျက်နှာပေါ်တွင် အပြုံးနဲ့ တောက်ပတဲ့မျက်လုံးတစ်စုံ ရှိနေသည်။
“ပြန်လာပြီပေါ့ ”
သူမက အနည်းငယ် ထူးဆန်းစွာပြုမူနေတယ်လို့ ချန်ရှု့ခံစားလိုက်ရသည်။ သာမန်အချိန်များတွင် သူအိမ်ပြန်ရောက်တဲ့အခါ ယဲ့ဆွေမှာ ထိုသို့သောတုံ့ပြန်မှုမျိုး လုံးဝမရှိခဲ့ပေ။ သူ့ရဲ့ အတွေးများကိုစုဆောင်းပြီး “အင်း ”လို့ ရေရွတ်လိုက်သည်။
ယဲ့ဆွေ - လာကြည့်ပါဦး။
ရှင့်အတွက် တစ်ခုခုလုပ်ထားတယ်။
ချန်ရှု့က တစ်ခုခုကိုမှန်းဆမိပေမယ့် ခြေလှမ်းအကျဲကြီးနဲ့ အရှေ့သို့လှမ်းရင်း သူဘာစကားမှ မပြောခဲ့ပေ။ သူ့မျက်လုံးနဲ့ လှည့်ပတ်ကြည့်ရင်း အရှေ့ဘက်မှာ အခြေချခဲ့သည်။
အနက်ရောင်စားပွဲမှာ ပုံစံအမျိုးမျိုး၊ အရှည်အမျိုးမျိုးနဲ့ ပန်းအိုး၁၀လုံးပြည့်နေသည်။ ချန်ရှု့က သူရှေးဟောင်းဈေးကွက်ကို ဝင်နေရတယ်လို့တောင် ထင်မိလိုက်သည်။
ယဲ့ဆွေက စားပွဲကိုရဲရင့်စွာနဲ့ ခေါက်လိုက်သည်။
“ ကြည့်လိုက်ပါဦး။ ဒီပန်းအိုးတွေက ရှင့်ကိုပေးတဲ့ ကျွန်မရဲ့လက်ဆောင်ပဲ”
သူမ အရှေ့ကဟာတွေကို ကြည့်ပြီးပြောလိုက်သည်။ 'ကြည့်ပါဦး ကျွန်မပေးထားတဲ့ကတိကို တည်လိုက်နိုင်ပြီး
ငါ့ယောက်ျားအတွက် ပန်းအိုးဆယ်လုံးကို ဝယ်လိုက်ပြီ။'
ယဲ့ဆွေက ပန်းအိုးတစ်လုံးချင်းစီကို လက်ညှိုးထိုးပြီး စိတ်ပါလက်ပါနဲ့
'ပုတယ်၊ လုံးဝန်းတယ်၊ ရှည်တယ်၊ သွယ်တယ်၊ ကွန့်လွန်းတယ်၊ ရိုးရှင်းတယ်၊ ကြော့ရှင်းတယ်' ဆိုပြီးပြောနေသည်။
“ရှင် ဘယ်ပန်းအိုးအမျိုးအစားကို ကြိုက်တယ်ဆိုတာ ကျွန်မ မသိဘူး၊ ဒါကြောင့်မို့ တစ်မျိုးစီဝယ်လိုက်တာ။” သူ့အတွက်ရွေးချယ်ဖို့ လက်တွေ့တွင်အရာအားလုံးက ဒီနေရာမှာ ရှိသင့်သည်။
ချန်ရှု့က သူ့ဇနီးလေးရဲ့ အပြစ်ကင်းစင်တဲ့ ရှင်းပြချက်ကိုကြည့်ပြီး သူ့ရဲ့ဘဝက ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းလာတယ်လို့ ရုတ်တရက်ခံစားလိုက်ရသည်။