အပိုင်း ၂၃
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၂၃ - ညဘက်ဒိတ်

 

 

 

စက္ကန့်အနည်းငယ်အကြာတွင် ချန်ရှု့က မတက်နိုင်ဘဲ တုန့်ပြန်မှုအတွက် အနည်းငယ်ရယ်ခဲ့သည်။

 

 

ဟီး ဟီး ”

 

 

တကယ်တော့ ဒီလောက်အများကြီး ဝယ်ဖို့မလိုပါဘူး

 

 

ယဲ့ဆွေက ချက်ချင်းပဲ ခေါင်းကိုခါလိုက်ပြီးကျွန်မက ဘယ်လိုလုပ်ရမှာလဲ? ကျွန်မက ပန်းအိုး ၁၀ လုံး ဒါမှမဟုတ် ဒီထက်ပိုဝယ်ပေးမယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ကျွန်မစဉ်းစားမိလိုက်တာက ပန်းအိုး ၁၀ လုံးက လုံလောက်တယ် ” နောက်ဆုံးတွင် သူမက ချန်ရှု့ရဲ့ ပန်းအိုးကိုမတော်တဆ ခွဲမိလိုက်တာကို နောင်တရခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေကို ဒွိဟဖြစ်နေတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်သည်။  ယဲ့ဆွေရဲ့ အာရုံစူးစိုက်မှုက သူ့ရဲ့တုံ့ပြန်မှုအပေါ် လုံးလုံးအာရုံစိုက်ထားသဖြင့် သူမက ချန်ရှု့ကို အတွင်းသို့ ခေါ်ရန်ပင် မေ့နေခဲ့သည်။  ထိုကဲ့သို့သောဟန်ပန်၌ ကြည့်ရှုဖို့အတွက် ယဲ့ဆွေက ချန်ရှု့ရဲ့လက်မောင်းကို ဆွဲပြီးအထဲသို့ဆွဲခေါ်သွားလိုက်သည်။ “ရှင်အဲ့တာကိုကြိုက်လား? ”

 

 

ချန်ရှု့ အာရုံထွေပြားသွားသည်။ အဝတ်အလွှာတစ်ခုတည်းဖြင့်သာ သီးသန့်ခွဲထား၍ ထိုနူးညံ့သောထိတွေ့မှုက အလွန်သိသိသာသာထင်ရှားခဲ့သည်။  ယဲ့ဆွေရဲ့အသံက ဆက်ပြီးမြည်တွတ်နေပေမဲ့ ချန်ရှု့ ကတော့ပတ်ဝန်းကျင်ကို သတိမမူမိတော့ပေ။

 

 

ယဲ့ဆွေ - “ကျွန်မအချိန်အကြာကြီး ဒီပန်းအိုးအကြောင်း အေးအေးဆေးဆေး စဥ်းစားခဲ့ရတာ......”

 

 

ယဲ့ဆွေ ဆက်ပြောနေတုန်းမှာပဲ သူမကိုယ်တိုင် ချန်ရှု့ရဲ့ လက်ကိုကိုင်ထားတာကို တွေ့ရှိသွားပြီး သူမအံ့သြသွားသည်။  သူမက ချက်ချင်း ပါးစပ်ကိုပိတ်ထားလိုက်ပြီး သူမရှက်ရွံ့စွာ ပြန်ဆုတ်ခွာသွားပြီးနောက် သူ့ရဲ့လက်ကို လျင်မြန်စွာလွှတ်လိုက်သည်။

 

 

နွေးထွေးတဲ့ထိတွေ့မှုက ပျောက်ကွယ်သွားတာကို ချန်ရှု့အာရုံခံစားမိလိုက်သည်။ သူကြည့်လိုက်တော့ ယဲ့ဆွေရဲ့ခေါင်းက အောက်ကိုငုံ့ထားပြီး နားရွက်တွေက နီနေတာကို သူရိပ်ခနဲဖမ်းမိလိုက်သည်။

 

 

ချန်ရှု့ရဲ့ ရှင်းလင်းတဲ့အသံက ယဲ့ဆွေရဲ့ ရှက်ရွံ့မှုကိုသက်သာစေသည်။  “ဆောရီး ကိုယ် အာရုံထွေပြားသွားလို့။ အဲ့တာကို  ပြန်လုပ်လို့ရမလား?”

 

 

အခုပဲ သူမကသူ့ကိုဘယ်လိုဆွဲခဲ့လဲ ဆိုတဲ့အကြောင်းကို သူ ဘာမှမဖော်ပြထားသော်လည်း သူကစကားပြောဖို့ခေါင်းစဉ်တစ်ခုကို ရွေးချယ်ခဲ့သည်။

 

 

ချန်ရှု့ရဲ့မျက်လုံးတွေက နက်မှောင်နေသည်။ စိတ်အေးစေဖို့ အားပေးတဲ့အသံနဲ့အတူ သူက ပြောလိုက်သည်။ “မင်းဆက်ပြောပြအုံးလေ။ကိုယ်နားထောင်နေတယ်

 

 

 ချန်ရှု့က သူမရဲ့လုပ်ဆောင်မှုကို ယခုအချိန်တွင် သတိမထားမိဘူးလို့ ထင်ရသည့်အတွက် ယဲ့ဆွေရဲ့ ရှက်ရွံ့ခြင်းက အတော်လေးလျော့လာသည်။

 

 

အွန်း ”

 

 

ဒီပန်းအိုးမှာ ပုံစံတွေအများကြီးရှိတယ်လို့ ရှင်ထင်လား?”

 

 

ချန်ရှု့က သူ့ရဲ့မျက်လုံးကို အနည်းငယ်မှေးလိုက်ပြီး သူ့ရဲ့​အသံက အဆောတလျင်လဲ မဟုတ်သလို နှေးကွေးခြင်းလည်း မဟုတ်ပေ။ -“ မထင်ပါဘူး၊ ကိုယ်အဲ့တာကို အရမ်းသဘောကျတယ် ယဲ့ဆွေ စိတ်သက်သာရာရသွားခဲ့သည်။

 

 

ယဲ့ဆွေက နောက်ထပ်ပန်းအိုးတစ်လုံးကို ကောက်ယူလိုက်ပြီး အဲ့တာကို သူမရဲ့ဘေးဘက်မှ ကြည့်လိုက်သည်။  သူမက စိတ်ပျက်အားလျော့စွာဖြင့် ပြောလိုက်သည်။ “ ဒီတစ်လုံးက ဘာကြီးလဲဟ? ဒီဟာက ပုပြီး ကြီးတယ်။ သူတို့ကို စတိုးဆိုင်မှာကြည့်တုန်းကကျတော့ အထင်ကြီးစရာကောင်းခဲ့ပေမဲ့ အခုကျတော့ သူတို့ကနည်းနည်းလေးပဲလှတယ်

 

 

  ယဲ့ဆွေရဲ့ မျက်နှာအမူအရာကို ချန်ရှု့ ရိပ်ခနဲ့ ဖမ်းမိလိုက်သည်။ သူ့မျက်လုံးများက အနည်းငယ်လှုပ်ရှားသွားပြီး သူက ပြောလိုက်သည်။ “ ဒါပေမယ့် ဒီတစ်ခုက တော်တော်လေးချစ်စရာကောင်းတယ်လို့ ကိုယ်ထင်မိတယ်

 

 

ယဲ့ဆွေ ပြောတာဘာပဲဖြစ်ဖြစ် ချန်ရှု့က သူမရဲ့စိတ်ကိုဂရုတစိုက်၊ ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ ပြန်ဖြေခဲ့သည်။  ချန်ရှု့က လိုလိုလားလားနားထောင်ပေးနေတဲ့ အချိန်အတွင်းမှာ စကားပြောရတာကို သူမ ကြိုက်သည်။အချိန်ကုန်သွားတာကို ဘယ်သူမှ သတိမပြုမိပေ။

 

 

ညဥ့်နက်ချိန်ဖြစ်၍ အိပ်ဖို့အတွက် သူတို့နှစ်ဦးက သူတို့ရဲ့အခန်းတွေဆီကို ပြန်သွားကြသည်။ အိပ်ရာထဲလဲနေချိန်မှာ ချန်ရှု့က ၁၁ နာရီဝန်းကျင်မှာ အိပ်ပျော်နေသင့်ပြီး သူကိုယ်တိုင် ဒီအချိန်ထက်ပိုနောက်ကျပြီးအိပ်ဖို့ ခွင့်ပြုမှာမဟုတ်ပေ။

 

 

သို့သော် သူဒီနေ့အိပ်မပျော်ခဲ့ပေ။  သူ့စိတ်က ဒီကိစ္စကိုပဲ စဉ်းစားနေသည်။ အထူးသဖြင့် ယဲ့ဆွေက သူ့အတွက်ပန်းအိုးဆယ်လုံး ဝယ်လာပေးခဲ့ပြီးတော့ သူနဲ့ပျော်ရွှင်စွာ စကားပြောခဲ့သည်။ သူ့မျက်လုံးများက ရွှင်လန်းမှုနှင့် ပြည့်နေပုံရသည်။

 

 

တကယ်တော့ အဲဒီကျိုးပဲ့နေတဲ့ ပန်းအိုးက ရှေးဟောင်းပစ္စည်းဖြစ်ပေမယ့် သူဆီမှာ စျေးကြီးတဲ့ပစ္စည်းတွေ များလွန်းတဲ့အတွက် သူသိပ်ဂရုမစိုက်ဘူး။

 

 

တစ်လုံးကွဲသွားရင် သူအလွယ်တကူ ထပ်ရနိုင်သည်။ လေလံပွဲမှာ ချန်ရှု့ကဈေးကြီးတဲ့ရှေးဟောင်းပစ္စည်းတစ်လုံးကိုတွေ့တော့ သူ့စိတ်ထဲမှာ လှိုင်းတွေမရှိနေဘဲ ရေကန်လိုငြိမ်သက်နေခဲ့သည်။

 

 

အခုတော့ ယဲ့ဆွေက သူ့ရဲ့အရှေ့ကို ပန်းအိုးအတုတွေဝယ်ချလာတဲ့အခါ အဲ့တာတွေက ယခင်ကနှင့် နှိုင်းယှဉ်လို့ရလောက်အောင် အဖိုးမထိုက်တန်ပေ။ သို့သော် အဲ့တာက ထူးဆန်းသည်။ အဲ့တာက ပိုပြီးသာယာကြည်နူးစရာကောင်းတယ်လို့ သူမြင်နေရသည်။

 

 

အခန်းထဲမှာအလင်းမရှိ၊ အားလုံးက အမှောင်နဲ့ဖုံးလွှမ်းနေသည်။ ပြတင်းပေါက်ရှိ အပေါက်တစ်ပေါက်မှ လရောင်က၀င်လာသည်။ မှိန်နေတဲ့အလင်းရောင်အောက်တွင် ချန်ရှု့ရဲ့ မျက်လုံးများက  ပြတင်းပေါက်အပြင်ဘက်မှာရှိတဲ့ ကြည်လင်ပြီး ဖြူဖွေးနေတဲ့ လရောင်လိုမျိုး တောက်ပနေသည်။

 

 

ခဏကြာတော့ သူ့ရဲ့နှုတ်ခမ်းတွေကိုကွေးပြီး ပြုံးလိုက်သည်။

 

 

ယဲ့ဆွေက သူမသရုပ်ဆောင်ရမယ့် အပိုင်းကို ပြီးဆုံးခဲ့သည်။  ယအခုတော့ သူမလုံးဝလွတ်လပ်သွားပြီ။  သူမမှာ အပန်းဖြေဖို့ အချိန်အများကြီးရှိခဲ့သည်။ ဒါကြောင့် သူမတစ်နေ့လုံး အိပ်စက်ခဲ့သည်။ သူမနဲ့ ချန်ရှု့တို့ နောက်တစ်နေ့တွင် ညစာစားဖို့ စီစဉ်ထားကြသည်။

 

 

ဘာကြောင့်လဲဆိုတော့ ယဲ့ဆွေရဲ့ လက်ဆောင်တွေကြောင့် ချန်ရှု့က သူမကိုညစာစားဖို့ ဖိတ်ခေါ်ခဲ့သည်။

 

 

မှောင်မိုက်ပြီး လေထန်သောညတွင် ယဲ့ဆွေက maskနဲ့ သူမရဲ့မျက်နှာကို ကွယ်ဖို့ ဦးထုပ်ကိုဆောင်းထားကာ ချန်ရှု့ရဲ့ ကားထဲတွင်ထိုင်နေသည်။ ယဲ့ဆွေမှာ အားလပ်ချိန်တွေများလွန်းလို့ ချန်းရှု့က သူမကို ညစာစားဖို့ဖိတ်မယ်လို့ ကတိပေးခဲ့ပြီး သူမဆီမှာထူးကဲတဲ့ စိတ်အခြေအနေရှိနေခဲ့သည်။

 

 

ယဲ့ဆွေက စတားသေးသေးလေး ဖြစ်ပေမယ့်လည်း သူမရဲ့နောက်ကို ပါပါရာဇီ လိုက်လာလို့မဖြစ်ဘူး။ ချန်ရှု့က သော့ချက်ကျတဲ့သူတစ်ဦးဖြစ်ပြီး သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုကိုမျှ သူမ မလိုချင်ပေ။  သူတို့အပြင်ထွက်တဲ့အခါ သူတို့သတိထားသင့်သည်။

 

 

ချန်ရှု့က ကားပါကင်တွင် ကားကိုရပ်ထားခဲ့သည်။ သူတို့ကားပေါ်က ဆင်းလာတဲ့အခါ ယဲ့ဆွေက သူမရဲ့ ဦးထုပ်ကို အရမ်းအနိမ့်ကြီးဆောင်းပြီး ဦးထုပ်ကလျှာကိုဖိနေတာကို သူတွေ့ခဲ့သည်။ သူမမျက်လုံးက ချန်ရှု့ရဲ့ နောက်မှာသာရှိပြီး အခြားနေရာများသို့ လှည့်လည်ကြည့်ရှုခြင်းမပြုခဲ့ပေ။ သူမရဲ့ပုံစံက

အခြားသူများက အသိအမှတ်မပြုလိုတဲ့အရာကို ဖုံးကွယ်ထားပြီး တစ်ခုခုပေါ်လာမှာ မလိုချင်တဲ့ ပုံလိုမျိုးဖြစ်နေသည်။

 

 

ယဲ့ဆွေ စဉ်းစားနေတဲ့အရာကို ချန်ရှု့ မြင်တွေ့နိုင်သည်။  သူမက အမှောင်ကိုကြောက်သည်။ သူမဘာကြောင့် ဒီလောက်ကြောက်နေရတာလဲလို့ တစ်ခါတလေ သူတကယ်တွေးမိခဲ့သည်။

 

 

ချန်ရှု့က သူ့နှုတ်ခမ်းကိုကွေးပြီးပြုံးလိုက်ကာ ယဲ့ဆွေက သူ့နောက်သို့ နီးနီးကပ်ကပ်လိုက်လာနိုင်ရန် သူ့ရဲ့ခြေလှမ်းများကို မရည်ရွယ်ပဲနှေးလိုက်သည်။

 

 

ယဲ့ဆွေက ချန်ရှု့နောက်ကနေ စားသောက်ဆိုင်သို့ လိုက်ခဲ့သည်။ သူမဝင်လာပြီးနောက် ပတ်ပတ်လည်ကိုကြည့်ရှုလိုက်သည်။ အပြင်အဆင်က ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံသည်။ ပြီးတော့  စတိုင်က ကြော့ရှင်းသည်။ စားသောက်ဆိုင်က အဆင့်မြင့်တဲ့ လက္ခဏာများနှင့်ပြည့်ဝနေသည်။

 

 

စိတ်ကျေနပ်စရာအကောင်းဆုံးအရာမှာ ဤနေရာတွင် သရဲများမရှိခြင်းဖြစ်သည်။

 

 

ကြီးပွားချမ်းသာတဲ့နေရာမှာ တည်ရှိတဲ့ ကွမ်ကုန်းကြီးက ဂိတ်ဝမှာတာဝန်ယူထားပြီး ကျောက်မျက်ရတနာလို တောက်ပနေသည်။ ယဲ့ဆွေက  ဒီစားသောက်ဆိုင်ပိုင်ရှင်ဟာ အယူသီးမှုကို နှစ်သက်သူဖြစ်တယ်ဆိုတာကို အင်တာနက်ပေါ်မှာ စစ်ဆေးခဲ့သည်။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို ဖွင့်လှစ်သောအခါ သူကလူအများစုအား ဗုဒ္ဓဘာသာသင်ကြားမှုများပြုလုပ်ရန် ငွေများစွာသုံးစွဲခဲ့သည်။

T / N: ကွမ်ကုန်း ကိုအပြင်ဘက်မျက်နှာစာမှာရှိတဲ့ ဧည့်ကြိုစားပွဲမှာ နေရာချတဲ့အခါ၊ အဲ့တာကအန္တရယ်ရှိတဲ့ ချီ များကိုဖယ်ရှားပြီးပြိုင်ဘက်များထံမှကာကွယ်ပေးလိမ့်မည်။ သင်၏တည်ထောင်မှုကိုငွေကြေးအမြတ်အစွန်းရရှိရန် အခွင့်အလမ်းပေးသည်။

 

 

ညအချိန်တွင် ကစားဖို့အပြင်မထွက်နိုင်တဲ့သူ ယဲ့ဆွေကယခုတွင် သူ့ရဲ့ပါးပြင်၌ မျက်ရည်များစီးကျလာပြီး ၎င်းက သူမအတွက် အံဝင်ခွင်ကျဖြစ်သည့် နေရာတစ်ခုဖြစ်တယ်လို့ တွေးနေသည်။

 

 

သို့သော် ဒုတိယအတွေးတွင် သူမြန်မြန် နိဂုံးချုပ်လိုက်သည်။ သူမကခေါင်းကိုမော့ပြီး ချန်ရှု့ကိုမေးလိုက်သည်။ “ ဒီနေရာက စျေးကြီးတယ်မဟုတ်လား?”

 

 

ချန်ရှု့က ခေါင်းမော့ပြီး ယဲ့ဆွေကို စိုက်ကြည့်လိုက်သည်။  သူ့မျက်လုံးများက သူမရဲ့နူးညံ့သိမ်မွေ့ပြီး လှပတဲ့မျက်နှာပေါ်တွင် ကျရောက်နေသည်။  သူ့ရဲ့ဇနီးလေးက အလုပ်ကြိုးစားပြီး သူတို့အိမ်ရဲ့ အသုံးစရိတ်များကို အလွန်စိုးရိမ်ခဲ့သည်။

 

 

အဆိုပါစုံတွဲက စက္ကန့်အနည်းငယ်လောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။  ရုတ်တရက် ချန်ရှု့ ရဲ့ နှုတ်ခမ်းက အနည်းငယ်ကော့တက်သွားသည်။ ဘာကြောင့်လဲဆိုတာကို မသိဘူး။ ဒါပေမယ့် သူ့ခံစားချက်က နားမလည်နိုင်လောက်အောင် ပျော်ရွှင်နေသည်။

 

 

မနေ့တုန်းက ယဲ့ဆွေက သူ့အတွက်ပန်းအိုး (၁၀) လုံးကို ၀ယ်ယူခဲ့ပြီးနောက် သူ့ရဲ့နောက်ခံ အကြောင်းကို လုံးဝမသိနားမလည်သလို ထားခဲ့သည်။ အကယ်၍ ချန်ရှု့ က သူမအား အမှန်တရားကို အဆောတလျင်ပြောပြလိုက်မည်ဆိုပါက သူမရဲ့စရိုက်နှင့်အတူ သူမပေါကြောင်ကြောင် ဖြစ်သွားလိမ့်မည်။

 

 

ယဲ့ဆွေကို နှစ်သိမ့်ဖို့ ချန်ရှု့က သူမကိုယုံကြည်စေရန် အကြောင်းပြချက်တစ်ခုကို ရှာခဲ့သည်။  “မိသားစုရဲ့ ပိုက်ဆံက အကောင့်ထဲကို၀င်နေတာပဲလေ

 

 

ချန်ရှု့ရဲ့စကားကိုကြားပြီးနောက် ယဲ့ဆွေရဲ့ ခန္ဓာကိုယ်က သက်တောင့်သက်သာရှိလာသဖြင့် သက်ပြင်းချလိုက်သည်။

 

 

ဒါအမှန်ပဲ။ ချန်ရှု့က ချန် မိသားစုရဲ့ဆက်ခံသူ မဟုတ်ပေမယ့် သူကလစဉ်လတိုင်း ချန်ရဲ့ မိသားစုရန်ပုံငွေမှ ငွေကိုလက်ခံနိုင်သေးသည်။

 

 

သူတို့ရရှိတဲ့ လစာအပြင်မိသားစုရဲ့ငွေမှာ လုံလုံလောက်လောက်ရှိသေးသည်။  သူတို့က ရံဖန်ရံခါ အပြင်မှာ စားသောက်ဖို့ ထွက်ကြသည်။ ဒါက လုံးဝကိုအရေးပါတဲ့ ကုန်ကျစရိတ် မဟုတ်ချေ။

 

 

ဤနည်းအားဖြင့် ယဲ့ဆွေ နည်းနည်းလေး မလုံမလဲဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။

 

 

ချန်ရှု နှင့် ယဲ့ဆွေတို့၏သီးသန့်ခန်းက အပြင်ဘက်ရှုခင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ နံဘေးတွင်ဖောက်ထွင်းမြင်နိုင်တဲ့ ဖန်နံရံပါရှိသည်။  ပြတင်းပေါက်အပြင်ဘက်တွင် ဂရုတစိုက် ပြုစုပျိုးထောင်ထားသော ဥယျာဉ်တစ်ခုရှိပြီး ခေတ်ဆန်ကြော့မော့တဲ့ အလင်းရောင်များက ပတ်ပတ်လည်တွင် ပြန့်ကျဲနေပြီး ပတ်၀န်းကျင်ကလည်း အလွန်ကောင်းမွန်သည်။

 

 

ယဲ့ဆွေ အဲ့တာကို တစ်ကြိမ်သာကြည့်ပြီး သူမအဲ့တာကိုထပ်ကြည့်ဖို့မရဲတော့ဘူး။  စားသောက်ဆိုင်တွင် သရဲများမရှိသော်လည်း အပြင်ဘက်မှာ သရဲများလွင့်မျောနေတာကိုတော့ သူမမြင်နိုင်သည်။

 

 

ဒီနေရာမှာ သရဲတွေ တွေ့ရခဲသည်။ သူမကပုံမှန်အစားအစာကို ကြိုက်နှစ်သက်ပြီးတော့ ဒီညစာကိုတော့ အစီအစဥ်ပျက်အောင် မလုပ်သင့်ဘူး။

 

 

စားပွဲထိုးတစ်ဦးက လက်ထဲမှာ မီနူးတစ်ခုနှင့်အတူ သူတို့ရဲ့အခန်းထဲ ရောက်လာသည်။

 

 

စားပွဲထိုးက ချန်ရှု့ကို အသိအမှတ်ပြုလိုက်သည်။ သူတို့စားသောက်ဆိုင်ရဲ့ စျေးနှုန်းကမြင့်ပြီး ဒီနေရာမှာမီနူးကို ၀ယ်ယူနိုင်တဲ့ ဧည့်သည်တွေကတော့ ချမ်းသာကြွယ်ဝတဲ့သူ၊ အသုံးအဖြုန်းကြီးတဲ့ သူတွေပဲတတ်နိုင်သည်။  အထူးတလည်ဖြစ်တဲ့ ဒီမစ္စတာ ချန်က အခြားသူတွေဆီကနေ ကွဲထွက်တဲ့စိတ်နေစိတ်ထားရှိသည်။

 

 

စားပွဲထိုးက ချန်ရှု့ရဲ့ နာမည်အပြည့်အစုံကိုမသိဘူး။ သူက မစ္စတာချန်နှင့် ဒီနေရာကို ရောက်လာတတ်တဲ့ အဆင့်မြင့် ဧည့်သည်အချို့ကိုသာ တွေ့မြင်ခဲ့ပြီး ထိုသူများက မစ္စတာချန်အား အလွန်လေးစားကြောင်း ပြသခဲ့သည်။

 

 

အခြားသူများရဲ့ ဖော်ပြချက်များ၊ စကားများနှင့် လုပ်ရပ်များအားဖြင့် မစ္စတာချန်ရဲ့ မိသားစုနောက်ခံကို ပိုင်းခြားသိမြင်နိုင်သည်။  စားပွဲထိုးက ပါးစပ်ကိုလေးလေးနက်နက်ဖွင့်ပြီး ဘာများသုံးဆောင်မလဲလို့ ချန်ရှု့ကိုမေးလိုက်သည်။

 

 

ချန်ရှု့ကသူ့ရဲ့ခေါင်းကို တဖြည်းဖြည်း မော့လိုက်ပြီး စားပွဲထိုးကို တိုက်ရိုက်စကားပြောခွင့် မပေးခဲ့ပေ။ သူ့ရဲ့ပေါ့ပါးတဲ့စကားလုံးက ယဲ့ဆွေဆီကို ပျံသန်းသွားခဲ့သည်။ “ကျေးဇူးပြုပြီး ဒီအမျိုးသမီးကို ဟင်းပွဲတွေကို မိတ်ဆက်ပေးလိုက်ပါ ”

 

 

ပထမအချက် သူကစားပွဲထိုးရဲ့ သဘောထားအချက်အလက် သူ့ဆီကိုရောက်လာတာကို ရှောင်ရှားလိုသည်။  ဒုတိယအချက်မှာ သူကယဲ့ဆွေကို စားပွဲထိုးမှ လျစ်လျူရှု့ခံရတာကို မလိုချင်ဘူး။

 

 

ဟုတ်ကဲ့  ပထမဆုံးအကြိမ်အဖြစ် စားပွဲထိုးက မစ္စတာချန်နှင့် အမျိုးသမီးတစ်ယောက် စားနေတာကိုတွေ့လိုက်ရသည်။ သူက ယဲ့ဆွေကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ယဲ့ဆွေရဲ့မျက်နှာပေါ်မှာ ကျရောက်နေသည်။ စက္ကန့်တစ်ဝက်လောက် သူအသက်ရှူမှားသွားသည်။

 

 

သူမရဲ့ ပွဲဦးထွက်ကတည်းက အင်တာနက်အသုံးပြုသူတွေ အလွန်စိတ်ပျက်စရာကောင်းလောက်အောင် ပြောနေကြပြီး သူမတို့သူတို့က “ချန်းယင် အသေးစားလေး ”လို့ခေါ်ကြတာ။ အဲ့တာသူမ မဟုတ်လား?

 

 

ယဲ့ဆွေက ဒီနေ့တွင် မိတ်ကပ်မလိမ်းထားပေ။ မျက်နှာပြောင်နဲ့ ၊ ရှင်းလင်းသော၊ နူးညံ့သိမ်မွေ့သောမျက်နှာနှင့် သူမရဲ့အသားအရေမှာလည်း နို့ကဲ့သို့ဖြူဖွေးနေသည်။ သူမရဲ့မျက်နှာအသွင်အပြင်က နူးညံ့တယ်၊ ကြည်လင်တယ်၊ ထင်ရှားတယ်၊ လှပတယ်၊ သို့သော် မျက်နှာချိုသွေးခြင်းမရှိပေ။

 

 

သူမမျက်နှာရဲ့ အမြင်အာရုံသက်ရောက်မှုက အားကြီးလွန်းသည်။ သူ သူမကိုတွေ့တာနှင့်တပြိုင်နက် ညှို့ဓာတ်က သူ့ရဲ့နှလုံးသားထဲသို့ ရောက်ရှိခဲ့သည်။ သူမကိုမြင်လိုက်တဲ့ သူမည်သူမဆို မအံ့သြဘဲမနေနိုင်ပေ။

 

 

ယဲ့ဆွေက တီဗီမှာထက် အဆတစ်သောင်းပိုလှတယ်လို့ စားပွဲထိုးက ဝန်ခံခဲ့သည်။

 

 

ယဲ့ဆွေ မှာဒီလောက်ထူးခြားတဲ့ လက္ခဏာတွေရှိခဲ့သည်။  သို့သော် သူမအား အင်တာနက်အသုံးပြုသူတွေက  “ချန်းယင် အသေးစားလေး ”လို့ ခေါ်ကြသည်။  မိမိထင်မြင်ချက်အရ ချန်းယင်းရဲ့မျက်နှာက သူမရဲ့မျက်နှာနဲ့ နှိုင်းယှဉ်လို့တောင်မရနိုင်ပေ။

 

 

စားပွဲထိုးက အခြေအနေကို စောင့်ကြည့်လေ့ရှိသည်။  မစ္စတာချန်က ယဲ့ဆွေအပေါ်မှာ ကွဲပြားခြားနားတဲ့ သဘောထားရှိကြောင်းကို သူသိသည်။  မကြာခင်မှာပဲ သူကရှုပ်ထွေးတဲ့အကြည့်ကို ဖယ်လိုက်ပြီး ဟင်းလျာများကို ဂရုတစိုက် မိတ်ဆက်ပေးခဲ့သည်။

 

 

အဲ့ဒီမီနူးပေါ်မှာ စျေးနှုန်းတွေမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမှာရှိတဲ့ ဧည့်သည်တွေက အဲ့တာတွေကို လုံးဝဂရုမစိုက်တဲ့အတွက်ကြောင့် ဖြစ်သည်။

 

 

ဟင်းပွဲများမှာယူပြီးနောက်၊ ချန်ရှု့နဲ့ ယဲ့ဆွေသာ အခန်းထဲ၌ ကျန်ခဲ့တော့သည်။ ဒီနေရာမှာ နေရာအများကြီးရှိပေမယ့် သရဲတွေ ဝင်လို့မရနိုင်ပေ။ ယဲ့ဆွေက သူမရဲ့ဘဝဟာ တကယ်ကို သက်သောင့်သက်သာရှိခဲ့ပြီးတော့ စကာ ချန်ရှု့နဲ့ စကားပြောခဲ့သည်။

 

 

ချန်ရှု့က ပျင်းရိစွာနဲ့ နောက်ကျောက မှီထားသည်။ သူကစကားမပြောဘဲ ယဲ့ဆွေအသံကိုသာ တိတ်ဆိတ်စွာ နားထောင်နေသည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ မျက်နှာအမူအရာကို ကြည့်ပြီး အပြုံးရေးရေးလေးကို ရံဖန်ရံခါပြသခဲ့သည်။ ယဲ့ဆွေက သူရယ်နေမှန်း သတိထားမိလိုက်သည်။ သူဘာဖြစ်လို့ ရယ်နေတာလဲ ဆိုတာ သူမ မသိဘူး။ဘာကြောင့်လဲဆိုတော့ သူမဘာမှားပြောမိလိုက်လဲဆိုတာကို မသိလိုက်ဘူး။

 

 

ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲရောက်လာသောအခါ၊ သူတို့အကြားသဟဇာတ ဖြစ်တဲ့ စကားဝိုင်းက ပျောက်ကွယ်သွားသည်။  ၀မ်းနည်းစရာကောင်းတာက အဲ့တာက ယဲ့ဆွေရဲ့ တဖက်သတ်စကားပြောဆိုမှုရဲ့ အဆုံးသတ်ဖြစ်သင့်သည်။

 

 

ယဲ့ဆွေက စားပွဲပေါ်က အစားအစာကို ကြည့်လိုက်သည်။  ချန်ရှု့က သူမကိုမလှည့်စားခဲ့ပါ။  ဒီနေရာမှာရနိုင်တဲ့ ဟင်းပွဲတွေက အခြားနေရာမှာရနိုင်တဲ့ ဟင်းပွဲတွေနဲ့ ကွဲပြားခြားနားသည်။ ဟင်းပွဲတစ်ခုချင်းစီရဲ့ ပြငဆင်ထားပုံတောင်မှ အလွန်ပင်လှပလွန်းသည်။

 

 

ယဲ့ဆွေဟာ ညစာစားရတာကို ပျော်ရွှင်နေသည်။ ဒီမှာရှိတဲ့အစားအစာရဲ့ ကုန်ကျစရိတ်က ဒေါ်လာထောင်နဲ့သောင်းနဲ့ချီပြီးကုန်ကျတယ်ဆိုတာကို သူမ မသိခဲ့ပေ။

 

 

ကိုက်လိုက်တဲ့ အချက်တိုင်းအတွက် ပိုက်ဆံတွေလှိမ့်ဆင်းသွားသည်။

 

 

ချန်ရှု့နဲ့ ယဲ့ဆွေတို့ ထွက်လာတဲ့အချိန်မှာ စားသောက်ဆိုင် ပိတ်ဖို့အချိန်က နီးနေပြီဖြစ်ကာ စားပွဲထိုးရဲ့ အလုပ်ချိန်များက ပြည့်သွားပြီဖြစ်သည်။ သူက မှောင်နေတဲ့ စင်္ကြံလမ်းတစ်လျှောက်ကို လျှောက်သွားနေပြီး သူ့ရဲ့ ဖုန်းကိုလည်း ငုံ့ကြည့်နေသည်။

 

 

ဝေ့ပေါ် ဘလော့ဂ်နဲ့ အတင်းအဖျင်းစကားဝိုင်းများက သတင်းအချက်အလက်အသစ်များကို အစဉ်တစိုက်ထုတ်ဖော်ပြသနေသည်။

 

 

အဆိုပါစားပွဲထိုးက ဝါရင့် အင်တာနက်အသုံးပြုသူ ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ ဒီစားသောက်ဆိုင်မှာ အလုပ်လုပ်နေစဉ်အတွင်း စတားများစွာကို သူမြင်နေရပြီးအတင်းအဖျင်းစကားများကို လုပ်ခဲ့သည်။ အင်တာနက်ပေါ်တွင် အရေးမကြီးတဲ့အရာများပေါက်ကြားခြင်းက အင်တာနက်ပေါ်မှ သူ့အား အနုပညာ အသိုင်းအဝိုင်းတွင် နာမည်ဂုဏ်သတင်း အကျိုးအမြတ်ရစေသည်။

 

 

စားပွဲထိုးက ဧည့်သည်များရဲ့ ပုံရိပ်ကို ထုတ်ဖော်လိမ့်မည်မဟုတ်ပေ။ သို့သော် ယဲ့ဆွေက စတားဖြစ်ပြီး လူအများကြား သူမရဲ့ကိုယ်ပိုင်ဘဝကို ဖုံးကွယ်ထားခဲ့သည်။ နောက်ဆုံးတွင် အတင်းအဖျင်းနှလုံးသားက ထိုနေရာတွင်ရှိနေဆဲဖြစ်သည်။

 

 

[ညနေခင်းမှာ ယဲ့ဆွေက လျှို့ဝှက်ဆန်းကြယ်ပြီး ချမ်းသာတဲ့ယောကျ်ားနဲ့ ဒိတ်လုပ်နေတာကို ငါဖမ်းမိခဲ့တယ်]

 

 

စားပွဲထိုးက ချန်ရှု့ရဲ့ပုံရိပ်နဲ့ နာမည်ကို မသိပေ။ သူ့ရဲ့ထင်မြင်ချက်အရ မစ္စတာချန်ရဲ့ ကိုယ်ရေးအချက်အလက်ကို မထုတ်ဖော်ခဲ့ဘဲ ချန်ရှု့ရဲ့ မျိုးရိုးနာမည်ကိုသာ ရိုက်ထည့်ခဲ့သည်။

 

 

ကျော်ကြားတဲ့စတားတစ်ယောက်အနေနဲ့ anti-ဖန် တွေရဲ့ မင်းသမီးက သူဌေးနဲ့ ညအချိန်တွင် ချိန်းတွေ့ခဲ့သည်။  သူတို့အကြားဆက်ဆံရေးအတွက် ငါးညှီနံ့ တစ်ခုခုရှိရမည်။

 

 

ထိုသို့သောခေါင်းစဉ်က ဘယ်လောက် စိတ်၀င်စားစရာကောင်းခဲ့လဲ၊ အဲ့တာက အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုကို နှိုးဆွဖို့လုံလောက်သည်။ စားပွဲထိုးက အာရုံစူးစိုက်ခံချင်ရုံသာမကဘဲ follower အချို့ကိုလည်း ရချင်ခဲ့သည်။

 

 

စားပွဲထိုးက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပိုစ့်ကိုတင်လိုက်ပြီးနောက် ဘတ်စ်ကားဖြင့် အိမ်သို့ပြန်သွားခဲ့သည်။  တုံ့ပြန်မှုများကို စစ်ဆေးဖို့ ဖုန်းကိုထုတ်သောအခါ အဲ့ဒီမှာ တစ်ခုလေးတောင်မှ မရှိနေတာကို တွေ့ရှိလိုက်ရသည်။

 

 

ဘယ်သူမှ တုန့်ပြန်ထားခြင်းမရှိခဲ့ပေ။ ဘာကြောင့်လဲဆိုတော့ ပို့စ်ကိုတင်လိုက်ပြီး တစ်မိနစ်အတွင်းမှာ ဖျက်ခံလိုက်ရတာကြောင့်ဖြစ်သည်။

 

 

ဟွာရွေ့ ရဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ဆီမှာ ဘာတစ်ခုမှကောင်းတာမရှိပေ။ သူတို့ရဲ့နဖူးစည်းစာတန်းအောက်မှာ အနုပညာရှင်များစွာရှိနေ ကြပြီး၊ အချိန်တန်ကြာ အတင်းအဖျင်းအမျိုးမျိုးကို စောင့်ကြည့်နေရသည်။

 

 

မန်နေဂျာ ချန်းရှန့်က ယဲ့ဆွေအပေါ်မှာ သူတို့သူဌေးရဲ့ သဘောထားကို သိနေကတည်းက သူ့ရဲ့စာရင်းထဲမှာ နောက်ထပ်လူတစ်ယောက်အကြောင်း ရှိခဲ့သည်။

 

 

ပိုစ့်ကို တင်လိုက်တဲ့အချိန် သူ့ရဲ့ ၀န်ထမ်းများက ချန်းရှန့် ဆီကို ချက်ချင်းအကြောင်းကြားခဲ့သည်။

 

 

ယဲ့ဆွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့သူဌေး၊ ညမှာ..... စကားလုံးပေါင်းစပ်မှုများက သူတို့ရဲ့သူဌေး ချန်ရှု့ဆိုတာကို ချက်ချင်းထောက်ပြနေသည်။  ချန်ရှု့နဲ့ ယဲ့ဆွေတို့ အကြားက အရှုပ်တော်ပုံကို ရှာဖွေတွေ့ရှိခဲ့ရင် သူဌေးရဲ့ပုံပိပ်ကိုလည်း ဖော်ထုတ်ဖို့လည်း လွယ်ကူသွားလိမ့်မည်။

 

 

ဒီသတင်းကို ဖျက်လိုက်ပြီးတော့ အင်တာနက်ပေါ်မှာ သတင်းပို့ချက်လည်းမရှိပေ။  ဒါကြောင့် ပါးစပ်မလုံတဲ့ စားပွဲထိုးကို တိတ်တဆိတ် ပယ်ချပစ်လိုက်သည်။

 

 

ချန်းရှန့်က နေ့တိုင်းအလုပ်ကြိုးစားခဲ့သည်။ သူ့ရဲ့ဥက္ကဌအား ယဲ့ဆွေကို အာရုံစူးစိုက်ဖို့ စတင်ပြီးကူညီကတည်းက သူဟာအင်တာနက်ကိုသာ အာရုံစိုက်ဖို့မလိုတော့ပေမယ့် ချန်ရှု့နဲ့ယဲ့ဆွေတို့ရဲ့ ရက်ချိန်းတွေကို အင်တာနက် အသုံးပြုသူတွေသိသွားခြင်းမှ တားဆီးဖို့ကိုသာ အာရုံစိုက်ရတော့သည်။

 

 

ပြီးတော့ဒီဖြစ်စဉ်မှာ အခါအားလျော်စွာ သူကသူတို့ရဲ့ဥက္ကဌကို မနာလိုဖြစ်ခဲ့သည်။

 

 

ချန်းရှန့် အဲ့လိုဖြစ်ဖို့က်ို မတက်နိုင်ပေမယ့် တစ်ကိုယ်ထဲသမား ဖြစ်နေရတာက မကောင်းဘူးလို့ ခံစားရသည်။