အပိုင်း ၂၄
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၂၄ - သရက်သီး ဓာတ်မတည့်မှု

 

 

 

ဒီနေ့ညက တီဗီ ဇာတ်လမ်းတွဲ ဆုချီးမြှင့်မည့်နေ့ဖြစ်ပြီးတော့ ယဲ့ဆွေက မကြာသေးမီက ကျော်ကြားသော <အိမ်ရှေ့စံမင်းသား>ဇာတ်လမ်းတွဲတွင် ပါဝင်ထားသဖြင့် သူမက ဒီပွဲသို့တက်ရောက်ဖို့အတွက် ဖိတ်ကြားခြင်းခံခဲ့ရသည်။

 

 

ချန်းယင်ကို ဖိတ်ကြားသော်လည်း သူမရဲ့မျက်နှာကြောင့် စိတ်မကြည်မလင် ဖြစ်နေဆဲဖြစ်ပြီး ၎င်းကိုဖုံးကွယ်ရန် နည်းလမ်းများစွာကိုလည်း ကြိုးစားခဲ့သည်။ အဲဒီလိုလုပ်ပေမယ့် ဝက်ခြံများနှင့် ထူထပ်တဲ့အပေါက်များက သူမရဲ့မျက်နှာပေါ်မှာ ခေါင်းမာစွာကြီးထွားနေဆဲဖြစ်သည်။

 

 

ချန်းယင်က အရှုံးပေးချင်နေသည်။ ဒါပေမယ့် သူမဒီပွဲကိုတက်ရောက်ရတော့မယ်ဆိုတော့ ရွေးချယ်စရာမရှိခဲ့ဘူး။ ဒီပွဲပြီးသွားတဲ့အခါမှာ သူမက သူမရဲ့လှပတဲ့မျက်နှာကို ပြန်လည်ရယူနိုင်မယ်လို့ မျှော်လင့်ထားပြီးတော့ သူမရဲ့မျက်နှာကို အိမ်မှာပဲနေပြီး အပင်ပန်းခံလုပ်ဖို့ သူမစဥ်းစားခဲ့သည်။

 

 

ဖိန်နင်လည်းပဲ ဖိတ်ကြားခံခဲ့ရသည်။ အနီရောင်ကော်ဇောကို မလျှောက်မီ သူမရဲ့မန်နေဂျာက ယွဲ့ချုံး ကျို့ယွမ် ရဲ့အခန်းကဏ္ဏကိုရရှိတဲ့ သတင်းစကားကိုလွှင့်ခဲ့သည်။  ပြီးတော့ သူတို့ကုမ္ပဏီက ယဲ့ဆွေနဲ့လည်း ဆက်သွယ်ခဲ့ကြောင်း ပြောပြခဲ့သည်။

 

 

ဖိန်နင်က ဒီဇာတ်လမ်းထဲ ပါဝင်ခွင့်ရခြင်းကို ဂုဏ်ယူခဲ့သည်။ လူအများစုက ဒီကြီးမားတဲ့စီမံကိန်းကို ရယူချင်ခဲ့တယ်လို့ထင်ပြီး နောက်ဆုံးမှာတော့ သူတို့က အဲ့တာကို သူမဆီ ပေးလိုက်သည်။ အဲဒါက သူမရဲ့စွမ်းရည်ကောင်းကို အပြည့်အဝဖော်ပြသည်။

 

 

သူမမန်နေဂျာရဲ့ နောက်ထပ်စကားများကို ကြားရသောအခါ ဖိန်နင်ရဲ့ မျက်နှာက ရုတ်တရက်မဲမှောင်သွားသည်။

 

 

ဒီကြီးမားတဲ့ ရုပ်ရှင်ပရောဂျက်က ယဲ့ဆွေကို ငှားရမ်းဖို့ အမှန်တကယ် စဉ်းစားခဲ့သည်။  ထိုအမျိုးသမီးက မင်းသမီးငယ်လေးသာဖြစ်သည်။.ယဲ့ဆွေလိုလူတစ်ယောက်က ဘယ်လိုအရည်အချင်းပြည့်မီနိုင်မှာလဲ?

 

 

ဒီကိစ္စက အခြေအမြစ်မရှိတဲ့ ကောလာဟလတစ်ခုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ယဲ့ဆွေမှာ အစွမ်းထက်တဲ့ ကျောထောက်နောက်ခံ တစ်ခု ရှိချင်မှရှိမည်။ ပြီးတော့ သူမက ဟွာရွေ့ ရဲ့ထိပ်တန်း စီမံခန့်ခွဲမှုနဲ့လည်း ဆက်ဆံရေးရှိရမည်။ နောက်ဆုံးတွင် ယဲ့ဆွေက ဇာတ်ကောင်ကိုမလိုချင်တော့ဘဲ သူမကို အစားထိုးပေးခဲ့သည်။ အဲ့အဓိပ္ပါယ်က သူမက ယဲ့ဆွေ လွင့်ပစ်ထားတဲ့ အပိုင်းအစကို ကောက်ယူလိုက်တယ်လို့ ဆိုလိုတာလား?

 

 

ဘယ်လိုဖြစ်နိုင်ချေရှိနေသည်ဖြစ်စေ၊ ဖိန်နင်က အမှန်တကယ် စော်ကားမှုကို ခံစားခဲ့ရသည်။  ထို့ကြောင့် သူမက ဒီတီဗီဇာတ်လမ်းတွဲ ဆုပေးပွဲတွင် ယဲ့ဆွေ အထင်ကြီးလာအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့သည်။

 

 

မကြာမီ ညနေပိုင်းရောက်လာတော့မည်။ တီဗီဇာတ်လမ်းတွဲ ဆုပေးပွဲက မစတင်သေးပေ။  ပရိသတ်များက ဝင်ပေါက်ပတ်ပတ်လည်တွင် ရှိနေကြပြီး သူ့တို့ရဲ့လက်ထဲမှာ အလင်းချောင်းတွေကို ကိုင်ထားကာ စိတ်လှုပ်ရှားစွာဖြင့် အဲ့တာကိုဝှေ့ယမ်းနေကြစဥ် သူတို့အိုင်ဒေါရဲ့ နာမည်ကို အရူးအမူးအော်ဟစ်နေကြသည်။  လေထုကအလွန် အသက်ဝင်နေခဲ့သည်။

 

 

ယဲ့ဆွေကတော့ ကားထဲမှာ ထိုင်နေတုန်းပဲ။  သူမက ပတ်ပတ်လည်ကိုလှည့်ကြည့်နေပြီး ပရိတ်သတ်များက အလင်းချောင်းကို ကိုင်ထားကြပြီး ညအမှောင်ထဲ ထွန်းလင်းနေတာကို မြင်ခဲ့သည်။  ပြီးတော့ သူမရဲ့နာမည်ကို ခေါ်လိုက်တဲ့ အသံအနည်းငယ်က သူမပရိတ်သက်တွေဆိုတာ သူမသိခဲ့ရသည်။

 

 

သူမကို ထောက်ပံ့နိုင်ရန် ရန်ကျဲက ၀န်ထမ်းများအား  လာရောက်ခိုင်းဖို့စီစဉ်ထားခဲ့ပြီး သူမအား အရှက်ရစရာမဖြစ်စေရန် ပရိသတ်များအဖြစ် ဟန်ဆောင်ဖို့အစီအစဥ်ချထားခဲ့သည်။ ဒါပေမယ့် ယဲ့ဆွေက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ရန်ကျဲ အဲ့လိုလုပ်မယ်ဆိုရင် သူမပိုပြီး အရှက်ရသွားလိမ့်မည်။

 

 

ယဲ့ဆွေက အနီရောင်ကော်ဇောကို ဆီသွားဖို့ အလှည့်မကျခင်အထိ ခေါ်ဖို့စောင့်နေရင် ကားထဲမှာ တိတ်တဆိတ်ထိုင်နေခဲ့သည်။

 

 

ခဏအကြာတွင်၊  တီဗီဇာတ်လမ်းတွဲ ဆုချီးမြှင့်ပွဲက နောက်ဆုံးတွင်စတင်ခဲ့သည်။ နာမည်ကြီးတွေက အနီရောင် ကော်ဇောတစ်လျှောက်ကို တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာကြသည်။ ပရိသတ်တွေရဲ့ အော်သံတွေကလည်း  အကြိမ်ကြိမ် တစ်ဟုန်ထိုးမြှင့်တက်လာသည်။ မီဒီယာများရဲ့ ကင်မရာများက ဒီနာမည်ကြီးတွေကိုချိန်ထားကာချက် ချက် ဆိုတဲ့အသံကို မနားတမ်း ကြားနေရသည်။

 

 

ဤအချိန်တွင် အနီရောင်ကော်ဇောပြင်က ပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ နာမည်ကြီး နာမည်ကြီးများစွာ ပေါ်ထွက်လာပြီးနောက် နောက်ထပ် ဘယ်သူများ ထွက်လာမှာလဲဆိုတာကို လူတိုင်းက သိချင်နေကြသည်။နောက်ထပ်တစ်ဦးအနေနဲ့ အနီရောင်ကော်ဇောကို လျှောက်လှမ်းလာမယ့်သူကတော့ ယဲ့ဆွေဖြစ်ပါတယ်

 

 

ယဲ့ဆွေ ရဲ့နာမည်ကို ဖော်ပြလိုက်တဲ့အခါ anti-ဖန်တွေက မထိုင်ခင်အထိ တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင်နေကြသည်။

 

 

ယဲ့ဆွေက ချန်းယင်ရဲ့ ကျော်ကြားမှုကို အမြဲတမ်းစီးနင်းလေ့ရှိတယ်။ သူမက ထင်ပေါ်ကျော်ကြားမှုကို ရယူနိုင်မယ်လို့ ထင်နေလား? ဟား ဟား ငါပြောလိုက်မယ်။ ဘယ်တော့မှမရနိုင်ဘူး!”

 

 

ယဲ့ဆွေ ပေါင်ဒါတွေ အထပ်ထပ်နဲ့ နှုတ်ခမ်းဆိုးထားတာကို ငါမြင်ဖူးတယ်။ သူမရဲ့ အသွင်အပြင်က အရမ်းကြီး အဆင်မပြေနေဘူး။ သူမက အဲ့တာကြောင့် မိုးကြိုးပစ်တာ ခံရမှာ။ ဟုတ်တယ်မလား?”

 

 

ယဲ့ဆွေ  အနီရောင်ကော်ဇောမှာ လမ်းလျှောက်နေတာကိုမြင်တဲ့အချိန်မှာ ငါ့မျက်လုံးကို ကောင်းကောင်းကြီးထိုးဖောက်မိလိမ့်မယ်

 

 

ယဲ့ဆွေက တကယ့်ကို ဘလပ်လစ် လုပ်ခံလိုက်ရတဲ့ မင်းသမီးဖြစ်နေခဲ့သည်။ သူမ မပေါ်လာသေးပေမဲ့လည်း လူတွေက သူ့ကို အမှန်တကယ် စတင်ကျိန်ဆဲနေကြသည်။ တကယ်လို့ အဲဒီပုဂ္ဂိုလ်သာ တကယ်ရောက်လာခဲ့ရင် ဒီလူတွေ သူမကိုပြောနေတာတွေက ဖန်ဆင်းရှင်ကြောင့် အခုပြောနိုင်တော့မှာမဟုတ်ဘူး။ 

 

 

ယဲ့ဆွေကို သူမကိုယ်တိုင် အရူးတစ်ယောက်လို့ လုပ်ဖို့အတွက် လူတိုင်းက စောင့်နေကြပြီး ကျိန်ဆဲမှုကနေ ပို၍ ဒေါသထွက်လာသည်။ သူ့တံတွေးနဲ့ ယဲ့ဆွေကို ထွေးဖို့ ပြင်ဆင်နေတဲ့ သူတစ်ယောက်တောင်မှ သူမရဲ့အသွင်အပြင်ကို မြင်သွားခဲ့မယ်ဆိုရင်..........

 

 

အနီရောင်ကော်ဇောရဲ့ အဆုံးတွင် နောက်ဆုံးမှာတော့ ယဲ့ဆွေ ပေါ်လာခဲ့သည်။ သူမက ယနေ့တွင် နှင်းလိုမျိုး ဖြူဖွေးနေတဲ့ အသားအရေပေါ်မှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့ လည်ပင်းကြားရှိ ပုလဲထက်တောင်မှ ပိုမိုလင်းလက်တောက်ပနေသည်။

 

 

သူမရဲ့မျက်နှာအသွင်အပြင်က ရင်သက်ရှုမောစရာကောင်းလောင်အောင် လက်ရာမြောက်လွန်းသည်။အများကြီးဖြည့်စွက်ထားခြင်းမရှိဘဲ အဲ့တာက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သည်။

 

 

ယဲ့ဆွေရဲ့လည်ပင်းက အနည်းငယ်မော့ထားပြီး  ကျောက်စိမ်းကဲ့သို့ သေးသွယ်ပြီး အပြစ်ဆိုစရာမရှိတဲ့ လည်တိုင်မျိုးဖြစ်သည်။ သူမ ဖြည်းဖြည်းလမ်းလျှောက်လာတာနှင့်အမျှ သူမရဲ့သေးသွယ်ပြီး နှင်းလိုဖြူတဲ့သွယ်လျတဲ့ ခြေထောက်တွေကို တစိုးတစ တွေ့မြင်ရပြီး သွေးဆောင်ဖြားယောင်းမှုကို ဖြစ်စေသည်။ ဒါပေမယ့် အရမ်းကြီး ဆွဲဆောင်နေတာလဲမဟုတ်ပေ။

 

 

ယဲ့ဆွေ တစ်ယောက်တည်းကသာ ဒီတောက်ပတဲ့ အနီရောင်၀တ်စားဆင်ယင်မှုကို ပြသနိုင်မှာပါ။ ယနေ့ညမှာ အနုပညာရှင်များ အတူတကွစုစည်းခြင်းကို အံ့မခန်းဖွယ်ကောင်းသော ပွဲတစ်ခုအဖြစ် သတ်မှတ်ရန် စီစဉ်ထားသော်လည်း ယဲ့ဆွေမှာ တစ်သောင်းမှာ ၁ယောက်ပဲ ရှိနေတဲ့ပုံရသည်။

 

 

သူမသည် ပတ်၀န်းကျင်ရှိ လူများကိုဆွဲဆောင်ထားပြီး သူမရဲ့အသွင်အပြင်က စွဲမက်စရာမကောင်းသော်လည်း အခုတော့ မဆိုးဘူးလို့ ပြောနိုင်သည်။

 

 

ဖြူဖွေးပြီးကျယ်ပြန့်တဲ့ စခရင်က ရုတ်တရက်တောက်ပလာသောအခါ အင်တာနက်အသုံးပြုသူများက သူတို့ဟာ.သူမကိုအမှားလုပ်မိခဲ့တယ်ဆိုတာ သိလိုက်ကြသည်။

 

 

ဒီလူက တကယ်ပဲ ယဲ့ဆွေလားဘယ်လိုတောင် လှနေတာလဲငါ့မျက်စိကန်းတာပြန်ကောင်းလာသလို ခံစားရတယ်

 

 

ယဲ့ဆွေက အရမ်းလှတာပဲဒီနေ့ည အနီရောင်ကော်ဇောမှာ အလှဆုံးပဲ။ သူမကနတ်သမီးလိုလှပြီးတော့ ငါသူမကိုအပြစ်မတင်နိုင်တော့ဘူး

 

 

နတ်သမီးရဲ့ မျက်နှာက တကယ်ရှိတာပဲ၊ အား! ငါသူမကိုကြည့်လိုက်ရုံနဲ့ မူးမေ့သွားတော့မယ်!”

 

 

အင်တာနက်ပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း လေကို လှည့်စေနိုင်သော်လည်း မြင်ကွင်းရှိလူများလည်း ဤနည်းဖြင့် တုံ့ပြန်ခဲ့ကြသည်။  ယဲ့ဆွေရဲ့အလှအပက အရမ်းအကျိုးသက်ရောက်ခဲ့သည်။  မီဒီယာက ဓာတ်ပုံရိုက်ဖို့ပင် မေ့ခဲ့သည်။ ကင်မရာက လက်ထဲမှာရှိပြီးသားဖြစ်ပေမယ့် သူတို့က ရှပ်တာကို နှိပ်ချင်တဲ့ ရည်ရွယ်ချက်မရှိခဲ့ပေ။

 

 

မြင်ကွင်းမှာရှိတဲ့ လေထုကပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေခဲ့သည်။

 

 

ထိုသူအပေါင်းတို့က အံ့သြနေကြသည်။ ဒီပုံရိပ်က ဖျော်ဖြေရေးစက်ဝိုင်းထဲမှာ ဘယ်အချိန်မှာ ပေါ်လာရတာလဲသူတို့ယဲ့ဆွေရဲ့ မျက်နှာကို တွေ့လိုက်ရတော့ နောက်ဆုံးတွင် ရှော့ခ်ရသွားကြသည်။ ဒါကတကယ်ကြီး ချန်းယင်အသေးစားလေးလား? သူမက မယုံနိုင်လောက်အောင် လှပသည်။

 

 

အချို့လူများကမူ ယခင်က ယဲ့ဆွေကို အပုပ်ချပြောဆိုမိတဲ့အတွက် နောင်တရနေကြသည်။  အကယ်၍ ယဲ့ဆွေမှာ ဒီလိုပုံစံမျိုးရှိခဲ့ရင် သူမစောစောကတည်းက ထထွက်ပြလိုက်သင့်သည်။

 

 

တိတ်ဆိတ်မငြိမ်သက်သောလေထုထဲတွင် တစ်နေရာရာမှ ရုတ်တရက်ကြီး အသံတစ်သံက ထွက်ပေါ်လာခဲ့သည် - “ယဲ့ဆွေက ဘယ်လောက်တောင် လှလိုက်လဲ! နင်က တကယ်လှတယ်! ”

 

 

ယဲ့ဆွေက သူမရဲ့အသံလာတဲ့နေရာကို ကြည့်လိုက်သည်။ သူမက ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမက အခြားနာမည်ကြီးတစ်ဦးရဲ့ အလင်းချောင်းကို ကိုင်ထားခဲ့သည်။ ယခုသူမက စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။

 

 

ယဲ့ဆွေက ကျောင်းသူလေးကိုကြည့်ပြီး ပြုံးပြလိုက်သည်။ သူမက ခေါင်းညိတ်ပြီးကျေးဇူးတင်ပါတယ်လို့ပြောလိုက်သည်။

 

 

မီဒီယာများက သတိရလာပြီး စတင်ဓာတ်ပုံရိုက်ကြသည်။  သတင်းထောက် တော်တော်များများက သူမရဲ့ပတ်ပတ်လည်မှာ စုရုံးနေကြသည်။ သူတို့မေးတဲ့ မေးခွန်းက ချန်းယင် မတော်တဆလက်ချော်သွားပြီး မင်းရဲ့anti-ဖန်ရဲ့ ပိုစ့်ကို လိုက်ခ်ပေးလိုက်တာကို ဘယ်လိုထင်မိလဲ? ”တဲ့

 

 

ယဲ့ဆွေ စက္ကန့်အနည်းငယ်လောက် ချင့်ချိန်စဥ်းစားလိုက်သည်။ဆိုရှယ်မီဒီယာမှာ သတိမထားမိဘဲ ခလုတ်မှားနှိပ်မိတတ်ကြပါတယ်

 

 

နောက်တစ်စက္ကန့်တွင် ယဲ့ဆွေ ရုတ်တရက် ရယ်လိုက်သည်။ -“ ဘာပဲဖြစ်ဖြစ်ပါ။ ချန်းယင်က ကျွန်မရဲ့ ဝေ့ပေါ် ကိုကြည့်ရတာ ကြိုက်တယ်ဆိုရင် ကျွန်မလည်း အရမ်းဝမ်းသာမိပါတယ်

 

 

ယဲ့ဆွေက ဒီမေးခွန်းကို တိုက်ရိုက်မဖြေခဲ့ဘူး။ အဲ့တာက ချန်းယင်ဟာ သူမကိုသီးသန့်ထား၍ တိတ်တဆိတ်အာရုံစိုက်နေတယ်ဆိုတာကို ပို၍တောင် ရှင်းလင်းစွာမသိရသေးပေ။ သို့သော် ဤအချက်ကို စကားလုံးများဖြင့် ရှင်းလင်းစွာ ဖော်ထုတ်ခဲ့ပြီး သတင်းထောက်များကို သူတို့ကိုယ်တိုင် ခန့်မှန်းခွင့်ပေးခဲ့သည်။

 

 

သတင်းထောက်က နောက်ထပ် မေးခွန်းအနည်းငယ်ကို မေးခဲ့သည်။ ပြီးတော့ ယဲ့ဆွေက သူတို့ကို ရက်ရက်ရောရော ဖြေပေးခဲ့သည်။

 

 

ယဲ့ဆွေ  သတင်းထောက်ရဲ့ မေးခွန်းများကို ဖြေဆိုနေစဉ် ဖိန်နင်ရဲ့ ကားက အနီရောင်ကော်ဇော ဝင်ပေါက်တွင်ရပ်တန့်ခဲ့သည်။ ယဲ့ဆွေက ဒီနေ့ညမှာ အနီရောင်ဝတ်စုံများ ဝတ်ဆင်နိုင်ကြောင်းကို အတွင်းလူအချို့ထံမှ သူမမေးမြန်းစုံစမ်းခဲ့သည်။

 

 

ဖိန်နင် လှောင်ပြုံးပြုံးလိုက်သည်။ ယဲ့ဆွေက အနီရောင်၀တ်စုံကို ၀တ်ဆင်ထားသော်လည်း သူမက အနက်ရောင်ဝတ်စုံကိုသာ အမြဲတမ်းကြိုက်ခဲ့သည်။ သူမက ယဲ့ဆွေနဲ့တူညီနဲ့အရောင်ကို ဝတ်ဆင်ဖို့ စိတ်မပါပေ။ သူမကို အထင်အမြင်သေးတဲ့ခံစားချက် ရအောင်လုပ်ဖို့ပဲရှိသည်။

 

 

ယဲ့ဆွေ ဇာတ်ကောင်က တောက်ပပြီး ချစ်စရာကောင်းသည်။  သူမက အေးစက်တဲ့ နတ်ဘုရားမအပိုင်းကို သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ယဲ့ဆွေကို နေရာတိုင်းမှာ နှိမ်နင်းဖို့ ဆုံးဖြတ်ချက်ချထားသည်။  ဖိန်နင်က ရှည်လျားတဲ့ ယနေ့ညရဲ့တီဗီဇာတ်လမ်းတွဲဆုမှာ သူမက ဇာတ်သိမ်းခန်းအတွက် ယှဥ်ပြိုင်ကစားဖို့ကို ဖိန်နင် အချိန်အကြာကြီး စဥ်းစားခဲ့သည်။

 

 

ဖိန်နင်က သူမရဲ့အရှေ့က အနီရောင်ကော်ဇောတွင် လျှောက်လှမ်းနေတဲ့သူမှာ ယဲ့ဆွေ ဖြစ်တယ်ဆိုတာကိုမသိခဲ့ပေ။ ဖိန်နင်က ကားထဲမှ ယုံကြည်မှုအပြည့်ဖြင့် ထွက်လာပြီး အနီရောင်ကော်ဇောပေါ်သို့ လျှောက်လှမ်းလာခဲ့သည်။

 

 

ဖိန်နင်က ကြီးမားတဲ့ အလင်းမျက်နှာပြင်ကို ကျပန်းကြည့်ခဲ့သည်။ အရင်တုန်းက သူမထွက်လာတဲ့အခါ ပရိသတ်တွေက အမြဲတမ်း အော်ဟစ်နေခဲ့ကြသည်။  ဒီအချိန်မှာ ခါတိုင်းလိုမဟုတ်ဘဲ သူမရဲ့ပရိသတ်တွေအများကြီးကို မြင်တွေ့လိုက်ရသည်။

 

 

သို့သော်  သူမအား ပရိသတ်များထံမှ အော်ဟစ်ခြင်း၊ ဓာတ်ပုံရိုက်ဖို့ သတင်းထောက်များနှင့် သတင်းမီဒီယာများမရှိခြင်းက ထူးဆန်းလွန်းသည်။

 

 

ဖိန်နင်ဟာ အရင်က ရှာဖွေခြင်းခံရသည့် ခံစားမှုကို အသုံးပြုခဲ့သည်။  သူမက ထိုကဲ့သို့သော အဆင်မပြေဖြစ်တဲ့ တိတ်ဆိတ်မှုနဲ့ဘယ်တော့မှ မတွေ့ဆုံခဲ့ဖူးပေ။

 

 

ဖိန်နင်ဟာ ထိုင်းမှိုင်းပြီး ရပ်နေစဉ် သူမရဲ့ပရိသတ်များက နောက်ဆုံးတော့ ယဲ့ဆွေ ရဲ့ကြီးမားတဲ့ အသွင်ပြောင်းလဲခြင်းနဲ့ ပြန်လည်ကောင်းမွန်လာကြပြီး  သူတို့ရဲ့အိုင်ဒေါကိုထွက်လာတာကို နောက်ဆုံးတွင် တွေ့မြင်လိုက်ကြသည်။ သူတို့က ဖိန်နင်၊ ဖိန်နင်အား အား အား! ”ဆိုပြီး အော်ဟစ်လာကြသည်။

 

 

ဖိန်နင်က အရမ်းမပျော်ရွှင်တော့ပေ။ ဒါပေမယ့် သူမကအပြုံးလေးကို ဆက်လက်ထိန်းထားခဲ့ကာ အပြုံးကတော့ အနည်းငယ် တောင့်နေခဲ့သည်။

 

 

ဖိန်နင်က စိတ်ထဲမှာ မကျေနပ်မှု ခံစားနေစဉ် ရှေ့သို့ဆက်လက်ရွှေ့လျားလာသည်။ ယခုအချိန်မှာ  မီဒီယာများရဲ့ ကင်မရာများအားလုံးက နေရာတစ်ခုတည်းမှာသာရှိနေကြပြီး သူမရဲ့ပရိသတ်များကလည်း အဲ့နေရာကိုပဲ ကြည့်နေခဲ့ကြတာကို သူမ မမေ့ခဲ့ပေ။

 

 

ကမ္ဘာပေါ်မှာ သူတို့တွေက ဘယ်သူ့ကိုကြည့်နေတာလဲ?သူမကိုတောင်မှ လျစ်လျူရှုနေရတဲ့ အချက်ကဘာလဲ?

 

 

ဖိန်နင် မျှော်လင့်နေသည်။  သူမရဲ့အရှေ့က ပိန်သွယ်တဲ့ပုံနှင့် လှပသော ကိုယ်ဟန်အနေအထားရှိတဲ့ အမျိုးသမီးတစ်ဖြစ်ပြီး အနီရောင်၀တ်စုံ၊ နှင်းလိုဖြူဖွေးတဲ့အသားရေ၊နက်မှောင်တဲ့ဆံပင်ကြောင့် အဲ့ဒီ့လူက ယဲ့ဆွေလားဆိုတာကို ဖိန်နင် ရုတ်တရက်ကြီး စဉ်းစားမိလိုက်သည်။

 

 

ဖိန်နင် တစ်ချက်ကြည့်မိသည်။  သူမက ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် အဆင်းအလှဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး မည်သူ့ကိုမျှ မျက်လုံးထဲထည့်မထားကြောင်း သူမယုံကြည်သည်။

 

 

အလှအပနှင့် ပတ်သက်လာသောအခါ လူတွေက သူမကိုပထမဆုံးအကြိမ်စဉ်းစားလိမ့်မည်။ ဒါပေမယ့် ယဲ့ဆွေက ပထမဆုံးအကြိမ်အဖြစ် သူမရဲ့ခံစားချက်ကို တွေဝေမိန်းမောသွားအောင်လုပ်နိုင်ခဲ့သည်။

 

 

ဖိန်နင်က သူမရဲ့အနက်ရောင်ဝတ်စုံကို ကြည့်လိုက်သည်။  ရုတ်တရက် သူမရဲ့အဝတ်က အလွန်မှိန်လွန်းနေပြီး သူမရဲ့အလှအပကို လုံးဝကျော်လွှားနိုင်ခဲ့သည်။ ဖိန်နင်က မှားယွင်းတဲ့ဝတ်စုံကို ရွေးချယ်ခဲ့မိကြောင်း သူမကိုယ်သူမ လက်ခံယုံကြည်ခဲ့သည်။

 

 

ယဲ့ဆွေကလည်း ဖိန်နင်ကိုလည်းတွေ့ခဲ့ပြီး ယဉ်ကျေးမှုအနေနဲ့ ဖိန်နင်ကို ခေါင်းညိတ်ပြလိုက်သည်။  ဖိန်နင်က သူ့ရဲ့အတွေးများကို ကင်မရာရှေ့တွင် မဖော်ပြနိုင်သော်လည်း သူမက ကောင်းသောမျက်နှာထားကို မပေးနိုင်ခဲ့ပေ။

 

 

ဖိန်နင်က ဝတ်ကျေတမ်းကျေ ခေါင်းညိတ်လိုက်ပြီး အေးစက်စွာစူးစိုက်ကြည့်ရင် မကြာခင်မှာ ခေါင်းကိုလှည့်လိုက်သည်။ ဖိန်နင်မှာ မပျော်ရွှင်နေတဲ့ အမူအရာရှိနေသည်။ ထိုအခါ အချို့သော အင်တာနက်အသုံးပြုသူတွေက အဲ့တာကို ရိပ်စားမိခဲ့ကြသည်။

 

 

ဖိန်နင်က ယဲ့ဆွေနဲ့ အပြန် အလှန်ဆက်သွယ်မှုမရှိတဲ့ပုံပဲ။ သူမရဲ့ခက်ထန်တဲ့ မျက်လုံးက ဘာများလဲ?”

 

 

ဖိန်နင်ရဲ့အလှက အလွန်ထူးကဲတယ်ဆိုတာ ငါရှင်းရှင်းလင်းလင်းကို မှတ်မိတယ်။ ဒီနေ့တော့ ယဲ့ဆွေက ဖိန်နင်ထက်သာတယ်လို့ ဘယ်လိုထင်မိသွားတာလဲ? မဟုတ်ဘူး သူတို့ရဲ့ ကွာဟချက်က အရမ်းကြီးလွန်းတယ်!”

 

 

ဒီတီဗီ ဇာတ်လမ်းတွဲ ဆုချီးမြှင့်ခြင်းက တိုတောင်းပြီးစောစီးစွာ ပြီးဆုံးခဲ့သည်။  မှတ်သားသင့်သည်မှာ ယဲ့ဆွေက သူမရဲ့ရုပ်ဆင်းသဏ္ဌာန်ကြောင့် အမှန်တကယ် ရှာဖွေမှုအဟော့ဆုံးဖြစ်လာခဲ့သည်။

 

 

ကော်ဇောနီက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အသွင်အပြင်တစ်ခုကိုပြုလုပ်ပေးခဲ့ပြီး ယဲ့ဆွေက အလှဆုံးပဲ#

 

 

ခေါင်းစဉ်က မြန်မြန်ဆန်ဆန်ထွက်ပေါ်လာပြီး ရှာဖွေမှုပမာဏက မြင့်တက်လာသည်။  ယဲ့ဆွေရဲ့ အသွင်အပြင်ကို လူတိုင်းက ဆွေးနွေးနေကြသည်။

 

 

ပြီးတော့ အင်တာနက်အသုံးပြုသူတွေက ချက်ချင်းစစ်တမ်းကောက်ယူခဲ့သည် - ဒီညကော်ဇောနီမှာ ဘယ်သူကအလှဆုံးလဲ?

 

 

လှပသောအသွင်အပြင်နှင့် စပ်လျဉ်း၍ ဖိန်နင်က အမြဲတမ်း ပထမနေရာတွင်ရှိသည်။  ဒီတစ်ကြိမ်မှာတော့ အင်တာနက်အသုံးပြုသူတွေက ယဲ့ဆွေကို ပထမဆုံးအကြိမ်ဖော်ပြခဲ့ကြသည်။ ယဲ့ဆွေက ဒီမှာည တောက်ပပြီး အရောင်စုံတဲ့ စတိုင်နဲ့ အဲ့တာကတကယ်ကို အထင်ကြီးစရာကောင်းခဲ့သည်။

 

 

ဖိန်နင်မှာ အရမ်းအေးစက်တဲ့ အလှရှိသည်။  သို့သော်မျက်နှာအသွင်အပြင်များနှင့် စိတ်ထားများက  ယဲ့ဆွေ ထက် အနည်းငယ်ပိုဆိုးသည်။

 

 

ယဲ့ဆွေမှာ anti -ဖန်တွေအများကြီးရှိခဲ့ပေမယ့် အဲ့ဒီ့ညမှာတော့ ယဲ့ဆွေက အလှဆုံးလူလို့ ထင်ခဲ့ကြသည်။  ရှုထောင့်တိုင်းမှာ ယဲ့ဆွေရဲ့ဓာတ်ပုံကို တစ်ဖက်ပိတ်မပါဘဲ ၃၆၀ ဒီဂရီပုံသွင်းထားပြီး HD မျက်နှာပြင်အောက်မှာတောင်မှ မျက်နှာက ပြီးပြည့်စုံနေဆဲပဲ။

 

 

ကော်ဇောနီပြီးတဲ့နောက်လူအများဟာ ယဲ့ဆွေရဲ့ ပရိတ်သတ်တွေအဖြစ် ပြောင်းသွားသည်။

 

 

ဖိန်နင်၏ ကြီးမြတ်သော ဟွားတန်၌ ပထမဆုံးအကြိမ် ပြသခဲ့သော စွမ်းဆောင်ရည်က အရမ်းလှသည်။ ဖိန်နင်ရဲ့ သရုပ်ဆောင်စွမ်းရည်က အနည်းငယ်အားနည်းပြီး သူမရဲ့စိတ်ချုပ်တည်းတာက အရမ်းမကောင်းသော်ငြားလည်း ထိုမျက်နှာကြောင့် သူမကဖျော်ဖြေရေးစက်ဝိုင်းထဲမှာ လျှောက်လှမ်းခွင့်ရခဲ့သည်။

 

 

ဒီနေ့ကတည်းက လူတိုင်းတွင် အကြံဥာဏ်ရှိကြသည်။ ဖိန်နင်က သူမရဲ့ခေါင်းစဥ်ကိုကြီးမြတ်တဲ့ အလှလေး အဖြစ်ခံယူခဲ့သည်။

 

 

<အိမ်ရှေ့စံမင်းသား> ကိုရိုက်ကူးပြီးတဲ့နောက် ယဲ့ဆွေက ရုပ်ရှင်စာချုပ်အသစ်ကို လက်ခံရရှိခြင်း မရှိသေးပေ။  ဤကာလအတွင်းမှာ သူမအနားယူရုံသာရှိသည်။

 

 

ရန်ကျဲက ယဲ့ဆွေရဲ့ စိတ်ကိုဖတ်နိုင်ပြီး အလိုမကျမှုကို စဉ်းစားခြင်းမှ တားဆီးနိုင်သည်။မိန်းကလေး၊ နင်အများကြီးမစားရဘူး၊ အရက်လည်းမသောက်ရဘူးနော်။ နင့်ရဲ့dietလုပ်တာကို အတတ်နိုင်ဆုံး ထိန်းချုပ်ရမယ်

 

 

အချို့သော သရုပ်ဆောင်များက ကွာဟချက်ကာလအတွင်း အနည်းငယ်အလိုလိုက်ကြပြီး ဇာတ်လမ်းတွဲအသစ်တစ်ခုရရှိလာတဲ့အခါ သူတို့ကလျင်မြန်စွာ ဝိတ်ချကြသည်။

 

 

သို့သော် အဲ့အချိန်အတွင်းမှာ ဝိတ်မကျတဲ့ သရုပ်ဆောင်များကိုလည်း ကင်မရာဖြင့် ဓာတ်ပုံရိုက်ကြသည်။အဲဒီအချိန်တုန်းက သတင်းက ကောင်းကင်တစ်ဝှမ်းလုံး ပျံသန်းသွားပြီး ခန္ဓာကိုယ်စီမံခန့်ခွဲမှုက မသင့်လျော်ဘူးလို့ပြောပြီး ကိုယ်ဝန်ဆောင်ထားတယ်လို့ သံသယရှိရင် ရှင်းလင်းဖို့ အချိန်အများကြီးယူရလိမ့်မည်။

 

 

ယဲ့ဆွေကို ရန်ကျဲက အမြဲတမ်းအနိုင်ကျင့်နေပြီး သူမကိုအကြိမ်ကြိမ် ပြစ်တင်ဆုံးမခဲ့သည်။  ရန်ကျဲက ယဲ့ဆွေအားအခါအားလျော်စွာ ကြီးကြပ်ဖို့ ရှောင်လျှို့ကိုလည်း တောင်းဆိုခဲ့သည်။

 

 

ယဲ့ဆွေက အစားကောင်းစားရဖို့ သူမရဲ့မူလအစီအစဉ်ကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။  နောက်ထပ်အကောင်းဆုံးကတော့ အွန်လိုင်းပေါ်မှာ သရက်သီးသေတ္တာကို မှာယူလိုက်တာပါပဲ။

 

 

ညရှစ်နာရီ ချန်ရှု့ အိမ်ပြန်လာတဲ့အချိန်မှာ သူကအိမ်ထဲမှာ သင့်ပျံ့နေတဲ့ရနံ့ကို ရှူမိလိုက်သည်။  သရက်သီးအနံ့ကို မကြာခင်မှာ သူအသိအမှတ်ပြုမိခဲ့သည်။

 

 

ဧည့်ခန်းထဲမှာ အလင်းရောင်ရှိနေသည်။ ချန်ရှု့ ဧည့်ခန်းကိုကြည့်လိုက်တော့ ယဲ့ဆွေက အဲ့ဒီ့မှာမရှိနေဘူး။

 

 

ချန်ရှု့က သူ့ရဲ့ဖိနပ်ကိုလဲပြီး ဝင်လာသောအခါ ယဲ့ဆွေက သရက်သီးထည့်လာတဲ့ ပန်းကန်လုံးကြီးကိုင်ပြီး မီးဖိုခန်းထဲမှ ထွက်လာသည်။

 

 

ချန်ရှု့၊ ရက်အတော်ကြာ ကျွန်မတို့စားနိုင်လောက်တဲ့ သရက်သီးတစ်သေတ္တာကို ကျွန်မဝယ်ခဲ့တယ်ယဲ့ဆွေက မီးဖိုချောင်တွင် သရက်သီးများကို လှီးဖို့အာရုံစိုက်ခဲ့သည်။ ထို့နောက်မှ သူမက ချန်ရှု့ အိမ်သို့ ရောက်နေကြောင်းကို သတိပြုမိသည်။

 

 

တစ်ယောက်တည်းစားရတာက အရမ်းအထီးကျန်ပြီး တစ်ယောက်ယောက်နဲ့ အတူတွဲစားတာကပိုကောင်းသည်။

 

 

ယဲ့ဆွေရဲ့ တောက်ပသော မျက်လုံးများကိုကြည့်ခြင်းအားဖြင့် ချန်ရှု့ငြင်းပယ်ဖို့ နေရာမရှိပေ။ သူကဆိုဖာဆီသွားပြီး ထိုင်ဖို့သာလုပ်နိုင်တော့သည်။

 

 

ယဲ့ဆွေရဲ့ အသီးလှီးတဲ့ အဆင့်မှာ အတော်လေးကျွမ်းကျင်သည်။ သရက်သီးကို သူမကအစိတ်လေးတွေလှီးထားသည်။ အားလုံးက အရွယ်အတူတူတွေပဲ။ ယဲ့ဆွေက ချန်ရှု့သုံးဖို့အတွက်လည်း ခက်ရင်းကိုထားပေးထားသည်။

 

 

ကျွန်မအခုပဲ အရသာမြည်းထားတယ်။ အရမ်းချိုတာပဲ လို့ယဲ့ဆွေက  ပျော်ရွှင်စွာပြောခဲ့သည်။

 

 

ချန်ရှု့က ရှစ်နာရီနောက်ပိုင်းတွင် ဘာမှမစားတော့ပေမယ့် ယဲ့ဆွေ အရသာရှိရှိစားနေတဲ့ အမူအရာကို မြင်လိုက်ရတော့ မသိစိတ်နဲ့ သရက်သီးစိတ်ကို ယူလိုက်သည်။

 

 

ဒါပေမဲ့မကြာခင်မှာပဲ ချန်ရှု့က သူမတစ်ခုခုမှားနေကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ယဲ့ဆွေက  ရပ်တန့်လိုက်ပြီး သူမရဲ့ရင်ဘတ်ကို ရုတ်တရက် ဖုံးအုပ်လိုက်ပြီး သူမအသက်ရှူတာက အရမ်းမြန်လာသည်။

 

 

ချန်ရှု့က မျက်မှောင်ကြုတ်ပြီး ချက်ချင်းပဲ ယဲ့ဆွေရဲ့လက်မောင်းကိုကိုင်ပြီး သူမရဲ့တုန့်ပြန်မှုကို စစ်ဆေးဖို့ရှေ့ကိုတိုးလိုက်သည်။

 

 

မင်းနေလို့မကောင်းဘူးလား?”

 

 

ယဲ့ဆွေက ဘာတွေဖြစ်နေတယ်ဆိုတာကို မသိပေမယ့် သူမရဲ့နှုတ်ခမ်းက ဖူးရောင်လာပြီး အသက်ရှူရတာက ခက်ခဲလာတယ်လို့ ခံစားနေရသည်။ အရင်က ယဲ့ဆွေက သရက်သီးနဲ့ မတည့်တာ မဖြစ်ပေမယ့် မူလခန္ဓာကိုယ်ပိုင်ရှင်မှာတော့ မတူဘူးဆိုတာကို ယဲ့ဆွေရုတ်တရက်ကြီး သတိရလာသည်။ 

 

 

ယဲ့ဆွေရဲ့ မှတ်ဉာဏ်တွင် မူပိုင်ရှင်က သရက်သီးနဲ့ မတည့်တာမျိုး ဖြစ်တာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ မူလပိုင်ရှင်က သရက်သီး စားဖို့ကခက်ခဲတယ်လို့ထင်ပြီး  မျက်နှာနဲ့လက်များကို  စွန်းထင်းစေတာကြောင့် သူမဘယ်တော့မှမစားခဲ့ပေ။

 

 

မူလပိုင်ရှင်က သရက်သီးကိုစားပြီးနောက် ပြင်းထန်တဲ့ ဓာတ်မတည့်မှု တုံ့ပြန်ခြင်း ရှိလိမ့်မည်ဆိုတာကို ယဲ့ဆွေသိလိုက်ရသည်။

 

 

ယဲ့ဆွေ စကားပြောချင်ပေမယ့် သူမရဲ့လည်ချောင်းရောင်ရမ်းတာက သူမကိုစကားမပြောနိုင်အောင် ပြုလုပ်နေသည်။ သူမကစားပွဲပေါ်ရှိ သရက်သီးကိုသာ လက်ညှိုးထိုးပြီး ချန်ရှု့အား ပြခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေ ဆိုလိုချင်တာကို ချက်ချင်းသဘောပေါက်ခဲ့သည် -“ မင်းက သရက်သီးနဲ့ မတည့်ဘူးလား? ”  ချန်ရှု့ရဲ့ အသံကပထမဆုံးအကြိမ် လေးနက်နေခဲ့ပြီး သူအရမ်းစိတ်ရှုပ်ထွေးနေခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ မေးခွန်းကိုမဖြေနိုင်ခဲ့ပေ။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ပြင်းထန်တဲ့ ဓာတ်မတည့်မှုကြောင့် သူမရဲ့သတိက အနည်းငယ်မှုန်ဝါးနေသည်။

 

 

ချန်ရှု့က သူ့ရဲ့ကုတ်အင်္ကျီနှင့် သူမရဲ့မျက်နှာကို ဖုံးအုပ်လိုက်တာကို သူမဝိုးတိုးဝါးတားမြင်နေရသည်။ ယဲ့ဆွေရဲ့ပုံရိပ်ကို သတိထားတာ ဖြစ်နိုင်သည်။ ဒါကြောင့် သူမကို ဒုက္ခမရောက်စေချင်ဘူး။

 

 

ချန်ရှု့က ကျစ်လစ်သွယ်လျတော့ သူ့ရဲ့ကုတ်အင်္ကျီက ယဲ့ဆွေရဲ့ ခန္ဓာကိုယ်ကို  ဖုံးအုပ်လုနီးပါးဖြစ်နေသည်။

 

 

သူမရဲ့သတိက ပျောက်ကွယ်လုနီးပါးရောက်သောအခါ ယဲ့ဆွေက အပေါ်မှ အလင်းရောင်ကိုတွေ့ရပြီး နာရီက တိတ်ဆိတ်စွာသွားနေသည်။  ချန်ရှု့ ရဲ့အသံက သူမရဲ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။

 

 

မကြောက်နဲ့နော်။ ကိုယ်မင်းကို ဆေးရုံခေါ်သွားပေးမယ်