လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၂၆ - လှည့်စားခြင်း
ချန်းယင်ရဲ့ မျက်နှာက အချိန်ကြာမြင့်စွာ ပြန်လည်နာလန်မထနိုင်သည့်အပြင် ဘာကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတာကိုလည်း သူမ မသိခဲ့ပေ။ ထိုညတွင် ချန်းရှို့ လက်ဆောင်အဖြစ်ပေးခဲ့သော ပန်းအိုးမှအနက်ရောင် အရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
ရှေးဟောင်းပန်းအိုးသည် သူမကို အရင်ထဲက ဆွဲဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူမသည် လူမှုရေးဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး အလွန်အကျွံရှိပြီး မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းရှိသည်။ သူမအား မည်သူ့ကို မြင်စေလိုပါက မည်သူမဆိုသူ့ကို မြင်တွေ့နိုင်သည်။
ရှေးဟောင်းပန်းအိုးတစ်ခုက ချန်းယင်ကို တမင်တကာကြောက်လန့်တုန်လှုပ်စေကာ“ နင့်ကိုငါရုပ်ဆိုးစေတယ်ဆိုတာမင်းသိရဲ့လား။ ငါကြည့်ကောင်းတဲ့သူကိုမကြိုက်ဘူး၊ ဒါကြောင့် နင့်ဘ၀တစ်လျှောက်လုံးမှာရွံစရာကောင်းနေမှာ။ ”လို့ ပြောခဲ့သည်။
စောင့်ကြည့်နေတဲ့ ချန်းယင်က ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
ချန်းယင်ရဲ့ မိခင်ရောက်လာသောအခါ သရဲက ပန်းအိုးထဲကို ပြန်ဝင်သွားသည်။ သူမ မည်မျှပင် ဆက်သွယ်ပါစေ ထပ်မံ ပေါ်ထွက်လာခြင်းမရှိပါ။
ရှေးဟောင်းပန်းအိုးသရဲသည် ချန်းယင်ကို လှည့်စားလိုသောကြောင့် နောက်ပိုင်းတွင် ချန်းယင်က တစ်ယောက်ယောက်ကို ခေါ်သည့်အခါ သူမပျောက်ကွယ်သွားလိမ့်မည်။ ထိုသူထွက်ခွာသောအခါ သူလည်းထွက်လာလိမ့်မည်။
ဤအချိန်တစ်လျှောက်လုံးတွင် ချန်းယင်ရဲ့ မိခင်က ချန်းယင်တွင် တွေဝေမိန့်မောနေခြင်း ဖြစ်နေတယ်လို့ သံသယရှိခဲ့သည်။ သူမရဲ့အပြုအမူကို စိတ်ပျက်လက်ပျက်နဲ့ “ သမီးနေမကောင်းဖြစ်နေပြီ။ အိပ်ချိန်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူ။ သမီး မျက်နှာလည်း အချိန်မရွေးကောင်းလာမှာပါ " လို့ ပူပန်သောကဖြစ်စွာ ပြောခဲ့သည်။
ချန်းယင်က သူမရဲ့မျက်နှာကို ဂရုစိုက်တယ်လို့ သူမထင်ခဲ့သလို ချန်းယင်ရဲ့ထင်ယောင်ထင်မှားတွေကလည်း ဒီပြသနာကြောင့် ဖြစ်ရတာလို့ သံသယဖြစ်ခဲ့သည်။
ဤအချိန်အတောအတွင်းမှာ ချန်းယင်က မည်သည့်ပွဲတွင်မဆို ပါဝင်ခဲ့ဖူးပြီး ရံဖန်ရံခါ ခရီးစဉ်တွင် သူမသည် ဦးထုပ်ထူထူနှင့် mask တပ်ထားရသည်။
ဒါပေမယ့် ချန်းယင် မြင်တွေ့ခဲ့တဲ့နေရာတွေကို ကြည့်လိုက်ရင် သူမရဲ့အသွင်အပြင်က အရင်အတိုင်း မမျှတဘူးလို့ ဘယ်သူမဆိုပြောနိုင်သည့။ တစ်နည်းပြောရရင် ချန်းယင်က အရင်ကနဲ့မတူတော့ဘူး။
ချန်းယင်က ပါပါရာဇီ တွေရဲ့ သတင်းကြောင့် ကျော်ကြားသည့် ခေါင်းစဉ်တစ်ခုဖြစ်လာခဲ့သည်။ သူမရဲ့ နာမည်ကြီးနေရာကလည်း စိတ်ပူစရာဖြစ်ခဲ့သည်။ ချန်းယင်က ပန်းပွင့်လေးများထက် နိမ့်ကျနိုင်တယ်ဘို့ ကောလာဟလများ ပျံ့နှံ့နေသည်။ သူမအလွန်စိတ်ဆိုးသဖြင့် အိမ်ကိုသာ ပြန်သွားလိုက်သည်။
(T / N - နာမည်ကြီးနေရာ ကို ဝေ့ပေါ်, ထောင်ပေါင်, ပ်ုင်သုနှင့် ဝီချက်စ် မှအချက်အလက်များကို အသုံးပြု၍ တွက်ချက်သည်။)
ယဲ့ဆွေလည်း ဒီကောလာဟလတွေကို ကြားခဲ့သည်။ ချန်းယင်က ဖျားနာပုံမပေါ်ပေမယ့် နတ်ဆိုးစွဲနေတဲ့ပုံပေါက်နေသည်။ သူမ မှန်းဆနေတာဖြစ်ပြီး သက်သေမပြနိုင်ပေ။
ယဲ့ဆွေရဲ့ ဓာတ်မတည့်မှုတုံ့ပြန်မှု အဖြစ်အပျက်ကတည်းက အခြားသူတစ်ဦး၏ အကြံပေးချက်အရ သူမ၏အစားအစာသည် ဒီရက်အတွင်မှာ အလွန်ပေါ့ပါးသည်။
သူမများများစားချင်တဲ့ အချိန်တိုင်းမှာ အေးစက်ပြီး ခြိမ်းခြောက်တဲ့ တောက်ပမှုက အမြဲကြည့်နေလိမ့်မည် - ချန်ရှု့ရဲ့ နွေးထွေးပြီး နူးညံ့သိမ်မွေ့တဲ့အကြည့်နဲ့။
ယဲ့ဆွေလည်း သူမခေါင်းကို ငုံ့ကာ နာခံလိုက်ရပြီး ဆန်ပြုတ်ကိုသာ ဆက်ပြီးစားခဲ့ရသည်။
ယဲ့ဆွေက မကောင်းသော သတင်းများသိသောအခါ သူမ၏အစာအာဟာရမှ သက်သာခြင်းမရှိသေးတာပဲ ချန်ရှု့က အလုပ်ရှိတာကြောင့် အိမ်မှထွက်သွားချိန်ဖြစ်သည်။ ဆိုလိုသည်မှာ သူမသည်အိမ်တွင်တစ်ယောက်တည်းနေရမည်ဖြစ်သည်။
သူမသည် ထိုသရဲများနှင့်တစ်ဦးတည်း ရင်ဆိုင်ရလိမ့်မည်! ယဲ့ဆွေရဲ့ ခေါင်းထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ပုံရိပ်များစွာက သူမ၏စိတ်ဆင်းရဲဖွယ်ဘဝကို မြင်ယောင်ပြီးဖြစ်သည်။
ယဲ့ဆွေက တစ်စုံတစ်ခုကို ချက်ချင်းပင်စဉ်းစားခဲ့သည်။ အချို့သော မကောင်းဆိုးဝါးနှင် အဆောင်များကို ဝယ်ပြီး အခန်းထဲတွင် ကပ်ထားပါက မည်မျှပင်ဆိုးရွားစေကာမူ သူမကိုသူမ အကာအရံအဖြစ် အသုံးပြုနိုင်သည်။
ယဲ့ဆွေက အာရုံပျံ့နေတာကိုမြင်တဲ့ ချန်ရှု့က " မင်းကြောက်လို့လား? "လို့မေးခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ကို သူမအုပ်ထိန်းသူ ကောင်းကင်တမန်ကို ကြည့်နေသလို ကြည့်လိုက်သည်။ ချန်ရှု့က မထွက်သွားခင်မှာ သူမနဲ့အတူ အချိန်များများနေပေးပြီး ယန်းစွမ်းအင်ကို တတ်နိုင်သမျှ စုပ်ယူခွင့်ပေးခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ကို စိတ်အားထက်သန်စွာကြည့်ပြီး ထုတ်ဖော်ပြောဆိုခဲ့သည်။ “ ကျွန်မ တာအိုဘုရားကျောင်းကို သွားမှာ။ ကျွန်မ ဒီနေ့ ကံကောင်းမှာဆိုတာ မေးချင်လို့။ ရှင်ကျွန်မနဲ့အတူ လိုက်မလား?” ချန်ရှု့က သူမနဲ့လိုက်လျောညီထွေဖြစ်အောင် ကြိုးစားမယ်ဆိုရင် ပိုပြီးထိရောက်လိမ့်မည်။
ချန်ရှု့ကလည်း မငြင်းပယ်ခဲ့ပေ။ "ကောင်းပြီ။ "
သူတို့နှစ်ဦးက မကြာခင်မှာ ထွက်သွားကြပြီး ယဲ့ဆွေက သူမကိုလူကြိုက်များခြင်း မရှိသော်လည်း သူမရဲ့ anti-ဖန်များကြောင့် လူအများက သူမကို လမ်းပေါ်တွင် သတိပြုမိနေဆဲဖြစ်သည်။
ချန်ရှု့နဲ့ ယဲ့ဆွေတို့က အနည်းငယ်သာဝေးတဲ့ တာအို ဘုရားကျောင်းကို လမ်းလျှောက်သွားကြသည်။ လမ်းပေါ်ရှိလမ်းတံတားတစ်ခုကိုဖြတ်သွားစဉ် တာအို အဝတ်အစားများ ဝတ်ဆင်ထားသောလူတစ်ယောက်ကိုသတိပြုမိပြီး ဗေဒင်ဟောခြင်းများကိုပြုလုပ်သော တာအိုဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။
တာအို ဘုန်းကြီးက သာမန်လူများနှင့်ကွဲပြားသည်။ သူသည်မျက်လုံးတစ်ဖက်က ကန်းနေပြီး မျက်ကာနဲ့အုပ်ထားကာ၊ မုတ်ဆိတ်ရှည်ရှည်နှင့် သူ၏ပုံပန်းသဏ္ဠာန်သည် ပညာရှိနှင့်တူသည်။
သူ့ဘေးတွင်တော့ အောက်ဖော်ပြပါစာတန်းများရှိသည်။ ၎င်းသည် 'အလုပ်မလုပ်လျှင် ငွေမရှိပါ။' ဟူ၍ဖြစ်သည်။
ယဲ့ဆွေ သူမမျက်လုံးကို မှိတ်ကာ ထွက်သွားတော့မယ့်အချိန်တွင် လမ်းမပေါ်က တာအို ဘုန်းတော်ကြီးရဲ့ အသံတစ်ခုထွက်လာသည်။ " မိန်းကလေး ကျေးဇူးပြုပြီး နေပါဦး "
ယဲ့ဆွေ ပတ်ပတ်လည်ကို ကြည့်လိုက်ချိန်တွင် ချန်ရှု့မှလွဲပြီး အခြားသူမရှိပေ။ သူမကလက်ကို မြှောက်ပြီး“ ကျွန်မလား?” လို့ ကိုယ့်ကိုယ်ကို ထောက်ပြလိုက်သည်။
“ ဟုတ်ပါတယ်၊ မိန်းကလေး။ မင်းပါ”လို့ တာအို ဘုန်းတော်ကြီးက အေးဆေးစွာဖြေလိုက်သည်။ ‘ဒီလမ်းတစ်လျှောက်လုံးမှာ အဆင်ပြေတဲ့သူတွေကို လှည့်စားဖို့လွယ်ကူတယ်၊ ပြောရမယ်ဆိုရင် မင်းလိုပေါ့ '
ယဲ့ဆွေ ကောင်းကင်ကိုကြည့်လိုက်သည်။ အဆောင်သွားယူဖို့က စောလွန်းနေသေးသည်။ ယဲ့ဆွေက ချန်ရှု့ ကိုကြည့်လိုက်ပြီး မေးလိုက်သည်။"ကျွန်မတို့ သွားကြည့်သင့်လား?"
အဲ့တာက ဒီအတိုင်းပြောလိုက်တာပါပဲ။
ယဲ့ဆွေက တာအို ဘုန်းတော်ကြီးရှေ့တွင်ထိုင်နေစဥ်မှာ ချန်ရှု့က သူမအနားမှာထိုင်နေသည်။ ဘုန်းတော်ကြီးက “ မင်းတို့နှစ်ယောက်စလုံးရဲ့ ကံကြမ္မာက တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့ ကံကောင်းတယ်လို့ သိရတယ်”
ကြင်နာတတ်တဲ့ စကားတွေကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ?
အမျိုးသမီးက maskနှင့် မျက်နှာအများစုကို ဖုံးအုပ်ထားပေမယ့်လည်း သူမက လှနေမှာအမှန်ပင်ဖြစ်သည်။ ထိုအမျိုးသားသည်လည်း ချောမောတဲ့သူဖြစ်ပြီး ယခင်က ဒီလိုချောမောလှပတဲ့ စုံတွဲမျိုးကို တစ်ခါမှမတွေ့ဖူးပေ။
တာအို ဘုန်းတော်ကြီးက ယဲ့ဆွေကိုအရင်ကြည့်ပြီး စကားကို ထူးဆန်းစွာ မပြောခင်မှာ ချန်ရှု့ကိုကြည့်ပြီး“မင်းတို့နှစ်ယောက် အရင်က လက်ထပ်ထားပြီးပြီဆိုတာကို သိကြလား?”
စုံတွဲငယ်လေးတွေက ဒီလုပ်ရိုးလုပ်စဉ်ကို အမြဲတမ်းကြိုက်နှစ်သက်ကြသည်။ ဒါကြောင့် ဒီလှည့်ကွက်က အသုံးဝင်လိမ့်မည်။
ယဲ့ဆွေရဲ့ မျက်လုံးက ကျယ်လာသည်။‘ရှင်က အီးပေါလောပဲ၊ ကျွန်မရဲ့ဝိညာဉ်က ကူးပြောင်းလာခဲ့တာ! ပြီးတော့ ရှင်က အရင်က လက်ထပ်ထားတယ်ဆိုတာကို ကျွန်မကိုလာပြောနေသေးတယ်? လူလိမ်! ရှင်က အလွန်အမင်း လှည့်စားနေတာပဲ! ငါမယုံဘူး!’
ယဲ့ဆွေက မတ်တပ်ရပ်လိုက်ပြီး တိုက်ရိုက်ပဲ ထွက်သွားချင်ခဲ့သည်။
သူပါးစပ်ကိုဖွင့်တဲ့အချိန်မှာ သူကမွှေတယ်ဆိုတာကို တာအို ဘုန်းတော်ကြီးက သိသည်။ သူအဲ့တာကို မတက်နိုင်ဘူး။ ပြီးတော့ သူ့ရဲ့ရွှေ့မည့်အကွက်ကို ထုတ်လိုက်သည်။ “ မိန်းကလေး ခဏလေးပါ။ မင်းမသွားခင် ဒီစာကြောင်းကို နားထောင်ပေးလို့ရမလား?”
ယဲ့ဆွေက ချန်ရှု့အား သူ့ရဲ့ထင်မြင်ချက်ကို မေးမြန်းဖို့ ကြည့်လိုက်သည်။ ချန်ရှု့က မျက်ခုံးကိုပင့်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ မင်းနားထောင်ချင်ရင် နားထောင်လေ ” တကယ်လို့ သူမ နားမထောင်ချင်ဘူးဆိုရင် ထွက်သွားလို့ရသည်။
ယဲ့ဆွေ ထွက်သွားချင်ပေမယ့် ထိုင်ခဲ့သည်။ သူမက ထိုလူပြောတဲ့စကားကို နားထောင်ချင်သည်။“ပြီးတော့ကော?”
တာအို ဘုန်းတော်ကြီးက မျက်လုံးကိုဖွင့်ကာ သူ့ရဲ့မုတ်ဆိတ်မွှေးကို ကိုင်ပြီး ကြီးကျယ်ဟန် ဟန်ဆောင်ခဲ့သည်။ “ မင်းတို့နှစ်ယောက်က အတိတ်ဘဝမှာ အဆင့်အတန်းမြင့်မားတယ်”
ယဲ့ဆွေက မေးခွန်း ထုတ်လိုက်သည်။ “ အဆင့်အတန်း မြင့်မားတာလား? ဘယ်လောက်မြင့်တာလဲ? ကျွန်မက မင်းသမီးလား ဒါမှမဟုတ် အရာရှိတစ်ယောက်ရဲ့ အမျိုးသမီးလား? ဘာကြောင့် ကျွန်မကို အသိဉာဏ်ပွင့်အောင် မလုပ်ပေးတာလဲ?”
တာအို ဘုန်းတော်ကြီးက မိုးကောင်းကင်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းကို ထုတ်ဖော်ပြောပြ၍မရနိုင်သကဲ့သို့ သူ့ရဲ့လက်များကို အလျင်အမြန် ညွှန်ပြလိုက်သည်။ “ပြောပြလို့မရဘူး။ အရမ်းအသေးစိတ်ရှင်းပြလိုက်မယ်ဆိုရင် ကျွန်ုပ်ရဲ့အသက်ဆုံးရှုံးရမှာကိုကြောက်တယ် ”
“တစ်ချိန်က ကျွန်ုပ်များများစားစားထုတ်ဖော်ပြခဲ့လို့ မိုးကောင်းကင်က ကျွန်ုပ်ရဲ့မျက်လုံးတွေကို ကန်းသွားအောင်လုပ်ခဲ့တာ”သူ့ရဲ့မျက်လုံးအကာက မျက်ကန်းဖြစ်တာပေါ်လာဖို့ ဖုံးကွယ်ထားတာကို သူဝန်ခံလိမ့်မည်မဟုတ်ပေ။ သူဟာပူပြင်းတဲ့နေ့တွေမှာ မျက်လုံးအကာကို ဝတ်ဆင်ထားတာကြောင့် မိတ်တွေကို ခံစားရခါနီးနီးဖြစ်ခဲ့သည်။
ယဲ့ဆွေက စိတ်ထဲကနေ လှောင်ပြောင်နေခဲ့သည်။ ‘လူလိမ်! ရှင်ကဆက်ပြီးတော့ လုပ်ဇာတ်ခင်းနေသေးတာပဲ”
တာအို ဘုန်းတော်ကြီးက ဆက်ပြောလိုက်သည် -“ မင်းက အရင်ဘဝမှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်၊ အတူတူနေရဖို့ ခက်ခဲခဲ့တယ်။ ဒီဘ၀မှာလည်း အခက်အခဲတွေကို ကျော်လွှားဖို့ ကျွမ်းကျင်သူရဲ့ အကြံဥာဏ်တချို့ကိုလိုအပ်နေတယ် ”
စကားလုံးတွေရဲ့ အဓိပ္ပာယ်မှာ အရည်အချင်းရှိတဲ့လူတစ်ယောက်က သူတို့ရှေ့တွင်ရှိပြီး အကြံဥာဏ်တစ်ချို့ရယူဖို့အတွက် သူ့ကိုပေးသင့်သည်။
ယဲ့ဆွေက ပွင့်ပွင့်လင်းလင်းပြန်ပြောခဲ့သည်။ “ ဒါပေမယ့် ကျွန်မက ကိုယ်တိုင်လုပ်ရတာကိုပဲ ကြိုက်တယ်။ ကျွန်မဆီမှာ ဒုက္ခများလေလေ စိန်ခေါ်မှုတွေကို ကျွန်မခံစားရမယ်။ လမ်းကြောင်းမှာ အတားအဆီးမရှိဘူးဆိုရင် ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်နိုင်ဖို့က အရမ်းရိုးရှင်းလွန်းတယ်။ ဒါဆို စိတ်ဝင်စားစရာမကောင်းတော့ဘူးပေါ့ ”
တာအို ဘုန်းတော်ကြီးက ငြင်းဆိုလို့မရနိုင်တော့ပေ။ “ …......”
ချန်ရှု့က ဒီစကားပြောဆိုမှုကနေ စိတ်ဝင်စားစရာကို တွေ့ရှိခဲ့သည်။ သူက အသံမထွက်ဘဲ ဆက်ပြီးပွဲကြည့်ပရိသတ်လုပ်ခဲ့သည်။
တာအို ဘုန်းတော်ကြီး ရဲ့ အစီအစဉ်က ကျရှုံးသွားခဲ့သည်။ ဒါကြောင့် သူကအခြားအကွက်ကို ပြောင်းရွှေ့ဖို့လုပ်ခဲ့သည်။ သူကသူ့ရဲ့လက်တွေကို ယှက်ထားပြီး မျက်လုံးကိုပိတ်ကာ ခေါင်းကိုခါခဲ့သည်။ “ဒါကမကောင်းဘူး၊ ဒါကလုံးဝမကောင်းဘူး”
တာအို ဘုန်းတော်ကြီး - “ မင်းက နဂါးနဂါးကြယ်ရဲ့ လှုပ်ရှားမှုကို မကြာခင်က မြင်ဖူးပြီးပြီလို့ ဘုရားသခင် ကပြောတယ်။ ဒါကြောင့်မင်းရဲ့ခံစားချက်တွေကို ဟန့်တားပေးနိုင်တဲ့အရာတွေကို တွေ့ကြုံခံစားရလိမ့်မယ် ”
ယဲ့ဆွေ သူမရဲ့နှုတ်ခမ်းကိုတွန့်လိုက်သည်။ဆက်ဆံရေး အခက်အခဲအချို့နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူကပြောခဲ့သည်။ သူမ ဒေါသထွက်လာပြီး သူမဘေးမှာ ထိုင်နေတဲ့ ချန်ရှု့ကိုညွှန်ပြလိုက်သည်။
“ ကျွန်မမှာ ယောကျ်ားရှိပြီးသားပဲ။ နဂါးနီကြယ်က ဘယ်လိုရွေ့လျားနေဦးမှာလဲ? ကျွန်မက လက်ထပ်ပြီးပြီ ကျွန်မရဲ့ ဆက်ဆံရေးက ကောင်းနေတယ်။ ဒါကြောင့် အဲ့ဒီ့အကြောင်းကို စိုးရိမ်ပူပန်နေဖို့ ဘယ်သူ့ကိုမှလဲ မလိုအပ်ဘူး”
“ ကျွန်မယောကျ်ား ” ဆိုတဲ့စကားလုံးကို ကြားရတဲ့အခါမှာ ချန်ရှု့က ယဲ့ဆွေကို ကြည့်လိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက တဖြည်းဖြည်း နက်ရှိုင်းလာပြီး နားမလည်နိုင်လောက်အောင် ဖြစ်လာခဲ့သည်။
ထို့နောက် တာအို ဘုန်းတော်ကြီးက စကားတစ်ခွန်းပြောတိုင်း ယဲ့ဆွေကလည်း စကားတစ်ခွန်းကိုပြန်ပြောပြီး သူ့ရဲ့လိမ်ညာလှည့်စားနေတဲ့ အပြင်ပန်းသွင်ပြင်ကို ဆက်၍ဖြိုဖျက်ခဲ့သည်။ တာအို ဘုန်းတော်ကြီးလည်း ပိုပြီးတော့ အရှက်ရစရာဖြစ်လာခဲ့သည်။ သူက ယဲ့ဆွေကို ရပ်တန့်သွားဖို့အတွက် မျှော်လင့်ရင်း ချန်ရှု့ကို ကူညီပေးဖို့ ကြည့်လိုက်သည်။
ချန်ရှု့က ဘယ်သူ့ကိုမှ မကြည့်နေဘဲ ယဲ့ဆွေကိုသာကြည့်နေခဲ့သည်။ သူကကြော့ကြော့မော့မော့နဲ့ လူကြီးလူကောင်းတစ်ယောက်လို ယဥ်ယဥ်ကျေးကျေးနဲ့ ရင်ဘတ်မှာလက်တွေကိုထားပြီး တိတ်ဆိတ်စွာထိုင်နေသည်။
သို့သော် ဤတစ်ကြိမ်တွင် ယဲ့ဆွေက တာအို ဘုန်းတော်ကြီးကို အယူသီးသူအဖြစ်မှတ်ယူခဲ့သည်။ ချန်ရှု့မှာ လုံးဝစကားပြောဆိုရဖို့ မရည်ရွယ်ခဲ့ပေ။ သူရဲ့နှုတ်ခမ်းထောင့်က အနည်းငယ်စောင်းပြီး ရေးရေးလေးပြုံးလိုက်သည်။
ယဲ့ဆွေ ဘာပဲလုပ်လုပ် ကိစ္စမရှိဘဲ၊ သူကသူမကိုအလိုလိုက်မယ်လို့ ထင်ရသည်။
တာအို ဘုန်းတော်ကြီးက ရှုံးနိမ့်ပြီးရင်းရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့မျက်နှာမှာ မကျေမနပ်ဖြစ်လာခဲ့သည်။‘ကျွန်ုပ်ကို ခဏအနားပေးပါ။ ကျွန်ုပ် မလိုချင်တော့ဘူးဆို။ ဒီစီးပွားရေးကို ကျွန်ုပ်မလိုချင်တော့ဘူး။’
ယဲ့ဆွေက လန်းဆန်းမှုကို ခံစားခဲ့ရပြီးသက်ပြင်းချကာ ထွက်သွားခဲ့သည်။ ချန်ရှု့ မထွက်ခွာမီ သူမတ်တပ်ရပ်ပြီး စားပွဲခုံဆီသို့လမ်းလျှောက်သွားကာ သူ့မျက်လုံးကိုမှေးလိုက်ပြီး “ ဒါကပုံပြင်ကောင်းတစ်ပုဒ်ပဲ”လို့ပြောလိုက်သည်။
“ဒါပေမယ့် ...... ဒါကအတုအယောင်ပဲ”
ဒါပေမယ့် ယခင်လက်ထပ်ထိမ်းမြားမှု၊ နဂါးနီကြယ်၊ ဤစကားများက ချန်ရှု့အတွက် အလွန်နှစ်သက်စရာဖြစ်နေသည်။ သူကလက်ကိုဆန့်ပြီး စားပွဲခုံပေါ်ကို ပိုက်ဆံတစ်ချို့ တင်ခဲ့လိုက်သည်။
ချန်ရှု့က ပိုက်ဆံကိုတင်ပြီးတော့ ထွက်သွားခဲ့သည်။ လေထဲကနေ အရေးမစိုက်တဲ့လေသံ ထွက်လာတာနဲ့အမျှ သူ့ရဲ့ရှည်လျားတဲ့နောက်ကျောက လျစ်လျူရှုခံခဲ့ရသည်။ “ဒီငွေက မင်းအတွက် ရေတချို့ဝယ်လို့ရမယ်လို့ထင်တယ်”
မီးတောက်အဖြစ်သို့ ပေါက်ကွဲထွက်လုနီးပါးဖြစ်နေပြီး ရေငတ်နေတဲ့ တာအို ဘုန်းတော်ကြီးက အမြတ်အစွန်းဖြင့် ရုတ်တရက်ကြီး ခေါင်းကို ပုတ်လိုက်သည် ယ!
သူကငွေကိုကောက်ယူ၍ ရေတွက်လိုက်သည်။ ထိုအမျိုးသားက အမှန်ပင်ချမ်းသာကြွယ်ဝသည်။ ဒါ၊ဒါက.... တစ်လအတွက် ဆိုင်ခန်းငယ်ထူထောင်လို့ရနိုင်တဲ့ များပြားတဲ့ပိုက်ဆံပဲ!
ချန်ရှု့နှင့် ယဲ့ဆွေတို့က ရှေ့တည့်တည့်သို့ လမ်းလျှောက်သွားကာ တာအို ဘုရားရှိခိုးကျောင်းကိုသွားပြီး အဆောင် ကိုတောင်းခဲ့သည်။ ယဲ့ဆွေက သောကကင်းဝေးခြင်းကို ခံစားရပြီး သူ့ရဲ့လက်ကိုတင်းတင်းဆုပ်ဆုပ်ကိုင်ထားလိုက်သည်။
ယဲ့ဆွေက ချန်ရှု့ကိုကြည့်လိုက်သည်။ မျက်နှာကျက်က အလွန်မြင့်မားကာ အလင်းကိုဆန့်ကျင်ပြီး သူ့ရဲ့နှာခေါင်းက ဖြောင့်တန်းကာ မေးစေ့က ရှင်းလင်းပြီး သူမရယ်တဲ့အချိန် သူ့ရဲ့နှုတ်ခမ်းများကို ပိတ်ထားသည်။
‘ ဒီလူကနည်းနည်းတော့ ချောသားပဲ’
ယဲ့ဆွေက မိန်းမောပြီး “ ရှင်ဘယ်လိုထင်လဲ? လူတွေမှာ အတိတ်ဘဝတွေရှိခဲ့တာလား?”လို့ မေးလိုက်သည်။ တာအို ဘုန်းတော်ကြီးကို သရော်လှောင်ပြောင်သူဖြစ်သော်လည်း ယဲ့ဆွေရဲ့ သိလိုစိတ်ကိုနှိုးဆွပေးခဲ့ပြီး အရာအားလုံးကို စဉ်းစားဖို့ သူမ မတက်နိုင်ခဲ့ပေ။
ချန်ရှု့က သူမကိုငုံ့ကြည့်လိုက်ပြီး သူမရဲ့ မျက်လုံးထဲသို့ ကြည့်လိုက်သည်။ ယဲ့ဆွေက maskတပ်ထား တဲ့အတွက်ကြောင့် လှပတဲ့မျက်လုံးတစ်စုံပဲ မြင်သာနေခဲ့သည်။ ထိုမျက်လုံးများက သူ့ရဲ့အဖြေကိုစောင့်ဆိုင်းရင်း စိတ်အားထက်သန်စွာ သူ့ကိုစိုက်ကြည့်နေသည်။
ချန်ရှု့ - “ မင်းသိချင်လို့လား?”
ယဲ့ဆွေက ခေါင်းညိတ်ပြလိုက်သည်။“ အင်း ”
ချန်ရှု့က ရုတ်တရက် ပြုံးလိုက်သည်။“ကိုယ်အဲ့တာကိုယုံမယ်လို့ ထင်နေတာလား?”
ယဲ့ဆွေ အဲ့အကြောင်းကို စဥ်းစားပြီး ခေါင်းခါလိုက်သည်။ ချန်ရှု့ရဲ့ ယန် စွမ်းအင်က အရမ်းကြွယ်ဝတာကြောင့် အတိတ်ဘဝတွေကို နေနေသာသာ သရဲကိုတောင် မယုံကြည်ဘူး။
ယဲ့ဆွေက လမ်းလျှောက်သွားပြီး သူမရဲ့ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။ “ကျွန်မလည်း အဲ့တာကို မယုံကြည်ဘူး။ အရင်ဘဝရှိခဲ့ရင်တောင် ဘဝတိုင်းမှာ စိတ်ရင်းမှန်နဲ့ နောင်တမရဘဲနေထိုင်ရမယ် ”
ယဲ့ဆွေ အဆောင်ကို တစ်ချိန်လုံးကိုင်နေတာကို ချန်ရှု့မြင်လိုက်တာကြောင့် သူက “မင်းကြောက်နေသေးတာလား?”လို့ မေးလိုက်သည်။
ယဲ့ဆွေက 'ဟုတ်တယ်၊ ကျွန်မကြောက်တယ်! အဲ့ဒါဘာဖြစ်လဲ?”လို့ အမှန်တကယ်ပြောချင်ခဲ့သည်။ သူမက အရမ်းကြောက်လန့်နေပြီး သရဲတွေမမြင်နိုင်၊ မထွက်လာနိုင်တဲ့နေရာမှာ နေချင်ခဲ့သည်။
ယဲ့ဆွေက အဆောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ “မကြောက်ပါဘူး ” သူမရဲ့အသိစိတ်ကို ဆန့်ကျင်ပြီး ပြောခဲ့သည်။
ချန်ရှု့က အေးဆေးတည်ငြိမ်နေပြီး သူ့အသံက ယဲ့ဆွေရဲ့ နားကိုမြည်တမ်းနေသလိုပဲ။ “မင်းတကယ်မကြောက်ဘူးလား?”
ယဲ့ဆွေ စကားမပြောခဲ့ပေ။ ဤအချိန်တွင် ချန်ရှု့က “ ကိုယ်စောစောပြန်လာမယ်” လို့ ရုတ်တရက်ကြီး ပြောလိုက်သည်။ ချန်ရှု့က အရှေ့ကိုတန်းတန်း လျှောက်သွားခဲ့တဲ့အချိန်မှာအသံက ပြိုကွဲသွားခဲ့သည်။ သူက အဲ့တာကိုအမှတ်မထင် ရည်ညွှန်းတဲ့ ပုံလိုပေါ်အောင်လုပ်ခဲ့သည်။
ယဲ့ဆွေ ကြက်သေသေသွားခဲ့သည်။ စကားလုံးတွေက သူမစိတ်ထဲမှာ ပဲ့တင်ထပ်နေတုန်းပဲ။ သူမကရပ်တန့်နေပြီး မရွေ့လျားခဲ့ပေ။
ချန်ရှု့ ခေါင်းကိုစောင်းပြီး ယဲ့ဆွေကို မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။ “ထိန်းမထားနိုင်တော့ဘူးလား?”
ယဲ့ဆွေက သူမရဲ့ခံစားချက်တွေကို ပြန်ခေါက်သိမ်းလိုက်ပြီး နှာမှုတ်လိုက်ကာ အလျင်စလို အရှိန်တင်ပြီး သူ့ကို မှီအောင်လျှောက်လိုက်သည်။ သူမ ချန်ရှု့ရဲ့ဘေးကိုရောက်တာနဲ့ သူတို့နှစ်ယောက် ဘေးချင်းယှဉ်၍ လမ်းလျှောက်သွားလိုက်ကြသည်။
ဤအချိန်တွင် မှောင်ခါနီးလာပြီး အဖြူရောင်မိုးတိမ်တွေက ကောင်းကင်မှာလွင့်နေသည်။ လေကရှင်းပြီး ပန်းပွင့်တွေရဲ့ အမွှေးအကြိုင်တွေနဲ့ ပြည့်နှက်နေသည်။နေဝင်ချိန်က သူတို့ရဲ့အရိပ်တွေကို ဆွဲဆန့်ထားပြီး မြေပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေစေသည်။