အပိုင်း ၂၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၂၇ - စောစောပြန်လာ

 

 

"အိမ်ရှေ့စံမင်းသား" က ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဒါကြောင့် ယဲ့ဆွေကို မုန်းတီးတဲ့ မှတ်ချက်တွေ ထပ်ပြီးပေါ်ပေါက်လာပေမယ့်လည်း ထပ်ခါတလဲလဲ ဆေးကြောခဲ့သည်။ ထို့အပြင် သူမက ပိုကျော်ကြားလာပြီး နောက်ထပ် ဇာတ်လမ်းတွဲ များစွာကိုလည်း သူမအား ကမ်းလှမ်းလာခဲ့သည်။

 

 

အမှန်တော့ ရန်ကျဲက ယဲ့ဆွေအတွက် အဲ့ဒိအလုပ်များကိုမယူခဲ့ပေ။  သူတို့က ဟွာရွေ့ရဲ့ ယွဲ့ချုံး ကျို့ယွမ် လိုမျိုး ကောင်းတယ်လို့ မထင်ခဲ့ပေ။ ယဲ့ဆွေက လုပ်ရန်ငြင်းဆန်ခဲ့ပြီး အဲ့ဒါက ဖိန်နင်ရဲ့ လက်ထဲကိုရောက်သွားသည်။

 

 

ယဲ့တွေရဲ့ ရုပ်ရှင်ရိုက်ကူးဖို့ စိတ်မ၀င်စားတာက ရန်ကျဲကို စိုးရိမ်သောက ဖြစ်စေသည်။ ယဲ့ဆွေရဲ့ ကျောထောက်နောက်ခံက မည်မျှကြီးမားသည်ဖြစ်စေ သူမရဲ့ အရိပ်ရသည့် ကျော်ကြားမှုက ရှိနေပေမယ့်လည်း သူမကဆက်လက်ရိုက်ကူးသင့်သည်။ ဒီလိုမှမဟုတ်ရင် အခြားလူတစ်ဦးရဲ့ အားထုတ်မှုက အချည်းနှီးဖြစ်သွားလိမ့်မည်။

 

 

ယဲ့ဆွေအတွက်  သူမကသေးငယ်တဲ့  အလုပ်လေးတွေကို မပေးချင်ခဲ့ပေ။ နောင်မှာ ကောင်းမွန်တဲ့ အရာများရှိနေသေးတယ်လို့ အမြဲတမ်းခံစားခဲ့ရသည်။ သူမ၏ပင်ကိုယ်အသိသည် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် သူမဟာ ကြီးမားတဲ့ အလုပ်ကိုရရှိခဲ့သည်။

 

 

ဝေရှီ ကုမ္ပဏီသည် ရာဇ၀တ်မှုနဲ့ဆိုင်တဲ့ "ကျို့ယွမ်" ရုပ်ရှင်ကိုပြင်ဆင်နေပြီး အမျိုးသမီးဇာတ်လိုက်ကို မရွေးရသေးပေ။  ဤရုပ်ရှင်၌ ရင်းနှီးမြှုပ်နှံမှုသည် သိပ်မထူးခြားသော်လည်း ထုတ်လုပ်မှုမှာ အလွန်ကောင်းသည်။

 

 

ဖိန်နင်က ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ စီစဉ်ထားပြီးသားဖြစ်ပေမယ့်လည်း သူမကတော်တော်နာမည်ကျော်ကြားပြီး A-စရင်းဝင် သရုပ်ဆောင်မင်းသမီးဖြစ်ကာ ဟွာရွေ့ ရဲ့အဓိကမင်းသမီးလည်းဖြစ်သည်။ မကြာသေးမီက ဝေရှီနဲ့ ဟွာရွေ့ကြား ပူးပေါင်းဆောင်ရွက်မှုကောင်းခဲ့ပြီး၊ အမြတ်ရလိမ့်မည်။

 

 

ဖိန်နင်ရဲ့ ဖျော်ဖြေရေးအသိုင်းအဝိုင်း၏ အဆိုအရ သူမသည် သူမ၏အေးဂျင့်အား သူမအတွက် ဇာတ်လမ်းတွဲမှာ ပါ၀င်လိုသော မက်ဆေ့ခ်ျကိုထပ်ဆင့် လွှင့်ခွင့်ပြုခဲ့သည်။ ဖိန်နင်က ထိုနေရာကိုရရှိရန် လူရွေးဖြေဖို့ မလိုအပ်ဘူးလို့ခံစားခဲ့ရသည်။

 

 

ယဲ့ဆွေအတွက် ဒီ ဇာတ်လမ်းတွဲကို အနိုင်ရချင်တဲ့ ရန်ကျဲ ကအကြီးအကျယ်ခေါင်းကိုက်နေသည်။ ဖိန်နင်က ကြီးမားတဲ့ အစာစားချင်စိတ်ရှိနေတယ်လို့ ခံစားခဲ့ရူည်။ (လောဘကြီးတာကို ပြောတာပါ) ဝေရှီနဲ့ ဟွာရွေ့ ကြားက ဖက်စပ်အလုပ်နဲ့တင် မလုံလောက်လို့လား ?

 

 

ရန်ကျဲက  'သူမရဲ့အချိန်ဇယားက တကယ်လုံလောက်မှုမရှိဘူးလား? သူမဒီဇာတ်လမ်းတွဲကို ရိုက်ကူးဖို့အခွင့်အလမ်းများရှိနေတာလားတစ်ချိန်တည်းမှာပင် နာမည်ကြီးရုပ်ရှင်ကား နှစ်ကားနဲ့ သူမကိုပရိသတ်က လှောင်ပြောင်မှာကို မကြောက်ဘူးလားကျွတ် တကယ်ကို ကြီးမားတဲ့ အစာစားချင်စိတ်ရှိတာဘဲ! '

 

 

ရမ်ကျဲ မျှော်လင့်မထားသည့်အချက်မှာ ဝေရှီ အုပ်စုသည် အမှန်တကယ် အကြောင်းကြားစာတစ်ခုပေးပြီး ယဲ့ဆွေကို "ကျို့ယွမ်" ရဲ့  လူရွေးဖြေဖို့ တောင်းဆိုခြင်းဖြစ်သည်။

 

 

ပထမတစ်ခုမှာ ဟွာရွေ့ဖြစ်ပြီး နောက်ထပ်က ဝေရှီအုပ်စု ဖြစ်တာကြောင့် ယဲ့ဆွေက မကြာခင်တုန်းက သူမကိုကြည့်ရှု့ဖို့ ကံကောင်းခဲ့ခြင်းဖြစ်မည်။ ရန်ကျဲက သူမရဲ့ အရေးကြီးတဲ့ ရောင်းဝယ်မှုကြောင့် ဖြစ်နိုင်တယ်လို့ ခံစားခဲ့သည်။  ယဲ့ဆွေကို မင်းသမီးကောင်းတစ်ဦး အဖြစ် လူတိုင်းအသိအမှတ်ပြုစေပြီး အသီးကိုသီးလာစေသည်။

 

 

ယဲ့ဆွေ ရဲ့လူရွေးဖြဇို့ကို ဝေရှီရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ချင်ရှင်းက စီစဉ်တယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ ယဲ့ဆွေက သမီးဖြစ်သူ ဝေရွှမ့်ကို အဲဒီနေ့မှာ ချင်ရှင်းနဲ့ တွေ့ဆုံဖို့ မိခင်နဲ့သမီးကို ခွင့်ပြုခဲ့တာကြောင့်ဖြစ်သည်။

 

 

ချင်ရှင်းက ယဲ့ဆွေရဲ့ အကူအညီကို အမြဲတမ်းသတိရနေလိမ့်မည်။ သူမကိုလျော်ကြေးပေးရန်အတွက် သူမက ယဲ့ဆွေကို အကြောင်းကြားစာပို့ခဲ့တာဖြစ်သည်။  သူမအဖွဲ့ထဲမှအခြားသူများကမူ ယဲ့ဆွေက မလုံလောက်သေးကြောင်းနှင့် သူမ၏ကျော်ကြားမှုမှာလည်း တန်းတူညီမျှမရှိကြောင်း ပြောခဲ့ကြသည်။

 

 

ချင်ရှင်းက ယဲ့ဆွေကို အခွင့်အရေးပေးသင့်တယ်လို့ခံစားခဲ့ရသည်။ တကယ်တော့ ယဲ့ဆွေရဲ့စွမ်းဆောင်ချက်ကလည်း သူမကိုအံ့အားသင့်စေခဲ့သည်။ အကြိမ်ကြိမ် စစ်ဆေးပြီးတဲ့နောက်မှာ ဒါရိုက်တာကလည်း ဖိန်နင်ထက် သူမကပိုသင့်တော်တယ်လို့ ထင်ခဲ့သည်။

 

 

ဖိန်နင်က အထူးအခွင့်အရေးနဲ့ လူရွေး ဖြေတာကိုပင်  တက်ရောက်ခြင်းမရှိခဲ့ပေ။  သူသည်ကောင်းမွန်သောအလုပ်လုပ်သောစိတ်ထားရှိသူ ယဲ့ဆွေ နှင့်နှိုင်းယှဉ်ရမယ်ဆို ယဲ့ဆွေကို သူပိုကြိုက်နှစ်သက်သည်။ သူမ၏သရုပ်ဆောင်စွမ်းရည်သည် အင်တာနက်ပေါ်တွင်ဝေဖန်သကဲ့သို့ မကောင်းတာ မဟုတ်ပေ။ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လခနည်းနည်းဖြင့် ငှားရမ်းနိုင်သည့်အတွက် သူမသည်အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

 

 

"ကျို့ယွမ်" ကတရားဝင် ဝေ့ပေါ်မှ အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်မည့် မင်းသမီးကို ကြော်ငြာခဲ့သည်။ "ဟဲလို! ကျွန်မက ယဲ့ဆွေပါ " သူတို့ကသူမရဲ့လှပတဲ့ ဓာတ်ပုံကိုလည်းတွဲထားသည်။

 

 

အိမ်မှာပြန်လည်ထူထောင်ရေးလုပ်နေတဲ့ ယဲ့ဆွေက  ဝေ့ပေါ့ အကောင့်တွင်ပြုံးနေသည့် ဓာတ်ပုံတစ်ပုံကိုတင်လိုက်ပြီး အော့ဖ်လိုင်း ဖြစ်သွားသည်။ သူမသည် အင်တာနက်အသုံးပြုသူများက သူမကိုမည်သို့ကျိန်ဆဲမည်ကို ကြိုတင်ဟောကိန်းထုတ်ပြီး ဖြစ်သည်။

 

 

[ငါမမှားပါဘူး။ ယဲ့ဆွေရဲ့ ဇာတ်လမ်းတွဲက အရမ်းကောင်းတယ်။ သမိုင်းဝင်ဇာတ်လမ်းတွဲက သရုပ်ဆောင်မင်းသမီးက သည်ရုပ်ရှင်မှာ အမျိုးသမီးခေါင်းဆောင်အထိရုတ်တရက် မြင့်တက်လာသော အမြန်နှုန်းက အလွန်မြန်တယ်။ ]

 

 

[သူတို့က ဖိန်နင်ကိုသူတို့မရွေးခဲ့ဘူး။ အခုတော့ ယဲ့ဆွေလို့ တရားဝင်ကြေငြာလိုက်တယ်။ မင်းသမီးနှစ်ဦးရဲ့ ရာထူးကွာခြားချက်က အရမ်းကြီးတယ်။ မင်းကငါ့ကိုလှောင်ပြောင်နေတာလား? မင်းအရင်က ရေမြှုပ်ဖန် ဖြစ်ခဲ့ဖူးလို့ပါ။ ]

(TLN: အလုပ်ကိုပြောင်းနေတဲ့ ပရိသတ်တွေလိုပါပဲ။ တစ်နည်းပြောရရင်တော့ သစ္စာရှိသူမဟုတ်ပါ)

 

 

[ဒါရိုက်တာကို ငါသနားမိတယ်။ ဒီဟာက ကြီးမားတဲ့ရုပ်ရှင်ပါ၊ ဒါပေမယ့် သူက ရဲရဲတင်းတင်း ယဲ့ဆွေ ရွေးချယ်ခဲ့တယ်။ သူမက စခရင်မှာတကယ်ကိုအဆင်သင့်ဖြစ်ပါ့မလား? အချိန်ကုန်လာရင် ဘယ်သူမှမကြည့်ဘူးဆိုရင် ရှက်စရာကြီးဖြစ်လိမ့်မယ်။ ]

 

 

"... "

 

 

တစ်စုံတစ်ဦးက အင်တာနက်အသုံးပြုသူများထက် ပို၍ ဒေါသကြီးသည်။ အိမ်တွင်ယွဲ့ချုံး ကျို့ယွမ် ရဲ့ ရိုက်ကူးရေးကို စောင့်နေသော ဖိန်နင် ဖြစ်သည်။

 

 

သူမသည် ယွဲ့ချုံး ကျို့ယွမ်က အစပိုင်းတွင် ယဲ့ဆွေ ကိုရွေးချယ်ခဲ့သည်ကို သိသည်။ သို့သော် သူမ(ယဲ့ဆွေ) သည် ငြင်းဆန်ခဲ့ပြီး သူမကို စိတ်ဆိုးစေခဲ့သည်။ ယခု ယဲ့ဆွေက သူမပါဝင်လိုသော အခြားအခန်းကဏ္ဌ မှာပါ၀င်ခဲ့သည်။ ရလဒ်အနေဖြင့် သူမအဖွဲ့အား ချက်ချင်းပင် ယဲ့ဆွေ နှင့်နှိုင်းယှဉ်တဲ့ ပိုစ့် တစ်ခုထုတ်ပေးရန် တောင်းဆိုခဲ့သည်။ ယဲ့ဆွေက ဟွာရွေ့မှာမြင့်မားတဲ့ဆက်သွယ်မှုရှိလားဆိုတာ သူမသံသယရှိပေမယ့် သူမလုံးဝမကြောက်ခဲ့ပေ။

 

 

ဥက္ကဌ ချန်သည် သူ၏ကုမ္ပဏီတွင် အကျော်ကြားဆုံးအမျိုးသမီးအနုပညာရှင်က အဆင့် ၁၈ ဆင့် ကြယ်ပွင့်နှင့်ပင် မယှဉ်နိုင်ကြောင်းသိလျှင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို စဥ်းစားခဲ့သည်။ အဲ့ဒါက ဟွာရွေ့အတွက်ရှက်စရာဖြစ်သွားလိမ့်မည်။

 

 

[ယဲ့ဆွေက ဖိန်နင်ကို ပေးခဲ့တယ်လို့ သံသယရှိတဲ့ကျိုယွမ်ရဲ့ ခေါင်းဆောင် နေရာကို တရားဝင်ကြေငြာခဲ့သည်]

 

 

[ယဲ့ဆွေက ဖိန်နင်ရဲ့ ဇာတ်ကားကို ကြားဖြတ်ယူသွားတယ်။ ဖိန်နင်ကကျို့ယွမ်မှာ သရုပ်ဆောင်သင့်တယ်ဆိုသည့် ကောလာဟလ ]

 

 

သေးငယ်သော အချက်များအပေါ်တွင်သာ ကွဲပြားသော ဆောင်းပါးများစွာတွင် ပါ၀င်သောအကြောင်းအရာများမှာ ယဲ့ဆွေက ဖိန်နင်ရဲ့ အခန်းကဏ္ဌကို လုယက်ခြင်းနှင့် သက်ဆိုင်သည်။ ကျိုးကြောင်းဆီလျော်စွာ တံဆိပ်ခတ်ထားတဲ့ ယဲ့ဆွေနဲ့ ဖိန်နင်တို့ရဲ့ အရည်အသွေး ခွဲခြမ်းစိတ်ဖြာခြင်း။ ဖိန်နင် ရဲ့ကျော်ကြားမှုရာထူးက စိတ်ဆင်းရဲစရာပဲ။ ပြီးတော့ ယဲ့ဆွေမှာ ကျောထောက်နောက်ခံပေးထားတဲ့သူ တစ်ယောက်ရှိတယ်လို့ တွေးစေပြီး ပရိသတ်ကို လမ်းလွဲစေခဲ့သည်။

 

 

ဖိန်မင်ရဲ့ စီနီယာ နောက်ကွယ်ရှိ စာရေးသူက အတင်းအဖျင်းစကားဝိုင်းတွင် ရောထွေးနေကာ မုန်တိုင်းထန်စေခဲ့သည်။ hot search ပိုစ့် အားလုံးက မကြာသေးခင်ကဖြစ်ခဲ့တဲ့ drama နဲ့ ပတ်သက်နေသည်။

(နောက်ကွယ်ရှိ စာရေးသူ - စာရေးဆရာအမည်ရှိသူက တစ်ဦးဦး အတွက် ပစ္စည်းများကို ရေးသားရန် သူ၌အလုပ်ရှိသည်။)

 

 

[အံ့သြစရာ မဟုတ်ပါဘူး။ ငါတစ်စုံတစ်ခုမှားနေတယ်လို့ ထင်ခဲ့တယ်။ ယဲ့ဆွေက အဓိကအခန်းကဏ္ဌာမှာပါ၀ င်ခဲ့ပြီး သူမ၏ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်မြန်လွန်းတယ်။ ဤစတားလေးက ဘယ်အချိန်က  ဝေရှီအုပ်စုနဲ့ လိုက်ဖက်သွားတာလဲ?  ]

 

 

[အခြားသူတစ်ယောက်တွင် ကြီးမားသောကျောထောက်နောက်ခံပြုထားပေမယ့်လည်း အပြည်ပြည်ဆိုင်ရာ စတားတစ်ဦးဖြစ်တဲ့ ဖိန်နင်က သူမနှင့်နှိုင်းယှဉ်လို့ မရဘူး။  နောက်ပြီးသူမက မုန်းတီးသူများ၏ ရိုက်နှက်ခံရခြင်းကို ကြောက်ပြီး ထွက်ပြေးသွားလိမ့်မယ် ]

 

 

[ယဲ့ဆွေက ဒီတစ်ခါတာ့များသွားပြီ။ ငါ့နတ်သမီးရဲ့ဒရာမာကို ကြားဖြတ်ရဲဖို့တောင်မှ ရဲရင့်တယ်။ မျက်ရည်နဲ့ မျက်ခွက် ဖြစ်စေရမယ်! ]

 

 

ဖိန်နင် ပိုက်ဆံပေးထားတဲ့ ရေတပ်တွေက ယဲ့ဆွေ အတွက်အခြေအနေများကို ပိုမိုဆိုးရွားစေပြီးဟွာရွေ့ ရှိပြည်သူ့ဆက်ဆံရေးဌာနမှ သတိပြုမိသွားသည်။ ချန်းရှန့်က အွန်လိုင်းတွင်သွားပြီး သူဌေး၏အနာဂတ်ဇနီးသည် အလွန်စိတ်ဆင်းရဲနေရတာကြောင့် သူဌေးကမကူညီခိုင်းပေမယ့်လည်း စိတ်သောကရောက်နေရသည်။

(T / N: ရေတပ် - အွန်လိုင်းမှတ်ချက်တွေကိုသီးခြားအကြောင်းအရာတွေနဲ့တင်ဖို့ပေးတဲ့အင်တာနက် နောက်ကွယ်ရှိ စားရေးသူအုပ်စုတစ်စု။ ဒီပေးဆောင်ပိုစတာတွေဟာအွန်လိုင်းပလက်ဖောင်းတွေမှာသတင်းတွေ၊ မှတ်ချက်များ၊ အတင်းအဖျင်းများ။ )

 

 

ဟွာရွေ့က hot search မှ ခေါင်းစဉ်ကို အလျင်အမြန် ရုပ်သိမ်းခဲ့ပြီး အခြေအနေကို ရှင်းလင်းရန် ဆောင်းပါးတစ်ပုဒ်တင်ခဲ့သည်။ မကောင်းသောမှတ်ချက်များကိုဖယ်ရှားပြီး ယဲ့ဆွေ အပေါ်နားလည်မှုလွဲမှားခြင်းကိုဖယ်ရှားခဲ့သည်။

 

 

ယဲ့ဆွေက အင်တာနက်အသုံးပြုသူများအကြားတွင်နာမည်ဆိုးနှင့်ကျော်ကြားနေပြီးဖြစ်သည်။ သိက္ခာဆယ်ဖို့ ကြိုးစားတာက  မကျေနပ်မှုအချို့ဖြစ်စေနိုင်သည့်အတွက် သူမကိုတိုက်ခိုက်တဲ့  ရေတပ် များက ဗြောင်ကျကျမဖြစ်နိုင်ဘဲ တိတ်တဆိတ်အလုပ်လုပ်ရမှာဖြစ်သည်။

 

 

[အဲဲဒါမဟုတ်သေးဘူး။ ဖိန်နင်က "ယွဲ့ချုံး ကျို့ယွမ်" မှာ တရားဝင်သရုပ်ဆောင် မဟုတ်ဘူးလားတစ်ကယ်လို့ သူမက ရုပ်ရှင်တစ်ခုရိုက်မယ်ဆို သူမတစ်ခုကိုရွေးချယ်ရမှာ။ အဲ့ဒီဇာတ်လမ်းတွဲတွေက ဟွာရွေ့ အောက်မှာရှိနေတယ်ဆိုရင်တောင်မှ သူမ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကျမျာကို မကြောက်ဘူးလား?]

 

 

[ယဲ့ဆွေမှာ ကောင်းတဲ့ ကျောထောက်နောက်ခံ ရှိတာအမှန်ဆိုရင် သူမအနေနဲ့ ချန်းယင်နဲ့ ဇာတ်လမ်းတွဲ တစ်ခုထဲမှာ သရုပ်ဆောင်ဖို့လိုခဲ့မှာလား? ယဲ့ဆွေရဲ့သရုပ်ဆောင်မှုစွမ်းရည် တိုးတက်မှုကို လူတိုင်းမြင်တွေ့ခဲ့ကြရတယ်။ သူမကိုယ်တိုင် သူမစွမ်းရည်အပေါ် အခြေခံပြီးရရှိခဲ့တဲ့အခန်းကဏ္ဌာအတွက် ဘာကြောင့်သူမ မလက်ခံရမှာလဲ?]

 

 

"... "

 

 

အောက်ပါဖော်ပြချက်သည် မီးခိုးများနှင့်ပြည့်နေသောစစ်မြေပြင် ချက်ချင်းဖြစ်လာသည်။ နေ့ တစ်ဝက်ကြာမြင့်သောစစ်ပွဲသည် ဖိန်နင်ရဲ့ နောက်ကွယ်က စာရေးသူတွေနဲ့  ဟွာကွေ့ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနအကြား အလွဲသုံးစားမှု တိုက်ပွဲဖြစ်လာခဲ့သည်။

 

 

နောက်ဆုံးတွင် ဟွာရွေ့ ပြည်သူ့ဆက်ဆံရေးဌာနမှ  ချန်းရှန့်က ဖိန်နင်ကို တွေ့ခဲ့ပြီး ဝေ့ပေါ် အပေါ်မကောင်းသောထင်မြင်ချက်များ မရေးသားရန်တောင်းဆိုခဲ့သည်။ အဲ့ဒိအခါမှာ သူမအဖွဲ့က ရပ်တန့်သွားခဲ့သည်။

 

 

ချန်းရှန့် မှ သူမအား ဟွာရွေ့ နှင့်စာချုပ်သက်တမ်းတိုးပြီးနောက် သူသည်အနုပညာရှင်ကောင်းတစ်ဦး အဖြစ်ဆက်လက်ရပ်တည်နိုင်လိမ့်မယ်လို့ သတိပေးခဲ့သည်။ အတိတ်ကာလက ဆိုးရွားသည့်သတင်းများကို ပြည်သူ့ဆက်ဆံရေးဌာနမှ နှိမ်နင်းခဲ့တာဖြစ်သည်။

 

 

ဒီတစ်ခါတော့ သူမနာမည်ကျော်ကြားလာပြီးနောက်တစ်ခါထပ်ဖြစ်ပျက်လာရင်တော့ သတိပေးရုံလောက်တော့ မလွယ်ကူတော့ပေ။

 

 

ဖိန်နင်က အင်တာနက်ပေါ်မှာ မှတ်ချက်တွေအများကြီးပေးနေတာကို သိခဲ့သည်။ သူတို့အားလုံးက သူမကိုယ်ပိုင်ကုမ္ပဏီက ဝယ်ထားတာလား?

 

 

ဟွာရွေ့ ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက အလွန်ခက်ခဲနေတာလားယဲ့ဆွေအတွက် သူတို့ ကိုယ်ပိုင်ကုမ္ပဏီမှလူကြိုက်အများဆုံးအနုပညာရှင်ကိုပင် ယုတ်ညံ့သူလို့ ချီးကျူးဂုဏ်ပြုခံစေတာလား?

 

 

ယဲ့ဆွေက ဟွာရွေ့ ရဲ့အကြီးတန်းစီမံခန့်ခွဲမှုနဲ့ဘာမှမဆိုင်ဘူးဆိုရင် သူမက မယုံနိုင်အောင် ဖြစ်လိမ့်မယ်။ ဘယ်လောက်မြင့်မားတာလဲ? ဖိန်နင်ရဲ့စိတ်ကူးထဲမှာသူမတို့ရဲ့ ဥက္ကဌက အလိုအလျောက်လျစ်လျူရှုခံခဲ့ရသည်။

 

 

ယဲ့ဆွေက သူမနဲ့ချိတ်လို့မရတဲ့လူတစ်ယောက်ကို ဘယ်လိုသိနိုင်မလဲ?

 

 

ဒါပေမယ့် ဖိန်နင်က စကားထပ်မပြောရဲတော့ပေ။  သူမက အနုပညာရှင်တစ်ဦးမျှသာဖြစ်ပြီး ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် အဆင့်အတန်း အနည်းငယ်သာရှိသည်။

 

 

ဖိန်နင်သည် သူမအောင်မြင်လိုပါက သူမအနေနဲ့ အမှန်တကယ် အင်အားကြီးသူတစ်ဦးကို သူမရှာဖွေနိုင်မှ ဖြစ်မယ်ဆိုတာကို စိတ်ထဲတွင်သိသည်။ သို့မှသာသူမအနေဖြင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် ရေရှည် ခြေကုပ်ယူနိုင်တော့မည်ဖြစ်သည်။

 

 

ဒီဟာကိုစဉ်းစားကြည့်ခြင်းအားဖြင့် ဟွာရွေ့၏ မြင့်မားသော အမှုဆောင်အရာရှိများနှင့် မည်သူနှိုင်းယှဉ်နိုင်မည်နည်း။ နောက်ခံရှိသည့် အခြားကုမ္ပဏီကြီးများရှိနိုင်လို့လားမြင့်တက်လာတဲ့ ဖျော်ဖြေရေးစက်ဝိုင်းတွင် မိမိကာကွယ်လိုသူများကို အလွယ်တကူအကာအကွယ်ပေးနိုင်သည်။

 

 

သူမလိုချင်တဲ့ တစ်ဦးတည်းသောသူက ဥက္ကဌ ချန်ဘဲ။

 

 

ချန်ရှု့က ချန်းရှန့် ထံမှ သတင်းသစ်ကို အိမ်တွင် သူ့ဆဲလ်ဖုန်းကနေ ကြည့်နေခဲ့သည်။

 

 

ချန်းရှန့် - သူဌေး အရာအားလုံးကိုဖြေရှင်းပြီးပြီ။ ငါအလုပ်လုပ်တဲ့အခါ စိတ်ချလိုက်ပါ။ ကောင်းကောင်းအနားယူနိုင်ပါပြီ။

 

 

အွန်လိုင်း ပိုစ့်ကိုလုံးဝထိန်းချုပ်ထားခဲ့သည်။

 

 

ယဲ့ဆွေ ဝေ့ပေါ် အောက်ရှိမှတ်ချက်များသည် သူမအားချီးမွမ်းခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းတို့ဖြစ်သည်။ မှတ်ချက်များက ထိပ်ဆုံးအပိုင်း၏ ထိပ်ဆုံးတွင်ရှိသည်။ ဝေ့ပေါ်ကို နှိပ်သောအခါ နွေဦး လေပြေ၏ပျော်ရွှင်မှုကို ခံစားရလိမ့်မည်။

 

 

လူအချို့ကသူမကိုတိုက်ခိုက်ရန် နောက်ကွယ်ရှိ စာရေးသူများကိုငှားရမ်းခဲ့ပြီးအွန်လိုင်းစစ်ပွဲသည် ခဏတာဆက်လက်ဖြစ်ပွားခဲ့သည်။

 

 

ယဲ့ဆွေက တစ်ခုတည်းကိုသာသိသည်။ ဒီနေ့ချန်ရှု့က စီးပွားရေးလုပ်ငန်းတစ်ခုကြောင့် ခရီးသွားရမယ့်နေ့ဖြစ်သည်။

 

 

ဆိုလိုတာက သူမတစ်ညလုံး တစ်ယောက်တည်း နေရမယ်လို့ပါ။ သရဲ သူငယ်ချင်းတွေက သူမအိမ်ကိုလာကြလိမ့်မည်။

 

 

အလုပ်မရှိသည့်အခါ အများအားဖြင့်အိမ်၌ အလှအပအတွက် အိပ်လေ့ရှိတဲ့ ယဲ့ဆွေက ယနေ့တွင်ပထမဆုံးအကြိမ်အဖြစ်စောစောထကာ ချန်ရှု့အတွက် ဂျုံယာဂုအိုးကို နံနက်စာစားရန်အတွက် ချက်ပြုတ်ခဲ့သည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ ကြင်နာမှုကို သဘာဝကျကျလက်ခံခဲ့သည်။ နံနက်စောစော နေရောင်ခြည်တွင် ဂျုံယာဂုသည်ရေနွေးငွေ့နှင့် အမွှေးနံ့များကို ထုတ်လွှတ်နေသည်။

 

 

၎င်းသည် သူမ သူ့အား လာဘ်ထိုးခြင်းဖြစ်ပုံရသည်။

 

 

ယဲ့ဆွေက ချန်ရှု့ကို တောက်ပစွာကြည့်နေခဲ့သည်။  သူမမေးစေ့အောက်မှာ လက်တစ်ဖက် ထောက်လိုက်ပြီး ခုံပေါ်ထိုင်ပြီး သူမရဲ့ရှေ့က ဂျုံယာဂုခွက်ကို ထိလိုက်သည်။ သူမရဲ့အမူအရာက အရမ်းရှုပ်ထွေးနေသည်။

 

 

ချန်ရှု့က သူ့ထမင်းစားတူကိုချကာ သူ့မျက်နှာတစ်လျှောက်လုံး စာလုံးတစ်လုံးရေးသားခဲ့သည်။

 

 

ဘာလဲ?

 

 

သူကခေတ္တရပ်ပြီး တည်ကြည်လေးနက်စွာနဲ့ မေးခဲ့သည်။မင်းရဲ့မျက်လုံးတွေ ... မင်းအဆင်ပြေရဲ့လား?"

 

 

ယဲ့ဆွေ: "... "

 

 

သူမ၏မျက်စိက သူတို့ပိုကောင်းဖို့ မဖြစ်နိုင်အောင်အထိ ကောင်းကြသည်။ အကယ်၍ သူမက ချန်ရှု့ကို  ၂၄ နာရီလုံးလုံး မမြင်တွေ့ရဘူးဆို သူမအတွက်အလွန်စိတ်သောကရောက်စရာ ဖြစ်လိမ့်မည်။

 

 

ချန်ရှု့က ယဲ့ဆွေ ရဲ့အဖြေကိုမစောင့်ခဲ့ပေ။  သူကဘာမှမလုပ်ခဲ့သလို သူမရဲ့လှပသောမျက်လုံးများမှေးမှိန်နေသောအကြည့်မှ အဖြေရှာရန် ခဏစိုက်ကြည့်လိုက်သည်။

 

 

နောက်ဆုံးတွင် ယဲ့ဆွေက သူမ ပါးစပ်ကိုဖွင့်၍ စကားလုံးတစ်ထောင်ကို စာတစ်ကြောင်းထဲ အဖြစ်စီလိုက်သည်။ယောက်ျား ရှင် အိမ်ကိုစောစောပြန်လာခဲ့

 

 

ယဲ့ဆွေ ရဲ့ဇွဲကိုကြည့်ရင်း ချန်ရှု့က စဉ်းစားခြင်းမရှိဘဲ သူ့အကြည့်ကိုလွှဲလိုပ်ပြီးကောင်းပြီ လို့ပြောကာ သဘောတူခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ကို အောက်ထပ်ကိုပို့ပြီး အမြန်ဆုံးပြန်လာနိုင်အောင် အဆက်မပြတ် တိုက်တွန်းခဲ့သည်။ ချန်ရှု့ ရဲ့ကားထွက်ခွာသွားတာကို သူမမြင်တဲ့အခါမှ နောက်ဆုံး သူမ လက်ခံခဲ့သည်။

 

 

အိမ်ပြန်ရောက်ပြီးနောက်မှာ ယဲ့ဆွေက ဘာမှလုပ်စရာမရှိခဲ့ပေ။ အိပ်ယာပေါ်မှာ ဆဲလ်ဖုန်းကိုကြည့်ရင်း အိပ်ပျော်သွားသည်။ အိပ်မက် အရှည်ကြီးမက်ခဲ့သည်။  ထိုတွင် သူမတစ်ညလုံးလုံခြုံစွာနေခဲ့ပြီး ချန်ရှု့ အိမ်ပြန်ရောက်လာတာကို မြင်ခဲ့သည်။

 

 

ယဲ့ဆွေက နေဝင်ခါနီးအချိန်တွင် သူမ မျက်လုံးများကိုဖွင့်လိုက်သည်။

 

 

အခန်းထဲရှိမှိန်နေသော နေရောင်ခြည်ကိုကြည့်ရင်း သူမအိမ်မက်ထဲတွင် ချန်ရှု့သည် အိမ်သို့ပြန်လာသည့်နေရာတွင်ရှိနေသေးသည်။

 

 

ယဲ့ဆွေက တုန်ခါမှု အနည်းငယ်ကို လုပ်ဆောင်ခဲ့သောကြောင့် မိုဘိုင်းဖုန်းတွင် သတင်းအချက်အလက်အသစ်မရှိပေ။ ချန်ရှု့က သူမကို ဆက်သွယ်ထားခြင်းမရှိသေးပေ။

 

 

ခဏလေး? ချန်ရှု့က အပြင်ကို ထွက်သွားတာလား

 

 

ရုပ်ပုံကိုတစ်ပုံချင်းစီခွဲရုံမျှဖြင့် သူမခေါင်းပေါ် ရေခဲရေတစ်ဘူးလုံး ရုတ်တရက် စီးကျလာသည်။ ယဲ့ဆွေက နောက်ဆုံးတွင် တုန့်ပြန်နိုင်ခဲ့သည်။ ချန်ရှု့ အိမ်မှာမရှိတာကြောင့် ယနေ့ညတွင် သူမတစ်ယောက်ထဲ အိမ်တွင်ရှိမှာဖြစ်သည်။

 

 

ယဲ့ဆွေက ဆက်မအိပ်တော့ဘဲ အလျင်အမြန်ထခဲ့သည်။ သူမလွန်ခဲ့သော ရက်အနည်းငယ်က တာအို ဘုရားကျောင်း၌ သူမ ၀ယ်ခဲ့သော အဆောင်သည်အသုံးဝင်လာသည်။

 

 

ထို့အပြင် စိတ်ဓာတ်ရေးရာ သက်ရောက်မှုများသည်လည်းအလွန်ပြင်းထန်သည်။ တာအို ဘုန်းတော်ကြီးကတိပေးခဲ့သည်ကို သူမမှတ်မိနေသေးသည်။ ဤအဆောင်ကြောင့် နတ်ဆိုးများနှင့် သရဲများအားလုံး အနီး အနား ၀င်ရောက်ရန် ကြောက်ရွံ့ကြလိမ့်မည်။

 

 

ဒီညမှာ ချန်ရှု့ မရှိဘဲ ယဲ့ဆွေက အိမ်မှာတစ်ယောက်တည်းရှိနေပြီး ညရောက်ရှိလာခြင်းကိုကြိုဆိုရမှာ ဖြစ်သည်။