အပိုင်း ၂၈
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၂၈ - သက်တောင့်သက်တာ ရှိသောနေရာ

 

 

 

 

 

 ချန်ရှု့ မရှိတာကို စဥ်းစားမိတဲ့အခါ ယဲ့ဆွေ စိတ်မကောင်းဖြစ်မိသည်။ သူမသည် အလွန်မိုက်မဲသည်။ သူမက သူနှင့်အတူလိုက်လို့ရလားလို့ သူ့ကိုတိုက်ရိုက်မေးဖို့ ဘာကြောင့်မစဉ်းစားခဲ့တာလဲ?

 

 

 တံခါးသော့ခတ်ထားကြောင်းကို သေချာစွာစစ်ဆေးပြီးနောက် ယဲ့ဆွေက သူမအခန်းကိုပြန်သွားခဲ့သည်။ တံခါးကိုသော့ခတ်ထားလျှင်ပင် အသုံးမ၀င်ကြောင်း သူမသိသည်။ ဝင်နိုင်သူများသည် အမြဲ၀င်လာလိမ့်မည်။

 

 

 ယဲ့ဆွေက  တာအို ဘုရားကျောင်းမှ ၀ယ်ခဲ့တဲ့ အဆောင်များအား ဆွဲထုတ်လိုက်သည်။ သူမသည် အဆောင်များကို ကိုင်ပြီး လျင်မြန်စွာ လှုပ်ရှားခဲ့သည်။  သူမက ခဏအကြာမှာ အိမ်၏ထောင့်များအားလုံးကို သူတို့နှင့်မွမ်းမံနိုင်ခဲ့သည်။

 

 

 အဆောင်တွေကို ချပြီးတာနဲ့ နံရံကနေ မှောင်မိုက်တဲ့အရိပ်တွေ ၀င်လာခဲ့သည်။

 

 

 အန်တီကျန့်က ဒီကိုလာရတာ ဘာကြောင့်ကြိုက်လဲဆိုတဲ့အကြောင်း ယဲ့ဆွေကို ကြားဖူးသည်။ ပုံမှန်အားဖြင့် ချန်ရှု့က အိမ်မှာပဲနေတော့ သူတို့မချဉ်းကပ်ရဲကြဘူး။

 

 

 သူတို့ဟာ တခြားလူတွေရဲ့အိမ်တွေကိုသွားပြီး ၀န်ထမ်းတွေကို ငြီးငွေ့ခဲ့ကြတာပင်။ သူတို့အတွက် ချန်ရှု့ ရဲ့နေရာက အကန့်အသတ်မဲ့နေရာတစ်ခုလို သူတို့ရဲ့အကအလေ့အကျင့်အတွက် အသစ်အဆန်းပဲ။

 

 

 ယဲ့ဆွေက သူမအခန်းထဲကို ချက်ချင်းမပြန်ခဲ့ပေ။

 

 

 "အိုး ဘာကြောင့်ဒီနေရာတွေမှာ စွန့်ပစ်ပစ္စည်းစက္ကူတွေများများစားစားရှိရတာလဲ?" သူတို့ ဝင်လာသည်နှင့်တပြိုင်နက် သရဲအန်တီက သူမနေရာချထားရန်အချိန်များစွာယူခဲ့သူဖြစ်သည်။

 

 

 အန်တီကျန့်က သူမရဲ့တင်ပါးကို ပွတ်သပ်လိုက်ပြီး သူမအနားကပ်လျက် အဆောင်ကို မှုတ်ထုတ်လိုက်သည်။

 

 

 အခြားသရဲအန်တီတွေလည်း နောက်ကျကျန်ခဲ့သည်မဟုတ်ပါ။ တစ်ဦးချင်း တစ်ဦးချင်းစီအနေဖြင့်လည်း သူများကိုဆွဲဆောင်ရန် စတင်ခဲ့သည်။ အဝါရောင် အဆောင်များက ကြမ်းပြင်ပေါ်ကို အလွယ်တကူပျံသန်းသွားခဲ့သည်။

 

 

 "စွန့်ပစ်စက္ကူကို မှုတ်ရတာမပျော်ဘူး။ မကြာခင် ကခုန်မယ်။ အနီးအနားမှာရှိတဲ့ လူတွေက လေ့ကျင့်နေကြပြီ။ ငါတို့မရှုံးရဘူး။ "

 

 

 နွေးထွေးသည့် သရဲအန်တီက သူတို့ကိုသတိပေးခဲ့သည်။ သူတို့သည် အိမ်နီးချင်းများနှင့် ယှဉ်ပြိုင်မည်ဖြစ်ရာ ရှုံးလိမ့်မည်ဖြစ်သည်။ သူတို့သည် ဤသရဲများကအခြားသရဲများကို ဘယ်တော့မှအရှုံးမပေးကြပါ။ ဒုတိယအကောင်းဆုံးအဖြစ် ထွက်သွားဖို့က ရှက်စရာကောင်းလေသည်။

 

 

 အန်တီကျန့်က ခရီးဆောင်စတီရီယိုတစ်ခုကို ယူဆောင်လာပြီး အခြားသရဲများ၏ လှုပ်ရှားမှုများကိုစတင်တည့်မတ်ပေးခဲ့သည်။ အနီးရှိ ယဲ့ဆွေရဲ့ ထူးဆန်းသောအပြုအမူကို သတိမပြုမိခဲ့ပေ။

 

 

 တကယ်တော့ အတုပဲ! ယဲ့ဆွေက သူမပြောချင်တဲ့ညစ်ညမ်းသောစကားလုံးများကို မျိုသိပ်ပြီးသားဖြစ်သည်။

 

 

 သူမသည် နံရံပေါ်ရှိ အဆောင်များကို ကြည့်လိုက်သည်။ နတ်ဆိုးများကို အဝေးကြီးထားရန် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုခဲ့တယ်လို့ ဆိုပေမယ့်လည်း သူတို့က သရဲအန်တီအုပ်စုအတွက် စွန့်ပစ်စာရွက်ဖြစ်လာခဲ့သည်။ သူတို့၏အမြင်တွင် သံသယဖြစ်ဖွယ်အရာတစ်ခုကို ထိခြင်းသည် ကောင်းသည့်အရာမဟုတ်ပေ။

 

 

 အဆောင်တွေက သရဲကိုတားဆီးနိုင်တယ်လို့ ပြောခဲ့သည်။  အကယ်၍ သူမသည်သရဲနှစ်ကောင်နှင့် တွေ့ဆုံခဲ့လျှင်သူမက အဆောင် နှစ်ခုကိုသုံးရမှာလားယင်းကအလွန်ချီးမွမ်းခံခဲ့ရသော်လည်း ၎င်းသည်အလိမ်အညာမျှသာဖြစ်သည်။

 

 

 သေချာစွာပဲ သူမ တာအို ဘုန်းတော်ကြီးကို မယုံကြည်ခဲ့သင့်ပေ။

 

 

 ယဲ့ဆွေ မျက်နှာပြင်ပေါ်မှာ အေးဆေးတည်ငြိမ်နေပုံရသော်လည်း သူမအခြေအနေကို မသိသလိုဘဲဟန်ဆောင်ကာ အခန်းသို့ပြန်လာခဲ့သည်။

 

 

 အခြားတစ်ဖက်တွင်မူ ချန်ရှု့ရဲ့ ကားသည် ဟိုတယ်သို့ရောက်ရှိလာပြီး ကားအပြင်သို့ ထွက်၍ အထက်သို့တက်ရန်ဓာတ်လှေကားထဲဝင်ခဲ့သည်။

 

 

 ဟိုတယ်က အရမ်းတိတ်ဆိတ်သည်။ ထုံးစံအတိုင်းအပြင်မှာ မိုးရွာနေပြီး ဖန်ပြတင်းပေါက်တွေမှာ ရေစီးကျနေသည်။ ပြတင်းပေါက်တွေကို ပိတ်ထားရတာကြောင့် လမ်းတွေပေါ်က ရုန်းရင်းဆန်ခတ်သံတွေ မကြားနိုင်တော့ဘူး။ ချန်ရှု့က တိတ်ဆိတ်စွာနေခဲ့သည်။  ဒါပေမယ့် ပထမဆုံးအကြိမ်အနေနဲ့ သူအရမ်းတိတ်လွန်းတယ်လို့ခံစားခဲ့ရသည်။

 

 

 ချန်ရှု့ ဆိုဖာပေါ်မှာ ထိုင်ပြီး ဖုန်းကိုကြည့်လိုက်သည်။ ညဆယ်နာရီရှိပြီဖြစ်လို့ ယဲ့ဆွေ မအိပ်ဘဲနေသင့်သည်။ ယဲ့ဆွေက အမြဲတမ်းအလွန်ရှက်ရွံ့ပြီး မည်သည့်ပြဿနာကိုမဆို ကြောက်ရွံ့နေသည်ဟု သူထင်ခဲ့သည်။ ထို့အပြင် ယဲ့ဆွေက ယခုအချိန်တွင်အိမ်တွင်တစ်ယောက်တည်းရှိနေပြီး သူမအဆင်ပြေနေလားဆိုတာသူသိချင်သည်။

 

 

 ချန်ရှု့က သူ့ လက်ချောင်းကို မိုဘိုင်းဖုန်း ဖန်သားပြင်ပေါ် နှိပ်လိုက်ပြီး တစ်စက္ကန့်ခန့်သာ တွန့်ဆုတ်ခဲ့ပြီး ယဲ့ဆွေရဲ့ နံပါတ်ကိုခေါ်ဆိုခဲ့သည်။

 

 

 ယဲ့ဆွေက ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်ပြီးသူမရဲ့မိုဘိုင်းဖုန်းကို ကိုင်ပြီးစောင့်နေပုံရသည့်အတွက် ဖုန်းဝင်သံက တစ်ကြိမ်သာအသံထွက်ခဲ့သည်။ နောက်ဒုတိယအနေနဲ့ ယဲ့ဆွေရဲ့ အသံက သူမကယ်တင်ရှင်နှင့်တွေ့ဆုံခဲ့သည့်အတိုင်း အခြားတစ်ဖက်မှအံ့သြဖွယ်ရာထွက်လာသည်။

 

 

 "ချန်ရှု့!"

 

 

 ယဲ့ဆွေ ရဲ့အသံက ကြည်လင်ပြတ်သားပြီး ချန်ရှု့ ဆီကဖုန်းခေါ်လာတဲ့အခါ သူမရုတ်တရက်အသံတိုးလာသည်။

 

 

 ချန်ရှု့က သူမရဲ့ အသံကို ကြားတဲ့နောက်မှာအိမ်မှာတစ်ယောက်တည်း နေနေတာလား? တစ်ခုခုဖြစ်လို့လား?” လို့ အသံကိုမြှင့်ပြီး မေးခဲ့သည်။

 

 

 ယဲ့ဆွေ ချန်ရှု့ကို ပြောချင်တာက သရဲအန်တီတွေက ရှိနေကြတယ်လို့ပင်။  ဒါပေမယ့် သူမ မပြောခဲ့ဘူး။ ချန်ရှု့ရဲ့မေးခွန်းကို သူမကြားပြီးတဲ့နောက် သူမရဲ့အသံက အတော်လေးအားနည်းသွားခဲ့သည်။

 

 

 ယဲ့ဆွေ ရဲ့လေသံကတစ်ခုခုကို ဖုံးကွယ်ထားသည်။

 

 

 "အိမ်မှာတစ်ခုခု မှားနေလို့လား?"

 

 

 ယဲ့ဆွေက သူမရဲ့ခေါင်းကို ဂွမ်းစောင်နဲ့ပတ်ပြီးမြှုပ်ထားသည်။ "အပြင်မှာတစ်ယောက်ယောက်က ကခုန်နေတဲ့အပြင် ဆူညံလွန်းလို့ အရမ်းအိပ်လို့မရဘူး။ " သူမ အလွန်စိတ်အားထက်သန်စွာ ကခုန်နေသော သရဲအန်တီများကိုကြည့်လိုက်သည်။

 

 

 ချန်ရှု့က အိမ်က အသံကိုကာကွယ်ဖို့က ဆိုးရွားမနေသင့်ဟုထင်ပြီး မျက်မှောင်ကြုတ်ခဲ့သည်။ သို့သော်သူက ယဲ့ဆွေ စကားကိုနားထောင်ကာ "ဒါက လူလတ်ပိုင်းလူတွေရဲ့ညဥ့်နက်တဲ့ဘဝက အတော်လေးကြွယ်ဝတယ်" လို့ပြောခဲ့သည်။

 

 

 ယဲ့ဆွေက မိုဘိုင်းဖုန်းကိုင်ပြီး ချန်ရှု့နှင့် အယရုဏ်တက်ချိန်အထိ စကားဆက်ပြောချင်သည်။ သို့သော် သူသည် မနက်ဖြန်လုပ်ရန် အလုပ်ရှိကြောင်းကို သူမသိသောကြောင့် သူမ သူ့ကိုတွန့်ဆုတ်စွာပြောခဲ့သည်။

 

 

 ဖုန်းချပြီးချိန်မှာ ယဲ့ဆွေက မှောင်မိုက်တဲ့ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး ချန်ရှု့ရဲ့ သယ်ဆောင်ရလွယ်တဲ့ ယန်ဓာတ်ကိုလိုချင်သည်။

 

 

 အချို့သောသရဲတစ္ဆေများသည် ယဲ့ဆွေအခန်းထဲကို ဝင်လာခဲ့ပြီး အိပ်ရာပေါ်တွင် အိပ်နေသောသူမအားလုံးဝလျစ်လျူရှုထားကြလိမ့်မည်။

 

 

 သရဲအန်တီများသည် ယခုအချိန်တွင် သူတို့၏အပြုအမူသည် လူတို့အားစိတ်အနှောင့်အယှက်ဖြစ်စေမည့် ပြင်းထန်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း မသိခဲ့ပါ။

 

 

 နောက်ဆုံးတွင် ယဲ့ဆွေက ဤကဲ့သို့သောမြင့်မားသောဖိအားအောက်တွင် တန်ပြန်တိုင်းတာမှုတစ်ခုပြုလုပ်ခဲ့သည်။

 

 

 ချန်ရှု့ရဲ့ ခန္ဓာကိုယ်သည် ယန်ချီ နှင့်ပြည့်နှက်နေသဖြင့်သူ၏ ၀တ်စုံများနှင့်သူသုံးသောအရာများကလည်း ယန် စွမ်းအင်နှင့် စွန်းထင်းခဲ့သည်။ ယဲ့ဆွေက ချန်ရှု့ရဲ့ အခန်းတွင် တစ်ညအိပ်နိုင်လျှင် ထိုသရဲများက သူမကိုထံရဲဝံ့မည်မဟုတ်ပေ။

 

 

 သို့သော်အဓိကအချက်မှာ ယဲ့ဆွေက ချန်ရှု့ရဲ့ အခန်းကိုမရောက်ခင် အန်တီကျန့် သိမ်းပိုက်ထားတဲ့ စင်္ကြံကိုဖြတ်သန်းရမည်ဖြစ်သည်။

 

 

 ယဲ့ဆွေက သူမသွားများကိုကြိတ်ကာ တံခါးကိုဖွင့်လိုက်သည်။ ထိုသရဲအန်တီများသည် ညနက်နက်လာသည်နှင့်အမျှပိုပိုပြီးအားတက်လာခဲ့သည်။

 

 

 "ဒုတိယအတန်းရဲ့  ညာဘက်ကတစ်ယောက် နင် နင့်လက်ကိုမြှောက်လိုက်။ "

 

 

 "ပြီးတော့ နင် ဘယ်ဘက်ခြမ်းကတစ်ယောက်  တခြားလူတွေကို အမြဲတမ်းရယ်မောတာ ကိုယ့်ကိုကိုယ်အာရုံစိုက်ပါဦး အိုကေ? "

 

 

 အန်တီကျန့်ရဲ့ သရဲတစ္ဆေတွေက ပလာဇာက အက အဖွဲ့များကို ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက်မှာ သူမက အမိန့်ပေးပြီး စည်းမျဉ်းစည်းကမ်းတွေကို တစ်ခုချင်းစီချမှတ်ခဲ့သည်။

 

 

 "ငါတို့ရဲ့ဆောင်ပုဒ်ကဘာလဲ?"

 

သရဲအန်တီများကအကက ဘဝကနေလာတာ။ ကခုန်တာက ငါ့ရဲ့အတွင်းပိုင်းကနေ ဖြစ်လာပြီး အဲ့တာက နေဝင်ချိန်လိုမျိုး အရမ်းလှပတယ်! ”လို့ အော်လိုက်သည်။

 

 

သရဲအန်တီ တစ်ဒါဇင်ရဲ့ အသံကိုလျှော့တွက်လို့မရပေ။ သူတို့ရဲ့ဆောင်ပုဒ်မှာ ရိုးရှင်းပြီး အသံမှာလည်း ကျယ်ကာ သုံးဖက်မြင် ကျယ်ဝန်းသည့် စပီကာများနှင့်တူသည်။  ကျယ်လောင်တဲ့အသံက ယဲ့ဆွေကို သူမရဲ့နားတွင် တစ်ခုခုမှားနေတယ်လို့ ခံစားရစေကာ အဲ့ဒီ့မှာ အမြဲပိတုန်းအသံလို စွဲမြဲနေတဲ့အသံလည်း ရှိသည်။

 

 

 'ချန်ရှု့၊ ချန်ရှု့၊ ချန်ရှု့....... ' ယဲ့ဆွေက အဆောင်ဂါထာလိုမျိုး ချန်ရှု့ ရဲ့နာမည်ကို ထပ်ခါထပ်ခါရွတ်ဆိုခဲ့သည်။  သူမသရဲအန်တီများရဲ့ ကြားရှိ နေရာလွတ်မှ ဂရုတစိုက် လမ်းလျှောက်ခဲ့သည်။

 

 

သရဲအန်တီများက ကခုန်ရန် စိတ်အားထက်သန်မှုများစွာရှိသဖြင့် ယဲ့ဆွေရဲ့လှုပ်ရှားမှုများကို လုံးဝသတိမပြုမိခဲ့ပေ။  သူတို့က သူတို့ရဲ့လက်တွေ့အလေ့အကျင့်မှ မိမိတို့ကိုယ်ကိုမြှုပ်နှံထားကြသည်။  ယဲ့ဆွေရဲ့ လက်က ချန်ရှု့ရဲ့ တံခါးကိုထိလိုက်သောအခါ သူမခုန်လုနီးပါးဖြစ်သွားပြီး ကျွန်တွေကနေ သခင်တွေအဖြစ်ပြောင်းသွားတဲ့ သီချင်းကို ဆိုခဲ့သည်။

 

 

ယဲ့ဆွေ အခန်းထဲကိုအမြန်သွားပြီး တံခါးကိုပိတ်လိုက်သည်။ ဆူညံသံများကို တံခါးကဖြတ်တောက်လိုက်ပြီး သူတို့ထဲကမည်သူမျှ အခန်းထဲသို့ မ၀င်ရဲခဲ့ကြပေ။

 

 

ယဲ့ဆွေက သူ့ကိုယ့်သူ စိတ်မကောင်းဖြစ်မိပြီး ချန်ရှု့ရဲ့ စောင်ထဲသို့ အလင်းအရှိန်နှင့် ရောက်ရှိသွားခဲ့သည်။  လတ်ဆတ်တဲ့ နေရောင်ခြည်ရဲ့အနံ့နဲ့ စောင်တွေကလည်းနူးညံ့သည်။  ချန်ရှု့ရဲ့ရင်းနှီးတဲ့အမွှေးနံက ယဲ့ဆွေရဲ့ ခန္ဓာကိုယ်ကို လုံးဝဖုံးအုပ်ထားသည်။

 

 

အခန်းထဲမှာ မီးမဖွင့်ဘဲ ငွေရောင်သန်းနေတဲ့ လရောင်သာ ပြတင်းပေါက်ကနေ ဖြတ်သန်းလာသည်။  သို့သော် အဲ့တာက ယဲ့ဆွေကို ငြိမ်သက်မှုရှိစေခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ စောင်ကို အကုန်လုံးဆွဲယူလိုက်တာ ဖြစ်နိုင်သည်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့စိတ်က နောက်ဆုံးတွင် အခြေချပြီဖြစ်သည်။  သူမရဲ့အိပ်မောကျမှုက တဖြည်းဖြည်းချင်း တိုးများလာပြီး မျက်ခွံများမှေးကျလာသည်။

 

 

အိပ်မပျော်မီ တစ်စက္ကန့်တွင်၊ ယဲ့ဆွေက မနက်ဖန်စောစောထရမယ်လို့ တွေးပြီး  ချန်ရှု့ ပြန်မလာခင် အိမ်မှာရှိတဲ့အရာအားလုံးကို မူလနေရာတွင် ပြန်ထားရမည်လို့ စဥ်းစားခဲ့သည်။

 

 

သို့သော် ယဲ့ဆွေ အိပ်မောကျနေခဲ့ပြီး အိပ်ရာပေါ်မှာ သူမကို ချန်ရှု့မိသွားတာကို သူမ မသိခဲ့လိုက်ပေ။

 

 

နောက်တစ်နေ့တွင် ချန်ရှု့က အလုပ်ကိုအမြန်ဆုံးလုပ်ပြီး လေယာဉ်နဲ့ ချက်ချင်းရောက်လာခဲ့သည်။ ယေဘုယျအားဖြင့်ပြောရရင် သူကညအချိန်မှ ရောက်လိမ့်မည် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် သူကနံနက်စောစောပြန်လာပြီး အချိန်တစ်ဝက်လောက်က ရုတ်ချည်းလျော့သွားသည်။  ချန်ရှု့က မနေ့ညက ယဲ့ဆွေရဲ့ ကြောက်လန့်နေတဲ့အသံကို သတိရနေခြင်းကြောင့် သူ့ရဲ့အစီအစဉ်ကို ခေတ္တပြောင်းလဲခဲ့သည်။

 

 

ချန်ရှု့ အိမ်ပြန်ရောက်သောအခါ ဧည့်ခန်းကတိတ်ဆိတ်နေသည်။  ယဲ့ဆွေရဲ့ဖိနပ်က ဆင်ဝင်တွင်ရှိနေဆဲဖြစ်ပြီး အဲ့တာက သူမအခုအပြင်ကို မထွက်သွားသေးဘူးဆိုတာကို ပြနေသည်။

 

 

 ဧည့်ခန်းသို့လမ်းလျှောက်ရင်း ချန်ရှု့က တစ်ညတည်း၌ အိမ်ထဲတွင် ပစ္စည်းတွေများစွာ ရှိနေတာကို တွေ့ရှိခဲ့သည်။ အိမ်ရဲ့ထောင့်အားလုံးကို အဝါရောင်သင်္ကေတများဖြင့် ကပ်ထားသည်။  သူတို့ကိုကြည့်ရင်းချန်ရှု့ကပြုံးနေသည်။ အဲ့တာတွေကိုကြည့်ရင်း ချန်ရှု့အပြုံးက ပျောက်ဆုံးသွားသည်။ အဲ့ဒီ့နေ့တုန်းက ဘုရားကျောင်း၌ယဲ့ဆွေ အဲ့တာတွေကိုဝယ်ခဲ့တာကို သူပြန်ပြီးစဥ်းစားမိခဲ့သည်။

 

 

ယဲ့ဆွေဟာပြီးခဲ့တဲ့ညမှာ ကံဆိုးတဲ့အချိန်ဖြစ်ခဲ့ပုံရသည်။ အဲ့တာတွေကို တစ်အိမ်လုံးအနှံ့ ကပ်ဖို့ဆိုရင် သူမအချိန်အတော်ကြာယူခဲ့ရပေမည်။ သူမအဲ့တာလုပ်ပြီးတာနဲ့ အရမ်းပင်ပန်းသွားလို့ အိပ်ရာဝင်တာ အတော်လေး နောက်ကျသွားတာဖြစ်မည်။

 

 

 ယဲ့ဆွေ ရဲ့အခန်းကိုဖြတ်သွားတဲ့အခါသူ့ခြေလှမ်းတွေက အနည်းငယ်ခဏလောက် ရပ်တန့်သွားသည်။ သူက အရှေ့ဘက်သို့ ခြေလှမ်းဖွဖွလေးနဲ့သွားပြီး သူ့ရဲ့အခန်းဘက်သို့ သွားလိုက်သည်။ အခန်းထဲသို့မ၀င်ခင် ချန်ရှု့ ချက်ချင်းပင် တစ်ခုခုက မှားနေတယ်လို့ ခံစားလိုက်ရသည်။

 

 

သူ ထွက်မသွားခင်ကနဲ့ မတူဘဲ အိပ်ရာပေါ်ရှိစောင်က အနည်းငယ် ရှုပ်ထွေးနေသည်။ အိပ်ယာဘေးမှာ အမျိုးသမီးဖိနပ်သေးသေးလေး တစ်ရံရှိပြီး စောင်ကလည်းသေးသေးလေး ဖုနေသည်။

 

 

တစ်ညတည်းသာ ထွက်ခွာသွားသော ချန်ရှု့ရဲ့အခန်းကို တစ်ယောက်ယောက်က သိမ်းပိုက်ထားသည်မှာ ထင်ရှားသည်။  အဆိုပါမြင်ကွင်းက ချန်ရှု့ ရဲ့မျက်စိထဲမှာ ထင်ဟပ်နေခဲ့သည်။  မမျှော်လင့်ထားတဲ့ ဧည့်သည်ဖြစ်တဲ့ ယဲ့ဆွေကို သူ မစိတ်ဆိုးခဲ့ပေ။  အဲဒီအစားသူက အဲ့မြင်ကွင်းကို တစ်ခစ်ခစ်ရယ်ပြီး သဘောကျနေခဲ့သည်။

 

 

ချန်ရှု့ကသူ့ရဲ့ စိတ်ခံစားမှုကို အမြဲဖုံးကွယ်ထားပေမယ့် သူ့မျက်လုံးတွေမှာတော့ တောက်ပတဲ့အပြုံးရှိနေသည်။  ယဲ့ဆွေက စောင်တစ်ထည်လုံးကို ခြုံထားပြီး သူမရဲ့မျက်နှာကို ခေါင်းအုံးထဲမှာမြှုပ်ထားပြီး ရှည်လျားတဲ့ဆံပင်တွေက နေရာတိုင်းမှာ ပြန့်ကျဲနေသည်။

 

 

အနက်ရောင်ဆံပင်အောက်မှာ အဖြူရောင်လည်တိုင်သွယ်သွယ်လေးရှိသည်။ ယဲ့ဆွေ အိပ်မောကျနေတာကြောင့် သူမရဲ့အသက်ရှူတာက ရှည်ကြာပြီး ချောချောမွေ့မွေ့ရှိခဲ့သည်။  မကြာမီအချိန်မှာ သူမနိုးလာမယ့် လက္ခဏာမရှိခဲ့ပေ။

 

 

အခန်းထဲဝင်ပြီးနောက် ချန်ရှု့က သူ့ရဲ့ ပထမဆုံးခြေလှမ်းကို လှမ်းခဲ့သည်။ သူကအိပ်ယာဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပြီး မီတာဝက်အကွာအဝေးတွင် ရပ်လိုက်သည်။

 

 

ချန်ရှု့ ကုန်းပြီး လက်ကိုဆန့်လိုက်ကာ စောင်ရဲ့ထောင့်လေးကို ဟလိုက်သည်။ နောက်စက္ကန့်တွင် ယဲ့ဆွေရဲ့ ငြိမ်သက်အေးချမ်းပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ မျက်နှာလေးက စောင်အောက်ကနေ ထွက်ပေါ်လာခဲ့သည်။