အပိုင်း ၂၉
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၂၉ - အလွန်ရယ်စရာကောင်းတဲ့ အခိုက်အတန့်

 

 

 

 

 ချန်ရှု့ အချိန်ကိုကြည့်လိုက်သည်။ နောက်ကျနေပြီဖြစ်၍ ယဲ့ဆွေကို နှိုးရတော့မည်။  ချန်ရှု့ကလက်ကိုဆန့်၍  သူမကိုလှုပ်နှိုးလိုက်သည်။  စက္ကန့်အနည်းငယ်အကြာမှာတော့ သူ့လက်ကိုသူမက ကြင်နာစွာပွတ်သပ်နေသည်။

 

 

 ဒါပေမယ့် ရုတ်တရက်ဆိုသလို ယဲ့ဆွေ ခေါင်းကလှည့်လာသည်။  အထူးသဖြင့် သူမရဲ့ခန္ဓာကိုယ်က ရွေ့သွားပြီး ချန်ရှု့ ဘက်ကို မျက်နှာမူနေကာ သူတို့ကြားမှာ ရှိတဲ့ အကွာအဝေးက နီးကပ်နေပါပြီ။

 

 

 ယဲ့ဆွေရဲ့ နှုတ်ခမ်းတွေက ချန်ရှု့ရဲ့လက်ကို ထိလုနီးပါးဖြစ်နေသည်။ တစ်လက်မ သာကွာတော့ည်။ အနည်းငယ်ပိုနီးကပ်လာရင် သူ့ရဲ့လက်ချောင်းများနဲ့ မလွှဲမရှောင်သာ တွေ့သွားလိမ့်မည်။  သူမရဲ့ အသက်ရှူသံက ချောချောမွေ့မွေ့နှင့်ချန်ရှု့ရဲ့ လက်ချောင်းများကို ဆန့်ကျင်ပြီး တိုက်နေခဲ့သည်။ ချန်ရှု့က ကြောင်အမ်းအမ်းဖြစ်သွားကာ ခံစားချက်တွေ  ရောထွေးနေပြီး သူမကိုကြည့်နေခဲ့သည်။ နွေးထွေးတဲ့လေက သူ့ရဲ့လက်ကို ရိုက်ခတ်နေဆဲဖြစ်သည်။ သူတို့ကတိကျတဲ့ အနေအထားနဲ့ သူမရဲ့နှုတ်ခမ်းဆီမှ တစ်လက်မအကွာမှာ ရှိနေခဲ့သည်။

 

 

 စက္ကန့်အနည်းငယ်အကြာတွင် ချန်ရှု့က သူ့လက်ကိုကွေးပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။  သူစိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ သူကိုယ်တိုင်အကြောင်းပြချက်ကောင်းတစ်ခုကိုရခဲ့သည်။ ယဲ့ဆွေရဲ့ သဘောတူခွင့်ပြုချက်မရဘဲ သူမကို ထိဖို့က မမှန်ကန်ဘူးဆိုတာပဲ။

 

 

 ထို့ကြောင့် ချန်ရှု့က ပညာရှိသောရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ သူက မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့လက်ကိုမြှောက်ကာ စောင်ရဲ့ထောင့်ကို ကောက်ယူလိုက်ပြီး ယဲ့ဆွေရဲ့ မျက်နှာကို ညင်ညင်သာသာနှင့်တိတိကျကျ ချိန်ညှိလိုက်ပြီး ဖုံးအုပ်ပေးလိုက်သည်။

 

 

 သူပြန်လာပြီး အိပ်ရာဘေးတွင်ရပ်ကာ သူမနိုးလာဖို့ကို စောင့်နေခဲ့သည်။

 

 

 ယဲ့ဆွေဟာ အိပ်မက်မက်နေဆဲဖြစ်ပြီး ချန်ရှု့ သူမကို နိုးထလာအောင်လုပ်တဲ့ နည်းလမ်းကို သူမသိရင် သူမအဲ့တာအပေါ်မှာ သံသယဝင်စရာမလိုပါဘူး။  သူ့ရဲ့နည်းလမ်းက လုံးဝကွဲပြားခြားနားပြီး အတန်ငယ်ရိုင်းသည်။

 

 

 ယဲ့ဆွေဟာ  သူမရဲ့အိပ်မက်တွေကြားထဲမှာ လေထုကပိုလေးလံလာပြီး သူမအသက်ရှူရတာက တော်တော်လေးကြပ်တည်းနေတယ်လို့ ခံစားရသည်။  သူမက မျက်မှောင်ကြုတ်ပြီး စောင်ကိုဆွဲဖယ်ကာ သူမရဲ့ခေါင်းကို ထုတ်လိုက်သည်။ ထို့နောက်မှသာ သူမလန်းဆန်းလာပြီး အသက်ရှုရတာက ပိုမိုသက်တောင့်သက်သာရှိလာခဲ့သည်။

 

 

 ယဲ့ဆွေဟာ  ကြည်လင်နေတဲ့ အသံယဲ့ယဲ့လေးကို ကြားလိုက်ရသည်။  "နိုးပြီလား?"

 

 

 သူမရဲ့ မသိစိတ်ကနေအင်း နိုးပြီလို့ ပြန်ဖြေလိုက်သည်။

 

 

 အကျွမ်းတဝင်ရှိတဲ့ အသံကမင်းကောင်းကောင်းအိပ်ပျော်ရဲ့လား?”လို့ ဆက်ပြောခဲ့သည်။

 

 

 ယဲ့ဆွေ တစ်ဝက်လောက် အိပ်ချင်မူးတူးဖြစ်နေတာ ပြေသွားခဲ့တဲ့ အခြေအနေတွင်အတော်လေးကောင်းတယ်! တကယ်တော့ အများကြီးပိုကောင်းတယ်ဘယ်ဆိုးလို့လဲအဲဒီသရဲတွေ တစ်ညလုံး ကျွန်မဆီမလာကြဘူး

 

 

 ခဏလေး! ယဲ့ဆွေ တစ်စုံတစ်ခုကို လွဲမှားစွာ ခံစားမိသည်။  "ငါနဲ့ စကားပြောနေတဲ့သူက ဘယ်သူလဲ? " သူမရုတ်တရက် မကောင်းတဲ့ ခံစားချက်ကို.ရနေသည်။

 

 

 ချက်ချင်းပဲ ကြောက်ရွံ့ တုန်လှုပ်မှုတွေနဲ့ မျက်လုံးကိုဖွင့်လိုက်သည်။ ကန့်လန့်ကာတွေကို ဆွဲမထားသည့်အတွက် အခန်းက အနည်းငယ် မှောင်မိုက်နေသည်။ လူတစ်ယောက်က သူမရဲ့အိပ်ရာဘေးမှာရပ်ပြီး သူမကိုစိုက်ကြည့်နေသည်။

 

 

 ထိုလူရဲ့နောက်ကျောကို အလင်းရောင်ကျရောက်နေသည်။ သို့သော် သူ့ရဲ့မျက်နှာအမူအရာများကို ထွင်းဖောက်ထားပြီး ကောင်းစွာသတ်မှတ်ထားသည်ကို သူမတွေ့မြင်နိုင်သည်။

 

 

 သူ့ရဲ့ကြည့်ကောင်းသော - မျက်ခုံးနှင့်မျက်လုံးတွေဉ ပါးလွှာတဲ့နှုတ်ခမ်းနှင့် ရှည်လျား၊ ဖြောင့်တန်းသော ခြေထောက်၊ ဒါ ဒါ ဒါ... ဒါကချန်ရှု့မဟုတ်လား?

 

 

 

 ယဲ့ဆွေ မိုးကြိုမှန်သလို ခံစားလိုက်ရပြီး ချက်ချင်းပဲ သူမထိတ်လန့်တုန်လှုပ်သွားခဲ့သည်။  ဒါ့အပြင် သူမက ချန်ရှု့  ပြန်လာပြီဆိုတာကို အတည်ပြုခဲ့သည်။ ထပ်ပြီးပြောရရင် သူမတစ်ညလုံး သူ့ရဲ့အိပ်ယာ၌ အိပ်ပျော်နေတာကို သူဖမ်းမိခဲ့သည်။

 

 

 ချန်ရှု့ကို သူမဘယ်လိုရှင်းပြရမလဲ? သူတစ်ညထွက်ခွာပြီးနောက်မှာ သူမက သူ့ရဲ့အိပ်ရာကို အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး သိမ်းပိုက်ထားခြင်းလား?

 

 

 သူမသရဲတွေကိုကြောက်လို့ သူ့ရဲ့အခန်းထဲမှာ ဝင်ပုန်းနေတာလို့ ပြောသင့်သလားမဟုတ်သေးဘူး!

 

 

 သူသွားနေစဉ်မှာ သူမအချို့သော လွတ်မြောင်ခွင့်ကို မယူခဲ့ရဘူးလို့ ပြောနိုင်ခြင်းနှင့်သာ သူမရဲ့ဘဝကိုကယ်ဖို့ လုပ်ခဲ့တာလို့သာ သူမပြောနိုင်သည်။  ချန်ရှု့က သူမကိုယုံနိုင်မှာလားအဖြေမှာ မယုံဘူးဆိုတာ ရှင်းနေသည်။

 

 

 ဒါဆိုရင် တစ်ခုတည်းပဲ ကျန်တော့တယ် - ပြေးတာပဲ!

 

 

 ယဲ့ဆွေ ရှင်းပြဖို့ ရည်ရွယ်ထားတာ မရှိ၍ ချန်ရှု့ကို မကြည့်ရဲတော့ပေ။ သူမ စောင်ကိုလှပ်ပြီး အိပ်ရာထဲကနေ ထွက်ပြေးသွားတော့သည်။  သူမရဲ့ဖိနပ်တွေတောင် ထိုနေရာတွင် ကျန်နေခဲ့သည်။  သူမခဏလေးနေဖို့ကိုတောင် အာရုံထဲမှာမရှိတော့ပေ။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ ရှုပ်ထွေးတဲ့ပုံပန်းသဏ္ဍာန်နဲ့ သူမရဲ့အနောက်မှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုရှိနေသလိုမျိုး အရှေ့တံခါးဆီသို့ ဖိနပ်မပါဘဲ တစ်ဟုန်ထိုးပြေးသွားခဲ့တာကို ကြည့်နေခဲ့သည်။

 

 

 သူမရဲ့ နားမလည်နိုင်တဲ့ လုပ်ရပ်များကို တိတ်တဆိတ်ငေးကြည့်နေပြီး စကားလုံးများ ပျောက်ဆုံးသွားခဲ့ပြီလို့ သူခံစားရသည်။ သူ့စိတ်ထဲမှာ သံသယတွေရှိသည်။  သူကတကယ် ကြောက်လန့်စရာကောင်းနေလို့လား?

 

 

 ယဲ့ဆွေက သူမရဲ့ဘ၀မှာ အလျင်မြန်ဆုံးနှုန်းနဲ့ ပြေးခဲ့သည်။ သူမကအရှေ့ကို ကြည့်နေပြီး သူမရဲ့အရှေ့မှာ တံခါးရှိနေသည်။  မျှော်လင့်ချက်က သူမရဲ့မျက်လုံးရှေ့တည့်တည့်မှာပဲ။ နောက်ထပ် ခြေလှမ်းအနည်းငယ်လှမ်းကာ ပြုံးပြီးသူမတံခါးကနေ ထွက်လာလိမ့်မည်။

 

 

 ကံမကောင်းစွာနဲ့ပဲ ......

 

 

 တံခါးက အနည်းငယ်ပဲ ကွာဝေးတော့သည်။ ရုတ်တရက် ယဲ့ဆွေရဲ့ ခြေထောက်တွေကို ဟန့်တားနေတဲ့ တစ်စုံတစ်ခုကို ခံစားမိသွားသည်။  သူမ မသိစိတ်ရဲ့စေ့ဆော်မှုအရ ရပ်တန့်သွားခဲ့သည်။

 

 

 သူမရဲ့ခြေထောက်များက ရပ်တန့်သွားသော်လည်း သူမရဲ့ခန္ဓာကိုယ်က ရဲရင့်စွာနဲ့မျက်နှာပြောင်တိုက်ပြီး အရှေ့ကိုရောက်သွားခဲ့သည်။ ဒါကြောင့် ယဲ့ဆွေ မထိန်းချုပ်နိုင်ဘဲ လဲကျသွားသည်။ ကြမ်းပြင်ကိုမထိခင် သူမရဲ့စိတ်နှလုံးထဲတွင် တစ်ခုတည်းကိုသာ အပူတပြင်းတွေးလိုက်သည်။  'မိုးကောင်းကင်ကြီးက ငါ့ကိိုသတ်ချင်နေတာလား?! '

 

 

ကံကောင်းထောက်မစွာနဲ့ အခန်းရဲ့ကြမ်းပြင်က ကော်ဇောအထူကြီနဲ့ ခင်းထားတာဖြစ်သည်။ ယဲ့ဆွေ လဲကျသွားတဲ့အချိန်မှာ နာကျင်မှုသိပ်မရှိဘူး။ ဒါပေမယ့် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ကိုးရိုးကားရားနိုင်တဲ့ အခြေအနေဖြစ်နေသည်။

 

 

 'ဒီလောက် အကွာအဝေးလေးမှာ နင့်ရဲ့ဘယ်ဘက်ခြေထောက်က ညာဘက်ခြေထောက်ကို ခြေထိုးခံမိပြီး ခလုတ်တိုက်လဲပြီပေါ့။ မျက်နှာကို ဘယ်နားသွားထားမလဲ ယဲ့ဆွေရေ? '

 

 

 ယဲ့ဆွေက အကျပ်အတည်းကနေ လွတ်မြောက်အောင်မလုပ်နိုင်ဘဲ ခလုတ်တိုက်ပြီး ကိုးရိုးကားယားသာ ဖြစ်သွားသည်။ ယခုမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတဲ့သူဖြစ်တဲ့ ချန်ရှု့က သူ့ရဲ့နှုတ်ခမ်းကို တွန့်လိုက်သည်။

 

 

 ယဲ့ဆွေက ကြက်သေသေနေတုန်းပဲ။  သူမရဲ့ ညဝတ်အင်္ကျီက တစ်ဝက်လောက် လျှောကျသွားပြီး သူမရဲ့ သွယ်လျ နူးညံ့ပြီး ဖြူဖွေးတဲ့ ပုခုံးတွေနဲ့ ညှပ်ရိုးတွေကို လှစ်ဟပြနေသည်။

 

 

 မှေးမှိန်နေသော အလင်းရောင် အောက်တွင် ယဲ့ဆွေ၏ အသားအရေမှာ မျက်စိကျိန်းလောက်အောင် ဖြူဖွေးဥနေသည်။

 

 

 ချန်ရှု့ရဲ့ အကြည့်တွေက ယိမ်းယိုင်းခြင်းမရှိဘဲ စက္ကန့်အနည်းငယ်လောက် ယဲ့ဆွေရဲ့ ပုခုံးပေါ်မှာ ကျရောက်နေသည်။  ထို့နောက် သူမဆီသို့လျှောက်သွားခဲ့သည်။

 

 

 ချန်ရှု့ရဲ့ လုပ်ရပ်ကိုကြည့်ရင်း ယဲ့ဆွေ အံ့အားသင့်သွားသည်။  ‘ရှင်ဘာလို့ကျွန်မဆီကို လာနေတာလဲရပ်လိုက်! ရှင် ကျွန်မဆီချဥ်းကပ်လာရင် အဲ့တာကို ဘယ်လိုရှင်းပြရမလဲ ကျွန်မ မသိဘူး! '

 

 

' ရှင်အဲ့ဒီ့မှာ ရပ်နေ! '

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့စိတ်ထဲက တိုင်ကြားချက်များကို လုံးဝလျစ်လျူရှုခဲ့သည်။  သူကရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိဘဲ တစ်လှမ်းပြီးတစ်လှမ်း အရှေ့သို့လျှောက်လာခဲ့ပြီး မကြာခင်မှာ သူမဆီကို ရောက်လာတော့မည်။

 

 

 လူတစ်ယောက်က နှေးကွေးစွာ လျှောက်လှမ်းနေစဥ် တစ်ယောက်ကတော့ ကြမ်းပြင်ပေါ်မှာထိုင်နေပြီး အကွာအဝေးက တိုလာပြီးရင်းတိုလာခဲ့သည်။

 

 

 သူမအနားလောက်မှာ ချန်ရှု့ရဲ့ ခြေတံရှည်ကြီးကိုမြင်တော့ သူမရဲ့ ဦးနှောက်ကို အမြန်အလုပ်လုပ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူကဘာမှမပြောရင်တောင် သူမကအပြစ်ရှိနေဆဲပါ။

 

 

 သူမကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်နေသော ယဲ့ဆွေက ချန်ရှု့ကို တောက်ပစွာ ပြုံးပြလိုက်သည်။ သူမရဲ့ ပါးစပ်ကို ဖွင့်ဟပြီး  သူမသည်သူမ၏ပါးစပ်ကိုဖွင့်ဟပြီး "မင်္ဂလာ ........ "

 

 

မင်္ဂလာ နံနတ်ခင်းပါဆိုတဲ့ စကားလုံးများ မပြီးဆုံးသေးပေ။ နောက်စက္ကန့်တွင် အမည်မဖော်နိုင်တဲ့ အရာတစ်ခုက သူမခေါင်းပေါ် ပြုတ်ကျလာပြီးတော့ သူ့ရဲ့ စကားလုံးများကို လုံးဝရှင်းလင်းပစ်လိုက်သည်။

 

 

 ဤအချိန်တွင် ယဲ့ဆွေက ချန်ရှု့ရဲ့ လှုပ်ရှားမှုများကို ကြည့်ရှု့ခဲ့သည်။  သူကစောင်တစ်ထည်ကိုကိုင်ထားပြီး အေးဆေးစွာနဲ့ သူမဆီကို ပစ်လိုက်သည်။

 

 

 အခုတော့ သူမကစောင်နဲ့ အုပ်မိနေတာကြောင့် ဘာဖြစ်သွားတာလဲဆိုတာကို  နားမလည်လိုက်ပေ။ သူမ ပထမဆုံး ကြမ်းပြင်ပေါ်မှာ လဲကျခဲ့ပြီး ယခု ချန်ရှု့ရဲ့ လျစ်လျူရှုတာကို ခံစားနေရပြီဖြစ် သည်။

 

 

 ' ချန်ရှု့၊ ရှင်ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ? '

 

 

 ချန်ရှု့က စောင်နဲ့ဖုံးလွှမ်းထားတဲ့ ယဲ့ဆွေရဲ့ ပခုံးကိုကြည့်ပြီးတော့ တခြားနေရာကို ကြည့်လိုက်သည်။

 

 

 ယဲ့ဆွေ စောင်ကိုဆွဲချလိုက်ပြီး နောက်တဖန် အလင်းရောင်ကို ပြန်မြင်ရသွားတော့ သူမအံကြိတ်ပြီးချန်ရှု့.........”လို့ခေါ်လိုက်သည်။

 

 

 ချန်ရှုက အရမ်းတည်ငြိမ်ပြီး ခိုင်မာသည်။ " မင်းရဲ့အဝတ်တွေက အရည်အသွေးမကောင်းဘူး။ အဲ့တာတွေကို လဲဖို့အချိန်ကျပြီ။ "

 

 

 ယဲ့ဆွေ ခေါင်းကိုငုံ့ပြီးကြည့်လိုက်တော့ သူမရဲ့ ပခုံးပေါ်နေတာကိုသာ တွေ့လိုက်ရသည်။ ဒီအကြောင်းကိုစဉ်းစားလိုက်တော့ အစောနတုန်းက ဒါကို ဖုံးဖို့အတွက် ချန်ရှု့က စောင်တစ်ထည်ကို ပစ်ပေးခဲ့တာလား?

 

 

 ယဲ့ဆွေက အလျင်အမြန် ညဝတ်အင်္ကျီကိုဆွဲတင်လိုက်ပြီး ချိန်ညှိလိုက်သည်။ ထို့နောက် ချန်ရှု့ကို မကျေမနပ်ဖြင့် ပြန်ကြည့်လိုက်သည်။  သို့သော်ငြားလည်း ချန်ရှု့ရဲ့ ထူးခြားသော လုပ်ဆောင်မှုကြောင့် သူမအံ့အားသင့်နေတုန်းပဲ။

 

 

 အဲ့တာကို သူမဆီ တိုက်ရိုက်ပြောပြရင်လည်း အဆင်ပြေပါတယ်။ ရုတ်တရက်ကြီး စောင်ကိုပစ်ပေးဖို့ မလိုပါဘူး။

 

 

 ယဲ့ဆွေ  သူ့ကိုစောင့်ကြည့်နေတယ်ဆိုတာကို ချန်ရှု့  သိလိုက်ရတဲ့အခါ သူက "တခြားအရာများရှိလို့လား? " လို့ ကြင်နာစွာမေးလိုက်သည်။

 

 

 ယဲ့ဆွေ ခေါင်းကိုစောင်းပြီး  “ ဘာမှမရှိဘူးလို့ ရေရွတ်လိုက်သည်။

 

 

 သူမ မတ်တပ်ထရပ်လိုက်ကာ အဝတ်အစားတွေကိုပုတ်ခါပြီး သူမရဲ့အခန်းဆီသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။  အကယ်၍ သူမ ချန်ရှု့နဲ့ ဆက်လက်စကားပြောနေပါက သူမအလွန်ဒေါသထွက်ပြီး ညစားစားဖို့ မရှိဘဲဖြစ်သွားလိမ့်မည်။

 

———

 

 မကြာသေးမီက ရှေးဟောင်းပန်းအိုးသရဲရဲ့  အနှောင့်အယှက်ပေးခြင်းက ဆက်တိုက်ဖြစ်ခဲ့သည်။  ချန်းယင် ရက်ပေါင်းများစွာ ကောင်းစွာမအိပ်စက်ခဲ့ရတာကြောင့် မျက်တွင်းတွေကျနေသည်။ သူမ လူတွေကို သရဲ၊တစ္ဆေတွေ  နှင်ထုတ်ရန် ဖိတ်ကြားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အဲ့တာကအလွန်ဆိုးရွားလှသည်။  အချို့သော ဘုန်းတော်ကြီးများက သေရမှာကိုကြောက်ပြီး ချန်ယင်ထက်ပို၍ လျင်မြန်စွာပြေးခဲ့ကြသည်။

 

 

 နောက်ဆုံးတွင် ပန်းအိုးသရဲကို နှစ်သိမ့်ဖို့ ယုံကြည်စိတ်ချရတဲ့ သူတစ်ဦး ကို တွေ့ရှိခဲ့သည်။ ချန်းယင်က သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး တော်တော်များများ အနားယူနေရပြီလို့ ခံစားလိုက်ရသည်။

 

 

 အခုတော့ သူမမှာ  သက်သေရှိခဲ့ပြီ။  ချန်ရှို့ သူမကိုပေးခဲ့တဲ့ပန်းအိုးမှာ သရဲရဲ့ဝိညာဥ်က စွဲကပ်နေသည်။  ချန်းယင်က သူ့အားမေးခွန်းထုတ်ဖို့ သွားခဲ့တော့ သူလည်းမယုံကြည်နိုင်ဖြစ်ခဲ့သည်။  ပေါ့ပေါ့ပါးပါး ပေးထားခဲ့တဲ့ ဤပန်းအိုးက သရဲတွေကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ?

 

 

 ချန်းယင်အား နှစ်သိမ့်စဉ်  တစ်ချိန်တည်းမှာပဲ ချန်ရှို့ အံ့အားသင့်ခဲ့သည်။ ဒါပေမယ့် သူတော်တော်လေး ကံကောင်းသွားသည်။ ကံကောင်းထောက်မစွာနဲ့ သူ ဒီပန်းအိုးကို ဥက္ကဌချန်ဆီ မပေးပို့ခဲ့ပေ။  ဒီလိုမှမဟုတ်ရင် သူအနာဂတ်မှာ ခံစားရလိမ့်မည်။  အကယ်၍ ဒီဖြစ်စဥ်ကို စုံစမ်းစစ်ဆေးပြီး သူတွေ့ရှိသွားခဲ့ပါက ပြဿနာများစွာ ပေါ်ပေါက်လာလိမ့်မည်။

 

 

 ချန်ရှို့က  ချန်းယင်ကို ချော့လိုက်ပြီး သူ့ရဲ့ ကံခေခြင်းအတွက် အပြစ်ဖြေခဲ့သည်။  နှစ်ယောက်စလုံး ပြန်ပေါင်းထုပ်ပြီး အရာအားလုံးက အခြေကျသွားခဲ့သည်။  ထို့နောက်တွင် ချန်းယင် ပြန်လည်ကျန်းမာလာရန်နှင့် သာယာပျော်ရွှင်စွာ ပြန်လာရန်လိုအပ်သည်။

 

 

 ချန်းယင်က ဤအရာကို လျှို့ဝှက်စွာလုပ်နေသော်လည်း အဲ့တာတွေက လူထုထဲတွင် ပျံ့နှံ့နေဆဲဖြစ်ပြီး မကြာမီကပင် အင်တာနက်ပေါ်တွင် အချို့သောပိုစ့်များ ပေါ်ထွက်လာခဲ့သည်။

 

 

 ခေါင်းစဉ်က [ ချန်းယင်က သရဲခြောက်တယ်လို့ သံသယဖြစ်ခဲ့တာလားသူမရဲ့မျက်နှာက လူမမာပုံပေါက်နေပြီး အခြေအနေမကောင်းဘူး ]

 

 

 [ချန်းယင် အရမ်းရုပ်ဆိုးသွားတာက အံသြစရာမကောင်းဘူး။  သူမသရဲခြောက်တာခံလိုက်ရတယ်မလားဒါကြောင့် နောက်တစ်ကြိမ်မှာ အရမ်းလောဘမကြီးပါနဲ့  ]

 

 

[ချန်းယင်က ရှက်စရာကောင်းတဲ့ အရာတွေအများကြီး လုပ်ခဲ့တာဖြစ်နိုင်လား? ဒါမှမဟုတ် အဲ့သရဲတွေက သူမကိုခြောက်ပြီး  အခြားသူတွေကို ဘာကြောင့်မခြောက်တာလဲ? ]

 

 

 [ချန်းယင်ရဲ့ မျက်နှာက ပြန်လည်ကောင်းမွန်လာနိုင်လား? အဲ့လိုမဖြစ်လာနိုင်တော့ဘူးဆိုရင်  သူမရဲ့ 'အလှဆုံးမျက်နှာ'ဆိုတဲ့ခေါင်းစဉ်က သူမဆီနေ ဖယ်ရှားခံရနိုင်တယ် ]

 

 

သရဲခြောက်တဲ့အမှုအရာက လူတွေကို စပ်စုစေလိမ့်မည်။ ဤကိစ္စတွင် လူကြိုက်များတဲ့ ချန်းယင် လည်းပါဝင်သည်။  ဤကာလအတွင်း သူမရဲ့ထူးဆန်းတဲ့ အပြုအမူမျိုးစုံနှင့် ပေါင်းစပ်ပြီး စွက်ဖက်တဲ့ အင်တာနက်သုံးစွဲသူများက အလျင်အမြန်လာပြီး နိဂုံးချုပ်ကြသည်။

 

 

 ချန်းယင်ရဲ့ အရုပ်ဆိုးခြင်းက ဒီပြဿနာဖြစ်စေတဲ့ သရဲကဲ့သို့ဖြစ်ပြီး သူမရဲ့နှလုံးသားက အဆိုးဆုံးဖြစ်ကာ အလွန်မှားယွင်းစွာပြုလုပ်မိခဲ့သည်။  ထို့ကြောင့် သူမက အပြစ်ပေးခံရခြင်းနှင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းသို့ ပြန်လာခြင်းကို အာမခံချက်မရှိခဲ့ပေ။

 

 

 ချန်းယင်ရဲ့ပရိသတ်များက သူမအတွက် စကားပြောပေးခဲ့ကြသော်လည်း အင်တာနက်အသုံးပြုသူများထံမှ ထင်မြင်ချက်များသည် ပို၍ များပြားလာပြီး အဆုံးသတ်သွားခြင်းလည်း မရှိသေးပေ။

 

 

 ချန်းယင်က သူမရဲ့လုပ်ရပ်တွေကို ပေါက်ကြားစေမယ်လို့ မမျှော်လင့်ခဲ့ဘူး။  ပို၍အရေးကြီးသည်မှာ အင်တာနက်ပေါ်ရှိ ထိုမှတ်ချက်များက သူမကို စိုစွတ်သောကြက်ထက် ပို၍ရူးသွပ်စေသည်။

 

 

 သူမရုပ်ဆိုးမကြီးဖြစ်လာမှာ မဟုတ်ဘူးလို့ ကျယ်လောင်စွာအော်ချင်ခဲ့သည်။ မကြာခင် သူမမျက်နှာက ပြန်ကောင်းလာလိမ့်မှာအကြောင်းပြချက်မရှိဘဲ သရဲများရဲ့ ပိုင်ဆိုင်ထားခြင်းကြောင့် သူမကွန်ပလိန်းတက်ဖို့ အချိန်မရှိ၍ ဒါကထိုက်တန်တယ်လို့ သတင်းများရရှိခဲ့သည်။  သူမ ဒေါသက ပေါက်ကွဲထွက်လုနီးပါးဖြစ်သွားသည်။

 

 

 ချန်းယင်အကြောင်း အင်တာနက်ပေါ်တွင် မေးခွန်းများပိုပိုပြီးများလာသည်။  ချန်းယင်ရဲ့အဖွဲ့က ပြည်သူလူထုနှင့်ဆိုင်သော ဆက်နွယ်မှုများနှင့် ဆက်နွယ်သောပိုစ့်များကို ဖျက်ပစ်ရန် ပြုလုပ်သော်လည်း အွန်လိုင်းဆွေးနွေးမှုများက လမ်းကြောင်းသစ်ဖြစ်နေဆဲဖြစ်သည်။

 

 

 ယဲ့ဆွေက ဆိုဖာပေါ်တွင်ထိုင်နေသည်။ သူမင ဖုန်းနှင့်ကစားပြီး ချန်းယင်ရဲ့ သတင်းများကို ဘေးဖယ်ထားလိုက်သည်။  ချန်းယင်က ဝိညာဥ်တွေကို အမှန်ပင်ရန်စခဲ့တာကြောင့် သူမ မှန်ကန်ခဲ့သည်။ သူမရဲ့ ဝိညာဥ်အရမ်းအားနည်းတာက အံ့သြစရာမဟုတ်ပေ။

 

 

 ထို့အပြင်မတိုင်မီက ချန်းယင်ရဲ့ လှပသောဓာတ်ပုံများနှင့် မတော်တဆမှု ဖြစ်ပြီးနောက်ပိုင်းတွင် ချန်းယင်ရဲ့ ဓာတ်ပုံများကိုလည်း တွန်းအားပေးခဲ့သည်။  နှိုင်းယှဉ်ချက်တစ်ခုအရ ဤအချိန်ကာလအတွင်း ချန်းယင် အလွန်အမင်းခံစားခဲ့ရတဲ့ပုံပဲ။

 

 

 ထိုသတင်းကို ကြည့်ပြီးနောက် ယဲ့ဆွေက သူမရဲ့ဘေးရှိ ဆိုဖာကိုကြည့်လိုက်သည်။  ချန်ရှု့က အခြားတစ်ဖက်တွင်ထိုင်နေစဉ် ဖုန်းနှင့်ကစားနေပြီး တိတ်ဆိတ်နေသည်။

 

 

 အဲ့နေ့က သူ့ရဲ့အိပ်ရာတွင် သူမအိပ်နေစဉ် ချန်ရှု့ သူမကိုဖမ်းမိသွားပြီးနောက် သူမအားမေးခွန်းထုတ်မှာကို သူမတစ်ချိန်လုံး ကြောက်ရွံ့နေခဲ့သည်။  ဒါပေမယ့် နောက်နှစ်ရက်မှာတော့ သူကဒီကိစ္စကို ဘာမှမဖြစ်ပျက်ခဲ့သလို လုံးဝမဖော်ထုတ်ခဲ့ပေ။

 

 

 ယဲ့ဆွေက ချန်ရှု့ ဒီအကြောင်းကိုမေ့ထားတယ်လို့ ထင်ခဲ့သည်။ ဒါကြောင့် သူမလုံးဝစိတ်ချသွားသည်။

 

 

 ချန်ရှု့က သူမ သက်ပြင်းချလိုက်တာကို ရိပ်မိသွားတာ ဖြစ်နိုင်သည်။ ဒါကြောင့် သူ့ခေါင်းကိုလှည့်ကာ သူမကိုလှည့်ကြည့်လိုက်ပြီးအဲ့ဒီ့နေ့က မင်းဘာလို့ ကိုယ့်အိပ်ရာမှာအိပ်နေတာလဲ? ”လို့ ရုတ်တရက်ကြီး မေးလာသည်။

 

 

 ငြိမ်သက်နေတဲ့စိတ်က သုံးစက္ကန့်အထိပင်ကြာမြင့်ခဲ့ပြီး ချက်ချင်းပဲ ယဲ့ဆွေကို ရိုက်ခတ်ခဲ့သည်။  ရလဒ်အနေနှင့် သူမရဲ့လက်တွေ တုန်နေခဲ့သည်။  "......... " 'ငါ့ရဲ့းိတ်ထဲကို ခိုးနားထောင်နေတာလား?'

 

 

 ချန်ရှု့မှ ထိုအရာမျိုးကို မေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့သော်လည်း သူ့ရဲ့စိတ်နှလုံးထဲတွင် ရှင်းရှင်းလင်းလင်းမှတ်မိခဲ့သည်။ ဒီနေရာမှာ သူမကို စောင့်ဆိုင်းနေကြောင်း သိသာလာခဲ့သည်။

 

 

 ယဲ့ဆွေပြောစရာ စကားပျောက်ဆုံးသွားကာ ပိုပြီးယုံကြည်စိတ်ချရလောက်သည့် အကြောင်းရင်းကို သူမ အလျင်အမြန်ပဲ တွေ့ရှိသွားခဲ့သည်။  “ တစ်ခါတလေကျရင် ကျွန်မကအိပ်ရင်းလမ်းထလျှောက်တတ်တယ်။ နိုးလာရင်တော့ ကျွန်မဘာလုပ်ခဲ့သလဲဆိုတာကို မသိတော့ဘူး "

 

 

 ချန်ရှု့က အောက်ပြန်ငုံ့ကာ ဘာမျှမပြောဘဲနေခဲ့သည်။

 

 

 ချန်ရှု့က  သူမကိုယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဖုန်းကိုကိုင်ကာ မြန်မြန်ဆန်ဆန် ရေပန်းစားနေတဲ့ဟာကိုရွှေ့လိုက်ပြီးချန်းယင်ရဲ့ ဒီဓာတ်ပုံနှစ်ပုံ ခြားနားချက်ကို ရှင်တွေ့လား?” လို့ မေးလိုက်သည်။

 

 

 ယဲ့ဆွေက ချန်းယင်ဆီ အာရုံပြောင်းဖို့ ကြိုးစားခဲ့သည်။  ကံကောင်းထောက်မစွာနဲ့ ချန်ရှု့က မမေးတော့ပေ။  သူစိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုပ်ခဲ့သည်။  "ဒီမျက်နှာက မထင်ရှားဘူး  "

 

 

 ချန်းယင် အင်တာနက်ပေါ်တင်လိုက်တဲ့ ဓာတ်ပုံတွေအားလုံးက ပြီးသွားပြီ။ ဒါကြောင့် ယဲ့ဆွေ ကအလှအပကင်မရာက ဘာလဲဆိုတာ ရှင်သိလား? ”

 

 

 ယဲ့ဆွေ သူမရဲ့လက်ချောင်းတွေကို ကြည့်လိုက်သည်။ လွန်ခဲ့သောရက်အနည်းငယ်က ရန်ကျဲ က သူမအားလက်သည်းပြင်တဲ့နေရာသို့ ဆွဲခေါ်သွားခဲ့သည်။ သူမရဲ့အတွေး မဟုတ်ခဲ့ပေမယ့် အဲ့တာကိုမငြင်းပယ်ဖို့ သူမအကောင်းဆုံး ကြိုးစားခဲ့သည်။

 

 

 ယဲ့ဆွေ  သူမရဲ့လက်ကိုမြှောက်ပြီး ချန်ရှု့ကိုကြည့်ကာ"ကျွန်မ လက်သည်းတွေဘယ်လိုထင်လဲ?” လို့ မေးလိုက်သည်။  သူမရဲ့လက်သည်းများကို စိန်များဖြင့်စီခြယ်ထားကာ အလင်းရောင်အောက်တွင် တောက်ပနေသည်။

 

 

 သူမ ချန်ရှု့ရဲ့  တုံ့ပြန်မှုကိုသိချင်သည်။

 

 

 သို့သော် ချန်ရှု့ကမင်းရဲ့သွားတွေ အဆင်ပြေရဲ့လား?” လို့ ရုတ်တရက်ကြီး မေးခဲ့သည်။

 

 

 ယဲ့ဆွေ -“ ဘာကြီး? ” သူမရဲ့လက်သည်းကိုကောင်းကောင်းလုပ်နိုင်ခဲ့လားလို့ ချန်ရှု့ကို မမေးလိုက်ဘူးလားသူမရဲ့သွားတွေကို သူဘယ်လိုတောင် မေးလိုက်တာလဲ?

 

 

 ချန်ရှု့က ယဲ့ဆွေကို အားတက်သရောကြည့်ခဲ့သည်။" အကယ်၍ ဒီတောက်ပနေတဲ့အရာက မင်းရဲ့ဗိုက်ထဲကိုရောက်သွားရင် မင်းရဲ့သွားနဲ့ ပါဝင်ပတ်သက်နေမလား?”

 

 

 ချန်ရှု့ ဒီမေးခွန်းကို စိတ်ရင်းမှန်ဖြင့် မေးခဲ့တဲ့အမူအရာကိုကြည့်ရင်း ယဲ့ဆွေ ပြောစရာစကားမရှိတော့ပေ။ 'ရှင်ကျွန်မအကြောင်းကို အရမ်းဂရုစိုက်တာကို  မတက်နိုင်ပေမယ့်လည်း စိတ်ထိခိုက်တယ် '