အပိုင်း ၃၀
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၃၀ - သရဲကုန်တိုက်

 

 

 

 

အိမ်ရှေ့စံမင်းသားကိုမထုတ်လွှင့်ခင် သတင်းစာရှင်းလင်းပွဲပြုလုပ်လိမ့်မည်။ ၎င်းသည် ချန်းယင် အတွက် အလွန်အရေးပါလှသည်။ သူမရဲ့ မျက်နှာပိုကောင်းလာပြီးကတည်းက ဒါက သူမရဲ့ပုံပန်းသွင်ပြင်ကို ပထမဆုံးတရားဝင်ပြတာဖြစ်သည်။

 

 

 ရှေးဟောင်း ပန်းအိုးသရဲကြောင့် ချန်းယင်က တီဗီ ဇာတ်လမ်းတွဲရဲ့ ဆုပေးပွဲကို မတက်ရောက်နိုင်ခဲ့ပေ။ ထိုပွဲတွင် ယဲ့ဆွေက အနီရောင်၀တ်စုံကို ၀တ်ပြီး ကော်ဇောနီပေါ်၌ လျှောက်လှမ်းခဲ့သည်။ သူမက မမျှော်လင့်ဘဲ မင်းသမီးအားလုံးကို ပတ်ပတ်နပ်နပ်ကျောပြီး   အင်တာနက် သုံးစွဲတွေကလည်း တွေကလည်း "ကော်ဇောနီရဲ့အလှဆုံး "ဆိုပြီး ဗို့ ပေးခဲ့ကြသည်။

 

 

 ဖျော်ဖြေရေးနယ်ပယ်တွင် လှပသောမင်းသမီးများစွာရှိသည်။  သို့တိုင်လူတိုင်းကို သဘောကျစေနိုင်တဲ့ အလှအပတွေကိုတော့ လက်တစ်ဖက်တည်းဖြင့်တောင် ရေတွက်နိုင်သည်။  ပြီးခဲ့သည့်ကော်ဇောနီပွဲကဲ့သို့ပင် ဆွဲဆောင်မှုကြောင့် ကျော်ကြားသော ဖိန်နင်ကိုတောင် ယဲ့ဆွေက ချေမှုန်းခဲ့ သည်။

 

 

 ချန်းယင် ပိုပိုပြီး စိတ်ပူလာမိသည်။  ယဲ့ဆွေ ဘယ်အချိန်ကတည်းက ငါ့ကိုဒုက္ခပေးချင်နေတာလဲ?

 

 

 ထို့ကြောင့် ဤသတင်းစာရှင်းလင်းပွဲမှာ သူမက ယဲ့ဆွေနဲ့ နှိုင်းယှဉ်လို့မရနိုင်ဘူးဆိုတာကို ပြသဖို့ အခိုင်အမာ ဆုံးဖြတ်ထားခဲ့သည်။

 

 

 ယဲ့ဆွေက ပြီးခဲ့တဲ့ တီဗွီအစီအစဉ်ရဲ့  ကော်ဇောနီပွဲတွင် အနီရောင်၀တ်စုံကို ၀တ်ဆင်ခဲ့သည်။ အဲ့တာက အင်တာနက်သုံးစွဲသူတွေကြောင့် ပြည့်စုံခဲ့သည်။ သူမက တကယ့်ကို  ရင်သပ်ရှုမောဖွယ် ကောင်းပြီး အလွန်လှပတယ်လို့ သူတို့ပြောခဲ့ကြသည်။ ကျော်ကြားတဲ့စတားနှစ်ယောက်က စင်တစ်ခုတည်းမှာ  အတူတူရပ်လိမ့်မည်။ ဒါကြောင့် တစ်ယောက်က သူမရဲ့အသွင်အပြင်ကို အာရုံစိုက်ရမည်။  ချန်းယင် ဘာလုပ်ရမှန်း မသိတော့ဘူး။

 

 

 ယဲ့ဆွေကို သတင်းစာရှင်းလင်းပွဲမှာ ချေမှုန်းနိုင်ဖို့အတွက် ချန်းယင်က အနီရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ပရိသတ်ကို အားကောင်းတဲ့ အမြင်အာရုံသက်ရောက်မှု ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

 

 

 ချန်းယင်က  သူမရဲ့အေးဂျင့်အား Dior ထံမှ အနီရောင်ဝတ်စုံ ငှားပေးဖို့ တောင်းဆိုခဲ့သည်။ သူတို့ ကုန်အမှတ်တံဆိပ်ရဲ့ သံတမန် ဖြစ်လာဖို့ ကုန်အမှတ်တံဆိပ်ကို သူမရဲ့ရိုးသားမှုကို ဖော်ပြရသည်။

 

 

 ဤအချိန်အတောအတွင်း Dior က ချန်းယင်နဲ့လည်း ကျေနပ်ခဲ့သည်။  နောက်ထပ်ပွက်လောရိုက်ခြင်းမရှိဘဲ သူတို့ကချက်ချင်းပဲ သူမအားဝတ်စုံကို ငှားခဲ့သည်။

 

 

 ချန်းယင်နှင့်နှိုင်းယှဉ်ပါက ယဲ့ဆွေရဲ့ဘက်က ပို၍ တိတ်ဆိတ်နေသည်။ သူမရဲ့ကျော်ကြားမှုဟာ အရေးမပါလှပေ။ သူမဂုဏ်သတင်းက မကောင်းဘူး။ ဒါကြောင့် သူမအတွက် ဘရန်း တံဆိပ်ကြီးတွေနဲ့ အဆက်အသွယ်လုပ်ဖို့က မဖြစ်နိုင်ပေ။

 

 

 ချန်ရှု့ ရဲ့ညွှန်ကြားချက်နဲ့အတူ၊ ချန်းရှန့်က သူတို့သူဌေးရဲ့ဇနီးအတွက် သီးခြားဖြစ်တဲ့ ဒီဇိုင်နာတံဆိပ်ကို တွေ့ရှိခဲ့သည်။ သူတို့ကသူမအား သတင်းစာရှင်းလင်းပွဲတွင် အပြစ်အနာအဆာ ကင်းစွာနဲ့ လုပ်ဆောင်စေချင်သည်။

 

 

 နာမည်ကသိပ်ပြီး မကျော်ကြားသေးပေမယ့် စကတ်တစ်ခုစီရဲ့ဒီဇိုင်းက အလွန်အသေးစိတ်ကျပြီး ယဲ့ဆွေ အတွက် အံဝင်ခွင်ကျစီမံပေးထားသည်။

 

 

 "သူဌေး ဘယ်ဝတ်စုံက မစ္စယဲ့နဲ့ သင့်တော်လဲ?”

 

 

 ချန်ရှု့ အဖြေမပေးခဲ့သော်လည်း အမှတ်တမဲ့ မေးနေသည့်အလား ခေါင်းစဉ်ကို ချန်းရှန့် ဆီသို့ပစ်လိုက်သည်။  "ဘယ်လိုထင်လဲ?"

 

 

 ချန်းရှန့် တုန်လှုပ်ချောက်ချားပြီး သူ့တွင်းသူပြန်တူးထားမိတယ်လို့ ခံစားခဲ့ရသည်။ သူပါးစပ်ကိုပိတ်ထားပြီး စကားမပြောခဲ့ပေ။ မဒမ်ရဲ့ဝတ်စုံကို သူဌေးရဲ့နှုတ်ကနေသာ ဘယ်ပုံစံကသူမနဲ့ သင့်တော်တယ်ဆိုပြီးပဲ  ချီးမွမ်းသင့်သည်။

 

 

 အချိန်တွေကြာသွားပြီးနောက် ချန်ရှု့ စားပွဲပေါ်ရှိစာရွက်တစ်ရွက်ကိုကြည့်က လေးလေးနက်နက်စဉ်းစားပြီး သူရဲ့လက်ချောင်းများက အံ့ဖွယ်ကောင်းစွာ ချုပ်ထားတဲ့ တဖျက်ဖျက်လတ်နေတဲ့ ဝတ်စုံပေါ်သို့ ကျသွားသည်။  သူ့နှုတ်ကိုဖွင့်ပြီး "ဒီတစ်ခု "လို့ပြောလိုက်သည်။

 

 

 ချန်ရှု့ ကုလားထိုင်ရဲ့ နောက်ဖက်ကိုမှီကာ တစ်စုံတစ်ရာကို ရုတ်တရက် စဉ်းစားမိလိုက်သည်။ သူမျက်လုံးကိုပင့်ကာဒါ့နဲ့ သူမကိုအသိမပေးနဲ့လို့ ထပ်ပေါင်း ပြောလိုက်သည်။

 

 

 ချန်းရှန့် က သူ့ရဲ့စိတ်ထဲမှာ သူတို့သူဌေးက ယဲ့ဆွေကိုလျှို့ဝှက်စွာ ကူညီဖို့ စိတ်ဒုံးဒုံးချထားတာကို စဥ်းစားပြီး ပြန်ဖြေခဲ့သည်။ ဒါ့အပြင် သူက သူမကို မသိစေချင်ဘူး။ 

 

 

 သူတို့ရဲ့ သူဌေးမှာအဲ့လို ဂရုစိုက်ပေးမှုရှိတယ်ဆိုကို ယဲ့ဆွေသိသွားခဲ့ရင် သူမကြွေသွားမှာ အသေအချာပဲ။

 

 

 ယဲ့ဆွေအတွက် ပိုက်ဆံက တပ်မက်ခြင်းထက်ပို၍ အရေးကြီးသည်မှာ ထင်ရှားသည်။ ဥက္ကဌချန်က ထိုကဲ့သို့သောမိန်းကလေးမျိုးကို ကြိုက်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

 

 

 မကြာမီတွင် မှိခိုခြင်းကင်းတဲ့ ဒီဇိုင်နာတံဆိပ်က ယဲ့ဆွေဆီသို့ရောက်လာပြီး သူမက သူတို့တံဆိပ်ရဲ့ စတိုင်နှင့် သင့်တော်ကြောင်းပြောလိမ့်မည်။  အနာဂတ်မှာလာမယ့်ပွဲအတွက် သူတို့ရဲ့အမှတ်တံဆိပ် အဝတ်အစားတွေကို ဝတ်ဆင်ဖို့ သူမကိုဖိတ်ခေါ်လိမ့်မယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

 

 

 ယခုမှစ၍ ရက်အနည်းငယ်တွင်အိမ်ရှေ့စံမင်းသား အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး ယဲ့ဆွေက ပွဲအတွက် ၀တ်ဆင်ရန် ၀တ်စုံကိုရှာမတွေ့သေးပေ။

 

 

 ယဲ့ဆွေရဲ့ အေဂျင်စီက စပွန်ဆာရှာဖွေရန် အလွန်သေးငယ်လွန်းသည်။  စပွန်ဆာပေးမယ့်သူတစ်ဦးပေါ်လာပြီး ၀တ်စုံရဲ့ပုံစံတိုင်းက သေသပ်ပြီး လှပတာကိုသိသောအခါ ရန်ကျဲက သူတို့ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံခဲ့သည်။

 

 

 ဒီဇိုင်နာက ခန့်ညားထည်ဝါပြီး စတိုင်ကျလှတဲ့အဖြူရောင်ဝတ်စုံကို ယူဆောင်လာခဲ့သည်။ ယဲ့ဆွေနှင့် ရန်ကျဲ တို့ အတော်လေးကျေနပ်ရောင့်ရဲပြီး နောက်ဆုံးတွင် ဒီတစ်ခုနှင့်အတူသွားဖို့ ဆုံးဖြတ်ခဲ့သည်။

 

 

 ညှိနှိုင်းဆွေးနွေးပွဲနေ့တွင်၊ မီဒီယာကိုသာ ကျင်းပရာနေရာတစ်ခုလုံးမှာ အတွင်းရော အပြင်ရော အပြည့် ဖြည့်ထားသည်။

 

 

 ချန်းယင်ရဲ့ ယခင်ကိစ္စသည် တောမီးများကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် ရှေ့ဆက်ပြီးနောက် သူမရဲ့ပထမဆုံး လူသိရှင်ကြားဖြစ်လိမ့်မည်ဖြစ်ပြီး ယဲ့ဆွေနဲ့စင်အတူတူပင်ဖြစ်သည်။ သတင်းထုတ်ပြန်ချက်တွင် မည်သူမည်ဝါရှိနေပါစေ ၎င်းသည်အာရုံခံစားမှုဖြစ်စေနိုင်သည်။

 

 

 ယဲ့ဆွေနှင့် ချန်းယင်တို့ စင်ပေါ်တက်သည်နှင့် သတင်းထောက်များက သူတို့ရဲ့ကင်မရာများကိုကိုင်ပြီး ဓာတ်ပုံရိုက်ကြသည်။ ထိပ်တန်းသြဇာလွှမ်းမိုးမှုရှိသော သခင်လေး ချန်ရှို့လည်း အဲ့ဒီ့မှာရပ်နေတယ်ဆိုတာကို သူတို့မေ့နေကြသည်။

 

 

 ချန်းယင်က အနီရောင်ဝတ်စုံ ဝတ်ခြင်းအားဖြင့် ယဲ့ဆွေကိုတုပခဲ့သည်။ သူမရဲ့ တောက်ပသော ၀တ်စားဆင်ယင်မှု၏ အကျိုးသက်ရောက်မှုမှာ အင်အားကြီးမားပြီး လူတိုင်းရဲ့ရူပါရုံကို ရုတ်တရက်ဖြည့်ဆည်းပေးခဲ့သည်ဟု ဆိုရပေမည်။

 

 

 ချန်းယင်ရဲ့အသားအရေမှာ နို့နှစ်ရောင်ဖြစ်ပြီး သူမရဲ့ပခုံးလိုင်းနှင့် ညှပ်ရိုးတို့ကို လေထဲတွင်ဖော်ထားသည်။  အတိတ်တုန်းကနှင့်မတူဘဲ ယခုတစ်ကြိမ်တွင် သူရဲ့ရှည်လျားတဲ့ဆံပင်များကို လိပ်ထားတာက အတော်လေး ဆွဲဆောင်မှုရှိသွားသည်။

 

 

 သတင်းထောက်များက သိသိသာသာ လစာအပြည့်ပေးထားတဲ့ ချန်းယင်ရဲ့ အတွင်းရေးကိစ္စများကို ပို၍အာရုံစိုက်ခဲ့သည်။  "ချန်းယင် မကောင်းဆိုးဝါးနှိမ်နှင်းတာ မကြုံရခင် ရှင် အရင်က မကောင်းတဲ့အရာတွေ စိတ်ဝင်စားတာကို ခံခဲ့ရတယ်လို့ ပြောကြတယ်။ အဲ့တာအမှန်လား?”

 

 

ချန်းယင်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စများကို သတင်းထောက်များကို ပိုပြီး အာရုံစိုက်လာတာ ထင်ရှားသည်။ "ချန်းယင် မင်းကိုအရင်က မကောင်းတဲ့အရာတွေက စွဲကပ်ခဲ့တယ်။ ပြီးတော့  မင်းကမကောင်းဆိုးဝါးနှင်တာကို လုပ်ခဲ့ရတယ်ဆိုတာ အမှန်လား? "

 

 

 ချန်းယင် - "အဲ့ဒါက အွန်လိုင်းပေါ်မှာ ပြေကြတဲ့ ကောလဟာလတစ်ခုပါ၊ ဒါကြောင့် ကျွန်မတို့မယုံသင့်ဘူး"

 

 

 ချက်ချင်းဘဲ မီဒီယာတွေရဲ့ အာရုံက ယဲ့ဆွေဘက်ကို ပြောင်းသွားခဲ့သည်။ ဒီနေ့မှာ ယဲ့ဆွေက အနီရောင်ကို ဝတ်မထားခဲ့ပေ။ ဒါပေမယ့် သူမက ရှည်လျားတဲ့ အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားခဲ့သည်။

 

 

 ယဲ့ဆွေက ယူမရဲ့ နှုတ်ခမ်းပါးလေးကို ကွေးလိုက်တဲ့အချိန်(ပြုံးတာ)မှာ အဲ့ဒိအချိန်တစ်ခဏမှာ အဲ့ဒိအဖြစ်အပျက်ကြောင့် တိတ်ဆိတ်သွားကြသည်။    

 

 

 ယဲ့ဆွေရဲ့ မျက်နှာအမူအရာက တောက်ပပြီး လှပတဲ့အပြင် သူမရဲ့ပုံက နာရီတစ်လုံးနဲ့တူသည်။ သူမရဲ့သွယ်လျသောလည်ပင်းကိုသာ ဖော်ထုတ်ခဲ့ပြီး ခါးတွင်သေးငယ်တဲ့ ခါးပတ်ကို ၀တ်ဆင်ထားကာ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ပြသခဲ့သည်။ သူမက လူ့ကမ္ဘာမှာရှိတဲ့ ကောင်းကင်တမန်တစ်ပါးဖြစ်နေသလိုမျိုး အံ့သြဖွယ်ကောင်းတာ တွေ့လိုက်ရသည်။

 

 

 သူတို့ စိတ်ထဲက ပထမဆုံးအတွေးမှာ ယဲ့ဆွေရဲ့ ဟန်ပါတဲ့ အသွင်အပြင်က ပြည့်နေတာကို ဖြစ်သည်။

 

 

 ယဲ့ဆွေ  ကြည့်လိုက်တော့ သူမရဲ့အလှအပက မသေနိုင်တဲ့စိတ်ဓာတ်နဲ့အတူ ထူးခြားတဲ့အရသာရှိသည့။

 

 

 မီဒီယာအချို့က စပ်စုပြီး ယဲ့ဆွေ ရှင်ဘာလို့ ဒီနေ့အဖြူရောင်ကို ဝတ်လာတာလဲ?” လို့မေးခဲ့သည်။

 

 

 ယဲ့ဆွေက တစ်ခဏလောက် စဥ်းစားကာ ပြောလိုက်သည်။ကျွန်မက ဒရာမာဇာတ်ကောင်ထဲမှာ ဆိုးညစ်တဲ့ဇာတ်ကောင်ကို ပုံဖော်ရတယ်။ အခု ကျွန်မက အဖြူရောင်ဝတ်လာတယ် လူတိုင်းကို   ပြောင်းလဲနေတဲ့ ဇာတ်ကောင်တွေက စိန်ခေါ်မှု့တွေ ဆိုတာကိုနားလည်မယ်လို့ မျှော်လင့်ပါတယ်။

 

 

 ယဲ့ဆွေက အလွန်အမင်း ကျိုးနွံတာကြောင့် သတင်းထောက်များက သူမအတွက်ခက်ခဲသောအရာများကို မလုပ်ခဲ့ပေ။ သူမအပေါ်ထားရှိတဲ့ ပြဿနာတိုင်းကို သူမအလျင်အမြန် ဖြေရှင်းနိုင်ပြီး အခြားသူတွေရဲ့ မကျေမနပ်ဖြစ်ကြတဲ့ မှတ်ချက်များကိုလည်း သူမက နည်းနည်းမှ ဂရုမစိုက်ပေ။

 

 

 ယဲ့ဆွေက အချိန်တိုင်းမှာ ပြုံးနေပြီး သူမရဲ့သဘောထားက နူးညံ့သိမ်မွေ့သည်။

 

 

 ချန်းယင်က ရုတ်တရက် နားလည်သွားခဲ့သည်။ အရင်က နှိုင်းယှဉ်လျှင် အခုယဲ့ဆွေက ကွဲပြားနေသည်။

 

 

 သူမပြောနိုင်တာကတော့ အရင်တုန်းက ယဲ့ဆွေက အလွန်လှပတဲ့ မျက်နှာတစ်ခုသာရှိပြီး မရေမရာဖြစ်နေတဲ့ မျက်လုံးများနှင့် အနှစ်သာရမရှိတဲ့ စကားလုံးများကို ပြောဆိုခြင်းက သူမရဲ့၀တ်စုံကိုဖော်ပြရန်မဖြစ်နိုင်ပေ။ အဲ့ဒိလို လှပတင့်တယ်ခြင်းက ပရိတ်သတ်တွေရဲ့ စိတ်ထဲက ပျောက်ကွယ်သွားမှာဖြစ်သည်။

 

 

 ဒါပေမယ့် အခုချိန်မှာ ယဲ့ဆွေက ပြင်ပက ထင်မြင်ချက်များကို စိတ်ထဲမှာကြာကြာ ရှိမနေတော့ဘဲ  တင်းတင်းကျပ်ကျပ်နဲ့ နေထိုင်မှုဘ၀ကို ရှင်သန်ရပ်တည်နိုင်အောင် ကြိုးပမ်းနေခြင်းကို ရပ်တန့်လိုက်သည်။ မီဒီယာက သူမကို ဘယ်လိုအကဲဖြတ်တယ်ဆိုတာနဲ့ အင်တာနက်သုံးစွဲသူများက သူမကိုကျိန်ဆဲတာကိုလည်း ဂရုမစိုက်တော့ပေ။

 

 

 ယဲ့ဆွေက အေးဆေးတည်ငြိမ်မှုရှိပြီး သူမရဲ့အလှအပက မမျှော်လင့်ဘဲနဲ့ မျက်နှာအသွင်အပြင်ရဲ့ တောက်ပမှုကိုသက်သာစေခဲ့သည်။

 

 

 ဒီလိုလှပမှုမျိုးက အခြားသူတွေကို ထိုးနှက်ချက်တစ်ခုလို ရိုက်ခတ်နိုင်သည်။

 

 

 သတင်းစာရှင်းလင်းပွဲအပြီးမှာ ချန်းယင်ရဲ့ အဖွဲ့ကထင်ရှားတဲ့ ၀က်ဘ်ဆိုက်များတွင် သတင်းဦးကို တင်ထားပြီးဖြစ်သည်။ ချန်းယင်ရဲ့ ဤရုပ်ဆင်းသွင်ပြင်ကို အင်တာနက်ကွန်ယက်များ၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ ပုံနှိပ်ထုတ်ဝေရန်ကြိုးပမ်းခဲ့ပြီး တိုင်းပြည်၏ ပထမဆုံးချစ်ခြင်းမေတ္တာ ပြန်ပေါ်လာတာကို လူတိုင်းကိုသတိပေးနေသည်။

 

 

 [ချန်းယင်ရဲ့ အနီရောင် ၀တ်စုံဝတ်ဆင်တာက ယဲ့ဆွေ  အနီရောင် ၀တ်စုံဝတ်ထားတာထက် ပိုလှပသည်။ ]

 

 

 [ချန်းယင်ရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံသဏ္ဌာန် ပြန်ရောက်လာသည်။ သူမရဲ့ အလှပဆုံးဆိုတဲ့ ခေါင်းစဉ်မှာ အချည်းနှီးမဟုတ် ]

 

 

 ချန်းယင်ရဲ့ တည်းဖြတ်ထားသည့် ဓာတ်ပုံက အလွန်ကွဲပြားခြားနားတာကြောင့် သူမသည် သူမ၏ မူလမျက်နှာကိုပင် မသိနိုင်ပေ။ စတူဒီယိုမှ ပေးပို့တဲ့ ချန်းယင်နဲ့ ယဲ့ဆွေတို့ရဲ့ ဓာတ်ပုံတွင် သူမသည် ယဲ့ဆွ ထက်ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်ရသည်။

 

 

 အဖွဲ့က သတင်းထုတ်ပြန်ပြီးတဲ့အခါ သူမရှက်ကြောက်ခြင်း ရှိ၊ မရှိကို ဂရုမစိုက်ဘဲ သူတို့၏သွားများကို ကြိတ်ကာ  လိမ်ပြောခဲ့သည်။

 

 

 ချန်းယင်ရဲ့ အဖွဲ့က မျက်စိကန်း (T / N: သူတို့သိသာသောအရာ တစ်ခုခုကိုလုပ်ခဲ့သော်လည်း ) နေသလိုပင်။ ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေ၏ ပိုင်းခြားသိမြင်မှုမျက်စိက ကန်းမနေခဲ့ပေ။

 

 

 သူတို့က ယဲ့ဆွေကို အရင်အနီရောင်ကော်ဇောမှာ အနီရောင်ဂါဝန် ဝတ်ထားတဲ့ပုံနဲ့ နှိုင်းယှဉ်ခဲ့သည်။ အင်တာနက်ပေါ်မှာတင်တယ်၊ သတင်းစာရှင်းလင်းပွဲမှာ သူတို့ဓာတ်ပုံတစ်ပုံလည်းရှိတယ်။ ဘယ်သူပျောက်ဆုံးသွားတယ်ဆိုတာဘယ်သူမှမသိဘူး။ ဒီလောက်ရှင်းလင်းနေတာ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးတယ် ဆိုတာက။

 

 

 [ချန်းယင်နဲ့ ယဲ့ဆွေကို မတည်းဖြတ်ထားတဲ့ ဓာတ်ပုံများနဲ့ နှိုင်းယှဉ်ခြင်း။ ဘယ်သူက လှတယ်ဆိုတာကို ကြည့်ရအောင် ]

 

 

 ချန်းယင်က ဒေါက်မြင့်, ဖိနပ်မြင့်တွေကို ဝတ်ပေမယ့်လည်း ယဲ့ဆွေက သူမထက် ပိုမြင့်သည်။  သူမက အရပ်ရှည်ပေမယ့်လည်း ယဲ့ဆွေရဲ့ ကိုယ်ခန္ဓာက ပြီးပြည့်စုံတဲ့ အချိုးအစားနှင့် သွယ်လျပြီးအရေပြားမှာ အနေတော်လောက်ဖြူကာ ဝင်းလက်တောက်ပြောင်တာဖြစ်သည်။

 

 

 "ယဲ့ဆွေက တကယ်ကို အံ့သြစရာကောင်းတာဘဲဒီလိုအလှအပမျိုးက တစ်ကယ်ရှိတာလား? သူတို့ဓာတ်ပုံကို  ဂရုတစိုက် တည်းမဖြတ်တာ ပိုကောင်းတယ်။ သူမက ရိုးရိုးလေးရယ် လူသားမဖြစ်နိုင်ဘူး "

 

 

 "ချန်းယင်က ဘာလို့ ရုတ်တရက် အနီရောင်ဝတ်စုံကိုဝတ်တာလဲဟဟားဟား တုန်းရှီရဲ့ ရှီးချီ လိုမျိုး မျက်မှောင်ကြုတ်တာကို တုပနေပုံရတယ်။  သူမဘာလို့ အနီရောင်နဲ့ တောက်ပနေတယ်လို့ ခံစားနေရတာလဲ? သူ၏စိတ်နေသဘောထားက အပြောင်းအလဲရှိနေတယ်။ ဒါက လူတွေရဲ့ ပထမဆုံး အချစ်လား?"

 

 

 "ချန်းယင်ရဲ့ မကြာခင်က လုပ်ခဲ့တဲ့ အမြတ်ထုတ်မှုတွေက တော်တော်ထူးဆန်းတယ်လို့ ပြောချင်တယ်။ ယဲ့ဆွေကို နှိမ်နင်းဖို့ကြိုးစားနေသလို ခံစားရတယ်။ ယဲ့ဆွေကို လူကြိုက်များလာတာကို သူမအထူးစိုးရိမ်နေတာလား"

 

 

 "ယဲ့ဆွေကို ချန်းယင်လေး လို့ခေါ်ကြတယ်။ အရင်ကထက် သူမက လှပလာရုံသာမကဘဲ သူမရဲ့ပုံစံလည်း ပြောင်းသွားတယ်။ ဒါပေမယ့် မင်းစိတ်ပူစရာမလိုပါဘူး။ တွေးကြည့်ရမယ်ဆို ငါထင်တယ် ချန်းယင်က အိမ်မှာငိုနေတယ်လို့   သူမရုပ်ဆိုးဆိုးဖြစ်တဲ့ အချိန်ကလိုမျိုး"

 

 

 အင်တာနက် သုံးစွဲသူတွေရဲ့ မှတ်ချက်များက ချန်းယင်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်ရုံသာမကဘဲ သူမရဲ့ နောက်ဆက်တွဲ အလုပ်ကိုလည်း ထိခိုက်စေခဲ့သည်။

 

 

 Dior က ချန်းယင်နဲ့ အချိန်အတန်ကြာ အဆက်အသွယ်ရှိခဲ့သည်။ အကယ်၍ သူမသည် သူတို့၏ထုတ်ကုန်များကို ကောင်းစွာပြသနိုင်ပြီး သူမပုံသဏ္ဌာန်နှင့်စတိုင်ကို ထိန်းသိမ်းနိုင်လျှင် သူမသည် နောက်နှစ်တွင် အမှတ်တံဆိပ်သံတမန် ဖြစ်လာလိမ့်မည်။

 

 

 ချန်းယင်အား Dior ၀တ်စုံကို ၀တ်ဆင်ရန်ခွင့်ပြုသော်လည်း ရလဒ်မှာ သူတို့မျှော်လင့်ထားသည့် အတိုင်းမဟုတ်ပေ။ သူမသည် အင်တာနက်သုံးစွဲသူများကို ၀ယ်လိုခြင်းမပြုခဲ့သော်လည်း လူအမြောက်အများကို ဖျောင်းဖျခဲ့သည်။ ။ယ

 

 

 ချန်းယင် အပေါ်ထားသည့် Dior ၏သဘောထားကတဖြည်းဖြည်း အေးခဲသွားပြီး၊ အမှတ်တံဆိပ် သံတမန်ရာထူးကို ခေတ္တခဏချန်လှပ်ထားမယ်လို့ အပေါ်ယံ ပြောခဲ့သည်။ တကယ်တော့ ချန်းယင်ကို စီးပွားရေးလုပ်ငန်းမှ ထွက်စေလိုကြောင်း ပြောတာဖြစ်သည်။

 

 

 ဆန့်ကျင်ဖက်အားဖြင့်၊ လွတ်လပ်သော ဒီဇိုင်နာ၏အမှတ်တံဆိပ်သည် ယဲ့ဆွေကြောင့် ကြော်ကြားလာပြီး  ရောင်းအားမှာမြင့်တက်ခဲ့သည်။

 

 

 ယဲ့ဆွေရဲ့ အလုပ်ပမာဏကလည်း တဖြည်းဖြည်း များပြားလာသည်။ သူမသည် ယခင်ကပြောရေးဆိုခွင့်ရှိသူနှင့် စီးပွားရေးဆိုင်ရာထောက်ခံသူ မဖြစ်ခဲ့သော်လည်း ကုန်တိုက်တွင် ဖဲကြိုးဖြတ်ရန်ဖိတ်ကြားခြင်းကို မမျှော်လင့်ဘဲရခဲ့သည်။

 

 

  နှင့းဆီ ပြည့်သူကုန်တိုက်က အတော်အတန်ဝေးတယ်လို့ ရန်ကျဲက ပြောတာကြောင့် သူတို့စောစောစီးစီးထွက်ခွာခဲ့သည်။ အဲ့ဒိကိုသွားတဲ့လမ်းရဲ့ ခရီးတစ်ဝက်လောက်မှာဘဲ ယဲ့ဆွေ အမှန်တရားကို သင်ယူခဲ့ရသည်။

 

 

 သူမအနေဖြင့် စျေးဝယ်စင်တာကြီးတစ်ခုအတွက် ဖဲကြိုးဖြတ်ခြင်းကဲ့သို့ ရှားပါးတဲ့ အဖြစ်အပျက်ကို ဘာကြောင့် ရရှိခဲ့တာလဲဤအများပိုင်ကုန်တိုက်က ကြောက်စရာကောင်းကာ အလုပ်ကိုလုပ်လိုတဲ့ စတားများမရှိတာကြောင့်ဖြစ်သည်။

 

 

 ၎င်းသည် တစ်ချိန်က ဖုန်းရွှေ နေရာကောင်းတစ်ခုဖြစ်သော်လည်း ဤနေရာတွင် ကုန်တိုက်ကြီးတစ်လုံးဆောက်လုပ်ရန် သတင်းရောက်ရှိလာသည်နှင့်အမျှ ထူးဆန်းသောအရာများစွာ ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် နောက်ဆုံးလဖြစ်တဲ့  စင်တာ ဖွင့်ခါနီးအချိန်တွင် အနီးအနားက နေထိုင်သူများက ညဥ့်သန်းခေါင်တွင် သီချင်းသံများကို ကြားနေရသည်။

 

 

 လူတိုင်းက ဒီနေရာမှာ မကောင်းတဲ့ အမှားတစ်ခုခု ဖြစ်နေတယ်လို့ ပြောကြသည်။ ဒါပေမယ့် ငှားရမ်းခနည်းတာကြောင့် စီးပွားရေးလုပ်ငန်းတွေက ဆိုင်တွေဖွင့်နေတုန်းပဲ။ ဒီတစ်ကြိမ်မှာတော့ ဖဲကြိုးဖြတ်ပြီး အခမ်းအနားကျင်းပဖို့ နာမည်ကြီး စတား တစ်ယောက်လိုသည်။

 

 

 ရန်ကျဲက ကြီးမားကတဲ့ ဗုံးတစ်လုံးကို ပစ်လွှတ်လိုက်သည်။ " ဒီက ကမ်းလှမ်းတဲ့ ငွေပမာဏက မင်း ဒရာမာမှာ သရုပ်ဆောင်တာထက်ပိုတယ်"

 

 

 ပိုက်ဆံတွေရဲ့ ဆွဲဆောင်တာခံရတဲ့ ယဲ့ဆွေက အရှုံးပေးလိုက်သည်။ သူမက အမြတ်အစွန်းကောင်းရပြီး ချန်ရှု့ကို မြှင့်တင်ရဦးမည်။ အဆိုးဆုံးဖြစ်ခဲ့ရင်တောင် ဒီနေ့ကိုကျော်ပြီး သူမကိုယ်သူမ ပိုက်ဆံနဲ့ဆုချရမည်။

 

 

 ယဲ့ဆွေ ရောက်တဲ့အချိန်မှာ အလင်းရောင်ရှိနေသေးသည်။ နေရောင်တွေများလွန်းနေရင်တောင် လေထုက အေးစိမ့်စိမ့်ဖြစ်နေဆဖြစ်သည်။  သူမသရဲတွေကို မတွေ့သေးပေမဲ့ ဒီဝန်းကျင်မှာ တစ်ခုခုကမှားနေသေးသည်။

 

 

 ယဲ့ဆွေ  ဖဲကြိုးဖြတ်တောက်လိုက်တဲ့အချိန် လူအနည်းငယ်ရောက်လာသည်။ အမှန်တရားကို မသိတဲ့ လမ်းသွားလမ်းလာများက မျှော်လင့်ချက်များနဲ့ ဖျက်လက်တက်ကြွစွာ ရောက်လာကြသည်။ အောက်မှာ သတင်းထောက်တွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရချိန်မှာ သူမမျက်နှာတွင် သင့်တင့်လျောက်ပတ်တဲ့ အပြုံးရှိနေခဲ့သည်။

 

 

 ယဲဆွေရဲ့ ပြုံးနေသည့်မျက်နှာက တင်းကျပ်လွန်းလှသည်။ သူမသည် လှိုင်းပြင်းထန်တဲ့ ဆောင်းဦး ရာသီလေက သူမအလှအပကို ဖျက်ဆီးပစ်နိုင်တယ်လို့ ခံစားမိပြီး မြန်မြန်ဆန်ဆန် အဆုံးသတ်ပြီးစီးဖို့ နှလုံးသားထဲမှာ ဆုတောင်းခဲ့သည်။ သူမတစ်ကယ်အိမ် ပြန်ချင်ခဲ့သည်။

 

 

 ******

 

 

 အခြားတစ်ဖက်တွင် ဝမ်ချွမ်းက ချန်ရှု့ရုံးခန်းထဲက ဆိုဖာပေါ်တွင် ထိုင်ပြီး စကားစမြည်းပြောနေခဲ့သည်။ 

 

 

 "မစ္စယဲ့က ဒီနေ့ နှင်းဆီပြည်သူ့ကုန်တိုက်အတွက် ဖဲကြိုး ဖြတ်ခဲ့တယ်"

 

 

 ချန်ရှု့က ဂရုမစိုက်ဟန် မပြဘဲရှိနေဆဲဖြစ်သည်။ သူ့မျက်လုံးများက စားပွဲပေါ်ရှိ ကွန်ပျူတာဖန်သားပြင်ကို  ကြည့်နေကာ လက်ချောင်းများက ကြည်လင်နေပြီး သူ့မျက်လုံးများက အရေးကြီးတဲ့ စာရွက်စာတမ်းများကို စစ်ဆေးရန် ဖန်သားပြင်ပေါ်တွင်သာ ရှိနေသည်။

 

 

 ချန်ရှု့ရဲ့ တောင်းဆိုချက်အရ ဝမ်ချွမ်းသည် ယဲ့ဆွေရဲ့ အချိန်ဇယားကို သိရန်လိုအပ်သည်။

 

 

 ယဲ့ဆွေရဲ့ လှုပ်ရှားမှုများမှာ မကြာခဏမဟုတ်ပေ။ ပုံမှန်နေ့များတွင် ဘာမှ ဖြစ်ပျက်နိုင်မည် မဟုတ်ပါ။ အွန်လိုင်း ဆောင်းပါးများနှင့် လူထုအမြင်များကလည်း ပြဿနာမရှိ။ ဒါပေမယ့် ဝမ်ချွမ်းက ဒီနေ့ ချန်ရှု့ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတစ်ခုကို ပြောပြဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရသည်။

 

 

 ဝမ်ချွမ်း -“အဲဲဒိနေရာက သရဲခြောက်တယ်လို့ ငါကြားတယ်။

 

 

 သူသည် နှင်းဆီပြည်သူ့ကုန်တိုက်၏ သတင်းအချက်အလက်များကို စစ်ဆေးရန် သူ့ ခေါင်းကိုအလျင်အမြန် အလုပ်ပေးခဲ့သည်။ ထူးဆန်းတဲ့ မြို့ပြဒဏ္ဌာရီများကို ကြည့်လျှင် သူသည်သရဲတစ္ဆေများကို လုံးဝမယုံကြည်ပါ။

 

 

 ဒီသရဲများ လွတ်လပ်စွာသွားလာနိုင်တဲ့ အများပြည်သူကုန်တိုက်ကြီးကို ရှဲ့ရင် ဆိုတဲ့နာမည်က မကောင်းဘူးလားဒီနာမည်က ဒီမှာသုံးရာနှစ်ဆယ် အဖိုးတန်တယ်။ ငါတို့နေရာမှာ ပြဿနာတွေရှိတယ်လို့ လူတိုင်းကို ရှင်းရှင်းလင်းလင်းပြောနေတာနဲ့ မတူဘူးလား။

 

 

 ဝမ်ချွမ်းက ချန်ရှု့ရဲ့ တုန့်ပြန်မှု့ကို နေ့တစ်ဝက်လောက် စောင့်နေပေမယ့်  မည်သည့် တုန့်ပြန်မှုမျှ မရရှိခဲ့ပေ။

 

 

 ဝမ်ချွမ်း ကြည့်လိုက်တဲ့အချိန်မှာ ရုံးကဗလာကျင်းသွားပြီး သူ့ ဘောစ့်ကထွက်သွားပြီဖြစ်သည်။

 

 

 ထိုအချိန်တွင် လမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုအချို့ရှိခဲ့သည်။ ထိုအချိန်မှာ ချန်ရှု့က ကားမောင်းနေသည်။ ဆောင်းဦးရာသီတွင် နေဝင်စောကာ ညမှောင်နေပြီဖြစ်သည်။

 

 

 ချန်ရှု့ကားက  နှင်ဆီရင်ပြင်ကို ရောက်ချိန်တွင် ညရောက်လုနီးပြီဖြစ်သည်။  ကုန်တိုက်သည် ဗလာဖြစ်နေပြီး အလင်းအလွှာဖြင့် ဖုံးလွှမ်းနေသည်။ တဖြည်းဖြည်း နက်မှောင်လာသည့် အမှောင်ထုအောက်တွင် သူထပ်ကြည့်လိုက်ချိန်တွင် ပိုပြီးလူသူကင်းမဲ့နေခဲ့သည်။

 

 

 အဆိုပါ ဖဲကြိုးဖြတ်ပွဲက ခဏလေးနဲ့ ပြီးစီးခဲ့ပေမယ့် ယဲ့ဆွေက ပျောက်ကွယ်သွားခဲ့သည်။

 

 

 ချန်ရှု့က မျက်ခွံများကို ဖွင့်လိုက်ကာ  နှင်းဆီရင်ပြင်ရဲ့ အမှတ်အသားကို ငေးကြည့်လိုက်သည်။ သူသည်ဆိုင်းဘုတ် ပြုတ်ကျတာကို မသိလိုက်ပေမယ့်လည်း အရောင်တောက်တောက် ရောင်စုံအက္ခရာသုံးလုံးကိုသာ တွေ့မြင်နိုင်သည်။

 

 

 သရဲ! ပြည်သူ့! ကုန်တိုက်!