လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၃၁ - ဘုရားမဲ့ဝါဒီ
ဖဲကြိုးဖြတ်ပြီးနောက်မှာ ယဲ့ဆွေက သန့်စင်ခန်းကို သွားခဲ့သည်။
ဖြစ်နိုင်တာကတော့ ယဲ့ဆွေက အဲ့ဒါကို သူမထအထင်မှားတယ်လို့ ထင်တာဖြစ်သည်။ ဒါပေမယ့် သူမဖဲကြိုးဖြတ်ချိန်မှာ သူမကိုင်ထားတဲ့ ကတ်ကြေးက ညစ်ပတ်လာခဲ့သည်။
ဒီကုန်တိုက်ကြီးထဲမှာ သရဲတွေကို မမြင်တော့ ယဲ့ဆွေက သူမရဲ့လက်ကို အများပြည်သူသုံးတဲ့ သန့်စင်ခန်းထဲမှာဘဲ ဆေးကြောသန့်စင်ခဲ့သည်။
ကောလာဟလတွေက ဘာကြောင့်ဒီနေရာမှာ ရှိနေရတာလဲ ဆိုတာကို ယဲ့ဆွေ သိချင်ခဲ့သည်။ သူမက ပုဂ္ဂိုလ်ရေးအရ အတည်ပြုချင်ခဲ့သည်။ သရဲများက သူတို့ကိုယ်တိုင် ပျံ့နှံ့သွားနိုင်သည်။
ယဲ့ဆွေက စိတ်လှုပ်ရှားစရာကောင်းတဲ့ သီချင်းကို ညည်းနေခဲ့သည်။ သူမလက်ကို ဆေးကြောပြီးတဲ့နောက်မှာ သန့်စင်ခန်းထဲမှ ထွက်လာပြီး ပြန်တော့မှာဖြစ်သည်။
သူမ လွန်ခဲ့တဲ့ တစ်မိနစ်အကြာက ဒီကော်ရစ်တာကို လျှောက်လာပြီးပြီ မဟုတ်ဘူးလား?
ယဲ့ဆွေက ရင်ပြင်အလယ်မှာ ထူးခြားတဲ့ ဓာတ်ပြားဖွင့်လို့ရတဲ့ ဆုံလည်ဓာတ်ပြားအလယ်မှာ တစ်မျိုးကြီးဖြစ်နေတဲ့ အနုပညာလက်ရာတစ်ခု ရှိတယ်ဆိုတာ သတိရလိုက်သည်။
အဲ့ဒိအချိန်က ယဲ့ဆွေ အနုပညာလက်ရာမှာ ထူးခြားတဲ့ အရာရှိတယ်လို့ လည်းကြွားဝါခဲ့သည်။ တစ်မိနစ်ထဲမှာဘဲ ထိုရုပ်တုကို နှစ်ကြိမ်တွေ့ရဖို့ မမျှော်လင့်ခဲ့ပေ။
ယဲ့ဆွေက အသက်ပြင်းပြင်းရှူရင်း ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်လိုက်သည်။ "မဟုတ်ဘူး မဟုတ်ဘူး ငါလမ်းပျောက်နေပြီ "
သူမဟာ ဒီအနုပညာလက်ရာကို ပဉ္စမအကြိမ်မြောက်ထိ သူမနှလုံးသားထဲမှာ စတင်ကျိန်ဆဲလိုက်သည်။ အရာအားလုံး အရမ်းချောချောမွေ့မွေ့ ပြီးသွားတာက အံ့သြစရာမဟုတ်ဘူးဘဲ။ အရင်ထဲက သရဲတွေက သူမကိုဤနေရာမှာ စောင့်နေတာဖြစ်သည်။
ယဲ့ဆွေက ဆက်သွား မနေခဲ့ပေ။ သူမက ရှောင်လျို့ကို မမှောင်မည်းခင် စာပို့လိုက်ပြီး သူမကိုလာခေါ်နိုင်တဲ့သူကို ရှာခိုင်းလိုက်သည်။
[ငါကုန်တိုက်အလယ်မှာရှိတယ်။ ပြီးတော့ ငါတစ္ဆေအတားအဆီးနဲ့ ကြုံနေရတယ်။ ကျေးဇူးပြုပြီး ငါ့ကိုလာခေါ်ဖို့ တစ်ယောက်ယောက်ကိုရှာပေး !]
စာသားမက်ဆေ့ခ်ျပို့ပြီးနောက် စက္ကန့်အနည်းငယ် အကြာမှာ ရှောင်လျို့ရဲ့ ပြန်စာက ပြန်ရောက်လာသည်။
[အစ်မရဲ့ခင်ပွန်းက အစ်မကိုလာကြိုနေတယ်၊ ဒါကြောင့် ညီမ တတိယဘီးတော့ မဖြစ်ချင်ဘူး။ ]
ဘာလဲ?
သူမတစ်ခုခုကို နားလည်မှု လွဲနေတာလား?
ယဲ့ဆွေက စိုးရိမ်တကြီးနဲ့ စာပြန်ပို့ခဲ့သည်။
[ငါပြောတာက ငါသရဲနဲ့ တည့်တည့်တွေ့နေရတယ်လို့ !]
ရှောင်လျို့က ချက်ချင်းဘဲ ပြန်စာပို့ခဲ့သည်။
[ဟေး ဟေး ညီမသိပါတယ်။ အခုညီမ အိမ်ပြန်မှာပါ အစ်မတို့ အချစ်ငှက်နှစ်ကောင်ကိုလည်း မစောင့်ကြည့်ပါဘူး ]
သူမနဲ့ ရှောင်လျိုက ကမ္ဘာတစ်ခုတည်းမှာလား? ဒါမှမဟုတ် ဒီနေရာမှာရှိတဲ့ သံလိုက်စက်ကွင်းက ပြောင်းလဲသွားပြီလား?
ယဲ့ဆွေရဲ့ လက်များက ကြောက်ရွံ့တုန်လှုပ်လျက် ရှောင်လျို့ရဲ့ နံပါတ်ကို ချက်ချင်းခေါ်ဆိုခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ ဟိုဘက်က ဖုန်းကို မြန်မြန်ဆန်ဆန်ကိုင်လိုက်ချိန်မှာ ယဲ့ဆွေက ချက်ချင်းပြောခဲ့သည်။ "နင်ဘယ်မှာလဲ?
မသွားသေးနဲ့ ကျေးဇူးပြုပြီး ငါ့ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့။ "
ရှောင်လျို့ ရဲ့အခြားတစ်ဖက်က အသံက အနည်းငယ်ရှုပ်ထွေးနေသည်။ “ ဆွေဆွေ အစ်မဘက်ကလိုင်းက မကောင်းဘူး။ ညီမ အစ်မပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘူး။
ကျေးဇူးပြုပြီး အိမ်ပြန်ရောက်ရင် ညီမကိုဖုန်းခေါ်ဖို့ သတိရဦး။ ညီမ ဆဲလ်ဖုန်းက ဘက်ထရီကုန်သွားပြီ။ ဒါကြောင့် ညီမ အရင် ပိတ်ထားလိမ့်မယ်။ "
ယဲ့ဆွေ စိတ်ပျက်လက်ပျက်နှင့် ဖုန်းချသံကို ကြားလိုက်ရသည်။ သူမသည်ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်သည် လူသူဆိတ်သုဉ်းနေဆဲ ဖြစ်၍ မည်သည့် ၀ိညာဉ်ကိုမျှမတွေ့ရပါ။ သူမသည် ဤနေရာတွင် သရဲခြောက်တဲ့ အတားအဆီးတစ်ခုကို ဘယ်လိုရင်ဆိုင်ရမှာလဲ?
ယဲ့ဆွေက သူမရဲ့မျှော်လင့်ချက်ကို မစွန့်လွှတ်ခဲ့ပေ။ သူမက ချန်ရှု့ကို ဆက်ခေါ်ခဲ့သည်။ ယဲ့ဆွေ
ဖုန်းခေါ်ချိန်မှာ သူက ရင်ပြင် အပြင်ဘက်မှာရှိနေခဲ့သည်။ ကြောက်ရွံ့မှုကြောင့် သူမရဲ့ ဦးနှောက်ကို ဆုံးရှုံးသွားတဲ့ ယဲ့ဆွေက သူ့အမည်ကို စိတ်လှုပ်ရှားစွာ ခေါ်နေခဲ့သည်။
"ချန်ရှု့ ရှင် ဘယ်မှာလဲ?
ကျွန်မကို လာခေါ်လို့ရမလား?"
ယဲ့ဆွေက ချန်ရှု့ကို ဒီနေရာနဲ့ ဝေးမယ်လို့ ထင်ခဲ့တာဖြစ်သည်။
သူမြန်မြန် ရောက်မယ်ဆိုရင်တောင် တစ်နာရီခန့်ကြာလိမ့်မည်။ ဘယ်လိုဖြစ်လို့ သူကဒီကို ရုတ်တရက် ရောက်လာတာလဲ?
နောက်ထပ်စက္ကန့်မှာဘဲ ချန်ရှု့က ပြောလာခဲ့သည်။
“ ကိုယ် ရင်ပြင်အပြင်ဘက်မှာ ရှိနေတယ်။ မင်းကကော? ”
ယဲ့ဆွေက ချန်ရှု့ကို သူမရှိတဲ့ နေရာကိုအလျင်အမြန်ပြောခဲ့သည်။ နောက်ဆုံးတွင် သူမနဲ့ချိတ်ဆက်နိုင်တဲ့ တစ်စုံတစ်ယောက်ရှိခဲ့ပြီ ဖြစ်သည်။ သူမကို သူတွေ့တဲ့အချိန်မှာ ယဲ့ဆွေရဲ
မြေပေါ်တွင်ထိုင်လျက် သူ့ဒူးခေါင်းများကို လေက်မောင်းများက ပိုက်ထားကာ ခေါင်းပါငုံ့ထားပြီး
မလှုပ်ရှားဘဲနေခဲ့သည်။ သူက မချဉ်းကပ်သေးသော်လည်း သူ့ခြေသံ
ကိုကြားလိုက်တဲ့ ယဲ့ဆွေက ချက်ချင်း ခေါင်းထောင်ကြည့်ခဲ့သည်။
"ချန်ရှု့!" ယဲ့ဆွေက ပျော်ရွှင်မှုများနဲ့ ဝမ်းနည်းမှု့များ အလယ်မှာဘဲ ခေါ်ခဲ့သည်။
သူမက မြန်နိုင်သမျှ မြန်မြန်မြေပေါ်မှထကာ ချန်ရှု့ရဲ့ ဘေးတွင်ကပ်နေခဲ့သည်။ "ကျွန်မတစ္ဆေအတားအဆီးတစ်ခုတွေ့ခဲ့တယ်။ အပြင်ထွက်လို့မရခဲ့ဘူး"
ပြည်သူ့ကုန်တိုက်ရှိ အနုပညာလက်ရာများကို ချန်ရှု့က ကြည့်နေရင်း“ ဒီကမ္ဘာမှာ သရဲတွေမရှိဘူး။ ” လို့ပြောခဲ့သည်။
ယဲ့ဆွေက “ ရှင်မှားနေပြီး ဒီကမ္ဘာမှာ သရဲတွေတကယ်ရှိတယ်” လို့အားနည်းစွာ ပြန်ပြောခဲ့သည်။
ချန်ရှု့က ယဲ့ဆွေကိုကြည့်ပြီး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေခဲ့သည်။
သူသည် အစမှအဆုံးအထိ သူ့ယုံကြည်ချက်မှာ အတူတူပင်ဖြစ်ခဲ့ပြီး ဤအရာများကို သူမယုံနိုင်အောင်ဖြစ်နေသည်။
ယဲ့ဆွေက စိတ်ရှုပ်နေတယ်လို့ ခံစားရသည်။ သူမက ချန်ရှု့ကို ဒီလောကမှာ မကောင်းဆိုးဝါးတွေ ရှိတယ်ဆိုတာ ဝန်ခံဖို့အတင်းအကျပ် မပြုလုပ်ခိုင်းဘူး။ ချန်ရှု့က ယန် စွမ်းအင်နဲ့ ပြည့်နှက်နေလို့ သူ့ကိုတွေ့တဲ့အခါမှာ သရဲတွေက ပျောက်ကွယ်သွားလိမ့်မည်။
ယဲ့ဆွေက သူမပြောတာကို သက်သေပြလို့မရဘူး။
ချန်ရှု့ ရောက်တဲ့အခါ ယဲ့ဆွေ
သက်သာသွားပြီ။ အခုတော့ မှောင်နေပြီ။ ချန်ရှု့နောက်လိုက်ပြီး အိမ်ပြန်ရင် သူမအဆင်ပြေမှာပါ။
သူတို့သည် အရင်လမ်းကြောင်းအတိုင်း လျှောက်သွားပြီး အရှေ့တံခါးမှ ထွက်ဖို့အဆင့်သင့် ဖြစ်နေခဲ့သည်။
တစ်မိနစ်အကြာမှာ ချန်ရှု့နဲ့ ယဲ့ဆွေက အရင်နေရာကို
ပြန်သွားကြကာ ယခုအချိန်တွင် သူတို့နှစ်ဦးလုံးသည် တစ္ဆေအတားအဆီးကို တချိန်တည်း ကြုံခဲ့ရသည်။
ယဲ့ဆွေက "ရှင်အစောက ဘယ်လိုလာခဲ့တာလဲ? " လို့ မကူညီနိုင်စွာနဲ့ မေးခဲ့သည်။ သူတို့ဘယ်လိုလုပ် ဒီနေရာမှာဘဲ ရှိနေရတာလဲ?
ချန်ရှု့က အေးဆေးစွာဘဲ ပြန်ပြောခဲ့သည်။ “ ကျပန်းလမ်းကို ရွေးလိုက်ပြီး လာခဲ့တာ ”
သူကထွက်ပေါက်တစ်ခုကို ကျပန်းရွေးလာတယ်လို့ပြောတာက
တာဝန်မဲ့ခြင်းဖြစ်သည်။
ယဲ့ဆွေက ချန်ရှု့ကို ဆွဲခေါ်ပြီး နောက်တစ်လမ်းကို သွားခဲ့သည်။ သူတို့က ရုံးခန်းရဲ့ အနောက်တံခါးကနေ ထွက်သွားခဲ့သည်။
မိနစ်အနည်းငယ်အကြာမှာ ယဲ့ဆွေက တစ္ဆေအတားအဆီးအတွင်းမှာရှိနေစဥ် ထွက်ပေါက်ရှာဖို့ မဖြစ်နိုင်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။
သူတို့က နောက်ထပ် သူတို့လမ်းကြောင်းကို ပြောင်းလိုက်ပြီး လမ်းလျှောက်ခဲ့ကြသည်။ အကယ်၍ သူတို့သည် တစ္ဆေအတားအဆီးကို ထိမိပါက သူတို့ဆက်နေရမှာဖြစ်သည်။
"ဒီအဆောက်အဦးရဲ့ ဒီဇိုင်းက တစ်ခုခုမှားယွင်းနေတယ်။ လမ်းကြောင်းတွေက နေရာတိုင်းမှာအတူတူပဲ " ချန်ရှု့က ပြီးပြည့်စုံတဲ့ အကြောင်းပြချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး သရဲများနှင့် ပတ်သက်တဲ့ အတားအဆီးများကို ဗိသုကာပညာရှင်ရဲ့ ခေါင်းပေါ်တွင်သာ ပုံချခဲ့သည်။
အပြစ်မဲ့တဲ့ ဗိသုကာပညာရှင်က ဒါကိုတုံ့ပြန်လိမ့်မည်။ "ငါ ... ဒီအချက်ကို ကြိုတင်မခန့်မှန်းခဲ့ဘူး"
ချန်ရှု့ကို သရဲတစ္ဆေများရှိကြောင်း သက်သေပြဖို့ ယဲ့ဆွေက အရာရာကိုရှင်းလင်းစေရန်နဲ့ လမ်းတစ်လျှောက်မှာ အမှတ်အသားများကို ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ထို့နောက် သူမကိုယ်တိုင် ချန်ရှု့ကို စူးကြည့်လိုက်ပြီး ၀.၅ စက္ကန့်အကြာထိ တုန့်ဆိုင်းခဲ့ပြီး အမှတ်အသားအဖြစ်သူ့ဆီက ပစ္စည်းနဲ့ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ယဲ့ဆွေက သူ့လည်စည်းကို ညွှန်ပြလိုက်ပြီး "ရှင့် လည်စည်းကို ချွတ်လိုက် "
ချန်ရှု့က သူ့ဝတ်စုံကို ပထမဆုံးထိလိုက်ပြီး သူ့ရဲ့သေးသွယ်တဲ့ လက်ချောင်းများက လည်စည်းထိပ်ကိုကိုင်ထားသည်။ သူ၏လက်ချောင်းများက အနည်းငယ်တင်းကျပ်နေတာကို ဖြေလျော့လိုက်ပြီး သူ့အသံကလည်း အနည်းငယ် ရှုပ်ထွေးနေပုံရသည်။“ လည်စည်းလား?”
ယဲ့ဆွေက သူမပြောလိုက်တာကို သဘောပေါက်သွားခဲ့သည်။ ဒီလိုမှောင်မဲနေတဲ့ညတွင် သူမနဲ့ ချန်ရှု့တို့က လူသူကင်းမဲ့ပြီး ဝေးလံတဲ့နေရာမှာ နှစ်ယောက်တည်းဖြစ်သည်။
ချန်းရှု့ကို သူ့လည်စည်းဖြည်ဖို့ သူမက ပြောခဲ့သည်။ အဲ့ဒိအချိန်ရဲ့ လေထုအရ
သူကနောက်ထပ်က ရှပ်အင်္ကျီကို ချွတ်ရမှာလား?
ယဲ့ဆွေက သူမရဲ့လုပ်ရပ်တွေက နားလည်မှုလွဲစေမှာကို စိုးရိမ်ပြီး မြန်မြန်ဆန်ဆန် ရှင်းပြခဲ့သည်။ “ ကျွန်မ ရှင်နဲ့အတူ စမ်းသပ်မှုတစ်ခုလုပ်ချင်တယ်”
နောက်တစ်စက္ကန့်မှာဘဲ
ချန်ရှု့ရဲ့ လက်က လည်ပင်းကလည်စည်းကို အနည်းငယ် ရှုပ်ထွေးစွာ ဆွဲဖြုန်လိုက်ချိန်မှာ ရှပ်အင်္ကျီရဲ့ ထိပ်ဆုံးကြယ်သီး နှစ်ခုက သူ့ရဲ့အားကြောင့် ပြုတ်သွားခဲ့သည်။
ချန်ရှု့က မချည်ထားတဲ့ လည်စည်းကို ယဲ့ဆွေလက်ထဲ ထည့်ပေးခဲ့သည်။ " ဒီမှာ "
ချန်ရှု့စကားပြောတဲ့အချိန် လည်ပင်း လှုပ်ရှားမှု့နဲ့ ထိုင်ခုံလက်တင်သည့်နေရာကို ချည်နေတဲ့အချိန်မှာ ယဲ့ဆွေရဲ့ စိတ်ထဲမှာ ကြေက်မက်ကောင်းလောက်အောင် ရှုတ်ထွေးနေခဲ့သည်။
"ကျွန်မတို့ ဒီမှာစောင့်ကြည့်မယ်ဆို မြင်ရလိမ့်မယ် "
ချန်ရှု့က ယဲ့ဆွေ လုပ်နေသည့်ကိစ္စနှင့် ပတ်သတ်ပြီး ပြဿနာမရှိခဲ့ပေ။ သဘာဝကျကျဘဲ သူမက မိမိလည်စည်းနှင့်အတူ သူမ၏စမ်းသပ်ချက်များကို စိတ်ထဲမထားခဲ့ပေ။
ထို့နောက် လည်စည်းက ကို လက်မောင်းကို လှည့်ပတ်ပြီး ရွေ့သွားခဲ့သည်။ ယဲ့ဆွေက ချန်ရှု့ကို ချက်ချင်ဘဲ ညွှန်ပြလိုက်ကာ "ကြည့်ပါလား ဒါကတစ္ဆေတိုက်ခိုက်မှုတစ်ခုပဲ" လို့ပြောခဲ့သည်။
ထူးဆန်းတဲ့ အရာတွေ အများကြီးရှိပေမယ့် ချန်ရှု့က ငြိမ်သက်ဖြစ်နေဆဲဖြစ်သည်။ "ကိုယ်တို့တကယ် ရှုံးသွားပုံရတယ်"
ယဲ့ဆွေ - "... "
'ရှင့်က သင့်တော်တဲ့ အကြောင်းပြချက်တစ်ခုကို ရှာချင်နေတုန်းလား?
'
ယဲ့ဆွေက ချန်ရှု့နဲ့အတူ ကုန်တိုက်တစ်ဝိုက်တွင်သာ ၀င်ရောက်နိုင်သည်။ အလင်းမရှိသည့်တိုင် ယဲ့ဆွေက မျက်လုံးတောက်တောက်ရှိပြီး
ထိုင်ခုံလက်တင်သည့်နေရာမှ လည်စည်းကို အကြိမ်ပေါင်းများစွာ မြင်တွေ့နိုင်သည်။
ချန်ရှု့ရဲ့ လည်စည်းအနားမှာ ချိတ်ဆွဲထားတဲ့ အနီရောင် ၀တ်စုံကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ယဲ့ဆွေက တုန်လှုပ်စွာနဲ့ ထူးဆန်းတဲ့ အနီရောင်ဝတ်စုံကို ထောက်ပြခဲ့သည်။
ချန်ရှု့က ယဲ့ဆွေကို စူးစမ်းချင်စိတ် ပြင်းပြစွာနဲ့ ကြည့်ခဲ့သည်
အရူးအမူးစွဲလမ်းစွာကြည့်ခဲ့သည်။" အဲ့ဒိမှာ လည်စည်းက ရှိနေတုန်းပဲ။ ဘာဖြစ်လို့လဲ?"
ချန်ရှု့က ထိုအရာကို မမြင်ရသဖြင့် ဤအနီရောင် ၀တ်စုံသည် လူတွေနဲ့မဆိုင်ဘဲ သရဲနဲ့သာသက်ဆိုင်တာ ဖြစ်သည်။ ယဲ့ဆွေ စကားပြောနေစဉ်မှာ
ထိပ်ဆုံမှ အလင်းရောင်သည် ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
သူမနဲ့ ချန်ရှု့တို့က အနီရောင် ၀တ်စုံရှေ့တွင် ရပ်နေကြသည်။ သရဲဆီက ဘယ်လောက်ပဲ ပုန်းနေပါစေ တစ်ခုမှကို
ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ယဲ့ဆွေက ဒီနေရာမှာ မနေချင်ဘူး။ သူမမှောင်မိုက်တဲ့နေရာကို ပြန်သွားချင်ပေမဲ့ ချန်ရှု့က ယဲ့ဆွေရဲ့ စိတ်ကိုနားမလည်ခဲ့သလို သူမရဲ့လက်မောင်းကိုလည်း ဆုပ်ကိုင်လိုက်သည်။ " ခဏစောင့်ဦး ကိုယ် ဖုန်းဖွင့်လိုက်ဦးမယ် "
ချန်ရှု့က သူ့မိုဘိုင်းဖုန်းကို ထုတ်ယူခဲ့ပေမယ့်လည်း ၎င်း၏ဖန်သားပြင်မှာ မှောင်မိုက်သွားခဲ့သည်။ သူက ပါဝါ ခလုတ်ကိုအကြိမ်ပေါင်းများစွာ နှိပ်ခဲ့သည်။
"ဖုန်းက အားကုန်သွားပြီ "ချန်ရှု့က သူ့ လက်ကိုင်ဖုန်းကို သူ့အိတ်ကပ်ထဲကို ပြန်ထည့်လိုက်သည်။
ယဲ့ဆွေ တစ်ယောက်တည်းသာ အမှန်တရားကို သိသူဖြစ်သည်။ အီလက်ထရောနစ်ပစ္စည်းများက ဤနေရာတွင် အလုပ်လုပ်နိုင်မည် မဟုတ်ကြောင်းကို သူမသိသည်။ ချင်မင်ပွဲတော်မှာ သရဲများက သူတို့ကိုသေစေလိုသည်။
ချန်ရှု့က ယဲ့ဆွေရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့ပြီး သူမကို မလွှတ်ပေးခဲ့ပေ။ သူက သူ့အိတ်ကပ်ထဲကနေ မီးခြစ်ကို ထုတ်ယူလိုက်သည်။
"ချက်!" မီးတောက်က တိတ်ဆိတ်နေတဲ့ လေထုထဲမှာ အနည်းငယ်တုန်ခါနေခဲ့သည်။
ချန်ရှု့တွေ့တာကတော့ ယဲ့ဆွေက တစ်လျှောက်လုံး တွေ့ရတဲ့ လည်စည်းကို အရမ်းကြောက်နေပုံရသည်။ သူကယဲ့ဆွေကို ကြောက်စရာကောင်းတာ ဘာမှမရှိဘူးလို့ ညင်သာစွာပြောခဲ့သည်။
ယဲ့ဆွေအတွက်ကတော့ ယခုအချိန်မှာ ချန်ရှု့ရဲ့ အပြုအမူကြောင့် မျှော်လင့်ချက်များ ပျောက်ဆုံးသွားသည်။ ချန်ရှု့က ထိုင်ခုံလက်တင်သည့်နေရာကိုသွားကာ
သူ့လက်ကိုဆန့်ပြီး လည်စည်းကို ဆွဲယူခဲ့သည်။
"ကြည့် ဒါက လည်စည်းတစ်ခုတည်း မဟုတ်ဘူးလား?
မင်းအများကြီး အတွေးလွန်နေလို့ပါ "
ယဲ့ဆွေက ချန်ရှု့ရဲ့ စကားကို မကြားတော့ဘူး။ သူမအဝေးက အနီရောင် ၀တ်စုံပိုင်ရှင်ကို တွေ့လိုက်သည်။ အဲ့ဒီသရဲက သူမရဲ့အိမ်မှာ အဲဒီနေ့မှာထွက်ပေါ်လာတဲ့အန်တီသရဲတွေထဲက တစ်ယောက်ဖြစ်သည်။
ရပ်ကွက်ထဲက သရဲ သရဲအမျိုးသမီးကြီးက ဒီလောက်ဝေးတဲ့ နေရာမှာ ဘာလာလုပ်တာလဲဆိုတာ သူမကိုပြောပြနိုင်မလား?
ချန်ရှု့ရဲ့ တည်ရှိမှု့ကိုကြည့်ရင်း သရဲအန်တီရဲ့ မျက်နှာက ထိတ်လန့်တုန်လှုပ်နေသည်။ သူမက သူ့နေရောင်ခြည်ကြောင့် လွှမ်းမိုးခံရသည်ကိုမသိခဲ့ပါ။
ယဲ့ဆွေက ချန်ရှု့ကို ပြန်အာရုံစိုက်လိုက်သည်။ သရဲအန်တီရဲ့ ထိတ်လန့်နေတဲ့ မျက်လုံးတွေက ချန်ရှု့ရဲ့ ယန်ဓာတ်ကြောင့်သာ ဖြစ်လိမ့်မည်။
ဘာကြောင့်လဲဆို ချန်ရှု့ရဲ့ ပူပင်ကြောင့်ကြမဲ့တဲ့ သဘောထားအရဆို
မီးတောက်ရဲ့အလင်းက မှိတ်သွားခဲ့ပြီး အနီးရောင်ဝတ်စုံက လည်စည်းရဲ့ ဘေးမှာဆင်းသက်ခဲ့သည်။
ယှဉ်ပြိုင်မှုအတွက် အထူးအံဝင်ခွင်ကျ ဖြစ်အောင် ချုပ်ထားတဲ့ သရဲအန်တီကြီးက အဝတ်ကို နောက်တစ်ခါ မဝတ်နိုင်တော့ပေ။
နောက်တစ်စက္ကန့်မှာဘဲ ယဲ့ဆွေက သရဲအန်တီကြီးက အမြန်လှည့်ပြေးသွားကာ အော်ဟစ်နေတာကို တွေ့လိုက်ရသည်။ “ အစ်မကြီး နတ်ဆိုးတွေက ဒီမှာ!”
အဲ့ဒိအချိန်မှာဘဲ ၀ိညာဉ်က ထွက်သွားခါမှ အလင်းရောင်က ပြန်ပေါ်လာခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ရဲ့ စိတ်မပါတဲ့ အမူအရာနောက်မှာ လိုက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် မူရင်းလမ်းကြောင်း အတိုင်းဆက်သွားပြီး တံခါးရှေ့မှာ ပြန်ပေါ်လာသည်။
သရဲအတားအဆီက ပွင့်သွားပြီ ဖြစ်သည်။ တံခါးပေါက်ရှေ့ ပွင့်နေတဲ့နေရာမှာ အက အဝတ်အစားများနဲ့ ကခုန်နေတဲ့ သရဲအမျိုးသမီးကြီးများနဲ့ အလေးထားမှု့ကို ပြသဖို့လာတဲ့ သရဲအစ်ကိုကြီးများနဲ့ ပြည့်နေသည်။
အိမ်ရှင်က စင်မြင့်ပေါ်မှာ စိတ်အားထက်သန်စွာနဲ့“ ယနေ့ည ပြိုင်ပွဲက ငါတို့အတွက် နောက်ဆုံးဘဲ။ တစ်လအတွင် ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီမျိုးစေ့ ကစားသမားများအား လက်ခုပ်သံများနဲ့အားပေးကြပါစို့” လို့ တင်ဆက်သူက ပြောတဲ့အခါ လက်ခုတ်သံ အပြည့်အဝရရှိခဲ့သည်။
ယဲ့ဆွေရဲ့ အိမ်ကို အဲ့ဒိနေ့က ရောက်လာကြတဲ့ သရဲအန်တီကြီးတွေ အားလုံးက ဒီနေရာမှာ ရှိနေပြီး အန်တီကျန့်လဲပါသည်။ ဟိုဘက်က
အိမ်နီးချင်းနဲ့ ပြိုင်မယ်လို့ ပြောခဲ့တာက အမှန်တော့ ဒီနေရာတွင်ဖြစ်သည်။
လွန်ခဲ့တဲ့လက နှင်းဆီပြည်သူ့ရင်ပြင်မှ မကြာခဏ သရဲခြောက်ခြင်းက ဤသရဲများကြောင့် ဖြစ်ရသည်မှာထင်ရှားသည်။
ယဲ့ဆွေက နံရံကို ဘာလို့ ရိုက်နှက်ရတာလဲဆိုတဲ့ အကြောင်းရင်းကို သူတို့ပါးစပ်မှကြားခဲ့သည်။ သရဲအမျိုးသမီးကြီးက စင်မြင့်ကို အထူးတပ်ဆင်ထားပြီး အရှက်ကင်းမဲ့တဲ့ ပြိုင်ဘက်များကို စင်မြင့်ကိုဖျက်ဆီးခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
ယဲ့ဆွေကို နှစ်သိမ့်ဖို့ ချန်ရှု့က သရဲတွေမရှိဘူးဆိုတဲ့
အမှန်တရားကို နောက်တစ်ခါထပ် ပြောခဲ့သည်။
ချန်ရှု့ရဲ့ အသံက သိပ်ပြီး မပြင်းထန်ပေ။ သို့သော် မြင်ကွင်းပေါ်တွင် ဆူညံနေသော လေထုသည်ရုတ်တရက် အေးသွားပြီး တေးဂီတကိုဖွင့်နေတဲ့ တစ္ဆေပင် ဒီဂျေကိုဆိုင်းငံ့လိုက်သည်။
သူပြောတာကို လူတိုင်းရှင်းရှင်းလင်းလင်း ကြားရသည်။
' မင်း ကြောက်ရွံ့နေသေးတယ်ဆိုရင် ငါဒီကို တစ်နေ့ကျရင် မင်းနဲ့အတူလိုက်ခဲ့မယ်။'
သရဲများ - "......... "
'ငါတို့ခံစားချက်တွေကို မင်းစဉ်းစားဖူးလား?
'
ပထမဆုံးအကြိမ်အနေနဲ့ ယဲ့ဆွေက သရဲတွေကို စာနာမိခဲ့သည်။
သူမချက်ချင်း ခေါင်းညိတ်လိုက်ပြီး နှင်းဆီပြည်သူ့ရင်ပြင်ကနေ ချန်ရှု့နဲ့ အတူထွက်ခွာသွားသည်။
နှင်းဆီပြည်သူ့ရင်ပြင်အား တရားဝင်ဖွင့်လှစ်ခဲ့သည်။ ဘယ်လိုဘဲဖြစ်ဖြစ် လုံခြုံမယ်လို့ တစ်ယောက်မှ မယုံကြည်ကြပေ။
အများအားဖြင့် ၎င်းသည်သေလုနီးပါး အခြေအနေတွင် ရှိနေသည်။
ပေါက်ကရတွေ အဲ့ဒါက ကြောက်စရာကောင်းတဲ့နေရာဘဲ။ ဒီမကောင်းတဲ့ အရာကိုမင်း ဘယ်လို တန်ဖိုးထားနိုင်မှာလဲ?
ထို့အပြင် ရှင်သန်နေတဲ့ စီးပွားရေးတစ်ခုကို မင်းလုပ်ချင်နေဆဲဘဲမလား??
ဤနည်းအားဖြင့် နှင်းဆီပြည်သူ့ရင်ပြင်ကို ပထမဆုံးနေ့၌ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။
အစပိုင်းမှာတော့ ဘယ်သူမှကုန်တိုက်ကို မသွားကြဘူး။ ဒါပေမယ့် ညနက်ပိုင်းမှာ တီးခတ်ခဲ့တဲ့ ထူးဆန်းတဲ့တေးသီချင်းက ဘယ်တော့မှမပေါ်လာတော့ဘူး။ နောက်ပိုင်းမှာတော့ စီးပွားရေး တိုးတက်လာတာနဲ့အမျှ နေ့တိုင်းလာတဲ့ လူဦးရေတိုးများလာသည်။ ဤနေရာတွင် ရောင်းချသော ကုန်ပစ္စည်းများသည် လူကြိုက်များသောကြောင့် မကြာခဏ ရောင်းဝယ်ဖောက်ကားလေ့ရှိသည်။
'ဒီသရဲခြောက်တဲ့နေရာက အသက်ပြန်ရှင်လာပြီလား?' ဒီအချိန်မှာ လူတိုင်းက လူတစ်ယောက်ကို တစ်ချိန်တည်းမှာစဉ်းစားမိကြသည်။
နှင်းဆီပြည်သူ့ရင်ပြင်မှာ ဖဲကြိုးကို ဘယ်သူဖြတ်တာလဲ?
ယဲ့ဆွေ။
နှင်းဆီပြည်သူ့ရင်ပြင်၏ စီးပွားရေးလုပ်ငန်းသည် လတ်တလောကျဆင်းမှုကနေ လုံးလုံးလျားလျားတိုးပွားလာစေရန်အတွက် ဘယ်သူက ဖဲကြိုးကိုဖြတ်ပေးတာလဲ?
အဲ့ဒါက ယဲ့ဆွေမှ လွဲပြီး တစ်ခြားသူမဖြစ်နိုင်ပေ။
လူတိုင်းက တူညီတဲ့ နိဂုံးချုပ်ကို မကူညီနိုင်စွာနဲ့ ရောက်ရှိလာခဲ့သည်။ ယဲ့ဆွေရဲ့အထူး အရှိန်အဝါက လူတိုင်းအတွက် ကံကောင်းစေတယ်ဆိုတာ အမှန်လား?