အပိုင်း ၃၂
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၃၂ - အမေ

 

 

 

 

 ယနေ့ညနေခင်းမှာ <အိမ်ရှေ့စံမင်းသား> ဇာတ်လမ်းတွဲက အပိုင်း - ကိုထုတ်လွှင့်ပေးခဲ့သည်။ ယဲ့ဆွေက တီဗွီရှေ့တွင် အာလူးကြော်များနှင့်အတူ ဇာတ်လမ်းတွဲစပြမှာကို စောင့်နေခဲ့သည်။

 

 

 နောက်ဆုံးတွင်၊ <အိမ်ရှေ့စံမင်းသား> သည် ဤလောကကို ၀င်ရောက်ကတည်းက ပထမဆုံးသရုပ်ဆောင်ခဲ့တာမလို့ သူမမျှော်လင့်နေခဲ့သည်။ သူမပြန်မမွေးဖွားခင်က သူမက  လူကြိုက်မများတဲ့ သရုပ်ဆောင်တစ်ယောက်သာ ဖြစ်သည်။ သူမသည် သရုပ်ဆောင်စွမ်းရည်  အလှအပကို မှီခိုအားထားခဲ့သည်။ ဒါပေမယ့် သူမရဲ့အရင်းအမြစ်များ (ကျောထောက်နောက်ခံ / စပွန်ဆာ) မလုံလောက်တာကြောင့် သူမက မကျော်ကြားခဲ့ပေ။

 

 

 လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်လွှင့်ခဲ့သော အပိုင်း အားလုံးက ဇာတ်လမ်းတွဲတွင် ဖြစ်ပျက်မည့်အရာနှင့် အမျိုးသားနှင့် အမျိုးသမီးဇာတ်ကောင်များ၏ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို သဲလွန်စများနှင့်အရိပ်အမြွက် ဖော်ပြခြင်းများ ဖြစ်သည်။ တတိယမြောက်မင်းသမီးဖြစ်တဲ့ ယဲ့ဆွေက ဇာတ်လမ်းတွဲထဲတွင် အပိုင်း မတိုင်ခင် ပါမလာသေးပေ။

 

 

 သူမ ဒီနေ့နောက်ကျနေရင်တောင်မှ သူမက သူမရဲ့အပိုင်းကို  စောင့်ကြည့်လိမ့်မည်။

 

 

 ချန်ရှု့က သူ့အိပ်ခန်းထဲတွင်ရှိနေသည်။  မကြာခင်မှာ သူ့ရဲ့ အိပ်ချိန်ရောက်တော့မှာ ဖြစ်ပြီး ယဲ့ဆွေက အဲ့ဒါကို ကောင်းကောင်း သိနေခဲ့သည်။ ချန်ရှု့ရဲ့ ဇီဝနာရီက အလွန်တိကျသည်။

 

 

 ထို့ကြောင့် ယဲ့ဆွေက တီဗွီဇာတ်လမ်းတွဲမှာ သူမပထမဆုံးသရုပ်ဆောင်တာကို ကြည့်ရှုဖို့ သူ့ကိုဖိတ်ကြားခြင်းမပြုခဲ့ပေ။

 

 

 ချန်ရှု့ အိပ်တာကို အနှောင့်အယှက်မဖြစ်အောင်လို့ ယဲ့ဆွေက တီဗွီအသံကို လျှော့ချခဲ့သည်။ ဧည့်ခန်းရှိ မီးလုံးများကို ပိတ်ထားသဖြင့် ဖန်သားပြင်သည် အရောင်တောက်ပနေကာ အလင်းရောင်အားနည်းနေသည်။

 

 

 ယဲ့ဆွေက အာလူးကြော်များကိုစားနေကာ ဝါးနေသံတွေက  တိတ်ဆိတ်တဲ့ ဧည့်ခန်းထဲတွင် ပဲ့တင်သံထပ်နေခဲ့သည်။ အဖွင့်သီချင်းကို ဖွင့်ပြပြီးနောက်မှာ <အိမ်ရှေ့စံမင်းသား> ရဲ့အပိုင်း ၅က စတင်ခဲ့သည်။

 

 

 ပထမဆယ်မိနစ်ပိုင်းအတွင်း ဇာတ်လမ်းသည် အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကို အဓိကထားတာကြောင့် ယဲ့ဆွေက စိတ်ရှည်စွာစောင့်ကြည့်ခဲ့သည်။

 

 

 မိနစ် ၁၅ မိနစ်အကြာတွင်လည်း ယဲ့ဆွေက မပေါ်လာသေးပေ။ ၂၅ မိနစ်အကြာတွင်လည်း ချန်းယင်နဲ့ ချန်ရှို့တို့တွင်သာ ရှိနေသေးသည်။

 

 

 နာရီဝက်အကြာ ကုန်လွန်သွားခဲ့သည်။ ခဏလေး! ယဲ့ဆွေ သူမသရုပ်ဆောင်ခဲ့တဲ့ ရင်းနှီးတဲ့အပိုင်းကို တွေ့လိုက်ရသော်လည်း နောက်မြင်ကွင်းတစ်ခုဖြစ်တဲ့ ချန်းယင်လမ်းလျှောက်တဲ့နေရာကို ချက်ချင်း ကူပြောင်းသွားခဲ့သည်။

 

 

 သူမ မြင်းကိုစီးနေသည့် မြင်ကွင်းကို ချန်လှပ်ထားခဲ့ပြီး ယဲ့ဆွေက သူမ၏လိုင်းများကို စတင်ပြောဆိုခဲ့သည်။

 

 

 ယဲ့ဆွေက မြင်းစီးတဲ့ မြင်ကွင်းကို ရိုက်ကူးဖို့ အလွန်ကြိုးစားခဲ့ပြီး သူမရဲ့ခန္ဓာကိုယ် နေရာတော်တော်များများ၌ပင် ဒဏ်ရာရရှိခဲ့သည်။ ဒါရိုက်တာကလည်း ထိုအချိန်က သူမ၏အကျင့်စာရိတ္တကို ပြသနိုင်ခြင်းသည်နောက်ဆုံး အခွင့်အလမ်းဖြစ်တယ်လို့ ဆိုခဲ့သည်။

 

 

 ထို့နောက် သူမသည် ကျွမ်းကျင်မှုကို လေ့ကျင့်ရန် ရက်ပေါင်းများစွာနေခဲ့ရသည်။ အနီရောင်ဝတ်စားဆင်ယင်စီးမှုက နေ့လည်ခင်းကနေ တရက်ပြည့်တဲ့အထိ လုပ်ခဲ့ရပြီး နောက်ဆုံး အပိုင်း ၅မှာ စက္ကန့်အကြာလောက်တောင် မပါလာပေ?!

 

 

 ယဲ့ဆွေက <အိမ်ရှေ့စံမင်းသား> အပြည့်အစုံကို တည်းဖြတ်ပြီးသွားတဲ့  အင်တာနက်ကို ထပ်မံဖွင့်လှစ်ခဲ့သည်။ ရှင်းနေသည်မှာ သူမမြင်းစီးနေသည့်မြင်ကွင်းကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း သူတို့က ဖျက်ပစ်လိုက်သည်။

 

 

 ဝေ့ပေါ်တွင် အင်တာနက်သုံးစွဲသူအချို့က မြင်စီးတဲ့အခန်းကို မှတ်ချက် ပေးခဲ့ကြသည်။ ၎င်းသည် အချိန်ကြာမြင့်ခြင်းကြောင့် သို့မဟုတ် အခြားအကြောင်းပြချက်တစ်ခုကြောင့် မသေချာသော်လည်း ထုတ်လုပ်မှုကသူမ၏ အစိတ်အပိုင်းကို များစွာဖြတ်တောက်ခဲ့သည်။

 

 

 မြင်းစီးနေတဲ့ မြင်ကွင်းသာမက အယ်ဒီတာကလည်း ယဲ့ဆွေရဲ့ မြင်ကွင်းကိုဖျက်ပစ်ရန်အတွက် ချန်းယင်ရဲ့  စကားပြောခန်း တစ်ဝက်ကို ဖျက်ပစ်ဖို့ တွန့်ဆုတ်မသွားခဲ့ပေ။

 

 

 ထုတ်လုပ်မှုသည် ရုပ်ရှင်ကိုကြိုတင် ကြည့်ရှုရန်အတွက် မြင်ကွင်းများကို ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော်တရားဝင် ထုတ်လွှင့်သောအခါမှာ သူတို့က ရုတ်တရက်ထုတ်ပစ်လိုက်ခြင်းဖြစ်သည်။ အကယ်၍ တည်းဖြတ်ထားသော ထိုမြင်ကွင်းများသည် သူမအကျင့်စရိုက်ကိုပါးနပ်စေလျှင် ဤလှုပ်ရှားမှုသည် အတော်ပင်ကြောက်စရာကောင်းသည်။

 

 

 ယဲ့ဆွေမှာက သူမအတွက် အကောင်းဆုံးဖြစ်တဲ့ ပံ့ပိုးသူမရှိဘူး။ သူတို့က သူမကိုယဇ်ကောင် အဖြစ်ခံစေချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

 

 

 သူမဟာ နာမည်မကြီးတဲ့ စတားတစ်ယောက်သာဖြစ်တဲ့ အတွက် သူမနဲ့တခြားသူတွေနဲ့ စကားများရန်ဖြစ်တာကသူတို့ကိုဒေါသထွက်စေမှာဖြစ်သည်။

 

 

 ဒီနေ့ အပိုင်း ပိုင်းကိုကြည့်ပြီးတဲ့နောက်မှာ ယဲ့ဆွေက ဒီအကြောင်းအရာတွေဟာ ဆက်စပ်မှုမရှိတာ တွေ့ရှိခဲ့သည်။ ယဲ့ဆွေက တီဗွီကိုပိတ်လိုက်ကာ သူမရဲ့အလှအပအတွက် အိပ်ယာဝင်ခဲ့သည်။  အိပ်ချိန်နောက်ကျတာက ကျန်းမာရေးကို ထိခိုက်စေသည်။ သူမရဲ့မျက်နှာအတွက်ကတော့ သူမ မဆီလျှော်တဲ့လူတွေကိုဒေါသမထွက်သင့်ပေ။

 

 

 ကောင်းမွန်စွာ အိပ်စက်ပြီးနောက် ယဲ့ဆွေ အိပ်ရာမှထလာချိန်မှာ အင်တာနက်ပေါ်ရှိ ထင်မြင်ချက်များပြောင်းလဲသွားသည်ကို သတိပြုမိသည်။

 

 

 <အိမ်ရှေ့စံမင်းသား> ကို ပထမဆုံးထုတ်လွှင့်ပြသသည့်အချိန်မှာ ဇာတ်ကြောင်းက အမျိုးသားဇာတ်ကောင်နဲ့ အမျိုးသမီးဇာတ်ကောင်တွင်သာ ရှိခဲ့သည်။ ချန်ရှို့နဲ့ ချန်းယင်ရဲ့ လိုက်ဖက်ညီမှု့က မြင့်သည်။  သူတို့ရဲ့ အပြန်အလှန် ဆက်သွယ်မှုက ဇာတ်လမ်းတွဲထဲမှာဘဲ ဖြစ်ဖြစ် အပြင်ဘက်မှာဘဲဖြစ်ဖြစ် ဝေ့ပေါ်ရဲ့ အများပြည်သူဖိုရမ်နှင့် အတင်းအဖျင်းမှာ  ကျော်ဖြတ်သွားနိုင်ခဲ့သည်။

 

 

 တီဗွီဇာတ်လမ်းတွဲကို မကြည့်တဲ့သူတောင်မှ ဓာတုဗေဒအရ ကောင်းမွန်တဲ့ စုံတွဲတစ်တွဲရှိကြောင်းသိသည်။

 

 

 ဒါပေမယ့်  မွန်းတည့်ချိန်မှာ ယဲ့ဆွေ သူမ၏တရားဝင်ဘလော့ဂ်ကို ဖွင့်လိုက်ချိန်တွင် ၉၉၉+ မက်ဆေ့ခ်ျသတိပေးချက်များကိုတွေ့ခဲ့သည်။ ပြောစရာမလိုတော့ပေ။  သူမသည် နောက်တစ်ခါ ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။ သို့သော် သူမမကြာခင်က ဘာမှမလုပ်ခဲ့ပါပေ။  ယဲ့ဆွေက အင်တာနက်အသုံးပြုသူများရဲ့ မှတ်ချက်များကိုကြည့်လိုသည်။

 

 

 သူမမှတ်ချက်တွေကို ဖွင့်လိုက်ချိန်မှာ တုန်လှုပ်သွားခဲ့သည်။

 

 

 "ငါတစ်ခုခုကို လွဲချော်သွားခဲ့တာလား? ယဲ့ဆွေရဲ့ အပိုင်း ဘယ်မှာလဲ? အကြိုအခန်းထဲက အပိုင်းအချို့ကရုတ်တရက် ဘယ်လိုပျက်သွားတာလဲထုတ်လုပ်ရေးအဖွဲ့ရဲ့အယ်ဒီတာက ဘာမှကောင်းတာ မရှိဘူးလား? "

 

 

 "အဲ့ဒါ သပိတ်မှောက်တာ ဖြစ်ရမယ်! ယဲ့ဆွေရဲ့ အပိုင်းကို ပြ! ဝတ္ထုရဲ့ပရိသတ်တွေက မင်းကိုကူညီဖို့အတွက်ဒီမှာပဲ!"

 

 

 "ထွေလာ မှာပါတဲ့မင်းသမီးရဲ့ ဇာတ်ကောင်က သိပ်မကောင်းဘူး။ ဒါဆို မင်း တီဗီစီးရီးထဲက ဘာဖြစ်လို့ဖယ်ထုတ်လိုက်တာလဲ?  <အိမ်ရှေ့စံမင်းသား> ထုတ်လုပ်ရေးအဖွဲ့က ယဲ့ဆွေရဲ့ တရားဝင်စာမျက်နှာတွင်တရားဝင်အကြောင်းပြချက်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။ "

 

 

 ယဲ့ဆွေက တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ဘာလဲဟ? !

 

 

 သူမက ဆိုက်ဘာအနိုင်ကျင့်သူလို့ ကျော်ကြားသူတစ် ဦး ဖြစ်သည်။ သို့ဖြစ်ရာ သူမသည် ရုတ်တရက် အားရှိစရာနှင့် ထောက်ခံအားပေးသည့် မှတ်ချက်များကို ဘာလို့ရလာတာလဲသူမကုမ္ပဏီငယ်လေးက အင်တာနက်ရေတပ်ကို ငှားခဲ့တာလား?

( T / N: အင်တာနက်ရေတပ်သည် အင်တာနက်ပေါ်မှသရုပ်ဆောင်သူများက အထူးသဖြင့်ပါ၀င်သည့်အကြောင်းအရာများကို အွန်လိုင်းမှတ်ချက်များ တင်ရန်အတွက်ငွေပေးရသည်။)

 

 

  ယဲ့ဆွေက ၀က်ဘ်ဆိုက်ပေါ်ရှိ အွန်လိုင်းခွဲခြမ်းစိတ်ဖြာမှု ပိုစ့်ကိုမြင်ခဲ့ပြီး သူမ၏ကုမ္ပဏီသည် ရေတပ်များ ၀ယ်ယူခြင်းမရှိကြောင်းကို ရုတ်တရက်သတိပြုမိလိုက်သည်။ ဒီအကြောင်းအရာများက ဒေါသထွက်နေကြတဲ့ ၀တ္ထုပရိသတ်တွေရဲ့ ခါးသီးတဲ့ခံစားချက်တွေဖြစ်သည်။

 

 

 ဒရာမာရိုက်ကူးပြီးတာနဲ့ မူရင်းဇာတ်လမ်းက ပြောင်းလဲသွားမှာမဟုတ်ပေ။ ပထမဆုံး အပိုင်း ၄ပိုင်းက အတော်အတန်ကောင်းပေမယ့်လည်း အပိုင်း နဲ့ တွင်  လွဲချော်နေတဲ့ အရာတစ်ခုခုရှိကြောင်းကို ပရိသတ်များကရှာဖွေတွေ့ရှိခဲ့သည်။

 

 

 ယဲ့ဆွေက တတိယမြောက်မင်းသမီးအနေဖြင့် မူလကရှုပ်ထွေးတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများရှိခဲ့ပေမယ့်ကြိုတင်ပြင်ဆင်တာလေးတောင်မရှိဘဲ ရုတ်တရက် သူမဘယ်နေရာကမှန်းမသိ ပေါ်ထွက်လာခဲ့ပြီး လုံးဝ            ပျောက်ကွယ်သွားခဲ့သည်။

( T / N: ကြိုတင်ပြင်ဆင်ခြင်း - စာရေးသူသည်ဇာတ်လမ်းနောက်ပိုင်းတွင်ဖြစ်ပျက်မည့်အရာကိုကြိုတင်အရိပ်အမြွက်ပြောကြားသည်။)

 

 

 ယဲ့ဆွေပါတဲ့ အပိုင်းကို မုန်းတီးစိတ်နဲ့ တည်းဖြတ်တာက ဝတ္ထုရဲ့ပရိသတ်တွေရဲ့ ဒေါသကိုမဖြစ်စေဘူး။ တကယ်သူတို့ကို ဒေါသဖြစ်စေတဲ့အရာက ကြံစည်မှုသည်ရှေ့နောက် မညီခြင်းဖြစ်သည်။

 

 

  ဘာလို့ ဇာတ်လမ်းတွဲရဲ့ အယ်ဒီတာက အချို့သောရုပ်ရှင်ဇာတ်ကားများကို ကျော်သွားပြီး တီဗီဇာတ်လမ်းများကိုရှုပ်ထွေးစေခဲ့တာလဲအကြောင်းအရင်းများစွာကြောင့်   အင်တာနက်သုံးစွဲသူတွေက အတူတကွ လက်သည်းများနဲ့ ဆုတ်ဖဲပစ်ပြီး ယဲ့ဆွေကို hot search မှာ ထိပ်ဆုံးရဖို့ ကူညီပေးခဲ့သည်။

 

 

 ဒီဇာတ်ညွှန်းမှာ ယဲ့ဆွေရဲ့ ဇာတ်ကောင်ကို ပြောင်းပစ်တာက ဆင်ခြင်တုံတရားနှင့် မကိုက်ညီသော ယုတ်ညံ့သောအခန်းကဏ္ဌ တစ်ခုဖြစ်သည်။ ဇာတ်ညွှန်းရေးသူက ယဲ့ဆွေကို ဘာလို့ အလွန်အနိုင်ကျင့်ခဲ့ရတာလဲ?

 

 

 "ထုတ်လုပ်မှုနည်းလမ်းကို ငါ နားလည်တယ်။ ချန်းယင်နဲ့ ချန်ရှို့ တို့မှာ follower တွေ အများကြီးရှိတယ် ဆိုပေမယ့် သူတို့ကိုဘဲ  အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်တာ ကြည့်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမယ့် တတိယမင်းသမီးရဲ့အခြေအနေက ဘာကြောင့် အပြောင်းအလဲကြီးကြီးမားမားပြောင်းလဲရတာလဲ? "

 

 

 "ကုမ္ပဏီတစ်ခုက သူ့ရဲ့အနေအထား နိမ့်ကျမှုကြောင့် အလိုအလျောက်ကို အနိုင်ကျင့်ခံရနိုင်တယ်။ တစ်စုံတစ်ယောက်က မင်းအကြိုက်ဆုံးအိုင်ဒေါရဲ့ အစိတ်အပိုင်းကို ဖြတ်တောက်လိုက်ရင် မင်းစိတ်ဆိုးမှာမဟုတ်ဘူးလား? "

 

 

 "အရင်တုန်းက ယဲ့ဆွေက ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်ဖို့အတွက် ထပ်မံဆိုးရွားသည့် အခန်းကဏ္ဌ မှပါ၀င်ခဲ့တယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုသူမမှာ အခြားရွေးချယ်စရာလမ်းမရှိတာကြောင့် ဖြစ်နေတယ်။  ငါသူမကို နက်နက်ရှိုင်းရှိုင်းကို နားလည်မှုလွဲခဲ့တာကြောင့် သူမကိုစိတ်ရင်းမှန်နဲ့ တောင်းပန်ပါတယ် "

 

 

 # ရုပ်ရှင်အဖွဲ့သည် ဝတ္ထုပရိသတ်များအား ရှင်းပြချက်ပေးပြီး လျင်မြန်စွာနဲ့  ကြော်ကြားလာသည့် အကြောင်းအရာဖြစ်လာသည်။

 

 

  ဝတ္ထုပရိသတ်များက ယဲ့ဆွေကို သူတို့၏အမှားများအတွက် ထုတ်လုပ်မှုအဖွဲ့အား တာဝန်ခံရန်ကူညီပေးခဲ့သည်။

 

 

 ယဲ့ဆွေက စတား တစ်ယောက် ဖြစ်လာသည့် အတွက်ကံကောင်းခဲ့သည်။ သူမသည် သူမရဲ့ဇာတ်ကွက်များကို ဖြတ်ထားခံရပြီး နောက်ခံမရှိသော်ငြားလည်း သူမသည်ဤသရုပ်ဆောင်လုပ်ငန်းအတွက် သွေးစွန်းသောလမ်းကို ထွင်းဖောက်ခဲ့သည်။

 

 

 ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်သုံးစွဲသူတွေရဲ့အကဲဖြတ်မှုမှာ ယဲ့ဆွေက တီဗွီဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးတဲ့နောက်မှာ အမျိုးသမီးဇာတ်လိုက် ချန်းယင်ကို လွှမ်းမိုးသွားနိုင်ဖွယ်ရှိသည်။

 

 

 သူတို့ဟာ ယဲ့ဆွေရဲ့ အပိုင်းအများအပြားကို ဖယ်ရှားခဲ့ပေမယ့် သူတို့ ခြေထောက်ကိုယ် သူတို့သေနတ်နဲ့ပစ်သတ်မယ်လို့ မထင်ခဲ့ပါပေ။ ဒေါသထွက်လွန်းတာကြောင့် သွေးအန်သေလောက်ကြသည်။

 

 

 ယဲ့ဆွေရဲ့အမေ ယန်လန်ကလည်း  သူမနှင့်အဆက်အသွယ် ပြုလုပ်ခဲ့သည်။ အတိအကျဆိုရလျှင်၊ ၎င်းသည် မူလခန္ဓာကိုယ်၏ အမေဖြစ်သည်။ ပထမဆုံး မူလကိုယ်က ယန်လန်နဲ့ လုံးဝမရင်းနှီးပေ။ ယန်လန်နဲ့ လည်း အဆက်အသွယ်မရှိသလောက် နည်းသော်လည်းသူမက မိခင်ကို လစဉ်လတိုင်း ပိုက်ဆံပို့ပေးခဲ့သည်။

 

 

 ယန်လန်က သူမကိုဖုန်းဆက်ရခြင်းရဲ့ အကြောင်းရင်းမှာ သူမသည် ယခုလအတွင်း အလွန်အကျွံဖုန်းခေါ်ကြောင်း တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ပြီး ယဲ့ဆွေတွင် သုံးစွဲရန် ငွေအလုံအလောက် မရှိမှာကို စိုးရိမ်တာကြောင့်ဖြစ်သည်။

 

 

 "ဆွေဆွေ့ အနာဂတ်မှာ ငွေအများကြီးမသုံးနဲ့။ သမီး ဒါကို သုံးနိုင်တယ် ငါ့ကို စိတ်မပူနဲ့"

 

 

  ယဲ့ဆွေက အရင်ဘဝက မိဘမဲ့ဖြစ်သည်။ အခု သူမမှာအမေရှိပြီ ဖြစ်တာကြောင့် သူမက ကောင်းကောင်း စောင့်ရှောက်မှာဖြစ်သည်။  "သမီး မကြာခင်တုန်းက ပိုက်ဆံအနည်းငယ်ရခဲ့တယ်။ ဒါကြောင့် အမေ သမီးကိုစိတ်ပူစရာမလိုဘူး။ "

 

 

 ယန်လန်၏အသံမှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သည်။  “ ဆွေဆွေ့ …”

 

 

 ယန်လန်က သူမသမီးကို အချိန်ကြာမြင့်စွာကတည်းက မတွေ့ခဲ့ရသည့်အတွက် အိမ်ကိုပြန်လာစေလိုသော်လည်း သူမ၏သဘောထားကြောင့် တွန့်ဆုတ်ခဲ့သည်။

 

 

 နောက်ဆုံးတွင် ယန်လန်က အဲ့ဒါကိုမပြောခဲ့ပေ။  “ အလုပ်တစ်ခု လုပ်ရတာမလွယ်ဘူး။  ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်သင့်တယ်။ ကိုယ့်ကိုကိုယ် သိပ်မခိုင်းနဲ့ လို့သာပြောခဲ့သည်။ ဤအချိန်တွင် ယန်လန် ရုတ်တရက်  နာကျင်မှုညည်းသံကို တိုးတိုးလေး ရုတ်တရက် မြည်လာခဲ့ပေမယ့် ယဲ့ဆွေက ကြားခဲ့သည်။

 

 

 ယဲ့ဆွေ - ဘာဖြစ်တာလဲ?

 

 

ယန်လန်  -“ ဘာမှမဟုတ်ပါဘူး။ သမီးအလုပ်ကိုပဲ သွားလုပ်လေ"

 

 

ယဲ့ဆွေက ဒီအကြောင်းကိုစဉ်းစားရင်း တစ်ခုခုမှားနေတယ်လို့ ခံစားနေရတုန်းပဲ။ စိတ်ပူပြီး  သူမကရှောင်လျှို့ကို ဖုန်းဆက်ရန်ပြောခဲ့သည်။  ရှောင်လျို့က ယဲ့ဆွေရဲ့အမေ ခြေထောက်ဒဏ်ရာရသွားကြောင်း သူမကိုပြောခဲ့သည်။

 

 

ယန်လန်က ယဲ့ဆွေကို မနှောင့်ယှက်ချင်တာကြောင့် သူမထံမှ တမင်တကာဖုံးကွယ်ခဲ့သည်။

 

 

ယဲ့ဆွေက အေးအေးဆေးဆေးမနေဘဲ ယန်လန်ကို သွားကြည့်ဖို့ စဉ်းစားနေသည်။ သို့သော် သူမကမိုင်ပေါင်းအတော်အဝေးတွင်နေသည်။  သူမအဲဒီကိုသွားချင်တယ်ဆိုရင် သူမအဲ့မှာညဘက် နေမှရမည်။

 

 

 ဒီလိုကိစ္စမှာ ချန်ရှု့ကို ဘာကြောင့်မဖိတ်ရမှာလဲ?

 

 

အိမ်ပြန်ရောက်သောအခါ ယဲ့ဆွေက ချန်ရှု့ကို ခေတ္တငေးစိုက်ကြည့်နေပေမယ့်လည်း ဘာမှမပြောခဲ့ပေ။  ချန်ရှု့က ယဲ့ဆွေရဲ့အကြည့်ကိုရှာဖွေတွေ့ရှိသွားခဲ့ပြီးမင်းငါ့ကိုပြောစရာတစ်ခုခုရှိနေလား?”လို့ မေးလိုက်သည်။

 

 

ယဲ့ဆွေ - "ကျွန်မအမေ  ခြေထောက်ထိခိုက်သွားတယ်......"

 

 

ယဲ့ဆွေက ပြောလို့မပြီးသေးဘူး။ ဒါပေမယ့်ချန်ရှု့က ကြားဖြတ်ပြီးမေးလိုက်သည်။ ​"အရမ်းပြင်းထန်လား?"

 

 

ယဲ့ဆွေ ခေါင်းခါလိုက်သည်။  "ကျွန်မ မသိဘူး။"

 

 

ထို့နောက် ချန်ရှု့က တိုက်ရိုက်ပြောခဲ့သည်။  “ မင်းမနက်ဖြန်အချိန်ရှိလား? သွားကြည့်ကြရအောင်? "  သူနှင့်အတူလိုက်ဖို့ ကတိပေးသောကြောင့် ယဲ့ဆွေ ထပ်မေးစရာမလိုတော့ပေ။

 

 

ယဲ့ဆွေ  အရမ်းအံ့အားသင့်သွားပြီး သူမရဲ့နှလုံးသားမှာ အတော်လေးပျော်ရွှင်ခဲ့သည်။  ယဲ့ဆွေ  ရပ်နေတုန်းပဲဆိုတာကို ချန်ရှုမြင်လိုက်ပြီး  "မင်းသွားပြီးမထုပ်ပိုးသေးဘူးလား? "လို့မေးလိုက်သည်။

 

 

ယဲ့ဆွေ  သူမရဲ့ခံစားချက်တွေကို ပြန်ရုတ်သိမ်းပြီး အခန်းထဲသို့ ချက်ချင်းပြေးသွားလိုက်သည်။

 

 

 နောက်တစ်နေ့နံနက်စောစောတွင် သူတို့နှစ်ဦး ထွက်ခွာသွားကြသည်။  ချန်ရှု့က ကားမောင်းခဲ့သည်။  နာရီအနည်းငယ်အကြာတွင် သူတို့ရောက်ရှိတော့မည်ဖြစ်သော်လည်း သူတို့ရဲ့ခရီးကဆိုးရွားခဲ့သည်။ သူတို့ ဦး တည်ရာဖို့အနည်းငယ်အကွာတွင် ချန်ရှု့ရဲ့ကားက ပျက်သွားခဲ့သည်။

 

 

ကံကောင်းထောက်မစွာနဲ့ပဲ သူတို့ ၃၁၈ ဘတ်စ်ကားကိုစီးလျှင် သူတို့အချိန်မီ အဲဒီကိုရောက်ရှိလိမ့်မည်။  အခြေအနေက သိပ်မဆိုးဘူး။

 

 

သူနှင့်ယဲ့ဆွေ ဘတ်စ်ကားဂိတ်တွင်စောင့်နေစဉ် ကားဆွဲကုမ္ပဏီက ချန်ရှု့ရဲ့ ကားကိုဆွဲသွားခဲ့သည်။  ညနေသို့ရောက်လာခဲ့ပြီး ရာသီဥတုကလည်း မှောင်လာပြီ။

 

 

ရုတ်တရက်ကြီး မြူတွေဆိုင်းလာပြီး  သူတို့ရဲ့မြင်ကွင်းဟာ မှုန်ဝါးလာသည်။ ကားကသူ့တို့ဆီ ဖြည်းဖြည်းချင်းလာနေတာကို ဝိုးတိုးဝါးတားမြင်နေရသည်။ ယဲ့ဆွေ အဲ့အကွာအဝေးကို မျက်စိမှေးပြီးကြည့်လိုက်ကာ  " အဲ့တာ ဘတ်စ်ကား နံပါတ် ၃၁၈မလား? "လို့ ပြောလိုက်သည်။

 

 

ချန်ရှု့လည်း အရှေ့ကိုကြည့်လိုက်သည်။  အဆိုပါယာဉ်က မြူခိုးတွေနဲ့ဖုံးအုပ်နေပြီး မြင်ရရုံသာရှိသည်။  ကောင်းကင်ကမှောင်သထက်မှောင်လာသည်နှင့်အမျှ လမ်းပေါ်၌ အလင်းရောင်ဖျော့ဖျော့လေး နှစ်ခုပဲ လင်းနေသည်။

 

 

ယာဉ်ရှေ့သို့ရောက်လာသောအခါ မြူခိုးတွေကပျောက်ကွယ်သွားပြီးရှုခင်းမှာလည်းပို၍ ရှင်းလင်းလာသည်။ သူတို့ အခုဘတ်စ်ကားတစ်စီးလုံးကိုမြင်နိုင်ပါပြီ။ အဲ့တာက ဘတ်စ်ကားနံပါတ်  ၃၁၈ ပါပဲ။

 

 

ခဏကြာတော့ သူတို့ရှေ့မှာ တဖြည်းဖြည်းရပ်သွားခဲ့သည်။  “ ကလစ်ဆိုတဲ့ သံဖြင့်တံခါးပွင့်လာပြီး တိတ်ဆိတ်ပြီးရင်တထိတ်ထိတ်ဖြစ်နေရာမှ ဆူညံနေသောအသံကိုကြားလိုက်ရသည်။

 

 

ယဲ့ဆွေနှင့် ချန်ရှု့ တို့ ဘတ်စ်ကားပေါ်သို့တက်သွားခဲ့သည်။သူမက ယာဉ်မောင်းကို အရင်ကြည့်ခဲ့သည်။ အခြားနည်းပြများနှင့်မတူဘဲ ကားမောင်းသူထိုင်ခုံတွင် အကာအကွယ်အဖုံးရှိခြင်းက ထူးဆန်းနေသည်။

 

 

ယာဉ်မောင်းရဲ့အရိပ်ကို ရှင်းရှင်းလင်းလင်းမမြင်ရဘဲ လုံးဝဖုံးကွယ်ထားသည်။

 

 

ယဲ့ဆွေက ဘတ်စ်ကားပေါ်ကလူတွေကို မတော်တဆလှည့်ကြည့်ခဲ့သည်။ အဲ့တာက  ပြည့်လုနီးပါးပဲ။  ခရီးသည်အချို့က သူတို့ရဲ့ဦးထုပ်ကို အသုံးပြု၍ သူတို့ရဲ့မျက်နှာများကို ဖုံးလွှမ်းထားကြသည်။ တချို့ကတော့ သူတို့ခေါင်းကိုငုံ့ပြီး လုပ်စရာရှိတာလုပ်နေကြသည်။   ဘာလဲဟသူတို့ရဲ့အသားအရေက သာမန်လူတွေထက် ပိုပြီးဖြူရော်နေတယ်။

 

 

သူတို့ဝင်လာချိန် ပြတင်းပေါက်မပိတ်ထားတာကြောင့် လေအေးတွေဝင်လာတာလည်း  ဖြစ်ကောင်းဖြစ်နိုင်သည်။ ယဲ့ဆွေက ပါးလွှာတဲ့ကုတ်အင်္ကျီကိုဝတ်ထားပေမယ့် သူမအနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်လာတယ်လို့ ခံစားရသည်။

 

 

ယဲ့ဆွေက သူမဝတ်ထားတဲ့ ကုတ်အင်္ကျီကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ဆောင်းဦး ရာသီရောက်ပြီပဲ၊ ခိုက်ခိုက်တုန်အောင်ချမ်းလိုက်တာဟု အမှတ်တမဲ့ပြောလိုက်သည်။

 

 

အဲ့တာက ယဲ့ဆွေ ရဲ့ထင်ယောင်ထင်မှားဖြစ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမစကားပြောလိုက်တဲ့အခါ တစ်စုံတစ်ယောက်က သူမဘက်ကိုလှည့်ပြီး ကြည့်လာသည်။ သူပျော်ရွှင်ပုံ မပေါ်ခဲ့ပါဘူး။.ထို့နောက် သူရဲ့ သီးခြားအပြုအမူအတိုင်းပဲ ခေါင်းကိုပြန်လှည့်သွားပြီး ပြတင်းပေါက်အပြင်ဘက်ကို ဆက်လက်ကြည့်ရှု့နေသည်။

 

 

ဘတ်စ်ကား၏လေထုက အတော်အတန် လှုပ်ရှားမှုမရှိပေ။  ဘယ်သူမှစကားမပြောဘဲ သဘာဝမကျစွာ တိတ်ဆိတ်နေကြသည်။ ယဲ့ဆွေက ဒီနေရာတွင် လူအများကြီးရှိတယ်ဆိုတာကို ခံစားရုံမျှဖြင့် ဘာမှမစဉ်းစားခဲ့ပေ။ ညနေရောက်နေပြီဖြစ်သည်။

 

 

ယဲ့ဆွေက သူမရဲ့အတွေးတွေကို ပျောက်ဆုံးပြီး  ထိုင်ခုံမှာတိတ်ဆိတ်စွာထိုင်နေသည်။ အဲ့အချိန်တွင် ချန်ရှု့ရဲ့ ကြည်လင်တဲ့အသံက ရုတ်တရက် ထွက်လာသည်။ဒီဘတ်စ်ကားမှာလူမရှိဘူး ကိုယ်တို့နှစ်ယောက်တည်းရယ်