လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၃၃ - အခန်းတစ်ခန်း
ဒါကိုကြားတော့ ယဲ့ဆွေ ဘတ်စ်ကားပတ်ပတ်လည်ကို တွေဝေစွာကြည့်နေမိသည်။ ထိုင်ခုံတစ်ခုံစီမှာ “ လူ”တွေအပြည့်ရှိပြီး ကျပ်သိပ်နေသည်။
CU ရေဒီယို
အခမဲ့ ခရစ်ယာန်ရေဒီယိုက နောက်ဆုံးထုတ် ခရစ်ယာန်သီချင်းကို နားထောင်လိုက်သည်။
ဟားဟား!
အမှန်စင်စစ် အဲ့တာကဘာမှမရှိဘူး။
ယဲ့ဆွေက နောက်ကျောက အေးနေတယ်လို့ခံစားရပေမယ့် အနောက်ဘက်ကို လှည့်မကြည့်ရဲတော့ဘူး။
ထိုင်ခုံတွင်ထိုင်မည့်“ လူများ” မရှိတာကိုခံစားရပြီး ချန်ရှု့ရဲ့ လုံလောက်သော ယန်ဓာတ်ကြောင့် သူမ ၀မ်းသာခဲ့သည်။
ချန်ရှု့ ဒီဝါကျကိုပြောပြီးတော့ ယဲ့ဆွေရဲ့ မျက်နှာဖြူဖျော့လာသည်ကို သူသတိပြုမိလိုက်သည်။
ချန်ရှု့ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းအရမ်းစိတ်မသက်မသာဖြစ်နေတာလား?"
ယဲ့ဆွေ က ချန်ရှု့ အပေါ်မှီခိုသည်။ "ချန်ရှု့၊ ဘတ်စ်ကားက နည်းနည်းအေးစိမ့်စိမ့်ဖြစ်နေတယ်လို့ ရှင်မထင်မိဘူးလား?"
ချန်ရှု့က သူ၏ကိုယ်ပိုင်ယန်စွမ်းအင်ဖြင့် ကာကွယ်ထားခြင်းကြောင့် သူကသရဲတွေရဲ့ လေအေးပေးစက်နှင့်တူသည့် ခံစားချက်ကို သူ မသိခဲ့ပေ။
သူရုတ်တရက်ငုံ့ကြည့်လိုက်ပြီး ယဲ့ဆွေရဲ့ ခြေရင်းတွင်ရှိသော အိတ်ထဲမှ
ခွက်ပါတဲ့ဓာတ်ဘူးတစ်ဘူးကို ထုတ်လိုက်သည်။
ချန်ရှု့က သူမအားလွှဲပြောင်းပေးလိုက်သည်။
"မင်းအေးတယ်လို့ခံစားရရင် ရေပူပူလေးကိုသောက်လိုက် "
ချန်ရှု့က ထောက်ထားစာနာမှုရှိသော်လည်း ဘတ်စ်ကားထဲက သရဲများက ဝိုင်းရံထားတော့
ယဲ့ဆွေ ကြောက်ရွံ့နေဆဲဖြစ်သည်။
ဘတ်စ်ကားက အရမ်းတိတ်ဆိတ်သွားသည်။ လေတိုးသံက ပြတင်းပေါက် အပြင်ဘက်ကနေဝင်လာသည်။ ဒီလမ်းက ပင်ကိုအားဖြင့် ဝေးလံခေါင်ဖျားပြီး လူတွေမဆိုထားနဲ့ ယာဥ်အနည်းငယ်ပဲ ဒီနေရာကို သွားကြသည်။
မရိုးသားတဲ့ အတွေးတွေကိုစတင်ဖို့ ယဲ့ဆွေရဲ့ အသက်ရှူသံက လှုပ်ရှားမှုကင်းမဲ့လုနီးပါး ရပ်တန်ခဲ့သည်။
ချန်ရှု့က သူမရဲ့ဘေးမှာထိုင်နေသည်။
သူမကသူ့ရဲ့အားသာချက်မယူဘဲ
သူ့ကိုယ်သူအတွက် စိတ်မကောင်းသလို ခံစားရသည်။
ယဲ့ဆွေ ရဲ့မရိုးသားတဲ့အတွေးတွေ စတင်ပေါ်ပေါက်လာတာနဲ့ ချက်ချင်းပဲ လှုပ်ရှားမှုယူခဲ့သည်။ သူမက သတိမထားမိဘဲ သူမရဲ့လက်ကိုချန်ရှု့အပေါ်တင်မိသလို့ ဟန်ဆောင်ဖို့အတွက် ချန်ရှု့ရဲ့ ဘေးသို့ တိတ်တဆိတ် ရွှေ့လိုက်သည်။
ဟမ့်! ယခုကဆောင်းဦးရာသီဆိုတာကို သူမမေ့နေပြီ အကောင်းဆုံးက အကျိုးကျေးဇူးကို ရယူဖို့ပဲ။
ယဲ့ဆွေ ချန်ရှု့ကို တိတ်တဆိတ်ကြည့်လိုက်သည်။
သူ့ရဲ့မျက်နှာနှင့် လက်များကိုသာ ဖော်ထုတ်နိုင်ခဲ့သည်။
ဤအချက်မှာ ချန်ရှု့၏မျက်လုံးများက အနားယူဖို့မှိတ်ထားပြီး အလွန်ပင်ပန်းနေပုံရသည်။
ဒါပေမယ့် ဒါက ယဲ့ဆွေကို အခွင့်အရေးတစ်ခု ပေးလိုက်တာပဲ။
ယဲ့ဆွေက ချန်ရှု့ရဲ့လက်ကိုထိဖို့ တိတ်ဆိတ်စွာ လှမ်းလိုက်သည်။
နည်းနည်းပိုနီးလာပေမယ့် ချန်ရှု့က ရုတ်တရက် လက်ကို ချလိုက်ပြီး သူ့အိတ်ကပ်ထဲထည့်လိုက်သည်။
ယဲ့ဆွေရဲ့လက်က လေထဲမှာပဲရှက်ရွံစွာ ရပ်တန့်နေခဲ့သည်။
သူမ ချန်ရှု့ရဲ့အမူအရာကို မြန်မြန်ဆန်ဆန် တွေ့မြင်နိုင်သော်လည်း သူ့ရဲ့မျက်လုံးများကို မှိတ်ထားလိုက်ပြီးတော့ မကြာမီအချိန်တွင် မျက်လုံးဖွင့်လာဖို့ မရည်ရွယ်တော့ပုံရသည်။
ယဲ့ဆွေဟာ ချန်ရှု့ရဲ့ မျက်နှာကိုတို့ဖို့ သူမရဲ့ ရည်မှန်းချက်ကို ပြောင်းလဲခဲ့သည်။ 'ညင်ညင်သာသာတို့ပြီးတာနဲ့ ငါ့ရဲ့လက်ကို ချက်ချင်း ပြန်ရုတ်လိုက်မယ်။
' ယဲ့ဆွေရဲ့ လက်ချောင်းထိပ်ဖျားနှင့် ချန်ရှု့ရဲ့မျက်နှာက ၀.၁စင်တီမီတာလောက်သာကွာတော့သည်။
သတိပေးစရာမလိုဘဲ ဒါရိုက်ဘာက ထိုနေရာမှအော်လိုက်ရာ ယဲ့ဆွေအပြစ်ရှိစွာနဲ့ သူမရဲ့လက်ကို ပြန်ပြီးနောက်ဆုတ်လိုက်ရသည်။
"ဒီမှတ်တိုင်မှာ ဘယ်သူဆင်းချင်လဲ? " ဒါရိုက်ဘာရဲ့အသံက အရမ်းကျယ်လွန်းလို့ ဘတ်စ်ကားတစ်စီးလုံး ပဲ့တင်ထပ်သွားသည်။
ဘတ်စ်ကားပေါ်မှဆင်းမယ့်သူကို အော်ဖို့အတွက် အဆုတ်ရဲ့ထိပ်ဆုံးကနေ အော်နေခြင်းဖြင့်သာ အလုပ်လုပ်ရသည့်သူက ဒါရိုက်ဘာသာဖြစ်သည်။
နောက်တစ်စက္ကန့်မှာ ကားကတဖြည်းဖြည်းရပ်သွားသည်။
“အဖိုးကြီး
ဟူ!
ရှင်ဘာဖြစ်နေတာလဲ? ငါတို့အားလုံး လမ်းဆုံးကိုသွားမှာလေ။ ဒီနေရာမှာ ဘယ်သူကဆင်းမှာလဲ?”
ငုံ့ကြည့်နေတဲ့သရဲအန်တီက ဒါရိုက်ဘာကို အော်လိုက်သည်။
ယဲ့ဆွေရဲ့ မျက်လုံးများက ဘတ်စ်ကား လမ်းကြောင်းမြေပုံဆီသို့ ရွေ့သွားခဲ့သည်။ နောက်ဆုံးမှတ်တိုင်က “ဧကရာဇ် သုသာန်” ကိုပြနေသည်။
အဆူခံရတဲ့ ဒါရိုက်ဘာက “ ငါကနောက်နေတာပါ။
ညတာကရှည်လျားတယ်လေ ငါတို့ရယ်စရာတချို့လုပ်မှပေါ့ ” လို့ပြောလိုက်သည်။
ဆူညံနေသောအသံများကြားတွင် ဘတ်စ်ကားက ရှေ့သို့ဆက်လက်ရွေ့လျားနေပြီး ယဲ့ဆွေက ဆင်းဖို့တောင် မပြောရဲပေ။
“အိုး ” တိတ်ဆိတ်သောယာဉ်မှ ရုတ်တရက် အသံထွက်လာသည်။
အသံအရင်းအမြစ်က ယဲ့ဆွေရဲ့ ရှေ့၌ရှိသည်။
ယဲ့ဆွေက ရုတ်တရက်အေးခဲသွားပြီး ခေါင်းကိုငုံ့လိုက်ပြီး သူမရဲ့ခြေချောင်းတွေကိုကြည့်ဖို့ အတိအလင်းဝန်ခံခဲ့သည်။
သက်ပြင်းချလိုက်သည်။ နောက်ထပ်ရှည်လျားသောညည်းသံ။
"ငါ့သားက ဒီနှစ်ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ထိပ်ဆုံးကဝင်တယ်။ အခုတော့ ဘာလို့လဲဆိုတော့ ငါက....…ဘာလို့လဲဲဆိုတော့ငါက...... ကောလိပ်ကိုတောင် သွားမလည်ပတ်နိုင်တော့ဘူး ”
နောက်တော့ ရှိုက်ငိုတဲ့ အသံကိုကြားလိုက်ရသည်။
"ဒါတွေအားလုံးက ငါ့အမှားကြောင့်။ ဒါတွေအားလုံးကငါ့အမှားကြောင့်ပဲ!
"
နောက်တစ်စက္ကန့်မှာ ရိုက်နေတဲ့သံတစ်ခုထွက်လာသည်။ ယဲ့ဆွေက ဒီမြင်ကွင်းကို စိတ်ကူးကြည့်လိုက်သည်။ဒီပြဿနာဖြစ်စေခဲ့တဲ့ သရဲက သူ့ရဲ့မျက်နှာကို ရိုက်နေခြင်းဖြစ်သည်။
"အသံကျယ်ကျယ်နဲ့
အကြာကြီးအော်ငိုနေတာကို ရပ်တော့။ နင်က သေသွားပြီ။
ကလေးတွေရဲ့ကိစ္စတွေကို ကံကြမ္မာကပဲ ဆုံးဖြတ်နိုင်တယ်။ ”
အရှေ့ကနေ အသက်ကြီးကြီးသရဲအန်တီက ငိုသံကိုကြားပြီး ငိုနေတဲ့သူကိုတိုက်တွန်းခဲ့သည်။
နောက်တော့ ဘတ်စ်ကားတစ်စီးလုံး စကားစပြောနေကြသည်။
သူတို့က ဒီကိစ္စကို အကျွမ်းတဝင်ရှိပုံရသည်။
လူတိုင်းနီးပါးနောင်တရကြသော်လည်း သူတို့၏အမှားကို လက်ခံနိုင်ကြသည်။
ယဲ့ဆွေဟာ သူမမျက်လုံးထောင့်ကနေ အထက်ကိုလှမ်းကြည့်လိုက်သည်။ မိမိကိုယ်ကို မဆုတ်မနစ်ကြိုးကြိုးစားစားရိုက်နှက်နေသည့် သရဲမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ဟောင်းနွမ်းနေတဲ့အဝတ်စား တစ်ပိုင်းကို ဝတ်ဆင်ထားပြီး ကြမ်းတမ်းတဲ့ဘဝမှာ နေခဲ့ရပုံပေါ်သည်။
ယဲ့ဆွေ အဲ့သရဲတွေကို ရုတ်တရက် ကြည့်လိုက်မိသည်။ အများဆုံး တစ်စက္ကန့်ကြည့်ပြီးနောက် သူမက ချန်ရှု့ ကိုကြည့်ဖို့ လှည့်လိုက်တာနှင့် မမျှော်လင့်ဘဲ ချန်ရှု့ ရဲ့ မျက်လုံးနဲ့ ဆုံသွားသည်။
ချန်ရှု့က ယဲ့ဆွေရဲ့ မျက်လုံးများကိုကြည့်ရင်း သူမတစ်ခုခုလိုချင်နေသည်ဟု ထင်ရသည်။
"ဘာကိစ္စရှိလို့လဲ?" ချန်ရှု့မေးလိုက်သည်။
ယဲ့ဆွေ ကြာမြင့်စွာချီတုံချတုံဖြစ်သော်လည်း ဘာမှပြောစရာမလိုလောက်အောင် ရှက်ခဲ့သည်။
“ ဘာမှမရှိပါဘူး” သည်းခံလိုက်။ လမ်းဆုံးမရောက်ခင် မှတ်တိုင်နည်းနည်းလောက်တော့ ရှိကောင်းရှိနိုင်မှာပါ။
ယဲ့ဆွေ ခေါင်းကိုလှည့်လိုက်သည်။
သူမလက်ကိုကိုင်ထားချင်သည်။
ကံကောင်းထောက်မစွာနဲ့ ချန်ရှု့က အနီးအနားမှာရှိနေသည်။ ဒါကြောင့်ဝိညာဉ်တွေ သူမ၏အနီး မလာနိုင်ဘူး။
သူမသူတို့ကိုတွေ့နိုင်ရင်တောင် ခံနိုင်ရည်ရှိသည်။
"ကျနော်တို့က လမ်းဆုံးကို ရောက်ပါပြီ!" ဒါရိုက်ဘာက ထပ်အော်လိုက်သည်။
ဘတ်စ်ကား၏ ရှေ့နှင့်နောက်တံခါးများအားလုံးပွင့်လာပြီး ဘတ်စ်ကားပေါ်ရှိသရဲတွေ တစ်ယောက်ပြီးတစ်ယောက်ဆင်းသွားကြသည်။ ယဲ့ဆွေက ပြီးဆုံးတဲ့အထိ စောင့်ချင်သည်။
သို့သော် ချန်ရှု့က လျစ်လျူရှုခဲ့သည်။ သူက ယဲ့ဆွေရဲ့ ခြေထောက်နားတွင် ထားသည့်အိတ်ကို ကောက်ကိုင်ကာ နောက်တံခါးမှဆင်းသွားသည်။ ယဲ့ဆွေလည်း မြန်မြန်လိုက်သွားလိုက်သည်။
ချန်ရှု့ ကူးလာတာကိုမြင်တော့ သရဲတွေဟာ အလျင်အမြန်သူ့ကို ဖြတ်သန်းဖို့လမ်းပေးခဲ့သည်။
သူတို့က အသည်းအသန်ဆုတ်ခွာပြီး တက်နင်းလုနီးပါးဖြစ်ခဲ့သည်။
“ ဘတ်စ်ကား ၃၁၈ ကိုစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါ ထပ်တွေ့ပါဦးမယ်” ဒါရိုက်ဘာက အဓိပ္ပာယ်ရှိတဲ့လေသံနဲ့ နှစ်ခါပြုံးလိုက်သည်။
ချန်ရှု့ နှင့် ယဲ့ဆွေတို့ကားပေါ်မှဆင်းလာသည့်အခါ အဲ့ဒီ့သရဲများက အပြေးအလွှားဆင်းချလာပြီး သူတို့အိမ်သို့ရောက်သွားကြသည်။ သူတို့ဘယ်လိုမပျော်ရွှင်နိုင်ကြမှာလဲ?
အဆိုပါလမ်းဆုံးက သင်္ချိုင်းဖြစ်သည်။
အဝေးကိုကြည့်လိုက်ရင် အုတ်ဂူတွေ နေရာတိုင်းမှာရှိသည်။
ထိုသရဲများက ငယ်ရွယ်နုပျိုသူများနှင့်တူသည်။ တစ်ယောက်ပြီးတစ်ယောက်
သူတို့ရဲ့အုတ်ဂူပေါ်သို့ ရွှင်လန်းစွာခုန်ချပြီး မကြာမီယဲ့ဆွေရှေ့တွင် ပျောက်ကွယ်သွားကြသည်။
သူတို့ထဲတွင် သရဲတစ်ကောင်ရဲ့အပြုအမူက အခြားသူများနှင့် နှိုင်းယှဉ်လျှင် ပို၍ထူးဆန်းသည်။ သူ့ရဲ့သချိုင်းဂူကဗ္ဗည်းကျောက်စာမှတ်တိုင်ဆီ လာနေတဲ့ပုံက တွန့်ဆုတ်ပြီး စိမ်ပြေနပြေလျှောက်လာနေသည်။ အဲ့တာက ဘတ်စ်ကားပေါ်မှ ငိုနေတဲ့လူလတ်ပိုင်းသရဲဖြစ်သည်။
ယဲ့ဆွေကတော့ ဆက်မကြည့်ခဲ့ဘူး။
နောက်ဆုံးတွင်သူမက ဘတ်စ်ကားသရဲတွေဆီမှ
ခွဲထွက်လာပြီး စိတ်သက်သာရာရခဲ့သည်။ သူမခေါင်းကိုလှည့်လိုက်သည်နှင့် ချန်ရှု့ ပတ်ပတ်လည်ကို ကြည့်နေတာကိုတွေ့လိုက်ရသည်။
သူရဲ့မျက်လုံးများက သံသယများနှင့်ပြည့်နေသည်။ အနီးအနားရှိသုသာန်ကို ထူးဆန်းစွာ စစ်ဆေးကြည့်ရှုပြီး သူကယဲ့ဆွေကို“ ဒါကမင်းရဲ့အိမ်လား?” ဟုမေးခဲ့သည်။
ချီး! သူ့ရဲ့စကားလုံးက ထိခိုက်မှုကိုသယ်ဆောင်လာတယ်။
ယဲ့ဆွေ ချန်ရှု့ကို ဆွဲလိုက်ပြီး ဘတ်စကားမှတ်တိုင်နားမှာ ရပ်နေလိုက်သည်။
သူမက ချန်ရှု့အားရှင်းပြရန် အလွန်ရှက်ရွံ့ခဲ့သည်။ "ကျွန်မတို့ ဘတ်စ်ကားမှားစီးလာမိတာ"
နောက်ဆုံးတွင် ချန်ရှု့က သူ့ရဲ့သိလိုစိတ်ကို ပယ်ရှားလိုက်သည်။
သင်္ချိုင်းရှိ သူ့ဇနီးရဲ့အိမ်ကိုတွေ့သောအခါ ချန်ရှု့ရဲ့ အမူအရာဖော်ပြချက်ကို ယဲ့ဆွေ ပထမဆုံးတွေ့ခဲ့သည်။ အဲ့တာက ချန်ရှု့ အပေါ်များစွာ သက်ရောက်မှုရှိသည်။
အထူးသဖြင့်တောအရပ်မှာ ဆောင်ဦးရာသီရဲ့လေက
အနည်းငယ်အေးသည်။
ဒါဟာခရီးသွားများအတွက် အအေးဓာတ်ကို ပေးသည်။
တယ်လီဖုန်းတိုင်၏တစ်ဖက်တွင် ပျောက်ဆုံးနေသောလူတစ်ဦး၏ပိုစတာကို လေကအကြိမ်ကြိမ်ရိုက်ခတ်ခဲ့သည်။ ယဲ့ဆွေ အဲ့တာကိုကြည့်ဖို့လှည့်လိုက်သည်။အဆိုပါအသိပေးစာက ယာဉ်တိုက်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သည်။
ဒီနေရာမှာ စုံတွဲတစ်တွဲ အသတ်ခံလိုက်ရပေမယ့် လူသတ်သမားကို ရှာမတွေ့ခဲ့ပေ။ ပြစ်မှုရဲ့အချိန်က လွန်ခဲ့သောတစ်ပါတ်ထက်ပိုသည်။
ယဲ့ဆွေက သူမ၏မျက်ခုံးကို ပိုစတာပေါ်တွင် တင်လိုခဲ့သည်။ သူမဘာကြောင့်အရမ်းသိချင်ခဲ့တာလဲ?
အခုဒီအကြောင်းကိုကြည့်ပြီးတဲ့နောက် သူဘာကြောင့်ကြောက်နေရတာလဲ?
"ချန်ရှု့ လေတိုက်တာက အရမ်းပြင်းလွန်းတယ်လို့ မထင်ဘူးလား? " ယဲ့ဆွေက သူ့ရဲ့ဘေးဘက်သို့ မြန်မြန်ဆန်ဆန်သွားလိုက်ပြီး သူ့ရဲ့လက်မောင်းကို ကိုင်လိုက်သည်။
ယဲ့ဆွေက ဒီအချိန်မှာလေက အရမ်းပြင်းလွန်းနေသလိုခံစားရနေသည်။
ချန်ရှု့ က သူ့သွားများကိုကြိတ်၍“ ဟုတ်တယ်” လို့ ပြောလိုက်သည်။
ယဲ့ဆွေ နှစ်ကြိမ်တောင် ပြုံးလိုက်သည်။ 'ရှင့်ရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်'
ကားအနည်းငယ်သာ ဖြတ်သန်းသွားသည့်လမ်းပေါ်တွင် ယဲ့ဆွေနဲ့ ချန်ရှု့တို့ဆီ တက္ကစီ ရတာကအရမ်းကံကောင်းသည်။ ယဲ့ဆွေရဲ့မျက်နှာက ချက်ချင်းတောက်ပသွားပြီး သူမကတက္ကစီရဲ့လမ်းကြောင်းပေါ်ကို အသည်းအသန်ဝှေ့ယမ်းပြနေသည်။
ကားကသူတို့ရှေ့မှာ တဖြည်းဖြည်းချင်းရပ်တန့်သွားပြီး သူတို့ကားထဲဝင်လိုက်ကြသည်။
"နောက်ဆုံးတော့ စီးရပြီ " ယဲ့ဆွေအထဲဝင်လိုက်သည်နှင့်တပြိုင်နက် သူမစိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
မကြာခင်မှာပဲ သူမရဲ့ဗိုက်ကိုကိုင်လိုက်သည်။
ယဲ့ဆွေ က “ ကျွန်မအရမ်းဗိုက်ဆာနေပြီ” လို့ ခါးသီးခြင်းနဲ့ ပြောလိုက်သည်။
ချန်ရှု့က ယဲ့ဆွေကို နှစ်သိမ့်ပေးလိုက်သည်။"ကိုယ်တို့မကြာခင် စားရတော့မှာပါ"
နောက်စက္ကန့်တွင် တက္ကစီဒါရိုက်ဘာက ဘရိတ်ကိုနင်းကာ လမ်းဘေးတွင်ရပ်လိုက်သည်။ ယဲ့ဆွေ နှင့် ချန်ရှု့တို့ မတုံ့ပြန်ခင် ဒါရိုက်ဘာက ရုတ်တရက်သနားကရုဏာနဲ့ တောင်းခံခဲ့သည်။
"ကျေးဇူးပြု၍ ငါ့ကိုခွင့်လွှတ်ပေးကြပါ။
ငါကအသက်ကြီးပါပြီ၊ ငါ့ဆီမှာအသားလည်းမရှိပါဘူး။ကောင်းတဲ့ဟာတွေကိုလည်း အရသာမခံနိုင်ပါဘူး။
စိတ်မဆိုးဘူးဆိုရင် ငါအိမ်ပြန်ရောက်တဲ့အခါ မင်းတို့ရဲ့အထိမ်းအမှတ်ကျောက်ပြားတွေကို ငါလေးစားပါ့မယ်"
ယခုအချိန်တွင် ယဲ့ဆွေ နှင့် ချန်ရှု့ တို့က ဒါရိုက်ဘာကို ကြောက်လန့်စေသော စကားအနည်းငယ်ကိုပြောခဲ့သည်။ သူကသူတို့ကို သတိပေး ပိုစတာမှာပါတဲ့ သေဆုံးသွားတဲ့စုံတွဲအဖြစ် ယူဆခဲ့သည်။
တိုက်ဆိုင်စွာဖြင့်၊ ဘတ်စ်ကား သူတို့ကိုချပေးခဲ့တဲ့နေရာက သင်္ချိုင်းဘေးတွင်ဖြစ်သည်။ ဒါရိုက်ဘာ ဒီလိုမျိုတွေးမိသွားတာက အံ့သြစရာမဟုတ်ပေ။
ယဲ့ဆွေကချက်ချင်းပဲ သူ့ဆီကိုချဉ်းကပ်လာပြီး ကားဆရာလဲ ပြုတ်ကျလုနီးပါးဖြစ်နေပြီ။
"ကားမောင်း ဆရာ၊ ကျွန်မယောကျ်ားနဲ့ ကျွန်မက ညစာစားဖို့ အိမ်ပြန်မလို့ပါ"
နောက်ဆုံးတွင်ယန်လန်ရဲ့ အိမ်သို့ရောက်လာကြချိန်မှာ ယဲ့ဆွေ ရှေ့သို့တိုးပြီး လူခေါ်ခေါင်းလောင်းကို တီးလိုက်သည်။
ခဏကြာတော့ တံခါးပွင့်လာပြီး သူမရဲ့အမေထွက်လာသည်။
ယဲ့ဆွေ နဲ့ ချန်ရှု့ တို့ကိုပထမဆုံးတွေ့တော့ ယန်လန် စိတ်ရှုပ်သွားသည်။
ထို့နောက် သူမဖော်ရွေစွာဖြင့် အံ့အားသင့်သွားပြီး ပီတိဖြာပြီး ဝမ်းသာကြည်နူးခဲ့သည်။
“ဒီနေရာကို ဘယ်လိုလာကြတာလဲ? လာလာ အထဲမြန်မြန်ဝင်လာကြ”
ယဲ့ဆွေက ယန်လန် အံ့အားသင့်သွားအောင် ဒီကိုလာမယ်လို့ ကြိုတင်မပြောခဲ့ဘူး။ အဆိုပါစုံတွဲက ဧည့်ခန်းထဲဝင်ပြီး ထိုင်လိုက်ကြသည်။
ယန်လန် - “ဒီ မှာအရင်ထိုင်လိုက်ဦး။ ရေသွားယူလာခဲ့ပေးမယ်”
ယန်လန် မီးဖိုချောင်ထဲ သွားမယ့်အချိန်မှာ ယဲ့ဆွေ မတ်တပ်ထရပ်လိုက်ပြီး သူမရဲ့လက်ကို ကိုင်လိုက်သည်။ သူမမိခင်ရဲ့ ခြေထောက်ကိုကြည့်လိုက်ရင်း“ ခြေထောက်က နာနေတုန်းပဲလား?”လို့ မေးလိုက်သည်။
သူမရဲ့ခြေထောက် ထိခိုက်ဒဏ်ရာရတာကို ယဲ့ဆွေ ဘယ်လိုသိသွားလဲဆိုတာ ယန်လန် နားမလည်သဖြင့် သူအတွင်းကျကျရွေ့ခဲ့သည်။ သူမယခင်က သူမအကြောင်းကို ဂရုစိုက်ခြင်းမရှိခဲ့ပါ။
"ဒါက အရေးမကြီးပါဘူး။ "
ယဲ့ဆွေက ယန်လန်ကို အနားယူခိုင်းဖို့ စိတ်ပိုင်းဖြတ်ထားသည်။
"အမေက လူနာတစ်ယောက်ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို အပင်ပန်းခံမနေနဲ့နော်
"
ယဲ့ဆွေ ချန်ရှု့ ကိုကြည့်ပြီး “ဒါ့အပြင် သမီးတို့က ဧည့်သည်တွေမှမဟုတ်ဘဲ။ အဲ့တာကြောင့်မို့ အမေကကောင်းကောင်း အနားယူလိုက်နော်” ချန်ရှု့လည်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။
သူတို့ရဲ့မေတ္တာရပ်ခံချက်အရ ယန်လန်က အဲဒီမှာ ထိုင်လိုက်ရသည်။
သူမက
" အရမ်းနောက်ကျနေပြီ။ မင်းတို့ညစာစားပြီးသွားကြပြီလား?" လို့မေးလိုက်တော့ ယဲ့ဆွေ ခေါင်းခါလိုက်သည်။
သူတို့မစားရသေးဘူးဆိုတာ သိလိုက်တော့ သူမ မြန်မြန်ပဲသွားလိုက်သည်။
ဒါကိုဘယ်လိုခွင့်ပြုလို့ရမလဲ?
ထို့ကြောင့် သူမက ယဲ့ဆွေနှင့် ချန်ရှု့ အတွက်ချက်ပြုတ်ပေးရန် မီးဖိုချောင်ကို သွားရဖို့ အခိုင်အမာဆိုခဲ့သည်။
ယဲ့ဆွေ ယန်လန်ကို တားချင်ခဲ့သည်။ ဒါပေမယ့်
ဤအခွင့်မသာသည့်အချိန်တွင် သူမရဲ့ဗိုက်ထဲမှ အသံများကိုပင် ကြားနေရသည်။
ချန်ရှု့က ယဲ့ဆွေကိုကြည့်ပြီး ပြုံးလိုက်သည်။
"မင်းတို့ အားလုံးဗိုက်ဆာနေကြပြီပဲ။ အမေအခုပဲ ချက်ပြုတ်ပေးမယ်။ " ဤတစ်ကြိမ်တွင် သူမကရုတ်သိမ်းဖို့ ငြင်းဆန်ခဲ့သည်။
ယန်လန်က အများကြီး မတတ်နိုင်သော်လည်း သူမရဲ့စွမ်းအားရှိနေသမျှကာလပတ်လုံး သူမက ယဲ့ဆွေအတွက် အကောင်းဆုံးစီစဥ်ပေးလိမ့်မည်။
ယဲ့ဆွေက အပြာရောင်လပေါ်သို့ တစ်ကြိမ်တစ်ခါတောင်မှ ရောက်လာဖို့ခဲယဥ်းသည်။ ယန်လန်က အလွန်ဂရုစိုက်နဲ့ ဟင်းပွဲများကိုပြင်ဆင်ခဲ့သည်။ ယဲ့ဆွေအချိန်အကြာကြီး ဆာလောင်မွတ်သိပ်နေခဲ့ပြီး ဗိုက်ဆာနေခဲ့သည်။
အစားအစာများ ရရှိလာသည်နှင့် သူမစားလိုက်ပြီးတော့ အဲ့တာတွေက အရသာရှိကြောင်း ဂုဏ်ယူစွာပြောခဲ့သည်။
အခြားတစ်ဖက်တွင်မူ ချန်ရှု့က တူများကိုကိုင်ကာ ဖြည်းဖြည်းချင်းစားခဲ့သည်။
သူကဘယ်နေရာမှာပဲရှိပါစေ သူ့ရဲ့အပြုအမူကို အမြဲတမ်းမမေ့ထားဘဲ အမြဲကြော့ရှင်းနေလိမ့်မည်။
ယဲ့ဆွေနဲ့ ချန်ရှု့ တို့ ညစာစားပြီးသည့်နောက် အလွန်နောက်ကျနေပြီဖြစ်သည်။ ယန်လန်က သူတို့စားသောက်နေစဉ် အခန်းကိုရှင်းလင်းပြီးဖြစ်သည်။ ယဲ့ဆွေ ဘယ်အချိန်ပြန်လာမလဲဆိုတာမသိရတော့ သာမန်အချိန်များတွင် သူမကနေ့စဉ်နေ့တိုင်း သန့်ရှင်းရေးလုပ်ထားခဲ့သည်။
အခုတော့ သူမနည်းနည်းလေး သပ်သပ်ရပ်ရပ်လုပ်ဖို့လိုနေပြီ။
ယန်လန်က ယဲ့ဆွေနှင့်ချန်ရှု့တို့အကြား ဆက်နွယ်မှုကိုမသိခဲ့ပေ။
သူက ထိုလူနှစ်ယောက်အား အခန်းတစ်ခန်းထဲကို တွန်းပို့လိုက်သည် -“ စောစောအိပ်ရာဝင်ကြ။ အမေလည်း တစ်နေ့လုံးပင်ပန်းနေပြီ။ "
သူတို့နှစ်ယောက်ဟာ ခရီးဆောင်အိတ်တွေနဲ့ အခန်းထဲဝင်လာလိုက်ကြသည်။ ဒါပေမယ့် သူတို့ကြည့်လိုက်တော့ ချန်ရှု့နဲ့ ယဲ့ဆွေ
တို့နှစ်ယောက်စလုံး ကြက်သေသေသွားကြသည်။ အခန်းထဲရှိပရိဘောဂများက လုံးဝသန့်ရှင်းနေပြီး အားလုံးပြီးပြည့်စုံနေသည်။ ဒါပေမယ့် ဘာကရှက်စရာကောင်းသွားတာလဲဆိုတော့........
'အခန်းထဲမှာ ကုတင်တစ်လုံးပဲရှိတယ်။ အဲ့ဒီ့မှာ သူတို့ဘယ်လိုအိပ်ရမှာလဲ?'