အပိုင်း ၃၄
Viewers 8k

 

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၃၄ - အအေးမိခြင်း

 

 

 

 

အခန်းထဲ၌ ကုတင်တစ်လုံးသာရှိတယ်ဆိုတာကို သူတို့တွေ့လိုက်တဲ့အခါ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပေမဲ့ ဘယ်သူကမှ ဘာမှမပြောခဲ့ကြဘူး။  သိသာထင်ရှားတာကတော့ သူတို့ဘာလုပ်ရမှန်းမသိခဲ့ပေ။

 

 

 ယဲ့ဆွေက ကမောက်ကမဖြစ်နေတဲ့ အခြေအနေကို ဖြိုဖျက်ဖို့ အရင်ဆုံးစကားပြောလိုက်သည်။ကုတင်ကတစ်လုံးတည်းရယ်

 

 

 "အင်းချန်ရှု့ ခေါင်းညိတ်လိုက်သည်။

 

 

ယဲ့ဆွေရ စိတ်သောကရောက်နေသည်။ အကယ်၍ သူမနဲ့ ချန်ရှု့တို့ ဒီကိုလာကြရင် သီးခြားအိပ်လို့ရနိုင်မယ်လို့ သူမရိုးရိုးစင်းစင်း တွေးထားခဲ့သည်။  သို့သော် အဖြစ်မှန်က သူမကိုပြင်းထန်စွာ ရိုက်ချလိုက်သည်။

 

 

သူမက ဒီည ချန်ရှု့နဲ့ ကုတင်တစ်လုံးထဲမှာ တကယ်ကြီး အိပ်ရမှာလား? သူမဘာလုပ်သင့်လဲ?

 

 

ယဲ့ဆွေ  ရုတ်တရက် တစ်ခုခုကိုစဉ်းစားမိသွားသည်။  "ဗီရိုထဲမှာ နောက်ထပ်မွေ့ရာနဲ့ စောင်တစ်ထည် ရှိနိုင်သေးတယ် "

 

 

သူမ ဗီရိုရှေ့သို့ မြန်မြန်ဆန်ဆန် လျှောက်သွားလိုက်ပြီး အဲ့တာကိုဖွင့်လိုက်သော်လည်း သူမ၏လှပသောစိတ်ကူးယဉ်မှုက ရက်စက်စွာ ကျိုးပဲ့သွားခဲ့သည်။ အဲ့ဒီ့မှာ စောင်လည်းမရှိဘူး မွေ့ရာလည်းမရှိဘူး။ အဲ့တာကြောင့် လူနှစ်ယောက် အိပ်ယာခွဲအိပ်မယ်ဆိုသော ဖြစ်နိုင်ခြေက လုံးဝပျက်စီးသွားပြီ။

 

 

အစောနကတစ်လျှောက်လုံးရှိနေတဲ့ ယဲ့ဆွေရဲ့အပြုံးက ပျောက်ကွယ်သွားတာကို ချန်ရှု့သတိပြုမိသည်။ အခုသူမက ဝမ်းနည်းဖွယ်ကောင်းသော မျက်နှာနှင့် ပြန်လာနေပြီ။

 

 

ချန်ရှု့က "တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် အန်တီနဲ့စကားပြောကြရအောင် " လို့ပြောလိုက်သည်။

 

 

ယဲ့ဆွေ ငြင်းဆန်လိုက်သည်။  "ဟင့်အင်း။ ကျွန်မရဲ့အမေကို မပြောပြချင်ဘူး" သူမတို့နှစ်ယောက်က လင်မယားဆိုတဲ့ အမည်ခံရှိနေသည်။ ယန်လန် အမှန်တရားကိုသိသွားရင် နောက်တဖန် စိုးရိမ်နေလိမ့်မည်။

 

 

သူမ အဖြစ်မှန်ကိုသာ လက်ခံနိုင်တော့သည်။ ဒါက တစ်ညပဲအိပ်ရမှာ မဟုတ်လား? ချန်ရှု့က လူကောင်းတစ်ယောက်ပါ။  သူမ သူ့ရဲ့ အကျင့်စရိုက်ကို အပြည့်အဝ ယုံကြည်သည်။

 

 

ယဲ့ဆွေ ချန်ရှု့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေထဲမှာ သူမက သူ့ကိုအသုံးချမည်ဟု ထင်ကောင်းထင်လိမ့်မည်။

 

 

ထို့အပြင် သူမလည်း ချန်ရှု့က သူမအပေါ် စိုးရိမ်ပူပန်မှုရှိနေကြောင်းနဲ့ သူမညသန်းခေါင်တွင်လည်းအခွင့်ကောင်းယူပြီး သူ့ရဲ့လက်နဲ့ကောင်းကောင်းအသုံးချလို့ ရနိုင်လိမ့်မည်ဟု သူမတွေးလိုက်သည်။

 

 

ယဲ့ဆွေ ချန်ရှု့ကို ကြည့်ပြီးရှက်သွားသည်။  "ကျွန်မအိပ်ပျော်သွားရင် ပတ်ပတ်လည်ကို လှည့်သွားတတ်တယ်နော်။ ကျွန်မနဲ့အတူ အိပ်ချင်တဲ့ဆန္ဒရှိရဲ့လား?"

 

 

ချန်ရှု့က ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ကိုယ့်မှာ ဘာပြဿနာမှမရှိဘူး။ မင်းရော? ”

 

 

 "ရပါတယ်။ ကျွန်မလည်း စိတ်ထဲမထားပါဘူး "ယဲ့ဆွေ မြန်မြန်ပြောလိုက်သည်။ ညက ပို၍ပို၍နက်လာသည်။ ရေချိုးပြီးတဲ့နောက်မှာ ယဲ့ဆွေက ညဝတ်အင်္ကျီနဲ့ဘောင်းဘီကို ဝတ်ဆင်ထားပြီး ချန်ရှု့ကို မကြည့်ရဲခဲ့ပေ။  သူမ အလျင်အမြန် စောင်ထဲဝင်ပြီး လဲလျောင်းလိုက်သည်။

 

 

ယခုအချိန်တွင် မစိုးရိမ်ပါဘူးလို့ပြောခဲ့တဲ့သူမကို ချန်ရှု့ တိတ်ဆိတ်စွာ တွေးခဲ့သည်။

 

 

ချန်ရှု့ စောင်ကိုလှန်ပြီး ခြုံလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်၍ မီးအိမ်ခလုတ်ကို နှိပ်လိုက်သည်။ အလင်းရောင်က မှိတ်သွားပြီး ပတ်ဝန်းကျင်မှာ  အမှောင်နှင့် ဖုံးလွှမ်းလျက်ရှိသည်။

 

 

ယဲ့ဆွေက သူ့ရဲ့ဘေးတွင် လဲလျောင်းနေသည်။ သူမ ကွေးကွေးလေးနေပြီး နံရံဘက်ကို မျက်နှာမူနေသည်။ ချန်ရှု့က အိပ်ယာပေါ်၌ လက်တစ်ဖက်ကိုခေါင်းနောက်မှာထားပြီး မျက်နှာကျက်ကိုကြည့်နေသည်။ သူ့ရဲ့စိတ်က မသိသာနေဘူး။

 

 

အိပ်ယာတစ်ခုတည်းမှာ လူနှစ်ယောက်က သူတို့၏စိတ်ထဲတွင် မတူညီသောအတွေးတွေ ကိုယ်စီရှိနေကြသည်။

 

 

အမှောင်ထဲမှာ သူတို့ရဲ့အသက်ရှူသံက ငြိမ်းချမ်းနေသည်။ ပြတင်းပေါက်အပြင်ဘက်၌ တိတ်ဆိတ်တဲ့ လရောင်ရဲ့အလင်းက ကြမ်းပြင်ကိုဖြာလင်းနေစေပြီး မသိသာတဲ့အတွေးတွေက သိမ်မွေ့ပြီး လင်းစေခဲ့သည်။

 

 

ယဲ့ဆွေက "ချန်ရှု့၊ ရှင်အိပ်ပျော်နေပြီလား? " လို့ ရုတ်တရက် မေးလိုက်သည်။

 

 

 “ မအိပ်ပျော်သေးဘူး

 

 

ယဲ့ဆွေ သက်ပြင်းချလိုက်သည်။ကျွန်မအိပ်လို့မရဘူးအနေစိမ်းနေတဲ့နေရာမှာ ချန်ရှု့နဲ့ သူမ ရင်းနှီးရင်တောင်မှ အိပ်ယာတစ်ခုထဲမှာ ဘေးချင်းယှဥ်ပြီးလဲလျောင်းနေတဲ့အချိန် သူမအဲ့တာကို အသုံးပြုလို့မရနေဘူး။

 

 

ချန်ရှု့ စကားမပြောလာတော့ပေ။  ခဏကြာတော့ သူ့အသံဟာ အမှောင်ထုထဲမှာ ထွက်လာသည်။  "တစ်နေ့လုံး အပြင်မှာလမ်းလျှောက်ခဲ့ရတော့ မင်းပင်ပန်းနေတယ်မဟုတ်လား?"

 

 

ချန်ရှု့ ဒီအကြောင်းကိုပြောတဲ့အခါ ယဲ့ဆွေက အရမ်းပင်ပန်းနေပြီးတော့ သူမအဲ့အကြောင်းကို တွေးမိသွားတဲ့အခါ အိပ်ချင်လာခဲ့သည်။  ယဲ့ဆွေက ကောင်းသောညပါလို့ နူးညံညင်သာစွာ ပြောလိုက်သည်။

 

 

ယဲ့ဆွေရဲ့ အသက်ရှူသံက နှေးကွေးလာပြီး အေးဆေးတည်ငြိမ်သွားသည်။ သူမ အိပ်ပျော်သွားပြီဆိုတာကို ချန်ရှု့သိလိုက်သည်။

 

 

ချန်ရှု့က တခြားသူနှင့်အတူ အိပ်စက်ခြင်းမပြုလုပ်ခဲ့ဖူးပေ။ ထူးဆန်းတယ်လို့ သူခံစားရပေမယ့် အဲ့လူက ယဲ့ဆွေ ဖြစ်ခဲ့ရင် သူက ဒီအယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မည်။

 

 

ချန်ရှု့ အိပ်နေတဲ့ကိုယ်ဟန်အနေအထားက ပုံမှန်ဖြစ်သည်။ ဒါပေမယ့် သူက ပုံမှန်မဟုတ်သောအလေ့အကျင့်များနှင့်အတူ တစ်စုံတစ်ဦးရဲ့ ရှေ့မှောက်တွင်မလုပ်နိုင်ပေ။ အိပ်ပျော်သွားပြီးနောက် ဒီလူက လူးလှိမ့်ဖို့ကို ချစ်သည်။

 

 

ယဲ့ဆွေ တစ်ပတ်လည်ပြီး

သက်သောင့်သက်သာရှိတဲ့ နေရာတစ်ခုမှာနေဖို့ ရှာဖွေချင်နေသည်။ သူမလုံခြုံတယ်လို့ စိတ်ထဲထင်ထားသည့်နေရာကို ဦးတည်ပြီးကပ်ပစ်လိုက်သည်။

 

 

ယဲ့ဆွေရဲ့ခေါင်းက ချန်ရှု့ရဲ့လည်ပင်းမှာ မြှုပ်နှံထားပြီး သူမရဲ့အသက်ရှူသံက သူ့နားရွက်တွေနဲ့ နီးစပ်နေခဲ့သည်။ သူမခန္ဓာကိုယ်ရဲ့ ပျော့ပျောင်းတဲ့ရနံ့ကလည်း ထွက်ပေါ်လာပြီး သူ့ရဲ့အာရုံများကို လွှမ်းမိုးခဲ့သည်။

 

 

ချန်ရှု့ရဲ့ ခန္ဓာကိုယ်က တောင့်လာသည်။ တိတ်ဆိတ်သောအမှောင်ထုထဲတွင်

သူတို့နှစ်ဦးအနေနဲ့ ဤကဲ့သို့သော နီးကပ်မှုမရှိခဲ့ဖူးဘူးလို့ တွေးနေစဉ် သူ့ရဲ့နှလုံးခုန်သံက မြန်ဆန်လာခဲ့သည်။

 

 

ဤအကြောင်းကြောင့် ချန်ရှု့ရဲ့လက်ရှိအခြေအနေက ဆိုးရွားလာခဲ့သည်။  ထိုခံစားမှုမျိုးက ပို၍ပြင်းထန်လာပြီး လျစ်လျူရှုဖို့ အလွန်ခက်ခဲသည်။

 

 

ယဲ့ဆွေကတော့ သူမဘာလုပ်နေလဲဆိုတာ မသိခဲ့ဘူး။သူမရှေ့သို့တစ်ဖန်တိုးသွားလိုက်ပြီး သူ့မရဲ့ပါးက ချန်ရှု့ရဲ့ မလိုလားတဲ့ဘက်ကို ဖိထားသည်။ အဲ့တာက ပျော့ပြီး နူးညံ့သည်။

 

 

ချန်ရှု့ရဲ့ နှလုံးက နောက်တဖန်မြန်မြန်ဆန်ဆန် ခုန်ပေါက်လာသဖြင့် သူပင့်သက်ကို အရှည်ကြီး ရှူရှိုက်လိုက်သည်။  ဤတိတ်ဆိတ်သော ဆောင်းဦးညတွင် သူ့ရဲ့အသက်ရှူထုတ်လိုက်တဲ့လေကတောင် ပူနေသည်။

 

 

စက္ကန့်အနည်းငယ်အကြာတွင် ချန်ရှု့က ယဲ့ဆွေဆီကနေ အနည်းငယ်ကွာဝေးတဲ့ဘေးဘက်သို့ ဂရုတစိုက်ရွှေ့လိုက်သည်။

 

 

နောက်စက္ကန့်တွင် ယဲ့ဆွေ နားထင်သွေးရောက်အောင် ထပ်လုပ်လိုက်ပြန်သည်။ သူမက သက်သောင့်သက်သာရှိသောနေရာကို အလွန်စိတ်ကျေနပ်မှုရှိပုံပေါ်သည်။ ထိုမျှမက သူမကချန်ရှု့ရဲ့ လည်ပင်းကိုတောင် ကြင်နာစွာပွတ်သပ်နေသေးသည်။

 

 

ယဲ့ဆွေ ရဲ့လုပ်ရပ်က မရည်ရွယ်ဘဲ ဖြစ်ပေမယ့် ချန်ရှု့ရဲ့စိတ်က ဗြောင်းဆန်နေသည်။ သူ့ခန္ဓာကိုယ်က တင်းကျပ်လာပြီး အသက်ရှူသံက ရုတ်တရက် လေးလံလာသည်။ အချိန်အတော်ကြာမှ စိတ်တည်ငြိမ်မှုကို ပြန်ရလာသည်။

 

 

ယဲ့ဆွေ နှိုးလာမှာကို စိုးရိမ်တာကြောင့် ချန်ရှု့က ဤအနေအထားကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းခဲ့သည်။ ယဲ့ဆွေရဲ့ တစ်ခုပြီးတစ်ခု "နှောင့်ယှက်မှု" နှင့်အတူ ချန်ရှု့က ဤညက အထူးသဖြင့် ခက်ခဲသည်ဟု ခံစားခဲ့ရသည်။

 

 

ဘာမှမသိတော့ဘဲနဲ့၊ ချန်ရှု့ရဲ့ အသက်ရှူသံက ပျော့ပျောင်းလာပြီး ရှည်လျားလာသည်။  မကြာခင်မှာပဲ သူအိပ်ပျော်သွားခဲ့သည်။  တိတ်ဆိတ်သောနေရာကို မရေရာခြင်းနှင့် ဝိုင်းရံထားခြင်းကြောင့် သူတို့နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက် အရှေ့ဘက်သို့တိုးလာကြသည်။

 

 

ယဲ့ဆွေ  နိုးလာတဲ့အခါ သူမရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ဘေးဘက်ကို ကြည့်လိုက်တော့ ချန်ရှု့ရဲ့မျက်နှာကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက် ပြီးခဲ့သည့်ညတွင် အိပ်ယာတစ်ခုတည်း၌ အိပ်ခဲ့ကြသောအချက်ကို သူမရှင်းရှင်းလင်းလင်း သတိရခဲ့သည်။

 

 

မနေ့ညက ဘာဖြစ်ခဲ့သလဲဆိုတာ ယဲ့ဆွေ မသိခဲ့ပေ။ ချန်ရှု့ကိုကြည့်လိုက်ရင် သူကောင်းကောင်းအိပ်ပျော်နေခဲ့တာပဲလို့ ယဲ့ဆွေခံစားရသည်။

 

 

ယဲ့ဆွေ ရဲ့မျက်လုံးတွေက မရည်ရွယ်ပဲ ချန်ရှု့ရဲ့မျက်နှာပေါ် ကျရောက်သွားသည်။

 

 

ချန်ရှု့ရဲ့ မျက်လုံးတွေက မှိတ်ထားပြီး သူ့ရဲ့မျက်တောင်တွေကဆင်းပြီး မျက်ခုံးအောက်တွင် မှေးမှိန်နေသောအရိပ်က ထင်ကျန်နေသည်။ ယဲ့ဆွေ သက်ပြင်းချလိုက်သည်။ 'သူ့မျက်တောင်မွှေးက  ငါ့ထက်ပိုရှည်တယ်။'

 

 

ယဲ့ဆွေက ချန်ရှု့ ရဲ့အိပ်ပျော်နေတဲ့ မျက်နှာကို ဆက်ပြီးအရသာခံစားချင်နေသေးသည်။ သို့သော် အဲ့ဒီ့အချိန်မှာပဲ ချန်ရှု့ရဲ့ မျက်ခွံများက ရွေ့လျားလာသဖြင့် သူ မကြာခင်မှာ နှိုးလာတော့မယ့်ပုံရသည်။  သူမ အလျင်အမြန်ပဲ မျက်လုံးတွေကိုမှတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။ တကယ်လို့ ချန်ရှု့သာ သူမရဲ့ နီရဲနေတဲ့မျက်နှာကို တွေ့သွားရင် ရှက်စရာကောင်းလိမ့်မည်။

 

 

စက္ကန့်အနည်းငယ်အကြာတွင် ပြီး ဘေးဘက်ကို ကြည့်လိုက်တော့ ယဲ့ဆွေ တိတ်ဆိတ်စွာအိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။  ပြီးခဲ့သည့်ညက သူအိပ်ပျော်ရန် အချိန်များစွာကြာမြင့်ခဲ့ပြီး သူ့ရဲ့လက်မောင်းမှာ နာကျင်နေဆဲဖြစ်သည်။

 

 

ချန်ရှု့ ယဲ့ဆွေကို ကြည့်နေရင်း ဖြစ်ရပ်က ချန်ရှု့ရဲ့စိတ်ကို ထပ်မံဖြတ်သန်းသွားသည်။ သူ့မျက်လုံးများတွင် မဖတ်နိုင်သည့် စိတ်ခံစားမှုများ ပါ၀င်သည်။

 

 

 ယဲ့ဆွေက အိပ်ဖို့ရည်ရွယ်နေပြီး သင့်တော်သောအချိန်မှ ထလာချင်ခဲ့သည်။  သို့သော် ထူးဆန်းသည်မှာ ချန်ရှု့က နိုးလာခဲ့သည်။ ဒါဆို သူကဘာကြောင့် ဘာဆူညံသံကိုမှမပြုလုပ်ခဲ့တာလဲ? သူမအဲ့တာကို မထိန်းချုပ်ထားနိုင်တော့လုနီးပါးဖြစ်ခဲ့သည်။

 

 

ချန်ရှု့ ယဲ့ဆွေ ကိုကြည့်လိုက်သည်။  ယဲ့ဆွေက မျက်လုံးများကို ပိတ်ထားသော်လည်း သူမရဲ့မျက်ခွံများက အနည်းငယ်လှုပ်ခါသွားပြီး သူမရဲ့နှင်းလိုဖြူတဲ့လည်ပင်းမှာ ရှက်သွေးဖြာခြင်းကြောင့် နီလာသည်။

 

 

သူမအိပ်ချင်ယောင်ဆောင်နေသည်ကို ချန်ရှု့ ကောင်းစွာသိခဲ့သည်။  သူ ရယ်လိုက်မိသည်။ တခြားနေရာကိုမကြည့်ဘဲ သူမကိုပဲ ဆက်ကြည့်ခဲ့သည်။

 

 

သူမ အိပ်ချင်ယောင်ဆောင်နေသဖြင့် ယဲ့ဆွေထပ်ပြီး မစောင့်နိုင်တော့ပေ။  သူမဖြည်းဖြည်းချင်း မျက်လုံးကိုဖွင့်လိုက်ပြီး မှင်ကဲ့သို့ မဲနက်တဲ့ချန်ရှု့ရဲ့မျက်လုံးကို ကြည့်လိုက်သည်။

 

 

ယဲ့ဆွေက သူမရဲ့အချည်းနှီးဖြစ်သော ကြိုးပမ်းမှုများကို မောနင်းဆိုတဲ့စကားဖြင့် ရှာဖွေတွေ့ရှိပြီးဖြစ်သည်ကိုသိခဲ့ပေ။

 

 

မေနင်း ”  ချန်ရှု့က ယဲ့ဆွေကို ဖော်ထုတ်ခဲ့ခြင်းမရှိပေ။

 

 

 သူတို့နှစ်ယောက်စလုံး အိပ်ယာမှထပြီး သီးခြားစီ ဆေးကြောခဲ့ကြသည်။  ချန်ရှု့က ပြီးခဲ့သည့်ညကဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို မဖော်ပြခဲ့ပေ။ ထိုအရာများကို လျှို့ဝှက်ချက်အဖြစ် သူ့စိတ်ထဲတွင် ဝှက်ထားလိုက်သည်။ 

 

 

ယဲ့ဆွေ အခန်းထဲက ထွက်လာတဲ့အချိန်မှာ ယန်လန်က ကွန်ပျူတာရှေ့မှာထိုင်နေပြီး မတင့်တယ်စွာ ရိုက်နှိပ်နေသည်ကို တွေ့လိုက်ရသည်။  ကီးဘုတ်ကိုနှိပ်နေတဲ့အသံက အလွန်ကျယ်နေသည်။

 

 

ယဲ့ဆွေ အဲ့ဘက်ကိုကူးသွားလိုက်ပေမယ့် ယန်လန် ကတော့ သူမရဲ့ခြေသံကို မကြားဘဲ နောက်ဆုံးတွင်ဝါကျကို အဆုံးသတ်လိုက်သည်။

 

 

သူမ ကွန်ပျူတာစခရင်ကို တွေ့လိုက်တော့ ယဲ့ဆွေမှင်သက်သွားသည်။ ယဲ့ဆွေရဲ့ ဗီဒီယိုဖိုရမ်အများအပြားကို ပြသထားပြီး ယန်လန်က ၎င်းတို့အနက်မှတစ်ခုအောက်တွင် မှတ်ချက်များကိုတင်ခဲ့သည်။

 

 

သိပ်ဉာဏ်မကောင်းတဲ့ မိခင်တစ်ယောက်က အွန်လိုင်းပေါ်မှာ သူ့သမီးရဲ့ဗီဒီရိုကိုကြည့်ဖို့ ကွန်ပြူတာဘယ်လိုသုံးရမယ်၊ ဖိုရမ်တွေမှာ ပိုစ့်ဘယ်လိုတင်ရမယ်၊ မှတ်ချက်တွေ ဘယ်လိုရေးရမယ်ဆိုတာကို ဘယ်လိုများလေ့လာသင်ယူခဲ့ရမလဲ?

 

 

ယန်လန်က ယဲ့ဆွေကို နားလည်ပေးဖို့အတွက် ဤနည်းလမ်းကိုသာအသုံးပြုနိုင်ခဲ့သည်။

 

 

အိမ်ရှေ့စံမင်းသား စီးရီးက လဝက်ခန့်ကမှ လေထုထဲတွင်ရှိခဲ့ပြီး ထုတ်လုပ်မှုမှာမူ ယဲ့ဆွေရဲ့ မူလအပိုင်းကို ထုတ်မပေးသေးပေ။  ဝတ္ထုအရ သူမရဲ့အခန်းကဏ္ဍက ရက်စက်တဲ့သူ နေရာဖြစ်တာကြောင့် ပရိသတ်များက သူမကိုစိတ်ဆင်းရဲရအောင် ကျိန်ဆဲကြလိမ့်မည်ဖြစ်သည်။

 

 

သို့သော် ယဲ့ဆွေက မရိုက်ကူးမီ ဤဝတ္ထုကိုဖတ်ခဲ့ပြီး မင်းသမီးကို မည်ကဲ့သို့ပုံဖော်ရမည်ကို သိခဲ့သည်။

 

 

ဇာတ်ညွှန်းရေးသူ ကျပန်းပြောင်းလဲလိုက်သည့် ဇာတ်ြွက်တိုင်းတွင် ယဲ့ဆွေရဲ့ သရုပ်ဆောင်ချက်က လူတွေကိုစိတ်၀င်စားစေသည်။ 

 

 

အစပိုင်းမှာတော့ ဒီဇာတ်လမ်းတွဲကို ယဲ့ဆွေရဲ့မတူညီတဲ့အခန်းများအဖြစ် ခွဲခြားခဲ့သည်။ ဖိုရမ်များပေါ်တွင် မတူညီသော အကြောင်းအရာများပါသည့် ဗီဒီယိုများရှိလာခဲ့သည် - မင်းသမီးပြန်လည်မွေးဖွားလာခြင်းက လက်စားချေခြင်းနဲ့ သင့်လျော်တဲ့မင်းသမီးဖြစ်လာဖို့ လမ်းညွှန်တာဖြစ်သည်။

 

 

"မင်းသမီးဇာတ်ကောင်က အရမ်းအားနည်းဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ? တည်းဖြတ်တာက စဥ်းစားဉာဏ်မရှိဘူးဆိုတာ မြင်သာပေမယ့်လည်း ယဲ့ဆွေရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အဲ့တာက တက်သွားတာပဲ။ သူမရဲ့မျက်လုံးတွေကိုကြည့်လိုက်ရင် ဇာတ်ကွက်က အရမ်းကောင်းတယ်ဆိုတာကို ငါကွက်ကွက်ကွင်းကွင်းမြင်ရတယ် "

 

 

 "ဒီနေ့ကစပြီး ငါကရက်စက်တဲ့ နေရာကနေ ကောင်းမွန်တဲ့နေရာဘက်ကို ပြောင်းလဲလိုက်တော့မယ်။ ယဲ့ဆွေက  ကောင်းကောင်းသရုပ်ဆောင်နေတာပဲ ပြီးတော့ အဲ့တာနဲ့စတင်တာ ထိုက်တန်တယ် "

 

 

 နောက်ဆက်တွဲအစီအစဉ်ကို မထုတ်လွှင့်မီက အင်တာနက်သုံးစွဲသူတွေက ယဲ့ဆွေ အကြောင်းကို ဖန်အဖြစ်ရေးသားပြီးဖြစ်သည်။  သူမကစတားလေးသာဖြစ်ပြီး သူမရဲ့ကျော်ကြားမှုမှာ ပိုပြီးမြင့်သထက်မြင့်လာခဲ့သည်။  ဤအချိန်ကာလအတွင်း ဝေ့ပေါ်ရှိ သူမရဲ့ပရိသတ်များက အမျိုးသားဇာတ်ကောင်၊ အမျိုးသမီးဇာတ်ကောင်များနှင့်ပင် ယှဉ်တွဲလာခဲ့ကြသည်။

 

 

သူမရဲ့မိခင်က လူကြိုက်များတဲ့အင်တာနက်ဘာသာစကားကို နားလည်ဖို့ သူမကိုးယိုးကားယားနိုင်တဲ့ လက်ကိုသုံးပြီး ရိုက်နေတာလို့ ယဲ့ဆွေထင်ခဲ့သည်။  သူမအမေရေးခဲ့တဲ့ နောက်ဆုံးမှတ်ချက်ကို တွေ့လိုက်ရသည်။

 

 

 "ယဲ့ဆွေက အကောင်းဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အနာဂတ်မှာ ကြယ်ပွင့်ကြီး ဖြစ်လာမယ်ဆိုတာ အသေအချာပဲ"

 

 

ယန်လန် ယဲ့ဆွေကို တွေ့သွားပြီ။  သူမ အနည်းငယ်ရှက်ရွံ့စွာဖြင့် ခွတီးခွကျနိုင်စွာ  ရှင်းပြလိုက်သည်။ဆွေဆွေ မြင်ရဲ့လား။ အင်တာနက်သုံးစွဲသူတွေအားလုံးက သမီးရဲ့ စွမ်းဆောင်ရည်ကို ချီးမွမ်းနေကြတယ်

 

 

ယဲ့ဆွေ ရဲ့မျက်လုံးတွေ နီလာသည်။ သူမအော်ငိုလိုက်ပြီး ကွန်ပျူတာမှအကြည့်ကိုဖယ်လိုက်ကာ  သူမရဲ့မိခင်ကိုဖက်လိုက်သည်။

 

 

 "အမေ၊ သမီး နောက်မှအိမ်ပြန်တော့မယ်။ "ယဲ့ဆွေက ယခင်ဘဝ၌ မိဘမဲ့ကလေးဖြစ်ပြီး သူမမိသားစုရဲ့ နွေးထွေးမှုကို မခံစားခဲ့ရပေ။  သူမအနာဂတ်၌ ယန်လန်ကိုကောင်းကောင်းဆက်ဆံလိမ့်မည်ဆိုတာ သေချာသည်။

 

 

ယန်လန် ရဲ့မျက်လုံးတွေက အနည်းငယ် နီလာပြီး မျက်ရည်တွေလည်း ကျလာသည်။

 

 

ညစာမစားမီ ယဲ့ဆွေနှင့် ချန်ရှု့တို့အား အိမ်အပြင် ထွက်ဖို့တိုက်တွန်းခဲ့သည်။ အပြင်ဘက်က လေကလတ်ဆတ်တယ်လို့ ယန်လန်ပြောလိုက်တာကြောင့် သူတို့ လမ်းလျှောက်ဖို့ထွက်လာခဲ့ကြသည်။

 

 

သူတို့ဆက်ဆံရေးက လေးလေးနက်နက် မဟုတ်ဘူးဆိုတာကို ယန်လန် အရင်ကတည်းက သိခဲ့သည်။ သူတို့ရဲ့ ခံစားချက်များကို တိုးမြှင့်ဖို့ အားထုတ်မှုများစွာကို သူမအသုံးချခဲ့သည်။

 

 

ဒီမြို့ငယ်လေးမှာ အဆောက်အအုံတွေက သိပ်မမြင့်ပေ။ လမ်းတစ်လျှောက်ရှိ အိမ်ငယ်လေးများမှ အစားအစာရဲ့အမွှေးနံ့များက ထွက်ပေါ်နေသည်။

 

 

ရထားလမ်းက ရှည်လျားစွာ ဆက်သွယ်နေပြီး လေကနှစ်ဖက်စလုံးကနေ ခါးပေါင်းပင်များကို တိုက်ခတ်နေပြီး နေဝင်ဆည်းဆာအချိန်မှာ လမ်းကိုအေးမြနေအောင် ပြုလုပ်ပေးနေသည်။

 

 

လေက အနည်းငယ်အားပြင်းသည်။  ချန်ရှု့ ရုတ်တရက်နှာချေလိုက်သည်။ ယဲ့ဆွေ ရပ်တန့်လိုက်ပြီး ခေါင်းကိုလှည့်လိုက်သည်။ သူလည်းသူမနှင့် ရင်ဆိုင်ခဲ့ရသည်။  “ ဘာမှမဖြစ်ပါဘူး

 

 

ယဲ့ဆွေ အကြီးအကျယ် စိုးရိမ်သွားကာရှင်အအေးမိနေတာလား? ”လို့ မေးလိုက်သည်။

 

 

ညတုန်းက ယဲ့ဆွေ သူ့ထံမှစောင်ကို ဆွဲနေသည့်ပုံစံကို ချန်ရှု့မြင်ယောင်လာသည်။ သူမက အလွန်ပြင်းထန်သောကြောင့် သူအစွမ်းကုန်ကြိုးစားခဲ့သည်။  ထိုအချိန်တွင် ယဲ့ဆွေက စိတ်ကျေနပ်မှုနှင့်အတူ စောင်ကိုကိုင်ထားပြီး သူမကိုနိုးလာအောင်လုပ်ဖို့ အရမ်းအခက်တွေ့ခဲ့ရသည်။

 

 

ချန်ရှု့က အမြဲတမ်း ကျန်းမာရေးကောင်းမွန်ပြီး ယခင်က အသေးစားရောဂါများအတွက် ဆေးဝါးများကို မလိုအပ်ခဲ့ပေ။  သူက ယဲ့ဆွေကို မဖျားပါဘူးလို့ ပြောမယ့်အချိန် ယဲ့ဆွေက ရုတ်တရက် ခြေဖျားထောက်ကာရပ်လိုက်သည်။

 

 

ယဲ့ဆွေ ချန်ရှု့ကိုမော့ကြည့်တဲ့အကွာအဝေးက ရုတ်တရက် နီးသွားသည်။  သူမရဲ့ မျက်တောင်များက အလွန်ရှည်လျားကာ နက်မှောင်နေပြီးသူမရဲ့မျက်လုံးများက လသာသည့်ညတွင် လင်းလတ်နေသည့် ကြယ်တွေလိုဖြစ်သည်။

 

 

နေဝင်ချိန်က သူမအပေါ် ထွန်းလင်းတောက်ပနေပြီး အလင်းရောင်က သူမမျက်နှာရဲ့ပုံသဏ္ဍာန်ကိုထင်ဟပ်စေသည်။  ၎င်းသည် သူ့မျက်လုံးများတွင် ပို၍ထင်ရှားလာပြီး တဖြည်းဖြည်းနှင့် သူ့ရဲ့အမြင်အာရုံကို ဖြည့်ဆည်းပေးခဲ့သည်။

 

 

ယဲ့ဆွေ ခြေဖျားထောက်ပြီး ချန်ရှု့ရဲ့ နဖူးကိုစမ်းလိုက်သည်။ သူမရဲ့လက်က အရမ်းနူးညံ့ပြီး သူ့နဖူးကိုထိပြီးအတည်ပြုပြီးတာနဲ့ သူမက "ရှင့်မှာအဖျားရှိနေပြီ " လို့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

 

 

သူမရဲ့အသက်ရှုသံက နီးကပ်နေသည်။ အဲ့နေရာက ဆံပင်ရဲ့ကျယ်ပျံ့တဲ့အပိုင်းဖြစ်ပြီး သူ့မျက်နှာကိုပေါ့ပေါ့ပါးပါး ထွေးပိုက်သွားပေမယ့် သူကအဲ့တာကို သတိမထားမိခဲ့ပေ။

 

 

ချန်ရှု့ရဲ့နဖူးကို သူမရဲ့လက်ချောင်းတွေနဲ့ထိလိုက်တဲ့ တစ်လျှောက်မှာ လျှပ်စစ်စီးကြောင်းတွေ ဖြတ်သန်းစီးဆင်းသွားပုံရသည်။ ၎င်းသည် နဖူးတစ်လျှောက်လျှောဆင်းသွားပြီးနောက် နားမှအပူတွေထွက်လာသည်။

 

 

ဖျားနာခြင်းကြောင့် သူ့မျက်လုံးတွေ ခြစ်ခြစ်တောက်ပူနေတယ်လို့ ချန်ရှု့ခံစားနေရသည်။

 

 

ဒါဆို ပိုပြီးပြင်းထန်စွာ ခုန်ပေါက်နေတဲ့ သွေးခုန်နှုန်းကလည်း အဖျားကြောင့်လား?