အပိုင်း ၃၅
Viewers 8k

 

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၃၅ - အအေးမိခြင်းအား ဒုတိယအကြိမ်တုံ့ပြန်မှု

 

 

 

 

ယဲ့ဆွေ ဘာကိုမှသတိမပြုမိခဲ့ပေ။ သူမက ချန်ရှု့ရဲ့အဖျားအပေါ်မှာပဲ အာရုံစူးစိုက်နေပြီး သူနေမကောင်းသည့်အချိန်ကဟာကို စဉ်းစားနေသည်။

 

 

ချန်ရှု့ကိုသုံးသပ်ကြည့်ပြီး ယဲ့ဆွေက လမ်းလျှောက်လို့ပြီးပြီ၊ အိမ်ပြန်ကြမယ်ဟု အလေးအနက်ပြောခဲ့သည်။

 

 

ဘာကြောင့်လဲဆိုတော့ ကောင်းကင်ရဲ့အရောင်တွေက မှေးမှိန်သွားပြီ။ ယဲ့ဆွေရဲ့ လမ်းလျှောက်မှုက မြန်နေသည်။  အခြားတစ်ဖက်တွင်မူ ချန်ရှု့က သူမနောက်ကနေ ဖြည်းဖြည်းချင်းလျှောက်လာကာ သူမရဲ့နောက်ကျောကိုကြည့်ရင်း စဉ်းစားနေသည်။

 

 

ယဲ့ဆွေက အအေးမိချင်နေသေးလား?” လို့ရိုးရိုးလေး မေးလိုက်သည်။

 

 

 “ ဟင့်အင်း  ချန်ရှု့က ယဲ့ဆွေရဲ့ ပြင်းပြတဲ့ မျက်လုံးကိုကြည့်ပြီး သူ့ရဲ့အတွေးများကို ဖြတ်ကာ မြန်မြန်ဆန်ဆန်လိုက်သွားခဲ့သည်။

 

 

အိမ်ပြန်ရောက်လာပြီးနောက် ဆေးသောက်ရတာမကြိုက်တဲ့ ချန်ရှု့အား ယဲ့ဆွေမှ အဖျားပျောက်ဆေးကို အတင်းအကျပ်တိုက်နေသည်။ သူမရဲ့ကြီးကြပ်မှုအောက်တွင် သူကဆေးကို ရိုးသားစွာမျိုချခဲ့ရသည်။

 

 

ယဲ့ဆွေ ခံစားမှုက အေးဆေးတည်ငြိမ်သည်။  "စိတ်မပူပါနဲ့၊ မနက်ဖြန် ပိုကောင်းလာလိမ့်မယ်။ "

 

 

ချန်ရှု့ ခေါင်းညိတ်ပြီး ဘာမျှမပြောပေ။ ယဲ့ဆွေရဲ့ ရွှင်လန်းတက်ကြွတဲ့ အသွင်အပြင်ကြောင့် သူကစိတ်မသက်မသာဖြစ်တယ်လို့ မခံစားရပေ။

 

 

ယန်လန်က သူမရဲ့သားမက်ကို စိတ်ကျေနပ်ခဲ့သည်။ သူမရဲ့ သားမက်အနေနဲ့ လိုချင်တာအားလုံးကို သူဖြည့်ဆည်းခဲ့သည်။

 

 

သူက တည်ငြိမ်တဲ့ အမူအရုရှိသော်လည်း ချန်ရှု့က စကားမများဘဲ ထောက်ထားညှာတာတတ်သည်။ ယဲ့ဆွေက သူမသမီးတစ်ယောက်ပဲ။  ယဲ့ဆွေက အမြဲတမ်းစိတ်တိုတတ်ပေမယ့် ချန်ရှု့က သူ့ကိုသည်းခံလိမ့်မယ်ဆိုတာ သူမသိသည်။

 

 

အစားအစာပြင်ပြီးတာနဲ့ ယန်လန်က ကောင်းမွန်သောဟင်းလျာများကို ထပ်မံပြုလုပ်ခဲ့သည်။

 

 

တစ်ကမ္ဘာလုံးမှာ မိခင်အားလုံးရဲ့မေတ္တာက အတူတူပဲ ဖြစ်လိမ့်မည်။  သူမနှင့်သူမသမီးက အနေဝေးခဲ့ကြသည်။ ယဲ့ဆွေအပေါ် ကောင်းတဲ့သားမက်ရှိဖို့ကိုသာ သူမစဥ်းစားခဲ့သည်။

 

 

ညစာစားနေစဉ်တွင် ချန်ရှု့ကအမြဲတမ်း စကားမပြောဘဲ ယဲ့ဆွေနဲ့ ယန်လန်တို့ စကားပြောတာကိုသာ နားထောင်ပြီး  အေးဆေးငြိမ်သက်စွာနဲ့ စားသောက်ခဲ့သည်။

 

 

စကားပြောနေစဉ်အတွင်း ယန်လန်က ဘေးဘက်ကအိမ်နီးချင်းအကြောင်းပြောခဲ့သည်။ဘေးအိမ်က လူအိုကြီးကျုံးက သူ့သားကောလိပ်တက်တာကို မမြင်ရခင် အစောကြီးဆုံးပါးသွားခဲ့တယ်။

 

 

 ဒီကိစ္စကို အကျွမ်းတဝင်ရှိတယ်လို့ ယဲ့ဆွေ ရုတ်တရက်ခံစားလိုက်ရပြီး မေးခွန်းတစ်ခုကို မေးခဲ့သည်။ ဘေးအိမ်ကအိမ်နီးချင်း လူအိုကြီးကျုံးက လွန်ခဲ့သောလအနည်းငယ်က မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းနှင့် သူမမိသားစုမှာသူနှင့်ပင် တွေ့ဆုံခြင်းမရှိကြောင်း သူမ သိရှိခဲ့ရသည်။

 

 

ဒါဟာကောလိပ်တက်ဖို့ သူ့သားဝင်ဖြေမယ့် အရှေ့ကိုမျှော်လင့်ခဲ့ကတည်းက လူအိုကြီးကျုံး မှာ ခက်ခဲတဲ့အချိန်ဆိုတာရှိနေပြီ။ ဒါက သနားစရာကောင်းသည်။ သူသားကလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်တန်းကျောင်းသားဖြစ်ခဲ့သည်။ ဒါပေမယ့် သူကအလုပ်အလွန်အကျွံအလုပ်လုပ်ခဲ့တာကြောင့် သေဆုံးသွားခဲ့သည်။

 

 

အဲဒါကြောင့် လူအိုကြီးကျုံး ရဲ့ဇနီးက ရှော့ရသွားပြီး ရုတ်တရက် ဖျားနာသွားသည်။

 

 

 ထို့အပြင် လူအိုကြီးကျုံး က နှစ်ပေါင်းများစွာငွေစုဆောင်းခဲ့သည်။ သို့သော် သူ့ရဲ့မိသားစုက သူ့ဘဏ်စာအုပ်ကို ရှာမတွေ့ခဲ့ပေ။ လူအိုကြီးကျုံး ရဲ့သားက သူ့မိသားစု အခက်အခဲ ကြုံတွေ့ရသည်ကိုမြင်တွေ့ပြီး စာလေ့လာတာကိုရပ်တန့်ပြီး အလုပ်လုပ်ရင်း သူ့အမေကိုဂရုစိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

 

 

ဒါကြောင့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ယန်လန်က ဘေးအိမ်က အိမ်နီးချင်းကို ကူညီလိမ့်မည်။

 

 

မနေ့က လူလတ်ပိုင်းသရဲတစ်ယောက်ကို ယဲ့ဆွေ သတိရမိသည်။  ထိုသူရဲ့အတွေ့အကြုံက ယန်လန်ပြောခဲ့သည့်အရာနှင့် အလွန်ဆင်တူသည်။

 

 

ညစာစားပြီးတဲ့နောက် ယဲ့ဆွေက ယန်လန်ပြောတာတွေကို စဉ်းစားနေသည်။ ဘတ်စ်ကားပေါ်ရှိ လူလတ်ပိုင်းသရဲက ဘေးအိမ်က လူအိုကြီးကျုံး သာဆိုရင် သူမကူညီရမှာလား ဒါမှမဟုတ် မကူညီရဘူးလား?

 

 

ယန်လန် တစ်စုံတစ်ခုကိုကိုင်ထားပြီး အပြင်ထွက်သွားတော့မည်ကို ယဲ့ဆွေ မြင်ခဲ့သည်။  “ အမေ၊ ဘယ်သွားမလို့လဲ?”

 

 

ယန်လန်က ဘေးအိမ်ကို ညွှန်ပြလိုက်သည်။"အမေ ဟိုဘက်အိမ်ကိုပေးဖို့ ဟင်းတွေကိုပိုပြီး အထူးပြင်ဆင်ထားခဲ့တယ်လေ

 

 

ယဲ့ဆွေက သူမရဲ့စိတ်ကို ပြင်ထားပုံရသည်။  သူမကချက်ချင်းထရပ်လိုက်ပြီး ယန်လန်ရဲ့ လက်ထဲရှိအရာကိုယူကာ ပြောလိုက်သည်။ "သမီးသွားပို့လိုက်မယ်။ အျမက နားနေလိုက်နော်"

 

 

ယဲ့ဆွေက အကြောင်းပြချက်ကို မရှင်းပြဘဲ ဘေးအိမ်သို့ တိုက်ရိုက်သွားခဲ့သည်။

 

 

 တံခါးဖွင့်လိုက်တာကတော့ ဦးလေးကျုံးရဲ့သား ကျုံးဟွေ့ဝမ် ဖြစ်သည်။ တွေဝေမိန်းမောသွားပြီးနောက် သူငြိမ်သက်သွားသည်။

 

 

"ကျွန်မရဲ့အမေက ဟင်းချိုတစ်ခွက် ပိုချက်ထားလို့  မိသားစုစားဖို့တော့ မလုံလောက်ဘူး။ အန်တီ့ရဲ့ ခန္ဓာကိုယ်ကိုယ်တော့ ဖြည့်စွတ်ပေးနိုင်တာပေါ့ယဲ့ဆွေက ပန်းကန်ကို သူမရဲ့လက်ထဲကနေ လွှဲပြောင်းပေးလိုက်သည်။

 

 

 ယဲ့ဆွေဟာ ယခင်က သူတို့နှင့်တစ်ခါမျှ မဆက်ဆံဖူးတာကြောင့် ကျုံးဟွေ့ဝမ် ရဲ့မျက်လုံးများက ရှုပ်ထွေးနေသော်လည်း သူကပန်းကန်လုံးကိုယူလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

 

 

 “ကျွန်တော့်ကို ခဏလောက်စောင့်ပေးပါ။ ပန်းကန်လုံးကို ပြန်ပေးလိုက်မယ်

 

 

ယဲ့ဆွေက ကျိုးကြောင်းဆီလျော်မှုရှိတာကြောင့် မီးဖိုချောင်ကို သွားနေတဲ့ ကျုံးဟွေ့ဝမ်ကို စောင့်ဆိုင်းခဲ့ပြီး အခန်းတစ်ခန်းလုံးကို ဝှေ့ဝိုက်ကြည့်လိုက်သည်။

 

 

အိမ်ကမကြီးဘူး။ ဒါပေမယ့်  အရမ်းသန့်ရှင်းပြီး အလှဆင်ပစ္စည်းအားလုံးကလည်း တောက်ပြောင်နေသည်။ယဲ့ဆွေက သိပ်မကြာခင်မှာ အိမ်ရဲ့ထောင့်နားမှာရှိတဲ့ စားပွဲလေးတစ်ခုကို သတိပြုမိလိုက်သည်။  စားပွဲပေါ်မှာဓာတ်ပုံတစ်ပုံရှိပြီး ပြီးခဲ့တဲ့ညက ဘတ်စ်ကားပေါ်က လူလတ်ပိုင်းအရွယ် သရဲရဲ့မျက်နှာနဲ့တစ်ပုံစံတည်းပဲ။

 

 

ယဲ့ဆွေက သူမမှန်းဆချက်ကို အတည်ပြုပြီးတဲ့နောက် သူမအိမ်ကိုပြန်လာခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ချန်ရှု့က နေမကောင်းဖြစ်နေတုန်းပဲ။ ယဲ့ဆွေက ချန်ရှု့ကို အိမ်အပြင်ဘက် မလိုက်လာစေချင်တာကြောင့် ဖြစ်သည်။

 

 

ယဲ့ဆွေက သူမရဲ့အမြင်ကို ဖုံးကွယ်နိုင်မယ့်အရာတစ်ခုခုကို ရှာဖွေနေရင်း အခန်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့သည်။

 

 

 ဤအချိန်တွင် ချန်ရှု့က ရုတ်တရက် တံခါးကိုဖွင့်ပြီး ဝင်လာသည်။ ယဲ့ဆွေရဲ့ လှုပ်ရှားမှုများကို တွေ့မြင်ပြီး မင်း အပြင်သွားမလို့လား? ”လို့ ချန်ရှု့က  အပြုသဘောဆောင်တဲ့ လေသံဖြင့်မေးခဲ့သည်။

 

 

ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။  “ မနေ့ကဘတ်စကားမှတ်တိုင်မှာ ကျွန်မတစ်ခုခုကျန်ခဲ့တယ်။

 

 

ချန်ရှု့ရဲ့ မျက်နှာကနစ်မြုပ်သွားသည်။  “ သုဿန်အကျော်မှာလား?” ယဲ့ဆွေက အရမ်းကြောက်တတ်ပြီး ပြီးခဲ့တဲ့ညက ဘတ်စ်ကားစောင့်ရင်း ကြောက်လန့်တုန်လှုပ်နေတာကို သူသတိရသွားသည်။

 

 

 "ရှင်ကနေမကောင်းဖြစ်နေတယ် အိမ်မှာပဲနေခဲ့လိုက်။ရေးနွေးပူပူလေးလဲ သောက်ဖို့မမေ့နဲ့  "  ယဲ့ဆွေ ချန်ရှု့ကို သတိပေးခဲ့သည်။

 

 

ချန်ရှု့က မတုံ့ပြန်ခဲ့ပေ။  “ ကိုယ်မင်းနဲ့လိုက်မယ်

 

 

ယဲ့ဆွေက မော့မကြည့်ခဲ့ပေ။ -“မလိုက်ရဘူး။ ရှင်က အနားယူနေလိုက်။ ကျွန်မကိုစိတ်ထဲမထားပါနဲ့

 

 

 "ကိုယ်မင်းနဲ့လိုက်မယ်ချန်ရှု့က ထပ်ခါတလဲလဲပြောနေသည်။ ယဲ့ဆွေကတော့ ငြင်းချင်နေသေးတုန်းပဲဆိုတာ သူသိတယ်။ ဒါပေမယ့်လည်း သူ့လေသံက ခိုင်မာနေသည်။

 

 

ချန်ရှု့ရဲ့ ခေါင်းမာတဲ့ပုံကြောင့် ယဲ့ဆွေ ရွေးချယ်စရာမရှိတော့ဘဲ ဗီရိုထဲက လည်စည်းပဝါကို ထုတ်ယူလိုက်သည်။

 

 

အဆိုပါလည်စည်းပဝါက မထူပေမယ့် အရောင်နှင့်အတူ မှားယွင်းနေတဲ့တစ်စုံတစ်ခုရှိခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ အကြိုက်ကို လျစ်လျူရှုခဲ့သည်။ ယဲ့ဆွေက ချန်ရှု့ရဲ့ လည်ပင်းတွင် ရောင်စုံလည်စည်းပဝါကို ရစ်ပတ်ပေးလိုက်သည်။

 

 

ဒါက တကယ်ကို ထူးဆန်းသည်။ ဖြစ်ချင်တော့ ကြည့်ကောင်းတဲ့လူတစ်ယောက်က ထိုကဲ့သို့သော ရုပ်ဆိုးတဲ့ပဝါနဲ့လည်း ကြည့်ကောင်းနေသည်။ ချန်ရှု့က တွန့်ဆုတ်နေပုံရသည်။ ဒါပေမယ့် သူအဲ့တာကို မချွတ်ပစ်ခဲ့ပေ။

 

 

"အပြင်မှာ လေထန်တယ်။ ရှင် နောက်ထပ် အအေးပြန်မိသွားမှာကို ကျွန်မစိုးရိမ်တယ်သူမ၏ အကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်ပြီး ငြင်းဆိုရန် အကြောင်းပြချက်လည်းမရှိပါ။

 

 

ယဲ့ဆွေက သူမ၏လက်များကိုဆန့်ကာ ပဝါကိုဆွဲထုတ်လိုက်သည်။  ချန်ရှု့ရဲ့ မျက်နှာအောက်ပိုင်းကို ဖုံးပေးလိုက်တာက အထူးသဖြင့် ချန်ရှု့ရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေကို မီးမောင်းထိုးပြနေသည်။

 

 

ယဲ့ဆွေ ချက်ချင်းပဲ သူမလက်ကိုပြန်ရုတ်လိုက်သည်။  "ကောင်းပြီ သွားကြစို့"

 

 

သူတို့သင်္ချိုင်းကို ရောက်တဲ့အချိန်မှာ

မှောင်နေတုန်းပဲ။ နေက လုံးဝပျောက်ကွယ်မသွားသေးပေ။  ဒီအချိန်မှာ သင်္ချိုင်းက သဘာဝအားဖြင့် တိတ်ဆိတ်ငြိမ်သက်နေပြီး ပြီးခဲ့သည့်ညက သရဲအသစ်တွေ သင်္ချိုင်းတွင်းဝင်လာတာနဲ့ နှိုင်းယှဥ်ကြည့်ရင် တိတ်ဆိတ်ငြိမ်သက်နေသည်။

 

 

သို့သော် ခြွင်းချက်တစ်ခုရှိသည်။ သင်္ချိုင်းဘေးက သစ်ပင်ကြီးတစ်ပင်အောက်မှာ လူလတ်ပိုင်းအရွယ်သရဲတစ်ကောင်က သူ့ရဲ့လက်ထဲမှာ တစ်စုံတစ်ခုကိုကိုင်ထားပြီ သစ်ပင်ကိုပတ်နေတုန်းပဲ။ ပြီးခဲ့သည့်ညက တစ်ခုခုကြောင့် စိတ်သောကရောက်နေတဲ့ပုံပင်။

 

 

ယဲ့ဆွေက ချန်ရှု့အား ဘတ်စ်ကားမှတ်တိုင်က ထိုင်ခုံဆီသို့ ဆွဲခေါ်လာခဲ့သည်။ သူမရဲ့လက်ကို ချန်ရှု့ရဲ့ ပခုံးပေါ်တင်ပြီး ပြောလိုက်သည်။  "ကျွန်မ အဲ့ဒီ့ဟာကိုရှာလိုက်ဦးမယ်။ ရှင်ကဒီနေရာမှာပဲ ကျွန်မကိုထိုင်စောင့်နေလိုက်နော် "

 

 

ထို့နောက် ယဲ့ဆွေက လေအေးတွေကို ချန်ရှု့မရှူရှိုက်မိစေရန် ချန်ရှု့ရဲ့လည်စည်းပဝါကို ပြန်လည်ပြင်ဆင်ပေးလိုက်သည်။ သူမက အအေးဒဏ်ကြောင့် ချန်ရှု့နေမကောင်းတာ ပိုဆိုးသွားမှာကို မလိုချင်ပေ။ 

 

 

တကယ်တော့ ချန်ရှု့နေမကောင်းဖြစ်တာက လုံးဝပျောက်ကင်းလုနီးပါးဖြစ်နေပါပြီ။ သူက ယဲ့ဆွေကိုမပြောပြဘူး။ ပဝါကမထူပေမယ့်လည်း အချိန်ခဏကြာအောင် သူ့လည်ပင်းမှာ ပဝါကိုပတ်ထားပြီးနောက် အနည်းငယ်ပူလာသည်။

 

 

 ချန်ရှု့က ယဲ့ဆွေ ရဲ့စိတ်ထဲမှာ ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး ပြောလိုက်သည်။မင်းကြောက်လာရင် ပြေးလာခဲ့

 

 

ချန်ရှု့က ထိုနေရာတွင်ထိုင်စောင့်နေပြီး ယဲ့ဆွေရဲ့ လှုပ်ရှားမှုကို ဆက်လက်ကြည့်ရှုနေသည်။ ယဲ့ဆွေ ၀န်ခံဖို့တွန့်ဆုတ်နေပြီး " ရှင်မယုံနိုင်လောက်ဘူး " လို့သာပြောလိုက်သည်။

 

 

ယဲ့ဆွေ ချန်ရှု့ကို ရှင်းပြပြီးတဲ့နောက် သစ်ပင်အောက်ကို သွားလိုက်သည်။ သရဲတွေနဲ့ စကားပြောဖို့ ကိုယ့်ရဲ့အစွမ်းအစကိုထုတ်သုံးလိုက်တာက ယဲ့ဆွေအတွက်  ပထမဆုံးအကြိမ်ဖြစ်သည်။

 

 

 "ဒါကောင်းတယ်၊ ငါ့သားက ကောလိပ်ကိုသွားတက်ရမယ်။ ငါ့ကြောင့်နဲ့တော့ စိတ်ဓာတ်မကျနိုင်လောက်ဘူး။ ငါ့သားက ကောလိပ်တက်ရမယ် ....... "

 

 

ယဲ့ဆွေ ချဉ်းကပ်လာသောအခါ လူလတ်ပိုင်းသရဲက သူ့ကိုယ့်သူ စကားတွေပြောနေပြီး အဲ့စကားကိုပဲထပ်ခါထပ်ခါ ပြောနေတာကို သူမကြားလိုက်ရသည်။ လူလတ်ပိုင်းသရဲ၏လက်ထဲ၌ ၀င်ခွင့်အသိပေးစာလိုမျိုးရှိနေသည်ကို သူမရိပ်ခနဲ မြင်တွေ့ခဲ့သည်။

 

 

ကျုံးဟွေ့ဝမ်ရဲ့အမေက နေမကောင်းဖြစ်နေတာကြောင့် သူကကျောင်းသွားဖို့စိတ်ကို လုံးလုံးလျားလျားချိုးဖျက်နိုင်ခဲ့သည်။

 

 

ထို့အပြင် ဦးလေးကျုံး ရဲ့ရှည်ကြာပြီး မြတ်နိုးရသောဆန္ဒက သူ့သားကောလိပ်ကျောင်းကို သွားဖို့ ပိုက်ဆံစုဆောင်းဖို့ဖြစ်သည်။ အဆုံး၌ သူက ဦးလေးကျုံးရဲ့အုတ်ဂူမှာ ဝန်ခွင့်အသိပေးစာကို မီးရှို့ပစ်လိုက်သည်။

 

 

ယဲ့ဆွေက ချန်ရှု့ဒီဘက်ကိုမကြည့်ဘူးဆိုတာ သေချာအောင် တစ်ချက်ကြည့်လိုက်သည်။ သူမက သတ္တိရှိရှိနဲ့ သာသာယာယာ ခေါ်လိုက်သည်။

ဦးလေး ကျုံး?”

 

 

ယဲ့ဆွေ  သူ့ကိုခေါ်နေတယ်ဆိုတာကို လူလတ်ပိုင်းအရွယ်သရဲက သဘောမပေါက်သေးဘူး။ သူ့ဘာသာသူ ဆက်ပြီးရေရွတ်နေပြန်သည်။ငါ့သားကအကောင်းဆုံးပဲ။ သူက ငါ့ကြောင့် အဲဒီကိုသွားနိုင်တယ်

 

 

ယဲ့ဆွေ မျက်မှောင်ကြုတ်လိုက်သည်။  ဦးလေး ကျုံးက သားဖြစ်သူ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် နံပါတ်တစ်ပညာရှင်ဖြစ်လာပြီး ကောလိပ်တက်ချင်တယ်ဆိုတဲ့အကြောင်းကို မှတ်မိနေပုံရသည်။  ကြွင်းကျန်သည့်အရာကို မေ့လျော့သွားခဲ့ပုံရသည်။

 

 

ဦးလေး ကျုံး?”ယဲ့ဆွေ ထပ်ခေါ်လိုက်သည်။

 

 

အနီးအနားရှိအသံကို ကြားရလိုက်ရသောအခါ လူလတ်ပိုင်းအရွယ်သရဲက ယဲ့ဆွေကိုကြည့်လိုက်သည်။  လူလတ်ပိုင်းသရဲက သဘာဝအတိုင်းသေဆုံးသွားခြင်းကြောင့် သူ့ရဲ့ရုပ်ဆင်းသဏ္ဌာန်က ကြောက်စရာကောင်းမနေပေ။ အဲ့တာက သရဲနဲ့အနီးကပ်ဆက်သွယ်ဖို့ ယဲ့ဆွေရဲ့ ကြောက်ရွံ့မှုကိုပြေလျော့စေသည်။

 

 

 “ မင်းငါ့ကိုခေါ်လိုက်တာလား?”  လူလတ်ပိုင်းသရဲက အသက်ရှူမှားသွားခဲ့သည်။

 

 

ယဲ့ဆွေ -“ ဦးလေးက ဘယ်သူလဲဆိုတာကို မှတ်မိသေးလား?”

 

 

လူလတ်ပိုင်းသရဲက ခေါင်းခါလိုက်သည်။ -“ ငါ့သားကောလိပ်တက်တာကို ကြည့်ချင်တယ်။ ဒါပေမယ့် အိမ်ကို ဘယ်လိုပြန်ရမလဲဆိုတာကို မေ့နေတယ် ”  စကားပြောပြီးတဲ့နောက် လူလတ်ပိုင်းသရဲက ၀င်ခွင့်အသိပေးစာကို တန်ဖိုးကြီးပစ္စည်းလို ကိုင်ထားခဲ့သည်။

 

 

လူလတ်ပိုင်းသရဲ သေသွားတဲ့အချိန်မှာ သူအိမ်ပြန်ပြီး သူ့မိသားစုကိုတွေ့ဖို့ပဲ သူလုပ်ချင်ခဲ့သည်။  ဤသည်က ယခုသူ့ရဲ့စွဲလမ်းခြင်းကို ဖြစ်လာစေသည်။ သူ တစ်ခြားအရာတွေကိုမေ့သွားရင်တောင် သူသားကောလိပ်တက်သွားတက်ဖို့ကို မှတ်မိနေသေးသည်။

 

 

ယဲ့ဆွေက လူလတ်ပိုင်းသရဲကို ဝမ်းနည်းအောင်မလုပ်ချင်ခဲ့ပေမယ့် သူအမှန်တရားကိုတော့ ပြောပြမှရလိမ့်မည်။

 

 

 "ဦးလေးရဲ့သားက ကျောင်းကိုမသွားခဲ့ဘူး။ ကျောင်းတက်တဲ့ အချိန်ကာလက ကျော်သွားပြီ။ ဦးလေးရဲ့ ဇနီးကနေမကောင်းဖြစ်နေတယ်။ အဲ့တာကြောင့် ဦးလေးရဲ့သားက ဦးလေးနဲ့အတူ ၀င်ခွင့်အသိပေးစာကို မီးရှို့ပေးလိုက်တာပါ။ သူကမိသားစုကိုထောက်ပံ့ဖို့ အလုပ်လုပ်နေပြီ။

 

 

လူလတ်ပိုင်းသရဲရဲ့မယုံကြည်နိုင်သော မျက်လုံးများကိုရင်ဆိုင်ပြီး ယဲ့ဆွေက ဆက်ပြောလိုက်သည်။ဦးလေးရဲ့သားက စာလေ့လာတာကို ရပ်ပစ်လိုက်ပြီ

 

 

တစ်မိနစ်လုံး လေထုကငြိမ်သက်နေပြီး လူလတ်ပိုင်းသရဲက ထိုအရာများကိုစဉ်းစားပြီး သူ့ကိုစိတ်ဆိုးစေခဲ့သည်။

 

 

" ဦးလေးလိုချင်တယ်ဆိုရင် ကျွန်မကူညီနိုင်တယ် "

 

 

လူလတ်ပိုင်းသရဲက ခေါင်းညိတ်လိုက်ပြီး အဲ့နေရာကို ယဲ့ဆွေအား ပြောပြလိုက်သည်။

 

 

ယဲ့ဆွေ ချန်ရှု့ရှိတဲ့ဘက်သို့ ပြန်ရောက်သွားသောအခါ ကောင်းကင်မှာ တဖြည်းဖြည်းမှောင်လာခဲ့ပြီဖြစ်သည်။ ယဲ့ဆွေက ချန်ရှု့ကို ထူးဆန်းသောခံစားချက်အား မခံစားစေချင်သောကြောင့် သူမချက်ချင်းပဲ ချန်ရှု့ကို အိမ်ဆီဆွဲခေါ်သွားလိုက်သည်။

 

 

ယဲ့ဆွေ ဘေးအခန်းသို့ တိုက်ရိုက်သွားလိုက်သည်။ ဘေးဘက်အိမ်ရဲ့ ပြတင်းပေါက် တံခါးဘောင်ရဲ့အောက်မှာလဲလျောင်းနေပြီး ပြတင်းပေါက်ကနေ တက်ချင်နေပုံရတဲ့ ယဲ့ဆွေကို ချန်ရှု့ကြည့်လိုက်သည်။ သူမဘာကို မျှော်လင့်ပြီးကြည့်နေတာလဲဆိုတာကို ချန်ရှု့က သူ့ရဲ့ခေါင်းကိုစောင်းပြီး ဘာမှမပြောဘဲ  သူမကိုကြည့်နေလိုက်သည်။

 

 

"ကူညီပေးရမလား?"ယဲ့ဆွေက တစ်ခြားလူရဲ့  အိမ်ရှေ့ပြတင်းပေါက်ကနေ ခိုးကြောင်ခိုးဝှက်တက်ပြီး အဲ့တာကိုရပ်တန့်ဖို့ ဘာဆူညံမှမလုပ်တာကို ချန်ရှု့စောင့်ကြည့်နေလိုက်သည်။

 

 

 ဤအခြေအနေကိုကြည့်ခြင်းအားဖြင့် သာမန်လူတစ်ယောက်က အခြားအရာများကို မေးမြန်းလိမ့်မည်။  ဒါပေမယ့် ချန်ရှု့ကတော့အဲ့လိုမလုပ်ဘဲ အဆင်ပြေစွာနဲ့ သူမကို လက်တောင်ကမ်းပေးလိုက်သေးသည်။

 

 

ချန်ရှု့က လက်ကိုဆန့်ပြီး ယဲ့ဆွေရဲ့ ခြေထောက်ကို ညင်ညင်သာသာကိုင်လိုက်သည်။ သူက ယဲ့ဆွေရဲ့ခါးကိုဖက်လိုက်ပြီး သူ့မကိုချီလိုက်သည်။

 

 

ချန်ရှု့ရဲ့ ထူးခြားတဲ့အရပ်ကြောင့် ယဲ့ဆွေက မကြာမီမှာပဲ သူမ၏ပန်းတိုင်သို့ ရောက်ရှိခဲ့သည်။  လူလတ်ပိုင်းသရဲပြောဆိုချက်အရ သူမကဘဏ်စာအုပ်ကို အဝတ်တစ်ထည်ရဲ့ အိတ်ထဲမှာရှာတွေ့နိုင်ခဲ့သည်။

 

 

ယဲ့ဆွေက ကျုံးဟွေ့ဝမ်ကို တိုက်ရိုက်မပေးခဲ့ဘူး။ ဒါပေမယ့် ဘဏ်စာအုပ်ကို အိပ်ခန်းထဲမှာ ထည့်ထားလိုက်ပြီး ချန်ရှု့နဲ့ ထွက်ခွာလာခဲ့သည်။

 

 

 ငါးမိနစ်ကြာပြီးနောက် ဦးလေး ကျုံးရဲ့ဇနီးက အခန်းအပြင်ဘက်မှ ဝင်လာခဲ့သည်။ သူမအိပ်ရာဘေးရှိ စားပွဲပေါ်တွင်ထိုင်လိုက်စဉ် အိပ်ရာဘေးရှိစားပွဲပေါ်တွင် တစ်စုံတစ်ခုသောအရာကို ရုတ်တရက် တွေ့လိုက်ရသည်။

 

 

 သူမ ဘဏ်စာအုပ်ကို တုန်တုန်ယင်ယင်နဲ့ ဖွင့်လိုက်သည်။ ထိုငွေပမာဏကို တွေ့သောအခါ သူမမျက်ရည်ကျခဲ့သည်။  ဘဏ်စာရင်းရှိငွေပမာဏက သူ့သားကောလိပ်တက်ဖို့အတွက် လုံလောက်နေသောကြောင့်ဖြစ်သည်။

 

 

 “ အားဝမ်၊ သားအဖေ အိမ်ကိုလာသွားတယ်

 

 

အန်တီ ကျုံးက ဦးလေးကျုံးရဲ့ ဝိညာဉ်ကို ပြန်လာခဲ့သည်ဟု အခိုင်အမာပြောနေခဲ့သည်။ နောက်ဆုံးမှာတော့ သူမသေဆုံးမီ သူ့ရဲ့အကြီးမားဆုံးသောဆန္ဒက သူတို့ရဲ့သား တစ်စုံတစ်ခုကို သင်ယူနိုင်ဖို့ သေချာစေရန်ဖြစ်သည်။

 

 

 နောက်ပိုင်းတွင် ဦးလေး ကျုံးရဲ့ သားက တစ်နှစ်စာအတွက် စာသင်ကြားမှုကို ပြန်လည်စတင်ပြီး အကောင်းဆုံးရလဒ်တွေနဲ့ တက္ကသိုလ်သို့ ထပ်မံတက်ရောက်ဖို့ ဝန်ခံခဲ့သည်။ သူ့အမေကိုကြည့်ရှုစောင့်ရှောက်ရင်း မြို့ထဲမှာစာလေ့လာဖို့အတွက် ရွေးချယ်ခဲ့သည်။

 

 

 ဦးလေး ကျုံးရဲ့ ဆန္ဒကအမှန်တကယ်ပြည့်သွားခဲ့ပြီးနောက်မှာ သူက သဘာဝကျကျပဲ ပျောက်ကွယ်သွားခဲ့သည်။

 

 

ပြန်လာတဲ့လမ်းမှာ ယဲ့ဆွေရဲ့စိတ်အခြေအနေက ကောင်းနေပုံရသည်။ သူမရဲ့ ပါးစပ်ကကော့တက်နေပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာတစ်ခုခုနဲ့ တွေ့ဆုံခဲ့ပုံရသည်။

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ ထူးဆန်းသောအပြုအမူများကို ထပ်မမေးခဲ့ပေ။ ယဲ့ဆွေ  ပြုံးနေတာကိုမြင်တော့ သူလည်းမနေနိုင်ဘဲ ပြုံးလိုက်မိသည်။

 

 

 ချန်ရှု့က သူ့ရဲ့ခံစားချက်က သူမရဲ့စိတ် အတက်၊ အကျများနောက် လိုက်ပါနေကြောင်းကို သူထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ ဒီအကျိုးသက်ရောက်မှု့က အဖျားကြောင့်လား?