လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၃၆ - အရှက်ရခြင်း
ချန်ရှု့နဲ့ ယဲ့ဆွေတို့ အိမ်ပြန်ရောက်လာခဲ့သည်။
ပင်ပန်းနွမ်းနယ်မှုကြောင့် ယဲ့ဆွေက သူတို့၏အိမ်တွင် တစ်ရက်အနားယူခဲ့သည်။ ထို့နောက် မိသားစုညစာစားဖို့အတွက် ချန် အိမ်တော်ဆီ သွားဖို့စီစဉ်ခဲ့သည်။
ချန်ရှု့နဲ့ ယဲ့ဆွေတို့ ချန် အိမ်တော်ဆီ သွားခဲ့သည်။ သူတို့ရောက်လာသည့်အခါ ဝင်ပေါက်တွင် ချန်ရှို့၊ ချန်းယင်တို့နှင့် မျက်နှာချင်းဆိုင်တွေ့ခဲ့ကြသည်။
ယဲ့ဆွေရဲ့ပုံပန်းသဏ္ဍာန်ကို မြင်တွေ့လိုက်ရတော့ ချန်းယင်းရဲ့ မျက်လုံးများက မနာလိုမှုနှင့် တောက်ပနေသည်။ ယဲ့ဆွေကို ရက်အနည်းငယ်လောက် မမြင်တွေ့ခဲ့ရပေမဲ့ ယဲ့ဆွေက ထပ်ပြီးလှလာတယ်လို့ သူမဘာကြောင့် ခံစားနေရတာလဲ?
သူမပြန်လာနိုင်ဖို့ သူမရဲ့ကိုယ်ခန္ဓာကို ကောင်းစွာဂရုစိုက်ခဲ့သည်။ သို့တိုင် သူမမျက်နှာက ယဲ့ဆွေလိုမျိုး အပြစ်အနာအဆာတွေ မကင်းမဲ့နေဘူးဆိုတာကို သတိပြုမိခဲ့သည်။ ယဲ့ဆွေက ဘယ်လိုဖောင်ဒေးရှင်းကို သုံးတာလဲ?
ယဲ့ဆွေသာ ချန်းယင်ရဲ့ အတွေးတွေကိုကြားနိုင်ရင် သူမသေချာပေါက် ပြန်ပြောမှာသေချာတယ် - ဒါကသဘာဝအတိုင်းပဲ။ ကျေးဇူးတင်ပါတယ်ဆိုပြီး။
ချန်းယင်က ယဲ့ဆွေကို မမြင်မိသလို ဟန်ဆောင်ပြီး အထဲကိုသွားဖို့ ချန်ရှို့ရဲ့ လက်ကိုကိုင်လိုက်သည်။ ရုတ်တရက် လူတစ်ယောက်က သူတို့ဆီကို အပြေးအလွှားထွက်လာခဲ့သည်။
သူ့ကိုကြည့်ရတာ၊ အဲ့တာ အိမ်တော်ထိန်းကျောက် မဟုတ်လား?
အိမ်တော်ထိန်းကျောက် ရဲ့လမ်းလျှောက်နှုန်းက သွက်လက်သည်။ သူ့ရဲ့လက်ထဲရှိ ကျွဲကောရွက်တွေကို ဝှေ့ယမ်းနေခဲ့သည်။ ယဲ့ဆွေက သူမအမြင်များမှားနေတာလားလို့
ထင်ခဲ့သော်လည်း သူမ မှန်နေခဲ့ပါတယ်!
ဒါက တကယ် ကျွဲကောရွက်တွေပဲ!
(T / N: / ကျွဲကောသီး အသီး / အရွက်များ - သင်ကံဆိုးသော အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရလျှင် ကျွဲကောသီး သို့မဟုတ် ကျွဲကောရွက်ကို သုံး၍ သင့်ရဲ့ကံဆိုးမှုကို မောင်းထုတ်နိုင်သည်။
)
ကျွဲကောရွက်များက အဓိကအားဖြင့်ကံဆိုးမှုကို မောင်းထုတ်ရန်ဖြစ်သည်။ သို့သော် ဒါကအယူသီးမှုမျှသာဖြစ်သည်။ အိမ်တော်ထိန်းကျောက်က အဲ့တာနဲ့ ဘာလုပ်နေတာလဲ?
မကြာခင်မှာပဲ ယဲ့ဆွေရဲ့မေးခွန်းကို ဖြေကြားခဲ့သည်။
အိမ်တော်ထိန်းကျောက် ရဲ့ အကြည့်က မည်သူ့ကိုမျှမကြည့်ဘဲ ချန်းယင်ကိုသာ တစ်စိုက်မတ်မတ်ကြည့်နေသည်။ သူက သူမဆီ တည့်တည့်ပြေးလာပြီး လက်ကိုဆန့်၍ ချန်းယင်ရဲ့အရှေ့တွင် ကျွဲကောရွက်များကိုကိုင်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ ရပ်လိုက်!”
ချန်းယင် ချက်ချင်းပဲ ရပ်လိုက်သည်။ “ ရှင် ဘာပြောလိုက်တာလဲ? ”
ချန်ရှို့ အလွန်အံ့အားသင့်သွားသည်။
“ ခများဘာလုပ်နေတာလဲ.......” သူစကားပြောတာ မပြီးခင်အိမ်တော်ထိန်းကျောက်က သူ့ရဲ့လက်ကိုဆန့်ပြီး
ချန်ရှို့အား ဘေးဘက်သို့ တွန်းလိုက်သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင်
ခြေလှမ်းပြောက်ဆုံးသွားသော ချန်ရှို့က သံသယတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ " ? ? ?"
အိမ်တော်ထိန်းကျောက်ရ ဘာမှားနေတာလဲ?
အိမ်တော်ထိန်းကျောက်က လေးလေးနက်နက် ပြောလိုက်သည်။ “ သခင်လေး ဒီအမျိုးသမီး ဒီကိုမလာခင်မှာ တစ္ဆေသရဲကိုဖယ်ရှားဖို့ ဓလေ့ထုံးစံတစ်ခုလုပ်ခဲ့တယ်။ တကယ်လို့ သူမကချန် မိသားစုဆီ ဆိုးသွမ်းတဲ့ဝိညာဥ်တွေကို သယ်ဆောင်လာရင် ဘယ်အရာကမှ အောင်မြင်နိုင်မှာမဟုတ်တော့ဘူး ”
စကားများပြီးအောင် ပြောခွင့်မပြုဘဲ ချန်ရှို့အား ကျေနပ်အားရမှုမရှိဘဲ ဝေဖန်မှုဖြင့် အမြောက်ဖြင့်ပစ်နေလေသည်။
"သခင်လေး ကောပဲ!
ဒါအမှန်ပဲ!
အဲ့သရဲကို အမှန်တကယ်နှင်ထုတ်ခြင်းရှိ၊ မရှိ ကျွန်တော်တို့အတည်မပြုရသေးဘူး။ အဲ့လို့မှမဟုတ်ရင် အကျိုးဆက်တွေကို စိတ်ကူးကြည့်လို့တောင်မရနိုင်ဘူး "
ချန်ရှို့ ဒေါသတကြီး ပြောလိုက်သည်။ “ ခများရူးနေပြီး!
ခများအခု ငါ့ကို သြဝါဒပေးနေတာလား? ”
အိမ်တော်ထိန်းကျောက် ရဲ့အမူအရာက ကျည်တွေဖြတ်မဝင်နိုင်တဲ့ မြို့ရိုးတစ်ခုအနေဖြင့် မှတ်ယူနိုင်နေပြီ။ ချန်းယင်ကို အိမ်တော်ထိန်းကျောက်က စတင်ပြီးပတ်နေတာကို ချန်ရှို့ အကူအညီမဲ့စွာ ကြည့်နေရသည်။ မတ်တပ်ရပ်ပြီး
ကြွေးကြော်အော်ဟစ်နေတဲ့ သူ့အသံကို နားထောင်ခဲ့သည်။ “ ကောင်းကင်၏ ဝိညာဉ်နှင့် မြေကြီး၏ ဝိညာဉ်များ ကျေးဇူးပြု၍ ဆင်းသက်လာပြီး ဆိုးသွမ်းတဲ့ဝိညာဉ်ကို နှင်ထုတ်ပေးကြပါ! "
အိမ်တော်ထိန်းကျောက်က ကျွဲကောရွက်များကိုဆုပ်ကိုင်ပြီး လျင်မြန်စွာနဲ့ အရင်ဆုံး ချန်းယင်၏ ဘယ်ဘက်ပခုံးပေါ် ပုတ်ခဲ့သည်။ ထပ်ပြီး
ကျယ်လောင်စွာရွတ်ဆိုရင်း အလျင်အမြန်နဲ့ သူမရဲ့ညာဘက်ပခုံးပေါ်သို့ အရွက်များဖြင့် ချက်ချင်းပုတ်လိုက်သည်။
အပတ်ပေါင်းများစွာ လည့်ပတ်သွားလာပြီး လှန်လှောသုတ်သင်ပြီးနောက် အိမ်တော်ထိန်းကျောက် ရပ်တန့်လိုက်ပြီး သူ့နဖူးပေါ်က ချွေးတွေကိုသုတ်လိုက်တယ်။
"ဘာပြဿနာမှမရှိတော့ဘူး။ မင်းအရင်ဆုံးသွားလို့ရပြီ"
ချန်းယင်က ချန်ရဲ့ အိမ်တံခါးသို့ မဝင်နိုင်ခဲ့ပဲ အိမ်တော်ထိန်းကျောက်က သူမကိုအလွန်အရှက်ရစေခဲ့သည်။
သူမက ပြောစရာစကားမရှိတော့ဘဲ စကားတစ်ခွန်းတောင် မပြောနိုင်အောင် ဖြစ်ခဲ့သည်။
ချန်ရှို့ ကတော့ အရမ်းစိတ်ဆိုးခဲ့သည်။
ဒီအိမ်တော်ထိန်းကျောက်က အိုလာလေလေ၊ သူ့မျက်လုံးတွေက ပိုဆိုးလာလေပဲ။
အဆိုပါစုံတွဲက မထွက်ခွာသွားသေးဘဲ ဇတ်ကျိုးကျလောက်အောင်မြန်တဲ့ အိမ်တော်ထိန်းကျောက် ရဲ့
နောက်ကျောဘက်ဆီသို့ ကြည့်နေကြသည်။ ယခုသူ့ရဲ့မျက်နှာက လုံးဝကွဲပြားခြားနားနေသည်။
အိမ်တော်ထိန်းကျောက်က ချန်ရှု့ကို လေးစားစွာဖြင့်ကြည့်လိုက်သည် -“ တတိယသခင်လေး ရောက်လာပြီပေါ့။ အပြင်မှာက အေးတယ်။ ကျေးဇူးပြုပြီးအထဲဝင်လိုက်ပါ။”
ချန်ရှို့က သွေး အန်လုနီးပါးဖြစ်ခဲ့သည်။ ဆက်ဆံမှုမှာ ကွဲပြားခြားနားမှုရှိတယ်ဆိုတာ သိသာထင်ရှားသည်။
အခြားသူများ၏ အတွေးများက မည်သို့ပင်ရှိပါစေ အိမ်တော်ထိန်းကျောက်က ချန်ရှု့နဲ့ယဲ့ဆွေတို့ကို ယဉ်ကျေးစွာဖြင့် ကြိုဆိုလိုက်ပြီး ချန်ရှို့နဲ့ ချန်းယင်တို့ကို အနောက်ဘက်မှာ ချန်ထားခဲ့သည်။
ယဲ့ဆွေက ချန်ရှို့နဲ့ ချန်းယင်တို့ကို တစ်ချက်ကြည့်လိုက်သည်။ အဆိုပါနှစ်ယောက်စလုံးရဲ့ မျက်နှာတွေက အလွန်သနားစရာကောင်းခဲ့ကြသည်။ သူတို့ဆီမှာ ဒေါသအပြည့်အဝ ရှိနေခဲ့ကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယဲ့ဆွေက
ပြုံးပြီး အထဲဝင်လိုက်သည်။
ညစာစားပွဲဝိုင်းတွင် လူတိုင်းတိတ်ဆိတ်စွာ စားသောက်နေကြသည်။ သခင်ကြီးချန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့ရဲ့မျက်နှာက အနည်းငယ်ပြင်းထန်လာသည်။
"ချန်ရှို့ မင်း ဟွာရွေ့ရဲ့ ဥက္ကဌကို ရှေးဟောင်းပန်းအိုးတစ်အိုး ပို့ပေးခဲ့တယ်ဆိုတာ ငါပြီးခဲ့တုန်းကကြားခဲ့တယ် "
ချန်ရှို့က ဥက္ကဌချန်က သူ့အား ပယ်ချလိုက်တာကို အရှက်ရစွာ မှတ်မိနေသေးသည်။
သဘာဝကျကျ သူအဲ့တာကို ဝန်ခံမှာမဟုတ်ပေ။
“ အဘိုး၊ အဲ့လိုမျိုးကို ဘယ်ကနေကြားခဲ့တာလဲ? ဒီလိုမျိုးဘာမှမရှိခဲ့ပါဘူး။ "
"ငါ့သူငယ်ချင်းက အဲဒီမှာရှိနေပြီး မင်းကို ဥက္ကဌချန် ငြင်းပယ်ခဲ့တာကို သူ့မျက်လုံးနှစ်လုံးနဲ့ တွေ့ခဲ့တာပဲ" ဟွာရွေ့ရဲ့ဥက္ကဌက ချန်ရှု့ရဲ့လက်ဆောင်အား ပယ်ချခဲ့တာကို လူတိုင်းသိကြသည်။
ထိုအချိန်တွင် သူအရှက်ရသွားပြီး သူ့မျက်နှာလည်း ပျောက်ဆုံးသွားသည်။
"ဥက္ကဌချန်ကို ဆိုးသွမ်းတဲ့ဝိညာဥ်တွေနဲ့ ပန်းအိုးကို မင်းဘယ်လိုတောင် ကမ်းလှမ်းရတာလဲ?" သခင်ကြီး ချန်က
ဟွာရွေ့ ဥက္ကဌကို အလွန်တန်ဖိုးထားသည်မှာ ထင်ရှားသည်။
ချန်ရှို့က သူ့နဲ့လုံးဝနှိုင်းယှဉ်လို့မရနိုင်ပေ။
သခင်ကြီး ချန်ကဆက်လက်၌ အပြစ်တင်ဆုံးမလိုက်သည်။
“ ဒီပန်းအိုးကိုမ၀ယ်ခင် မင်းရဲ့မျက်လုံးတွေကို ဘာကြောင့် အရောင်မတင်လိုက်ရတာလဲ? တကယ်လို့ ကုန်ပစ္စည်းတွေကို မင်းမသိဘူးဆိုရင် လုပ်နိုင်တဲ့သူကို မင်းရှာလို့ရနေတာပဲ။ ရယ်စရာတွေလုပ်ပြီး မိသားစုနာမည်ကို အရှက်ရအောင်လုပ်တာကို ရပ်လိုက်တော့ "
ချန်ရှို့ ငြင်းဆိုဖို့ မလုပ်ရဲတာနဲ့ ပြန်ဖြေလိုက်သည်။"ဟုတ်ကဲ့ "
ယဲ့ဆွေ ဒီအကြောင်းကို ပထမဆုံးအကြိမ် ကြားခဲ့တာဖြစ်သည်။ ချန်ရှို့အနေနဲ့ အစက
ဟွာရွေ့ ဥက္ကဌကို ပန်းအိုးပေးချင်ခဲ့သည်။
မကြာသေးမီရက်များအတွင်း သူမဒီလူ၏ရဲ့အမည်ကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည်။ လူတိုင်း ဟွာရွေ့ ထဲဝင်ဖို့ သူတို့ရဲ့ခေါင်းတွေကို
ဖျစ်ညှစ်ဖို့ကြိုးစားလိမ့်မည်ဟု ရန်ကျဲ ပြောခဲ့သည်။ ချန်ရှို့လည်း သူ့ကိုစိတ်ကျေနပ်မှုရစေဖို့ စိတ်အားထက်သန်ခဲ့သည်။ သခင်ကြီးချန် တောင်မှ ဟွာရွေ့ ဥက္ကဌအတွက် အများကြီးတန်ဖိုးထားရှိခဲ့သည်။
လူတိုင်း ဟွာရွေ့ ဥက္ကဌကို အစဉ်မပြတ် ချီးမွမ်းခဲ့ကြသည်။ ဒါပေမယ့် သူ့ရဲ့မျက်နှာကို ဘယ်တော့မှ လူရှေ့ထွက်မပြခဲ့ပေ။
ဒီဥက္ကဌချန်က တကယ်ထူးဆန်းတယ်။
သူကဘယ်သူလဲ?
ယဲ့ဆွေက သူမ စဉ်းစားနေသောလူက သူမရဲ့ဘေးတွင်ထိုင်နေသည်ကို သတိမထားမိခဲ့ပေ။ အခြားသူများက သူ့ရဲ့အောင်မြင်မှုများကို ဆွေးနွေးနေစဉ် ချန်ရှု့ရဲ့ အမူအရာက ပြောင်းလဲသွားခြင်းမရှိချေ။ အဲ့တာက သူနဲ့ဘာမှမဆိုင်သလို ထင်ရသည်။
ယဲ့ဆွေ အိမ်တော်ထိန်း ကျောက်ရဲ့ လုပ်ရပ်များအတွက် အဓိကအကြောင်းရင်းကို လေ့လာခဲ့သည်။
ပန်းအိုးနောက်ကွယ်၌ ဤသမိုင်းကြောင်းရှိခဲ့သည်။ ချန်ရှို့က ၎င်းအားဥက္ကဌချန်ကို ပထမဆုံးပေးအပ်ခဲ့သည်။နောက်ဆုံး
ငြင်းပယ်ခံရပြီးနောက် ၎င်းအား ချန်းယင် ထံလက်ဆောင်အဖြစ်ပေးလိုက်သည်။
ယဲ့ဆွေက ဟင်းသီးဟင်းရွက်များကို ညှပ်ရန်ဟန်ဆောင်ပြီး ချန်းယင်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
သေချာစွာပဲသူမရဲ့ မျက်နှာကမည်းမှောင်နေသည်။
သူမနားထောင်လေလေ၊ ချန်းယင်းက မတရားဆက်ဆံတာ ခံရလေလေဖြစ်သည်။ ဆိုးသွမ်းတဲ့ ဝိညာဥ်တွေလား?
ပန်းအိုး? ချန်ရှို့က သူမအတွက် ပန်းအိုးကိုအထူးတလည် ဝယ်ပေးခဲ့တာမဟုတ်ဘူးမလား?
ချန်ရှို့ အဲ့ညကပန်းအိုးကို သူမဆီ မြန်မြန်ပို့လိုက်တာက အံသြစရာမဟုတ်တော့ဘူး။
သူမက ချန်ရှို့ကို ဘာကြောင့် ရုတ်တရက် ပန်းအိုး လက်ဆောင်ပေးရတာလဲလို့ သူမကိုမေးတဲ့အခါ သူကစိတ်ရှုပ်ထွေးပြီး ရှင်းပြခဲ့ခြင်းမရှိတာက အံ့သြစရာမရှိပေ။
ဒါဟာအခြားသူတွေ စွန့်ပစ်ထားတာကို လှည့်ခဲ့တာဖြစ်သည်။
နောက်ဆုံးတော့ သူမခေါင်းပေါ်ကိုကျသွားသည်။
သူမက အဲ့လိုအတန်းစားလား?
အကယ်၍ ချန်ရှို့က ဥက္ကဌ ချန် နှစ်သက်စေဖို့ ပန်းအိုးကို ၀ယ်ယူခြင်း မရှိခဲ့ဘူးဆိုရင် ၎င်းအားသူမကိုလည်း ပေးလိမ့်မည်မဟုတ်ပါ။ အကျိုးဆက်အနေဖြင့် သူမရုပ်ဆိုးလာလိမ့်မည်မဟုတ်သလို ပန်းအိုးသရဲထံမှ ညှဉ်းပန်းနှိပ်စက်ခံရမည်လည်း မဟုတ်ပဲ၊ အင်တာနက်သုံးစွဲသူတို့ရဲ့ လှောင်ပြောင်မှုကို ခံရနိုင်မည် မဟုတ်ပေ။ ရလဒ်အနေနဲ့ ယခုနာမည်ဆိုးရနေပြီဖြစ်သည်။
ချန်းယင်က ချန်ရှို့အား စိတ်ထဲမှ အပြစ်တင်ဝေဖန်ခဲ့သည်။ သူမ တူများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဘာလှုပ်ရှားမှုမှမလုပ်ဘဲ သူမရဲ့နံဖူးကို လေးမှုတ်ထုတ်လိုက်သည်။
ချန်ရှို့က သူမကိုရဲရဲမကြည့်ရဲတော့ဘဲ သူ့ရှေ့မှာငုံးများကိုစားရင်း ခေါင်းကိုငုံ့ထားခဲ့သည်။
ဤအဆုံးတွင် ချန်ရှု့ရဲ့ တူများက ပုစွန်ကိုကိုင်ဖို့ အဆင်သင့်ဖြစ်ခဲ့သည်။ ယဲ့ဆွေ အဲ့တာကိုမြင်တော့ နူးညံ့စွာဖြင့် ပြောလိုက်သည်။ “ ရှင်က လုံးဝအဖျားမပျောက်သေးဘူး။ ကျေးဇူးပြုပြီး နောက်မှပဲ ပင်လယ်စာကိုစားနော် ”
ချန်ရှု့ရဲ့ အဖျားက ပျောက်ကင်းလုနီးပါးဖြစ်သော်လည်း တားမြစ်သင့်သော ဟင်းပွဲအချို့ရှိခဲ့သည်။
ချန်ရှု့ရဲ့ တူက လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားသည်။
စက္ကန့်အနည်းငယ်အကြာတွင် သူအဲ့တာကို တိတ်ဆိတ်စွာချပစ်လိုက်ပြီး ပုစွန်များနှင့် ကပ်လျက်ရှိတဲ့ သိုးသားဘက်ကို ပြောင်းလိုက်သည်။ ယဲ့ဆွေက “ သိုးသားက လှုံ့ဆော်ပေးတဲ့အစားအစာပဲ။ အဲ့တာကြောင့် ရှင့်ကျန်းမာရေးအတွက် မကောင်းဘူး။ ရှင်အဲ့တာကို နောက်ကျမှစားလို့
မရဘူးလား? "လို့ချိုချိုသာသာပြောလိုက်သည်။
ချန်ရှု့က နာခံစွာနဲ့ တူတွေကိုပြန်ချလိုက်သည်။
ယဲ့ဆွေက အရမ်းဝေးတယ်လို့ ခံစားခဲ့ရသည်။ သူ့အတွက် စိတ်မကောင်းဖြစ်မိတာကြောင့် မတ်တပ်ထရပ်လိုက်ပြီး ဟင်းချိုတစ်ခွက်ကိုယူ၍ ချန်ရှု့ရှေ့တွင်ထားလိုက်သည်။
"မသက်မသာဖြစ်နေတုန်းပဲလား?
ဟင်းချိုနည်းနည်းလိုချင်လား?”
သခင်ကြီး ချန်က ဤအရာအားလုံးကို မျက်မြင်တွေ့ခဲ့သည်။ ယဲ့ဆွေက ချန်ရှု့အပေါ်အရမ်းကြင်နာပြီး စိတ်ကျေနပ်စေသည်။ ဟင်းချိုပန်းကန်လုံးကို သူတွေ့သောအခါ ချန်ရှု့ ငယ်ငယ်ကတည်းက အဲ့တာကို မကြိုက်ဘူးလို့ ပြောလိုက်သည်။
ချန်ရှု့က သူတစ်ခါမှမထိခဲ့ဖူးတဲ့ ဟင်းချိုပန်းကန်ကို ကြည့်လိုက်ပြီး ယဲ့ဆွေကိုမော့ ကြည့်လိုက်သည်။ သူဒါကို မကြိုက်ဘူးဆိုတာကို သူမ မသိခဲ့ပေ။ သူမရဲ့မျက်လုံးများက ညကောင်းကင်ယံကဲ့သို့နက်ရှိုင်းပြီး စိုးရိမ်ပူပန်မှုနှင့် တောက်ပနေသည်။
ချန်ရှု့က ချီတုံချတုံဖြစ်နေပြီး သူ့ရဲ့သွယ်လျတဲ့ လက်ချောင်းနဲ့ ပန်းကန်လုံးကို ယူလိုက်သည်။ သူက ဇွန်းနဲ့အနည်းငယ် ခပ်သောက်လိုက်ပြီး ယဲ့ဆွေကို စိုက်ကြည့်လိုက်သည်။
"အရသာရှိတယ်"
ယဲ့ဆွေရဲ့ မျက်လုံးများတောက်ပလာသည်။
မမျှော်လင့်ဘဲ ချန်ရှု့က ဒီဟင်းချိုကို တကယ်ကြိုက်ခဲ့သည်။
သူမချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ချန်ရှု့ ကို နောက်ထပ်ပန်းကန်လုံးပေးပြီး သူရှေ့တွင်ထားကာ “ ရှင်ကြိုက်တယ်ဆိုရင် ထပ်သောက်နော်” လို့ပြောလိုက်သည်။
သေဖို့လမ်းကို ချန်ရှု့ကဘထပ်၍ သွားခဲ့သည်။
“ …အိုကေ ”
သူကအဲ့တာကို မကြိုက်ပေမယ့် သူကနည်းနည်းချင်း သောက်နေတုန်းပဲ။ ဟင်းချိုက သိပ်မဆိုးဘူးလို့ သူခံစားခဲ့ရသည်။
သခင်ကြီးချန် စကားမပြောခဲ့ပေ။
ချန်ရှု့ တစ်ကယ်ကိုပြောင်းလဲသွားပြီဆိုတာ သူကောင်းကောင်းသိသည်။
ယဲ့ဆွေ ပေါ်လာခြင်းကြောင့် ချန်ရှု့ရဲ့ အေးခဲနေသောနှလုံးကို သူမက အရည်ပျော်စေခဲ့သည်။
သူက ယဲ့ဆွေနဲ့တောင် နေထိုင်ခဲ့ပြီး သူ့ရဲ့အကျင့်များကို ပြောင်းလဲခဲ့သည်။
ညစာစားပြီးတဲ့နောက် ယဲ့ဆွေနဲ့ ချန်ရှု့တို့အား သခင်ကြီး ချန်ရဲ့ ကားဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး လူနေအိမ်အဆောက်အဦး၏ရှေ့သို့ ရောက်ရှိခဲ့သည်။ ယဲ့ဆွေကားပေါ်ကဆင်းပြီးနောက် ရုတ်တရက် ခေတ္တရပ်တန့်ပြီး သူ့ရဲ့ဗိုက်ကိုမသိစိတ်ဖြင့် ထိလိုက်တဲ့အချိန်မှာ ခြေလှမ်းအနည်းငယ်သာလှမ်းခဲ့သည်။
သူတို့ ယန်လန်အိမ်မှာ နေခဲ့တုန်းက ယဲ့ဆွေက သူမအမေ ပျော်ရွှင်အောင် အစားအစာအားလုံးကို စားခဲ့သည်။
သခင်ကြီးချန်ရဲ့ စောင့်ရှောက်မှုအောက်တွင် သူမဗိုက်ပြည့်နေသေးသော်လည်း သူမရဲ့ယဉ်ကျေးမှုကို ပြသခဲ့သည်။ ရလဒ်အနေနှင့် သူမပိုစားခဲ့မိသည်။
သူမအခု ဗိုက်အရမ်းမတင်းပေမယ့်လည်း ဤကဲ့သို့သော အပေါ်ထပ်ကိုတက်သွားဖို့က ခက်ခဲသည်။
အကယ်၍သာ သူမပျော်ရွှင်သောလမ်းကို ဆက်လျှောက်လှမ်းမည်ဆိုလျှင် သူမကအမျိုးသမီးစတားတစ်ယောက်မဟုတ်တော့ပါ။
ချန်ရှု့ ယဲ့ဆွေရဲ့တွန့်ဆုတ်မှုကို တွေ့မြင်ခဲ့ပြီး သူမရဲ့ကိုယ်အလေးချိန်ကျချင်တဲ့စိတ်ကိုတောင် မစဉ်းစားမိခဲ့ပေ။ သူစက္ကန့်အနည်းငယ်မျှ နှုတ်ဆိတ်နေခဲ့သည်။"မင်း အစားလွန်သွားလို့လား?"
ယဲ့ဆွေက အနည်းငယ် စိတ်ဓာတ်ကျစွာနဲ့ ချန်ရှု့ကို ကြည့်လိုက်သည်။ ချန်ရှု့တောင်မှ သူမဒီနေ့တွေမှာ အများကြီးစားခဲ့တယ်ဆိုတာကို သိသည်။
“ ကျွန်မ လမ်းလျှောက်ချင်တယ်။ ရှင်ကော လိုက်ချင်လား? ” ယဲ့ဆွေက ချန်ရှု့ကို
ဖိတ်ခဲ့သည်။ ကြောက်ရွံခြင်းအတွက် ချန်ရှု့ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို သိတော့ ယဲ့ဆွေ
ချက်ချင်းပဲ ထပ်မံပြောကြားခဲ့သည်။
"အိမ်မှာတစ်ယောက်တည်းနေရတာက ပျင်းစရာကောင်းတယ် "
ယဲ့ဆွေရဲ့ မကျေနပ်မှုအရ ချန်ရှု့က သူမအား လူအများကြီးမရှိတဲ့ ရပ်ကွက်အနီးရှိ ပန်းခြံတစ်ခုသို့ လိုက်သွားခဲ့သည်။
မိုးကောင်းကင်တစ်ခွင်လုံးက မှောင်နေသော်လည်း ယဲ့ဆွေ mask ၀တ်နေတုန်း ရှာဖွေတွေ့ရှိခြင်း ခံရမှာကို ကြောက်နေဆဲဖြစ်သည်။
ကိုယ်အလေးချိန်ကျဖို့ အစီအစဉ်က ပထမအဆင့်သာဖြစ်ပြီး ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ရသည်။
ညကောင်းကင်ယံကနေ မိုးတွေတဖွဲဖွဲရွာကျလာသည်။မိုးရွာတာက
မသည်းပေမယ့်လည်း အ၀တ်အစားများ စိုသွားပြီးပါးကပ်သွားသည်။
ယဲ့ဆွေနဲ့ ချန်ရှု့တို့ အိမ်ပြန်မယ့်လမ်းကိုသာ လျှောက်သွားလိုက်ကြသည်။ သူတို့အနီးသို့ရောက်သောအခါ ယဲ့ဆွေ ရုတ်တရက်ရပ်သွားခဲ့သည်။
ယဲ့ဆွေကိုရပ်တန့်စေခဲ့သူမှာ အသက် ၂၀ ကျော်အရွယ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူမကိုတွေ့တာနဲ့သူက “ မင်းက တကယ်လှတာပဲ။ မင်းကို ယဲ့ဆွေနဲ့ နည်းနည်းဆင်တယ်လို့ တစ်ယောက်ယောက်က ပြောဖူးလား?”
ကံကောင်းထောက်မစွာနဲ့ အခုအယချိန်က မှောင်နေပြီဖြစ်သည်။ ထိုလူက ယဲ့ဆွေရဲ့ မျက်နှာအကြမ်းဖျင်းကိုသာ မြင်နိုင်သည်။ သူရှေ့တွင်ရှိသော အမျိုးသမီးက တကယ်အစစ်ဆိုတာကို သူရှာမတွေ့နိုင်ခဲ့ပေ။
ယဲ့ဆွေ ပြုံးလိုက်သည်။ “ လူတွေကအဲ့ဒါကို မကြာခဏပြောကြတယ် ”
ထိုသူက ယဲ့ဆွေဆီသို့သွားပြီး“ မင်းက ဒီအနီးတစ်ဝိုက်ကကျောင်းက ကျောင်းသူလား? ”
ယဲ့ဆွေ ခေါင်းခါလိုက်သည် -“ မဟုတ်ပါဘူး၊ ကျွန်မကဘွဲ့ယူပြီးပြီ ”
ထိုလူက အရှုံးမပေးဘဲ ယဲ့ဆွေရဲ့ ဖုန်းနံပါတ်ကို လိုချင်ခဲ့သည်။
ယဲ့ဆွေက ငြင်းဆန်ချင်နေသည်။ သိမ်မဝေးတော့တဲ့နောက်ကနေ ချန်ရှု့ ညင်သာသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။ "အရမ်းနောက်ကျနေပြီ။ မင်းအိမ်မပြန်ချင်ဘူးလား? "
ယဲ့ဆွေရဲ့ ဖုန်းနံပါတ်ကိုတောင်းနေတဲ့သူက ထိတ်လန့်သွားသည်။
ချန်ရှု့က ယဲ့ဆွေကို အမှန်တကယ်စကားပြောနေကြောင်း သူတွေ့ရှိခဲ့သည်။
ဟုတ်ရဲ့လား…?
ယဲ့ဆွေ စကားမပြောခင် “ အဟွတ် ၊အဟွတ်” ချန်ရှု့အမှတ်မထင် ချောင်းနှစ်ခါဆိုးခဲ့သည်။
ဆူညံသံက တိတ်ဆိတ်နေသော လမ်းပေါ်တွင် ထွက်လာခဲ့သည်။ အဲ့အသံက အလွန်ရှင်းလင်းသည်။
ချန်ရှု့ သူနေကောင်းလာသော်လည်း အအေးမိခြင်းခံစားရဖို့
ထပ်မံခွင့်မပြုထားပါ။
ယဲ့ဆွေက ချန်ရှု့ ချောင်းဆိုးခြင်းရဲ့ အစစ်အမှန်ကို သံသယမဝင်ခဲ့ပေ။ သူမရဲ့မျက်လုံးတွေက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေသည်။
ယဲ့ဆွေ ကောင်လေးကိုကြည့်လိုက်သည်။ “ မိုးအရမ်းရွာနေတယ်။ ကျွန်မယောကျ်ားကဖျားနေတာ အဲ့တာကြောင့်မို့ ကျွန်မအခုအိမ်ပြန်ပြီ
"
ကောင်လေးက တစ်စက်ချင်းကျနေသော မိုးရေကိုကြည့်လိုက်သည်။ ဘယ်မှာ မိုးသည်းနေလို့လဲ?
ယဲ့ဆွေ စကားပြောပြီးသည်နှင့် ချန်ရှု့ ဆီသို့ပြေးသွားကာ သူ့နဖူးရဲ့အပူချိန်ကို
သူမရဲ့လက်ဖဝါးဖြင့် ကျွမ်းကျင်စွာ တိုင်းတာခဲ့သည်။ သူနေမကောင်းပြန်ဖြစ်လာမှာကို ကြောက်နေသည်။
"ရှင်တစ်ခုခုမှားနေလို့လား?"
ယဲ့ဆွေရဲ့ မျက်လုံးတွင် စိုးရိမ်ပူပန်မှုနှင့် ရင်ဆိုင်နေရသော ချန်ရှု့က သူ့ရဲ့အမြင်အာရုံလမ်းကြောင်းကို တိတ်တဆိတ်ဖယ်ရှားခဲ့သည်။
အရင်ကတစ်ခါမှ မလိမ်ခဲ့ဖူးသူ ချန်ရှု့က ဒါကိုဘယ်လိုဖြေရှင်းရမလဲ မသိခဲ့ပေ။