အပိုင်း ၃၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၃၇ - ရှက်သွေးဖြာခြင်းနဲ့ မနာလိုဖြစ်ခြင်းက ဘာကိုဆိုလိုတာလဲ?

 

 

 

 

ချန်ရှု့က အချိန်ကြာမြင့်စွာ တုန့်ပြန်ခြင်းမရှိကြောင်းမြင်တော့ ယဲ့ဆွေက သူအလွန်မသက်မသာဖြစ်နေတယ်လို့ ထင်ခဲ့သည်။  သူမက ချန်ရှု့ရဲ့ခေါင်းကို ကာကွယ်ပေးဖို့ သူမရဲ့လက်ကိုအလောတကြီး ဆန့်လိုက်သည်။

 

 

ချန်ရှု့က ယဲ့ဆွေထက် အရပ်ပိုရှည်တာကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် သူမခြေဖျားထောက်ရပ်ကာ  ချန်ရှု့ကိုမစိုရွှဲစေဖို့ သူမရဲ့လက်နှစ်ဖက်ကို အတူတူထားလိုက်ရသည်......

 

 

 “ အဆင်ပြေမှာ မဟုတ်ဘူး။ ကျွန်မကိုစောင့်ဖို့ နေရာရှာနေတဲ့အချိန် ကျွန်မထီးသွားဝယ်ပေးရမလား?”

 

 

ချန်ရှု့ ယဲ့ဆွေရဲ့ လုပ်ဆောင်ချက်များကိုကြည့်ပြီး ဤအရာကရှုပ်ထွေးလာသည်ကို တွေ့ရှိခဲ့သည်။  ကံကောင်းထောက်မစွာနဲ့ ချန်ရှု့ရဲ့နီရဲနေတဲ့နားရွက်တွေကို မှောင်နေတာကြောင့် ယဲ့ဆွေ မမြင်လိုက်ဘူး။

 

 

ချန်ရှု့ နောက်တစ်ကြိမ်ချောင်းဆိုးရန်သာ ဟန်ဆောင်နိုင်တော့သည် -“ အိမ်ပြန်ကြမယ်

 

 

ဆိုလိုတာက ကျွန်မစကားပြောတာကို ရပ်ပြီး အိမ်ပြန်ကြမယ်ပေါ့။

 

 

 စိတ်လှုပ်ရှားနေသောကြောင့် ချန်ရှု့ရဲ့အသံက အနည်းငယ် တိမ်ဝင်နေသည်။ ယဲ့ဆွေအဲ့တာကို  ကြားတဲ့အခါ ချန်ရှု့က မသက်မသာနဲ့ တစ်ခုခုဖြစ်နေသလို ခံစားနေရတယ်လို့ သူမထင်ခဲ့သည်။

 

 

ထို့ကြောင့် ယဲ့ဆွေက အလျင်အမြန်ချန်ရှု့ရဲ့လက်မောင်းကိုတွဲပြီး တစ်ခြားသူတွေအကြောင်းကို ဂရုမစိုက်ဘဲ အိမ်ပြန်ခဲ့သည်။

 

 

ယဲ့ဆွေရဲ့ ဖုန်းနံပါတ်ကိုရယူရန် ကြိုးစားခဲ့သော ကောင်လေးကို သူတို့က လုံးဝလျစ်လျူရှုထားခ​ဲ့သည်။

 

———

 

ယဲ့ဆွေ အလုပ်သွားပြီးနောက် သူမမှာ ကျို့ယွမ်ကိုမရိုက်ကူးခင် အချိန်အနည်းငယ်ရှိတော့သည်။  အိမ်ရှေ့စံမင်းသားကျော်ကြားမှုကို အခွင့်ကောင်းယူပြီး ရန်ကျဲက ယဲ့ဆွေကို အလုပ်များစွာ ပေးအပ်ခဲ့ပေမယ့်လည်း အများစုမှာ အသေးအဖွဲ့သာဖြစ်သည်။

 

 

ယဲ့ဆွေ ရဲ့လူကြိုက်များမှုနှင့်အတူ သူမရဲ့သရုပ်ဆောင်အခကြေးငွေလည်း တိုးလာခဲ့သည်။  သူမရဲ့စုဆောင်းထားတဲ့ငွေ များလာသည်နှင့်အမျှ ယဲ့ဆွေကလည်းကျေနပ်အားရမိသည်။ သူမကိုယ်တိုင် သူမမိသားစုကိုထောက်ပံ့နိုင်လိမ့်မည်ဟုပင် သူမ စဉ်းစားခဲ့သည်။

 

 

ချန်ရှို့တောင်မှ ချန် မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို အမွေဆက်ခံပြီး မိသားစုက ချန်ရှု့ကို ထောက်ပံ့ဖို့ ငြင်းဆန်ခဲ့သော် သူက သူမအပေါ်မှီခိုအားထားနိုင်သည်။  သူမက ချန်ရှု့အား အစွမ်းကုန်ကူညီလိမ့်မည်။

 

 

ချန်ရှု့သာ သူမရဲ့ အတွေးတွေကိုသိရင် နေရာရွှေ့ပြီး တစ်ချိန်တည်းမှာ ရယ်သွားလိမ့်မည်။

 

 

ယဲ့ဆွေကစတားများနှင့် သရေစာဆိုင်ဖွင့်ခြင်း ဆိုတဲ့ ရသစုံရှိုးကို ရိုက်ကူးဖို့ သွားခဲ့သည်။ စားသောက်ဆိုင်တစ်ခုတွင် အတွေ့အကြုံရှိသော နာမည်ကြီးများကို မီးမောင်းထိုးပြထားသည်။ ဖွင့်ထားတဲ့ သရေစာအိမ်တစ်ခုစီက မတူညီသောနေရာတွင် တည်ရှိသည်။

 

 

ရန်ကျဲ ရှင်းပြထားသည့်အတိုင်း စင်နှစ်ခုရှိပြီး မတူညီတဲ့ အထင်ကြီးလေးစားစရာကောင်းတဲ့ ဧည့်သည်တွေအားလုံး ရှိလိမ့်မည်။

 

 

ဤအစီအစဉ်ကို တစ်ပတ်မှာတစ်ရက် မှတ်တမ်းတင်ပြီး အင်တာနက်ပေါ်တွင် တိုက်ရိုက်လွှင့်ထုတ်လိမ့်မည်။  ရန်ကျဲက ယဲ့ဆွေအား အင်တာနက်အသုံးပြုသူတွေလည်း တစ်ချိန်လုံး စောင့်ကြည့်နေမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် သူ့ရဲ့စကားနှင့်အပြုအမူများကို ပိုမိုအာရုံစိုက်ရမည်ဖြစ်သည်။

 

 

 ဒါပေမယ့် ယဲ့ဆွေက ဘာလဲဆိုတော့ အစီအစဉ်တစ်ခုကို တစ်ရက်အတွက် မှတ်တမ်းတင်ပြီးသွားရင် ယဲ့ဆွေကိုဘယ်လိုသတ်မှတ်ကြမှာလဲ? အိမ်ကိုသွားပြီး တစ်ပတ်လုံးနားနေလို့ရလား?

 

 

အဆိုပါပရိုဂရမ်ကို နံနက်စောစော မှတ်တမ်းတင်လိမ့်မည်။  ပရိုဂရမ်ကော်မတီက ရိုက်ကူးတဲ့ နေရာအနီးမှာ ယဲ့ဆွေအတွက် ဟိုတယ်တစ်ခုကို ဘွတ်ကင်လုပ်ထားပေမယ့် ယဲ့ဆွေ အဲ့တာကိုငြင်းပယ်ခဲ့သည်။

 

 

ဟိုတယ်မှာ ကြောက်စရာကောင်းတဲ့ ဝိညာဉ်သရဲတွေ ရှိကြောင်း ယဲ့ဆွေကြားထားသည်။ ယဲ့ဆွေ သူတို့ကိုမြင်နိုင်ကတည်းက ဟိုတယ်မှာနေမယ်ဆိုတဲ့ အတွေးအားလုံးကို သူမကလုံးဝငြင်းပယ်ခဲ့သည်။  သူမရိုက်ကူးပြီးနောက်တွင် အိမ်ပြန်လိမ့်မည်။

 

 

ပရိုဂရမ်ကို မှတ်တမ်းတင်ခြင်းက နံနက်စောစောတွင်ဖြစ်တာကြောင့် ​ရှောင်လုနဲ့ ရန်ကျဲတို့ကို သူမနဲ့အတူ လိုက်ပါရန် ခွင့်ပြုခြင်းက အလွန်အဆင်ပြေသည်။

 

 

ဒီနေ့မှာတော့ သူတို့ပထမဆုံး အပိုင်းအတွက် မှတ်တမ်းတင်ဖို့ သွားခဲ့ကြသည်။ ယဲ့ဆွေက စောစောထခဲ့သည်။  ကံကောင်းတာကတော့ လမ်းမှာယာဉ်ကြောပိတ်ဆို့မှုမရှိခဲ့ဘူး။ ပြီးတော့ ပရိုဂရမ်အဖွဲ့က ပြင်ဆင်ပေးထားတဲ့အခန်းကို သူမရောက်လာသည်။  ပထမဆုံးအပိုင်းကတော့ ဇာတ်ကောင်တွေအကြောင်း မိတ်ဆက်ပေးတာကြောင့် စတူဒီယိုထဲမှာပဲ သူမစီစဉ်ခဲ့သည်။

 

 

ယဲ့ဆွေ  တံခါးကိုဖွင့်ပြီး ဝင်လိုက်သည်။ စတူဒီယိုကို မီးဖိုချောင်ထဲသို့ ပြန်လည် မွမ်းမံပြင်ဆင်ခဲ့သည်။ ဆိုဖာတွေဘေးမှာ လက်ဖက်ရည်သောက်ဖို့ စားပွဲခုံတွေ ပါရှိပြီး အိမ်လိုမျိုးခံစားရသည်။  အခန်းထဲမှာ စတားရဲ့လှုပ်ရှားမှုတိုင်းကို ဖမ်းယူနိုင်သည့် ထောင့်အမျိုးမျိုးတွင် ကင်မရာများနှင့် ပြည့်နှက်နေသည်။

 

 

ယဲ့ဆွေရဲ့ မကြာသေးမီက ဝဘ် အသွားအလာက အလွန်ကြီးမားလွန်းသဖြင့် ပရိုဂရမ်အဖွဲ့က သူမအားလူကြိုက်များမှုကို အခွင့်ကောင်းယူလို့မရနိုင်ပေ။  သို့သော် သူတို့ကပစ္စည်းတွေ အသုံးပြုခြင်း (သို့) ကလိမ်ကကျစ်ကျတဲ့ နည်းလမ်းတွေကိုအသုံးပြုတယ်ဆိုတာကတော့ မသေချာဘူး။

 

 

သူမအခန်းထဲသို့ ၀င်ရောက်စဉ် တိုက်ရိုက်ထုတ်လွှင့်ခြင်းက စတင်ခဲ့ပြီဖြစ်ပြီး သူမရဲ့anti-ဖန်တွေကလည်း သူမသွမ့်မုတွင် ထပ်မံပေါ်ထွက်လာခဲ့သည်။

 (T / N: သွမ့်မုသည် ကြည့်ရှုသူများအား အချိန်နှင့်တပြေးညီ ဗီဒီယိုများ၊ ရုပ်ရှင်များ စသဖြင့် စခရင်ပေါ်ရှိ မှတ်ချက်များကိုတင်ရန် ခွင့်ပြုသည့်လုပ်ဆောင်ချက်ဖြစ်သည်။ )

 

 

 [ယဲ့ဆွေ  အစောကြီးလာတယ်။ ဒါက သူမရဲ့စတိုင်မဟုတ်ဘူး၊ သူမချက်ပြုတ်နိုင်လို့လား? ရှိုးမှာ နင့်ကိုယ်နင် အရူးလုပ်မှာမဟုတ်ဘူးလို့ မျှော်လင့်တယ်။ ]

 

 

[ယဲ့ဆွေကိုအရင်က ဖြစ်ရပ်မှန်ရှိုးမှာ တစ်ယောက်မှ မတွေ့ဖူးဘူးမလား? ရက်စက်ယုတ်မာတဲ့ မျက်နှာထားပြီး ဒီဟာတွေကိုလုပ်ဖို့ စိတ်အနှောက်အယှက်တောင်​မဖြစ်စေနဲ့။ ဒီအချိန် ရှိုးပေါ်မှာ သူမကစားပွဲအောက်မှာ စုဆောင်းထားတယ်။ ထုတ်လွှင့်ထားတဲ့အိမ်ရှေ့စံမင်းသားရဲ့ပရိသတ်တွေ ​သူမကိုစိတ်ပျက်သင့်တယ်။ ]

 

 

ယဲ့ဆွေ ဆိုဖာပေါ်တွင်ခဏစောင့်နေချိန် ကျန်တဲ့နာမည်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။

 

 ​

ဤလူများကစတားများနှင့် သရေစာဆိုင်ဖွင့်ခြင်းရဲ့ အမြဲတမ်း ပင်တိုင်တွေဖြစ်သည်။

  ကောယွဲ့ - ရှေးဟောင်းဒရာမာနဲ့ လူကြိုက်များသော စတားတစ်ယောက်ဖြစ်လာသူဖြစ်သည်။

  ကူကျောက် -  ကြယ် ၅ ပွင့်ဟိုတယ်ရဲ့ စားဖိုမှူး။

 စုန့်ပိုင် - စင်ကြယ်၊ လှပတဲ့ တက္ကသိုလ်နယ်မြေဝင်းထဲက ငယ်ရွယ်တဲ့အချောအလှလေး ဖြစ်သည်။

 

 

အခြားစတားများတွင် အချက်အချာကျသော အုတ်မြစ်မရှိ၊ စားဖိုမှူး ကူကျောက်က သူတို့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

 

 

စုန့်ပိုင်ကဆယ်ကျော်သက်လေးပဲ။  သူမက ကလေးစတားတစ်ယောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သူမရဲ့မိသားစုက ကောင်းစွာ ကာကွယ်ပေးထားသည်။ သူမ ယဲ့ဆွေကို တွေ့လိုက်တော့ သူမရဲ့ပထမဆုံးအတွေးက ဒီအစ်မက တီဗွီထဲမှာထက် ပိုပြီးအံ့သြစရာကောင်းတယ်လို့ ထင်ခဲ့သည်။

 

 

စုန့်ပိုင်က ရသစုံရှိုး ရိုက်ကွင်းသို့ ၀င်ရောက်ခဲ့ပြီး ယဲ့ဆွေကို ချီးမွမ်းခြင်းမှ သူမကိုယ်သူမ ရပ်တန့်ဖို့မစွမ်းဆောင်နိုင်တော့ဘဲ ယဲ့ဆွေရဲ့ ဘေးတွင်ထိုင်ခဲ့သည်။  စုန့်ပိုင်ရဲ့ လုပ်ရပ်ကြောင့် သွမ့်မုပေါ်က လူတွေ ရုတ်တရက် အံ့အားသင့်သွားကြသည်။

 

 

[​ရှောင်ပိုင် မှန်ထဲကြည့်လိုက်ဦး - မင်းလည်းအရမ်းလှတာပဲ အိုကေ?  အချစ်လေး။ ယဲ့ဆွေနဲ့  မကစားချင်ပါနဲ့။  သူမ ချန်းယင်ကို ဘာလုပ်ခဲ့လဲ?]

 

 

 [စုန့်ပိုင်က ကလေးပဲရှိသေးတယ်။ ကျေးဇူးပြုပြီး  သူမဆီက အေးဆေးသွားလိုက်။ ယဲ့ဆွေ! ]

 

 

 [စုန့်ပိုင်ရဲ့အမြင်အာရုံက ကောင်းတယ်လို့ ပြောနိုင်တယ်။ သူမယဲ့ဆွေကို အနီးကပ်ကြည့်လို့ရတာပေါ့။  ကောယွဲ့ က အေးဆေးတဲ့ မစ္စတာ ပါဖက်လိုပဲ!]

 

 

ပရိုဂရမ်၏ ပထမအဆင့်တွင် လူများစွာကို စုရုံးပြီးသည့်နောက်၊ ဘာကိုလုပ်ရမလဲဆိုတဲ့စာရင်းပေါ်ကနေ ဘာကိုစားရမည်ကို ဆုံးဖြတ်ရန်မှာ ပထမဆုံးကိစ္စဖြစ်သည်။

 

 

 ရွှေစားဖိုမှူး ကူကျောက်က အဲ့အပိုင်းမှာ မပါဝင်ဘူး။  သူက ပရိုဂရမ်အဖွဲ့ကနေ စတားတွေကို သင်ပေးဖို့စီစဉ်ပေးတဲ့သူ ဖြစ်သည်။  အကယ်၍ စတားမှပြုလုပ်သော အစားအစာကို သူအသိအမှတ်ပြုနိုင်ပါက ထိုစတားကို သရေစာဆိုင် တစ်ခုဖွင့်ရန် ခွင့်ပြုလိမ့်မည်။

 

 

လူတိုင်း ဆယ်မိနစ်ကျော်စကားပြောခဲ့ကြသော်လည်း သူတို့ရဲ့ထင်မြင်ချက်များမှာ ကွဲပြားခဲ့ကြပြီး မည်သူမျှအဖြေမရခဲ့ပေ။

 

 

စုန့်ပိုင်  -“ ကျွန်မဘာလုပ်သင့်လဲ? ကျွန်မ မချက်ပြုတ်တတ်ဘူး ”

 

 

 ကောယွဲ့ က ယဲ့ဆွေ ကို ခဏလောက် စိုက်ကြည့်နေပြီး ယဲ့ဆွေ မင်းလုပ်နိုင်လား လို့ ရုတ်တရက် မေးလိုက်သည်။

 

 

ယခုလက်ရှိအချိန်တွင် အခြားအမျိုးသမီးစတားများလည်း ရှိခဲ့သည်။  ကောယွဲ့က သူတို့အားလုံးကိုလျစ်လျူရှုပြီး ယဲ့ဆွေနဲ့ ပထမဆုံးအကြိမ် စကားပြောခဲ့သည်။

 

 

စိတ်ကူးကို နားမလည်နိုင်လောက်အောင် အံ့အားသင့်သွားနေသော ယဲ့ဆွေက ခေတ္တရပ်နေသည်။ ရန်ကျဲက သူမကို ဘေးအန္တရာယ်မဖြစ်အောင်နေဖို့ ပြောခဲ့တာကြောင့် ယဲ့ဆွေက ဒီပွဲမှာသူမ ကျန်ရှိခဲ့ဖို့  အရင်ကလိုချင်ခဲ့တာပါ။  တစ်စုံတစ်ဦးက သူမရဲ့ထင်မြင်ချက်ကို မေးသောကြောင့် သူမအကူအညီမဲ့စွာ ခေါင်းသာညိတ်လိုက်ရသည်။  “ အင်း

 

 

" ဘယ်သူမှ မချက်ပြုတ်တတ်ကတည်းက အဲ့တာကိုလုပ်ဖို့ ကျွန်တော်တို့မှာ ယဲ့ဆွေပဲရှိတော့တယ်။ ဒီမှာရှိတဲ့ပါဝင်ပစ္စည်းတွေနဲ့ သူမဘာလုပ်မလဲဆိုတာ ကြည့်ကြရအောင်  "  ကောယွဲ့က ယဲ့ဆွေကို တန်းတန်းမတ်မတ်ကြည့်ပြီး တစ်ခုခုကို အရိပ်အမြွက်ပြောရန် ကြိုးစားနေပုံရသည်။

 

 

ယဲ့ဆွေ ကောယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူဘာကိုဆိုလိုတာလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။  သူမမတ်တပ်ထရပ်လိုက်ပြီး ရေခဲသေတ္တာထဲက ပါဝင်ပစ္စည်းများကို စစ်ဆေးကြည့်ဖို့ မီးဖိုခန်းထဲသွားလိုက်သည်။

 

 

ယဲ့ဆွေရဲ့ ဆံပင်ကို ခေါင်းစည်းကြိုးဖြင့်စည်းလိုက်ကာ ချည်ထားတဲ့ထဲက ဆံချည်မျှင်အနည်းငယ်က သူ့လည်ပင်းနားမှာကျနေသည်။ နေရောင်ခြည်က သူမရဲ့အပြစ်အနာအဆာကင်းတဲ့ အသားအရေကို ရောင်ပြန်ဟပ်စေပြီး သူမရဲ့ချစ်စရာကောင်းတဲ့ပုံကို တိုးပွားလာစေသည်။  စုန့်ပိုင်က ယဲ့ဆွေရဲ့ ဘေးသို့ပြေးသွားလိုက်ပြီး အေပရွန်ကို အရမ်းချစ်စရာကောင်းစွာဖြင့် ချည်ပေးလိုက်သည်။

 

 

ယဲ့ဆွေ သူမကို ချစ်ခင်ကြင်နာစွာ ပြုံးပြလိုက်သည်။ စုန့်ပိုင်က သူမရဲ့နှလုံးသားကို အချစ်မြှားဖြင့် ပစ်လွှတ်လိုက်သည်ဟု ခံစားလိုက်ရသည်။ သူမရဲ့နတ်သမီးအစ်မရဲ့ ပတ်ပတ်လည်ကို ဆက်လတ်ပြီးပတ်နေခဲ့သည်။

 

 

ယဲ့ဆွေက စုန့်ပိုင်ကို တုန်နေအောင်ချစ်ရတဲ့ သူမရဲ့ညီမလေးလို လုပ်နေတယ်။ ငါ စုန့်ပိုင်ရဲ့ရှုထောင့်ကနေ သူမရဲ့မျက်နှာကိုမြင်ချင်လိုက်တာ ”

 

 

[ငါ အိမ်ရှေ့စံမင်းသားကြောင့် ယဲ့ဆွေရဲ့ စွမ်းဆောင်ရည်နှင့်အတူ ယုံကြည်စိတ်ချသွားပြီ။  သူမကလုံးဝ မအေးစက်ဘူးဆိုတာ ထင်ရှားတယ်! ]

 

 

ယဲ့ဆွေက ဝက်ဝမ်းဗိုက်သားကို ကျွမ်းကျင်ပါးနပ်စွာဖြင့် အပိုင်းပိုင်းဖြတ်ပြီး ဂျင်းနှင့် ကြက်သွန်မြိတ် ကို ပြင်ဆင်ထားသည်။ ဒယ်အိုးကိုအပူပေး၍ ဆီကိုလောင်းထည့်ကာ အသားကို ကြော်လိုက်သည်။ ကျန်တဲ့ ဧည့်သည်တွေကတော့ သူမကိုပဟေဠိဆန်တဲ့မျက်နှာနဲ့ ကြည့်နေကြသည်။

 

 

ကောယွဲ့  - “ယဲ့ဆွေ ဘာလုပ်ချင်တာလဲ?”

 

 

ကူကျောက် - "အဲ့တာက ချာကျန့်ခေါက်ဆွဲ လုပ်နေတာလို့ ငါထင်တယ် "

(T / N _ ချာကျန့်မြန့် - ဂျုံခေါက်ဆွဲပေါ်၌ ဆားငန်အချဥ်ဖောက်ထားတဲ့ ပဲပိစပ်အနှစ်( သို့မဟုတ်အခြားဟင်းအနှစ် ) ထည့်ထားသော ဝက်သားနုပ်နုပ်စင်း  )

 

 

ယဲ့ဆွေက ဒယ်အိုးကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။ ဆီ ခြောက်သွားပြီးတဲ့နောက် ဟင်းအနှစ်ကို စတင်ပြီးကြော်လိုက်သည်။  အဲ့တာလုပ်ပြီးသွားတဲ့အခါ အခန်းတစ်ခန်းလုံး မွှေးကြိုင်တဲ့အနံ့အသက်တွေနဲ့ ပြည့်နှက်သွားသည်။

 

 

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် ပရိသတ်များက ခဏကြာပြီးတဲ့နောက်မှာ သွမ့်မုတွင် စတင်ပေါက်ကွဲလာကြပြန်သည်။

 

 

[ဘုရားရေ!  ဒါကငါသိထားတဲ့ ယဲ့ဆွေအစစ်လား?  သူမရဲ့ချက်ပြုတ်တဲ့နည်းက အရမ်းကျွမ်းကျင်တယ်။ ငါနင့်ကို အရမ်းလေးစားသွားပြီ ]

 

 

 [ငါ့ညီမလေးမှာ လှပတဲ့လက်တွေရှိပြီး ကြော့ကြော့မော့မော့နဲ့ ချက်ပြုတ်ပေးနိုင်တယ်။  နတ်သမီးတွေက ငါတို့လိုသေမျိုးတွေနဲ့ တကယ်ကွဲပြားခြားနားတယ်!  ငါသူမရဲ့လက်ထဲက မီးဖိုချောင်သုံးဓား ဖြစ်ချင်တယ်!]

 

 

[အဲ့တာက အရသာရှိမယ့်ပုံပဲ။ ငါယဲ့ဆွေရဲ့  အချက်အပြုတ် စွမ်းရည်ကို မြည်းစမ်းကြည့်ချင်တယ်။ငါအလုပ်လုပ်နေတဲ့ မြို့နဲ့ဝေးနေရတာက သနားစရာပဲ။ ယဲ့ဆွေ လုပ်တဲ့ခေါက်ဆွဲ တစ်ပန်းကန်ကိုစားဖို့ အဲဒီကိုလာဖို့ မစောင့်နိုင်တော့ဘူး။ ]

 

 

[ ဒီ ချာကျန့်ခေါက်ဆွဲမှာ followerတွေ ပိုရရှိနိုင်မယ်ကို ငါယုံကြည်တယ်။ ယဲ့ဆွေက အခုနှစ်မှာထူးခြားတဲ့ အရှိန်အဟုန်နဲ့ ရောက်လာပြီး အဲ့တာက အနာဂတ်မှာ ကျော်ကြား ဖြစ်လာလိမ့်မည်လို့ ငါခံစားမိတယ်]

 

 

ယဲ့ဆွေ ပြုလုပ်ထားသော ချာကျန့်ခေါက်ဆွဲကို စားပြီးနောက် လူတိုင်းဆီမှာ ချီးမွမ်းခြင်းများနဲ့ ပြည့်နှက်နေသည်။ ရသစုံရှိုးရဲ့ နောက်အပိုင်းတွင်  သူမက ပရိုဂရမ်အဖွဲ့ စီစဉ်ထားသည့်နေရာ၌ ချာကျန့် ခေါက်ဆွဲ သရေစာအိမ်ကို သူမဖွင့်လှစ်နိုင်လိမ့်မည်။

 

 

ရသစုံ ပရိုဂရမ်ရဲ့ တရားဝင် ဝေ့ပေါ်တွင် ဓာတ်ပုံများစွာတင်ထားသည်။ အဲ့ဒီ့ထဲကတစ်ပုံတွင် ကောယွဲ့က ယဲ့ဆွေကို ကြည့်နေတဲ့ပုံဖြစ်သည်။

 

 

ဒီရသစုံရှိုးမှာပါ၀င်တဲ့ ကောယွဲ့က ယဲ့ဆွေကို ချဉ်းကပ်ဖို့စီစဉ်နေပြီ။  မကြာသေးမီက သူမက အလွန်လူကြိုက်များလာခဲ့သည်။ သူက သူ့ရဲ့followerတွေ တိုးလာခြင်းဖြင့် သူ့ရဲ့ဂုဏ်သတင်းကို လျင်မြန်စွာတိုးတက်စေချင်ခဲ့သည်။

 

 

 [ကောယွဲ့နဲ့ ယဲ့ဆွေတို့ ရသစုံရှိုးကနေ သရေစာအိမ်ကို ဖွင့်တော့မယ်။ ချောမောတဲ့ အမျိုးသားနဲ့ လှပတဲ့ အမျိုးသမီး။ သူတို့က တကယ်စုံတွဲတွေ လုပ်လို့ရတယ် ]

 

 

 [ကောယွဲ့နဲ့ ယဲ့ဆွေတို့ နှစ်ဦးနှစ်ဘက် အပြန်အလှန်ဆက်သွယ်မှုရှိကြတယ်။ သူတို့ရဲ့အဓိပ္ပါယ်ရှိတဲ့ အကြည့်တစ်ချက်က တစ်ခုခုကိုအရိပ်အမြွက်ပေးနေတာပဲ။ ငါဒီစုံတွဲကို မဲပေးတယ် ]

 

 

ယဲ့ဆွေက ရှိုးရဲ့ပထမအပိုင်းကို မှတ်တမ်းတင်ထားပြီးဖြစ်သော်လည်း အင်တာနက်ပေါ်မှ သတင်းများနှင့် မှတ်ချက်များက ကမ္ဘာကြီးကိုအလှည့်အပြောင်းဖြစ်စေခဲ့သည်။

 

 

ဟွာရွေ့  အဆောက်အဦး၌

 

 

ချန်ရှု့ရဲ့ဆဲလ်ဖုန်းကို စားပွဲဘေးတွင် ချထားချိန် စခရင်က ခဏခဏလင်းလာပြီး ဂရုရဲ့မက်ဆေ့ချ် အသိပေးချက်များကို ပြသနေသည်။

 

 

မြန်ဆန်သော လှုံ့ဆော်ချက်များကြောင့် ချန်ရှု့က အလုပ်တွင် ပထမဦးဆုံးအကြိမ် အာရုံပျံ့လွင့်ခဲ့သည်။  နောက်ဆုံး၌ ဆဲလ်ဖုန်းကို ကောက်ယူလိုက်ပြီး သူ့မျက်လုံးများက စခရင်ပေါ်သို့ကျရောက်သွားသည်။ မကြာခင်မှာပဲ သူ မျက်မှောင် အနည်းငယ်ကြုတ်သွားသည်။

 

 

ဂရုထဲမှာ စကားပြောနေကြတာက ကောင်းခန်းရောက်နေပြီဖြစ်သည်။

 

 

ချန်းရှန့် - “ ဒီနေ့ ငါ့တက္ကသိုလ်တုန်းက crushကို ပြေးမြင်မိသွားတယ်။ ငါအဲဒီအချိန်တုန်းက ဘယ်လောက်ငယ်ရွယ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားကြည့်မိတော့ စိတ်လှုပ်ရှားလာပြီး အိပ်လို့တောင်မရတော့ဘူး။ အခုသူမကိုပြန်တွေ့တဲ့အခါမှာ ငါ့မျက်နှာပူလာပြီး နှလုံးခုန်လာတယ်

 

 

 ဝမ်ချွမ်း - “ သူမနောက်ကိုလိုက်လေ။ မင်းက အခုစင်ဂယ်ပဲ။ အဲ့တာ ကြောင့် သူ့ကိုမင်းရဲ့ရည်းစားအဖြစ် ပြန်ခေါ်လာလိုက် ”

 

 

ချန်းရှန့် -“ သူ့အနားမှာ ယောက်ျားတစ်ယောက်ရှိတယ်။  သူက သူမရဲ့ရည်းစားဟုတ်၊ မဟုတ်တော့ ငါမသိဘူး၊ ရိုးရိုးသားသားပြောရရင် ငါနည်းနည်းတော့ သဝန်တိုမိတယ် ”

 

 

ချန်ရှု့ ဤအချက်မှ အချက်သုံးချက်ကိုအတိအကျဖမ်းမိခဲ့သည် - မျက်နှာပူခြင်း၊ နှလုံးခုန်နှုန်းမြှင့်ခြင်းနှင့် သဝန်တိုခြင်း။  အဲ့တာကိုနားမလည်သူ ချန်ရှု့က ဂရုထဲဝင်၍ စကားပြောလိုက်သည်။

 

 

ဘာဖြစ်လို့ မျက်နှာပူပြီး သဝန်တိုရတာလဲ?”

 

 

ချန်ရှု့က ဂရုထဲ၌ စကားပြောရာတွင် တစ်နှစ်ပတ်လုံး စာပြန်ခြင်းမရှိခဲ့ချေ။ သူက ဂရုရဲ့အဖွဲ့၀င်တစ်ဦး ဖြစ်တယ်ဆိုတာကို သူတို့မေ့နေခဲ့ကြသည်။  သို့သော် ဝမ်ချွမ်းက ချန်ရှု့ အား “ ချန်းရှန့်က သူမကို နှစ်ပေါင်းများစွာကြိုက်ခဲ့တာလေ ” ဟု ဂရုတစိုက် ပြန်ရှင်းပြခဲ့သည်။

 

 

ချန်ရှု့ - “အော် ”

 

 

နောက်စက္ကန့်တွင် ချန်ရှု့နောက်ထပ်စာကြောင်းကို ပို့လိုက်သည်။ “ အဓိပ္ပာယ်က? ”

 

 

 ဝမ်ချွမ်း -“ ယေဘုယျအားဖြင့် ဒီသုံးခုကို ဆန့်ကျင်ဘက်လိင်ရဲ့အရှေ့မှာ တစ်ချိန်တည်းဖြစ်လာတဲ့အခါကျရင် အဲ့လူကသူမဆီမှာ လုံးဝကျဆုံးသွားပြီဆိုတာကိုပြတယ်။ ဒါပေမယ့် ဥက္ကဌ ချန်က ဘာဖြစ်လို့အဲ့တာကို မေးရတာလဲ? ”

 

 

သူ့ရဲ့ရှုပ်ထွေးမှုများကို ရှင်းလင်းပြီးသောအခါ ချန်ရှု့က နဂိုအခြေအနေအတိုင်း တိတ်ဆိတ်သွားပြီး ဖုံးကွယ်နေသော ပုံစံသို့ပြန်သွားခဲ့သည်။  ဝမ်ချွမ်းနဲ့ ချန်းရှန်တို့ ချန်ရှု့ ဆီသို့အကြိမ်ကြိမ် မက်ဆေ့ခ်ျပို့ခဲ့သော်လည်း အဲ့တာတွေက ပင်လယ်ထဲမှာနစ်မြှုပ်နေတဲ့ ကျောက်တုံးတွေလိုပဲ။ သူတို့ရဲ့ ဥက္ကဌ ဟန်ဆောင်ခဲ့တယ်ဆို သူတို့မပြောနိုင်တော့ဘူး။

 

 

ချန်ရှု့ တစ်ခုခု ဆုံးရှုံးနေသလို လက်ကိုင်ဖုန်းကို စိုက်ကြည့်နေမိသည်။

 

 

အဲဒါက တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်တယ်လို့ ခေါ်တာလား?

 

 

တသီးတစ်ခြားနဲ့ ဂရုမစိုက်တတ်တဲ့ ယောကျ်ားဖြစ်တဲ့ ချန်ရှု့က သူ့ဘဝမှာ ဒီလိုခံစားချက်မျိုးကို ပထမဆုံးအကြိမ်ခံစားခဲ့ရသည်။  နောက်တစ်စက္ကန့်တွင် သူချက်ချင်းပဲ ရင်ဆိုင်ခဲ့ရသည်။

 

 

ချန်ရှု့၊ ချန်းရှန့်နဲ့ ဝမ်ချွမ်းတို့အားလုံးက မိုဘိုင်းဖုန်းများကို ကိုင်ထားသည့်အတွက် တစ်ချိန်တည်းမှာပင် သူတို့ ဝဘ် အသိပေးချက်ကို ရရှိခဲ့သည်။  ခေါင်းစဉ်က ဆွဲဆောင်မှုရှိပြီး ဆွဲဆောင်အားကောင်းခြင်း ဖြစ်သည်။

 

 

 [ယဲ့ဆွေနဲ့ ကောယွဲ့ တို့ ရှိုးပွဲမှာ ဒွိဟဖြစ်စရာ  အပြန်အလှန်တုံ့ပြန်မှုတွေရှိတယ်! သံသယဖြစ်ဖွယ် ကတိတစ်ခု!]

 

 

 လူအုပ်က ရုတ်တရက်တိတ်ဆိတ်သွားသည်။  ဝမ်ချွမ်းရဲ့ စူးရှသောမျက်လုံးများက  (ကောယွဲ့) ကုမ္ပဏီမှလူရဲ့ ခေတ်စားနေတဲ့ ပိုစ့်ကို အကြည့်တစ်ချက်တည်းမှာပဲ မြင်နိုင်သည်။ ယဲ့ဆွေဆိုတာက ဘယ်သူလဲ? အဲ့တာက သူဌေးရဲ့အနာဂတ်ဇနီး ဖြစ်ကောင်းဖြစ်နိုင်သည်။

 

 

ယဲ့ဆွေရဲ့ ကျော်ကြားမှုက မကြာသေးမီက ပုံစံကားချပ် များကို ရိုက်ကူးနေပုံရသည်။ ထို့ကြောင့်လူအချို့က သူမကို ကောယွဲ့ နှင့်ချိတ်ဆက်ရန် ကြိုးပမ်းနေသည်။  ဝမ်ချွမ်းက ဥက္ကဌအား မဝံ့မရဲ မေးကြည့်လိုက်သည်။"ဥက္ကဌ?"

 

 

ဘယ်သူမှ မဖြေလာဘူး။

 

 

ချန်းရှန့်က စိုးရိမ်တကြီး ထပ်မေးလိုက်သည်။"ဥက္ကဌ ချန် မင်းငါ့ကို ဒီသတင်းတွေ ပြည်သူ့ဆက်ဆံကို  ပေးလိုက်စေချင်လား?"

 

 

တုံ့ပြန်မှု မရှိသေးပါ။

 

 

 ပရိုဂရမ်ကို မှတ်တမ်းတင်နေသူ ယဲ့ဆွေက ချန်ရှု့ ဆီမှ ဝီချက်မက်ဆေ့ချ်ကို ရုတ်တရက်ရရှိခဲ့သည်။  ဘာမှမရေးတဲ့အစား သူကသူမအား သတင်းဆောင်းပါးတစ်ပုဒ်ကိုပို့ခဲ့သည်။

 

 

သတင်းက ကွန်ယက်တစ်ခုလုံးရဲ့ တွန်းအားဖြစ်သည်။ ယဲ့ဆွေ အဲ့တာကိုမဖွင့်ခင်မှာ တောက်ပတဲ့ တရုတ် စရိုက်လက္ခဏာတွေက သူ့မျက်လုံးတွေထဲ၀င်လာပြီး သူမရဲ့မိုဘိုင်းဖုန်း ပြုတ်ကျလုနီးပါးဖြစ်အောင် ခြောက်လန့်နေသည်။

 

 

တုံ့ပြန်မှု?   ဒွိဟဖြစ်တယ်!

 

 

ကောယွဲ့က ထိုကဲ့သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်းသိရန် ဒါက ယဲ့ဆွေရဲ့ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် သူ့ကိုစကားလုံးတစ်လုံးတည်းဖြင့်သာပြောခဲ့သည်။ အဲ့တာက ဒွိဟဖြစ်စေဖို့ သရုပ်ဆောင်ခဲ့တာ ဆိုတာသာဖြစ်သည်။

 

 

ယဲ့ဆွေက ချန်ရှု့ ပို့လိုက်တဲ့သတင်းကိုကြည့်ရင်း ချန်ရှု့ စိတ်အခြေအနေမကောင်းဘူးဆိုတာ ဖြစ်သင့်တယ်လို့ခံစားခဲ့ရသည်။ သူမ သိသာထင်ရှားတဲ့ဟာ ဘာတစ်ခုမှမလုပ်ခဲ့ပေမယ့် တစ်နည်းနည်းနဲ့တော့ သူမအပြစ်ရှိသလို ခံစားနေရသည်။

 

 

 ဒါပေမယ့် ချန်ရှု့က သူမကိုစာတစ်လုံးလေးတောင် မပို့ခဲ့ဘဲ သတင်းတွေပဲ ပို့ခဲ့သည်။  အဲဒါက ဘာကိုဆိုလိုတာလဲ?