အပိုင်း ၃၈
Viewers 8k

 

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၃၈ - စားနပ်ရိက္ခါ တံဆိပ်ခေါင်းသရဲ

 

 

 

ယဲ့ဆွေ လက်ကိုင်ဖုန်းကိုကိုင်ထားကာ ၅ မိနစ်လုံးလုံး စိတ်သောကရောက်နေသည့် အမူအရာနဲ့ စခရင်ကို စိုက်ကြည့်နေမိသည်။  သူမရဲ့မျက်လုံးများ တဖြည်းဖြည်းမည်းမှောင်လာပြီး ခပ်တည်တည် ဖြစ်လာသည်။ ချန်ရှု့က မည်သည့်အချက်အလက်မှထပ် မပို့ခဲ့ပေ။

 

 

ကံကောင်းထောက်မစွာနဲ့ သူမကအခု အဝတ်အစားလဲတဲ့ အခန်းထဲမှာဖြစ်သည်။ ဒီလိုမှမဟုတ်ရင် တစ်ခြားသူတွေက ယဲ့ဆွေ ဒီလိုမျိုးဖြစ်နေတာ တွေ့သွားခဲ့ရင် ကံဆိုးတာတစ်ခုခုဖြစ်ခဲ့တယ်လို့ သူတို့ထင်မိကြလိမ့်မည်။

 

 

ယဲ့ဆွေက ချန်ရှု့ ဒီနေရာမှာ ဘယ်နည်းနဲ့မှမရှိဘူးလို့ တွေးခဲ့သည်။ သူမကဘာမှမပြောရင်တောင်မှ သူမအလုပ်လုပ်နေပြီး သူ့ကိုပြန်ပြောဖို့အချိန်မရှိဘူးလို့ သူယူဆလိမ့်မည်။

 

 

သူမ ချန်ရှု့နှင့်ရင်ဆိုင်ရမည့်အချိန်က ညဘက်နောက်ကျသည့်အချိန်တွင်ဖြစ်လိမ့်မည်။ ထိုအချိန်၌ ချန်ရှု့က အဲ့အကြောင်းကို မေ့သွားလိမ့်မည်။

 

 

ယဲ့ဆွေ  ဒီကိစ္စကိုဘေးဖယ်ထားလိုက်တာကို ဝမ်းသာသည်။ ဒါပေမယ့် သူမဖုန်းက ရုတ်တရက် တုန်ခါလာသည်။  စခရင်က လင်းလာပြီး ချန်ရှု့ ရဲ့အခြားစာသားကို ပြနေသည်။

 

 

ယဲ့ဆွေ အဲ့တာကိုဖွင့်လိုက်တာနဲ့ ဖုန်းမျက်နှာပြင်က ဒီသတင်းကိုပဲပြနေတုန်း၊ သူမလိမ်ညာနေသည်ဟု တစ်ယောက်ကတော့ အတိအကျ သံသယရှိနေသည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ အတွေးအခေါ်ကို တိကျစွာရိပ်မိပုံရသည်။  သူမက ဤအရာကို အမှန်တကယ် တားဆီးချင်ခဲ့သည်။ သို့သော် ယဲ့ဆွေ စဉ်းစားသည့်အတိုင်း သူမရုတ်တရက် ဖြတ်တောက်ခံခဲ့ရသည်။

 

 

ယဲ့ဆွေ ပထမဆုံးလုပ်ခဲ့တာကတော့ ပတ်ပတ်လည်ကိုကြည့်လိုက်တာပင်။ ချန်ရှု့က အဝတ်လဲခန်းထဲမှာ ကင်မရာတစ်လုံး တပ်ဆင်ထားပုံရသည်။  ဒီလိုမှမဟုတ်ရင် သူဒါကိုဘယ်လို သေချာအောင် ပြောနိုင်မှာလဲ?

 

 

အဝတ်လဲခန်းတွင် ယဲ့ဆွေ မှလွဲ၍ မည်သူမျှမရှိချေ။

 

 

ယဲ့ဆွေ  သံသယ၀င်နေတဲ့ ခံစားချက်နဲ့ နောက်စက္ကန့်တွင်  မိတ်ကပ်လိမ်းခြယ်တဲ့အခန်းရဲ့ တံခါးကို ရုတ်တရက်ဖွင့်လိုက်တော့ ​ရှောင်လျို့က အပြင်ဘက်မှဝင်လာသည်။ သူမ၀င်ရောက်လိုက်တာနှင့်တစ်ပြိုက်နက် ယဲ့ဆွေရဲ့ သံသယရှိခြင်းဆီ ရောက်သွားခဲ့ရသည်။

 

 

 “ ဆွေဆွေ၊ ငါ့ကိုဘာလို့အဲ့လိုမျိုး ကြည့်နေတာလဲ?”

 

 

ယဲ့ဆွေက မက်ဆေ့ချ်မှာပါ၀င်တဲ့အကြောင်းအရာများကို ရှောင်လျို့အားပြလိုက်သည် -“ ပြောကြည့်။ နင် ချန်ရှု့ နဲ့ပေါင်းပြီးကြံစည်နေတာမလား? ”

 

 

သို့သော်ရှောင်လျို့ အဲ့တာကိုငြင်းဆန်လိမ့်မည်လို့ သူမ မမျှော်လင့်ထားပေမယ့် ဒါကိုလျင်မြန်စွာ ငြင်းဆိုခဲ့သည်။ သူမရဲ့ခေါင်းကို အဆက်မပြတ်တီးရတဲ့ ဒရမ်လို ခါလိုက်ရင်း ပြောလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါ နင့်ယောကျ်ားရဲ့မျက်နှာကိုတောင်မှ မမြင်ဖူးဘူး။ "

 

 

ယဲ့ဆွေ လူမှားပြီး  လက်ညှိုးထိုးမိနေတာကိုသိလိုက်ပြီး ချန်ရှု့ကို ဘယ်လို ရှင်းပြရမလဲဆိုတာ စတင်စဉ်းစားခဲ့သည်။

 

 

သူမနှင့် ချန်ရှု့တို့က သာမန်စုံတွဲတစ်တွဲသာဖြစ်ပြီး အကြောင်းပြချက်အချို့အတွက် အတူတကွပေါင်းသင်းခဲ့ကြသော်လည်း ဒီသတင်းတွေကို မြင်လိုက်တဲ့အခါ သူတကယ် စိတ်မသက်မသာ ဖြစ်နေလိမ့်မည်ဆိုတာကို ယဲ့ဆွေ သိသည်။

 

 

တကယ်လို့ ကိစ္စရှိလို့ ချန်ရှု့ကို အမျိုးသမီးအချို့နဲ့ သူမတွေ့ခဲ့ရမယ်ရင်လည်း သူမလည်း စိတ်မကောင်းဖြစ်မိလိမ့်မည်။

 

 

ဒါ့အပြင် ချန်ရှု့က ဖျော်ဖြေရေးလုပ်ငန်းအကြောင်း ဘာမှမသိထားဘူး။  ဒီနေရာမှာ ဆန္ဒရှိသည်ဖြစ်စေ ဆန္ဒမရှိသည်ဖြစ်စေ အချို့သောပြဿနာများက စုံတွဲတစ်တွဲကို ကွဲသွားစေနိုင်သည်။

 

 

 နောက်ဆုံးတွင် ချန်ရှု့ကို ရှင်းပြရန် ယဲ့ဆွေ  ဆုံးဖြတ်ချက် ချလိုက်သောအခါ ရှောင်လျို့က နောက်ထပ် မှတ်တမ်းတင်မည့်အချိန် စတော့မည်ဟုသတိပေးခဲ့သည်။

 

 

ယဲ့ဆွေက အဲ့အချိန်ကခဏလေးကို လက်လွှတ်မခံဘဲ ချန်ရှု့ဆီက မက်ဆေ့ချ် ပို့လိုက်သည်။ “ အဲ့တာကို လူကိုယ်တိုင်မပြောရရင် တစ်ချို့ဟာတွေကို ရှင်းလင်းသွားအောင် ကျွန်မလုပ်နိုင်မှာမဟုတ်ဘူး။ ညနေပိုင်းကျရင် ရှင့်ကို နားလည်အောင် ရှင်းပြဖို့ ပြန်လာခဲ့မယ် ”

 

 

နောက်စက္ကန့်တွင် ချန်ရှု့ ရဲ့မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။ အဲ့တာကိုကြည့်ရတာ သူကဆဲလ်ဖုန်းကိုကိုင်ထားပြီး သူမရဲ့တုံ့ပြန်မှုကို စောင့်နေပုံရသည်။

 

 

 "အိုကေ၊ ညနေကျရင် မင်းကိုစောင့်နေမယ်"

 

 

ယဲ့ဆွေ - “…........”

 

 

ယဲ့ဆွေ ဒီကိစ္စကို ခေတ္တဆိုင်းငံ့ထားနိုင်ခဲ့သည်။  သူမဆဲလ်ဖုန်းကို ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ အဝတ်လဲခန်းမှထွက်သွားပြီး ထပ်မံရိုက်ကူးခဲ့သည်။

 

 

စတားများနှင့် သရေစာဆိုင်ဖွင့်ခြင်းအစီအစဥ် ရိုက်ကူးနေစဉ်တွင် စုန့်ပိုင်က ဟင်းသီးဟင်းရွက်များကို ဘယ်လိုလှီးဖြတ်ရမလဲဆိုတာကို မသိခဲ့ပေ။ ယဲ့ဆွေက သူမအနားမှာရပ်ပြီး စိတ်ရှည်ရှည်နဲ့ သင်ကြားပေးခဲ့သည်။

 

 

ယဲ့ဆွေက ပန်းကန်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီးချလိုက်ပြီး အခြားတစ်ဖက်ဖြင့် ဟင်းသီးဟင်းရွက်များကို စတင်လှီးဖြတ်ခဲ့သည်။  သူမက စုန့်ပိုင်ကို လက်တွေ့လုပ်ပြခဲ့သည်။  “ မင်းဒါကိုမြင်လား? အနာတရ မဖြစ်စေဖို့ မင်းရဲ့လက်ချောင်းတွေကို ဒီလိုထားလိုက်........”

 

 

ယဲ့ဆွေ ရဲ့ညွှန်ကြားချက်အတိုင်း စုန့်ပိုင်က ဟင်းသီးဟင်းရွက်တွေကို ခက်ခက်ခဲခဲနဲ့ သေသေချာချာ လှီးဖြတ်ခဲ့သည်။

 

 

 သွမ့်မုက စပြီး ထပ်မံ​ပွက်လောရိုက်သွားပြန်သည်။

 (T / N: သွမ့်မု - ကြည့်ရှုသူများသည် ရုပ်ရှင် သို့မဟုတ် ရှိုးကို ကြည့်နေစဉ် အချင်းချင်းမက်ဆေ့ခ်ျပို့ရန် သို့မဟုတ် postတင်ရန် ခွင့်ပြုသည့် ၀န်ဆောင်မှုဖြစ်သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည်၏ အကျော်ကြားဆုံးစာသားမက်ဆေ့ခ်ျပို့သည့် ပလက်ဖောင်းတစ်ခုဖြစ်ပြီး ဝေဖန်ချက်ပေါင်း ၁ ဘီလီယံကျော်ရှိသည်။ )

 

 

 [ယဲ့ဆွေ ရဲ့အသံက ကြားရတာအရမ်းသာယာနေတာပဲ။ နောက်ပြီး တစ်ခြားသူကို သင်ကြားပေးတဲ့အခါမှာ သူမအရမ်းကောင်းပြီး စိတ်ရှည်တယ်။ သူမက ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်မှာ သေချာတယ်။ ]

 

 

[ယဲ့ဆွေ  ရဲ့မီးဖိုချောင်သုံးဓားက အရမ်းကောင်းတယ်။ ]

 

 

ဤအချိန်တွင် မှတ်ချက်ပေါင်းများစွာက လူတိုင်းရဲ့အာရုံကိုဖမ်းစားခဲ့သည်။

 

 

[အခုလေးတင် သူတို့ ပန်းကန်ထဲကို ခရမ်းချဉ်သီးဆယ်လုံး ထည့်ထားတာပါ။ ဘယ်လိုလုပ် ရှစ်လုံးပဲ ကျန်တော့တာလဲ? ]

 

 

 [ဟဲ့ မြို့ကြီးသား နင့်ရဲ့မျက်လုံးက အရမ်းစူးရှနေတာပဲ။ ခရမ်းချဉ်သီးတွေကို ရေတွက်ဖို့ စဉ်းစားနေတုန်းပဲ။  နင့်ကိုလေးစားတယ်!]

 

 

 [ကင်မရာမှန်ဘီလူးက အဲဒီနေရာကို ချိန်ထားတဲ့အခါကျတော့ ငါ့မျက်လုံးတွေက အမှတ်မထင်မြင်သွားတာ။ငါ့ရဲ့   အမြင်အာရုံကကောင်းတယ်ဆိုတာကို ဘယ်သူသိမှာလဲ။ ဒါပေမယ့် ခရမ်းချဉ်သီးနှစ်လုံးက ဘာကြောင့်ပျောက်သွားရတာလဲ? အဲ့တာ ထူးဆန်းတယ်။ ]

 

 

 [ငါ့ နောက်ကျောက နားမလည်နိုင်လောက်အောင် အေးတဲ့ခံစားမှုကို ရနေတယ်။ ဒါပေမယ့် ငါ နည်းနည်းစိတ်လှုပ်ရှားမိတယ်လို့ ပြောရမယ်။ ]

 

 

အချိန်တန်သော် ကင်မရာက ဧည့်သည်အတော်များများကို ချိန်ပြီးရိုက်ခဲ့သည်။ ယဲ့ဆွေက စုန့်ပိုင်ကို ဟင်းသီးဟင်းရွက်တွေ ဘယ်လိုလှီးဖြတ်ရမယ်ဆိုတာကို သင်ပေးနေသည်။ ကောယွဲ့နဲ့ ကူကျောက်တို့လက်ထဲမှာ ဓါးမရှိတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြသည်။

 

 

အခုဘယ်သူမှ မချက်ပြုတ်ကြသေးဘူး။  ဒီတော့ခရမ်းချဉ်သီးနှစ်လုံးက ဘာအကြောင်းပြချက်မှမရှိဘဲ ပျောက်သွားရတာလဲ?

 

 

အချို့လူများက အဲ့တာက အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေကြပြီး အချို့ကကင်မရာက ထိုနေရာတွင်မချိန်ထားသောအခါတွင် ၀န်ထမ်းများက ခရမ်းချဉ်သီးအချို့ကို ယူခဲ့သည်။ ဒါပေမယ့် သူတို့ နားမလည်ကြဘူး။

 

 

 ၎င်းသည်အချိန်တိုအတွင်းသာဖြစ်ခဲ့ပြီး မကြာမီ နောက်ဆက်တွဲတွင် သွမ့်မုက နစ်မြုပ်သွားသည်။

 

 

ယဲ့ဆွေ ငြီးငွေ့စွာ ကြည့်ရင်း  သူမရဲ့မျက်လုံးတွေဟာ အစားအစာ နေရာဘက်ကို ကြုံရာကျပန်း ကြည့်လိုက်သည်။ သို့သော် သူမက အစောင့်မဟုတ်တဲ့သူကို ဖမ်းမိလိုက်ပြီး ကြောက်လန့်သွားခဲ့သည်။  သခွားသီးထားတဲ့ နေရာတွင် လက်တစ်ဖက်က ရုတ်တရက်ထွက်လာပြီး အဲ့ထဲကိုဖြည်းဖြည်းလေးထိုးထည့်နေသည်။

 

 

လက်က ပိန်ခြောက်ခြောက် ဖြစ်နေပေမယ့် သူမရဲ့မျက်နှာက ပိုပိန်နေသည်။  သူမရဲ့ပါးပြင်တွေက ဟောက်နေပြီး သူမရဲ့ပုံစံမှာ ငဖောင်ရိုးပုံစံမျှသာဖြစ်သည်။  သူမက စားပွဲပေါ်၌ ဆောင့်ကြောင့်ထိုင်နေကာ တစ်စုံတစ်ယောက်က သူမကိုဖြတ်သွားပေမယ့် သူမရှိမှန်း သတိထားမိကြပေ။

 

 

ယဲ့ဆွေ မျက်လုံးပြူးသွားပြီး သူမရဲ့ခန္ဓာကိုယ်က စတင်ပြီး တုန်ယင်လာခဲ့သည်။ ဘယ်သူမှမမြင်နိုင်ပေမယ့် သူမကသာ မြင်တွေ့နိုင်ခဲ့သည်။ အဲဒါဘာလဲ?  ဟုတ်ပါတယ်၊ အဲ့တာကသရဲပဲ !!

 

 

 လက်ရှိတွင် သူမကစတူဒီယိုမှာဖြစ်ပြီး ဒီနေရာမှာတောင်မှ သူမက သရဲတွေကို တွေ့နေရတာလား?

 

 

သရဲက သခွားသီးကိုထိပြီး လမ်းလျှောက်ထွက်သွားချိန်မှာ သူမက တစ်ခုခုယူလိုက်ပြီး ပန်းကန်ဘေးမှာ ထားခဲ့သည်။  ယဲ့ဆွေ ဒီပစ္စည်းကို အသိအမှတ်ပြုသည်။  ဒါက ပန်းပွင့်ပုံဒီဇိုင်းအထည်ရဲ့ သေးငယ်တဲ့အပိုင်းအစ ဖြစ်ပုံရသည်။

 

 

ပန်းပွင့်ပုံစံက ရိုးရှင်းပေမဲ့ အထည်က ရှေးဆန်သည်။

 

 

သရဲက သခွားသီးကိုယူသွားပြီး အဲ့ဒီ့နေရာမှာ ပန်းပွင့်ပုံဒီဇိုင်းအထည်လေးကို ထားခဲ့သည်။ အကယ်၍  သရဲက  ပစ္စည်းများကိုငှားရမ်းခြင်းနှင့် လဲလှယ်ခြင်းကဲ့သို့ထိုနေရာတွင် အလဲအထပ်ပြုလုပ်ခဲ့သည်ဟု ယဲ့ဆွေခံစားရသည်။ အဲဒါပဲဖြစ်ရမည်။

 

 

သရဲက နောက်တဖန် လှည့်ပတ်ကြည့်ရှုနေပြန်သည်။  ထိုဝိညာဥ်က အလွန်ဆာလောင်ပြီး သေဆုံးသွားခြင်းကြောင့် သူမအစာကိုတွေ့သောအခါ သူမရဲ့အမူအရာက အလွန်ကျေနပ်အားရမိနေတာဖြစ်သည်။

 

 

သခွားသီးအနားမှာရှိတဲ့ ပန်းသီးကိုတွေ့တော့ သူမမျက်လုံးတွေက တောက်ပနေသည်။  ဒီပန်းသီးဟာ ကြည့်ကောင်းနေပုံရပေမယ့် သူ့ရဲ့မျက်နှာပြင်ဟာ ဖယောင်းကြောင့် အရမ်းပြောင်နေတယ်ဆိုတာ ယဲ့ဆွေသိလိုက်သည်။ ထို့အပြင်အသီးရဲ့ပုံပန်းသဏ္ဍာန်က အနားမှာရှိတဲ့ အစားအစာတွေရဲ့ ပါဝင်ပစ္စည်းတွေနဲ့ နှိုင်းယှဉ်လို့မနိုင်ရပေ။

 

 

ဒါကပရိုဂရမ်အဖွဲ့က အလှဆင်ဖို့စီစဉ်ထားတဲ့ အဆင်တန်ဆာတစ်ခုသာဖြစ်သည်။ အဲ့တာကိုစားလို့မရပေ။ ကြည့်လို့ပဲရသည်။ သို့သော် ဤသရဲက ဒီအရာကိုမသိခဲ့ပေ။

 

 

သူမကပန်းသီးအတုကို ဂရုတစိုက်နဲ့ ကောက်ယူလိုက်ပြီး အားရကျေနပ်စွာဖြင့် အိတ်ကပ်ထဲထည့်လိုက်သည်။

 

 

ဒီပန်းသီးက တော်တော်လှပနေပုံရတာ ဖြစ်နိုင်သည်။ သရဲက ခဏတာ ချင့်ချိန်စဉ်းစားကြည့်ပြီး သူမရဲ့အိတ်ကပ်ထဲကို လှန်လှောရှာဖွေကာ နောက်ဆုံးမှာတော့ စက္ကူအပိုင်းအစတစ်ခုကို ဆွဲထုတ်ပြီး ပန်းသီးရဲ့နေရာမှာ ထားလိုက်သည်။

 

 

ယဲ့ဆွေ အပေါ်ကိုကြည့်ပြီးတော့ ဝါနေတဲ့စက္ကူကို

တွေ့လိုက်ရသည်။  သိသာထင်ရှားစွာ အဲ့တာက အချိန်ကိုဂုဏ်ပြုထိုက်သော အရာဖြစ်ခဲ့သည်။ ၎င်းတွင်ရေးသားထားသော စကားလုံးအနည်းငယ်လည်းပါရှိသည်။

 

 

ယဲ့ဆွေ အဲ့တာတွေကို ရှင်းရှင်းလင်းလင်း မဖတ်နိုင်ခဲ့ဘူး။ သို့သော် အနည်းငယ်သော စကားလုံးများကို ထုတ်ဖော်နိုင်ခဲ့သည်။  “ ၁၁၀၂

 

 

ယဲ့ဆွေ သတင်းအချက်အလက်များကို သူမ၏စိတ်တွင် ရှာဖွေလိုက်ပြီး သူမရဲ့စိတ်ထဲတွင် ပေါ်လွင်ထင်းရှားနေသောမှတ်ဉာဏ်တစ်ခု ပေါ်ပေါက်လာသည်။ အဲ့တာက ... အဲ့ဒါ စာနပ် ရိက္ခါ တံဆိပ်ခေါင်း မဟုတ်ဘူးလား။ အဲ့တာက?

 [T / N: ရှေးခေတ်က စာနပ်ရိက္ခါတံဆိပ်ခေါင်းက (US မှာ) ၀င်ငွေနည်းသူများကို စားနပ်ရိက္ခာဖလှယ်နိုင်ဖို့ ပြည်နယ်က ဈေးပေါပေါနဲ့ထုတ်ပေးထားတဲ့ ဘောက်ချာ ပါတဲ့။ ]

 

 

 

သူမ အဲ့တာကိုမယုံနိုင်ဘူး အဲ့တာက စာနပ်ရိက္ခါတံဆိပ်ခေါင်း ဟုတ်၊ မဟုတ်သေချာအောင် ထပ်မံကြည့်ရှုခဲ့သည်။ အကယ်၍ ဒီစာနပ်ရိက္ခါတံဆိပ်ခေါင်းက ခြောက်ဆယ်ခုနှစ်သာဖြစ်ပါက အနည်းဆုံးဆန်အချို့ကို လဲလှယ်နိုင်သည်။

 

 

သို့သော် ဒီအပြစ်မဲ့သောသရဲက ပန်းသီးအတုတစ်ခုကိုသာ ရရှိခဲ့သည်။

 

 

စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲက ပတ်ပတ်လည်ကို စျေးဝယ်ထွက်နေသကဲ့သို့ လမ်းလျှောက်နေဆဲဖြစ်သည်။  ထို့နောက် သူမရုတ်တရက် ရပ်လိုက်ပြီး ကူကျောက် ဘေးရှိ ချာကျန့် ခေါက်ဆွဲကို ကြည့်လိုက်သည်။ အဲ့တာကို ယဲ့ဆွေလုပ်ထားတာဖြစ်ပြီး အခုသူတို့က ဆွဲဆောင်အားကောင်းတဲ့ ရနံ့ကိုထုတ်ပေးနေသည်။ စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲရဲ့  မျက်လုံးတွေက လင်းလတ်တောက်ပနေပြီး သူမရဲ့အကြည့်က နေရာမရွှေ့သွားတော့ပေ။

 

 

ပင်ကိုအသိစိတ်ဖြင့် မောင်းနှင်ပြီး ကူကျောက် ဆီသို့သွားလိုက်သည်။

 

 

နောက်အစိတ်အပိုင်းတစ်ခုက သူဒီနေ့လုပ်မယ့်ဟင်းခွက်က ကူကျောက်ရဲ့ မိတ်ဆက်ခြင်း ဖြစ်ခဲ့သည်။ ကူကျောက်ရဲ့မိတ်ဆက်ပွဲပြီးသွားတဲ့နောက် သူကချက်ပြုတ်ရန်စတင်ခဲ့သည်။

 

 

ဒီအစီအစဉ်မှာ ဧည့်သည် အနည်းငယ်လည်း ချက်ပြုတ်နိုင်သည်။  စားဖိုမှူးတစ်ယောက်အနေဖြင့် ကူကျောက်က အစီအစဉ်ရဲ့ပထမအဆင့်တွင် ပုံရိပ်ကောင်းတစ်ခုချန်ရန် လိုအပ်ခဲ့သည်။

 

 

ကူကျောက်က ကြက်သွန်ဖြူကို ကြော်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ။ အဲ့တာကို အလွယ်တကူ မယူလိုက်ပြီး စဥ်းနီတုံး ပေါ်၌ တင်ထားလိုက်သည်။ စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲကိုကြည့်ရတာက ကြက်သွန်ဖြူရဲ့အရသာကို သိပ်မကြိုက်တဲ့ပုံပဲ။ သူမရဲ့နှာခေါင်းကို ပိတ်ပြီး ချာကျန့် ခေါက်ဆွဲပန်းကန်ကို ယူဖို့ အဆင်သင့်ဖြစ်ခဲ့သည်။

 

 

ကူကျောက်က ကျွမ်းကျင်လှသည်။ သူ၏ဓားကျွမ်းကျင်မှုကို ပြသသည့်တိုင် ပရိသတ်များကို သူ့ရဲ့လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်ခြင်းဖြင့် အံ့အားသင့်စေခဲ့သည်။

 

 

သူ့ရဲ့ခန့်ညားတဲ့ အချက်အပြုတ် စွမ်းရည်ကို ပြသရန် ကူကျောက်က သူ့ရဲ့ချက်ပြုတ်နိုင်စွမ်းဖြစ်တဲ့ စွမ်းရည် ၁၀ ခုအနက် ၈ ခုကိုသာ ပြသမည်ဟု သူ့ရဲ့စိတ်ထဲတွင်ပြုလုပ်ထားခဲ့သည်။

 

 

ကူကျောက် ဓားရဲ့နောက်ဘက်ကိုကိုင်ကာ ကြက်သွန်ဖြူကိုညွှန်ပြပြီး အားနဲ့မာန်နဲ့ လှီးချခဲ့သည်။

 

 

ဘန်း

 

 

စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲက သူမရဲ့လက်ကိုဆန့်ခဲ့ပေမယ့် ချက်ချင်းပြန်ရုတ်လိုက်သည်။

 

 

အခုအချိန်မှာတော့ ကူကျောက်ကို လူတိုင်းက မျက်စိကျနေပြီး သူရဲ့ပြသမှုနဲ့ ကျေနပ်နေခဲ့ကြသည်။ စိတ်လှုပ်ရှားနေသဖြင့် သူ့ရဲ့လက်ထဲရှိဓားကို မြန်မြန်ဆန်ဆန်ရွေ့လိုက်တော့ ကဗျာဆန်သွားသည်။

 

 

စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲက  ချာကျန့် ခေါက်ဆွဲ ပန်းကန်လုံးဆီ ထပ်မံရောက်ရှိရန် ကြိုးစားခဲ့ပြီး သူမရဲ့လက်များကမူ ၎င်းနှင့်ထိတွေ့ရန် နီးနေပြီဖြစ်သည်။ အဲ့ဒီ့အစား ကူကျောက်က သူ့ရဲ့မီးဖိုချောင်ဓားကို ဆောင့်ချပြီး ဟင်းတစ်ပွဲလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

 

 

ချက်!

 

 

ကူကျောက်ရဲ့ ဓါးကအလွန်လျင်မြန်ပြီး သူက စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲရဲ့ လက်ချောင်းကို ဖြတ်လုနီးပါးဖြစ်သွားသည်။ ဆာလောင်မွတ်သိပ်နေသောသရဲက ချက်ချင်းပင်တုန်လှုပ်သွားသည်။

 

 

ယဲ့ဆွေ ဒီအံ့သြဖွယ်ရာမြင်ကွင်းကိုမြင်တွေ့လိုက်ရပြီး ဘယ်လိုစကားပြောရမလဲ ဆိုတာကိုမသိခဲ့ပေ။

 

 

ယဲ့ဆွေကို အင်တာနက် သုံးစွဲသူတွေ ကြည့်နေကြပြီး တစ်စက္ကန့်လေးတောင် တခြားနေရာကို မကြည့်ဘဲ ကူကျောက်ကို အဆက်မပြက် စိုက်ကြည့်နေတာကြောင့် သူတို့က ယဲ့ဆွေ  ကြိုးကြိုးစားစားလေ့လာပြီး ပစ္စည်းတွေကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ဖြတ်တောက်နိုင်ပုံကို လေ့လာချင်တယ်လို့ ထင်နေကြသည်။

 

 

 “ ယဲ့ဆွေက ချက်ပြုတ်တဲ့နေရာမှာ အရမ်းတော်ပြီးသားပဲ။ ဒါပေမယ့် သူမဆက်ပြီး လေ့လာနေဆဲပဲ။  သူမအတွက် ငါ့ရဲ့ချစ်ကြည်ရေးက တဟုန်ထိုးမြင့်တက်နေပြီ

 

 

ယဲ့ဆွေက အရမ်းချစ်စရာကောင်းတာပဲ။  သူမမျက်လုံးတွေထဲမှာ ကြယ်ရောင်တွေတောက်နေတာလား?” 

 

 

ယဲ့ဆွေက သူမရဲ့လှုပ်ရှားတွေကို အင်တာနက် သုံးစွဲသူတွေက သူမအကြောင်းကို ကောင်းမွန်တဲ့ အယူအဆတွေနဲ့ အလွန်အမင်းထုတ်ဖော်ပြောဆိုနေတာကို လုံးဝမသိခဲ့ပေ။

 

 

အကယ်၍ ချာကျန့် ခေါက်ဆွဲကို စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲက ကောက်ယူလိုက်ရင် လေထဲမှာလွင့်နေမှာကို လူတိုင်းက တွေ့သွားကြမည်ကို ယဲ့ဆွေ စိုးရိမ်ခဲ့သည်။  တကယ်လို့ အဲဒီလိုဖြစ်သွားခဲ့ရင်၊ ဒီပရိုဂရမ်က သဘာဝလွန် အစီအစဉ် တစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်။

 

 

အဲဒီမှာ ကူကျောက်က သူ့ရဲ့ဓါးစွမ်းရည်ကို လုံ့လဝီရိယရှိရှိ ပြသခဲ့သည်။  တစ်ချိန်တည်းမှာပင် စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲက သူမရဲ့ပစ်မှတ်ဆီ ရောက်ရန် နောက်ဆုံး ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်နေသည်။

 

 

စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲရဲ့လက်က တစ်လက်မ သာဝေးနေခဲ့သည်။  အဲဒီအချိန်မှာပဲ ကူကျောက်က သူ့လက်ကိုမြှောက်လိုက်ပြီး မီးဖိုချောင်ဓားကို ဘေးဘက်ကို ရွေ့လိုက်သည်။

 

 

ဘန်း!” 

 

 

သတိပေးခြင်းမရှိဘဲ စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲရဲ့ နဖူးနှင့် ဓါးရဲ့အနောက်ဘက်က အချင်းချင်း နက်နက်ရှိုင်းရှိုင်း ရင်းနှီးစွာဖြင့် တွေ့ဆုံသွားကြသည်။ ဓားရဲ့နောက်ကျောက မချွန်ထက်ပေမယ့် နဖူးပေါ်တွင်ရိုက်နှက်ခံရသည့် ခံစားချက်က အရမ်းနှစ်လိုဖွယ်မရှိနေပေ။

 

 

စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲက သူ့ရဲ့နဖူးကို မျက်လုံးထဲကမျက်ရည်များဖြင့် ဆုပ်ကိုင်ထားသည်။ ကူကျောင်ကို မျက်လုံးတစ်ဖက်နဲ့ မကျေမနပ်ဖြင့်ကြည့်ပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူမထွက်ခွာသွားခဲ့သည်။

 

 

လျှပ်တပြက် ပုံရိပ်များကို ကြည့်ရှုခြင်းအားဖြင့် ကူကျောက်က စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲကို တုန်လှုပ်ချောက်ချားသွားအောင် လုပ်နိုင်ခဲ့တယ်ဆိုတာကို မသိခဲ့ပေ။ သူက ဟင်းသီးဟင်းရွက်များကို စိတ်အားထက်သန်စွာ ဖြတ်တောက်နေဆဲဖြစ်သည်။

 

 

စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲ ထွက်သွားပြီးတော့ ကင်မရာမှန်ဘီလူးက ယဲ့ဆွေ နှင့်ဝေးရာသို့ရွှေ့သွားသောအခါ ယဲ့ဆွေက စာနပ်ရိက္ခါ တံဆိပ်ခေါင်း သရဲထားခဲ့တဲ့ နေရာကို  လှည့်ကြည့်လိုက်သည်။

 

 

လေပြင်းတိုက်ခြင်းကြောင့် စာနပ်ရိက္ခါ တံဆိပ်ခေါင်းက လေနဲ့လွင့်သွားပြီး မြေပြင်ပေါ် ညင်ညင်သာသာ ကျဆင်းသွားသည်။

 

 

မှတ်တမ်းတင်ပြီးတဲ့နောက်မှာ ကောင်းကင်ကမည်းမှောင်နေပြီဖြစ်သည်။ ယဲ့ဆွေက ဗန်ကားနဲ့ပြန်လာခဲ့သည်။  ညရှစ်နာရီ ထိုးပြီးသွားပြီဖြစ်၍ ချန်ရှု့ အိမ်ကိုပြန်သွားပြီဖြစ်သည်။

 

 

 ယဲ့ဆွေ  အိမ်တံခါးဝတွင်ရပ်၍ လျှို့ဝှက်နံပါတ်ကို တစ်လုံးပြီးတစ်လုံး နှိပ်နေသည်။  သူမရဲ့လှုပ်ရှားမှုက ခရုကဲ့သို့နှေးကွေးပြီး တံခါးနှင့်မနီးမဝေးတွင်ရှိသည့်သရဲအန်တီ ကျန့်ကိုတောင် သူမလျစ်လျူရှုခဲ့သည်။

 

 

တံခါးက ကလစ်ဆိုတဲ့အသံဖြင့် သော့ပွင့်သွားသည်။ ယဲ့ဆွေက တံခါးကိုဖွင့်ပြီး အထဲဝင်လိုက်သည်။  ဧည့်ခန်းထဲမှာ မီးဖွင့်ထားကာ ချန်ရှု့က ဆိုဖာပေါ်မှာထိုင်နေပြီး ယဲ့ဆွေက ဆင်ဝင်မှာမတ်တပ်ရပ်နေသည်။

 

 

ဒီမြင်ကွင်းက သူတို့ပထမဆုံးတွေ့တဲ့အချိန်နဲ့ တူတယ်လို့ ယဲ့ဆွေ  ခံစားမိသည်။  ထိုအချိန်တွင် သူမနှင့် ချန်ရှု့တို့က တစ်ယောက်နဲ့တစ်ယောက် စာကြောင်းတစ်ဝက်ကိုတောင်  မပြောနိုင်ခဲ့ပေ။  သူတို့အကြားအကွာအဝေးက ကမ္ဘာမြေကြီးနှင့်ကောင်းကင်ကဲ့သို့ ကျယ်ပြန့်သည်။

 

 

ဒါပေမယ့်အခုတော့ သူမက ချန်ရှု့ကို သံသယဖြစ်ဖွယ်ကိစ္စအကြောင်းကို ရှင်းပြဖို့စဉ်းစားခဲ့ရသည်။  ယဲ့ဆွေ တံခါးဝနားမှာ အကြာကြီး ရပ်နေကတည်းက ချန်ရှု့က သူမရှိတဲ့ဘက်ကို ကြည့်နေခဲ့သည်။

 

 

ချန်ရှု့ရဲ့ အေးဆေးတည်ငြိမ်သော အမူအရာကို ရင်ဆိုင်လိုက်ရခြင်းအားဖြင့် ယဲ့ဆွေ ကြောက်လန့်တကြားဖြစ်သွားသည်။ သူမ အရင်က ကိစ္စကို ပြန်ပြီးတွေးတောလိုက်ရသည်။

 

 

ဒီတစ်ကြိမ်မှာတော့ သူမက မည်းမှောင်နေတဲ့ ဖျော်ဖြေရေးနယ်ပယ်က အဖြူရောင်ယုန်ငယ်လေးတစ်ကောင်ရဲ့အကြောင်းကို ချန်ရှု့အား ကောင်းကောင်းပြောရတော့မည်ဖြစ်သည်။

 

 

ယဲ့ဆွေ ရဲ့ပါးစပ်မှာရှိတဲ့ အဖြူရောင်ယုန်ငယ်လေး ချန်ရှု့က သူ့ရဲ့အနောက်ဘက်မှာ ဝံပုလွေအမြှီးကြီးကို တွဲလောင်းချပြီး ဆိုဖာပေါ်မှာ ထိုင်နေခဲ့သည်။