အပိုင်း ၃၉
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၃၉ - မိသားစု အကျင့်

 

 

 

 

 

ဖိနပ်လဲပြီးသောအခါ ယဲ့ဆွေ  ဧည့်ခန်းထဲသို့လျှောက်လာပြီး ချန်ရှု့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။  "ရှင်က ဖျော်ဖြေရေးလုပ်ငန်းနဲ့ အကျွမ်းတဝင်မရှိဘူးဆိုတာ ကျွန်မသိပါတယ်။ အဲ့တာကြောင့် ရှင်အဲ့တာရဲ့ အမှောင်ထုကိုလည်း ဘာမှသိမှာမဟုတ်ဘူး"

 

 

ထို့နောက် ယဲ့ဆွေရဲ့ ရှည်လျားသောမိန့်ခွန်းကိုစတင်ခဲ့သည်။ ချန်ရှု့ရဲ့ မျက်လုံးတွေက ခဏတာ လွင့်မျောနေပြီး မသိစိတ်ကနေ တစ်စက္ကန့်အတွက် သူ့ရဲ့မျက်လုံးတွေကိုလှိမ့်နေသည်။

 

 

အမှန်မှာ ချန်ရှု့က ဖျော်ဖြေရေးလုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်ရုံသာမက ဟွာရွေ့ ရဲ့ ဥက္ကဌလည်းဖြစ်သည်။  ဟွာရွေ့က အကြီးမားဆုံးဖျော်ဖြေရေးကုမ္ပဏီဖြစ်ပြီး နာမည်ကျော်များစွာက သူတို့ ခေါင်းတွေကို ချိုးဖျက်ပြီးတောင်မှ ဒီကုမ္ပဏီထဲကို ဝင်လာချင်ကြသည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့မူမမှန်မှုကို သတိမပြုမိခဲ့ပေ။  သူမ ဆက်၍ စကားပြောလေလေ ၎င်းအား ချန်ရှု့ကို မလွှဲသာမရှောင်သာ ရှင်းပြနေရတယ်လို့ ပိုခံစားရလေလေဖြစ်လာသည်။

 

 

 ယဲ့ဆွေဟာ သူမအိတ်ကို အချိန်အကြာကြီး ရှာဖွေနေခဲ့ပေမယ့် စာရွက်အပိုင်းလေးကို မတွေ့ရသဖြင့် လက်သုတ်ပုဝါကို ဆွဲယူလိုက်ပြီး ဆိုဖာရှေ့က စားပွဲပေါ်မှာချခင်းလိုက်သည်။

 

 

ယဲ့ဆွေ ဆိုဖာမှထကာ စားပွဲအစွန်းနားတွင် ထိုင်ချလိုက်သည်။ ကြမ်းပြင်ကို ကော်ဇောအထူဖြင့် ခင်းထားသောကြောင့် မည်သည့် အအေးဓာတ်ကိုမှ သူမ မခံစားရပေ။

 

 

 ပြီးတဲ့နောက်မှာတော့ ယဲ့ဆွေက အနီးအနားမှာရှိတဲ့ နေရာလွတ်ကို ပုတ်ပြီး ပြောလိုက်သည်။"လာထိုင်လိုက်၊ အဲ့တာကို ရှင့်ကို ရှင်းပြမယ် "

 

 

ချန်ရှု့က ဘယ်တုန်းကမှ ကြမ်းပြင်ပေါ်မှာ မထိုင်ခဲ့ဖူးဘူး။ ပြီးတော့ ကော်ဇောပေါ်က ယဲ့ဆွေရဲ့လက်ကို ကြည့်လိုက်သည်။ သူ စက္ကန့်ပိုင်းလောက် တွန့်ဆုတ်နေခဲ့ပေမယ့် ယဲ့ဆွေရဲ့ ဘေးမှာထိုင်လိုက်သည်။

 

 

ချန်ရှု့က အာရုံစူးစိုက်မှု အပြည့်နဲ့ လက်ကိုင်ပုဝါပေါ်မှာပုံဆွဲပြနေတဲ့ ယဲ့ဆွေကို ကြည့်လိုက်သည်။

 

 

ယဲ့ဆွေက ပထမဆုံး စက်ဝိုင်းကိုဆွဲလိုက်သည်။ ထို့နောက် စက်ဝိုင်းရဲ့အပြင်ဘက်မှာ ချန်ရှု့ရဲ့ နာမည်ကိုရေးပြီး စက်ဝိုင်းရဲ့အထဲမှာ သူမရဲ့ နာမည်ကိုရေးခဲ့သည်။

 

 

" ရှင့်လိုမျိုးလူတွေကို အပြင်လူတွေလို့ခေါ်တယ်။ ကျွန်မက စက်ဝိုင်းထဲမှာရှိနေပြီး ဖျော်ဖြေရေးနယ်ပယ်ထဲမှာ မရေမတွက်နိုင်တဲ့ စတားတွေ အများကြီးရှိတယ်။" ယဲ့ဆွေက ဖျော်ဖြေရေးက နာမည်ကြီးအနုပညာရှင်အချို့ကို ကျော်ပြီး ချန်းယင်၊ ချန်ရှို့နှင့် ကောယွဲ့တို့လို နာမည်ရှိတဲ့ သက်ဆိုင်သူများကို တိုက်ရိုက်ရေးသားခဲ့သည်။

 

 

ယဲ့ဆွေ ချန်းယင်၊ ချန်းယင်ချန်ရှို့၊ ကောယွဲ့ ယဲ့ဆွေ

 

 

 

ယဲ့ဆွေက ချန်းယင်ရဲ့ ရေးသားမှု့ကို တစ်ကြိမ် ယူခဲ့သည်။ ချန်းယင်နဲ့ ချန်ရှို့ တို့မှာ ဆက်ဆံရေးရှိသည်။  သို့သော် ကောယွဲ့ က ယဲ့ဆွေနဲ့ အခုမှ ရုပ်ရှင်ကင်မရာ အဝန်းအဝိုင်းတွင် စုံတွဲဖြစ်လာချင်သူဖြစ်သည်။

 

 

 နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက ဘောပင်ကိုကောက်ကိုင်လိုက်ပြီး ချန်ရှု့ရဲ့ နာမည်ကို ညွှန်ပြနေတဲ့ မြှားကို သူမရဲ့နာမည်တွင် ဆွဲလိုက်သည်။

 

 

ယဲ့ဆွေ ချန်ရှု့

 

 

 “ တစ်နေ့မှာ ရှင်နဲ့ကျွန်မက ဓာတ်ပုံရိုက်မယ်ဆိုရင် သရုပ်ဆောင်မင်းသမီး ယဲ့နဲ့ လျှို့ဝှက်ချိန်းတွေ့နေတယ်ဆိုပြီး သတင်းထွက်လာလိမ့်မယ်။ အရှက်မရှိတဲ့မင်းသမီးက  ယဲ့လို့မျိုးရိုးအမည်ရှိတဲ့သူ ဆိုပြီးရေးထားရင် သခင်မ ဖြစ်ချင်လို့ ဆိုပြီး သံသယတွေဝင်လာလိမ့်မယ် ”

 

 

ယဲ့ဆွေက ခါးသီးပြီး မုန်းတီးတဲ့စိတ်ကို ခံစားခဲ့ရသည်။  သူမအနေဖြင့် ဖျော်ဖြေရေးနယ်ပယ်၏ အသိပညာကို ချန်ရှု့ရဲ့ စိတ်ထဲသို့ထည့်သွင်းသင်ကြားပေးချင်ခဲ့သည်။ သို့မှသာ အနာဂတ်တွင် ချန်ရှု့က လှည့်စားခြင်းမခံရတော့မှာဖြစ်သည်။

 

 

ယဲ့ဆွေ အများကြီး ပြောလိုက်တာကြောင့် သူမရဲ့ပါးစပ်ခြောက်လာတယ်လို့ ခံစားရသည်။  သူမ မက်မွန်ဖြူဆိုဒါတစ်ပုလင်းကိုယူဖို့ မီးဖိုချောင်ဆီ သွားခဲ့သည်။

 

 

ပြီးခဲ့တဲ့အချိန်တုန်းက ချန်ရှု့က သူမသောက်ဖို့အတွက် ဒီဟာကိုပေးခဲ့သည်။ အဲ့တာကို သူ့သူငယ်ချင်းပေးခဲ့တာလို့ ပြောသည်။ သူအဲ့တာကို မကြိုက်ဘူး၊ အဲ့ဒါကြောင့် သူက သူမကိုပေးလိုက်သည်။ အဲ့နောက်မှာတော့ နောက်တစ်နေ့တွင် အိမ်၌ သေတ္တာတစ်ခုလုံးကို တွေ့မြင်ရလိမ့်မယ် မမျှော်လင့်ခဲ့ပေ။

 

 

မူလတုန်းကတော့ ချန်ရှု့ရဲ့ သူငယ်ချင်းက ဆိုဒါတစ်သေတ္တာလုံးကိုသာ ပို့ခဲ့သည်။ အဲ့ဒီ့နောက်နေ့မှာ ချန်ရှု့ ဆိုဒါထပ်ဝယ်ခဲ့ကြောင်းကို ယဲ့ဆွေ  မသိခဲ့ပေ။

 

 

ယဲ့ဆွေ သူမရဲ့နဂိုနေရာသို့ ပြန်ရောက်လာသောအခါ ချန်ရှု့က ဘောပင်ကိုကိုင်ထားပြီး ယဲ့ဆွေ ဆုတ်ထားလုနီးပါးဖြစ်နေတဲ့ လက်သုတ်ပုဝါပေါ်တွင် တစ်ခုခုကို စာရေးနေကြောင်း တွေ့ရှိခဲ့သည်။

 

 

ယဲ့ဆွေ သူ့ကိုအကူအညီမဲ့စွာ စောင့်ကြည့်နေသည်။  ချန်ရှု့က ချန်းယင်၊ ချန်ရှို့နဲ့ ကောယွဲ့တို့ရဲ့ နာမည်တွေကို အမှားတွေခြစ်ပြီးတော့ သူမရဲ့နာမည်ကို အခြားနာမည်ကြီးတွေနဲ့ အတူတူ ချိတ်ဆက်ထားသည့်မြှားတွေကို ဖြတ်ပစ်လိုက်သည်။

 

 

နောက်ဆုံးတွင် ချန်ရှု့က သူ့ရဲအမည်ကိုမြှားဆွဲကာ ယဲ့ဆွေရဲ့ နာမည်မှာ ထိုးလိုက်ပြီးတော့ စိတ်ကျေနပ်လောက်အောင် ရေးသားခြင်းကို ရပ်လိုက်သည်။

 

 

ယဲ့ဆွေ ←→ ချန်ရှု့၊ နှစ်ဦးနှစ်ဖက်ရဲ့ အလယ်တွင်ရှိသောမြှားနှစ်ချောင်းက သူတို့ကိုအတူတကွ လုံးဝကိုချည်နှောင်ထားတယ်လို့ထင်ရသည်။

 

 

လက်သုတ်ပုဝါပေါ်တွင် အေးဆေးစွာ ရေးနေဆဲဖြစ်သော ချန်ရှု့ကိုကြည့်ရင်း ယဲ့ဆွေကို ပြန်ခေါ်သွားခဲ့သည်။  သူမက ဖျော်ဖြေရေးအသိုင်းအဝိုင်းအကြောင်းနှင့် ပတ်သက်သော အမှောင်ထုများစွာကို ပြောခဲ့သည်။သူမက သူ့ရဲ့အမြင်အာရုံကို မြန်ဆန်စွာပြန်လာရန်သာ မျှော်လင့်နေသည်။

 

 

 စတားများနှင့် သရေစာဆိုင်ဖွင့်ခြင်း ရဲ့ပထမပိုင်းကို ပရိတ်သက်များက ကောင်းစွာလက်ခံခဲ့ကြသည်။ ဝဘ်တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုလုံးအပြီးတွင် ဒါရိုက်တာက တည်းဖြတ်ထားသောဗားရှင်းကို ထပ်မံထုတ်လွှင့်ခဲ့သည်။

 

 

ဒါရိုက်တာ တည်းဖြတ်ထားသော ဗားရှင်းကို ထုတ်လွှင့်ပြီးနောက် အင်တာနက်ပေါ်ရှိ ကျော်ကြားတဲ့ အရေအတွက်က ကြည့်ရှုသူတစ်ဘီလီယံ ကျော်သွားပြီဖြစ်သည်။ ယဲ့ဆွေရဲ့ချက်ပြုတ်မှု့ကလည်း ရှိုးရဲ့လူကြိုက်များမှုကို တိုးပွားစေခဲ့သည်။

 

 

 မျှော်လင့်ထားသည့်အတိုင်း ကောယွဲ့ရဲ့အဖွဲ့က လျင်မြန်စွာရွေ့လျားခဲ့ပြီး ကောယွဲ့ နဲ့ ယဲ့ဆွေတို့ကို ကောင်းစွာလိုက်ဖက်သည်ဟု ထင်မြင်ကြသော အင်တာနက်သုံးစွဲသူတွေကို အောင်မြင်စွာလမ်းလွဲစေသည့် သတင်းကိုထုတ်လွှင့်ခဲ့သည်။

 

 

ဒါပေမယ့် ရန်ကျဲက လိမ္မာပါးနပ်ပြီး ကောယွဲ့ အသင်းရဲ့ ရည်ရွယ်ချက်ကို ဂရုမစိုက်ခဲ့ပေ။ ၎င်းကိုကြည့်ခြင်းအားဖြင့် ယဲ့ဆွေက အစဉ်အဆက်အားဖြင့် လူကြိုက်အများဆုံး အနုပညာရှင်ဖြစ်လာပြီး သူမတွင်ကျောထောက်နောက်ခံ ကောင်းကောင်းရှိလိမ့်မယ်လို့စဉ်းစားခဲ့သည်။ ထို့ကြောင့် သူမသည် ယဲ့ဆွေကို အခြားထင်ရှားကျော်ကြားသူများနှင့် ပူးပေါင်းပြီး အနာဂတ်တွင် သူမ(ယဲ့ဆွေ) အလုပ်ကို ၀င်ရောက်စွက်ဖက်ခွင့်မပြုနိုင်ပေ။

 

 

 ယဲ့ဆွေက ယခုအချိန်တွင် သူမကုမ္ပဏီ၌ လူကြိုက်အများဆုံး အနုပညာရှင်တစ်ဦး ဖြစ်လာပြီး သူမတို့အဖွဲ့ထဲသို့ လူအနည်းငယ် ထပ်မံခန့်အပ်ခဲ့သည်။ လူတိုင်းသည် နာမည်ကြီးများကို စီမံခန့်ခွဲခြင်းတွင် အတွေ့အကြုံနည်းပါးသော်လည်း ကြီးမားတဲ့အင်အား ရှိသည်။

 

 

 ကောယွဲ့က ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ ယဲ့ဆွေက ဘာမှမတုံ့ပြန်သလို ဘာမှပြန်ပြောမှာလဲ မဟုတ်ပေ။ သူမက သူတို့အစီအစဉ်ကို သူစိတ်မ၀င်စားဘဲ လျစ်လျူရှု့နေလျှင် သူတို့ကိုယ်ပိုင်ဗားရှင်းကို  ပြန်ထုတ်ဝေတော့မှာဖြစ်သည်။

 

 

 ဒုတိယအပိုင်းကို တစ်ကယ့်အစအဖြစ် ရည်ညွှန်းနိုင်သည်။ သူတို့က ချာကျန့်ခေါက်ဆွဲဆိုင် ဖွင့်ပြီးတစ်နေ့လျှင်ခေါက်ဆွဲပွဲ ၂၀၀ ရောင်းနိုင်မည့် နေရာတစ်ခုကို ရွေးချယ်ခဲ့သည်။

 

 

 ဒီအစီအစဉ်ကို စောစော ရိုက်ကူးခဲ့တဲ့ အတွက် ယဲ့ဆွေက နံနက်စောစောမှာ အစည်းအဝေးတက်ဖို့ ရောက်ရှိလာခဲ့သည်။ ကောယွဲ့က ယဲ့ဆွေကားပေါ်က ဆင်းလာချိန်တွင် ပထမဆုံး ရောက်ရှိနေသူဖြစ်သည်။

 

 

 ဆောင်းဦးရာသီတွင် ရာသီဥတုက အေးလာသည်။ ယဲ့ဆွေရဲ့ အကြည့်များက ချန်ရှု့ရဲ့ အဝတ်အစားများကိုသာ ကြည့်နေခဲ့သည်။ သူမမထွက်ခွာခင်မှာ ချန်ရှု့က သူမကို ထူထဲတဲ့ပဝါနဲ့ အထပ်ထပ်ပတ်ပေးခဲ့ပြီး နာခံမှုရှိရှိစွာနဲ့ ရိုက်ကူးသည့်နေရာကို ရောက်ရှိလာခဲ့သည်။

 

 

 ကောယွဲ့က ယဲ့ဆွေကို စိုက်ကြည့်လာသည်။ ' မင်း အထူကြီးတွေဝတ်လာတာဘဲ မင်း အအေးကို ကြောက်တာလား? '

 

 

 သာမန်အချိန်များတွင် ယဲ့ဆွေက စကားများများပြောမှာဖြစ်ပေမယ့် အခုချိန်တွင် သူမကထိုစကားကို ရွှေလိုမျိုးမြတ်နိုးနေသည်။ "အအေးဒဏ် ကာကွယ်တာပါ "

 

 

 ဟားဟားဟားး!

 

 

 ကောယွဲ့က ကျယ်လောင်စွာရယ်မောရင်း သူနဲ့တွေ့ဆုံခဲ့သည့် ပထမဦးဆုံးအကြိမ်နှင့် မတူဘဲပြောင်ပြောင်တင်းတင်း ပြုံးလိုက်သည်။ အခုချိန်မှာ သူက နေရောင်ခြည်အောက်က ကောင်လေးတစ်ယောက်လိုဖြစ်နေသည်။

 

 

 ယဲ့ဆွေက စကားမပြောနိုင်လောက်အောင် စွံ့အသွားခဲ့သည်။ သူမ စကားလုံးနှစ်လုံးပဲ ပြောခဲ့တာ။ ဘယ်ဟာက ရယ်စရာပါနေလို့လဲ?

 

 

 အခြား ဧည့်သည်များတစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး ချာကျန့် ခေါက်ဆွဲ ပွဲ၂၀၀ လုပ်ဖို့ ပါဝင်ပစ္စည်းများအားလုံးကို ၀ယ်ရန်နဲ့ ပရိုဂရမ်အဖွဲ့၏ လုပ်ငန်းပြီးမြောက်ရန် လယ်သမားစျေးသို့သွားကြသည်။

 

 

 ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ပါဝင်ပစ္စည်းများ စသည်တို့နှင့် ပတ်သက်၍ ဘ၀၌အတွေ့အကြုံနည်းပါးသူဖြစ်ကြောင်း စတားများက လျင်မြန်စွာပြောခဲ့ကြသည်။ ယဲ့ဆွေမှာမူ လျော့စျေးရအောင်စစ်နိုင်ခဲ့သည်။

 

 

 ယဲ့ဆွေ -“ ရှင်တို့တွေ့လား ကျွန်မတို့အများကြီး ၀ယ်မှာဆိုတော့ စျေးနည်းနည်းနဲ့ ဝယ်ဖို့လိုတယ်။ အစီအစဉ်အဖွဲ့ကရိုက်ကူးနေတယ်၊ ​​ဒါဆို ကျွန်မတို့က ရှင့်ကို ကြော်ငြာပေးသလိုဘဲ  ”

 

 

 ကောယွဲ့က ယဲ့ဆွေကို ကြည့်ပြီးတော့ ဟင်းသီးဟင်းရွက်တွေ ရောင်းနေတဲ့ အဒေါ်ကို ကြည့်ကာ “ ဟုတ်တယ်၊ သူမကကျော်ကြားတယ်  လို့ပြောခဲ့တယ် ။

 

 

 ယဲ့ဆွေက သူမနှလုံးသားထဲတွင် ညည်းညူနေသည်။ သူမ ဂုဏ်သတင်းက ဘာလဲ? ချန်းယင်ရဲ့ကျော်ကြားမှုကို အသုံးပြုပြီးတော့လား။

 

 

 ဟင်းသီးဟင်းရွက်များ ရောင်းသော အဒေါ်သည် ကောယွဲ့ရဲ့ ပုံစံကို တွေ့မြင်ခဲ့ပြီး စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ရောင်းချခဲ့သည်။ ရလဒ်အနေဖြင့် သွမ့်မုတွင် ယဲ့ဆွေရဲ့မျက်နှာက အလွန်အံ့အားသင့်သွားသည်။

 

 

 [ဟ ဟား ဟားးး ငါတို့ ကောယွဲ့ရဲ့ ပရိတ်သတ်တွေအနေနဲ့ အသက်အရွယ်တွေက အလွန်ကျယ်ပြန့်တယ်။  မကြာခင်မှာ ခေတ်သစ်ဒရာမာကို စတင်ရိုက်ကူတော့မယ့် ကောယွဲ့ကို မြှင့်တင်ဖို့ ပိုအားထုတ်ကြရအောင် ]

 

 

 [ဤအစီအစဉ်အုပ်စုသည် အလွန်နည်းပါးလွန်းပြီး ငွေအနည်းငယ်သာပေးသည်။ ချာကျန့် ခေါက်ဆွဲပွဲ ၂၀၀ ပြုလုပ်ဖို့ ဘယ်လောက်လိုအပ်တာလဲ?  နာမည်ကြီးတွေအနေနဲ့ ဈေးနှုန်းအပေါ် အတားအဆီးဖြစ်စေတယ် ]

 

 

 [ဒါက ငါ့စိတ်ကူးလား? ကောယွဲ့နဲ့ ယဲ့ဆွေတို့ကြားအပြန်အလှန် အကျိုးသက်ရောက်မှုက အရမ်းကိုအထင်ကြီးစရာဘဲ ]

 

 

 ယဲ့ဆွေက တဲကိုဖြတ်သန်းသွားစဉ် မတော်တဆသူမ၏ခေါင်းကိုစောင်းကြည့်လိုက်ချိန်တွင် အဝေးမှသကြားလုံးသေတ္တာများထဲတွင်လဲကျနေတဲ့ နို့ဘူးကိုတွေ့လိုက်ရသည်။ အဲ့ဒါက အရမ်းကြီးသိသာခြင်းမရှိပေ။

 

 

 ယဲ့ဆွေရဲ့  ခြေလှမ်းက ချက်ချင်းရပ်တန့်သွားခဲ့သည်။  ဒီ အထိခိုက်မခံတဲ့ နို့ဘူးက အတိအကျဘဲ စားနပ်ရိက္ခါသရဲကြောင့် ဖြစ်တယ်ဆိုတာ သေချာသည်။ သူမခန့်မှန်းချက်အရ စားနပ်ရိက္ခါသရဲက နို့ဘူးနဲ့ သူ့ဟာသူပူးကပ်ပြီး အဖွဲ့ရဲ့ကားပေါ်ကိုလိုက်လာတာဖြစ်ရမည်။

 

 

 အချိန်တိုင်း ဆာလောင်မွတ်သိပ်နေတဲ့ စားနပ်ရိက္ခါသရဲ ရဲ့ အတွေးများကို သတိမပြုမိပေ။ ၂၁ ရာစုအတွင်းရှိ လယ်သမားများစျေး ဘယ်လိုထင်မြင်မိလဲ? 

 

 

 စုန့်ပိုင်က ယဲ့ဆွေကို မေးခွန်းတစ်ခု မေးလိုက်သည်။ ယဲ့ဆွေ ပြန်လှည့်ကြည့်လိုက်တဲ့အခါ နို့ဘူးက ပျောက်ကွယ်သွားပြီဆိုတာ သိလိုက်ရသည်။

 

 

 ကံကောင်းထောက်မစွာနဲ့ ကင်မရာ မှန်ဘီလူးတွင် နို့ဘူးက ရုတ်တရက်ပေါ်လာပြီး ပျောက်ကွယ်သွားတာကို မရိုက်ကူးမိခဲ့ပေ။ မဟုတ်လျှင် သွမ့်မုပေါ်၌ မငြိမ်မသက် ဖြစ်စေနိုင်သည်။

 

 

 တောင်သူစျေးကွက်တစ်ခုလုံးကို လည်ပတ်ပြီး နောက်ဆုံးတွင် သူတို့သည်အကောင်းဆုံးသော ဈေးနှုန်းဖြင့်အကောင်းဆုံးသော ပစ္စည်းများကို ၀ယ်ခဲ့သည်။

 

 

 ထိုပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် သူတို့သည် လမ်းများစွာကို လျှောက်သွားရင်း ငတ်မွတ်နေကြပြီးနံနက်စာစားရန် ခဏတာဆုံးဖြတ်ပြီးနောက် သရေစာအိမ်ကို စတင်လိုက်ကြသည်။

 

 

 စုန့်ပိုင်က ယဲ့ဆွေကို ဆွဲလိုက်သည်။  "အစ်မ၊ ညီမ ဘေးမှာထိုင်ပါ"

 

 

အဲ့စကားကို ကြားတဲ့အချိန်မှာ ကောယွဲ့က သူ့ရဲ့ ရှည်လျားသော ခြေထောက်များနှင့်အတူ ယဲ့ဆွေ ဘေးကိုလမ်းလျှောက်လာပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်ကိုတွေ့လိုက်ရသည်။

 

 

 ယဲ့ဆွေ - "...... "

 

 

 ဟင်းပွဲများကို စားဖို့စောင့်နေစဉ်မှာ ရှိုးက ဧည့်သည်များကို သရေစာဆိုင် အတွက်အလုပ်လုပ်ရန် တာဝန်ခွဲ ပေးခဲ့သည်။ ဟင်းပွဲတွေ ရောက်လာတဲ့အခါမှာ လူတိုင်းက ထင်မြင်ချက်များ ပေးခဲ့ကြပြီး စကားပြောရင်း ရယ်မောနေကြကာ လေထုက တော်တော်လေးကို သဟဇာတ ဖြစ်နေခဲ့သည်။

 

 

 ယဲ့ဆွေက သူမခေါင်းကိုငုံ့ကာ တိတ်ဆိတ်စွာစားခဲ့သည်။ ရုတ်တရက် သူမ ထမင်းစားတူမဟုတ်တဲ့ တူတစ်စုံကို သူမရှေ့တွင်တွေ့လိုက်ရသည်။

 

 

 "ဒီဟင်းက အရသာရှိတယ် " ကောယွဲ့ရဲ့ အသံသည်အလွန်နိမ့်နေကာ အရမ်းအေးလွန်းတာကြောင့် မမျှော်လင့်ဘဲ အနည်းငယ် နူးညံ့သိမ်မွေ့ပုံဖြစ်နေခဲ့သည်။

 

 

 ကောယွဲ့က သူ့ဟင်းကို ယဲ့ဆွေရဲ့ပန်းကန်ထဲ ထည့်ပေးခဲ့သည်။ သူ့လှုပ်ရှားမှုများက ချောချောမွေ့မွေ့.ဖြစ်နေပြ သဘာ၀ကျလှကာ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်နေပုံရသည်။ အမှန်တရားကို မသိသူများအတွက် များစွာလမ်းလွဲစေခဲ့သည်။

 

 

 ကောယွဲ့ရဲ့ လှုပ်ရှားမှုက သွမ့်မုပေါ်၌ ရူးသွပ်စေခဲ့ပြီး အင်တာနက်သုံးစွဲသူတွေကလည်း စိတ်လှုပ်ရှားမှုနဲ့အတူ ရူးသွပ်ခဲ့ပေမယ့် ကောယွဲ့ရဲ့ ချစ်သူပရိသတ်တွေက အရမ်းဒေါသထွက်ပြီး လူတွေကိုသတ်ချင်နေကြသည်။

 

 

 [အား ငါတစ်ခုခုကို မြင်ခဲ့တာလား? ကောယွဲ့က ယဲ့ဆွေကို အစားအသောက်ကို ထည့်ပေးခဲ့တယ်။ အဲ့ဒိလူနှစ်ယောက်မှာ တစ်ခုခုတော့ရှိရမယ်။ ငါသူတို့ကို ဒရာမာဇာတ်လမ်းထဲမှာ သရုပ်ဆောင်ဖို့ မြင်ယောင်မိပြီ ]

 

 

 [ကျွန်တော့် အစ်ကိုက တကယ်နွေးတယ်။ ငါ ယဲ့ဆွေရဲ့ နေရာကိုပြောင်းရွှေ့နိုင်ပြီး ကောယွဲ့ ရဲ့  ဂရုစိုက်မှုကို ခံယူချင်တယ်။ ]

 

 

 [ယဲ့ဆွေက ငါတို့ကောယွဲ့ရဲ့ ဟင်းကို မကောင်းဘူးထင်လို့ မစားဘူး။  သူမက အဆိုးရွားဆုံးဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးဘဲ။ သူမနဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူ ဒါမှဟုတ် သူမနဲ့ ကောင်းတဲ့ ဆက်ဆံရေးရှိတဲ့ ဘယ်သူမဆို  ဆက်စပ်မှုပြုလိမ့်မယ်]

 

 

 [ယဲ့ဆွေမှာ လှပတဲ့မျက်နှာရှိတယ်။ ဒါပေမဲ့ သူတို့အားလုံးက အပေါ်ယံတွေပဲ။ သူမက မိန်းမကောင်းမဟုတ်ဘူး။ ကောယွဲ့ကို  သူမ မလှည့်စားသင့်ဘူး။ ]

 

 

 အင်တာနက်ရဲ့ သွမ့်မုပေါ်တွင် လူအများက ပေါက်ကွဲခဲ့ပြီး ရှိုးကို မှတ်တမ်းတင်သူက သိမ်မွေ့ညင်သာတဲ့ ပတ်ဝန်းကျင်ကိုလည်း သတိပြုမိခဲ့သည်။ စုန့်ပိုင်အပြင် အခြားသူများက ကောယွဲ့နဲ့ ယဲ့ဆွေကို အဓိပ္ပါယ်ရှိရှိကြည့်ရှုပြီးနောက်မှာ သူတို့ကိုမမြင် ဟန်ဆောင်ပြီး ဆက်ကာ ပရိုဂရမ်ကို ရိုက်ကူးခဲ့ကြသည်။

 

 

 ယဲ့ဆွေက စက္ကန့်အနည်းငယ်အကြာ သတိလွတ်သွားခဲ့ပြီး  သူမကတစ်ခုခုကို တကယ်ကြောက်နေခဲ့သည်။

 

 

 ကောယွဲ့က ရုတ်တရက် ဟင်းသီးဟင်းရွက်များကို ရောထွေးခဲ့ပြီး မိသားစုကို ဦးဆောင်သူတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်။ ၎င်းသည် အင်တာနက်အသုံးပြုသူများသာမက ယဲ့ဆွေကိုယ်တိုင်လည် တုန်လှုပ်သွားခဲ့ကာ နားမလည်ခဲ့ပေ။

 

 

 အိမ်မှာ ချန်ရှု့ရဲ့ သန့်ရှင်းမှုက အလွန် လေးနက်သည်။  ဘာလို့လဲဆိုတော့ သူ့ကလေးဘဝကတည်းက လူမှုရေးမကျတဲ့သူဖြစ်ပြီး သူ့ကိုယ်ပိုင်ပစ္စည်းတွေကိုသာ သုံးကာ တခြားသူတွေနဲ့မဝေမျှခဲ့ပေ။

 

 

 ယဲ့ဆွေက ချန်ရှု့နဲ့ အစာစားချိန်၌ သူ့အလေ့အထများကို ထည့်သွင်းစဉ်းစားပြီး ချန်ရှု့ရဲ့ ဟင်းလျာများကို စားဖို့မရဲရင့်ခဲ့ပေ။  သူ့ရဲ့ ဟင်းချိုအနည်းငယ်မျှသာ စားလိုက်သည်။

 

 

 ဒါပေမယ့် ကောယွဲ့နာမည်ရှိတဲ့  ဤကြယ်ပွင့်က ဘာလို့ ဒီလောက်အရေထူရတာလဲ?  သူတို့ တွေ့ဆုံတာနဲ့ သူမကို ဟင်းထည့်ပေးနေတယ်။ နင်က ဘယ်သူလဲ?  ငါတို့တစ်ယောက်နဲ့တစ်ယောက် သိလို့လား?

 

 

 ရန်ကျဲကတော့ အမှားမကင်းဘူးလို့ ထင်ရသည်။ သူမက အရင်ကထက်ပိုပြီး လူကြိုက်များလာကာ လူတချို့က သူတို့ကိုစုံတွဲတစ်တွဲအဖြစ် ကြေငြာဖို့၎င်းကို ရပ်ခဲ့ကြတာပါ။ ယဲ့ဆွေက သူမ ခေါင်းခါလိုက်သည်။ ဒီအချိန်က ဒီအကြောင်းကို စဉ်းစားဖို့အချိန်မဟုတ်ပေ။

 

 

 သူမက ဘာမှမလုပ်ဘဲ သူမပန်းကန်ထဲက ဟင်းကို တူနဲ့ယူစားလိုက်ပါက သူမနဲ့ကောယွဲ့ကို စုံတွဲအနေနဲ့စွပ်စွဲခံရလိမ့်မည်။

 

 

 ယဲ့ဆွေက သူမရဲ့တူများကို တိုက်ရိုက်ဖယ်လိုက်ပြီး သူမ ပန်းကန်ထဲမှအစားအစာကို မထိခဲ့ပေ။ သူမက တူများကို ထမင်းစားပွဲပေါ်တွင်ချခဲ့ကာ စားနေတာကို ရပ်တန့်ခဲ့သည်။

 

 

 ကောယွဲ့က သူ့ဘေးမှာရှိတဲ့ လှုပ်ရှားမှုကို သတိပြုမိပြီး ယဲ့ဆွေ ဘက်လှည့်ကာ ဗိုက်ပြည့်နေပြီလား? ” လို့ချိုမြိန်စွာခဲ့သည်။

 

 

 ယဲ့ဆွေက ကောယွဲ့ရဲ့ မျက်လုံးများကို ကြည့်လိုက်သည်။ သူမမျက်လုံးများသည် အေးခဲနေကာ လိုင်းပေါ်မှာ ပုံဆွဲတာကို ရပ်တန့်ဖို့အရိပ်အမြွက် ပြောခဲ့သည်။

(လေထဲအိမ်ဆောက်သလိုဘဲ ယဲ့ဆွေက လိုင်းပေါ်ကလူတွေကို မဟုတ်တာ လုပ်ပြတာရပ်ဖို့ပြောတာပါ)

 

 

 ယဲ့ဆွေက ရုတ်တရက် လူတိုင်းရှေ့တွင် စကားတစ်ခွန်းကို ပြောခဲ့သည်။ “ ကျွန်မက မိသားစုနဲ့အတူ စားတဲ့အကျင့်ရှိလို့ပါ ”

 

 

 လူတိုင်းက သူတို့လုပ်နေတာတွေကို ခေတ္တဆိုင်းငံ့ထားတယ်၊ ခေါင်းထဲတွင် တုန်လှုပ်ချောက်ချားသွားကြပြီး ယဲ့ဆွေကို အာရုံစိုက်လာပြီး မေးခွန်းအမှတ်အသား ကြီးကြီးသုံးခုက သူတို့မျက်နှာပေါ်မှာရေးထားခဲ့သည် - “ ???”

 

 

 ယဲ့ဆွေ မင်းနဲ့ မင်းရဲ့မိသားစု အကျင့်က  လက်ရှိဒီဟာနဲ့ ပတ်သက်နေတာလား?

 

 

 ယဲ့ဆွေက သန့်ရှင်းစင်ကြယ်ခြင်းနှင့် ပြည့်စုံခြင်း ဟူသော စကားလုံးသုံးလုံးကို အေးဆေးတည်ငြိမ်စွာဖြင့် ပြောခဲ့သည်။ ဆိုလိုသည်မှာ ထမင်းပန်းကန်ကို ထိလိုက်တာကို ဖြစ်သည်။ သူမက သူများထိထားတဲ့ ထမင်းကို မစားချင်ခဲ့ပေ။