လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၄၁ - မကြောက်ပါနဲ့
ဖိန်နင်က သတင်းအသစ်များကို
ဆွဲကြည့်နေစဥ်မှာဘဲ ယဲ့ဆွေရဲ့ သတင်းကိုတွေ့လိုက်ရသည်။
[ယဲ့ဆွေရဲ့ သဘောသဘာဝကိုက
ပြောင်းဖို့ခက်တယ်။ သူမရဲ့ဆိုးညစ်တဲ့မျက်နှာကို ဗီဒီယိုမှာဖမ်းမိတယ်။ ]
ဖိန်နင်က ချက်ချင်းနှိပ်ကြည့်ခဲ့သည်။
ယဲ့ဆွေက ရသစုံရှိုးတွင် ယောက်ျားလေးစတားတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့တာကို လူအများစုက သူမကိုဝေဖန်နေကြတာဖြစ်သည်။ ဖိန်နင်က ယဲ့ဆွေ သူမရဲ့သဘာ၀အမှန်ကို ဖုံးကွယ်မထားနိုင်တော့ဘူးလို့
ထင်နေခဲ့သည်။ သူမရဲ့ ကောင်းနေတဲ့ထင်မြင်ချက်ကိုတော့
အနှောက်အယှက်မဖြစ်စေခဲ့ပေ။
ဖိန်နင်က ယဲ့ဆွေကို
ဝေဖန်တဲ့ အင်တာနက်သုံးသူများကိုပိုကြည့်ဖို့အတွက် ယဲ့ဆွေရဲ့ ဝေ့ပေါ်ဆီ သွားခဲ့သည်။
ဘယ်သူသိမှာလဲ သူမက လူတစ်ချို့က ယဲ့ဆွေကို ချီးမွမ်းထားတာနဲ့ တည့်တည့်တိုးမယ်ဆိုတာ။
ယဲ့ဆွေရဲ့ ငြင်းဆန်မှုနဲ့
ကောယွဲ့ ရဲ့ချိုမြိန်လှတဲ့ လှုံ့ဆော်မှုတွေက ချစ်စရာကောင်းတယ်လို့ သူတို့ကပြောကြသည့။
ယဲ့ဆွေ ရဲ့ဖော်ပြချက်က အရမ်းရယ်စရာကောင်းပြီး
အပြင်ကိုထွက်ပြေးတိမ်းရှောင်တဲ့ အမူအရာက အံ့သြစရာပဲ။
ဖိန်နင်က ယဲ့ဆွေကို
ဒီလိုအပြစ်တင် ဝေဖန်မှုမျိုးရမယ်လို့ မျှော်လင့်ခြင်းမရှိဘဲ မိမိကိုယ်ကို ခုခံကာကွယ်ဖို့
နည်းလမ်းမရှိသလောက် ဝေးဝေးသွားနိုင်မယ် ထင်ခဲ့တာဖြစ်သည်။ သူမကိုဝေဖန်သူများစွာရှိသော်လည်း
လူအချို့ကသူမကို ခုခံကာကွယ်ကြသည်။ ယဲ့ဆွေကို လူကြိုက်များမှုက တိုးတက်လာသည်။
ဒီမှတ်ချက်က ဖိန်နင်ကိုဒေါသထွက်စေပြီး
သူမကော်ဖီခွက်နဲ့ဖုန်းကို ချလိုက်သည်။ ဒီလိုစတားပေါက်စလေးကို
သူမဘာကြောင့်ဂရုစိုက်သင့်တာလဲ?
ရုပ်အဆင်းသဏ္ဌာန်
သိသာထင်ရှားမှု့ကနေ အလုပ်များအထိ ယဲ့ဆွေက သူမလိုမျိုးမကောင်းပေ။
ဒါပေမယ့် သူမက ယဲ့ဆွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ပိုမို သိလိုပြီး ယဲ့ဆွေနဲ့
တိတ်တဆိတ်ယှဉ်ပြိုင်ခဲ့သည်။
ယဲ့ဆွေကို ဘယ်အချိန်မှာ
သူမသတိထားမိခဲ့တာလဲ? ယဲ့တွေက သူမအတွက်မရှိမဖြစ်
လိုအပ်တဲ့ အရင်းအမြစ်များကို သိမ်းယူလိမ့်မယ်လို့ သူမထင်သောကြောင့် ဖြစ်သော်လည်း အခြားတစ်ဖက်တွင်
ယဲ့ဆွေက သူတို့ကိုမလိုအပ်ခဲ့ပေ။
ဒါမှမဟုတ် ယဲ့ဆွေက
တီဗီ ရှိုး မှာတုန်းက သူမကိုသိပ်ပြီး ဆွဲဆောင်ခဲ့လို့ သူမကနှစ်တွေတစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ်
အာရုံလွဲမိနေတာလား?
ဖိန်နင်က သူမဘာသာတောင်မှ
အတိအကျမပြောနိုင်ခဲ့ပေ။ သူမသိသည်မှာ သူမသည်ဤနိမ့်ကျသော အနုပညာရှင်များကို တစ်ခါမျှဂရုမစိုက်ခဲ့သော်လည်း
သူမက (ယဲ့ဆွေ) တဖြည်းဖြည်း သူမမျက်လုံးထဲ တွင်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပြီး သူမ၏စိတ်နှလုံးထဲတွင်စိုးရိမ်ထိတ်လန့်မှုကို
ဖြစ်စေခဲ့သည်။
အဲ့ဒိအချိန် ဖိန်နင်ရဲ့
လက်ကိုင်ဖုန်းက ရုတ်တရက်တုန်ခါသွားတာကြောင့် သူမလက်ကိုင်ဖုန်းကို ကြည့်လိုက်သည်။ သူမမန်နေဂျာက ဝီချက်ကနေ ဓာတ်ပုံပို့လာခဲ့သည်။ “
သူငယ်ချင်းတစ်ယောက်နဲ့ ညစာစားနေချိန်မှာ ငါနဲ့လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်......အဲ့ဒါ
ဘယ်သူလို့ မင်းထင်လဲ? ”
ဖိန်နင်က ပုံထဲမှာ
ဝမ်ချွမ်းက အဖြူရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ လူတစ်ယောက်နဲ့ ညစာစားနေတဲ့ပုံကိုထောက်ပြလိုက်သည်။
အဖြူရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ ယောက်ျားသည် ခေါင်းကိုငုံ့ကာ အစာစားနေသည်။ ပြီးတော့
သူ့ရဲ့ဘေးဘက် မျက်နှာက ပြီးပြည့်စုံတဲ့ တြိဂံထောင့်ဖြစ်သည်။
ထိုသို့သော ရိုးရှင်းတဲ့
အဝတ်များက ထိုလူရဲ့ အဆင့်အတန်းမြင့်ပုံပေါ်တဲ့ စိတ်ထားကိုဖုံးကွယ် မရပေ။
ဖိန်နင်က ဒီလူကိုသိတယ်။
အဲဒီနေ့မှာတုန်းက သူမ ကားရပ်နားရာ နေရာမှာတွေ့ခဲ့သည်။ အဲဒီတုန်းက သူမက ဟွာရွေ့ ရဲ့ဥက္ကဌလို့
သူမထင်ခဲ့ပြီး သူရဲ့စိတ်နေသဘောထားနဲ့ အသွင်အပြင်ကို သဘောကျသွားသည်။
ဒါပေမယ့် နောက်ပိုင်းတွင်
သူမသည် ထိုလူရဲ့ ကားက လူအများဆုံးသုံး သာမန်စီးကားတစ်ကားသာ ဖြစ်ကြောင်းသိခဲ့ရသည်။ ဥက္ကဌတစ်ဦးအနေနဲ့
အဲ့ဒီလိုကားမျိုး ရှိလိမ့်မည်မဟုတ်ချေ။
ထိုအချိန်က ဖိန်နင်က
ဤလူက ကြည့်ကောင်းတဲ့ပုံရှိတယ်လို့ စဉ်းစားခဲ့ပေမယ့်လည်း သူမ ဟွာရွေ့ ဥက္ကဌကိုသာ စိတ်ဝင်စားတာဖြစ်သည်။
“ဘာလို့
ကျွန်မကို ဒီယောက်ျားရဲ့ပုံ ပြတာလဲ?”
မန်နေဂျာ -“ ငါ
ဟွာရွေ့ အနီးနားက စားသောက်ဆိုင်တစ်ခုမှာ ဓာတ်ပုံရိုက်ခဲ့တာ ကျေးဇူးပြုပြီး သေချာစဉ်းစားစမ်းပါ။.ဝမ်ချွမ်းက
ဒီလူနဲ့ဘာဖြစ်လို့ညစာစားမှာလဲ? ”
ဖိန်နင်အနေနဲ့
ဝမ်ချွမ်းက ဟွာရွေ့မှာအကြီးတန်းအရာရှိတစ်ယောက် ဆိုတာသိသည်။ သူနှင့်အတူ စားသူသည် ဟွာရွေ့နှင့်ဆက်စပ်မှု ရှိကောင်းရှိနိုင်သည်။
ဒါ့အပြင်သူမက ဒီလူကို ဟွာရွေ့ ကားရပ်နားရာနေရာတွင် တွေ့ဆုံခဲ့ဖူးသည်။ သူက ဟွာရွေ့ မှာအလုပ်လုပ်ရမယ်၊
ပြီးတော့ သူ့ရာထူးကလည်း မနိမ့်ဘူး။
ဖိန်နင်က ထိုလူကိုနောက်တစ်ခါ
ကြည့်ခဲ့သည်။ ထိုသူသည် ငယ်ရွယ်သေးသည်။ သူသည် သာမန်အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း စိတ်ထားကောင်းသောသူဖြစ်သည်။
ဖိန်နင် စိတ်ထဲမှာ ရုတ်တရက် အလွန်ရဲရင့်တဲ့ စိတ်ကူးတစ်ခုရှိလာခဲ့သည်။
ဟွာရွေ့မှာ အလုပ်လုပ်တာ၊
ကိုယ်ရေးအကျဥ်းကို နိမ့်ချထားတယ်၊ ငယ်ရွယ်ပြီးတော့
အလားအလာကောင်းတယ် ပြီးတော့ ဝမ်ချွမ်းနဲ့လည်း မကြာခဏ အတူရှိတယ်..........အဖြေတစ်ခုက
ထွက်ပေါ်နေပြီးဖြစ်သည်။ ဤသူမှာ ဟွာရွေ့ရဲ့ ဥက္ကဌချန် ဖြစ်နိုင်ဖွယ်ရှိသည်။ လူတိုင်းက သူ့ကိုထုတ်ဖော်ပြောဆိုလိုသော်လည်း
သူကိုယ်တိုင်တော့မဟုတ်ပေ။
နောက်ဆုံးတွင်
ဖိန်နင်က ဥက္ကဌချန်က ထိုကဲ့သို့သော ရိုးရှင်းတဲ့ အဝတ်အစားများဝတ်ဆင်ပြီး ဇိမ်ခံကားများမမောင်းခဲ့ဘူးဆို
တစ်စုံတစ်ယောက်က လမ်းမှန်မှာရှိနေခဲ့ကာ တစ်စုံတစ်ယောက်ကတော့ သူ့ရဲ့အထောက်အထားကို သံသယဝင်နေခဲ့ပြီး
မကြာခင်မှာပဲ အကြံဉာဏ်ပေးလာလိမ့်မည်။
ဖိန်နင်က သူမရဲ့အတွေးကို
ပြန်စီလိုက်ချိန်မှာ ဥက္ကဌချန်ရဲ့ အခြေအနေတိုင်းကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်လို့
ခံစားခဲ့ရသည့။ ဖိန်နင်ရဲ့ မျက်လုံးတွေက တောက်ပနေပြီး သူမအရမ်းစိတ်လှုပ်ရှားနေခဲ့သည်။
ဥက္ကဌချန်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့
မည်သည့်သဲလွန်စကိုမျှ မသိရှိရသေးပေ။ ယခုသူမသည်နောက်ဆုံးတွင် သဲလွန်စအနည်းငယ်ကို ရရှိပြီး
သူမကိုကောင်းစွာ အသုံးချကာ ဥက္ကဌချန်က သူမအားတဖြည်းဖြည်း နှစ်သက်အောင်လုပ်မှာဖြစ်သည်။
ပြီးခဲ့သည့်ညက
အစီအစဉ် အသံသွင်းခြင်းက နံနက်စောစော၌ အဆုံးသတ်သွားခဲ့သည်။ နောက်အစီအစဉ်တစ်ခုနှင့်အတူ
အချိန်ကအလွန်နောက်ကျသွားပြီဖြစ်သည်။ ယဲ့ဆွေက အိမ်ပြန်ရောက်တာနဲ့ အိပ်ရာ၀င်ခဲ့သည်။
နောက်တစ်နေ့ နံနက်ကိုးနာရီတွင် ရန်ကျဲက ကုမ္ပဏီကိုလာဖို့
ယဲ့ဆွေကို ဖုန်းခေါ်လာသည်။ အသေးအဖွဲကိစ္စရပ်များဖြစ်ပေမယ့် ယဲ့ဆွေရှိနေဖို့ လိုအပ်သည်။
ယဲ့ဆွေက နာရီအနည်းငယ်သာ အိပ်ခဲ့ရတာကြောင့်သူမ ကုမ္ပဏီက
ထွက်လာတဲ့အခါမှာ သူမအိပ်ချင်နေတာကြောင့် မျက်လုံးမဖွင့်နိုင်တော့ဘဲ ပြန်ပြီးအိပ်မောကျသွားသည်။
ယဲ့ဆွေ အချိန်အကြာကြီး တစ်မှေးအိပ်နေခဲ့သည်။ သူမနိုးလာသောအခါ
မှောင်နေပြီဖြစ်သည်။ သူမ အချိန်အကြာကြီး အိပ်ပျော်သွားခဲ့ပြီး အနည်းငယ်မူးဝေနေသည်။
သူမရဲ့အိပ်ရာဘေးက စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကို
စစ်ဆေးပြီး အချိန်ကိုကြည့်လိုက်သည်။ ညနေ
၆ နာရီထိုးနေပြီ။ ချန်ရှု့ အိမ်ပြန်လာမယ့်အချိန်မဟုတ်သေးပေ။
မွန်းတည့်ချိန်ကနေစပြီး အခုအချိန်အထိ ယဲ့ဆွေ ဘာမှမစားရသေးပေ။
ပေါ့ပေါ့ပါးပါးဖြစ်တဲ့ တစ်ခုခုကိုချက်ပြုတ်ဖို့ သူမအိပ်ရာမှထလာခဲ့သည်။ ပြီးတော့ မနက်ဖြန်
အချိန်ဇယားရှိသေးသည်။
ယဲ့ဆွေ မီးဖွင့်ပြီးတော့ တံခါးဆီသွားလိုက်သည်။ သူမ တံခါးဖွင့်ခါနီးတွင်
တံခါးလက်ကိုင်က ဖွင့်လို့မဘူးဆိုတာကို တွေ့ရှိသွားခဲ့သည်။ ယဲ့ဆွေ မျက်မှောင်ကြုတ်လိုက်ပြီး
သူမ အကြိမ်များစွာ လှည့်နေခဲ့သော်လည်း လက်ကိုင်က မလှုပ်ရှားလာသေးပေ။ ဒါကသူမအခန်းထဲမှာ ပိတ်မိနေတယ်ဆိုတာကို ပြနေသည်။
ယဲ့ဆွေ ပျာယာခတ်နေသည်။ သူမ အိပ်ရာဘက်ကိုပြန်သွားလိုက်ပြီး
နောက်ပိုင်း သူမ မကြည့်သင့်သော အရာတစ်ခုခုကို မမြင်မိစေရန် အိပ်ရာဆီသို့ပြန်ပြေးဝင်၍
စောင်ခြုံထားလိုက်သည်။ သူမ စောင်ကိုနည်းနည်းလေးဟလိုက်ပြီး လက်ထုတ်ကာ ဖုန်းကိုယူလိုက်သည်။
ဤအချိန်တွင် ချန်ရှု့က ရုံးခန်းရှိ စာရွက်စာတမ်းများကို
စစ်ဆေးနေခဲ့သည်။ ရုတ်တရက်ဆိုသလို စားပွဲပေါ်ရှိ သူ့ရဲ့ဖုန်းကမြည်လာခဲ့သည်။ အဲ့တာ ယဲ့ဆွေပဲ။
ချန်ရှု့ ဖုန်းကိုကိုင်ပြီးနားထောင်လိုက်တော့ ဖုန်းရဲ့တစ်ဖက်ကနေ
ယဲ့ဆွေရဲ့အသံကို ကြားလိုက်ရသည်။ ယဲ့ဆွေ စောင်အောက်မှာ ပုန်းနေကတည်းက သူမရဲ့အသံဟာ အနည်းငယ်ပိတ်လှောင်နေသည်။ "ချန်ရှု့၊ ရှင့်ရဲ့အခန်းထဲမှာ သော့ရှိနေသေးလား?"
"ဘာဖြစ်လို့လဲ?" ချန်ရှု့ ရဲ့အသံက တည်ငြိမ်နေသည်။
"တံခါးလောဒ့်က
ပျက်နေတယ်။ ကျွန်မ အခန်းထဲမှာပိတ်မိနေပြီး ထွက်လာလို့မရဘူး။ ကျေးဇူးပြုပြီး ညဘက် ရှင်အိမ်ပြန်လာတဲ့အချိန်ကျရင် ကျွန်မကိုတံခါးဖွင့်ကူပေးဦး
"
ယဲ့ဆွေရဲ့ စကားကိုကြားပြီးနောက် ချန်ရှု့ ချက်ချင်းထလိုက်ပြီး
တံခါးဆီကိုအမြန်သွားလိုက်သည်။ သူလမ်းလျှောက်ရင်း “ ကိုယ် အခုလာခဲ့မယ်” လို့ပြောလိုက်သည်။
"အိုး မဟုတ်......."
ယဲ့ဆွေ စကားပြောတာ မပြီးခင် ချန်ရှု့ဖုန်းချလိုက်သည်။ နောက်တော့
မိုဘိုင်းဖုန်းမှ ဖုန်းချလိုက်တဲ့အသံက ထွက်ပေါ်လာခဲ့သည်။ ယဲ့ဆွေက အနည်းငယ် ထူးဆန်းတယ်လို့ခံစားမိပေမယ့်
အဲ့တာနဲ့ပတ်သတ်ပြီး အရမ်းကြီးမစဉ်းစားခဲ့ပေ။
ချန်ရှု့ ရုံးခန်းမှထွက်ပြီး ဓာတ်လှေကားဆီ တိုက်ရိုက်သွားခဲ့သည်။
ဝမ်ချွမ်းက စာရွက်စာတမ်းတွေ ကိုင်ထားပြီး ချန်ရှု့သို့သွားဖို့
ပြင်ဆင်နေသည်။ ဒါပေမယ့်လည်း ချန်ရှု့ ကုတ်အင်္ကျီတောင်မဝတ်ဘဲ အလျင်အမြန်.အခန်းထဲမှ
ထွက်လာတာကိုသာ မြင်တွေ့ခဲ့သည်။
“ ဥက္ကဌ?
” ဝမ်ချွမ်းက ချန်ရှု့ကိုရပ်တန့်ဖို့ ခြေလှမ်းအနည်းငယ်ကို
မြန်မြန်ဆန်ဆန်လှမ်းလိုက်သည်။
ချန်ရှု့က ဝမ်ချွမ်းရဲ့အသံကို မကြားခဲ့ပေ။ သူကဓာတ်လှေကားရှေ့မှာ
ရပ်နေပြီး ဓာတ်လှေကားတံခါးက ပွင့်လာတာနဲ့ ဓာတ်လှေကားပေါ်တက်ပြီး
ကားရပ်နားထားတဲ့နေရာကိုရောက်မယ့် ခလုတ်ကိုချက်ချင်း နှိပ်လိုက်သည်။
ဝမ်ချွမ်း ရောက်ရှိလာသည့်အချိန်တွင် ဓာတ်လှေကားတံခါးက ပိတ်သွားခဲ့ပြီဖြစ်သည်။
ဝမ်ချွမ်းက ချန်ရှု့ရဲ့ ဒီလိုပုံစံမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ 'ဥက္ကဌ ဘယ်ကိုသွားလိုက်တာလဲ?'
ချန်ရှု့ ကားမောင်းသူရဲ့ ထိုင်ခုံထဲကိုဝင်လိုက်ပြီး ကားစတီယာကို
လှည့်လိုက်ကာ အရှိန်ကိုမြှင့်ပြီး အိမ်ကိုဦးတည်သွားလိုက်သည်။
ချန်ရှု့ရဲ့ မျက်လုံးများက လမ်းပေါ်တွင်ရှိနေပြီး သူ့ရဲ့မျက်နှာအမူအရာက
အရမ်းအေးဆေးတည်ငြိမ်သည်။ဒါပေမယ့် အဲ့တာက တိတ်ဆိတ်ပြီး
အနည်းငယ်တစ်မူထူးခြားနေသည်။
ညရဲ့ အမှောင်ထုက မှောင်သထက် မှောင် လာပြီး လမ်းမီးများကလင်းထိန်နေပြီး
နီယွန်မီးလုံးများက တောက်ပနေသည်။ ချန်ရှု့ရဲ့မျက်နှာကိုဖြတ်သန်းသွားသော အလင်းရောင်များက
သူ့ရဲ့ကောင်းမွန်စွာသတ်မှတ်ထားသော အင်္ဂါရပ်များကိုပြသနေသည်။ ကားစတီယာတိုင်ပေါ်ရှိ
သူ့ရဲ့လက်ချောင်းများက အနည်းငယ်တင်းကျပ်နေခဲ့သည်။
ချန်ရှု့က ကုမ္ပဏီမှအိမ်ပြန်ရောက်ဖို့ အချိန်ကို တစ်ဝက်တိတိလျှော့ချခဲ့သည်။
ယဲ့ဆွေ အပြင်ဘက်မှဆူညံသံကို မကြားရသေးခင်မှာပဲ အဲ့အသံကလည်း မကြာလိုက်ပေ။ ချန်ရှု့က
မကြာခင်မှာပဲ အိမ်ပြန်ရောက်လာသည်။
"ချန်ရှု့?" အနည်းငယ် အဆောတလျင်လျှောက်လာနေတဲ့
ခြေသံများက တံခါးဆီမှထွက်လာသည်။
ယဲ့ဆွေ တရှဲရှဲမြည်သံနဲ့ သော့ဖွင့်တဲ့အသံကို ကြားလိုက်ရသည်။
သော့ကို သော့အိမ်ထဲထိုးထည့်လိုက်ပြီး အနည်းငယ်လှည့်လိုက်ပြီးနောက် တံခါးက မပွင့်လာခဲ့ပေ။ သော့ရဲ့အသံက ရုတ်တရက် ရပ်တန့်သွားပြီး တံခါးအပြင်ဘက်ရှိ
ခြေသံများ ပျောက်ကွယ်သွားသည်။ ချန်ရှု့ ထွက်သွားပုံရသည်။
စက္ကန့်အနည်းငယ်ကြာပြီးမှသာ ချန်ရှု့ ပြန်လာခဲ့သည်။သူက
ရုတ်တရက် သူ့ရဲ့နှုတ်ကိုဖွင့်ဟ၍ သဲသဲကွဲကွဲမကြားရတဲ့အသံက ထွက်ပေါ်လာသည်။ “ဒီနားက ထွက်သွားလိုက်။
တံခါးနားမှာ ရပ်မနေနဲ့ ”
ယဲ့ဆွေ ချန်ရှု့ပြောနေတာကို ဝိုးတိုးဝါးတားဖြစ်နေသော်လည်း
ချန်ရှု့ ဘာလုပ်ချင်တာလဲဆိုတာကို သူမနားမလည်ခဲ့ပေ။ သူမရဲ့အသံက သံသယတွေနဲ့ ပြည့်နှက်နေသည်။“ ရှင်ဘာလုပ်နေတာလဲ?”
ယဲ့ဆွေ အဝေးမှာရပ်နေတယ်ဆိုတာကို ချန်ရှု့ အတည်ပြုခဲ့သည်။
ချန်ရှု့ သူ့လက်ထဲကခွေးခြေခုံကို ကောက်ကိုင်လိုက်ပြီး တံခါးလောဒ့်ကို အားပြင်းပြင်းနဲ့ရိုက်ချလိုက်သည်။
ဘန်း!