လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၄၂ - မျက်နှာသာပေးခြင်း
ချန်ရှု့ရဲ့ မြန်ဆန်နေတဲ့နှလုံးခုန်နှုန်းက တဖြည်းဖြည်း
ပုံမှန်ပြန်လာတာနဲ့ သူ့ရဲ့ချထားတဲ့လက်တစ်ဖက်ကို ဖြည်းဖြည်းချင်းရွှေ့လိုက်သည်။
နောက်စက္ကန့်တွင် ချန်ရှု့က သူ့ရဲ့လက်ကိုဆန့်လိုက်ပြီး
အနည်းငယ်အားသုံးကာ ယဲ့ဆွေရဲ့ပခုံးကိုဆွဲလိုက်သည်။ သူက ယဲ့ဆွေရဲ့ကျောကို ဖက်လိုက်ပြီး
သူမကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ယဲ့ဆွေက မတုန့်ပြန်နိုင်ခင်မှာ ရုတ်တရက် နွေးထွေးသော ပွေ့ဖက်ခြင်းကို
ခံလိုက်ရပြီး ချန်ရှု့ရဲ့ ကိုယ်သင်းနံကို ရလိုက်သည်။
ချန်ရှု့ ယဲ့ဆွေကို မှီလိုက်တော့ သူမရဲ့အနောက်ဘက်ရှိ ကြမ်းပြင်ပေါ်တွင်
သူတို့နှစ်ယောက်ရဲ့အရိပ်က ထင်ဟပ်နေသည်။
ဒါပေမယ့် ယဲ့ဆွေက ရုန်းထွက်လိုက်တော့ ချန်ရှု့ အဲ့လိုမျိုးကြာကြာ
မဆုပ်ကိုင်ထားနိုင်ခဲ့ပေ။ ယဲ့ဆွေ နံရံပေါ်က ခလုတ်ကို တို့ထိလိုက်သောအခါ(ကလစ်)ဆိုတဲ့
အသံနဲ့ မျက်စိကျိန်းလောက်တဲ့ အလင်းရောင်က တစ်ခန်းလုံးထွန်းလင်းတောက်ပသွားခဲ့သည်။
ချန်ရှု့ အေးဆေးတည်ငြိမ်သွားပြီဆိုတာကို ယဲ့ဆွေ သတိပြုမိလိုက်သည်။
ထို့နောက် သူမ ချန်ရှု့ရဲ့ ဒဏ်ရာကို ကုသပေးရမည်။
" ရှင်ဒီကိုလာခဲ့
"ယဲ့ဆွေက ချန်ရှု့ကို ဧည့်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ယဲ့ဆွေထက် အရပ်ပိုရှည်တဲ့
ချန်ရှု့ ကတော့ ယဲ့ဆွေရဲ့အနောက်ကနေ နာခံမှုရှိတဲ့ကလေးငယ်လိုပဲ လိုက်သွားခဲ့သည်။
"ရှင့်ရဲ့လက်ကိုဆန့်လိုက် " ယဲ့ဆွေက ကျွမ်းကျင်ပိုင်နိုင်စွာ
အမိန့်ပေးလိုက်သည်။ ချန်ရှု့က နာခံမှုရှိစွာနဲ့ သူ့ရဲ့ဒဏ်ရာရထားတဲ့လက်ကို ယဲ့ဆွေအရှေ့မှာထားလိုက်သည်။
ချန်ရှု့ရဲ့ ပြင်းထန်သောဒဏ်ရာကို ကြည့်ပြီး ယဲ့ဆွေရဲ့ မျက်ခုံးတွေက
ထိစပ်လုမတက် ကျုံ့သွားသည်။ "ဆေးရုံသွားကြရအောင် "
ချန်ရှု့က“
မင်းကိုယ့်ကိုကူညီပေးလေ ” ဟု ပြတ်သားသော သဘောထားဖြင့် ငြင်းဆန်ခဲ့သည်။
“သွားမယ်
”
“
မသွားဘူး”
“ ရှင်သွားမှာလား
မသွားဘူးလား?”ယဲ့ဆွေရဲ့ အသံမှာ အနည်းငယ်ခြိမ်းခြောက်သံ ပါသည်။
ဤအချိန်တွင် ချန်ရှု့က ပြန်မဖြေဘဲ ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှမပြောဘဲ
သူ့ရဲ့လက်ကိုစိုက်ကြည့်လိုက်သည်။ ချန်ရှု့ရဲ့လှုပ်ရှားမှုကြောင့် သွေးတွေထပ်ပြီးထွက်လာသည်။
အဲ့တာကိုကြည့်ရတာ ဘယ်လောက်တောင်မှ သနားစရာကောင်းလိုက်လဲ?
ယဲ့ဆွေက ရန်မူနေတဲ့လေသံကို.သုံးရင်တောင်မှ ချန်ရှု့က သူမစိတ်နှလုံး
ထိခိုက်နေတဲ့ အတွက်ကြောင့် ထွက်လာတဲ့ ရန်မူတဲ့လေသံကို ချန်ရှု့ ဂရုမစိုက်ပေ။ သူမကြိတ်မှိတ်သည်းခံပြီး
သူ့ရဲ့ဒဏ်ရာကို ကူညီပေးဖို့သာလုပ်နိုင်တော့သည်။
“ဖူး---”
ဧည့်ခန်းထဲတွင် ပင့်သက်ရှိုက်သံတွေကို ကြားနေရသည်။
ဒါပေမယ့် ဒဏ်ရာကိုကုသနေစဉ် မျက်မှောင်ကြီးကြုတ်ပြီး လေထဲတွင်
ပင့်သက်ရှိုက်နေသောအသံက ယဲ့ဆွေရဲ့ နှုတ်မှထွက်လာတာဖြစ်သည်။
ဒဏ်ရာရတဲ့သူ ချန်ရှု့က ထိုနေရာ၌ တိတ်ဆိတ်စွာထိုင်နေသည်။ သူ့ရဲ့မျက်နှာပေါ်ရှိ အမူအရာကို တစ်မိနစ်လေးတောင်
မပြောင်းလဲခဲ့ပေ။
မသိတဲ့သူကတော့ ဒဏ်ရာရနေတာက ယဲ့ဆွေလို့ ထင်ကြလိမ့်မည်။ ချန်ရှု့က
သူမရဲ့တုံ့ပြန်မှုကိုကြည့်ဖို့ မကူညီနိုင်ခဲ့ပေ။
ချန်ရှု့က ဘာမှမပြောဘဲ ယဲ့ဆွေကိုကြည့်နေသည်။ ယဲ့ဆွေ ဒေါသအနည်းငယ်ထွက်နေပြီး “ကျွန်မရှင့်အတွက် နာကျင်မှုကိုခံစားနေရတယ်။ ရှင်ကောနာကျင်တာကို
မခံစားရဘူးလား?”လို့ ပြင်းထန်သောလေသံနဲ့ ပြောလိုက်သည်။
ချန်ရှု့က ရုတ်တရက် စိတ်မသက်သာသလို ခံစားလာရပြီး စိတ်တော့ဆိုးမနေပေ။
သူကနာခံမှုရှိရှိဖြင့် ခေါင်းကိုထပ်ငုံ့လိုက်ပြီး သူ့လက်ပေါ်ကဒဏ်ရာကို ပါးစပ်ထောင့်များက
အနည်းငယ်ကော့တက်ရင်း ကြည့်လိုက်သည်။
ယဲ့ဆွေ ဒဏ်ရာကို အသေအချာ ကိုင်တွယ်နေတာက နာရီဝက်ကျော်ကြာနေပြီ။
"မှတ်ထားနော် ရေမထိမိစေနဲ့၊ စပ်တဲ့အစားအစာတွေ မစားနဲ့၊
ပင်လယ်စာတွေ မစားနဲ့၊ အိပ်ရာပေါ်မှာ လှည့်တဲ့အခါကျရင်အဲ့တာကို မဖိမိစေနဲ့၊ အဝတ်လဲတဲ့အချိန်ကျရင်........."
ယဲ့ဆွေ စကားတွေအများကြီးပြောပြီး သက်ပြင်းချလိုက်သည်။
" ရှင်.ဂရုစိုက်ဖို့လိုတဲ့ ကိစ္စတွေကို ကျွန်မချရေးထားတယ်။ ရှင်မမေ့နဲ့နော် ပြီးတော့ လျှောက်ကလိမနေနဲ့"
ယဲ့ဆွေ စကားပြောသည့်အခါ
ချန်ရှု့က သူ့ရဲ့ခေါင်းကိုတစ်ခါညိတ်လိုက်သည်။ တံခါးကို ရိုက်ရိုးဖို့ အကောင်းဆုံးလုပ်ခဲ့တဲ့သူ
ချန်ရှု့နဲ့မတူနေပေ။
ထိုအရာများကိုရှင်းပြပြီးသောအခါ ယဲ့ဆွေ သူမရဲ့အခန်းသို့
ပြန်သွားလိုက်သည်။
နောက်တစ်နေ့တွင် ယွဲ့ဆွေ အိမ်မှစောစောထွက်သွားလိုက်သည်။
ချန်ရှု့ အခန်းထဲမှထွက်လာသောအခါ ယဲ့ဆွေ ထွက်ခွာသွားပြီဖြစ်သည်။ သူမရဲ့ တံခါးကအနည်းငယ်ပွင့်နေပြီး တံခါးကိုရိုက်ချိုးခံထားရသည့်
အမှတ်အသားများ ရှိနေသေးသည်။
ချန်ရှု့က သူဘာတွေ တွေးနေတယ်ဆိုတာကို မသိခဲ့ပေ။ သူ့မျက်လုံးတွေက မည်းနက်နေသည်။ သူဝင်ပေါက်ကို သွားလိုက်ပြီး
အပြင်ထွက်ဖို့ ဖိနပ်စီးလိုက်သည်။ သူ တံခါးပေါ်မှာကပ်ထားတဲ့ စက္ကူတစ်ရွက်ကို တွေ့လိုက်ရသည်။
ထိုစက္ကူတွင် မှတ်စုများစွာရေးထားသည်။ ယဲ့ဆွေရဲ့ လက်ရေးမှာ
လက်ရာမြောက်ပြီး စာအားလုံးမှာ အလွန်အသေးစိတ်ရေးထားတာဖြစ်သည်။
ချန်ရှု့ ထိုစက္ကူကို တံခါးဆီမှ ဂရုတစိုက် ဖယ်ရှားလိုက်ပြီး
အလုပ်မသွားခင် သူ့ရဲ့အိတ်ကပ်ထဲသို့ ခေါက်ထည့်လိုက်သည်။
တတိယပိုင်းရဲ့ ရိုက်ကူးချိန်က ရှေ့တိုးလာခဲ့သည်။ ယဲ့ဆွေအနေဖြင့်
အိမ်၌ရက်အနည်းငယ် အနားယူခြင်းမရှိသေးပေ။ ဒီအပိုင်းကို မှတ်တမ်းတင်ဖို့ ငြီးငွေ့လာခဲ့သည်။
ဒီအပိုင်းမှာ အထူး
ဧည့်သည်တစ်ယောက်ရှိမယ်လို့ပြောပေမယ့် သူမ နေ့တစ်ဝက်လောက်ပဲ လာနိုင်ပြီး တတိယအပိုင်းကို
နှစ်ရက်အတွင်း မှတ်တမ်းတင်ထားရမည်။
ယဲ့ဆွေက မူလ အထူး ဧည့်သည်ဟာ ဖိန်နင် ဖြစ်သည်ဆိုတာကိုသာ
တွေ့မြင်ဖို့ ရိုက်ကွင်းသို့ ရောက်ရှိလာခဲ့သည်။
ပရိုဂရမ် အဖွဲ့က ဖိန်နင်ကို ထည့်သွင်းစဥ်းစားထားသည်ဆိုတာက
အံသြစရာမဟုတ်ပေ။ ရသစုံရှိုးတွေမှာ ပါ၀င်လေ့မရှိသော သူမကဲ့သို့နာမည်ကြီး စတားတစ်ဦးက
ဒီအစီအစဉ်တွင် သူမရဲ့မျက်နှာကိုပြသခြင်းဖြင့်သာ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။
ဖိန်နင်က ယဲ့ဆွေကို နင်းချေဖို့ 《စတားများနှင့် သရေစာဆိုင်ဖွင့်ခြင်း 》သို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသည်ကို လက်ခံလိုက်ကြောင်း
ယဲ့ဆွေက မသိခဲ့ပေ။
ရုပ်ရှင်နှင့်ဆက်သွယ်နေသော 《ယွဲ့ချုံး ကျို့ယွမ်》ရှိလူများက
ဖိန်နင်က ယဲ့ဆွေရဲ့ အမှိုက်ကို ကောက်ယူလိုက်သည်ဆိုတာကို အားလုံးသိကြသည်။ သူမရဲ့စိတ်ထားအရ ဒီကိစ္စကို အမျက်ဒေါသထွက်ကာလက်မခံနိုင်ပေ။
အဖွဲ့က ဒီနေ့တစ်ဝက်ရဲ့အစီအစဉ်ကို
ယနေ့ည ရိုက်ကူးမည်ဟု အစပိုင်းကတည်းကပြောထားပြီး ကျန်နေသည့်ဟာကို မနက်ဖြန်နံနက်မှာ ရိုက်ကူးလိမ့်မည်။
စတားဧည့်သည်အုပ်စုတစ်စုက အတူတူထိုင်ကြပြီး မနက်ဖြန်ရဲ့အစားအစာအတွက်
စျေးနှုန်းသတ်မှတ်ဖို့အတွက် သူတို့က အစားအသောက် အပ်ပလီကေးရှင်းကို အသုံးပြုခဲ့ကြသည်။
စပွန်ဆာရဲ့ကြော်ငြာ
အတွေးအခေါ်တွေက အလွန်တင်းကျပ်သည်။
စုန့်ပိုင်က သူ့လိုင်းကိုကျွမ်းကျင်မှုနဲ့ ရွတ်ဆိုလိုက်သည်။ “ အစားအသောက် အပ်ပလီကေးရှင်းကို.ကြားဖူးလား? စျေးပေါပြီး အရသာရှိတဲ့အစားအစာကို ဘယ်လိုရှာရမလဲဆိုတာ
ရှင်တို့သိချင်လား?”
ဝမ့်ရှောင်က စပြီး အော်ဒါမှာလိုက်တော့ လူစုတစ်စုက ၎င်းကိုဆွေးနွေးဖို့
စုရုံးခဲ့ကြသည်။ “ ငါဝက်ခြေထောက်နှပ်တွေ စားချင်တယ်၊
စွပ်ပြုတ်စပ်စပ်စပ်လေး စားချင်တယ်၊ ဆားရည်စိမ်ထားတဲ့အသီးအရွက်နဲ့ငါးကို စားချင်တယ်......... ”
ဖိန်နင်က အရူးတစ်ယောက်လိုမျိုး စင်ကိုကိုင်ပြီး ဒီအမျိုးသမီးငယ်လေးအုပ်စု
သူတို့ဆိုင်မှာ ကြော်ငြာနေတာကို စောင့်ကြည့်နေသည်။
“
ရှင်တို့ စားချင်လား?” ယဲ့ဆွေက လူတိုင်းကိုရုတ်တရက်
ကြားဖြတ်ပြီးပြောလိုက်ကာ ပရိုဂရမ်စီးဆင်းမှုက နစ်မြှုပ်နေတဲ့ကြော်ငြာမှ အဓိကဆိုလိုရင်းသို့
ချောချောမွေ့မွေ့နဲ့ပြန် ရောက်စေခဲ့သည်။
စုန့်ပိုင်နဲ့ ဝမ့်ရှောင်တို့ ခေါင်းညိတ်လိုက်ကြသည်။ ကောယွဲ့
လည်းတဖြည်းဖြည်း မော့ပြီး ယဲ့ဆွေ ကိုကြည့်လိုက်သည်။ သူ့မျက်လုံးတွေက ရှုပ်ထွေးသွားပြီး
စကားပြောနိုင်တော့ပေ။
ယဲ့ဆွေ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးလိုက်သည်။“
ကျွန်မ အဲ့တာကိုလုပ်မှာပေါ့”
စားဖိုမှူး ကူကျောက် - "မင်းမနက်ဖြန်ရဲ့ ဟင်းလျာတွေကို
ဆုံးဖြတ်နိုင်ပါ့မလား"
ဧည့်သည် တော်တော်များများက ရယ်ပြီးရင်း ရယ်မောကြပေမယ့်
ဖိန်နင်ကတော့ လုံးဝဝင်လို့မရဘူး။ သူမရဲ့ ပတ်ပတ်လည်ရှိ လူများကြောင့် ဒီကြီးမားတဲ့မြင်ကွင်းကို
မတွေ့ရဘူး။
[ဟားဟားးဟားးး ဒီ ဧည့်သည်တွေက ယဲ့ဆွေရဲ့ အချက်အပြုတ် ကျွမ်းကျင်မှုကြောင့်
သူမရဲ့ ပရိသတ်တွေဖြစ်လာပြီ။ ယဲ့ဆွေရဲ့မျက်နှာ အမူအရာကြောင့်နဲ့ ဒီရသစုံရှိုးကို သိလာတာက
ငါတစ်ယောက်ထဲလား? ]
[+1 နင်တစ်ယောက်တည်း
မဟုတ်ဘူး။ ငါကနတ်ဘုရားမ ဖိန်နင်ကိုလာကြည့်တာ ဒါပေမယ့် ယဲ့ဆွေရဲ့ ပါရမီနဲ့ စုပ်ယူခံရဖို့ကို
ငါ မမျှော်လင့်ခဲ့ဘူး။ ]
[ပရိုဂရမ် အဖွဲ့ ဒီကိုကြည့်ပါဦး! ချန်းယင်ကို နောက်တစ်ခေါက်ကျရင် ဖိတ်ခေါ်ပြီး ဒီမြင်ကွင်းကို
ဗြောင်းဆန်သွားတာကို ကြည့်ချင်လို့ ရှင်တို့ဖိတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါရိုက်တာက
အဲ့တာကိုအမြန်စီစဉ်ပေးပါ ]
[ချန်းယင်က မကြာသေးခင်အချိန်က
ရုပ်ရှင်ရိုက်နေတယ်။ နောက်ထပ်သူမကို မထုတ်ပါနဲ့။ နင်သူမကိုဘယ်လောက်အထိ အိုးမည်းသုတ်ချင်နေတာလဲ?
ချန်းယင်ကို ချန်ထားလိုက်ပါ။ ယဲ့ဆွေက လွတ်လပ်ပြီး၊ လှပတယ်။ ကျေးဇူးတင်ပါတယ်! ]
ဖိန်နင် ဒီလောက်မြင့်မားတဲ့စျေးနှုန်းနှင့်အတူ ပထမတန်းစား
စတားက ယဲ့ဆွေရဲ့ အမူအရာ အထုပ်အပိုးထက်ပိုပြီး အင်တာနက်သုံးစွဲသူတွေကို ဆွဲဆောင်နိုင်မှ
ရသစုံရှိုးတွင် အရမ်းသာမန်ဖြစ်ခဲ့သည်။
လူတိုင်းက ဒီနေရာမှာရှိနေစဥ် ယဲ့ဆွေ မီးဖိုချောင်ထဲမှာ ထပ်ပြီး အလုပ်များနေပုံတို့ကို
ဖိန်နင် စောင့်ကြည့်နေခဲ့သည် ။ယဲ့ဆွေက ဒီနေရာမှာ ကျောရိုး(မဏ္ဍိုင်) ဖြစ်ချင်နေတဲ့ပုံပဲ။
ပထမတန်းစား စတားဖြစ်သူ ဖိန်နင်က မီးဖိုချောင်တွင် ခဏတာရပ်နေသော်လည်း
မည်သူတစ်ဦးတစ်ယောက်မှ လာမမေးမြန်းကြပေ။ သူမရဲ့ ကြီးမားတဲ့စတားအရှိန်အဝါနဲ့ လူတွေကို
သူမအနားကနေ ဝေးဝေးသွားကြဖို့ ငြင်းဆန်နေပုံရသည်။
ဖိန်နင်က အံကြိတ်လိုက်ပြီး
ယဲ့ဆွေကို အလွန်မုန်းတီးစွာဖြင့် သူမလုပ်နိုင်သမျှရှိ၊ မရှိသိရဖို့ မေးဖို့သာဖြစ်လာသည်။
ယဲ့ဆွေက သူမကို
ဘာလုပ်တတ်လဲဟု မေးလိုက်သည်။ -“ ဟင်းသီးဟင်းရွက်တွေ လှီးတတ်လား၊ မွှေကြော်တတ်လား၊ အသီးအရွက်တွေ
ချက်တတ်လား....."
ဖိန်နင် ခေါင်းခါလိုက်သည်။ အလုပ်ကလွဲလို့ သူမရဲ့လက်နဲ့ ဘာကိုမှမလုပ်ဖူးဘူး။
ဘာလို့လဲဆိုတော့ အရာအားလုံးကို တစ်စုံတစ်ယောက်က ဂရုစိုက်ပေးထားလို့ပဲ။ ယဲ့ဆွေက စုန့်ပိုင်ကို
ခေါ်လိုက်ပြီး ဖိန်နင်ကို သင်ပေးဖို့ တောင်းဆိုလိုက်သည်။
ဖိန်နင်က လွတ်လပ်သော
ဗဟုသုတရှိသည့် ဆယ်ကျော်သက် စုန့်ပိုင်ကို တွေ့မြင်ခဲ့ပြီး ယဲ့ဆွေက သူမကို တမင်သက်သက်
အရှက်ရစေခဲ့သည်ဟု ထင်မြင်လိုက်သည်။ သူမက ကြိတ်မှိတ်သည်းခံခြင်းနှင့် ကြောင်တောင်တောင်
ကလေးမလေးဆီမှ သင်ယူတာကိုသာလုပ်နိုင်တော့သည်။
လူတိုင်း အလုပ်များနေကြသည့်အချိန်တွင်
ယဲ့ဆွေက ဧည့်ခန်းဘက်ကို အမှတ်မထင်ကြည့်လိုက်တဲ့အခါ စာနပ်ရိက္ခါတံဆိပ်ခေါင်း သရဲကို
တွေ့လိုက်ရသည်။ စာနပ်ရိက္ခါတံဆိပ်ခေါင်း သရဲက ပြုံးဖြဲဖြဲလုပ်နေပြီး လှပသောသကြားလုံး
အထုပ်ကိုကိုင်ထားသည်။
ယဲ့ဆွေက လက်ဖက်ရည်စားပွဲနားကို တိတ်တဆိတ်လျှောက်သွားလိုက်ပြီး
သူ့ရဲ့အိတ်ကပ်ထဲက သကြားလုံးစက္ကူအနည်းငယ်ယူဖို့ ပြည်သူလူထုရဲ့ အာရုံမစိုက်ထားမှုကို
အခွင့်ကောင်းယူခဲ့သည်။
ဒါပေမယ့် သူမအဲ့တာကို ဖယ်ထုတ်ခင်၊ အင်တာနက်အသုံးပြုသူတွေက
ထူးဆန်းတဲ့တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်သည်။
“ငါအခု လက်ဖက်ရည်စားပွဲပေါ်မှာ တစ်ခုခုကိုတွေ့လိုက်လားလို့?
ကင်မရာက နောက်တစ်ခါ ထပ်ပျောက်သွားပြန်ပြီ”
[ နင် မမှားဘူး။
ယဲ့ဆွေက အဲ့တာကို သိမ်းသွားတာ။ ယဲ့ဆွေ နင်ကအရမ်းတည်ငြိမ်နေတာဘဲ။ အံသြစရာကောင်းတယ်လို့
မခံစားရဘူးလား? သူမမကြာခဏ ပုံမှန်မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ဟာနဲ့
တွေ့ဆုံဖူးတာလား? ]
[ဦးတည်ရာက ရုတ်တရက်ကြီး ထူးဆန်းလာပြီ။ ဒါက အစားအစာ၊ ပုံမှန်မဟုတ်တဲ့
လျှို့ဝှက်ဆန်းကြယ်တဲ့ရှိုးပဲဖြစ်ရမယ်။ ]
အဆိုပါ ပရိုဂရမ်အဖွဲ့ရဲ့
အံ့ဖွယ်မြင်ကွင်းများက အွန်လိုင်းပေါ်သို့စတင် ပျံ့နှံ့သွားသည်။ အင်တာနက်သုံးစွဲသူရဲ့
တန်ဆာဆင်ထားတဲ့အရာက အဆုံး၌ ပြန့်နှံ့သွားပြီး ပို၍ပို၍ကောင်းလာခဲ့သည်နှင့် ယဲ့ဆွေက
ဝိညာဉ်ရေးရာခန္ဓာကိုယ်ဖြစ်လာသည်။
ဟုတ်ပါတယ်၊ ဤသည်မှာ အင်တာနက်သုံးစွဲသူတွေရဲ့အလှမ်းဝေးတဲ့
မှန်းဆချက်သာဖြစ်ပြီး လူအများစုက အဲ့တာကိုမယုံကြည်ကြပေ။
ယဲ့ဆွေအစီအစဉ်ကို
ရိုက်ကူးပြီးတဲ့နောက် သူမကားပေါ်တက်ပြီး အိမ်ပြန်သွားခဲ့သည်။ ယဲ့ဆွေ ကားနောက်ဘက်က ထိုင်ခုံတွင်
မျက်လုံးမှိတ်လျက် အနားယူနေစဉ် ရှောင်လျှို့က အရှေ့မှာ ကားမောင်းနေသည်။
ယဲ့ဆွေ အရမ်းပင်ပန်းနေတာကြောင့် အိပ်မောကျနေသည်။ ရှောင်လျှို့က
သူမကို နှိုးလာသည့်တိုင်အောင် သူမဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲဆိုတာကို မသိပေ။
"ဆွေဆွေ အိမ်ရောက်နေပြီ "
ယဲ့ဆွေ သူမရဲ့မျက်လုံးတွေကို
ဖွင့်လိုက်ပြီး တံခါးကိုဆွဲဖွင့်ကာ ကားထဲမှ ထွက်လာသည်။ ရှောင်လျှို့က ကားနောက်ခန်းသို့သွားပြီး
ပစ္စည်းများကိုယူဖို့ အဆင်သင့်ဖြစ်ခဲ့သည်။ ယခုအချိန်တွင် ရှောင်လျှို့ရဲ့ စိတ်ရှုပ်ထွေးနေသောအသံက
အနောက်ဘက်မှ ရုတ်တရက်ထွက်လာသည် -“နို့ တစ်ဘူးက ဘာလို့ဒီနေရာမှာရှိနေတာလဲ? ”
နို့ဘူး???
ယဲ့ဆွေ ချက်ချင်းနိုးကြားလာသည်။
တံဆိပ်ခေါင်း သရဲများလား? ငါနဲ့အတူ အိမ်ကိုလိုက်လာတာလား? ယဲ့ဆွေ မှင်သက်နေတုန်း ရှောင်လျှို့က
နို့ဘူးကိုယူပြီး သူမဆီကိုလာခဲ့သည်။
"ဆွေဆွေ၊ ဒါကနင့်ဟာလား?"
ဒီ malted နို့ဘူးဆီမှာ တွယ်ကပ်နေတဲ့ သရဲရှိတယ်လို့ ယဲ့ဆွေ
မပြောနိုင်ဘူး။ သူမကမာမာဆက်ဆက် နဲ့ပြောလိုက်သည်။ ".....ဟုတ်သလိုလိုပဲ "
“ ဒီပစ္စည်းက ရောင်းနေတုန်းပဲပေါ့။
ယဲ့ဆွေ နင် ဘယ်ကနေ ဝယ်လာတာလဲ? ဒါက အရသာရှိလို့လာ?”
ယဲ့ဆွေက ရှောင်လျှို့ကို ပဟေဋ္ဌိဆန်တဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။
“ ….......” ကျစ် ရှောင်လျှို့ရဲ့ သိချင်စိတ်က
အမြဲတမ်းပြင်းထန်နေတယ်။
ရှောင်လျှို့က စကားပြောတာကိုရပ်လိုက်ပြီး နို့ဘူးကို ယဲ့ဆွေ ရဲ့လက်မောင်းထဲ ထိုးထည့်လိုက်သည်။
"ရော့ ။ငါအရင်သွားတော့မယ် " ယဲ့ဆွေ နို့ဘူးကို သတိမပေးဘဲ ကိုင်ထားပြီး အဲ့တာကို
တင်းတင်းကျပ်ကျပ် ကပ်ထားခဲ့သည်။
ရှောင်လျှို့က ကားပေါ်ကိုတက်သွားပြီး ယဲ့ဆွေကို အမူအရာမဲ့စွာ
ချန်ထားခဲ့သည်။
ယဲ့ဆွေက အလျင်အမြန် နို့ဘူးကို လမ်းဘေးမှာချထားလိုက်ပြီး
အိတ်ကိုကောက်ကိုင်ကာ အရှေ့ဘက်ကို မြန်မြန်လျှောက်သွားလိုက်သည်။ သူမစိတ်ထဲကနေ တိတ်တဆိတ်
ပြောလိုက်သည်။ 'ငါကိုရှာမတွေ့ပါစေနဲ့၊ငါ့ကိုမတွေ့ပါစေနဲ့။ '
ဒါပေမယ့် ယဲ့ဆွေရဲ့ အပတ်ကကုတ် ဆုတောင်းခြင်းက အကျိုးမသက်ရောက်ခဲ့ပေ။
[ ဒက် ဒက် ဒက်—]
ယဲ့ဆွေက ရုတ်တရက် သူမအနောက်က လှိမ့်လာနေသောအသံကို ကြားလိုက်ရသည်။
မြေကြီးတစ်လျှောက်ကို တစ်စုံတစ်ခုက ညင်ညင်သာသာ ပွတ်တိုက်နေပြီး ရှင်းလင်းသော ပွတ်တိုက်သံကို
ဖြစ်ပေါ်စေသည်။
မြေပြင်ပေါ်တွင် လှိမ့်ပြီးသူမရဲ့ ဦးတည်ရာကိုလာနေတဲ့ နို့ဘူး
ကိုကြည့်ရင်း ယဲ့ဆွေ ဆံပင်တွေထောင်လာသည်။ ယဲ့ဆွေ ရပ်လိုက်တာကိုမြင်တာနဲ့ နို့ဘူး ရွေ့လျားနေတာကလည်း
ရပ်တန့်သွားသည်။
အား ! ဒီထူးဆန်းတဲ့မြင်ကွင်းက
ယဲ့ဆွေ ရဲ့ မျက်လုံးကို တိုက်ရိုက်ထိမှန်သွားသည်။ ယဲ့ဆွေနောက်ထပ် အဲ့တာကို ပြန်မကြည့်ရဲတော့ပေ။
သူမ အရှေ့က လှေကားထစ်များဆီကို ဆက်လျှောက်သွားပြီး အနောက်ဘက်ရှိ ပုံရိပ်ကို စိတ်ကူးမရဲခဲ့ချေ။
ယဲ့ဆွေ လှေကားပေါ် တက်လိုက်သည်။ ဤအချိန်တွင် သူမနောက်ထပ်အသံတစ်သံကို ကြားလိုက်ရသည်။
ဒက် ဒက် ...
ယဲ့ဆွေ မကူနိုင်မကယ်နိုင်စွာ ပြန်ကြည့်လိုက်သည်။ ထို နို့ဘူးက
ရှေ့အဆင့်တွင် အခိုင်အမာကျရောက်သည့်တိုင်အောင်“
ဒက်” ဆိုတဲ့အသံနှင့် အခြားအဆင့်တိုင်းကို
ခုန်တက်နေခဲ့သည်။
ထို့နောက် နို့ဘူးက ဒီလှုပ်ရှားမှုအတိုင်း ထပ်ခါတလဲလဲလုပ်ပြီး
အဆင့်များစွာကို ခုန်တက်ခဲ့သည်။ ယဲ့ဆွေကို ဆက်သွားဖို့ အဲ့တာဆုံးဖြတ်စေခဲ့သည်။
ယဲ့ဆွေရဲ့ မျက်လုံးများကို ထပ်မံထိမိပြန်သည်။ သူမက ယင်ကောင်နဲ့တူတဲ့ ဓာတ်လှေကားပေါ်တက်ပြီး မြန်မြန်ဆန်ဆန်ခလုတ်ကို နှိပ်လိုက်သည်။
သူမ ဓာတ်လှေကားတံခါးကို ငေးကြည့်ရင်း မကြာခင်ပိတ်တော့မည်ဆိုတာကို မြင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ဓာတ်လှေကားတံခါးရဲ့ အက်ကြောင်းမှ အရိပ်အနက်ရောင်က
တောက်ပနေသည်။ အနက်ရောင် အရိပ်ရောက်လာသောအခါ ဓာတ်လှေကားတံခါးက ပိတ်သွားသည်။
ယဲ့ဆွေရဲ့ နှလုံးက လုံးလုံးကိုနစ်ဝင်သွားတော့သည်။
ဤအချိန်တွင် နို့ဘူးရဲ့
အခွံမှ အနက်ရောင်အရိပ်က တဖြည်းဖြည်းပေါ်ထွက်လာသည်။ သူမက ပျက်စီးလွယ်ပြီး ရှေးဟောင်းစတိုင်ကျသော
အဝတ်အစားများကို ဝတ်ထားသည်။ သူမကတော့ အစားအသောက် တံဆိပ်ခေါင်း သရဲ ဖြစ်သည်။
အစားအသောက် တံဆိပ်ခေါင်းသရဲက
ယဲ့ဆွေကို ခြောက်လန့်ဖို့ ကြောက်ရွံနေသလိုပဲ။ သူမက အရှေ့ကို မတိုးခဲ့ဘူး။ သူမရဲ့မျက်လုံးတွေက
မျက်ရည်ကျနေပြီး တိုးတိုးလေးပြောနေသည်။
“တစ်ယောက်ယောက်ကို
ရှာဖို့ ရှင် ကျွန်မကို ကူညီပေးလို့ရမလား?”