အပိုင်း ၄၃
Viewers 10k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၄၃ - ရှင်သရဲရှိတယ်ဆိုတာ ယုံလား?

 

 

 

 ယဲ့ဆွေက ပထမဆုံးအနေနဲ့  အစားအသောက် တံဆိပ်ခေါင်းသရဲရဲ့ အသွင်သဏ္ဌာန်ကို အနီးကပ် မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး သူမက စုတ်ပြဲနေတဲ့ အင်္ကျီ..ကို ဝတ်ဆင်ထားပြီး  ဆံပင်ကို ကျစ်ဆံမြီး နှစ်ခုကျစ်ထားခဲ့သည်။ အချို့ သရဲက သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားပေမယ့် ဒီ အစားအသောက် တံဆိပ်ခေါင်းသရဲ အနေနဲ့ အာဟာရချို့တဲ့တာနဲ့ နေမကောင်းဖြစ်နေတာက ပေါ်လွင်နေခဲ့ကာ သူမမျက်နှာတစ်ခုလုံးမှာလဲ ဆာလောင်တာကို ဖော်ပြနေသည်။ 

 

 

 ယဲ့ဆွေက အသက်ပြင်းပြင်းရှူပြီး မေးလိုက်သည်။ “ ကျွန်မ ရှင့်ကိုဘယ်လိုကူညီရမလဲ?”

 

 

 အစားအသောက် တံဆိပ်ခေါင်းသရဲရဲ့ မျက်လုံးတွေက လင်းလက်နေပြီး နောက်တစ်စက္ကန့်မှာ ရှက်ရွံ့စွာဖြင့် သူမ ခေါင်းကိုငုံ့ကာ သူမ လက်ချောင်းများကို တစ်ချောင်းနဲ့တစ်ချောင်း ရစ်ပတ်နေပြီး လိမ်ကာကစားနေခဲ့သည်။

 

 

 "ကျွန်မရဲ့ ပထမဆုံးအချစ်ကို ရှာဖို့ရှင့်ကို ကူညီစေချင်တာပါ "

 

 

 အစားအသောက် တံဆိပ်ခေါင်းသရဲက စကားပြောပြီးတဲ့အခါမှာ သူမကခေါင်းကိုမမော့ဘဲ မြေကြီးကိုစိုက်ကြည့်နေသည်။ ယဲ့ဆွေက ဓာတ်လှေကားထဲမှာ အပေါက်တစ်ပေါက် ထွက်လာမှာကို ကြောက်နေခဲ့သည်။

 

 

 ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ရုတ်တရက် ၀င်လာလျှင် ယဲ့ဆွေက မြေပြင်ပေါ်မှာရှိတဲ့ နို့ဘူးကိုစိတ်လှုပ်ရှားစွာနဲ့ စကားပြောနေတာကို တွေ့ရမှာဖြစ်သည်။

 

 

 ပြီးတော့ ဒီနေရာက အခြားနေရာများထက် သရဲကပိုနည်းနေတာဘဲရှိသည်။ သရဲတွေက ယဲ့ဆွေ သူတို့ကိုမြင်တယ်ဆိုတာ သိသွားမယ်ဆိုရင် သူတို့က သူမကို တစ်ယောက်ပြီးတစ်ယောက်ပြောပေးဖို့ စိတ်အနှောက်အယှက်ပေးကြမှာဖြစ်သည်။

 

 

 "ကျွန်မအိမ်ကို ရှင့်ကို ခေါ်သွားမယ်။ အဲ့ဒီကြမှ ကျွန်မတို့ အသေးစိတ်ပြောကြတာပေါ့။ အခုအရင်ဆုံး ကျွန်မနောက်လိုက်ခဲ့။ "

 

 

 ယဲ့ဆွေက အစားအသောက် တံဆိပ်ခေါင်း သရဲနဲ့ ဆက်သွယ်ပြီး သူမကိုကူညီမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီသရဲက ခေါင်းတညိတ်ညိတ်နဲ့ သူမနောက်ကို လိမ္မာပါးနပ်စွာ လိုက်သွားခဲ့သည်။

 

 

 ယဲ့ဆွေကသူမရဲ့ သတ္တိကို တိုးမြှင့်ပြီးနောက်မှာ သူမကြောက်ရွံ့မှုကို ဆက်လက်ခံရပ်နိုင်ခဲ့ပြီး သူမသည်မြေပေါ်ရှိ နို့ဘူးကို ကောက်ယူကာ ဓာတ်လှေကားဆီသွားခဲ့သည်။ မကြာခင်မှာဘဲ သူမတိုက်ခန်းရှိနေတဲ့ အထပ်ကို ရောက်သွားခဲ့သည်။

 

 

 ယဲ့ဆွေက  နို့ဘူးနဲ့အတူ လျင်မြန်စွာဘဲ အိမ်ကိုရောက်လာခဲ့သည်။ သူမပြန်ရောက်သည့်အခါမှာ သူမအခန်းကိုသွားပြီး တံခါးကိုလောဒ့်ချခဲ့သည်။ ချန်ရှု့ကို သူမ  နို့ဘူးတစ်ဘူးနဲ့ စကားပြောနေတာကို မမြင်စေချင်ခဲ့ပေ။

 

 

 ယဲဆွေ သူမအခန်းတံခါး ပိတ်လိုက်တာနဲ့ တပြိုင်နက် ဆန့်ကျင်ဘက်အခန်းမှာရှိတဲ့ ချန်ရှု့က အပြင်ကိုထွက်သွားခဲ့သည်။ တံခါးလောဒ့်ကို ပြန်ပြင်ပြီးနောက် အခုပိတ်လို့ရပြီဖြစ်သည်။

 

 

 ချန်ရှု့က အောက်ထပ်ကို ဆင်းခင်မှာ ယဲ့ဆွေရဲ့ အခန်းတံခါးကို ခေတ္တခဏငေးစိုက် ကြည့်လိုက်သည်။ ယဲ့ဆွေက သူ့စိတ်ပိုင်းဆိုင်ရာ ပြဿနာနဲ့ ပတ်သက်ပြီ မသိခဲ့ပေ။ မကြာခင်က သူမအခန်းကိုရောငးက်လာတဲ့ယဲ့ဆွေက စားပွဲပေါ်တွင် နို့ဘူးကို ချက်ချင်းချလိုက်သည်။

 

 

 အစားအသောက် တံဆိပ်ခေါင်းသရဲက တုန်လှုပ်စွာထွက်လာပြီး ရှင့်ကို ဒုက္ခပေးမိတာအတွက် ဆောရီးပါ

 

 

 ယဲ့ဆွေ - "ရှင့်နာမည် ဘယ်လိုခေါ်လဲ?  ရှင့်ရဲ့ ပထမဆုံးအချစ်ရဲ့ နာမည်ကကော?  "

 

 

 သူမရဲ့ ကျစ်ဆံမြှီးကျစ်ထားတဲ့ ဆံပင်နဲ့ ကစားနေတဲ့ အစားအသောက် တံဆိပ်ခေါင်း သရဲက “ ကျွန်မနာမည်က ချန်းယွဲ့ပါ ပြီးတော့ အဲ့ဒီလူရဲ့နာမည်က စွင်းကျင့်ကော။ ကျွန်မတို့က ပိုင်ဟွား ကျေးရွာမှာ အတူတူ ကြီးပြင်းလာကြတာ ”

 

 

 စာနက်ရိက္ခါတံဆိပ်ခေါင်း သရဲရဲ့ ဖော်ပြချက်အရ စွင်းကျင့်ကောက ကျေးရွာအကြီးအကဲရဲ့ သားဖြစ်ပြီး ချန်းယွဲ့က သူ့ဘေးမှာရှိနေခဲ့သည်။ သူတို့နှစ်ဦးက ငယ်ငယ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ရှိခဲ့သော်လည်း ဘာမှမပြောခဲ့ကြပေ။

 

 

 စွင်းကျင့်ကောက ပိုင်ဟွား ရွာမှ တစ်ခုခုအတွက် ထွက်ခွာသွားသည်အထိ သူက ချန်းယွဲ့ကို သူ့ပြန်လာတာကို စောင့်ဖို့တောင်းဆိုခဲ့ပြီး သူပြန်လာပြီးနောက် သူမနှင့် လက်ထပ်မယ်လို့ပြောခဲ့သည်။

 

 

 ရာစုနှစ်တစ်ခုအကြာတွင် ရွာမှာ မိုးခေါင်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒါကြောင့် ချန်းယွဲ့ အပါအ၀င် မြို့ကိုလူအများကပြောင်းရွှေ့ခဲ့ရသည်။

 

 

 ချန်းယွဲ့က စွင်းကျင့်ကောကို စောင့်ဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ သူမကအစာရှားပါးတာကြောင့် လမ်းပေါ်တွင်သေဆုံးခဲ့သည်။ ထို့ကြောင့် သူမသည် အမြဲတမ်း အလွန်စိတ်မကောင်းဖြစ်ခဲ့ပြီး စွင်းကျင့်ကောနဲ့ ထပ်မံတွေ့ဆုံလိုခဲ့သည်။

 

 

 ယဲ့ဆွေက အချိန်ကိုရေတွက်ပြီး သတိပေးခဲ့သည်။ “ ရှင်သိလား စွင်းကျင့်ကောက အသက်ရှင်နေမယ်ဆိုရင်တောင်မှ အသက် ၇၀ ကျော်ရှိနေ လိမ့်မယ်ဆိုတာ  ”

 

 

 "အဲ့ဒါက အဆင်ပြေပါတယ်။ ကျွန်မသူ့ကိုတွေ့ချင်တယ်"

 

 

 ယဲ့ဆွေက  သူ့ကိုဘယ်မှာရှာရမလဲ မသိပေ။ ဒါကြောင့်သူမက ပိုင်ဟွား ကျေးရွာနဲ့ စွင်းကျင့်ကော အကြားဆက်စပ်နေတဲ့ စကားလုံးတွေကို ရှာဖွေဖို့အွန်လိုင်းကိုသွားခဲ့ရသည်။

 

 

 အဲ့ဒိအချိန်မှာဘဲ စွင်းကျင့်ကောက ကျင့်ကောလုပ်ငန်းစုရဲ့ ဥက္ကဌဖြစ်ခဲ့ပြီး နောက်ဆုံးမှာ သူကနေမကောင်းဖြစ်နေတာကြောင့် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ကုသခံနေရတယ်လို့ ဖော်ပြတာကိုတွေ့ခဲ့ရသည်။

 

 

 သူဘယ်နေရာမှာလဲအနီးစပ်ဆုံး ရှာဖွေပြီး အဲ့ဒိနေ့လည်ခင်းမှာဘဲ ယဲ့ဆွေက နို့ဘူးကို သူမအိတ်ထဲကို ထည့်လိုက်ပြီး သူမအဆောင်လက်ဖွဲ့ဖြစ်တဲ့ ချန်ရှု့နဲ့ ထွက်လာခဲ့သည်။

 

 

 ယဲ့ဆွေက ဘေးခုံတွင်ထိုင်နေပြီး ချန်ရှု့က ကားမောင်းနေစဉ် သူ့မျက်လုံးထောင့်ကနေ သူမရဲ့ခန္ဓာကိုယ်ကို စိုးရိမ်စွာ ကြည့်ပြီး မေးလိုက်သည်။ “ မင်းနေမကောင်းဖြစ်နေတာလား? ဘာမှားနေလို့လဲ? ”

 

 

 ယဲ့ဆွေက အိတ်ကိုကိုင်ပြီး နို့ဘူးကို ကြည့်လိုက်သည် -“ သူငယ်ချင်းတစ်ယောက်က လူကြီးတစ်ယောက်ဆီကို လာလည်ဖို့ ကျွန်မကို တောင်းဆိုခဲ့တာ

 

 

 ချန်ရှု့က သက်ပြင်းနိုင်ခဲ့ပြီး ကားမောင်းသည့်နေရာကို သူ့စိတ်ကပြန်ရောက်လာနိုင်ခဲ့သည်။ ယဲ့ဆွေကလွဲပြီး ဘယ်သူ့မှသူ့ကို စိတ်မလှုပ်ရှားစေနိုင်ပေ။

 

 

 စွင်းကျင့်ကောတက်နေတဲ့ ပုဂ္ဂလိကဆေးရုံက ဝေးလံတဲ့နေရာမှာ သီးခြားရှိနေတာ​ဖြစ်သည်။ သူတို့ရောက်တဲ့အချိန်မှာ မှောင်နေပြီ။

 

 

 ကျယ်ပြောလှတဲ့ညကောင်းကင်ကြီးရဲ့အောက်တွင်  ဆေးရုံ၏နယ်နိမိတ်သည် ညအချိန်တွင် ထွန်းလင်းနေပြီး အမှောင်ကို အနည်းငယ် တွန်းထုတ်လိုက်သည်။ ဒါပေမယ့် ရှည်လျားသော ဆေးရုံအဆောက်အအုံက ညအချိန်တွင် ဖုံးကွယ်လျက်ရှိနေပုံရသည်။

 

 

 ယဲ့ဆွေက ကားထဲတွင် ထိုင်နေသည်။ အပြင်ဘက်ညအမှောင်ကို ကြည့်နေစဉ်မှာ သူမအနည်းငယ်ကြောက်လန့်နေသည်။

 

 

 ယဲ့ဆွေရှေ့တွင် လက်တစ်ဖက်ပေါ်လာပြီး တံခါးဖွင့်လိုက်သည်။ သူမခေါင်းကို မော့လိုက်ပြီး ချန်ရှု့ကို စိတ်အားထက်သန်စွာကြည့်နေတဲ့ သူမကိုယ်သူမ အားပေးနေသည်။

 

 

 "ဒါကအဆင်ပြေတယ်။.မကြောက်နဲ့။ "

 

 

 ချန်ရှု့က သူအရင်နေ့ကသတိလွတ်သွားတဲ့အချိန်ကို သတိရသွားခဲ့သည်။ ယဲ့ဆွေက အဲ့ဒီနေ့တုန်းကလည်း သူ့ကို တူညီစွာဘဲ ပြောခဲ့တာဖြစ်သည်။

 

 

 ယဲ့ဆွေက ပြုံးလိုက်ပြီး ရုတ်တရက် ချန်ရှု့ လက်ကိုကိုင်လိုက်သည်။ ပြီးတော့ သူ့ကို ဆေးရုံအဆောက်အအုံဆီကို ဆွဲခေါ်သွားပြီး သူမ သူ့လက်ကို ဆွဲထားတိုင်း သူမကြောက်မှာမဟုတ်ဘူးလို့ မှတ်ဉာဏ်တွေက ပြန်ပြောပြနေသည်။

 

 

 ညအချိန်တွင် ဆေးရုံသည် ဘဝ၏နေရာ၊ သေခြင်း၊ တံခါးပိတ်ထားသောအခန်းများနဲ့ လုံးဝရှင်းနေတဲ့ စင်္ကြံလမ်းများ ဖြစ်သည်။

 

 

 အအေးက သူမခြေဖဝါးကနေ ချက်ချင်းထိုးထွက်လာသည်။ ယဲ့ဆွေက လေကိုခံစားလိုက်ရပြီး အဲ့ဒါကသရဲရဲ့ အသက်ရှုသံက သူမမျက်နှာကို မှုတ်ထုတ်လိုက်တာ ဖြစ်သည်။ ဒါပေမယ့် ချန်ရှု့ ရဲ့လက်ကို ဆုပ်ကိုင်ထားသဖြင့် လမ်းတစ်လျှောက်မှာ သူမဘယ်သရဲကိုမှ မမြင်ခဲ့ရပေ။

 

 

 ဘယ်လောက်ပဲ ကြောက်စရာကောင်းတဲ့ သရဲဘဲဖြစ်ဖြစ် ချန်ရှု့ရဲ့ ပေါများတဲ့ ယန် စွမ်းအင်ကြောင့် သူမအနားကို မချဉ်းကပ်နိုင်ပေ။

 

 

 မကြာခင်မှာဘဲ ဓာတ်လှေကားက ထိပ်ဆုံးအထပ်ကို  ရောက်သွားခဲ့သည်။ စွင်းကျင့်ကောက သူ့အခန်း တံခါးဝမှာ စီနီယာ အထူး သက်တော်စောင့် ၂ယောက်ကို ထားထားခဲ့သည်။ 

 

 

 ယဲ့ဆွေက သူ့လက်ကိုလွှတ်ပြီး ပြောလိုက်သည်။ "ချန်ရှု့ ကျွန်မကို ဒီမှာစောင့်ပေး "

 

 

 ချန်ရှု့က ခေါင်းညိတ်လိုက်ပြီး နာခံမှုရှိစွာနဲ့ လူနာဆောင်အပြင်ဘက်ရှေ့က ခုံတန်းတွင်ထိုင်ခဲ့သည်။  သူကသူ့လက်ချောင်းတွေကို ပွတ်လိုက်ရင်း ယဲ့ဆွေရဲ့နွေးထွေးမှု့တွေကို ခံစားမိနေသည်။

 

 

 ချန်ရှု့က သူ့လက်ကို ခေတ္တငုံ့ကြည့်လိုက်ပြီး သူ့တက်ဘလက်ကို ထုတ်ယူကာ ဒီနေ့အတွက် မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေကို စတင်ခဲ့သည်။

 

 

 " ကျေးဇူးပြုပြီး မစ်စတာစွင်း ကိုပြောပေးပါ........" ယဲ့ဆွေက သက်တော်စောင့်တွေဆီကို လျှောက်သွားခဲ့သည်။ ". .....အဲ့ဒါ ချန်းယွဲ့က သူ့အတွက် စကားနည်းနည်းချန်ခဲ့လို့ပါ "

 

 

 ခဏကြာတော့ သက်တော်စောင့်က ထွက်လာပြီး ယဲ့ဆွေကို လူနာဆောင်ထဲ ၀င်ခွင့်ပေးခဲ့သည်။

 

 

 ယဲ့ဆွေက အခန်းထဲရောက်တာနဲ့ အိပ်ရာကို ကြည့်လိုက်သည်။ စွင်းကျင့်ကောမှာ သူ့ခန္ဓာကိုယ်နဲ့ ချိတ်ဆက်ထားတဲ့ပြွန်တွေ အများကြီးရှိကာ  သူ့အနားမှာ အသက်လက္ခဏာကို ကြည့်ဖို့အတွက် မော်နီတာတစ်လုံးရှိနေသည်။

 

 

 စွင်းကျင့်ကောက အလွန်နာမကျန်းဖြစ်နေပြီး သူ့ကိုယ်တွင်းအင်္ဂါများက လျင်မြန်စွာ သေဆုံးလျက်ရှိသည်။ သူသည် နောက်တစ်စက္ကန့်မှာတောင် သေဆုံးနိုင်သည်။ စွင်းကျင့်ကောရဲ့ အခြေအနေမှာ ပိုမိုဆိုးရွားလာနေပေမယ့် သူ့ဘဝကို တွယ်ကပ်နေခဲ့သည်။

 

 

 ဆရာဝန်များက ပြောခဲ့တာက သူသည်အသက်ရှူရုံသက်သက်ဖြင့် အသက်ရှင်ရုံမျှသာရှိတယ်လို့ ဖြစ်သည်။ စွင်းကျင့်ကောက သူ့မပြည့်ဝတဲ့ဆန္ဒကို ဖြည့်ဆည်းနိုင်မှသာ ထွက်ခွာဖို့ ဆန္ဒရှိမယ်လို့ ခန့်မှန်းထားကြသည်။

 

 

 ချန်းယွဲ့က ဆေးရုံတင်နေတဲ့ စွင်းကျင့်ကောကို တွေ့တဲ့အခါ မျက်ရည်များကျခဲ့သည်။ သူမက စွင်းကျင့်ကောကို ထပ်တွေ့ချိန်မှာ အလွန်နာမကျန်း ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။

 

 

ယဲ့ဆွေက ဘေးနားမှာ သက်ပြင်းချပြီး မစ္စတာစွင်း ရှင်ချန်းယွဲ့ကို မှတ်မိသေးလား?”

 

 

 ချန်းယွဲ့ဆိုတဲ့ နာမည်ကိုကြားချိန်မှာ စွင်းကျင့်ကောက  သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူနောက်ဆုံးအနေနဲ့ ထိုအမည်ကို ကြားရတာ နှစ်ပေါင်းမည်မျှကြာပြီလဲဆိုတာ မှတ်မိတော့ပေ။

 

 

 စွင်းကျင့်ကောက ယဲ့ဆွေကိုကြည့်ပြီး “ သူမအဆင်ပြေရဲ့လား? သူမအခုဘယ်မှာလဲ? ” လို့ စိတ်အားထက်သန်စွာမေးခဲ့သည်။

 

 

 ယဲ့ဆွေ - "ကျွန်မပြောတာကို ရှင်ယုံမှာလား?"

 

 

 စွင်းကျင့်ကောရဲ့ အမူအရာက လုံးဝလျစ်လျူရှု့ထားခဲ့သည်။."ငါ့အသက်အရွယ်မှာ ငါကိစ္စအမျိုးမျိုးကို ကြုံတွေ့ခဲ့ပြီးပြီမဟုတ်ဘူးလား? "သူ့ဘဝက မကြာခင်မှာဘဲ အဆုံးသတ်တောမှာဖြစ်ပြီး သူဆန္ဒရှိခဲ့တဲ့ တစ်ခုတည်းသော နောင်တကသူနောက်ထပ် ချန်းယွဲ့ကို မမြင်ရတော့တာဖြစ်သည်။

 

 

 စွင်းကျင့်ကောက သူ့တုန်နေတဲ့ လက်ကိုမြှောက်လိုက်ပြီး ရှေ့ကလေကိုထိလိုက်သည်။ သူကဂရုတစိုက် ခံစားခဲ့ရသော်လည်း ဘာကိုမှမထိမိခဲ့ဘဲ ရှိခဲ့သည် ။ “အဲဲဒါ မင်းလား?” လို့ညင်သာစွာမေးခဲ့သည်။

 

 

 ချန်းယွဲ့က စွင်းကျင့်ကောနဲ့ အမြဲတမ်း တွေ့ချင်ခဲ့ပေမယ့် ယခုအချိန်တွင် သူမသည် အနည်းငယ် ကြောက်လန့်နေပြီး ယဲ့ဆွေ နောက်မှာပုန်းအောင်းနေခဲ့သည်။

 

 

 ယဲ့ဆွေက သူမကိုကြည့်ပြီး ပြောခဲ့သည်။ “ သွားလေ  ရှင်သူ့ကို အမြဲတမ်းတွေ့ချင်ခဲ့တာမလား?”

 

 

 ချန်းယွဲ့က ရှေ့တိုးလိုက်ကာ စွင်းကျင့်ကောဆီ လျှောက်သွားသည်။ အိပ်ရာဆီကို သူရောက်ချိန်မှာ သူမခေါင်းကို ငုံ့ချလိုက်သည်။  အစာရှားပါးတာကြောင့် သူမသေဆုံးသွားခဲ့ရသည်။ သူမမျက်နှာက ဆင်းရဲနွမ်းပါးပြီး ပိန်လိန်နေခဲ့သည်။ သူ့ကိုသူမရဲ့ဒီလိုပုံကို မမြင်စေချင်ခဲ့ပေ။ 

 

 

 စွင်းကျင့်ကောက သေလုနီးပါးဖြစ်နေတာကြောင့် သူကသရဲများကို တွေ့မြင်နိုင်သည်။ သူ့ဆီကို မရေရာသော အရိပ်တစ်ခုရောက်ရှိလာပြီး သူမေ့နိုင်တဲ့ မျက်နှာကိုသူမြင်ခဲ့ရသည်။

 

 

 ချန်းယွဲ့က သရဲ ဖြစ်လာကတည်းက သူမက ကမ္ဘာပေါ်မှာ ရည်ရွယ်ချက်မရှိဘဲ မျောလွင့်နေတာဖြစ်သည်။ ဒါပေမယ့် သူမရဲ့နှလုံးသားထဲမှာတော့ စွင်းကျင့်ကောကို ထပ်တွေ့ရဖို့ အမြဲစဉ်းစားခဲ့သည်။ သူကအသက်ကြီးရင့်လာမှသာ ချန်းယင်ကို လုံးဝမရှာတော့တာဖြစ်သည်။

 

 

 သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ရှာဖွေနေကြပြီး အချိန်များစွာဖြုန်းပြီးနောက် မကျော်လွှားနိုင်သောဘဝနှင့် သေခြင်းကြား၌ပင် သူတို့သည်တစ်ဦးနှင့်တစ်ဦး လွဲချော်နေဆဲဖြစ်သည်။

 

 

 ဒီနေ့ နောက်ဆုံးတော့ တွေ့ပြီဖြစ်သည်။ သူ့ရှေ့မှာရပ်နေတဲ့သူမက ငယ်ရွယ်နေဆဲဖြစ်ပြီး သူက အသက် ၇၀ ကျော်ပြီဖြစ်သည်။

 

 

 ချန်းယွဲ့က စွင်းကျင့်ကောရဲ့ အမြင်ကို ရှောင်ရှားပြီး ခေါင်းကိုငုံ့ကာပြောလိုက်သည်။ " ကျွန်မက နောက်ထပ်ဘယ်တော့မှ လှမှာမဟုတ်တော့ဘူး "

 

 

 စွင်းကျင့်ကောက ချန်းယွဲ့ရဲ့ မျက်နှာကို ငေးကြည့်နေမိသည်။ "မင်းကလှနေတုန်းပါဘဲ အရင်ကလိုဘဲ "

 

 

 ထို့နောက် သူက မင်းကငါ လူအိုကြီးတစ်ယောက် ဖြစ်သွားလို့ လက်မခံတော့ဘူးလား? ” လို့မေးခဲ့သည်။

 

 

 ချန်းယွဲ့က မျက်ရည်များ ကျလာပြီး နောက်ဆုံးတော့ သူမခေါင်းကို မော့ကာ စွင်းကျင့်ကောရဲ့ လက်ကိုကိုင်ပြီး  "အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? "

 

 

 စွင်းကျင့်ကောက ဤခေတ်ကာလမှာ လူတစ်ယောက် အကြောင်းကို အချိန်အကြာကြီး သတင်းမရရှိရင် သူမသေဆုံးနိုင်တယ်လို့ယူဆခဲ့သည်။ ဒါပေမယ့် သူက၎င်းကိုမယုံကြည်လိုခဲ့ပေ။ ချန်းယွဲ့ အသက်ရှင်နေလိမ့်မယ်လို့ သူ့စိတ်နှလုံးထဲတွင် အမြဲမျှော်လင့်ခဲ့သည်။

 

 

 ချန်းယွဲ့က သကြားလုံးစားရတာကို နှစ်သက်သည်။ ထို့ကြောင့် သူကသကြားလုံး ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပြီး သူမနာမည်ကိုပေးခဲ့သည်။ ဒီနှစ်တွေ တစ်လျှောက်မှာ သူသည်တီဗွီတွင် လှုပ်ရှားမှု့များစွာ လုပ်ခဲ့ပြီး သူမလာရောက်တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ခဲ့သည်။

 

 

 နေ့ဘက်ကနေ ညအဖြစ်ပြောင်းလဲ လာသည်နှင့်အမျှ စွင်းကျင့်ကောက သူ့ဘ၀တစ်လျှောက်လုံး လက်မထပ်ခဲ့ပေ။  သူချစ်မြတ်နိုးရတဲ့ မိန်းကလေးအတွက် အိမ်မက်ချိုချဥ်  စက်ရုံကို တည်ဆောက်ခဲ့ပြီး သူမပြန်လာတာ စောင့်နေခဲ့သည်။ ဒါပေမယ့် အချိန်က မရပ်တန့်ခဲ့ပေ။ သူက တစ်နှစ်ပြီး တစ်နှစ် အသက်ရလာခဲ့သည်။

 

 

 စွင်းကျင့်ကောက အလွန်နောင်တရခဲ့ကာ ယဲ့ဆွေကို ကြည့်ရင်း ကျေးဇူးတင်ပါတယ်။ ငါမသေခင် သူ့ကိုတွေ့ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့သည်။

 

 

  ချန်းယွဲ့ကလည်း ကျေးဇူးတင်ပါတယ် ”လို့ပြောခဲ့သည်။

 

 

 ယဲ့ဆွေအနေနဲ့ စွင်းကျင့်ကောနဲ့ ချန်းယွဲ့တို့ရဲ့ ချစ်ခြင်းမေတ္တာက သူမကိုအလွန် စိတ်ထိခိုက်စေခဲ့သည်။ ကမ္ဘာကြီးသည် ထိုကဲ့သို့သော စိတ်အားထက်သန်မှု့နဲ့ အသက်ရှင်ခြင်းနှင့်သေခြင်းတရားကို မကြောက်ဘဲဖြစ်နေခဲ့သည်။

 

 

 ချန်းယွဲ့က စွင်းကျင့်ကောကို နောက်တစ်ခေါက် ပြန်ကြည့်ပြီး ဝမ်းနည်းစွာ ပြောခဲ့သည်။ "ကျွန်မ အဲ့ဒီနှစ်တုန်းက ကတိကိုမတည်လိုက်ရဘူး"

 

 

 စွင်းကျင့်ကော -"ဘာဖြစ်ခဲ့တာလဲ? "

 

 

 "ရှင်ထွက်သွားပြီး သိပ်မကြာခင်မှာဘဲ မိုးခေါင်ခဲ့တယ်။ ကျွန်မထွက်သွားဖို့အပြင် ရွေးချယ်စရာမရှိဘဲ လမ်းပေါ်မှာဘဲ သေဆုံးသွားခဲ့တယ် "

 

 

 သူတို့နှစ်ဦးက တိတ်ဆိတ်သွားကြပြီး - အဲ့ဒါက သူတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှုဖြစ်မယ်လို့ ဘယ်သူမှမမျှော်လင့်ခဲ့ပေ။ မျက်ရည်များဖြင့် ပြည့်နေတဲ့ စွင်းကျင့်ကောက ဘေးမှာရှိနေတဲ့ စားပွဲရဲ့ နောက်ဆုံးအံဆွဲကို ဖွင့်လိုက်သည်။ အဲ့ထဲမှာ သေတ္တာတစ်ခုက ရှိနေခဲ့သည်။

 

 

 သူကသေတ္တာကို ဖွင့်လိုက်တဲ့အခါ စက္ကူသကြားလုံးတွေ ဖြစ်နေခဲ့သည်။ ချန်းယွဲ့က သကြားလုံး စားရတာကြိုက်သည်။ သူမပျောက်သွားပြီးတဲ့နောက်မှာ သူကစက္ကူသကြားလုံးတွေကို တစ်ရက်ပြီးတစ်ရက် စုဆောင်းခဲ့သည်။ သူက သူမကို ပေးချင်ခဲ့သည်။

 

 

 ကံမကောင်းစွာပဲ အရမ်း နောက်ကျသွားပြီ။

 

 

 စွင်းကျင့်ကောက ထိုသေတ္တာကို ချန်းယွဲ့ကို  ပေးခဲ့သည်။  -“ မင်းကသကြားလုံးကို အမြဲတမ်းချစ်ခဲ့တာ မင်းအခုချိန်ထိ ကြိုက်နေဆဲပဲလား?”

 

 

 ဟုတ်တာပေါ့ ချန်းယွဲ့က သူဘာကိုဆိုလိုတာလဲဆိုတာ သဘောပေါက်ခဲ့သည်။ သူမက "ငါ အဲ့ဒါကို အရမ်းကြိုက်တယ်" လို့ အော်လိုက်သည်။

 

 

 ယဲ့ဆွေက လူနာဆောင်ထဲကနေ ညင်သာစွာ ထွက်လာပြီး သူမနောက်က တံခါးကို ပိတ်လိုက်သည်။  ချန်ရှု့က သူမထွက်လာတာကို ချက်ချင်းကြည့်ခဲ့သည်။ သူက ယဲ့ဆွေကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့ပြီး မေးခွန်းတွေ မမေးခဲ့ပေ။

 

 

 ယဲ့ဆွေက ချန်ရှု့ရဲ့ မျက်လုံးများကို ကြည့်ခဲ့သည်။ လရောင်က တိတ်ဆိတ်စွာ ကျဆင်းလာကာ သူ့မျက်နှာကို အနည်းငယ် တောက်ပစေခဲ့သည်။ သူ့မျက်လုံးများကမှောင်မိုက်ကာ နက်ရှိုင်းနေပြီး အပြင်ဘက်ရှိ ညကောင်းကင်ယံလိုမျိုးဖြစ်သည်။

 

 

 ဒီနေ့မှာ တော်တော်များများ ဖြစ်ပျက်သွားခဲ့သည်။ ယဲ့ဆွေက ချန်ရှု့ကို သူမသရဲတွေ တွေ့နိုင်တယ်ဆိုတာ ပြောပြဖို့ အခွင့်အရေး ရှာရမယ့်အချိန်ရောက်ပြီလို့ ရုတ်တရက် ခံစားလိုက်ရသည်။

 

 

 ယဲ့ဆွေက ချန်ရှု့ကို ကြည့်နေခဲ့သည်။ တိတ်ဆိတ်တဲ့ စင်္ကြံထဲမှာ သူမက မေးလိုက်သည်။ “ ဒီကမ္ဘာပေါ်မှာ သရဲတွေရှိတယ်လို့ ရှင်ထင်လား? ”

 

 

 ချန်ရှု့က စကားမပြောဘဲ ယဲ့ဆွေကို စိုက်ကြည့်နေခဲ့ကာ  သူ့မျက်နှာအမူအရာကနေ ဂရုတစိုက် တွေးနေတာကို သိစေခဲ့သည်။