အပိုင်း ၄၄
Viewers 8k

 

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၄၄ - မမျှော်လင့်ထားသော အမွေ

 

 

 

 

နောက်တစ်နေ့ ချန်ရှု့ အပြင်ထွက်သွားတဲ့အခါမှာ ယဲ့ဆွေရဲ့ အခန်းတံခါးက ပိတ်ထားခဲ့ပြီး အိပ်ပျော်နေဆဲဖြစ်သည်။ နက်ရှိုင်းသောအတွေး၌ ရှိသကဲ့သို့ သူ့ရဲ့မျက်လုံးများက အဲ့ဒီ့နေရာကို ခေတ္တခဏစောင့်ကြည့်နေသည်။

 

 

ချန်ရှု့ အလုပ်လုပ်နေစဉ် ပြီးခဲ့သည့်ညက ယဲ့ဆွေ ပြောခဲ့သည့် အကြောင်းအရာကို သူတွေးဆနေခဲ့သည်။

 

 

 "ချန်ရှု့ ဒီကမ္ဘာမှာ သရဲတွေရှိတယ်လို့ ရှင်ထင်လား? "

 

 

ယဲ့ဆွေ သူ့ကိုဒီလိုမေးခွန်းမျိုးမေးတာ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ဒါပေမယ့် သူကအမြဲတမ်း သူမကို ဒီကမ္ဘာမှာ သရဲတွေမရှိဘူးဆိုတဲ့ အကြောင်း အပြုသဘောဆောင်တဲ့ အဖြေသာပေးခဲ့သည်။

 

 

ပြီးတော့ သူဒီစာကြောင်းကို ပြောပြီးသွားတဲ့ အချိန်တိုင်း ယဲ့ဆွေရဲ့အမူအရာက သူပြောလိုက်တဲ့စကားလုံးနှင့် လုံးဝမကိုက်ညီပါ။ သူလွဲချော်နေတာ တစ်ခုခုရှိလို့လား?

 

 

 ဤအချိန်အတောအတွင်း ဝမ်ချွမ်းက ပထမဆုံးအကြိမ် ၀င်ရောက်လာခဲ့သည်။ ချန်ရှု့ရဲ့မျက်လုံးတွေက စာရွက်စာတမ်းရဲ့ရှေ့တွင်ရှိနေပြီး စဉ်းစားနေပေမယ့် သူ့ရဲ့အာရုံက အဲ့စာရွက်ပေါ်မှာ မရှိနေတာကိုမြင်လိုက်ရသည်။

 

 

အရည်အချင်းရှိသော ၀န်ထမ်းတစ်ယောက်အနေဖြင့် ဝမ်ချွမ်းက သူ့ဥက္ကဌရဲ့ ပြဿနာများကို ဖြေလျှော့ဖို့လိုအပ်နေပြီဟု ခံစားခဲ့ရသည်။  "ဥက္ကဌ ဘာပြဿနာရှိနေလို့လဲ?"

 

 

ဝမ်ချွမ်းရဲ့ စကားသံကိုကြားလိုက်တော့ ချန်ရှု့မျက်လုံးပင့်ပြီး သူ့ကိုကြည့်လိုက်သည်။  သူကတိုးတိုးလေးပြောလိုက်သည်။ဝမ်ချွမ်း၊ ဒီကမ္ဘာမှာ သရဲတွေရှိတယ်ဆိုတာကို မင်းယုံလား? ”

 

 

ပထမအကြည့်တစ်ချက်မှာ ဝမ်ချွမ်းက သူ့ရဲ့နား တစ်ခုခုတော့မှားနေပြီလို့ ထင်လိုက်သည်။ ချန်ရှု့ရဲ့ ထွက်ဆိုချက်ကို သူ မလုပ်ဆောင်ခဲ့ပေ။

 

 

ချန်ရှု့က အလုပ်နှင့်ပတ်သက်သော ထုတ်ပြန်ချက်များကို ဖြေရှင်းဖို့ယူလာတယ်လို့ ဝမ်ချွမ်းထင်ခဲ့တာဖြစ်သည်။ မထင်မှတ်ပဲ သူကဒီလိုမေးခွန်းမျိုးကို သူ့ကိုမေးခဲ့သည်။ အဲ့တာက ယဲ့ဆွေနဲ့  ဆက်စပ်မှုရှိလား?

 

 

ချန်ရှု့ရဲ့ အကြည့်က ဝမ်ချွမ်းဆီမှာပဲ ရှိနေသေးသည်။သူမေးလာကတည်းက သူကျည်ဆံကိုကိုက်ပြီး အဲ့တာကိုဖြေပေးရတော့မည်။

 

 

 ဝမ်ချွမ်းက တွေးတောဆင်ခြင်ပြီး ကျွန်တော့ရဲ့ အဖွားကနတ်ဘုရားမတစ်ပါးနဲ့ သိကျွမ်းတယ်။ သူမက နတ်ဘုရားတွေရဲ့ လက်အောက်မှာရှိပြီးတော့ သေသွားတဲ့သူတွေနဲ့  စကားပြောလို့ရတယ်လို့ ပြောဖူးတာကို ကျွန်တော်မှတ်မိတယ်

 

 

အဲ့ဒါက ယုံကြည်တာတွေ၊  မယုံကြည်တာတွေထက် ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က သရဲတွေကို မမြင်နိုင်ရင်တောင်မှ  သူတို့ကတည်ရှိနေလိမ့်မယ်။ ဥက္ကဌသိချင်တယ်ဆိုရင် အဲ့ဒီ့နယ်ပယ်မှာရှိတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံနိုင်အောင် ကျွန်တော်ကူညီနိုင်တယ်

 

 

ဝမ်ချွမ်းက သူအကောင်းဆုံးအဖြေပေးခဲ့ပြီလို့  မှတ်ယူလိုက်သည်။

 

 

ဒါပေမယ့် ချန်ရှု့က သူ့ရဲ့လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။  " ကောင်းပြီ၊ မင်းထွက်သွားလို့ရပြီ "

 

 

 ဝမ်ချွမ်းက ရုံးခန်းကနေ စိတ်ရှုပ်ထွေးနေတဲ့ အမူအရာဖြင့် လှည့်ထွက်သွားခဲ့သည်။  စင်္ကြံတွင် ဓာတ်လှေကားစောင့်နေသည့် ချန်းရှန့်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့လက်မောင်းကို တိုက်လိုက်သည်။

 

 

"ဒီကမ္ဘာမှာ သရဲတွေရှိလားလို့ မင်းကိုတစ်ယောက်ယောက်က ရုတ်တရက် မေးလာခဲ့ရင် အဲ့တာက ဘာကိုဆိုလိုတာလဲ?"

 

 

ချန်းရှန့်က သူ့ရဲ့ခေါင်းကိုတောင် မလှည့်ခဲ့ပေ။ "သေချာတာကတော့ သူကမင်းကိုစကားမပြောချင်နေဘူး။ အဲ့တာကြောင့်မို့ ဒီခေါင်းစဥ်ကို သူကျပန်းမေးလိုက်တာ "

 

 

ဝမ်ချွမ်းက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး ခေါင်းညိတ်လိုက်သည်။ အဲ့ဒီအခြေအနေနဲ့ လှည့်ထွက်သွားသည်။  သူတို့ဥက္ကဌရဲ့ စဉ်းစားတွေးခေါ်ပုံက သာမန်လူတွေနဲ့ ကွဲပြားခြားနားပြီး မှန်းဆကြည့်လို့မရနိုင်ဘူး။

 

 

ချန်ရှု့က အလုပ်ကထွက်မလာခင် ယဲ့ဆွေဆီကို ဖုန်းဆက်လိုက်သည်။ ဘာမှလုပ်စရာမရှိတော့တဲ့

သူမက ဖုန်းကိုမြန်မြန်ကောက်ကိုင်လိုက်သည်။

 

 

ဘယ်အချိန် အိမ်ပြန်မှာလဲ?”

 

 

ချန်ရှု့က သူမကိုပထမဆုံးအကြိမ် မေးမြန်းတာကြောင့် ယဲ့ဆွေ အံ့သြသွားသည်။ သူမ အဲ့တာအတွက် အများကြီးစဉ်းစားခဲ့ပေ။  "ကျွန်မ မကြာခင်ပြီးတော့မယ်။ ဘာဖြစ်လို့လဲ?"

 

 

ချန်ရှု့ ပြတင်းပေါက်ကနေ ကြည့်လိုက်သည်။မိုးကောင်းကင်ကြီးက ထွန်းလင်းတောက်ပလျက်ရှိနေပြီး နေမင်းကြီးကလည်း တောက်ပနေသည်။   သူကဆက်ပြောလိုက်သည်။  "ကိုယ်ဒီနေ့ အလုပ်ကနေစောစောဆင်းမလို့။ ကိုယ် မင်းကိုလာကြိုပေးရမလား?"

 

 

 ယဲ့ဆွေက ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။ကောင်းတာပေါ့။ ကျွန်မ ကုမ္ပဏီရဲ့အနောက်ဘက် တံခါးနားမှာ ရှင့်စောင့်နေလိုက်မယ်

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ ကုမ္ပဏီကို ရောက်လာသောအခါ သူမက နေရောင်အောက်တွင် ရပ်နေသည်။ အခါအားလျော်စွာ သူမရဲ့လက်က တောက်ပနေသည့်နေကိုကာဖို့ လက်ကိုမြှောက်ထားသည်။ သူမအနားမှာ သစ်ပင်ကြီးတစ်ပင်ရှိသည်။ ဒါပေမယ့် သူမကအရိပ်ထဲမှာ ရပ်ဖို့ငြင်းဆန်ခဲ့သည်။

 

 

ချန်ရှု့က ကားစတီယာကိုလှည့်ပြီး ယဲ့ဆွေ ရှေ့တွင်ကားကိုရပ်လိုက်သည်။ ထိုအချိန်တွင် သူ့ကိုတွေ့သောအခါ သူမရဲ့မျက်လုံးများကတောက်ပလာပြီး ချက်ချင်းပဲ ကားထဲဝင်လာသည်။

 

 

 “တစ်ခုခု သွားစားကြမလား? ”  ချန်ရှု့ ယဲ့ဆွေကို ကြည့်ပြီးမေးလိုက်သည်။

 

 ​

ဒီနေ့ ချန်ရှု့ တစ်ခုခုတော့ မှားနေတယ်လို့ ယဲ့ဆွေ ထင်မိလိုက်ပေမယ့် ၎င်းကိုသူမဖော်ထုတ်နိုင်ခဲ့ပေ။ သူမ ချန်ရှု့နဲ့ စားသောက်ဖို့ ပြဿနာမရှိသောကြောင့် ခေါင်းညိတ်လိုက်သည်။

 

 

ယဲ့ဆွေက နာမည်ကြီးတစ်ယောက်ဖြစ်နေပြီ။ အဲ့တာကြောင့် ချန်ရှု့က သူတို့စားသောက်ဖို့အတွက် သီးသန့်အခန်းတစ်ခန်းကို ကြိုတင်မှာယူထားခဲ့သည်။

 

 

ချန်ရှု့က သူ့ရဲ့ကားကို မြေအောက်ကားရပ်နားခဲ့သည်။အဲ့ဒီ့နေရာမှာ နေရဲ့ အလင်းရောင်မရှိနေဘူး။ အဲ့တာကြောင့် ယဲ့ဆွေ သရဲများကိုပိုမို မြင်တွေ့နိုင်သည်။ ထို့အပြင် ကားရပ်နားရာနေရာက ဟာလာဟင်းလင်းဖြစ်ပြီး အအေးခန်းတစ်ခုလိုဖြစ်နေကာ အဲ့တာက သရဲတွေအတွက် အပန်းဖြေဖို့ နဲ့ ဖျော်ဖြေရေးအတွက် နေရာမှန်ဖြစ်သည်။

 

 

သူတို့ကားရဲ့ဘေးနားက ကားခေါင်မိုးပေါ်မှာ  လဲလျောင်းနေတဲ့ သရဲတစ်ကောင်ရှိသည်။ သူကအရမ်းကိုစိမ်ပြေနပြေနဲ့ ဗိုက်ကိုပုတ်နေသည်။ ဒါပေမယ့် သူက ချန်ရှု့ရဲ့ စွမ်းအင်ကို အာရုံခံစားမိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပဲလန့်ဖျန့်သွားပြီး ကြမ်းပြင်ပေါ်သို့ လှိမ့်ချလိုက်သည်။

 

 

ယဲ့ဆွေ  ကားပေါ်မှဆင်းပြီး ရှောင်ရမယ့်အရာတစ်ခုခုရှိလားဆိုတာကို ပတ်ပတ်လည် လှည့်ကြည့်လိုက်သည်။

 

 

ယဲ့ဆွေ ကားကို အမြန် ဖြတ်သွားလိုက်ပြီး ချန်ရှု့ရဲ့ ဘေးဘက်သို့ လျှောက်သွားကာ သူတို့နှစ်ယောက်ကြားအကွာအဝေးကို နီးကပ်စေခဲ့သည်။ ချန်ရှု့ကို မှီခိုတာက ပို၍လုံခြုံသည်။

 

 

ချန်ရှု့ ယဲ့ဆွေရဲ့ အနည်းငယ်လှုပ်ရှားမှု အားလုံးကိုတွေ့မြင်ခဲ့သည်။  သူမရဲ့ သိမ်မွေ့တဲ့အမူအရာနဲ့ ထူးဆန်းတဲ့အပြုအမူက အဲ့အရာတွေဟာ ပုံမှန်မဟုတ်တာကို ပြနေတာဖြစ်သည်။

 

 

ဒီနေ့က ကောင်ကင်းကြီးဟာ တိမ်ကင်းစင်ပြီး  ထွန်းလင်းတောက်ပကာ  ကြည်လင်နေသည်။ အဲ့တာကြောင့် ကြောက်စရာအကြောင်းမရှိပေ။ ချန်ရှု့ ကားရပ်နားရာနေရာကို ကြည့်လိုက်သည်။ ဒီနေရာမှာ သူတို့နှစ်ယောက်တည်းပဲရှိတယ်။ တတိယလူက ဘယ်မှာလဲ?

 

 

ယဲ့ဆွေက သရဲတွေကိုမြင်နိုင်တာဆိုရင် အဲ့တာတွေအားလုံးက အဓိပ္ပါယ်ရှိလိမ့်မည်။ အစောနတုန်းက သူမ သူ့ကိုကပ်ခဲ့သည်။ ဒါက အကြောင်းအရင်းမလား?

 

 

ချန်ရှု့က ယဲ့ဆွေကို စားသောက်ဆိုင်ထဲ တိတ်တဆိတ်ခေါ်သွားလိုက်သည်။ အတွင်းထဲဝင်ပြီးနောက် ယဲ့ဆွေ စိတ်သက်သာရာရသွားသည်။

 

 

ဤစားသောက်ဆိုင်သည် ချန် မိသားစုရဲ့ စီးပွားရေးလုပ်ငန်းထဲကတစ်ခုဖြစ်သည်။ ဒီနေရာက မန်နေဂျာက ချန်ရှု့နဲ့ ယဲ့ဆွေတို့ အကြောင်းကိုသိသည်။ အဲ့တာကြောင့် သူ့ရဲ့ပါးစပ်ကို ပိတ်ထားခဲ့သည်။သူက  သူတို့ရဲ့အခန်းဆီ ဦးဆောင်၍ ခေါ်သွားလိုက်သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ မျက်နှာချင်းဆိုင် အနေအထားမှ ကျွမ်းကျင်စွာနဲ့ရွှေ့လိုက်ပြီး ချန်ရှု့ရဲ့ ဘေးနားတွင်ထိုင်ခဲ့သည်။  အရင်တုန်းက သူမ အကြောင်းပြချက်တစ်ခုကို ရှာတွေ့လိမ့်မည်။ ဒါပေမယ့် အခုတော့ သူမ အနှောင့်အယှက်မပေးခဲ့ဘူး။

 

 

 "ဒါကောင်းတယ် ပြီးးတော့ ဒါကအရသာရှိတယ် " ယဲ့ဆွေက မီနူးကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး ဟင်းလျာများကို မှတ်ချက်ပေးနေသည်။

 

 

ချန်ရှု့က ယဲ့ဆွေရဲ့ ဘေးတိုက်မြင်ရတဲ့ မျက်နှာကိုကြည့်လိုက်ပြီး လွန်ခဲ့သောအချိန်က  တစ်ခုခုကိုသတိရသွားသည်။ သူမအစာစားဖို့အချိန် တစ်ဝက်လောက်ရောက်သောအခါ ရုတ်တရက်သူ့ဘေးနားတွင် ထိုင်ဖို့သူမပြောခဲ့ဖူးသည်။ သူမတစ်ခုခုကို ကြောက်ခဲ့တာလား?

 

 

 ချန်ရှု့က ကမ္ဘာကြီးအပေါ်မှာထားတဲ့ သူ့ရဲ့အမြင်ကို စတင်သံသယဝင်ခဲ့သည်။ ဒီကမ္ဘာကြီးမှာ သူ မမြင်နိုင်တဲ့အရာတစ်စုံတစ်ခုက တကယ်ရှိနေတာလား?

 

 

ချန်ရှု့ အခန်းတစ်ခုလုံးကို စကင်ဖတ်စစ်ဆေးလိုက်သည်။ ထိုယုတ္တိဗေဒအရ၊ မျက်နှာကျက်၊ စားပွဲနှင့်ဒီနေရာမှာရှိတဲ့ ထောင့်မှန်သမျှမှာ သရဲတွေရှိနိုင်သည်။

 

 

ချန်ရှု့က အမှန်တရားနှင့် အဆက်အသွယ်ရှိခဲ့ပြီး သူက သရဲတွေနဲ့ပြည့်နှက်နေသော နေရာ၌ရှိနေသည်ဟု ပုံဖော်စိတ်ကူးကြည့်သော်လည်း ယဲ့ဆွေဆီမှာ သူ့ရဲ့တုံ့ပြန်မှုက တည်ငြိမ်နေဆဲဖြစ်သည်။

 

 

ချန်ရှု့က ယဲ့ဆွေ အပေါ်သူ့ရဲ့အမြင်ကို ထပ်မံမြှင့်တင်ခဲ့သည်။   ဒီကမ္ဘာမှာ သရဲတွေရှိရင်တောင်မှ ကြောက်စရာဘာမှမရှိဘူးဆိုတာကို သူပြောပြချင်နေသည်။

 

 

———–

 

ယဲ့ဆွေ ထွက်ခွာပြီးနောက် စွင်းကျင့်ကောက ချန်းယွဲ့ နှင့်ခဏစကားပြောခဲ့သည်။ သူက အချိန်ကြာမြင့်စွာ ဤမျှလောက်စကားပြောခြင်းမရှိခဲ့ပေ။ သူ့မှာ အသက်ရှူဖို့အခက်အခဲရှိခဲ့သည်။

 

 

စွင်းကျင့်ကော ပြန်လည်နာလန်ထူသောအခါ ယဲ့ဆွေကို သတိရသွားသည်။ ချန်းယွဲ့ကတော့ သူမကလူကောင်းတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့သည်။ သူမကသရဲဖြစ်တယ်ဆိုတာကို ယဲ့ဆွေ သိပေမယ့်လည်း သူမရဲ့လက်တစ်ဖက်ကိုငှားကာ သူ့အကြောင်းကိုသိအောင် ကူညီခဲ့ပြီး သူမကို ဆေးရုံခေါ်လာခဲ့သည်။

 

 

စွင်းကျင့်ကောက ယဲ့ဆွေကို အလွန်ကျေးဇူးတင်မိသည်။ သူ့အနေနဲ့ ချန်းယွဲ့ကို ဘယ်တော့မှ ထပ်တွေ့နိုင်မှာ မဟုတ်ဘူးလို့ထင်ခဲ့သည်။ ဒါပေမယ့် သူမက သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။ ယခု သူ့ဘဝတွင် နောင်တရစရာ မရှိတော့ပေ။

 

 

စွင်းကျင့်ကောက သူမကြာခင် သေရတော့မည်ဆိုတာကို သိနေသည်။  သူ့မှာမိသားစုမရှိဘူး။ ပြီးတော့ ချန်းယွဲ့ကို ထပ်တွေ့ဖို့ မျှော်လင့်ချက်မရှိဘူးလို့ သူတွေးမိခဲ့တဲ့အတွက် သူသေဆုံးပြီးနောက်မှာ သူ့ရဲ့အမွေတွေအားလုံးကို လှူဒါန်းဖို့ဆုံးဖြတ်ခဲ့သည်။

 

 

ဒါပေမယ့် ယခုအချိန်တွင်......သူ့ရဲ့ဆန္ဒကိုပြောင်းလဲဖို့ လိုအပ်နေပြီဟု သူခံစားမိသည်။

 

 

စွင်းကျင့်ကောက သူ့ရဲ့ရှေ့နေကို ဖုန်းခေါ်လိုက်သည်။  မကြာခင်မှာပဲ ဖုန်းခေါ်ဆိုမှုနှင့် ချိတ်ဆက်သွားပြီး ရှေ့နေက မစ္စတာ စွင်း၊ဘာများလိုအပ်လို့လဲ?”  လို့ မေးလိုက်သည်။

 

 

လူနာဆောင်မှာတော့ စွင်းကျင့်ကောရဲ့ လေးနက်သောအသံက ထွက်လာသည်။ရှေ့နေကြီး၊ ကျွန်တော့်ရဲ့ ဆန္ဒကိုပြင်ဆင်ချင်ပါတယ်

 

 

နောက်တစ်နေ့ညတွင် စွင်းကျင့်ကောရဲ့ နှလုံးကလှုပ်ရှားခြင်းမရှိတော့ဘဲ သူ့ရဲ့အသက်ရှင်တဲ့က္ခဏာတွေက  လုံးဝပျောက်ကွယ်သွားတော့သည်။ သူ့ကိုကုသနေသည့် ဆရာဝန်များက သူ့ကိုပြန်မကယ်တင်နိုင်တော့ဘဲ စွင်းကျင့်ကော သေဆုံးသွားပါပြီဟု ကြေငြာခဲ့သည်။

 

 

လူနာဆောင်ရှိ ဆရာဝန်များနှင့် သူနာပြုများက အဲ့တာကို မတွေ့ရပေ။  စွင်းကျင့်ကော မသေဆုံးခင် ချန်းယွဲ့က သူနဲ့အတူရှိနေပြီး သူ့ရဲ့လက်ကိုဆုပ်ကိုင်ထားသည်။

 

 

သူ့ရဲ့လက်ကိုကွေးထားပြီး အခြားဘယ်သူမှမမြင်နိုင်တာကို သူမြင်နေရပြီး လေထဲမှာထိုအရာကိုကိုင်ထားသည်။

 

 

စွင်းကျင့်ကော သေဆုံးပြီးနောက် သူ့ရဲ့ဝိညာဥ်က သူ့ရဲ့ကိုယ်ခန္ဓာထဲမှ ထွက်သွားပြီး သူတို့က တစ်ဦးကို တစ်ဦး  ပြုံးပြနေကြသည်။ ဤတစ်ကြိမ်တွင် သူတို့အတူတကွရှိခဲ့ပြီဖြစ်သည်။

 

 

သကြားလုံးသူဌေးကြီးက သူ့မိသားစုတွေမရှိဘဲ သေဆုံးသွားခဲ့သည်။ ဒါပေမယ့် သူ့ရဲ့မျက်နှာပေါ်တွင်အပြုံးဖြင့် အေးချမ်းစွာ သေဆုံးသွားပုံရသည်။

 

 

သူ့ရဲ့ဈာပနကို အခြားသူများက ကိုယ်စားကျင်းပပေးခဲ့ကြပြီး လူအများအပြားက ဝမ်းနည်းကြေကွဲဖို့ ရောက်လာကြသည်။

 

 

စွင်းကျင့်ကောက သူ့ရဲ့စီးပွားရေးလုပ်ငန်းကို ကုတ်ရာခြစ်ရာမှ စတင်ခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိပြီဖြစ်သည်။ သူက အစားအစာလုပ်ငန်းတွင် အရမ်းကျော်ကြားသည်။ အထူးသဖြင့် သူ့ရဲ့ ထျန်ကော လုပ်ငန်းစု ဖြစ်သည်။ သူကနာမည်ကောင်းရှိပြီး အရောင်းအ၀ယ်တွင် အမြဲတမ်း ပထမနေရာ ယူထားလေ့ရှိသည်။

 

 

စွင်းကျင့်ကောက နှစ်စဉ်နှစ်တိုင်း အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းက ထိပ်ဆုံးငါးနေရာတွင်ရှိသည်။ သူနှစ်ပေါင်းများစွာ စုဆောင်းခဲ့သော  အမွေတွေမှာ အင်မတန်များပြားလှသောပမာဏဖြစ်သည်။ စွင်းကျင့်ကောရဲ့ သေဆုံးခြင်းက လူတိုင်းကိုအမှတ်ရနေစေသည်။

 

 

ဘယ်သူက သူ့ရဲ့အမွေတွေအားလုံးကို အမွေဆက်ခံရတာလဲ?

 

 

စွင်းကျင့်ကောက သူ့ရဲ့တစ်ဘဝလုံး လက်ထပ်ထားခြင်းမရှိသဖြင့် သူ့၌ဇနီးနှင့် သားသမီးမရှိခဲ့ပေ။ သူအသည်းအသန် နေမကောင်းဖြစ်နေရင်တောင် သူနဲ့အတူရှိပေးမယ့် မိသားစုမရှိခဲ့ပေ။ လူတိုင်းက စိတ်၀င်စားနေကြသည်။ ဘယ်သူက  ဒီလောက်များပြားတဲ့အမွေတွေကို ဆက်ခံလိုက်တာလဲ?

 

 

စွင်းကျင့်ကောရဲ့ အမွေကို လူတိုင်းဆွေးနွေးကြတဲ့နေရာတိုင်းမှာ သတင်းတွေအများကြီးရှိနေသည်။

 

 

[ထျန်ကောလုပ်ငန်းစုက သူဌေးကြီးသေဆုံးသွားပြီ။ ဒေါ်လာဘီလီယံနှင့်ချီတဲ့ အမွေတွေကို အမွေဆက်ခံရတဲ့သူမရှိဘူးလား? ]

 

 

[စွင်းကျင့်ကောရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ရှိနေသည်ဟု သံသယရှိပြီးအမွေပစ္စည်းတွေကို တကယ်ပိုင်ဆိုင်ခွင့်ရခဲ့လား? ]

 

 

စွင်းကျင့်ကောရဲ့ သားစဉ်မြေးဆက်တွေရှိတယ်ဆိုတာကို လူအချို့က ထင်မြင်ချက်ပေးပေမယ့် သူတို့က သားသမီးမဟုတ်ကြဘူး။ အဲ့တာကြောင့် သူက သူတို့အတွက် ဘာမှမချန်ထားခဲ့ပေ။  အခြားသူများကမူ စွင်းကျင့်ကောက သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်ဟုထင်မြင်ကြသည်။

 

 

များစွာသော ထင်မြင်ယူဆချက်များ ပြုလုပ်ခဲ့ကြသည်။ ဒါပေမယ့် လူအများက မည်သို့ပင်ထင်မြင်စေကာမူ ဤကိစ္စက စွင်းကျင့်ကော သေဆုံးခြင်းနှင့်အတူ အမြဲတမ်းလျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

 

 

ယဲ့ဆွေကလည်း အိမ်မှာတီဗွီကြည့်နေသည်။ သူမကချန်နယ်တွေကို ကျပန်းပြောင်းနေပြီး စွင်းကျင့်ကောရဲ့ သေဆုံးခြင်းသတင်းကိုမြင်တော့ အသံကိုချဲ့လိုက်သည်။

 

 

စွင်းကျင့်ကောနဲ့ ချန်းယွဲ့တို့ကြား ဖြစ်ပျက်ခဲ့သည်ကို သူမကြားခဲ့ရသည်။ သူမက သူ့အတွက်ဝမ်းနည်းပူဆွေးနေစဥ် ထိုစုံတွဲကို ဆုလည်းတောင်းပေးနေသည်။

 

 

သူတို့နှစ်ယောက်စလုံးက ခရီးသွားခြင်းဖြင့် တစ်သက်တာလုံး လွဲချော်ခဲ့သော်လည်း သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့အတူတကွ နေထိုင်နိုင်ကြပြီ။ တချို့ကအဲ့တာကို အားကျပြီး တချို့က ပူဆွေးဝမ်းနည်းကြလိမ့်မည်။

 

 

သူတို့သေပြီးတဲ့နောက်မှာ ဒီလိုလှပတဲ့ ချစ်ခြင်းမေတ္တာကို ရရှိခံစားခဲ့ရသည်။

 

 

 အင်တာနက်ပေါ်တွင် စွင်းကျင့်ကောရဲ့ အမွေကိစ္စများကို အားတက်ကြွစွာ ဆွေးနွေးနေကြတာကို ယဲ့ဆွေက တစ်ချက်ကြည့်ပြီး စိတ်ထဲမှာမမှတ်ထားခဲ့ပေ။ သူ့ဆီမှာ သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်ရှိမှာ သေချာသည်။

 

 

ထိုအချိန်တွင် တံခါးဘဲလ်က အသံမြည်လာသည်။ ယဲ့ဆွေတို့အိမ်မှာ အိမ်ဖော်တစ်ယောက်မှမရှိဘူး။ အဲ့တာကြောင့် သူမ မတ်တပ်ရပ်ပြီး တံခါးသွားဖွင့်လိုက်ချိန် လူတစ်ယောက်က အပြင်ဘက်မှာရှိနေသည်။

 

 

သူက ခံညားတည်ငြိမ်သူဖြစ်ပြီး အနက်ရောင်ဝတ်စုံနှင့် မျက်မှန်ကိုဝတ်ထားကာ လက်၌အနက်ရောင် လက်ဆွဲအိတ်တစ်လုံးကိုကိုင်ထားသည်။

 

 

 ယဲ့ဆွေ ကြောင်တောင်တောင်ဖြစ်နေသည်။ သူမ ဒီလူကိုမသိဘူး။ ထို့နောက် ဒီလူကြီးက သူ့ရဲ့နှုတ်ကိုဖွင့်ဟလိုက်သည်။မစ္စ ယဲ့ဆွေ၊ ကျွန်တော်က မစ္စတာ စွင်းကျင့်ကောရဲ့ ရှေ့နေပါ။ ကျွန်တော့်ဆီမှာ မစ္စကို တစ်စုံတစ်ခုအသိပေးစရာရှိပါတယ်

 

 

 "ဒီကဟာ တံခါးနားမှာပြောဖို့ အဆင်မပြေဘူး။ အထဲမှာ စကားပြောကြရအောင်? "

 

 

ဒီလူကြီးက စွင်းကျင့်ကောရဲ့ ရှေ့နေဖြစ်သောကြောင့် ယဲ့ဆွေက သူ့ကိုဧည့်ခန်းထဲ ၀င်ခွင့်ပေးခဲ့သည်။ နှစ်ယောက်လုံး ဆိုဖာပေါ်မှာ ထိုင်လိုက်ကြသည်။ ထို့နောက်ရှေ့နေက သူ့ရဲ့လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းအချို့ကိုထုတ်ကာ ယဲ့ဆွေကို ပေးလိုက်သည်။

 

 

ယဲ့ဆွေကတော့ ဒီအခြေအနေကို နားမလည်သေးဘူး။  အဲ့တာက စွင်းကျင့်ကော အကြောင်းမဟုတ်လားဒီစာရွက်စာတမ်းတွေက ဘာတွေလဲ?

 

 

ယဲ့ဆွေက ရှေ့နေရဲ့နှုတ်မှ ဖွင့်ဟလိုက်တဲ့စကားလုံးတိုင်းကို စဥ်းစားနေဆဲဖြစ်သည်။ "မစ္စတာ စွင်းက သူ မသေဆုံးခင်  သူ့ရဲ့ဆန္ဒကို ပြောင်းလဲခဲ့တယ်။ သူသေဆုံးသွားပြီးရင် သူ့ရဲ့နာမည်အောက်က  းပိုင်ဆိုင်မှုအမွေအားလုံးကို မစ္စ ယဲ့ဆွေက အမွေဆက်ခံရမယ်လို့ ပြောင်းခဲ့ပါတယ်"

 

 

 ဘယ်လို ??!  ယဲ့ဆွေက သူမရဲ့လက်တွေကို အကြီးအကျယ် ခါယမ်းလိုက်သည်။ သူမရဲ့ နားတွေ မှားယွင်းသွားပြီးလို့ သံသယရှိတယ်စွင်းကျင့်ကောကသူ့ရဲ့စည်းစိမ်ကို သူမကိုအမွေဆက်ခံစေချင်တာလား?

 

 

 သူမက သူ့ရဲ့ဆွေမျိုးမှ မဟုတ်တာ အဲ့တာကြောင့် ဒါက ယုတ္တိမရှိဘူး။

 

 

 တစ်ချိန်တည်းမှာပင် သတင်းတင်ဆက်သူရဲ့အသံက  ဧည့်ခန်းထဲရှိတီဗွီမှ ထွက်လာသည် -“ ထျန်ကောလုပ်ငန်းစု သူဌေးကြီးရဲ့ ဘီလီယံနဲ့ချီတဲ့ အမွေပစ္စည်းကို ဘယ်သူကများ အမွေဆက်ခံရမှာလဲ? ”

 

 

"ဒီသတင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းကြည့်ကြရအောင် "

 

 

 သတင်းတင်ဆက်သူက စကားလုံးများကို တစ်လုံးချင်းဖတ်ပြီး စကားလုံးတိုင်းက သူ့ရဲ့စိတ်လှုပ်ရှားမှုကို ထင်ဟပ်ပြနေသည်။  သိသာထင်ရှားသည်မှာ အမွေပစ္စည်းတွေကို မည်သူကဆက်ခံရမှာလဲဆိုတာကို သူလည်း အခြားသူတွေလို တွေးနေတာဖြစ်သည်။

 

 

ဒေါ်လာဘီလီယံနဲ့ချီတဲ့ အမွေကိုဆက်ခံခြင်းခံခဲ့ရသော ယဲ့ဆွေက အဲ့တာကိုမယုံကြည့်ရဲပေ။ သူမရဲ့အာရုံကိုပြန်ရလာသောအခါ သူမရဲ့မျက်လုံးတွေက စိတ်ရှုပ်ထွေးနေရာမှ တဖြည်းဖြည်းချင်း ကြည်လင်လာသည်။ 

 

 

'ဒါဆို ဒေါ်လာဘီလီယံနဲ့ချီပြီး အမွေရခဲ့တဲ့ ကံကောင်းတဲ့တစ်ယောက်က ငါလား?'