လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၄၆ - အမြင့်ကြောက်ခြင်း
ဖိန်နင်က ကားရပ်နားရာနေရာမှာ တွေ့ခဲ့တဲ့သူက ဟွာရွေ့ရဲ့ ဥက္ကဌဆိုတာ သိချိန်ကစပြီး ချန်ရှု့ကို အလွန်စိတ်စွဲလန်းခဲ့သည်။ သူ့ကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိသွားပြီးနောက်မှာ သူ့ထံချဉ်းကပ်ဖို့ကို သူမဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားစီစဉ်ခဲ့သည်။
ဖိန်နင်က ချန်ရှု့ကကားကို ဘယ်ကားသုံးလဲဆိုတာ သိတာကြောင့် သူမကားကိုထိုနေရာအနီးတွင် ရပ်ထားခဲ့သည်။ ထိုနေ့မှာ သူမကကားထဲတွင်ထိုင်လျက် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချန်ရှု့ ပေါ်လာတာကို စောင့်နေခဲ့သည်။
ဖိန်နင်က ကားထိုင်ခုံပေါ်ထိုင်ကာ မှိလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ အဲ့ဒီနောက်မှာ လူတစ်ဦးက သူမမျက်စိကို ဖမ်းစားသွားခဲ့သည်။
သူကအလွန်အရပ်ရှည်ပြီး ခြေထောက် ရှည်ရှည်များလဲရှိသည်။ သူ့နှုတ်ခမ်းက တည်တင်းနေကာ သူ့ပုံစံက သာမန်လိုသာဖြစ်နေပေမယ့် ဂုဏ်သိက္ခာနှင့် ကြော့ရှင်းမှုများက ပြည့်နှက်နေသည်။
ဖိန်နင်ရဲ့ စိတ်နှလုံးက ခုန်ပေါက်သွားတယ်။ သူ့ရဲ့စိတ်ထားကိုကြည့်ရမယ်ဆို သူက ဟွာရွေ့ရဲ့ဥက္ကဌ ဖြစ်တယ်ဆိုတာအတိအကျဘဲ။ သူမကားထဲက ချက်ချင်းထွက်ပြီး ချန်ရှု့ဆီ လျှောက်သွားခဲ့သည်။ သူမစိတ်ထဲမှာ သူ့အာရုံစူးစိုက်မှုကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကိုစဉ်းစားထားပြီးဖြစ်သည်။
ချန်ရှု့က ကားတံခါးကို ဖွင့်လိုက်တာနှင့် တပြိုင်နက်ကားထဲတွင်တံခါးထိုင်ပြီး ကားမောင်းထွက်တော့မှာဖြစ်သည်။ ရုတ်တရက် သူ့ဘေးတွင်“ ဒေါက် ဒေါက်” ဆိုတာကြားလိုက်ရသည်။ လူတစ်ယောက်က သူ့ပြတင်းပေါက်ကို လာခေါက်နေတာဖြစ်သည်။
ချန်ရှု့က ခေါင်းမော့ကြည့်လိုက်တော့ အပြင်ဘက်မှာရပ်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့တော့ ကားပြတင်းပေါက်မှန်ကိုချပြီး "တစ်ခုခုရှိလား ? "လို့ မေးခဲ့သည်။
ဖိန်နင်က သူမရဲ့နေကာမျက်မှန်ကို ဆွဲချွတ်လိုက်ပြီး တောက်ပနေတဲ့ မျက်လုံးတစ်စုံကို ထုတ်ဖော်ပြခဲ့သည်။ “ တစ်ဆိတ်လောက်ပါ ကျွန်မဂါဝန်စက ရှင့်ကားနဲ့ညှိနေလို့ ရှင်ကျွန်မကို ကူညီလို့ရမလား?”
ဖိန်နင်က သူမနောက်ဆုံးနိဂုံးကို တမင်တကာတိုးခဲ့ပြီး နောက်ဆုံးဝါကျမှာ အလွန်နှေးကွေးစေခဲ့ပြီး သူမမျက်လုံးက တစ်ချိန်လုံး ချန်ရှု့ကိုဘဲ ကြည့်နေခဲ့သည်။
သူမက သူမရဲ့ဖြူဖွေးနေတဲ့ ခြေလက်များနှင့် တောက်ပတဲ့ အနီရောင် ဂါဝန်ကိုဝတ်တာတွေ့ရပြီးနောက် ဘယ်သူမှ ထိုအခြေအနေမျိုးကို ငြင်းဆန်လိမ့်မှာ မဟုတ်ဘူးလို့ယုံကြည်သည်။
ချန်ရှု့က ဒီအမျိုးသမီးကို ဟွာရွေ့ ရဲ့လူကြိုက်အများဆုံး မင်းသမီး ဖိန်နင်လို့ မှတ်မိခဲ့သည်။ အဲ့ဒီနောက်မှာသူက သူမပြောတာကြည့်ဖို့အတွက် ခေါင်းငုံ့ခဲ့သည်။
ချန်ရှု့ရဲ့ မျက်လုံးများက လုံး၀မငြိမ်မသက် ဖြစ်မနေခဲ့ပေ။ သူ့မျက်လုံးများက သူကားပေါ်တွင်သာ ရှိနေပြီး သူ့ကာညှပ်မိခဲ့တဲ့ တရားခံဂါဝန်စကို တမင်တကာ ကြည့်လိုက်သည်။
ချန်ရှု့ရဲ့ နှုတ်ခမ်းကတည်တင်းသွားခဲ့ပြီး သူ့နဖူးကလည်း အနည်းငယ်ကြုတ်သွားခဲ့သည်။ သူ့ အကြည့်က ဘာမှမရှိတာကို သတိပြုမိသွားကာ ဖိန်နင်ရဲ့ လှုပ်ရှားမှု့တွေ အားလုံးက အမှိုက်သာ ဖြစ်သွားခဲ့သည်။
ချန်ရှု့က ဖိန်နင်ရဲ့ လုပ်ရပ်ကို တကယ်မြင်ခဲ့ရင်တောင် သူ့မျက်လုံးတွေက ပန်းတွေ၊ အပင်တွေ၊ သစ်ပင်တွေနဲ့မခြားနားပေ။ သူ့ကားက သူမဂါဝန်နဲ့ ဘယ်လိုညှိသွားလဲကိုသာ တွေးနေခဲ့သည်။
သူမက သူအိမ်ပြန်တာကို နှောင့်နှေးစေပြီး သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေသည်။
"ဒီမှာ "ချန်ရှု့က ကားထဲက ကတ်ကြေးကို ကောက်ကိုင်လိုက်ပြီး ဖိန်နင်ဆီ ပေးခဲ့သည်။
ဖိန်နင်က ထိုကတ်ကြေးကို ဘာမှန်မသိဘဲနဲ့ ယူခဲ့သည်။ 'ဒါကဘာလဲ? ငါ့ကိုဘာလို့ကတ်ကြေးပေးတာလဲ?' မကြာခင်မှာ ချန်ရှု့က "ငါ့ကားနဲ့ညှပ်နေတဲ့ မင်းဂါဝန်စကိုကိုယ့်ဘာသာကိုယ်ဖြတ်နိုင်တယ်" လို့ပြောခဲ့သည်။
ဖိန်နင်က သူမနားကြားလွဲတာလို့ သံသယရှိခဲ့သည်။ "? ??"
'သူဘာပြောခဲ့တာလဲ? သူမရဲ့ဂါဝန်စကိုဖြတ်ဖို့ သူမကိုပြောလိုက်တာလား? '
သူမက ဒီလိုလှပတဲ့ အဝတ်အစားများ ဝတ်ဆင်ထားတယ်၊ နူးညံ့သိမ်မွေ့တဲ့ မိတ်ကပ်ကိုလိမ်းခြယ်ထားပြီး သူ့ကားရှေ့မှာ အားနည်းစွာမှီဝဲခြင်းတို့ကိုလုပ်ခဲ့သည်။ သူကသူမရဲ့ ဂါဝန်စကို ဂရုတစိုက်နဲ့ကူညီနိုင်အောင် လုပ်ပေးသင့်တယ်မဟုတ်ဘူးလား? ပြီးတော့ တစ်ဖက်လူကိုတောင် လုပ်ခိုင်းလိုက်သေးတယ်။ နောက်ဆုံးအနေတဲ့ သူမကိုညစာစားဖို့ ဖိတ်ကြားတာကမှ သဘာဝကျတာမဟုတ်ဘူးလား?
ဒါပေမယ့် အဖြစ်မှန်က သူမကို သမာဓိရှိစွာပြုမူဖို့ ကရုဏာမဲ့စွာ သင်ကြားပေးခဲ့သည်။ ချန်ရှု့က သူမကိုပစ်မှတ်ထားတဲ့ ဂါဝန်စကို ကတ်ကြေးယူပြီး ညှပ်ပစ်ဖို့ အမှန်တကယ်ညွှန်ကြားခဲ့သည်။
သူကသူမရဲ့ဂါဝန်ကို ဆွဲဆုတ် ဖို့ပြောခဲ့သည်။ ဘယ်လိုတောင် ဆွံ့အတဲ့လူလဲ!
ချန်ရှု့က ဖိန်နင်ကို အေးဆေးတည်ငြိမ်စွာကြည့်ပြီး သူမရဲ့ တုန်နေတဲ့ လက်ကိုလျစ်လျူရှုခဲ့သည်။ "ပြဿနာ တစ်ခုခုရှိလား? "
ဖိန်နင်က 'ဟုတ်တယ်၊ ပြဿနာကြီးတစ်ခုကြီးပဲ!' လို့ပြောချင်ခဲ့သည်။ ဒါပေမယ့် သူမအတွေးတွေကို မဖော်ထုတ်နိုင်ခဲ့ဘူး။ သူမခေါင်းကိုမော့ကြည့်ပြီး ဂါဝန်ကို ဖြတ်ဟန်ဆောင်ခဲ့သည်။ ဒါပေမယ့် သူမစိတ်ထဲမှာတော့ ဟွာရွေ့ ဥက္ကဌက အလွန်အေးစက်တယ်ဆိုတာ မယုံကြည်ခဲ့ပေ။
ဖိန်နင်က အံကြိတ်ပြီး ချန်ရှု့ ကြည့်ကာ ပြောလိုက်သည်။ “ ဒီကတ်ကြေးက ဂါဝန်စကို ဖြတ်ဖို့မလုံလောက်ဘူး။ ကျွန်မကိုကူညီလို့ရမလား? ”
ချန်ရှု့ က ဖိန်နင်ရဲ့နူးညံ့သိမ်မွေ့မှုနဲ့ သူမရဲ့မျက်လုံးတွေ ရဲ့ထိတွေ့မှုကိုတောင် မကြည့်ခဲ့ဘူး။ သူက သူ့ရဲ့လက်ကို ကားစတီယာရင်ပေါ်တွင် တင်ထားပြီး သူ့ရဲ့မျက်လုံးများက ရှေ့တည့်တည့်ကိုကြည့်နေပြီး မခံမရပ်နိုင်ဖြစ်နေတဲ့ အရိပ်အယောင်က မြင့်တက်နေသည်။
ချန်ရှု့အချိန်ကိုကြည့်လိုက်သည်။ အခုက ည ၇ နာရီခွဲရှိနေပြီဖြစ်သည်။ ညနာရီ ၈ နာရီထိုးဖို့ နာရီဝက်လိုသေးသည်။ သူ့ရဲ့ ဘေးတစ်ခြမ်းမြင်နေရတဲ့မျက်နှာက အေးစက်နေပြီး သူ့ရဲ့အသံက အနည်းငယ် ကွဲပြားခြားနားနေခဲ့သည်။ "မြန်မြန်လုပ် ငါသွားစရာရှိတယ် "
သူက ဖိန်နင်ကို ကြည့်လည်း မကြည့်သလို ထွက်သွားဖို့လည်း ရည်ရွယ်ချက်မရှိခဲ့ပါ။
ဆိုလိုတာက သူမရဲ့စကတ်ကိုညှပ်ပစ်တာ ဒါမှမဟုတ် ဖြဲလိုက်တာကိုတာ သူမလုပ်ရတော့မည်။ အဲ့တာက ဘယ်နည်းလမ်းဖြစ်ဖြစ် ကိစ္စမရှိဘူး။ အဲ့တာက မြန်မြန်ဆန်ဆန်နဲ့ သူ့ရဲ့အချိန်ကို မနှောင့်နှေးစေဘူး။
ချန်ရှု့ရဲ့ လျစ်လျူရှုတဲ့အသံကို ရှင်းရှင်းလင်းလင်းကြားပြီးနောက် ဖိန်နင် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဒီလူက ဘာကြောင့်ဖော်ဖော်ရွေရွေမရှိရတာလဲ?
ဖိန်နင်က သူမရဲ့စကတ်ကို ထုံထိုင်းစွာနဲ့စတင်ပြီးညှပ်ခဲ့သည်။ သူမ မတ်တပ်ထရပ်လိုက်ပြီး နောက်စက္ကန့်တွင် ချန်ရှု့က အင်ဂျင်ကိုနှိုးပြီး ဤနေရာတွင် နောက်ထပ်ခဏတာအတွက် မစောင့်နေချင်တာကြောင့် ရုတ်တရက်ကြီး အရှေ့သို့မောင်းထွက်သွားလိုက်သည်။
ဖိန်နင်ရဲ့မျက်နှာကိုလည်း အိပ်ဇောငွေ့တွေနဲ့ မှုတ်ထုတ်သွားခဲ့သည်။
ဖိန်နင် မတ်တပ်ရပ်၍ ဘယ်ဘက်လက်၌ ကတ်ကြေးကိုကိုင်ထားပြီး သူမရဲ့ညာဘက်ခြမ်းရှိ ဂါဝန်စ ယုံကြည်မှုကင်းမဲ့စွာနဲ့ ကြည့်နေမိသည်။ အခုမြင်ကွင်းက သူမ မျှော်လင့်ထားတာနဲ့ လုံးဝမတူတော့ဘူး။
သူမပုံစံက အလွန်အားနည်းပုံပေါ်နေတာကြောင့် ကူညီပေးမယ်ထင်ပေမယ့် ဒီလူက ဘာမှမလုပ်ခဲ့ပေ။ ဒါပေမယ့်လည်း ချန်ရှု့က ကားပေါ်မှ မဆင်းလာရုံသာမက သူမရဲ့မျက်နှာကိုလည်း မီးခိုးတွေနဲ့ မှုတ်ထုတ်သွားခဲ့သေးသည်။
အခုတော့ ဖိန်နင်ရဲ့ မိတ်ကပ်က မီးခိုးတွေနဲ့ ပေကျံနေသည်။ ဂါဝန်က စုတ်ပြဲနေပြီး မျက်နှာက မီခိုးရောင်ဖြစ်နေသည်။ သူမ ဘယ်တုန်းကမှ ဒီမျိုးမျိုးညစ်ပတ်မနေဖူးဘူး။ ဒါကတကယ်ကြီး အထင်နဲ့အမြင်နဲ့တခြားစီပဲ။
ဖိန်နင်က ဥက္ကဌချန်ကို သွေးဆောင်ဖြားယောင်းမည့် သူမရဲ့အစီအစဉ်က ဤကဲ့သို့အဆုံးသတ်သွားလိမ့်မယ်လို့ မယုံကြည်နိုင်ခဲ့ပေ။
ချန်ရှု့ အိမ်ကိုကားမောင်းလာနေချိန်မှာ ယဲ့ဆွေ ဒီနေ့ ပြောခဲ့သည့်စကားလုံးက သူ့ရဲ့စိတ်ထဲတွင်ပြည့်နှက်နေသည်။ ကျွန်မရှင့်ကိုမြှင့်တင်နိုင်တယ်။
ဤအချိန်တွင်.ချန်ရှု့ရဲ့ မျက်လုံးတွေက နောက်တဖန် တောက်ပသွားသည်။ "ချူစားတာလား "ယဲ့ဆွေကို သူ့မှာပိုက်ဆံ အများကြီးရှိပြီး သူမကိုကြိုက်တယ်တယ်ဆိုတဲ့အကြောင်းကို အသိပေးလိုက်သင့်လား?
ချန်ရှု့က ဤနယ်ပယ်တွင် အတွေ့အကြုံမရှိသောကြောင့် ဘာလုပ်ရမလဲဆိုတာကို မသိခဲ့ပါ။ သူအတွေးတွေနဲ့ ကားမောင်းနေစဥ် သူ့ရဲ့အရှေ့မှာမီးနီနေတာကို တွေ့လိုက်သည်။ ယာဉ်ကြောပိတ်ဆို့မှုက ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်။
ချန်ရှု့ ကားကိုရပ်လိုက်ပြီး ဂရုမစိုက်စွာနဲ့ ခေါင်းကိုမော့လိုက်တော့ ကြီးမားတဲ့ လမ်းဘေးကြော်ငြာဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရသည်။
မိုးပြာရောင်နဲ့ လှိုင်းတံပိုးမရှိသော ပင်လယ်၊ အပြာရောင်နှင့် ကြည်လင်သော ကောင်းကင်တို့ဖြင့် နောက်ခံလေပြေတစ်ခုကဲ့သို့ လေထုတစ်ခုလုံးက လတ်ဆတ်သန့်ရှင်းနေပုံရသည်။ ချန်ရှု့ကို ဆွဲဆောင်တာက အောက်ပါ စာကြောင်းဖြစ်သည်။
သူမကိုချစ်ရင် ခန်းရှန်အာ့ဟိုင် ရေကန်ဆီ ခေါ်ဆောင်လာလိုက်ပါ။
ချန်ရှု့ရဲ့မျက်လုံးတွေက ခန်းရှန်အာ့ဟိုင်ရဲ့ ကြော်ငြာဆိုင်းဘုတ်ပေါ်တွင် အချိန်ကြာမြင့်စွာအာရုံစိုက်ခဲ့ပြီး စိတ်ကူးတစ်ခုရလာခဲ့သည်။ ကမ်းခြေ ၊ ခန်းရှန်၊ အေးမြတဲ့လေပြေ .........
အမျိုးသမီးအားလုံး ထိုကဲ့သို့သောနေရာများကို ကြိုက်နှစ်သက်သင့်သည်။
အချက်ပြမှုက အစိမ်းရောင်ပြောင်းသွားသောအခါ ချန်ရှု့ ရှေ့ကိုမောင်းသွားခဲ့သည်။ အိမ်အပြန်မှာ သူ ခန်းရှန်အာ့ဟိုင် ရေကန်ရဲ့ ကြော်ငြာကို ရံဖန်ရံခါစဉ်းစားပြီး သူ့ရဲ့နှုတ်ခမ်းထောင့်မှာ မသိရှိနိုင်တဲ့ ရေဒီယန်နှင့်အတူ မြင့်တက်နေသည်။
ယာဥ်အသွားအလာက များနေပြီး ငါးမိနစ်ခန့်အကြာတွင် ကားတစ်စီးက တူညီတဲ့တည်နေရာမှာ ရပ်တန့်သွားသည်။
ကားရဲ့ရှေ့မှ ကားမောင်းသူက ကျိန်ဆဲနေစဉ် ဝမ်ချွမ်းက နောက်ကနေ ကားဟွန်းကို တီးနေခဲ့သည်။ ဒီယာဉ်ကြောပိတ်ဆို့မှုက လူတွေကို သောကရောက်စေသည်။
ဝမ်ချွမ်းက သူ၏အာရုံစိုက်မှုကိုလှည့်၍ ထူးခြားသောဇာတ်ကောင်များဖြင့် ကြော်ငြာထားသော ဆိုင်းဘုတ်ကိုမြင်ခဲ့သည်။ သူမကိုချစ်ရင် ခန်းရှန်အာ့ဟိုင်ရေကန်ဆီ ခေါ်ဆောင်လာလိုက်ပါ? သူကြော်ငြာကို မျက်ဖြူလှန်ကြည့်လိုက်သည်။
ပြောချင်တဲ့အတိုင်းပဲ ခရီးသွားတာက စုံတွဲတစ်တွဲအတွက် တကယ်သင့်တော်၊ မသင့်တော် ကို ခွဲခြားနိုင်သည်။ ဝမ်ချွမ်းနှင့် သူ့ရည်းစားဟောင်းက ခရီးစဉ်အတွင်း ထင်မြင်ယူဆချက်များ မတူသောကြောင့် ဆိုးရွားစွာ ကွဲသွားခဲ့သည်။
ဒီခရီးသွားအေဂျင်စီအတွက် ကြော်ငြာက မကောင်းဘူး။ အကယ်၍ သူသာ တာဝန်ခံရမယ်ဆို သူနောက်တစ်ခါပြန်ခေါ်ပြီး အဲ့တာကို လုပ်မိလိမ့်မယ်။
အခြားတစ်ဖက်တွင်မူ ချန်ရှု့က အိမ်ကိုပြန်ရောက်လာသည်။ ခန်းရှန်အာ့ဟိုင်ရဲ့ ခရီးသွားကြော်ငြာကို သူ့ရဲ့စိတ်တွင်ပြန်လည်ရုပ်သိမ်းလိုက်ပြီး စဉ်းစားခဲ့သည်။ အဲ့တာက အချိန်တစ်ချို့ကိုဖြုန်းဖို့ ကျိုးကြောင်းဆီလျော်သော နေရာတစ်ခုဖြစ်ပုံပေါ်သည်။
သူယဲ့ဆွေကို အဲ့နေရာဆီ ခေါ်သွားချင်သည်။ အကယ်၍ သူမက ပင်လယ်နားမှာ နေထိုင်ခြင်းကို နှစ်သက်ပါက သူက ခန်းရှန်အာ့ဟိုင် ရေကန်အနီးရှိ အိမ်တစ်လုံးကို ဝယ်ယူပြီး သူမကိုလက်ဆောင်ပေးလိုက်မည်။
ချန်ရှု့က ယဲ့ဆွေကို ခန်းရှန်အာ့ဟိုင်ရေကန်ကို သွားချင်ကြောင်းပြောပြီး ခေါ်ဆောင်သွားလိုသည်။ ဒါပေမယ့် ချန် မိသားစုတွင် သူနှင့်အတူလိုက်ပါမည့်သူမရှိပေ။ကျန်တဲ့အရာတွေကတော့ ယဲ့ဆွေရဲ့ စိတ်ကူးပေါ်မူတည်သည်။
ယဲ့ဆွေမှာ သံသယမရှိဘဲ သူမရဲ့အလုပ်တွေပြီးသွားတဲ့နောက်မှာ သူနှင့်အတူလိုက်ပါရန် ကမ်းလှမ်းခြင်းခံခဲ့ရသည်။ ချန်ရှု့ရဲ့ မချိတင်ကဲဖြစ်နေတဲ့မျက်နှာက သူမရဲ့ယုံကြည်စိတ်ချအတွက် အက္ခရာဖြစ်ခဲ့သည်။
ယဲ့ဆွေလေဆိပ်သွားတဲ့နေ့မှာ မီဒီယာတွေဆီက ဓာတ်ပုံရိုက်ခံရခြင်းကို ကာကွယ်ရန် သူမက ခေတ်နောက်ကျသောဖက်ရှင်ပုံစံကို ဝတ်စားဆင်ယင်ခဲ့သည်။ ဖြတ်သွားဖြတ်လာများက ပထမအကြည့်တစ်ချက်မှာ သူမက စတားတစ်ယောက်လို့ မထင်ကြပေ။
ယဲ့ဆွေ လေယာဉ်ပေါ်တက်လိုက်သည့်အခါ သူတို့အနီးတစ်ဝိုက်က ထိုင်ခုံအားလုံးဟာ အလွတ်တွေချည်းပဲဆိုတာကို သိလိုက်ရသည်။ လေယာဥ်ထွက်တဲ့အချိန်မှာ ဘယ်သူမှ သူတို့ဆီ မရောက်လာကြပေ။ ထို့နောက်မှသာ အထူးတန်း တစ်ခုလုံးကို သူတို့ကြိုတင်ဘွတ်ကင်လုပ်ထားတယ်ဆိုတာကို သူမ သတိပြုမိခဲ့သည်။
ချန်ရှု့ ဘယ်လောက်တောင် သုံးလိုက်တာလဲ?
အလွန်နီးစပ်နေပြီလို့ တွေးနေမိတဲ့ ချန်ရှု့က ရုတ်တရက် သူ့ဘေးမှသေစေနိုင်သောအကြည့်ကို ခံစားလိုက်ရသည်။
ယဲ့ဆွေရဲ့ စိုက်ကြည့်နေတဲ့ စာကြောင်းတွေကိုဖတ်ပါ - သူ့ပိုက်ဆံကို ဒီလိုမျိုးမသုံးရဘူး။ ချန်ရှု့ သူ့အကြည့်ကို အဝေးတစ်နေရာသို့ ရွှေ့လိုက်သည်။ သူ့ရဲ့စည်းစိမ်ဥစ္စာကို သူမအား ဖြည်းဖြည်းချင်း ဖွင့်ပြမယ်လို့ သူ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
လေယာဉ်ပေါ်မှ ဆင်းပြီးနောက်ကားဖြင့် ခန်းရှန် တောင်ခြေရှိ ဟိုတယ်ဆီကို မောင်းသွားခဲ့သည်။ တံတိုင်း ဖွဲ့စည်းပုံက အထူးကောင်းမွန်ပြီး လှပသည်။အလွန်းရှားပါးရင်တောင်မှ အဲ့ဟိုတယ်မှာ ဧည့်သည်တွေမရှိဘူး!
လူမရှိတဲ့နေရာမှ လေပြင်းတစ်ခုက လာရောက်တိုက်ခတ်သွားသည်။ ယဲ့ဆွေက သူတို့သရဲဟိုတယ်တစ်ခုမှာ ရောက်နေပြီလို့တောင် ထင်ခဲ့သည်!
ယဲ့ဆွေ အရှေ့ဘက်စားပွဲကို အသံတိုးတိုးလေးနဲ့မေးလိုက်သည်။ “ ဘာကြောင့်လူတစ်ယောက်မှ ဒီနေရာမှာမရှိနေကြတာလဲ?”
ဧည့်ကြိုက ယဲ့ဆွေအား အမှန်တရားကို ပြောပြလိုက်သည်။ “ မစ္စတာချန်က အခန်းအားလုံးကို ကြိုတင်မှာယူထားလို့ပါ ”
ယဲ့ဆွေ - “......…”
သူမကို ပြည်သူတွေ မမှတ်မိသွားစေဖို့အတွက် ချန်ရှု့က သူ့နှလုံးသားရဲ့ အကြောင်းအရာများကို အမှန်တကယ်ပဲ ဖြုန်းတီးပစ်ခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ကို ခါးခါးသီးသီး သင်ကြားပို့ချပေးခဲ့သည်။ “ ရှင့်ဟာက မများလွန်းဘူးလား?”
ချန်ရှု့ - “ အင်း ၊ သေးငယ်တဲ့ ပြောင်းလဲမှုလေးပါ” သူမှာအဲ့တာတွေ အများကြီးရှိတယ်။
သူတို့ရဲ့ခရီးဆောင်အိတ်တွေကို အခန်းနှစ်ခန်းထဲ ထည့်လိုက်ပြီး သူတို့စုံတွဲတစ်တွဲတည်းရှိတဲ့ ဟိုတယ်အလွတ်တစ်ခုမှာနေကြသည်။ ယဲ့ဆွေ အနည်းငယ် ကြောက်လန့်သော်လည်း ခရီးသွားခြင်းရဲ့ပျော်ရွှင်မှုကြောင့် မကြာခင်မှာ စိတ်ရဲ့နောက်ဆက်တွဲက အထိတ်တလန့်ဖြစ်စေသည်။
ယဲ့ဆွေက သူမမှာ စိတ်ဓာတ်ကြံ့ခိုင်မှုရှိပြီး အရင်က အလုပ်တွေကို ကြိုးစားလုပ်ခဲ့သည်ဟု ထင်မိသည်။ ထို့အပြင် သူမလုံးဝအိပ်ချင်စိတ်မရှိသောကြောင့် နေ့လည်စာစားပြီးနောက် မွန်းလွဲပိုင်းတွင် ခန်းရှန်တောင်သို့ တက်ခဲ့သည်။
မထွက်ခွာခင်တွင် ယဲ့ဆွေ သူမကိုယ်သူမရုပ်ဖျက်ပြီး ဖုံးကွယ်ထားသည့်အလွှာ (၃) ခုကို ချန်ရှု့ ကြည့်လိုက်သည်။ ' မရှိမဖြစ်လိုအပ်တဲ့ maskတစ်ခု၊ နေရောင်ကာဖို့ဦးထုပ်နဲ့ အရောင်ပါတဲ့မျက်မှန်ကို တပ်ဆင်ထားတယ်။' သူမကနာမည်ကြီးတစ်ယောက်ဆိုတာကို ရှာတွေ့သွားမှာ ကြောက်တာကြောင့် ကြည့်ရဆိုးအောင်ပြင်ဆင်ထားသည်။
ယဲ့ဆွေ - “ ရှင်ဘာကြည့်နေတာလဲ?”
ချန်ရှု့က'အလှအပဆိုတာက ကြည့်ရှု့သူရဲ့မျက်လုံးပဲ 'ဆိုတဲ့ စကားနောက်ကိုလိုက်ပြီးနောက်မှာ ယဲ့ဆွေက ဒီလမ်းကြောင်းမှာ အလွန်လှပတယ်လို့ ချန်ရှု့ ခံစားမိသည်။ မကြာသေးမီက လူတွေကိုဘယ်လို လိုက်ရမလဲဆိုတာကို အင်တာနက်မှလေ့လာပြီးနောက် သူကသူမကို“ ကြည့်လို့ကောင်းတယ်” ဟု ပိုပြီးချီးကျူးလိုက်သည်။
ယဲ့ဆွေက သူမရဲ့မျက်နှာကိုပြောင်းလဲစရာမလိုဘဲ ချန်ရှု့ ရဲ့ချီးမွမ်းမှုကို လက်ခံခဲ့သည်။ သူမက“ကျွန်မ သိတယ်” ဟု မျက်နှာပြောင်တိုက်ပြီး ဂုဏ်ယူလိုက်သည်။
ချန်ရှု့က အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ဇနီးသည်က တောဆန်တဲ့ အဝတ်အစားများဝတ်ဆင်ကာ ခန်းရှန်တောက်သို့တက်ခဲ့ကြသည်။
ကေဘယ်လ်ကားကို သူတို့စီးသွားခဲ့ကြသည်။ ထိုအရပ်မှ ထိုစုံတွဲက အဲ့ကနေ ဆင်းသွားကာ တောင်ထိပ်သို့ ပျဉ်ပြားခင်းထားတဲ့လမ်းတစ်လျှောက်ကို စတင်ပြီ လမ်းလျှောက်သွားခဲ့ကြသည်။
ချန်ရှု့ - " ခန်းရှန်က လှတယ်လို့ မင်းထင်လား?”
ယဲ့ဆွေ -" လှတယ် "
တောင်ထိပ်နှင့်နီးလေလေ ပင်လယ်ရေမျက်နှာပြင်အမြင့်က မြင့်လာလေဖြစ်ပြီးတော့ ချန်ရှု့က သူ့စိတ်တွင်ငြိမ်သက်မှု ပိုရှိလာလေဖြစ်လာသည်။ သူ့ဘေးတွင်ရှိသည့် ယဲ့ဆွေရဲ့လမ်းလျှောက်နှုန်းက မမြန်နေဘူး။ သူကသူမကို မလှည့်ကြည့်မိသော်လည်း သူမနဲ့အတူရှိနေစဉ် သူ့ရဲ့ဘဝကပြောင်းလဲလာလိမ့်မည်ဟု သူခံစားမိနိုင်သည်။
ချန်ရှု့က ယဲ့ဆွေကို သူ့ရဲ့အချစ်ကို ဘယ်လိုပြသရမလဲဆိုတာကို စဉ်းစားနေသည်။
“နောင်အနာဂတ်မှာ ကိုယ်နဲ့အတူ နောက်ထပ်တောင်တွေအများကြီးကို တက်ချင်လား?”
သူတို့အသက်တွေကြီးလာကြမယ့် အနာဂတ်ကို သူစဉ်းစားခဲ့သည်။ ချန်ရှု့နဲ့ ယဲ့ဆွေတို့မှာ မီးခိုးရောင်ဆံပင်တွေရှိလာကြပြီး ကမ္ဘာအနှံက တောင်တန်းတွေပေါ်ကို အတူတူတက်ကြမည်။ အဆိုပါအတွေးက အတော်လေးလှပသည်။
သူ့ဘေးမှ ယဲ့ဆွေရဲ့ခါးသက်သော စကားထွက်လာခဲ့သည်။“ မတက်ချင်ဘူး”
ချန်ရှု့ကြက်သေသေသွားတော့သည်။ “ ???”
လေထဲမှာ တိုတိုပြတ်ပြတ် အသံအနည်းငယ်ထွက်လာပြီး တစ်ခုခုကို အပိုင်းပိုင်းခွဲလိုက်သလိုပဲ။ ၎င်းသည် ချန်ရှု့ရဲ့ နှလုံးသားကို အပိုင်းအစများအဖြစ်သို့ ကွဲသွားစေသည်။
ပထမဆုံးအကြိမ်အဖြစ် ကောက်ကောက်ပါအောင်လိုက်နေသည့် ချန်ရှု့က ခရီးစဉ်ရဲ့ပထမဆုံးနေ့မှာပဲ နံရံကိုတိုက်မိခဲ့သည်။ အသက်တွေကြီးသွားတဲ့အထိ အတူတူတောင်တက်ကြမယ်ဆိုတဲ့ သူ့ရဲ့စိတ်ကူးက ယဲ့ဆွေရဲ့ စကားကြောင့်ပျက်စီးသွားတော့သည်။
ယဲ့ဆွေ လေကိုရှူရှိုက်ရင်း အသက်ရှူဖို့ခက်ခဲနေခဲ့သည်။ သူမရဲ့တစ်ကိုယ်လုံးက တစ်ခုခုကိုပြောဖို့တောင် အရမ်းမသက်မသာဖြစ်နေသည်။ “ ကျွန်မ.......ကျွန်မ......…”
“ ကျွန်မ အမြင့်ကိုကြောက်တဲ့ပုံပဲ ”