လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၄၇ - သရဲများရဲ့အပြင်းထန်ဆုံး အိမ်မက်ဆိုး
ချန်ရှု့က ယဲ့ဆွေကို ကြည့်ဖို့အတွက် သူ့ခေါင်းကိုလှည့်လိုက်သည်။ သူတို့တက်နေချိန်မှာ သူက သူမကို လှည့်မကြည့်ခဲ့ပေ။
ယဲ့ဆွေရဲ့အခြေအနေက မကောင်းဘူးဆိုတာ သိမှသူ့အာရုံက ရွေ့လာခဲ့သည်။ သူမက သူမရဲ့ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း ယိမ်းယိုင်နေကာ မျက်နှာက ဖြူဖျော့နေခဲ့သည်။
"ကောင်းပြီ ပြန်ကြရအောင် " ချန်ရှု့က အတော်လေးထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူက ချက်ချင်း ယဲ့ဆွေရဲ့ ပခုံးကိုကိုင်ပြီး လက်ကိုဆန့်၍ သူမခန္ဓာကိုယ်ကို သူ့ဆီမှီထားလိုက်သည်။
သူတို့စုံတွဲက သူတို့ရဲ့လက်ရှိအနေအထားနဲ့ ရပ်နားစခန်းဆီကို ဆင်းသွားပြီး ကေဘယ်လ်ကားပေါ်မှာ ထိုင်လိုက်ကြသည်။ ချန်ရှု့က ယဲ့ဆွေရဲ့ ဦးထုပ်နဲ့ Mask ကိုချွတ်ပေးခဲ့ပြီး သူမက ခေါင်းမူးနေတာကြောင့် စကားမပြောနိုင်ခဲ့ပေ။
ယဲ့ဆွေက ခေါင်းမူးနေပေမယ့်လည်း သူမလက်ကိုဆန့်ပြီး အိတ်ကိုညွှန်ပြနိုင်ခဲ့သည်။ သူမက အမြင့်ကြောက်တာကြောင့် တောင်ပေါ်မတက်ခင် ဆေးဝါးပြင်ဆင်ခဲ့သည်။
ချန်ရှု့က သူမအိတ်ထဲက ဆေးနှင့် ဓာတ်ဆားရေကိုထုတ်ယူခဲ့သည်။ ဆေးသောက်ပြီးနောက်မှာ ယဲ့ဆွေက သူ့ပခုံးပေါ် အားနည်းစွာ မှီနေရသေးသည်။ ကံကောင်းထောက်မစွာနဲ့ သူမတုံ့ပြန်မှုက အလွန်မပြင်းထန်လွန်းတာကြောင့် အနားယူဖို့သာ ပြန်လိုသည်။
လမ်းတစ်လျှောက် တောင်ရှုခင်းများကို ကေဘယ်လ်ကားထဲမှ အပြင်ဘက်ကို ကြည့်နေမိသော်လည်း ချန်ရှု့က ၎င်းကိုသဘောမကျခဲ့ပေ။
ချန်ရှု့က ယဲ့ဆွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မသိခဲ့ဘူး။ သူ့ဆန္ဒများအရ သူမ ခန်းရှန် တောင်ကို တက်ဖို့ ခေါ်သွားခဲ့သည်။
ချန်ရှု့က သူ့အစောပိုင်းနှစ်များကို ကလေးဘဝကစပြီး လူကြီးဘဝအထိ စဉ်းစားမိသည်။ သူကအမှားများစွာကျူးလွန်ခဲ့တယ်လို့ အမြဲတမ်းပြောဆိုကြသည်။ ထို့ကြောင့် သူ့အမေထွက်ခွာသွားချိန်မှာ သူကအလွန်အထီးကျန်ခဲ့ပြီး သူငယ်ချင်းလည်းမရှိခဲ့ကာ ချန်မိသားစုမှာတောင် သူနှင့်ရင်းနှီးသောသူမရှိခဲ့ပေ။
သူကအခြားသူများနဲ့ မဆက်သွယ်ဘဲ သူ့အတွက် မည်သည့် ပြဿနာကိုမှ ဖြစ်စေလိုခဲ့ပေ။
အခု ချန်ရှု့ နီးကပ်ချင်တဲ့သူ တစ်ယောက်ရှိလာသည်။ သူ့ရဲ့အမှားကြောင့် သူမက သနားစရာကောင်းစွာနဲ့ နေမကောင်းဖြစ်သွားခဲ့သည်။
ချန်ရှု့က သူတို့ခရီးစဉ်က သက်တောင့်သက်သာရှိပြီး ပျော်စရာကောင်းမယ်လို့ ယုံကြည်ပေမယ့်လည်း မျှော်လင့်မထားသည့်အရာတစ်ခုက ထပ်ပြီးဖြစ်လာခဲ့သည်။ ဟိုအရင်ကလိုဘဲ သူ့အနားကိုအကြိမ်ပေါင်းများစွာ လာချဉ်းကပ်သူတွေက သူနဲ့ဝေးကွာသွားလိမ့်မည်။
ချန်ရှု့က သူ့ကိုသူတို့ပြောတာတွေအနေနဲ့ သူကမကောင်းတဲ့ နိမိတ်လက္ခဏာဖြစ်ပြီး သူနဲ့ရင်းနှီးတဲ့ လူများကို ထိခိုက်စေတယ်ဆိုတာက ဖြစ်နိုင်သည်။
ဟိုတယ်ကို ကားရောက်ချိန်မှာ ယဲ့ဆွေက အမြဲတမ်း နေရာပြောင်းနေရပြီး လှည့်ပတ်နေရတာကြောင့် ခြေကုန်လက်ပန်းကျသွားပြီဖြစ်သည်။
ချန်ရှု့က ယဲ့ဆွေကို သူတို့အခန်းဆီ ပွေ့ချီသွားခဲ့သည်။ ချန်ရှု့ရဲ့ အမူအရာကို သူမ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် သူနှလုံးခုန်မြန်တာကို သူမ သတိပြုမိခဲ့ပြီး သူစိုးရိမ်နေပုံရသည်။
သူတို့အခန်းကို ပြန်ရောက်ချိန်မှာ ယဲ့ဆွေက အိပ်ရာပေါ်လှဲတစ်ဝက် အနေအထားမှာရှိနေပြီး ချန်ရှု့က သူမ မအိပ်ပျော်ခင်မှာ သူမကိုရေနွေးနွေးလေးတိုက်ခဲ့သည်။
ဘယ်လိုဘဲပြောပြော ယဲ့ဆွေက မအိပ်ပျော်ခင်မှာ ချန်ရှု့ရဲ့ မေးခွန်းကို ရုတ်တရက် စဉ်းစားမိသွားသည်။ "နောင်အနာဂတ်မှာ ကိုယ်နဲ့အတူ နောက်ထပ်တောင်တွေအများကြီးကို တက်ချင်လား"
"ချန်ရှု့ " ယဲ့ဆွေရဲ့စိတ်က တော်တော်လေး ရှုပ်ထွေးနေပြီး သူ့နာမည်ကို ခေါ်ချိန်မှာ သူမရဲ့အသံကခြင်သံလိုမျိုး သေးငယ်ပြီး လေးပင်နေခဲ့သည်။
ချန်ရှု့စိတ်ပါလက်ပါနဲ့ ပြန်ဖြေခဲ့သည်။ "အမ် "
“ရှင်နဲ့အတူတောင်ပေါ်တက်ရတာ ပျော်စရာကောင်းတယ် ” ယဲ့ဆွေက စကားပြောပြီးတဲ့အခါ သူမျက်လုံးက တဖြည်းဖြည်းမှိတ်သွားပြီး မကြာခင်မှာပဲ အိပ်သွားခဲ့သည်။
ချန်ရှု့က သူ့ရဲ့ မျက်လုံးထဲထိ အံ့သြသွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းထဲမှာ ယဲ့ဆွေရဲ့စကားသံက ထူးထူးခြားခြား ရှင်းလင်းနေခဲ့သည်။
သူက သူတစ်ပါးရဲ့ စကားများကို မမှတ်မိဘဲ ၊ သူတို့ကိုလျစ်လျူရှုကာ သူတို့၏ခံစားချက်များကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပေ။
ဒါပေမယ့် ယဲ့ဆွေရဲ့သေးငယ်တဲ့အသံက လေထဲကနေ ချန်ရှု့ရဲ့ နားရွက်တစ်လျှောက်ကို ရောက်သွားပြီး အဲ့နောက်မှာ နွေဦးလေပြေလိုမျိုး တောက်ပတဲ့ပန်းများပွင့်လာကာ သူ့နှလုံးဆီရောက်သွားခဲ့သည်။
သူ့ ဦးနှောက်ထဲတွင် တစ်စုံတစ်ဦးကို ဂရုစိုက်ခြင်းရဲ့ ခံစားချက်ကို သဘောပေါက်လာသည်။
ချန်ရှု့က ခေါင်းကိုငုံ့ပြီး ယဲ့ဆွေကို ကြည့်လိုက်သည်။ သူမအသက်ရှုနှုန်းက ပုံမှန်ဖြစ်ပြီး သူမအရင်ကရှိခဲ့ဖူးတဲ့ မသက်မသာအခြေအနေတွင် ရောက်နေခဲ့သည်။
အခန်းထဲကို နေရောင်ခြည်ကျရောက်လာချိန်မှာ သူမရဲ့မျက်နှာကို အလင်းရောင်အလွှာတစ်ခုက လင်းလက်နေစေသည်။ သူမရဲ့မျက်နှာက နူးညံ့သိမ်မွေ့နေပြီး သူမရဲ့နူးညံ့တဲ့နှုတ်ခမ်းက အလွန်စွဲမက်စရာကောင်းသည်။
ချန်ရှု့က သူမနိုးမှာကို စိုးရိမ်တာကြောင့် ပြတင်းပေါက်ဆီသွားကာ ကန့်လန့်ကာများကို ဂရုတစိုက် ပိတ်လိုက်သည်။
အခန်းက ရုတ်တရက် မှောင်သွားခဲ့ကာ ချန်ရှု့က ယဲ့ဆွေရဲ့ အိပ်ရာဘေးတွင် ထိုင်ပြီး သူမရဲ့မှိတ်နေတဲ့ မျက်လုံးများကို စိုက်ကြည့်လျက် သူတွေးနေတဲ့အရာကိုတော့ မသိရပေ။
တစ်နာရီ၊ နှစ်နာရီခန့် အိပ်မောကျပြီးနောက်မှာ ယဲ့ဆွေက နိုးလာခဲ့သည်။ မျက်ခွံကများ တုန်ခါနေပြီး သူမမျက်လုံးများကိုဖွင့်ကာ အခြားနေရာများဆီ လှမ်းကြည့်နေတဲ့ ချန်ရှု့ကို ညင်ညင်သာသာ ကြည့်လိုက်သည်။ ခဏကြာပြီးနောက် ချန်ရှု့က သူ့အကြည့်ကို သူမဆီရွေ့လာခဲ့ကာ တစ်ယောက်နဲ့တစ်ယောက် အကြည့်ဆုံနေခဲ့ကြသည်။
ယဲ့ဆွေက သက်တောင့်သက်တာမရှိတာကို ကြာကြာမခံစားလိုက်ရပေ။ သူမအိပ်ရာထဲ တိတ်ဆိတ်စွာ အိပ်နေတာက ပိုကောင်းတာ သိလိုက်ရသည်။ သူမကိုဒီလိုမြင်လိုက်ရတာကြောင့် ချန်ရှု့က သက်ပြင်းချပြီး ပြောလိုက်သည်။ "အဆင်ပြေလား? "
ယဲ့ဆွေက ခေါင်းညိမ့်ပြခဲ့သည်။ "ရေနည်းနည်းဆာတယ် "
ချန်ရှု့က လျင်မြန်စွာ မတ်တပ်ရပ်လိုက်ကာ ရေနွေးခွက်ကို ကိုင်ပြီးမျက်မှောင်ကြုတ်မိလိုက်သည်။ ချန်ရှု့က ရေနွေးခွက်ကို ယဲ့ဆွေရဲ့ နှုတ်ခမ်းနားထိကိုင်ပေးခဲ့ပြီး သူ့လက်ချောင်းမျာက သူ့မနှုတ်ခမ်းထောင့်ကို ထိနေခဲ့သည်။ ယဲ့ဆွေက ချန်ရှု့ လက်ကိုကိုင်ထားကာ ရေတစ်ခွက်ကို သောက်ခဲ့သည်။
ရေတစ်ခွက်သောက်ပြီးတာနဲ့ ယဲ့ဆွေက မျက်မှောင်ကြုတ်ထားတဲ့ ချန်ရှု့ကို မော့ကြည့်လိုက်သည်။ "ချန်ရှု့ "
ချန်ရှု့ - “ မင်း တခြားနေရာတွေမှာ မသက်မသာ ဖြစ်နေသေးလား? ”
ယဲ့ဆွေက ခေါင်းကိုခါလိုက်သည်။ “ ကျွန်မအခုပိုကောင်းလာပြီ။ ဘာပဲဖြစ်ဖြစ် ရှင်ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ? ”
ချန်ရှု့က သူ့လက်ကိုမြှောက်ပြီး သူနဖူးကိုထိလိုက်သည်။ သူက မျက်မှောင်ကြုတ်မိတာကို မသိခဲ့ပေ။ ယဲ့ဆွေရဲ့လှုပ်ရှားမှုတိုင်းက သူ့ခံစားချက်အပေါ် အမြဲသက်ရောက်မှုရှိသည်။
ချန်ရှု့က ဘာမှမပြောပဲ ဘာမှမရှိတဲ့ ခွက်ကို ကြည့်လိုက်ပြီး သူမအတွက် ရေထည့်ပေးဖို့ မတ်တပ်ရပ်လိုက်သည်။
ယဲ့ဆွေက ချန်ရှု့ အခန်းထဲက အပြင်ထွက်သွားတာကို ကြည့်နေခဲ့သည်။ ဒါပေမယ့် နောက်တစ်စက္ကန့်မှာဘဲ တစ်ခုခုလွဲနေတာကို သူမသတိထားမိလိုက်သည်။
သူမအိမ်မှာရှိနေချိန်မှာ ချန်ရှု့အနီးရှိနေစဥ် သရဲတွေက မချဉ်းကပ်ရဲကြတာပေ။ ပြီးတော့ အိမ်ကသန့်ရှင်းသပ်ရပ်နေပြီး ကြောက်ရွံ့စရာ အကြောင်းမရှိပေ။
အခု သူတို့နေရာတွေ ပြောင်းလိုက်ပြီလို့ပြောကြည့်ရအောင်။ အဲ့ဒါကိုပြောရမယ်ဆို ယဲ့ဆွေက အရင်အဟောင်းနဲ့ လိုက်လျောညီထွေမဖြစ်ခင် တစ္ဆေအသစ်တစ်သိုက်က ပေါ်လာခဲ့သည်။ သူမဖြည်းဖြည်းချင်းစောင်ကို ဆွဲပြီးမျက်နှာတစ်ဝက်ကို ဖုံးလိုက်သည်။
ချန်ရှု့ ရှိနေတာတောင် အဲဒီသရဲတွေက မရောင့်ရဲနိုင်ကြချေ။ အခန်းထောင့်မှာ ပုန်းနေကြကာ ကြောက်ပြီးမချဉ်းကပ်ရဲကြပေ။
တစ်ကောင်က ကန့်လန့်ကာအစွန်းမှာ ပုန်းနေပြီး တစ်ကောင်က တီဗီနောက်ကွယ်မှာ ပုန်းနေကာ နောက်တစ်ကောင်က အခန်းရဲ့ အတွင်းအကျဆုံး ထောင့်မှာပုန်းနေခဲ့သည်။
"ဒီလူနောက်ဆုံးတော့ ထွက်သွားပြီပဲ။ သူက ကျွန်မရဲ့နှလုံးသားကို မရပ်မနား ထိတ်လန့်သွားစေခဲ့သည်။ " ကန့်လန့်ကာနားမှ သရဲတစ်ကောင်က ဘေးဘက်မှထွက်လာပြီး သူ့ရင်ဘတ်ကိုပုတ်နေခဲ့ကာ သူ့နှလုံးကမြန်ဆန်စွာခုန်နေဆဲပဲ။
တီဗွီနောက်မှ တီဗွီသရဲကလည်း ထွက်လာပြီး သူမခြေထောက်ကိုဆန့်၍“ ငါ့ခြေထောက်တွေ ထုံနေတယ်” လို့ပြောလာသည်။
"သတိ သတိ အဲ့ဒိလူပြန်လာပြီ။ ပုန်းကြ " တီဗွီသရဲပေါ်လာပြီး မကြာခင်မှာ ချန်ရှု့ ရဲ့ခြေသံကို ကြားခဲ့ရသည်။ ဒီအကြောင်းကိုပြောရင်း သရဲတွေက သူတို့ပုန်းတဲ့နေရာတွေဆီကို ပြန်သွားပြီး သူတို့ရဲ့မူလနေရာကို အမြန်ပြန်သွားကြသည်။
ယဲ့ဆွေက ချန်ရှု့ရဲ့ ခြေသံကိုနားထောင်နေခဲ့ပြီး သူမမျက်လုံးက ဘေးဘယ်ညာကို မကြည့်ရဲပေ။ အကယ်၍ သူမက ချန်ရှု့ကို အခုချိန် သူမသရဲတွေကို မြင်ရတယ်လို့ ဝန်ခံမယ်ဆို သူလက်ခံမှာလား?
ချန်ရှု့ ဝင်လာတဲ့အခါမှာ ယဲ့ဆွေခန္ဓာကိုယ်က တုန်ခါနေတာကို သူတွေ့လိုက်ရသည်။ သူက သူမသရဲတွေကို တကယ်မြင်နိုင်တယ်ဆိုတဲ့ သူ့ကိုယ်ပိုင်ယူဆချက်ကိုချက်ချင်း စဉ်းစားမိခဲ့သည်။ သူ့မျက်နှာက မဲမှောင်သွားခဲ့သည်။ - သူမအရမ်း မသက်မသာဖြစ်နေတယ်။ ဒီသရဲတွေက မျက်စိကန်းနေတာလား?
ထိုသရဲများက သူတို့ချန်ရှု့ကို စိတ်အနှောင့်အယှက် ပေးမိခဲ့ကြောင်းမသိခဲ့ပေ။ ပြီးတော့ အဲ့ဒါက သူ့ စိတ်ထဲစွဲသွားခဲ့သည်။
ချန်ရှု့ သူမအတွက် ယူလာတဲ့ ရေကိုသောက်နေချိန်မှာ ယဲ့ဆွေက သရဲတွေအကြောင်း ပြောပြဖို့စကားလုံးများကို ဘယ်လိုရှာဖွေရမလဲကို စဉ်းစားနေခဲ့သည်။
"ချန်ရှု့ " ယဲ့ဆွေက ခဏလောက်ရပ်သွားခဲ့ပြီး ထပ်မေးခဲ့သည်။ " ရှင် တစ်ကယ် ဒီကမ္ဘာပေါ်မှာ သရဲတွေမရှိဘူးလို့ ထင်တာလား?"
ချန်ရှု့က ယဲ့ဆွေကို အပျက်သဘောဆောင်တဲ့ အဖြေကို ယခင်အချိန်များနှင့်မတူ ချက်ချင်း အဖြေမပေးခဲ့ဘဲ မေးခွန်းတစ်ခုကို မေးခဲ့သည်။
"အခု ကိုယ်တို့အခန်းထဲမှာ သရဲတွေရှိနေတာလား? "
ယဲ့ဆွေက ခေတ္တတွန့်ဆုတ်သွားပြီး ချန်ရှု့ကို သရဲမြင်နိုင်တာကို ပြောပြဖို့ ဆုံးဖြတ်ခဲ့သည်။ တုန်နေသေးတဲ့ လက်ချောင်းကိုဆန့်ပြီး ကန့်လန့်ကာအနားမှာရှိတဲ့ သရဲကိုညွှန်ပြခဲ့သည်။
ယဲ့ဆွေရဲ့လက်က သူ့ကိုညွှန်ပြနေတာကို ကန့်လန့်ကာသရဲက တွေ့လိုက်တဲ့အခါမှာ သူကသူမကို ခြောက်လန့်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ နောက်ဆုံးအနေနဲ့ သရဲကိုမြင်နိုင်တဲ့ လူအနည်းငယ်သာ ရှိသည်။
"ဟုတ်လား?" အဆိုပါသရဲက ကန့်လန့်ကာနောက်မှ ထွက်လာပြီး ယဲ့ဆွေရဲ့ဘေးကို ဖြည်းဖြည်းဦးတည်လာကာ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ အမူအရာကို လုပ်လာသည်။
"ဒါဆို မင်းကသရဲတွေရဲ့ တကယ့် အသွင်အပြင်ကို မြင်ရလိမ့်မယ် ဟီးဟီးဟီး "
ချန်ရှု့က ယဲ့ဆွေရဲ့ အိပ်ရာဘေးမှာ ထိုင်နေပေမယ့်လည်း ကန့်လန့်ကာသရဲက တစ်သက်တာ အခွင့်အလမ်းနဲ့ တွေ့ဆုံခဲ့ရတာကြောင့် သူ့ကိုရှောင်ကွင်းပြီး ယဲ့ဆွေကို ခြောက်လန့်ဖို့ ဆုံးဖြတ်ခဲ့သည်။
ချန်ရှု့က ကန့်လန့်ကာတွေကို ကြည့်လိုက်သည်။ အဲ့ဒါကအခုချိန်မှာ ပိတ်ထားခဲ့သည်။ သူကမျက်မှောင်ကြုတ်ပြီး ထောင့်စွန်းဘက်ကိုလျှောက်သွားခဲ့သည်။
ဘာကြောင်လဲဆိုတော့ ကန့်လန့်ကာသရဲက ဟန်ဆောင်ပြီး တဖြည်းဖြည်း လျှောက်လာသည်။ ဒါပေမယ့် ချန်ရှု့က အဲ့ဒီဘက်ကို ခြေလှမ်း ၂လှမ်း၊ ၃လှမ်း လှမ်းပြီးချိန်မှာ အဲ့ဒါက အလွန်ကြောက်လန့်တုန်လှုပ်သွားပြီး မြေပေါ်ကိုလဲကျသွားသည်။
ဤသည်မှာ ကန့်လန့်ကာသရဲရဲ့ ပထမဆုံးအကြိမ်အဖြစ် အင်အားကြီးမားတဲ့ ယန် စွမ်းအင်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ ထိမိတာဖြစ်သည်။ ၎င်းက သစ်ရွက်တွေလို တုန်ခါနေပြီး နောက်ကျောနဲ့ အရှေ့ကိုရောက်သွားစေသည်။ အဲ့ဒီအချိန်မှာဘဲ ကန့်လန့်ကာသရဲက သူ့ဝိသေသလက္ခဏာကိုမေ့နေပြီး သရဲတွေက လူသားနဲ့ထိမိပြီး ဒဏ်ရာရကာ သေမှာကြောက်ကြသည်။
နောက်တစ်စက္ကန့်မှာ ချန်ရှု့က ကန့်လန့်ကာကို ဖွင့်လိုက်သည်။ ပြီးတော့ ဝှီးကနဲမြည်သွားခဲ့ကာ ပြတင်းပေါက်အပြင်ဘက်မှ တောက်ပတဲ့ နေရောင်ခြည်က ဖြာထွက်လာကာ ကန့်လန့်ကာသရဲအပေါ် တိုက်ရိုက်ကျသွားခဲ့သည်။
ကန့်လန့်ကာသရဲက အော်ဟစ်ခဲ့ပြီး သူ့ပုံရိပ်ကိုလုံးဝလျစ်လျူရှု့ကာ ပုန်းဖို့အတွက် ထောင့်ကို အမြန်သွားခဲ့သည်။ “ အမေ ဒီမှာလူဆိုးတွေ ရှိတယ်။ ငါ့မြည်းလည်း မီးလောင်သွားပြီ။ ”
ဒါပေမယ့် သရဲကိုမတော်တဆငိုကြွေးစေတဲ့ ချန်ရှု့က ထိုအရာကို သတိမထားမိဘဲ ပြတင်းပေါက်ကို စစ်ဆေးပြီး ပြောခဲ့သည်။ “အဲဲဒါ ဒီမှာရှိလား? သရဲက ဒီမှာလား?”
ယဲ့ဆွေက ဒေါကန်နေပြီး ထောင့်နားမှာပုန်းနေတဲ့ ကန့်လန့်ကာသရဲကို တည့်တည့်ကြည့်လိုက်သည်။ သူမ ဘာပြောရမှန်းတောင် မသိပေ။
"သရဲက..... " ယဲ့ဆွေရဲ့အသံက သရဲကို အနည်းငယ် စာနားနေပုံရသည်။ "အဲ့တာက အခုအဲဒီမှာ မရှိတော့ဘူး"
ချန်ရှု့က ကန့်လန့်ကာကို ပြန်လည်ဆွဲလိုက်ပြီး အပြင်ဘက်မှနေကို သီးခြားခွဲထုတ်ထားသော်လည်း ကန့်လန့်ကာသရဲက လုံးဝအနားမယူရဲခဲ့ပေ။ ၎င်းကိုယ်ခန္ဓာနဲ့ နံရံကို အချင်းချင်း တင်းတင်းကျပ်ကျပ် ထားရှိခဲ့ပြီး ၎င်းတို့ထဲ၌ သူ့ဟာသူမြှုပ်နှံထားသကဲ့သို့ ၎င်းတို့ကြား ကွာဟမှုမရှိခဲ့ပေ။
တီဗီသရဲအနေဖြင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်ကို ညှဉ်းပန်းနှိပ်စက်ခြင်းများကို တွေ့မြင်ပြီး အရာအားလုံးကို တစ်ချက်တည်းဖြင့် ရှုတ်ချပြီး ကန့်လန့်ကာသရဲ မပြီးဆုံးသေးသည့် အကြောင်းအရင်းကို ဆက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
တီဗီသရဲက ကန့်လန့်ကာသရဲကို နှစ်သိမ့်ခဲ့သည်။ "မကြောက်နဲ့။ ငါထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ရုပ်ရှင်အများကြီး ကြည့်ပြီး ကြောက်စရာ လှုပ်ရှားမှုတွေကို လေ့လာသင်ယူထားတယ် ”
တီဗီသရဲက လက်နှစ်ဖက်စလုံးကို တီဗီအစွန်းမှာ ထားကာ ရှည်လျားတဲ့ အနက်ရောင်ဆံပင်ကို ပထမဆုံးထုတ်လာကာ တီဗွီမှကော်ဇောအထိဆွဲထားသည်။
အဲ့ဒါက နှေးကွေးစွာနဲ့ ဖြည်းဖြည်းချင်းထွက်လာသည်။
ယဲ့ဆွေရဲ့ မျက်လုံးတွေကို တီဗီသရဲရဲ့ လှုပ်ရှားမှုက ဆွဲဆောင်နိုင်ခဲ့ပြီး သူမရဲ့မျက်နှာက ရုတ်တရက်ပြောင်းလဲသွားတာကြောင့်ချန်ရှု့က ချက်ချင်းသတိပြုမိခဲ့သည်။
"တီဗီမှာ သရဲတစ်ကောင် ရှိတာလား? "
ချန်ရှု့က တီဗီ ရှိတဲ့နေရာကို သွားခဲ့သည်။ တီဗီသရဲက ယဲ့ဆွေကို မကြောက်ရွံ့ပေမယ့်လည်း ချန်ရှု့ဆီ ဦးတည်ခဲ့သည်။
တီဗီ သရဲက လက်ကို မြေပြင်ပေါ်မှာ ထောက်ထားခဲ့သည်။ သူမခန္ဓာကိုယ်တစ်ဝက်ကို တီဗီထဲ၌ထည့်ထားသော်လည်း အလယ်ပိုင်းက ပြတ်တောက်သွားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ ဘရိတ်ကို အချိန်မီအရှိန်မြှင့်ပြီး ထိတ်လန့်တုန်လှုပ်သွားအောင် ပြင်ဆင်ထားခဲ့သည်။
ချန်ရှု့က တီဗွီရှေ့ကို သွားခဲ့ပြီး သူ့ခြေထောက်က သရဲရဲ့ ဆံပင်အရှည်ကို တိတိကျကျနင်းမိသွားခဲ့သည်။
တီဗွီသရဲက အကြိမ်ပေါင်းများစွာ ဆုတ်ခွာသော်လည်း ချန်ရှု့ ခြေထောက်က လွတ်မြောက်ဖို့ မအောင်မြင်ခဲ့ပေ။
"အမေ၊ ငါအိမ်ပြန်ချင်တယ်၊ မနက်ဖြန် ငါ့ဆံပင်ကို ညှပ်မယ် " တီဗွီသရဲက သူမရဲ့ဆံပင်ရှည်တွေကို ပြန်ဆွဲထုတ်လိုက်သည်။
ချန်ရှု့က တီဗီကို အကြိမ်ကြိမ်ကြည့်ခဲ့ပေမယ့် အရင်ကလို စခရင်က စင်ကြယ်နေပြီး ကြမ်းပြင်က သပ်သပ်ရပ်ရပ်ဖြစ်နေခဲ့သည်။ အဲ့ဒါက ဘယ်လိုလုပ်သရဲ ဖြစ်နိုင်မှာလဲ?
တိုက်ဆိုင်မှုတွေဖြစ်နေတဲ့ ဤကာလအတွင်းမှာ ချန်ရှု့ရဲ့ ခြေထောက်က တီဗွီသရဲရဲ့ ရှည်လျားတဲ့ ဆံပင်မှရွေ့မသွားခဲ့ပေ။ တီဗွီသရဲက သူမ ရည်မှန်းချက် ပြည့်မီဖို့အတွက် ကြမ်းပြင်တစ်လျှောက် ဆံပင်ရှည်တွေကို ဘာလို့များဖြန့်ခဲ့ရတာလဲ?
ချန်ရှု့က ယဲ့ဆွေကို အသေအချာ ပြင်ဆင်ထားပြီးကြည့်ခဲ့ကာ သူကသံသယဖြစ်စွာနဲ့မေးခဲ့သည်။
"ဒီမှာသရဲ ရှိတာလား?"
'အဲ့ဒါက ရှင့်ခြေထောက်အောက်မှာ ရှိတယ်။ ရှင့် ခြေထောက်ကို အရင်မလို့ရမလား?'