လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၄၈ - ရှာလကာရည်ကို သုံးဆောင်ခြင်း
တီဗွီသရဲက သူ့လက်ကိုဆန့်ပြီး ယဲ့ဆွေအား အကူအညီတောင်းနေတာကို မရပ်တန့်နိုင်ခဲ့ပေ။ "ငါအခု နင့်ကိုကြောက်မနေသင့်ဘူး။ နင်သိတဲ့အတိုင်းပဲ ငါတို့တွေအတွက် သရဲတွေဖြစ်ရတာ မလွယ်ဘူး။ ကျေးဇူးပြုပြီး နင့်ရဲ့ယောကျ်ားဖြစ်သူကို ခြေထောက်မခိုင်းလိုက်ပါ"
လွန်ခဲ့သောတစ်မိနစ်ခန့်က ရည်မှန်းချက်ကြီးမားသော တီဗွီသရဲက ချန်ရှု့ကို ကြောက်လန့်အောင်လုပ်လိုခဲ့ပြီး ယခုအခါ အသနားခံ တောင်းပန်ခဲ့သည်။ ဤအချိန်တွင် အရေးအကြီးဆုံးအရာမှာ သူမအား မိမိကိုယ်ကို အထင်ကြီးလေးစားမှုအဖြစ် ပြန်လည်တည်ဆောက်ရန်မဟုတ်ဘဲ မာရ်နတ်၏ လက်ထဲမှ မိမိကိုယ်ကိုဘယ်လိုဖယ်ထုတ်ရမလဲဆိုတာပဲဖြစ်သည်။
အရမ်းကြင်နာတတ်တဲ့ ယဲ့ဆွေက တီဗွီသရဲကို ကူညီပေးခဲ့သည်။ "ရှင့်ရဲ့ခြေထောက်က သူ့ရဲ့ဆံပင်ပေါ်ကို တက်နင်းထားတယ် "
ချန်ရှု့ မျက်မှောင်ကြုတ်ပြီး သူ့ခြေထောက်ကို ဘေးကိုရွှေ့လိုက်သည်။ တီဗီသရဲက ပျော်ရွှင်စွာ ပြန်တက်သွားသည်။ မမျှော်လင့်ဘဲ သူမက အတင်းရုန်းပြီး ထွက်ပြေးဖို့ ခွန်းအားအများကြီး သုံးလိုက်တာကြောင့် ချန်ရှု့ခြေထောက် မလိုက်သောအခါ သူမ တားဆီးမှုမှလွတ်ထွက်သွားပြီး ရုတ်တရက် တီဗွီဆီကို လှိမ့်သွားခဲ့သည်။
ဒက်! တီဗီသရဲက ချန်ရှု့ရဲ့ခြေရင်းနား လှိမ့်သွားသည်။ သူမ မတ်တပ်ရပ်လိုက်တဲ့အချိန် သူမရဲ့ဆံပင်ရှည်နဲ့ခလုတ်တိုက်သွားပြီးတော့ ကြမ်းပြင်ပေါ် ပြန်လဲကျသွားတော့သည်။ ယဲ့ဆွေကတော့ သူမရဲ့ဟာသလုပ်ရပ်ကိုကြည့်ရုံသာကြည့်နိုင်ခဲ့သည်။ သူမ မကူညီနိုင်ပေမယ့် သုံးစက္ကန့်လောက် တီဗီသရဲကို ကိုယ်ချင်းစာနာနိုင်သည်။
တီဗွီသရဲက သူမလွတ်မြောက်ပြီဟု ထင်သောအခါ ချန်ရှု့က ရုတ်တရက် သူ့ရဲ့လက်ကို တီဗီရှေ့က စားပွဲလေးပေါ်ကိုတင်လိုက်သည်။ သူ့လှုပ်ရှားမှု့ကို မရပ်တန့်နေဘဲ သရဲဘယ်မှာ ပုန်းနေလဲဆိုတာကို ကြည့်ချင်လို့ စားပွဲလေးကိုမလိုက်သည်။
တီဗွီသရဲက ထလိုက်တာကြောင့် မျက်နှာချင်းဆိုင်က စားပွဲနဲ့ ခေါင်းကိုရိုက်မိသွားသည်။
ဘန်း!
တီဗွီသရဲက တီဗွီဆီကို တွားသွားနေစဥ် စူးစူးဝါးဝါးအော်လိုက်သည်။ ယဲ့ဆွေက နှင်ဆီရင်ပြင်ရှိ ချန်ရှု့၏ ယခင်က အပြုအမူကို ပြန်လည်တွေးတောလိုက်မိသည်။ သူက မီးခြစ်ကိုယူပြီး ကခုန်နေတဲ့သရဲအဖွားရဲ့ ၀တ်စုံကိုမီးရှို့ခဲ့သည်။
အခုတော့ ချန်ရှု့က တီဗီသရဲရဲ့ ဆံပင်ကို တက်နင်းပြီး စားပွဲလေးနဲ့ ၎င်းရဲ့ခေါင်းကို ရိုက်လိုက်သည်။ သူ့ရဲ့လှုပ်ရှားမှုအားလုံးက သရဲတွေကို များစွာထိခိုက်စေနိုင်သည်ဟု ဆိုလိုသည်။
သာမန်လူတစ်ယောက်က ဒီလိုလုပ်နိုင်လား? ချန်ရှု့က ယန် စွမ်းအင် လုံလုံလောက်လောက် ရှိရုံသာမက သရဲများရဲ့ အဆုံးစွန်သော အကုသိုလ်ဝင်ပေါက် လည်း ဖြစ်သည်။
ကြောက်နေပြီးသားဖြစ်သော တတိယသရဲမှာ ချန်ရှု့ ၏လုပ်ရပ်များကြောင့် အလွန်ဒေါကန်လုနီးပါးဖြစ်သွားပေမယ့် ဘာမှတော့မလုပ်ရဲပေ။ အရင် သရဲနှစ်ကောင်နဲ့ တူညီတဲ့ဖြစ်ရပ်ကို တွေ့ကြုံရမှာကို ကြောက်ရွံ့ခဲ့သည်။
ကန့်လန့်ကာသရဲ၏ ဦးဆောင်မှုနှင့် တီဗီသရဲက နောက်ကလိုက်သွားခဲ့သည်။ ကြောက်နေတဲ့သရဲက သူတို့ကိုအတုခိုးပြီး အနောက်ကို မလှည့်ကြည့်ဘဲ အမြန်ဆုံး အခန်းထဲမှ ထွက်ပြေးဖို့ စိတ်အားထက်သန်ခဲ့သည်။
သူတို့ဒီအခန်းထဲကို ဘယ်တော့မှထပ်မံ ခြေမချရဲတော့ဘဲ တစ်ညလုံးယူနန်က ထွက်ပြေးလိမ့်မယ်လို့ ယဲ့ဆွေ ထင်ခဲ့သည်။
ချန်ရှု့က သရဲတွေရဲ့ ကြောက်ရွံ့ခြင်းကို လုံးဝမသိခဲ့ပေ။ သူ့ရဲ့မျက်နှာက အနည်းငယ်ရှုပ်ထွေးနေသည်။ “ မင်းတစ်ယောက်တည်းကပဲ သူတို့ကိုမြင်နိုင်တာလား?”
အရင်က သူသရဲတွေကို ဘယ်တော့မှ မယုံခဲ့တာကြောင့်များလား?
ယဲ့ဆွေနဲ့ ချန်ရှု့တို့ ဟိုတယ်၌ ခဏတာအတွက်နေထိုင်ခဲ့ပြီးနောက် စထွက်ကြသည်။ မထွက်ခွာမီတွင် ယဲ့ဆွေကရုပ်ဖျက်ပြီး လက်နက်ကို သူမ ကိုယ်တိုင် ပြင်ဆင်ခဲ့သည်။ ညနေပိုင်းဖြစ်သော်လည်း ယူနန်ဆီကို ခရီးသွားဧည့်သည်များစွာ လာရောက်ကြသည်။ ထို့ကြောင့် သူမ စေ့စေ့စပ်စပ် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းကို သေချာအောင်ပြုလုပ်ဖို့ လိုအပ်နေဆဲဖြစ်သည်။
ယဲ့ဆွေက maskကို ဝတ်ပြီး၊ နေရောင်ကာ ဦးထုပ်နဲ့ မျက်မှန်အကြီးကြီးကိုလည်း တပ်ဆင်ထားသည်။ အသက်ရှူဖို့ သူမရဲ့နှာခေါင်းကို ဖော်ထားတာကလွဲပြီး သူမဖုံးအုပ်ထားသင့်သည့် အရာအားလုံးကို အကာအကွယ်လုပ်ထားသည်။
ငုံးလိုမျို သူမကိုယ်သူမထုပ်ထားတဲ့ ယဲ့ဆွေကို ချန်ရှု့ ကြည့်လိုက်သည်။ သူ ဘာမှမပြောဘဲ သူမနှင့်အတူ ဟိုတယ်ထဲက ထွက်လာကြသည်။
ယူနန်ပြည်နယ်ရဲ့ ညအချိန်တွင် တောက်ပသော နေရောင်ခြည် ကင်းမဲ့နေသော်လည်း တစ်နေ့တာအတွင်း ထူးထူးဆန်းဆန်း မတွေ့ကြုံနိုင်သော ခံစားချက်များစွာရှိသည်။ လမ်းမီးတွေက တဖြည်းဖြည်း ထွန်းလင်းလာပြီး မြေကြီးကို အလင်းရောင်ပေးနေပြီး အရှေ့သို့တိုးချဲ့လာခဲ့သည်။
လမ်းနှစ်ဖက်စလုံးတွင် ဈေးဆိုင်များနှင့်ပြည့်နှက်နေပြီး ခရီးသွား ဧည့်သည်များစွာလည်းရှိသည်။ မိန်းကလေးတွေအားလုံးက လှလှပပဝတ်ဆင်ထားကြသည်။ ဒါပေမယ့် သူမရဲ့မျက်နှာတစ်ခုလုံးကို ထုပ်ထားလုနီးပါးဖြစ်နေသည့် ယဲ့ဆွေနှင့် သူတို့ကိုနှိုင်းယှဉ်လိုက်ရင် သူမကအကောင်းဆုံးပဲလို့ ချန်ရှု့ တွေးနေဆဲပင်။
အဲ့မှာ ဧည့်သည်အမြောက်အများရှိခဲ့ပြီး လမ်းမှာလည်း လူတွေ စည်ကားနေသည်။ ချန်ရှု့က ယဲ့ဆွေကို အခြားသူတွေ မတိုက်မိစေရန် အမြဲသတိထားခဲ့သည်။ သူမက ချန်ရှူ့ကိုကြည့်ပြီး“ ရှင်ဗိုက်ဆာလား” လို့မေးလိုက်သည်။
တကယ်တော့ ချန်ရှု့ လုံးဝဆာလောင်မွတ်သိပ်မှုမရှိခဲ့ပေမယ့် ယဲ့ဆွေ ရဲ့မျက်လုံးတွေကိုကြည့်ပြီး သူက "ကိုယ်တကယ်တော့ နည်းနည်းတော့ဗိုက်ဆာနေတယ် " လို့ပြောလိုက်သည်။
ယဲ့ဆွေ - "ရှင်ဘာစားချင်လဲ?"
ချန်ရှု့က သူ့ရဲ့ထင်မြင်ချက်ကို မပေးခဲ့ပေ။ "ဘာပဲဖြစ်ဖြစ် "
ယဲ့ဆွေ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး သူမလက်ချောင်းနဲ့ နေရာတစ်ခုဆီကို ပြခဲ့သည်။ "ဒါဆို အဲ့နေရာကိုသွားကြစို့ "
အဲ့ဆိုင်က ဆနကိတ့ ရောင်းနေသည်။ ဒါက ယူနန်ရဲ့ နာမည်ကြီးတဲ့ သရေစာဖြစ်ပြီး ယဲ့ဆွေက ဒီအရသာကိုမြည်းကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ စတိုးဆိုင်၏ တံခါးဝတွင် သူတို့နှစ်ယောက်စလုံး တန်းစီရပ်နေသည်။ ချန်ရှု့ကအရှေ့မှာရပ်ပြီး ယဲ့ဆွေက သူ့ရဲ့အနောက်မှာ အတူတူရပ်နေကြသည်။
အတန်းမှာမရှည်တာကြောင့် သူတို့နှစ်ဦး စိတ်ရှည်စွာစောင့်ဆိုင်းနေကြသည်။
ယူနန်ပြည်နယ်ဆီ ရှုခင်းများလှည့်ပတ်ကြည့်ဖို့ ရောက်ရှိလာသောမိန်းကလေးအချို့က မဝေးလှသောနေရာမှရောက်လာပြီး သူတို့ထဲမှတစ်ယောက်က ချန်ရှု့ကို မတော်တဆတွေ့ခဲ့သည်။ သူက ကြည့်ကောင်းသူဖြစ်တာကြောင့် လူအုပ်ထဲရောက်နေတာတောင် တစ်ချက်အကြည့်မှာတင် သူ့ကိုသတိထားမိနိုင်သည်။ လိုရင်းတိုရှင်းပြောရရင် သူကချောသည်။
ဒီကျောင်းသူလေးက ရဲရင့်သောမိန်းကလေးဖြစ်သည်။သူမ တွေ့ခဲ့မိတဲ့ တစ်ယောက်ယောက်ကို သူမသာ ဆန္ဒရှိနေရင် ဘယ်အချိန်ဘဲဖြစ်ဖြစ် အခြားသူနဲ့ ဆက်သွယ်နိုင်ဖို့အတွက် အချက်အလက်များကို သွားတောင်းလိမ့်မည်။ သူမက ချန်ရှု့ကို အလွန်နှစ်သက်နေသည်။
ဒီကျောင်းသူလေးက ချန်ရှု့ရဲ့အနောက်က အမျိုးသမီးကို စကားပြောနေတာတဲ့ ချန်ရှု့ရဲ့ဘေးတစ်ခြမ်းမျက်နှာကို မြင်ခဲ့သည်။ သူ့ရဲ့မျက်နှာသွင်ပြင်က အလွန်နူးညံ့ပြီး သူက ထိုမိန်းမနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိပုံရသည်။ သူမရဲ့မျက်လုံးက mask နဲ့ ဦးထုပ်ဝတ်ထားတဲ့ ယဲ့ဆွေရဲ့ ခန္ဓာကိုယ်အပေါ်ကို အာရုံစူးစိုက်ကြည့်နေသည်။ ကြီးမားသောမျက်မှန်က သူမမျက်လုံးတွေကို ဖုံးအုပ်ထားလုနီးပါးပဲ။
ဒါဟာ လူအုပ်ကြီးထဲမှာ ကြည့်ရတာ ကိုးယိုးကားယားနိုင်ပြီး ၎င်းက ဒီချောမောတဲ့လူနဲ့ မလိုက်ဖက်နေပေ။ အဆိုပါ မိန်းကလေးက မကူညီနိုင်စွာ တံတွေးထွေးလိုက်မိသည်။ ဒီလိုမျိုးဖုံးလွှမ်းနေစဉ် ညအချိန်ရဲ့နေရောင်ကနေ မိမိကိုယ်ကို ကာကွယ်ဖို့ လိုအပ်လို့လား? လရောင်က သူမကို အသားညိုသွားစေမှာကို ကြောင့်လို့လား?
ပြီးတော့ အရမ်းကြီးလည်း ဖုံးအုပ်ထားသေးသည်။ သူမက နာမည်ကြီးလို့ထင်နေတာလား? ယဲ့ဆွေ ဖော်ထားတဲ့ နို့လိုဖြူနေတဲ့ အသားရေနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ သူမရဲ့ခြေထောက်က သေးသွယ်ပြီး ရှည်လျားတယ်ဆိုတာကိုတော့ ကျောင်းသူလေးက ဝန်ခံမည်မဟုတ်ပေ။
မိန်းကလေးက ယဲ့ဆွေကို ဂရုမစိုက်ဘူး။ သူမက သူမရဲ့အဖော်များအား တစ်ခုခုပြောပြီးနောက် ချန်ရှု့ဆီ လာခဲ့သည်။
တစ်ယောက်ယောက်က သူမရဲ့ယောက်ျားကို တစ်ဖက်သတ် ကြိုက်နေတယ်ဆိုတာကို ယဲ့ဆွေမသိခဲ့ပေ။ သူမက ရှေ့တွင် လူဘယ်နှစ်ယောက်ကျန်နေသေးလဲဆိုတာကို ကြည့်လိုက်တဲ့အချိန်မှာပဲ ချန်ရှု့ ရှေ့တွင် မိန်းကလေးတစ်ယောက် ရောက်လာသည်။
ထိုမိန်းကလေးက ချန်ရှု့ဆီ လျှောက်သွားလိုက်ပြီး ထိုလူကို အနီးကပ်မြင်ရတော့ ပိုပြီးချောမောတယ်လို့ ခံစားမိလိုက်သည်။ သူမမျက်နှာက နီနေသည်။ ဒါပေမယ့် သူမမျက်လုံးတွေက သူ့ကိုအမြဲစိုက်ကြည့်နေသည်။ ရှက်ပေမယ့်လည်း သူမအဲဒီမှာရပ်နေတုန်းပဲ။
ကျောင်းသူက “ ဟေး၊ အစ်ကိုချောလေး၊ အစ်ကို့ရဲ့ အဆက်အသွယ်…......” ဟု တိုးတိုးလေးပြောလိုက်သည်။
မိန်းကလေးရဲ့ စိတ်လှုပ်ရှားနေသော မျက်လုံးတွေအောက်မှာ ချန်ရှု့က သူမရဲ့စိတ်ကူးယဉ်မှုအားလုံးကို ရက်ရက်စက်စက် ရိုက်ချိုးခဲ့သည်။ "မစ္စ၊ ကျေးဇူးပြုပြီး အတန်းကိုမဖြတ်ပါနဲ့ "
'ဒီမိန်းကလေးက ဘာကြောင့်မို့ သူ့ရှေ့မှာရပ်နေတာလဲ? အတန်းက ရှေ့ကိုရွေ့သွားတယ်ပေမယ့် သူက မရွေ့နိုင်ခဲ့ပေ။'
ယဲ့ဆွေ - “ …......”
တစ်စုံတစ်ယောက်က အတန်းကိုဖြတ်နေတယ်လို့ တွေးမိပြီးကြည့်လိုက်ရာ လမ်းကိုဖြတ်ဝင်နေတဲ့သူ ငြင်းပယ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
ကျောင်းသူက ကိုးယိုးကားယားနဲ့ ထိုနေရာ၌ ရပ်နေသည်။ ယခုအချိန်တွင် ချန်ရှု့က ညင်သာစွာနဲ့ ထပ်ပြောလိုက်သည်။ “ ငါ့ဇနီးက နေမကောင်းဖြစ်နေပေမယ့် ငါတို့အားလုံး တန်းစီနေကြတယ်။ ကျေးဇူးပြုပြီး အနောက်ဘက်ကို သွားလို့ရမလား?"
ကြေညာချက်၏ လေသံက အလွန်ယဉ်ကျေးလွန်းသည်။ ယဲ့ဆွေကို အချိန်အကြာကြီး တန်းစီပြီး မတ်တပ်ရပ်အောင်လုပ်ကာ အတန်းကိုဖြတ်ဝင်တဲ့ လုပ်ရပ်ကမကောင်းဘူးလို့ သူတကယ်တွေးခဲ့တာဖြစ်သည်။
ရက်ရက်စက်စက်နဲ့ နှလုံးသားတွေ ကွဲသွားခဲ့တဲ့ ဘေးနားကမိန်းကလေးက ရှက်ရှက်နဲ့ သူမရဲ့မျက်နှာကိုလက်နဲ့ အုပ်ပြီး ထွက်ပြေးသွားခဲ့သည်။
ယဲ့ဆွေ ချန်ရှု့ရဲ့နောက်ကျောကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူက ရင်ခုန်စရာကောင်းတဲ့ ခံစားချက်တွေကို တကယ်သတိမမူခဲ့ဘဲ အရမ်းကို အင်နိုးစန့်လေး ဖြစ်နေတာကို မြင်ရတော့ သူမ ပျော်ရွှင်သွားသည်။
ဆန်ကိတ်ကို ဝယ်ယူပြီးနောက် ယဲ့ဆွေနှင့် ချန်ရှု့တို့ သစ်ပင်ရဲ့အရိပ်သို့ လျှောက်သွားလိုက်ပြီး ထိုနေရာတွင် ရပ်နေကြသည်။ သူမရဲ့မျက်လုံးတွေက မျက်နှာချင်းဆိုင်မှာရှိနေစဥ် အရသာခံစားဖို့ တစ်ကိုက် ကိုက်လိုက်သည်။ ခရီးသွားဧည့်သည်တွေအတွက် ပန်းချီတွေဆွဲနေတဲ့ ငယ်ရွယ်တဲ့ပန်းချီဆရာလေးတစ်ယောက်က အဲ့နေရာမှာ ထိုင်နေသည်။
အံ့သြစရာမဟုတ်သော်လည်း အဲ့တာက ထူးဆန်းနေဆဲပင်။ ပန်းချီဆရာတစ်ဦး၏ဘေးက ရေကန်တွင် မိန်းကလေးတစ်ယောက်က လဲလျောင်းနေသည်။ သူမရဲ့မျက်နှာသာ ပေါ်နေပြီး သူမရဲ့လက်ကို မေးစေ့အောက်မှာထောက်ထားပြီး တိကျတဲ့ဦးတည်ရာတစ်ခုတည်းကိုပဲကြည့်ကာ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတော့ ရေထဲ၌ရှိနေသည်။
ခရီးသွား ဧည့်သည်တွေက လမ်းလျှောက်လာကြပေမယ့် သူမကို ဘယ်သူမှသတိမထားမိကြပေ။ အဲ့တာက သရဲလို့ ယဲ့ဆွေ တွေးလိုက်မိသည်။ ဘယ်သူက အကြောင်းပြချက်မရှိဘဲ ထိုနေရာမှာ လဲလျောင်းနေမှာလဲ? ဒါပေမယ့် ကောင်မလေးက အရမ်းလှတာကြောင့် သူမတွန့်ဆုတ်သွားခဲ့သည်။
သူမက သရဲတွေကို မြင်နိုင်တယ်ဆိုတာ ယဲ့ဆွေသိပြီးကတည်းက သူမမြင်တွေ့ခဲ့သော သရဲတစ်ချို့က သူတို့သေဆုံးသွားပြီးတဲ့နောက်မှာ ကြည့်ရတာကြောက်စရာကောင်းသည်။ တစ်ခြားသရဲတွေက ကြောက်စရာမကောင်းသော်လည်း ခြေထောက်တွေ လက်တွေမရှိတဲ့ သရဲတွေကို မတွေ့မိအောင် ရှောင်လို့မရပေ။ ဒါပေမယ့် ရေထဲရှိမှာရှိတဲ့ မိန်းကလေးရဲ့ မျက်နှာအသွင်အပြင်က နူးညံ့သော်လည်း သူမရဲ့အသားအရေမှာ အနည်းငယ်ဖျော့နေသည်။ တစ်ဖက်တွင် သူမရဲ့အနက်ရောင်ဆံပင်က စိုစွတ်နေပုံပေါ်သည်။ ဒါက သူမပုံမှန်မြင်နေကျအရာနှင့် လုံးဝကွဲပြားခြားနားနေသည်။
ယဲ့ဆွေ သူမကို သတိထားမိစဉ်ကတည်းက အဲ့ကောင်မလေးက ပန်းချီဆရာကို ကြည့်နေခဲ့သည်။ပန်းချီဆရာ ပုံရေးဆွဲပြီးသည့်အခါ သို့မဟုတ် သူကကမ္ဘာလှည့်ခရီးသည်များနှင့် စကားပြောသောအခါ မိန်းကလေးရဲ့မျက်လုံးများက ဘယ်တော့မှ မလှုပ်ရှားခဲ့ပေ။
သူမရဲ့နှုတ်ခမ်းတွေပေါ်၌ အပြုံးတစ်ခုရှိပြီး ပန်းချီဆရာကို သူအရမ်းကြိုက်နှစ်သက်ပုံရသည်။ ဒါပေမယ့် ပန်းချီဆရာက သူမရဲ့တောက်လောင်နေတဲ့မျက်လုံးများကို မမြင်နိုင်ခဲ့ပေ။ ယဲ့ဆွေက ရေထဲမှာရှိတဲ့မိန်းကလေးကိုကြည့်နေရင်း သူမရဲ့ဘေးမှာရှိနေတဲ့ ချန်ရှု့ကို သတိမထားမိပေ။ ချန်ရှု့က "အဲ့ဟာက အရသာရှိလား?" လို့မေးလိုက်သည်။
အကယ်၍ ယဲ့ဆွေက ဆန်ကိတ်ကို အရသာရှိတယ်လို့ထင်ရင် သူမအတွက်ကူညီပြီး ထပ်သွား၀ယ်ဖို့တန်းစီမယ် လို့တွေးထားသည်။
“အင်း အရသာရှိတယ် ”
ချန်ရှု့က သူ နောက်ထပ်၀ယ်လိုက်ဦးမယ်လို့ ပြောတော့မယ့်အချိန်မှာ တစ်ခုခုတော့ မှားနေပြီဆိုတာကို သူရှာတွေ့ သွားသည်။ ယဲ့ဆွေက သူ့ကို စကားပြောနေသော်လည်း သူမရဲ့မျက်လုံးတွေက အခြားတစ်ဖက်ကို ကြည့်နေသည်။
ချန်ရှု့က ယဲ့ဆွေရဲ့ အမြင်အာရုံနောက်ကို လိုက်ကြည့်လိုက်တော့ သူတို့နဲ့မျက်နှာချင်းဆိုင်က ပန်းချီဆရာတစ်ဦးကို တွေ့ရှိခဲ့သည်။ သူကိုကြည့်ရတာက ငယ်ရွယ်လွန်းပြီး ကျောင်းသားတစ်ယောက် ဖြစ်ပုံရသည်။ သူ့ရှေ့တွင်ပန်းချီဘုတ်တစ်ခုရှိနေပြီး ထိုနေရာတွင် လူတချို့က ထိုင်နေကြသည်။ သူက သူတို့အတွက် ပန်းချီဆွဲနေတာဖြစ်သည်။
ချန်ရှု့က သူ့ခေါင်းကိုလှည့်ပြီး အခြားတစ်ဖက်ကိုကြည့်နေဆဲပဲဖြစ်သည့် ယဲ့ဆွေကို စိုက်ကြည့်လိုက်သည်။
ဤအချိန်တွင် ယဲ့ဆွေက ရေထဲမှာရပ်နေတဲ့ မိန်းကလေးကိုတွေ့လိုက်ရသည်။ သူမက မြေပြင်ပေါ်မှာ လမ်းလျှောက်နေပြီး ပန်းချီဆရာရဲ့ ဘေးကိုသွားကာ သူပုံဆွဲနေတာကို တိတ်တဆိတ်ကြည့်နေသည်။ အကွာအဝေးကနီးလေလေ ထိုမိန်းကလေးက ရင်သပ်ရှုမောဖွယ်ကောင်းတယ်ဆိုတာကို သူမပိုပြီးခံစားရလေဖြစ်သည်။
ဒါပေမယ့် ထူးဆန်းသည်မှာ သူမရဲ့ခြေကျင်းတွင် ဒဏ်ရာရှိနေသည်။ သူမရဲ့ခန္ဓာကိုယ်ပေါ်ကို အလင်းရောင်တွေ ရောင်ပြန်ဟပ်တဲ့အခါ သူမခြေထောက်မှဟာက ပျောက်ကွယ်သွားသည်။မိန်းကလေးရဲ့ ခြေထောက်တွေက ညိုနေပြီး အဲ့ဒီမှာ အရိပ်လည်းမရှိပေ။
သူမမှာ အရိပ်မရှိဘူး? သူမရဲ့လက်ကို ခါလိုက်သဖြင့် ဆန်ကိတ်က မြေပေါ်သို့ ပြုတ်ကျသွားသောအခါ ယဲ့ဆွေ လန့်သွားသည်။ ချန်ရှု့က ထိုအပိုင်းအစများကိုကြည့်ပြီး သူ့ရဲ့ဦးနှောက်ထဲတွင် အတွေးတွေ များနေပြီး ဝါကျတစ်ခုကို အကျဉ်းချုပ် ဖော်ပြခဲ့သည်။ 'ယဲ့ဆွေက တခြားလူတစ်ယောက်ကို စိတ်လှုပ်ရှားနေတာလား? '
တစ်ယောက်က သရဲကိုကြောက်နေပြီး နောက်တစ်ယောက်က ယဲ့ဆွေ တခြားသူကို ကြည့်နေတယ်လို့ ထင်နေသည်။ သူတို့ရဲ့အတွေးတွေက ရှုထောင့်နံရံကို ဖောက်ဖျက်မည့်အလား ကွဲပြားခြားနားကြသည်။
ထို့နောက် ချန်ရှု့က သူနဲ့ ယဲ့ဆွေတို့ကြားက အသက်ခုနစ်နှစ် ကွာခြားချက်ကို ရုတ်တရက် သတိရမိသွားသည်။ ပုံပန်းသွင်ပြင်ကို သူ မမြင်နိုင်ခဲ့သော်လည်း သူ့ရဲစိတ်ထဲတွင် တစ်နည်းနည်းဖြင့် အကြံအစည် ရှိခဲ့သည်။
ချန်ရှု့က မြစ်ကမ်းနားက ပန်းချီဆရာကို ပြန်ကြည့်လိုက်သည်။ ယဲ့ဆွေက ငယ်ရွယ်ပြီး ချောမောတဲ့ယောက်ျားလေးတွေကို ကြိုက်တာက အမှန်ပဲလား?
အဲ့အချိန်မှာဘဲ ချန်ရှု့က “အဲ့တာက အရမ်းချောနေလား?” လို့ တိုးလျတဲ့ အသံနဲ့မေးလိုက်သည်။
ယဲ့ဆွေက ချန်ရှု့ရဲ့ စိတ်အပြောင်းအလဲကို သတိမပြုမိဘဲ “သူမက တော်တော်လေးလှတယ်” ဒီသရဲက သာမာန်လူတစ်ယောက်ထက် အများကြီးပိုလှသည်။
ယဲ့ဆွေရဲ့ ပါးစပ်မှ ထိုစကားများကို ကြားရချိန် ချန်ရှု့က သူ့ရဲ့ဇနီးက ပန်းချီဆရာငယ်ကို တကယ်ကြိုက်နေသည်ဟုသာ အဓိပ္ပါယ်ကောက်နေခဲ့သည်။ သူက ပန်းချီဆရာထက် ပိုကြည့်လို့ကောင်းတယ်လို့လဲ တိတ်ဆိတ်စွာ တွေးခဲ့သေးသည်။ ဘာကြောင့်မို့ သူမကငါ့ကိုမကြည့်ဘဲ တခြားကောင်လေးကို မြင်နေရတာလဲ?
စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ အရိပ်အမြွက်က ရုတ်တရက် ချန်ရှု့ရဲ့ စိတ်ထဲမှာမြောနေသည်။ နောက်တစ်စက္ကန့်မှာတော့ သူ့ခန္ဓာကိုယ်က ရိုးသားမှုအရှိဆုံးပဲ တုံ့ပြန်မှုကိုပြုလုပ်ခဲ့သည်။ သူက ယဲ့ဆွေရဲ့ အရှေ့သို့လမ်းလျှောက်လိုက်ပြီး မတော်တဆပုံစံမျိုးနဲ့ သူမရဲ့အမြင်အာရုံလမ်းကြောင်းကို ပိတ်ဆို့မည့်ပုံရသည်။
သူမရဲ့အရှေ့က အမှောင်ထုကို ယဲ့ဆွေမြင်ခဲ့သည်။ အပေါ်ကိုကြည့်ဖို့ သူမရဲ့ခေါင်းကို မော့လိုက်သည်။ အခုက ညဉ့်နက်ချိန်ရောက်နေပြီး လမ်းမီးများကဖွင့်ထားတယ်ဆိုရင်တောင်မှ ပတ်ဝန်းကျင်မှာရှိတဲ့ အလင်းက အတော်လေး မှေးမှိန်သွားသည်။ ချန်ရှု့ရဲ့အကြမ်းဖျင်းပုံရိပ်ကို အဆိုပါအလင်းရောင်အောက်မှာ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။
ချန်ရှု့က ရုတ်တရက် ရှေ့သို့ အနည်းငယ် လှမ်းလိုက်ပြီး အလင်းရောင်က သူ့ရဲ့မျက်နှာကိုတဖြည်းဖြည်းနဲ့တောက်ပစေသည်။ သူရဲ့မျက်နှာသွင်ပြင်က တဖြည်းဖြည်း ရှင်းလင်းလာပြီး သူ့ရဲ့ချောမောတဲ့ပုံစံကို ဖော်ပြနေသည်။ အဆုံး၌ ယဲ့ဆွေရဲ့ မျက်လုံးတွေက ချန်ရှု့ဆီမှာ တစ်သမတ်တည်းရှိနေတော့သည်။ သူ့မျက်လုံးများက လရောင်ထက်ပို၍ တောက်ပနေပုံရပြီး သူတို့(မျက်လုံးတွေထဲမှာ) ဆီမှာ နားမလည်နိုင်လောက်တဲ့ တစ်ချို့သော စိတ်ခံစားမှုတွေက တစ်ဖျက်ဖျက်လတ်နေသည်။
ယဲ့ဆွေက "ဘာဖြစ်လို့လဲ?" သူမရဲ့အသံကို မရည်ရွယ်ဘဲ လျှော့ချပြီးမေးလိုက်သည်။
ချန်ရှု့ရဲ့မျက်လုံးတွေထဲမှာ မယုံနိုင်လောက်အောင် မည်းမှောင်လာပြီး အဲ့ဒီမှာ ခါးသက်မှု တစ်ချို့လည်း ရှိနေသည်။
စက္ကန့်အနည်းငယ်အကြာတွင် သူကအောက်ကိုငုံ့ကြည့်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ “ ဒီမှာ အရမ်းလေထန်တယ်။ အဲ့တာကြောင့် လေကိုမင်းဆီမလာအောင် ကာပေးနေတာ။”
ယဲ့ဆွေ မော့ကြည့်လိုက်သည်။ 'သူတို့က သစ်ပင်တစ်ပင်ရဲ့အရိပ်တွင် ရပ်နေကြပြီး သစ်ရွက်တွေတောင်မှ လှုပ်ရှားမှုမရှိနေပေ။ ဒါဆို ချန်ရှု့က သူမကိုကူညီပြီး ဘယ်လေကို ကာပေးနေတာလဲ?'