လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၄၉ - ရေကန်ထဲက သရဲ
ယဲ့ဆွေက ချန်ရှု့ တွေးနေတာကိုမသိခဲ့ပေမယ့် သူမရှာဖွေတွေ့ရှိခဲ့တာတွေကို သူ့ပြောပြဖို့ဆုံးဖြတ်ခဲ့သည်။
ယဲ့ဆွေ - “ ကျွန်မဘာကို ကြည့်နေတယ်လို့ ရှင်ထင်လဲ?”
ချန်ရှု့က တွေဝေသွားကာ အံ့အားသင့်သွားခဲ့သည်။ ယဲ့ဆွေကို သူက ပန်းချီဆရာနှင့် တွေ့မှာကိုတားဆီးခဲ့သည်။ ဒါပေမယ့် သူမက မမျှော်လင့်ဘဲ သူနဲ့ ပတ်သက်ပြီး ခေါင်းစဉ်တစ်ခုကို ဖွင့်ခဲ့သည်။
"ရှင် ဘာလဲဆိုတာသိလား? အဲဒီမှာ လှပတဲ့ သရဲတစ်ကောင်ရှိတယ် " ချန်ရှု့က သရဲတွေကို မမြင်နိုင်ဘူးဆိုတာကို ယဲ့ဆွေ ရုတ်တရက် မှတ်မိသွားသည်။ "စိတ်မကောင်းပါဘူး၊ ရှင်မမြင်ရတာမေ့သွားတယ်"
'ဖြစ်ချင်တော့ သူမသရဲတစ်ကောင်ကို ကြည့်နေခဲ့တာဘဲ။' ချန်ရှု့က ရုတ်တရက် ရယ်မောလိုက်ပြီး မျက်ခုံးကိုပင့်လိုက်ကာ ယဲ့ဆွေကို ဆက်သွားဖို့ ပြောလိုက်သည်။
"အဲ့ဒီမှာပန်းချီဆရာ တစ်ယောက်ရှိတယ်။ ရေထဲကထွက်လာတဲ့ လှပတဲ့သရဲကို ကျွန်မတွေ့လိုက်ရတယ်။ သူ့အနားမှာရပ်နေတာ" လို့ယဲ့ဆွေက ရှင်းပြခဲ့သည်။ "သူတို့ အရင်ကတွေ့ဖူးမယ်လို့ ကျွန်မထင်တယ် "
ချန်ရှု့က လှပတဲ့လူတွေကို စိတ်မ၀င်စားဘူး။ သူ မမြင်ရတဲ့ သရဲကိုတော့ ပြောမနေနဲ့။
ယဲ့ဆွေက လှပတဲ့ သရဲကိုကြည့်နေစဥ်မှာ ချန်ရှု့က ရေကန်ဘေးက ပန်းချီဆရာကို ကြည့်ရအောင် ဘေးဖယ်ပေးခဲ့သည်။
ယဲ့ဆွေ ပန်းချီဆရာ၏ နေရာကို ပြန်ကြည့်ပြီး ဝမ်းနည်းစွာ ညည်းတွားခဲ့သည်။ ဒီနေ့ပန်းချီဆရာက စောစောသိမ်းခဲ့တာကြောင့် လှပတဲ့သရဲက ထွက်ခွာသွားပြီဖြစ်သည်။
"သူမထွက်သွားပြီ" ယဲ့ဆွေ ထပ်ပြီး အလေးပေးပြောခဲ့သည်။ "တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းတယ် "
ချန်ရှု့က "မင်းလှပတဲ့လူတွေကို ကြည့်ချင်တာလား? " လို့မေးခဲ့သည်။
ယဲ့ဆွေက “ လှပတဲ့လူတွေကို ဘယ်သူက မတွေ့ချင်မှာလဲ? ဒါက မျက်စိအစာကျွေးတာဘဲဟာ”
ချန်ရှု့က "အမျိုးသမီးများအား ချီးကျူးရန်လိုသည်"ဆိုသည့် စာကြောင်းကိုစဉ်းစားခဲ့သည်။ ၎င်းကအလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး ကောင်းစွာနားလည်သင့်တယ်လို့ ယုံကြည်ပြီး ယဲ့ဆွေကို သူဘယ်လိုမျိုး သဘာဝကျကျ ချီးမွမ်းသင့်လဲဆိုတာ တွေးနေခဲ့သည်။
ချန်ရှု့က သူ့ဦးနှောက်ကို တစ်မိနစ်ခန့်အရှိန်မြှင့်ပြီး နောက်ဆုံးမှ စာတစ်ကြောင်းကို ထုတ်နိုင်ခဲ့သည်။
"မင်းမှန်ထဲမှာကြည့်လို့ရတယ် "
ယူနန်ပြည်နယ်ရှိ လှပသော ညတစ်ညမှာ သူတို့က တစ် ဦးကိုတစ်ဦး ငေးကြည့်နေပြီး လေကတိုက်နေခဲ့ကာ သစ်ရွက်များက လှုပ်ခတ်လာပြီး အဝေးမှရယ်မောသံများ က ထွက်လာသည်။ သစ်ပင်အောက်တွင် သူတို့ဇနီးမောင်နှံက သူတို့ရဲ့သေးငယ်တဲ့ ကိုယ်ပိုင်ကမ္ဘာလေး ထဲမှာ ရှိနေခဲ့ပြီး ကမ္ဘာကြီးနှင့်ကွဲသွားခဲ့သည်။
ချန်ရှု့ရဲ့ စကားများကို ကြားရချိန်မှာ လေထုက ရုတ်တရက် တိတ်ဆိတ်သွားပြီး အာတိတ်စက်ဝိုင်းက အအေးခန်းကဲ့သို့ အပူချိန်ကျက ဆင်းသွားသည်။
ဘယ်သူမှစကားမပြောဘဲ ခဏငြိမ်နေကြသည်။ ဒီလေထုက အရမ်းအဆင်မပြေ ဖြစ်လာတယ်ဆိုတာ နှစ်ယောက်စလုံး သဘောပေါက်သွားသည်။ ယဲ့ဆွေရဲ့ ဆွံအနေပုံလေးက ချန်ရှု့ရဲ့နှလုံးခုန်နှုန်းကို မြန်ဆန်စေခဲ့သည်။
' ဒီချိုမြိန်တဲ့ ပြောဆိုမှုက ဘယ်ကနေလာတာလဲ? ' ချန်ရှု့က အေးစက်တဲ့ ရယ်စရာစကားကို စပြောခဲ့တာလို့ ယဲ့ဆွေက ခံစားခဲ့ရသည်။ ဒါကြောင့် သူမလည်း တစ်ခုခုကို ပြန်ပြောရတော့မည်။
ယဲ့ဆွေက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာရယ်မောလိုက်ရင်း ချန်ရှု့ရဲ့ ပခုံးပေါ်ကို ထိုးလိုက်သည်။ "ဒါကရယ်စရာကောင်းတယ်! ဒီဟာသက ကောင်းလိုက်တာ"
မမျှော်လင့်တဲ့ ယဲ့ဆွေ ရဲ့ရယ်မောခြင်းက ချန်ရှု့ ရဲ့စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်နှက်စေခဲ့သည်။
"ဖြောင့်မတ်သောအမျိုးသားများ နှိမ်နင်းရန် နည်းလမ်း" လို့ခေါ်တဲ့ဂိမ်းမှာ ချန်ရှု့သာ ကစားသမားတစ်ယောက်ဆိုရင် ယဲ့ဆွေ ရဲ့ရက်စက်ကြမ်းကြုတ်စွာ ထိုးနှက်မှုခံရပြီးနောက် စင်မြင့်ပေါ်က ကျသွားလိမ့်မည်။
'အမျိုးသမီးတွေက ချီးကျူးတာကိုကြိုက်တယ် မဟုတ်ဘူးလား?' ချန်ရှု့က သူအမှားကိုနားမလည်ပေ။ 'ဘာမှားသွားတာလဲ? '
ချန်ရှု့က ချောင်းဆိုးသံနဲ့ သူ့ရှက်စိတ်ကိုဖုံးကွယ်ထားခဲ့သည်။ "အဲ့ဒါက တကယ့်ကို ဟာသပဲ "
ချန်ရှု့က ယဲ့ဆွေနဲ့အတူ လမ်းလျှောက်ခဲ့ပြီး ထပ်ခါတလဲလဲ ခံစားရတာတွေ မှုတ်ထုတ်နေတာကို ဘယ်သူမှမသိခဲ့ပေ။ ယဲ့ဆွေက အလွန်ပျော်ရွှင်နေခဲ့ပြီး အနီးအနားရှိ ချန်ရှု့ကို လုံးဝသတိမထားမိတော့ပေ။ ချန်ရှု့ကတော့ ဒီနေ့ သူမှားသွားလားဆိုတာကို စဉ်းစားနေဆဲဖြစ်သည်။
ညနေခင်းဖြစ်ပေမယ့် ယဲ့ဆွေက သူမဦးထုပ်ကို ၀တ်ဆင်ထားဆဲဖြစ်သည်။ သူမက ချန်ရှု့နှင့်အတူ ယူနန်ပြည်နယ်သို့ လိုက်ပါသွားပြီး ထိုခရီးစဉ်၌ ပျော်မွေ့စွာ စားသောက်ခဲ့သည်။
လေက ရုတ်တရက် သူမတို့ဘက်ကို ပြင်းထန်စွာတိုက်ခတ်လာကာ သူမရဲ့ ဦးထုပ်ကို ချက်ချင်းဘဲ သယ်ဆောင်သွားခဲ့သည်။ သူမရဲ့ ပျော့ပျောင်းပြီး ရှည်လျားတဲ့ ဆံနွယ်များက လေထဲမှာဝဲသွားခဲ့ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်စေခဲ့ကာ နောက်ဆုံးမှာတော့ သူမရဲ့ပခုံးပေါ် တွင် သဘာဝဆန်ဆန် ကျဆင်းသွားခဲ့သည်။
ဖြတ်သန်းသွားလာသူများက ယဲ့ဆွေကို သတိလက်လွတ်နဲ့ တစ်ချက်ကြည့်လိုက်ကြသည်။ သူမက မျက်မှန်နဲ့ mask ကို ဝတ်ထားပေမယ့်လည်း သူမပုံစံကိုကြည့်ရတာက ရင်းနှီးနေသည်။
ယဲ့ဆွေ ထိတ်လန့်တုန်လှုပ်သွားပေမယ့် သူမရဲ့ ဦးထုတ်က လေထဲမှာပါသွားခဲ့ပြီ ဖြစ်သည်။ ချန်ရှု့က သူ့ လက်ကို ဆန့်လာပြီး သူမလက်မောင်းကို ဆုပ်ကိုင်လိုက်ကာ သူမကိုပွေ့ဖက်လိုက်သည်။ ဖြတ်သန်းသွားလာနေသူများက အနက်ရောင်ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတစ်ယောက်ကို ချောမောတဲ့ အမျိုးသားက ပွေ့ဖက်ထားတာကိုသာ တွေ့နိုင်သည်။
ယဲ့ဆွေဟာ သူမချန်ရှု့ရဲ့ လက်ထဲ ရောက်နေပြီဆိုတဲ့အချက်ကို မတုန့်ပြန်နိုင်ခဲ့ပေ။ အခုတော့ သူ့စိတ်က လုံးဝကိုလွတ်ထွက်သွားပြီဖြစ်သည်။ 'သူ့မှာအတွေးတစ်ခုထဲပဲ ရှိတော့တယ်။' အဲ့တာက 'ယဲ့ဆွေကို ရှာမတွေ့သွားစေရဘူး'
ချန်ရှု့က သူ့လုပ်ရပ်ကို သဘောပေါက်သွားချိန်မှာ စိုးရိမ်ထိတ်လန့်သွားခဲ့သည်။ ယဲ့ဆွေရဲ့ပါးက ချန်ရှု့ ရဲ့ရင်ဘတ်ဆီ ကပ်မိလိုက်ချိန်မှာ သူ့နှလုံးက ပြင်းထန်စွာခုန်နေတာကို ကြားလိုက်ရသည်။
ယဲ့ဆွေက တော်တော်အံ့သြသွားခဲ့သည်။ ချန်ရှု့က သူမကိုပွေ့ဖက်ထားပြီး မလှုပ်မယှက်ဖြစ်နေပေမယ့် သူ့မျက်နှာကအနည်းငယ် သွေးရောင်လွှမ်းနေခဲ့သည်။
ဘာကြောင့်လဲဆိုတဲ့ အဲ့ဒီအချိန်မှာ ချန်ရှု့ရဲ့ စိတ်လှုပ်ရှားမှုက ပိုပြီးပြင်းထန်လာတာကြောင့်ဖြစ်သည်!
သူမအရင်က နှလုံးသားထဲမှာ ထင်ခဲ့တဲ့ဟာသလေးနဲ့လုံးဝကွဲပြားခြားနားနေခဲ့သည်။
ချန်ရှု့ရဲ့ ချိုမြိန်မှု့လေးက ယဲ့ဆွေအတွက် မသုံးမဝင်ခဲ့ပေမယ့် သူကအမှတ်တမဲ့နဲ့ သူမကိုကာကွယ်ဖို့ ရွှေ့လာခဲ့ပြီး ၎င်းကအတော်လေး ထိရောက်မှုရှိခဲ့သည်။
အဲ့တာက ဟိုတစ်စဒီတစ်စနဲ့ ကိစ္စကကြီးလာခဲ့သည်။
ယဲ့ဆွေရဲ့ပြဿနာတွေကို စဥ်းစားခဲ့ပြီး ချန်ရှု့ကဟိုတယ်ဆီကို စောစောပြန်ခဲ့သည်။
အခန်းထဲက သရဲသုံးကောင်က ချန်ရှု့ကို ကြောက်ပြီး ဝေးဝေးမှာရှောင်နေကြသည်။ ယဲ့ဆွေက အေးအေးဆေးဆေး ရေချိုးခဲ့ပြီး တံခါးကိုရုတ်တရက် ခေါက်လာတာကြောင့် သူမကရေချိုးခန်းထဲကနေ ထွက်လာခဲ့သည်။
ယဲ့ဆွေက လမ်းလျှောက်လာပြီး တံခါးဖွင့်လိုက်သည်။ တံခါးအပြင်ဘက်မှာ ချန်ရှု့က ညဝတ်အင်္ကျီနဲ့ ရပ်နေခဲ့သည်။ သူတစ်ခုခု ပြောစရာရှိတယ်လို့ ထင်တာကြောင့် သူမက အကာအကွယ်မပါဘဲ တံခါးကို ကျယ်ကျယ်လေးဖွင့်ပေးခဲ့သည်။
ချန်ရှု့က ခြေလှမ်းအနည်းငယ်လှမ်းပြီး အခန်းထဲဝင်သွားကာ ယဲ့ဆွေဘက်ကို ပြန်လှည့်ကာပြောလိုက်သည်။ “ ဒီည ကိုယ်ဒီမှာအိပ်မယ်”
ယဲ့ဆွေက တွေဝေသွားခဲ့ပြီး ဘယ်လိုတုန့်ပြန်မှုကိုမှ မပေးနိုင်ခဲ့ပေ။
ချန်ရှု့က ယဲ့ဆွေ နားလည်မှုလွဲမှာကြောက်ပြီး စကားနည်းနည်း ထပ်ထည့်ခဲ့သည်။ "မင်းသရဲတွေကို ကြောက်တယ်လေ၊ ဒါကြောင့် ကိုယ်ဆိုဖာပေါ်မှာ အိပ်မယ်"
ချန်ရှု့က စောင်တစ်ထည်ကို ဗီရိုအတွင်းမှထုတ်ကာ ဆိုဖာပေါ်တွင် တင်လိုက်သည်။ သူစောင်ကိုဖြန့်နေတာကြည့်ပြီး ရှင်းပြချင်ခဲ့သည်။ ဒါပေမယ့်လည်း သရဲများက သူ့ကိုကြောက်တာကြောင့် ဘယ်သရဲမှမရှိတာကို မပြောခဲ့တော့ပေ။
ယဲ့ဆွေ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
ယဲ့ဆွေ စောင်ထဲဝင်ပြီးတဲ့နောက်မှာ ချန်ရှု့က ပြောလိုက်သည်။“ ကိုယ်မီးပိတ်လိုက်မယ်”
"ကလစ် " တစ်ချက်တည်းဖြင့် အခန်းထဲက မီးများကပိတ်သွားပြီး အခန်းတစ်ခုလုံး အမှောင်ထဲကို ရောက်သွားခဲ့သည်။ ထူထဲတဲ့ ကန့်လန့်ကာတွေက အပြင်ဘက်မှလာသည့် အလင်းအားလုံးကို ပိတ်ဆို့လုနီးပါး ဖြစ်စေခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ကို ကြည့်ချိန်မှာ ဝေဝေဝါးဝါးသာ မြင်ခဲ့ပြီး သူ့ခန္ဓာကိုယ်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
အခန်းထဲမှာသရဲတွေမရှိပေမယ့် ချန်ရှု့က သူမနဲ့သိပ်မဝေးတဲ့ ဆိုဖာပေါ်မှာအိပ်နေခဲ့တာကြောင့် သူမသက်သောင့်သက်သာရှိတာကို ခံစားနေရသည်။
ယဲ့ဆွေ မျက်လုံးတွေပိတ်ပြီး အိပ်ပျော်ခါနီးအချိန်မှာ ချန်ရှု့က ရုတ်တရက် သူ့ပါးစပ်ကိုဖွင့်ပြီး“ ယဲ့ဆွေ” လို့ခေါ်ခဲ့သည်။
ယဲ့ဆွေက သူမမျက်လုံးများကို မပွင့်တပွင့်နဲ့ ဖွင့်လိုက်သည်။
ချန်ရှု့က ယဲ့ဆွေကို ဘာအကြောင်းပြချက်မရှိဘဲ မေးခွန်းတစ်ခု မေးခဲ့သည်။ “ ပင်လယ်ဘက်ရှုခင်းပါတဲ့ အိမ်တစ်အိမ်မှာနေရတာကို မင်းကြိုက်လား? ဥပမာအနေနဲ့ ယူနန်ပေါ့”
ယဲ့ဆွေအနေနဲ့ သူမရဲ့ငိုက်မျဉ်းမှုက ထိုးနှက်ခဲ့ပြီး သူမရဲ့သတိက အတော်လေးမှုန်ဝါးနေခဲ့သည်။ ဒါပေမယ့် သူမက ချန်ရှု့ ရဲ့မေးခွန်းကို အသေအချာ စဉ်းစားကာဖြေခဲ့သည်။ "အင်း ဒီမှာရှိတဲ့ ရှုခင်းကလှပြီး စိတ်ဖိစီးမှုကိုလျော့ပါးသွားစေတယ် "
ယဲ့ဆွေက တစ်ခုခုပြောချင်သေးသည်။ ဒါပေမယ့် ရုတ်တရက် သူမအသံက တိတ်ဆိတ်သွားပြီး သက်သောင့်သက်သာရှိတဲ့ အသက်ရှူသံသာ ထွက်လာခဲ့သည်။
ချန်ရှု့က ယဲ့ဆွေကို ထပ်ခေါ်ခဲ့သည်။ ဒီတစ်ကြိမ်မှာ သူ့အသံက ပိုပေါ့ပါးနေခဲ့ကာ ခဏအကြာမှာ ယဲ့ဆွေရဲ့ အဖြေကို သူမရရှိခဲ့ပေ။
ယဲ့ဆွေ အိပ်ပျော်နေတာကို အတည်ပြုပြီးနောက်မှာ ချန်ရှု့က စောင်ကိုလှပ်ပြီး ဆိုဖာပေါ်ကဆင်းလာကာ သူမရဲ့ အိပ်ရာဘေးမှာ ထိုင်လိုက်သည်။
ညဘက် အလင်းကအလွန်မှိန်နေပြီး ယဲ့ဆွေရဲ့ မျက်နှာက ပုံပန်းသဏ္ဌာန်ကိုတောင် မရေမရာဖြစ်နေသည်။ သို့သော် သူမမျက်နှာအသွင်အပြင်များက လှနေတုန်းပဲ သူနှစ်သက်သည်။
ချန်ရှု့က ယဲ့ဆွေကို ခဏလောက် ငေးကြည့်နေခဲ့သည်။ သူမအိပ်ရာဘေးတွင် ဆောင့်ကြောင့်ထိုင်ခဲ့ပြီးနောက် သူ့ရဲ့လှုပ်ရှားမှုကို သက်သောင့်သက်သာဖြစ်အောင် အနည်းငယ် ကွေးလိုက်သည်။
ချန်ရှု့က အိပ်ရာဘေးမှစားပွဲကို ဆွဲလိုက်သည်။အနောက်ဘက်မှ အိမ်ခြံမြေစာချုပ်အစစ်ကို ထုတ်ယူလိုက်ပြီး အဲ့တာကို အံဆွဲထဲ၌ ထည့်ထားလိုက်သည်။
ယူနန်သို့မလာခင်တွင် ချန်ရှုက ပင်လယ်ရှုခင်းပါတဲ့ အိမ်တစ်လုံးကို ဝယ်ထားပြီးပြီဖြစ်သည်။ အိပ်ရာမဝင်ခင်မှာ ယဲ့ဆွေ ရဲ့ထင်မြင်ချက်ကို သူအတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် သူမအဲ့တာကို ကြိုက်မယ်ဆိုတာသေချာသည်။
မနက်ဖြန်မှာ ယဲ့ဆွေ ဒီအံ့သြစရာကို ရှာတွေ့သွားဖို့အတွက် အချိန်ကိုသူရှာရလိမ့်မည်။
အရင်က ချန်ရှုက ယူနန်ပြည်နယ်ကို သူ့ရဲ့ဖုန်းဖြင့်ရှာဖွေခဲ့ချိန်မှာ အိမ်ခြံမြေကြော်ငြာများကို တွေ့ရှိခဲ့သည်။ ထိုမှသာ ယဲ့ဆွေကို အိမ်တစ်လုံးပေးဖို့သူအကြံရခဲ့သည်။
A'သင်သူမကိုချစ်ရင် သူမကိုအိမ်တစ်လုံးပေးလိုက်ပါ။ အာ့ဟိုင် ဗီလာက သင်ဝယ်ဖို့ကို စောင့်မျှော်နေပါတယ်။'
ဒီကြော်ငြာက ချန်ရှု့ ရဲ့နှလုံးသားကို လှုပ်ခတ်သွားခဲ့သည်။ ယဲ့ဆွေ အဲ့တာကို ကြိုက်နှစ်သက်မယ်ဆိုတာကို သူသေချာသိနေသည်။ ချန်ရှု့က အိမ်ခြံမြေစာချုပ်အစစ်ကို အံဆွဲထဲထည့်ပြီး အေးအေးချမ်းချမ်း အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့တွင် ယဲ့ဆွေ အိပ်ရာစောစောထခဲ့ပြီး ရှုန်းလန် ရှေးဟောင်းမြို့ဆီကို ချန်ရှု့နှင့်အတူ အချိန်ကြာမြင့်စွာ လမ်းလျှောက်သွားခဲ့ကြသည်။ ညနေပိုင်းတွင် ပြန်လာပြီးနောက် နေဝင်ချိန်ကိုစောင့်ကြည့်ဖို့အတွက် ဟိုတယ်တွင် သူတို့စောင့်မျှော်နေကြသည်။
ယဲ့ဆွေမှာ အချိန်ကောင်းတစ်ခုရှိခဲ့ပေမယ့် သူမနဲ့တစ်နေ့လုံး အတူလိုက်ပါခဲ့တဲ့ ချန်ရှု့ရဲ့စိတ်လှုပ်ရှားမှုကိုတော့ သတိမထားမိခဲ့ပေ။
ဒီနေ့နံနက်မှ ယခုချိန်အထိ ချန်ရှု့ တစ်စုံတစ်ခုအတွက် စိတ်ဒုက္ခရောက်နေသည်။ အဲ့တာကတော့ အိပ်ရာဘေးက စားပွဲမှ အိမ်ခြံမြေစာချုပ်ကို ယဲ့ဆွေကို ဘယ်လိုရှာခိုင်းရမလဲဆိုတာပါပဲ။
အဝေးမှ ရေမျက်နှာပြင်ကို ညနေခင်းနေရောင်က ရွှေအလွှာဖြင့် လွှမ်းခြုံထားသည်။ သူတို့ကနေရောင်အောက်မှာထိုင်နေကြပြီး နေဝင်ဆည်းဆာကိုကြည့်ကာ တဖြည်းဖြည်းချင်း နေလုံးကြီးဝင်သွားတာကို စောင့်ကြည့်ခဲ့ကြသည်။
ယဲ့ဆွေက နောက်ဆုံးတော့ ချန်ရှု့ကို သူမသရဲတွေ တွေ့နိုင်တယ်ဆိုတာကို ပြောပြနိုင်ခဲ့သည်။ သူမက ဟိုးအစကနေ ရိုးရှင်းစွာနဲ့အရာအားလုံးကို အသေးစိတ်ပြန်ပြောပြခဲ့သည်။
“ပြီးခဲ့တဲ့အချိန်တုန်းက ကျွန်မတို့ ဘတ်စ်ကားမှားစီးခဲ့ကြတယ်လေ။ အဲ့တုန်းက ကျွန်မ သေလုနီးပါးကြောက်ခဲ့တယ်။ အဲ့အချိန်တုန်းက ကားတစ်စီးလုံးမှာ ကျွန်မတို့နှစ်ယောက်နဲ့အတူ သရဲတွေနဲ့ပြည့်နေတာ။ ပြီးတော့ ကျွန်မကို မကြောက်ဘူးလားလို့ ရှင်ပြောခဲ့တယ်”
ထိုစဉ်က အဖြစ်အပျက်ကို ချန်ရှု့ ပြန်စဥ်းစားလိုက်သည်။ ကားထွက်သွားတော့ ယဲ့ဆွေက ထိုနေ့ညတွင် အစွန်နားမှာ သရဲတွေနဲ့အတူ ထိုင်နေသည်။ အဲ့တုန်းက သူမ အလွန်ကြောက်လန့်နေခဲ့သည်။
ယဲ့ဆွေ -“ ရှင် ကျင့်ကော အုပ်စုရဲ့ သတင်းတွေကို မြင်ဖူးလား? ”
ချန်ရှု့က ဘာမှမသိထားသလို ဟန်ဆောင်ပြီး ခေါင်းညိတ်လိုက်သည်။
ယဲ့ဆွေ - “ တကယ်တော့ အဲ့ဒီ့ဒေါ်လာဘီလီယံနဲ့ချီပြီး အမွေဆက်ခံခဲ့ရတဲ့ သူကကျွန်မပဲ ”
“ အရင်တုန်းက ကျွန်မ ရှင်နဲ့ အတူ ဆေးရုံကိုသွားခဲ့တာက ချန်းယွဲ့ကို စွင့်ကျင့်ကောနဲ့ တွေ့ဖို့အတွက် သွားကူညီပေးခဲ့တာ။ သူတို့က ကလေးဘဝကတည်းက ချစ်ခဲ့ကြတဲ့သူတွေလေ........”
နေဝင်ဆည်းဆာချိန်တွင် ချန်ရှု့က ယဲ့ဆွေရဲ့ အဖြစ်အပျက်ကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
အဆုံးသတ်ကိုပြောရင်း ယဲ့ဆွေက မကူညီနိုင်ဘဲ စိတ်ခံစားမှုနဲ့အတူ သက်ပြင်းချလိုက်သည်။ " သူတို့ရဲ့ခံစားချက်တွေက တကယ်ကို အားကျစရာကောင်းလွန်းတယ်"
ချန်ရှု့ -“ တကယ်လို့ စွင့်ကျင့်ကောလိုမျိုး လူတစ်ယောက်က မင်းအတွက် အိမ်မက်ချိုချဥ် အုပ်စုကိုတည်ထောင်ပြီး တိုင်းပြည်ရဲ့ အကြီးဆုံးသကြားလုံးလုပ်ငန်းဖြစ်လာခဲ့ရင် မင်းသူ့ကိုကြိုက်မှာလား?”
ယဲ့ဆွေက အလေးအနက်ထားပြီး ပြန်ဖြေလိုက်သည်။ “ အချစ်ဆိုတာက ငွေနဲ့တိုင်းတာလို့မရနိုင်ဘူး။ တကယ်လို့ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်ချစ်တယ်ဆိုရင် သူတို့တွေ ဆင်းရဲနွမ်းပါးသွားခဲ့တောင်မှပဲ သူတို့အတူတူနေနိုင်ကြ မှဖြစ်မှာလေ ”
ယဲ့ဆွေက သူတို့ရဲ့အခြေအနေကို စဉ်းစားပြီး ချန်ရှု့ကို အားပေးခဲ့သည်။ "ဒါပေမယ့် ပိုက်ဆံမရှိဘူးဆိုရင်တောင်မှ ကျွန်မတို့အတူတူ အလုပ်လုပ်နေသမျှကာလပတ်လုံး အနာဂတ်ထဲမှာ ကျွန်မတို့ကျိန်းသေ ပိုက်ဆံတွေရလာလိမ့်မယ်။ ဟုတ်ပြီလား"
ဒါပေမယ့် ချန်ရှု့က ယဲ့ဆွေ ပြောတဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို အလိုအလျောက် ဘာသာပြန်ဆိုခဲ့သည်။ အဲ့တာကတော့ အာ့ဟိုင်ရေကန်မှာရှိတဲ့ အိမ်တစ်လုံးကို သူဝယ်ယူလိုက်တာက အပေါ်ယံသာဖြစ်တယ်ဆိုတာပါပဲ။
ကံကောင်းထောက်မစွာနဲ့ ယဲ့ဆွေက ယခုအချိန်တွင် အိမ်ပိုင်ဆိုင်မှုစာချုပ်ကို မတွေ့သေးပေ။ ချန်ရှု့က သူမအဲ့တာကို ရှာမတွေ့သွားခင်က ဖယ်ရှားပစ်ချင်ခဲ့သည်။
“စကားမစပ် ကျွန်မရှင့်ပြောစရာ နောက်ထပ်တစ်ခုရှိသေးတယ်” ယဲ့ဆွေ ရဲ့လေသံက တော်တော်လေး စိတ်မကောင်းဖြစ်နေရှာသည်။ "အရင်က ကျွန်မရှင့်ကို ချဉ်းကပ်ဖို့ဆင်ခြေတွေ ရှာဖွေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့လေ ကျွန်မ ရှင့်နဲ့ထိလိုက်တဲ့အခါကျရင် ကျွန်မသရဲတွေကို မမြင်နိုင်တော့ဘူး။ "
ချန်ရှု့ - “…......”
နေ၀င်ဆည်းဆာရဲ့ တိတ်ဆိတ်နေသည့်အချိန်တွင် ချန်ရှု့ရဲ့ နှလုံးသားက နောက်ထပ် အစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့အသံကို ချန်ရှု့ကြားလိုက်ရတဲ့ပုံရသည်။ 'ယဲ့ဆွေ သူ့ဆီချဥ်းကပ်လာတာက ဘာကြောင့်လဲဆိုတော့ သူကသရဲတွေကို ပျောက်သွားအောင် လုပ်နိုင်လို့တဲ့။ '
ဤအချိန်တွင် နေလုံးကြီးက အပြည့်အဝဝင်သွားပြီး ကောင်းကင်ကြီးက စတင်ပြီး မှောင်လာခဲ့သည်။
ယဲ့ဆွေ နဲ့ ချန်ရှု့တို့ တစ်နေ့လုံးလမ်းလျှောက်ပြီး သွားထားတာကြောင့် သူတို့ရဲ့ခြေထောက်တွေက ညောင်းနေခဲ့သည်။ ညစာစားပြီးနောက် သူတို့ဟိုတယ်ထဲမှာဘဲ နေကြပြီး အပြင်မထွက်ခဲ့ကြပေ။
သူကအိမ်အတွင်းရှိ အိမ်ခြံမြေစာချုပ်ကို ယဲ့ဆွေ သတိမပြုမိစေရန် ဘေးဘက်စားပွဲဆီကို အာရုံစိုက်နေခဲ့သည်။ ချန်ရှု့က သူမအိပ်ပျော်သွားတဲ့အထိ စောင့်ခဲ့သည်။ ခဏကြာတော့ ပေါ့ပါးတဲ့လှုပ်ရှားမှုတွေနဲ့အတူ သူမရဲ့အိပ်ရာဆီပြန်လာခဲ့သည်။
ချန်ရှု့က အိမ်ခြံမြေစာချုပ်ကို ထုတ်ယူကာ အံဆွဲကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
အဲ့အချိန်မှာပဲ သူမအနားကနေ လှုပ်ရှားမှုကို ကြားခဲ့တာကြောင့် ယဲ့ဆွေက ရုတ်တရက် လှည့်ကြည့်လိုက်ကာမျက်လုံးဖွင့်လိုက်တော့ ချန်ရှု့ကို တွေ့လိုက်ရသည်။
သူမချန်ရှု့ရဲ့ လုပ်ရပ်တွေကို သံသရဖြစ်စွာ ကြည့်လိုက်မိသည်။ ယဲ့ဆွေက အခုမှနိုးလာတာကြောင့် သူမရဲ့အသံက အက်ရှရှဖြစ်နေသည်။ "ရှင်ဘာလုပ်နေတာလဲ?"