လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၅၀ - ရေကန်သရဲရဲ့ပုံပြင်
လက်ထဲ၌ အိမ်ခြံမြေစာချုပ်ကို ကိုင်ဆောင်ထားတဲ့ ချန်ရှု့က လက်ပူးလက်ကြပ်မိသွားခံရတဲ့နောက် တင်းကျပ်စွာ လှည့်လိုက်သည်။ ယဲ့ဆွေကို သူ့ရဲ့ လုပ်ရပ်တွေ မြင်ခွင့်မပြုနိုင်သည့်အတွက် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်း ချန်ရှု့က ကိစ္စမှထွက်ရန် နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့သည်။
ယဲ့ဆွေက သူမ အိပ်မက်မက်နေတာမဟုတ်ဘူးဆိုတဲ့အကြောင်းကို သေချာအောင် မျက်လုံးတွေကို ပွတ်လိုက်သည်။ ချန်ရှု့က သူမရဲ့အိပ်ရာဘေးမှာ ရပ်နေသည်။ အဲ့ဒါကအခု သူကမှန်ကန်တဲ့အခြေအနေမှာ ရှိနေပုံမရပေ။
ချန်ရှု့က ယဲ့ဆွေရဲ့ မေးခွန်းကိုမဖြေကြားခဲ့သလို သူမကိုလည်း မကြည့်ခဲ့ပေ။ အဲဒီအစား သူကရိုးရိုးရှင်းရှင်းပဲ ထရပ်လိုက်ပြီး ယဲ့ဆွေရဲ့ အိပ်ရာကို ဖြတ်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ရဲ့လက်ထဲက အိမ်ခြံမြေစာချုပ်ကိုဖုံးကွယ်ဖို့လည်း မမေ့ခဲ့ပေ။
ယဲ့ဆွေရဲ့ အကြည့် တွေက ချန်ရှု့ ရဲ့ နောက်ကိုလိုက်နေသည်။ သူသတိလက်လွတ်နဲ့ ထပြီး လမ်းလျှောက်ရင်း လှည့်လိုက်တယ်......အရင်က သူအိပ်ပျော်ရင်းလမ်းလျှောက်တဲ့ အနေအထားနှင့် တကယ်တူနေပုံရသည်။
ဒီကိစ္စကိုတိတ်တဆိတ် ဂရုစိုက်လိမ့်မယ်လို့ ချန်ရှု့ ယူဆခဲ့သည်။ မကြာခင်မှာပဲ သူဆိုဖာဆီ အောင်မြင်စွာရောက်သွားနိုင်ဖို့ တစ်မီတာလောက်ပဲ ဝေးတော့သည်။
ဒါပေမယ့် ချန်ရှု့ ဆိုဖာဆီ ရောက်တော့မယ့်အချိန်မှာ ယဲ့ဆွေကတော့ အိပ်ချင်ပြေသွားခဲ့ပြီပင်။ သူမ မျက်လုံးကိုမှေးပြီး ချန်ရှု့က တမူထူးခြားတဲ့ခံစားချက်နဲ့ ကျွမ်းကျင်စွာလှည့်နေတာကို ယဲ့ဆွေ သတိပြုမိသွားသည်။
' ချန်ရှု့ တကယ်ပဲအိပ်နေရင်းလမ်းလျှောက်နေတာလား? ငါတို့ကဒီမှာ တစ်ညတည်းပဲနေပြီး နေရာအားလုံးနဲ့ လုံးဝမရင်းနှီးသေးဘူး။ သူက ဘယ်လိုလုပ်ပြီး ဆိုဖာဆီကို မှန်မှန်ကန်ကန်နဲ့ ပြန်သွားနိုင်နေရတာလဲ?'
ဒီအချက်ကိုစဉ်းစားကြည့်ပြီး ယဲ့ဆွေက “ ချန်ရှု့ ၊ ရပ်လိုက် ” လို့ ရုတ်တရက်ပြောလိုက်သည်။
စကားလုံးများကျသည်နှင့်အမျှ ချန်ရှု့ရဲ့ ခြေလှမ်းတွေက ခေတ္တရပ်တန့်သွားပြီး ယဲ့ဆွေရဲ့ ခေါ်သံကိုမကြားချင်ယောင်ဆောင်ကာ ဆိုဖာရှိတဲ့ဘက်ကို ဖြည်းဖြည်းချင်း ဆက်လျှောက်သွားလိုက်သည်။
“ကလစ်!”
ယဲ့ဆွေ မီးခလုတ်ကိုနှိပ်လိုက်သည်။ အလင်းက ရုတ်တရက်ထွက်ပေါ်လာပြီး အပေါ်ကနေ ကျဆင်းလာကာ အခန်းတစ်ခုလုံးကို တောက်ပသွားစေသည်။
ထိုတစ်စက္ကန့်မှာ ပတ်ဝန်းကျင်ကို ပျက်စီးသွားစေခဲ့ပြီး ချန်ရှု့ရဲ့ ညံ့ဖျင်းသော သရုပ်ဆောင်မှုက ယဲ့ဆွေလိုမျိုး ဝါရင့်နေတဲ့သူရဲ့ မျက်လုံးမှလွတ်မြောက်ဖို့ မဖြစ်နိုင်ပေ။ သူမ အိပ်ရာမှထလာပြီး ချန်ရှု့ ဆီကို ဦးတည်သွားလိုက်ကာ သူ့ကိုပခုံးကို ပုတ်လိုက်သည်။
ဖော်ထုတ်ခဲ့ရသည့် ချန်ရှု့ -“ ….........”
ချန်ရှု့က အိမ်ခြံမြေစာချုပ်ကို ကိုင်ဆောင်ထားကာ ယဲ့ဆွေဘက်ကို လှည့်လိုက်သည်။ "ကိုယ်သွားအိပ်တော့မယ် " သူ့ရဲ့အသံက အနည်းငယ် အိပ်ချင်မူးတူးအသံ ဖြစ်နေသည်။
နောက်တစ်စက္ကန့်တွင် ယဲ့ဆွေက ချန်ရှု့ရဲ့ ရှေ့မှောက်၌ရှိနေသည်။ သူက အစောင့်လိုမျိုး ဖမ်းလိုက်ပြီး သူ့ရဲ့လက်ထဲက ပစ္စည်းကိုငုံ့ကြည့်လိုက်သည်။
ယဲ့ဆွေရဲ့ မျက်လုံးတွေက တောက်ပနေပြီး ချန်ရှု့ကို "အဲ့တာကို ထုတ်လိုက် " လို့ အမိန့်ပေးလိုက်သည်။
ယဲ့ဆွေ ချန်ရှု့ကို ကြည့်လိုက်တဲ့အခါ သူမရဲ့မျက်လုံးထောင့်တွေက သူတို့ရဲ့သွေးဆောင်မှုကို ခံလိုက်ရသလို အဓိပ္ပာယ်ပြည့်ဝတဲ့ ရောင်ခြည်အလင်းတန်းနဲ့ ပြည့်နေသည်။
ချန်ရှု့က ရုတ်တရက် မျက်ဖြူလန်ပြခဲ့ပြီး သူ့ရဲ့မသိစိတ်က သူ့လက်ထဲမှာရှိတဲ့ပစ္စည်းကို ထုတ်ပေးလိုက်သည်။ သူ အိမ်ခြံမြေစာချုပ်ကိုယူဖို့အတွက် အလွန်စိတ်သောကရောက်ခဲ့ရသည်။ အဆုံးသတ်မှာတော့ သူအဲ့တာကို မဖုံးကွယ်နိုင်တော့ပေ။
ချန်ရှု့ မျက်စိမှိတ်လိုက်ပြီး အခန်းတစ်ခန်းလုံးက စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားသည်။ ထို့နောက် ယဲ့ဆွေရဲ့အသံက ထွက်ပေါ်လာတော့သည်။ “ ရှင်…...... အာ့ဟိုင် ရေကန်မှာ အိမ်တစ်အိမ်ကို ၀ယ်ခဲ့တယ်!!”
ချန်ရှု့ သက်ပြင်းချလိုက်သည်။
'ဟုတ်တယ်၊ ငါကအပေါ်ယံလူတစ်ယောက်ပါ၊ ငါက အမြဲတမ်း အိမ်တွေအတွက် ပိုက်ဆံသုံးလေ့ရှိတယ်' လို့ သူက ယဲ့ဆွေရဲ့ သင်ကြားမှုကိုလက်ခံဖို့ အဆင်သင့်ပဲ ခေါင်းကိုငုံ့ထားလိုက်သည်။
အခုချိန်က နံနက်စောစောဖြစ်တာကြောင့် ဘာအသံကိုမှ မကြားနိုင်ဘူး။ ထို့နောက် ယဲ့ဆွေရဲ့ အကျွမ်းတဝင်ရှိတဲ့အသံက အခန်းထဲတွင် ပြည့်နှက်သွားသည်။ "ချန်ရှု့ ရှင်က အံသြစရာကောင်းလိုက်တာ"
ချန် မိသားစုရဲ့ မျက်လုံးထဲတွင် ချန်ရှု့က ဘာမှမဟုတ်ချေ။ သူက သူ့မိသားစုရဲ့ယုံကြည်မှုရန်ပုံငွေကို မှီခိုခြင်းအားဖြင့် ဆက်လက်ရှင်သန်နိုင်တဲ့သူတစ်ဦးသာ ဖြစ်နေ ခဲ့သည်။
ယဲ့ဆွေကတော့ ချန်ရှု့က သူတို့ပြောနေတဲ့သူနဲ့ လုံးဝကွဲပြားတယ်လို့ ခံစားခဲ့ရသည်။ အခုတော့ သူမှာပိုက်ဆံတွေ အလုံအလောက်ရှိပြီး ကြီးမားတဲ့အိမ်ကြီးတစ်လုံးကို ဝယ်ယူနိုင်နေပြီ ဖြစ်သည်။
ချန် မိသားစုရဲ့ မျက်လုံးထဲတွင် ချန်ရှု့က ဘာမှမဟုတ်ချေ။ သူက သူ့မိသားစုရဲ့ယုံကြည်မှုရန်ပုံငွေကို မှီခိုခြင်းအားဖြင့် ဆက်လက်ရှင်သန်နိုင်တဲ့သူတစ်ဦးသာ ဖြစ်နေ ခဲ့သည်။
ယဲ့ဆွေကတော့ ချန်ရှု့က သူတို့ပြောနေတဲ့သူနဲ့ လုံးဝကွဲပြားတယ်လို့ ခံစားခဲ့ရသည်။ အခုတော့ သူမှာပိုက်ဆံတွေ အလုံအလောက်ရှိပြီး ကြီးမားတဲ့အိမ်ကြီးတစ်လုံးကို ဝယ်ယူနိုင်နေပြီ ဖြစ်သည်။
ချန်ရှု့က စကားလုံးများအတွက် အကျပ်ရိုက်သွားပြီး သူ့ရဲ့မျက်လုံးတွေက ပြန်လည် တောက်ပလာသည်။ ယဲ့ဆွေ ပြောတာကို သူပြန်ပြောလာပြီး အဲ့တာကို သူ မယုံနိုင်ဘူး။ “ အံ့သြစရာကောင်းတာလား? ”
ယဲ့ဆွေက ထိုစကားလုံးများကို ဂရုတစိုက်ဖော်ပြခဲ့ပြီး ထပ်မံအလေးပေး ပြောကြားခဲ့သည်။ "ဟုတ်တယ်၊ရှင်က အံ့သြစရာကောင်းတယ် ”
အဲ့တာကို ထပ်မံနားထောင်ပြီး ချန်ရှု့ ယဲ့ဆွေကို ကြည့်လိုက်ပြီးတော့ သူမရယ်မောနေတာကို မြင်လိုက်ရပြီး သူမရဲ့အကြည့်ကအားပေးမှုနှင့် တန်ဖိုးထားမှုတွေနဲ့ ပြည့်နှက်နေသည်။ ယဲ့ဆွေရဲ့ လှပသောမျက်နှာနှင့် သူမရဲ့ဖမ်းစားနိုင်တဲ့အပြုံးက သူ့ရဲ့ဖုန်ထူနေတဲ့ကမ္ဘာပေါ်ကို နေရောင်နဲ့တောက်ပ စေခဲ့သလိုဖြစ်နေသည်။
သူ ရုတ်တရက် တစ်ခုခုကို ပြောချင်သော်လည်း စကားမပြောနိုင်တော့ပေ။
ယဲ့ဆွေက “ ရှင်ဘာကြောင့်အိမ်ခြံမြေစာချုပ်ကို ဒီမှာထည့်ချင်ရတာလဲ?” လို့ မေးလိုက်သည်။
ချန်ရှု့ -“ ကိုယ် အဲ့တာကိုမတော်တဆနဲ့ ဒီနေရာကိုယူလာခဲ့တာ ”
ယဲ့ဆွေက ချန်ရှု့ လိမ်ပြောနေတယ်ဆိုတာကို ချက်ချင်းသဘောပေါက်လိုက်သည်။
ချန်ရှု့ရဲ့ အကြည့်က နက်ရှိုင်းပြီး ယဲ့ဆွေရဲ့ မျက်လုံးထဲကို လေးလေးနက်နက်နဲ့ ကြည့်နေသည်။ ညည့်နက်ပိုင်းဖြစ်လို့ သူ့ရဲ့အသံက နည်းနည်းသြနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ "ကောင်းသောညပါ "
မှေးမှိန်နေတဲ့ အလင်းအောက်မှာ နားမလည်နိုင်တဲ့ ခံစားချက်များက ချန်ရှု့စိတ်ထဲရောက်လာခဲ့သည်။
သူတို့လက်ထပ်ပြီး မကြာခင် သူတို့ဒီ ၂ လတာအတွင်းမှာ အဆင်ပြေပြေနေထိုင်နိုင်ခဲ့သည်။ အရင်က ချန်ရှု့အနေနဲ့ ယဲ့ဆွေကို မသိခဲ့ပေ။
ယဲ့ဆွေ သူနဲ့နီးနီးကပ်ကပ်နေဖို့ အစပြုလုပ်ဆောင်ခဲ့တာဖြစ်သည်။ သူမက ကြောက်လန့်နေပေမယ့် သူမအမြဲတမ်း သူ့ကိုဂရုစိုက်ခဲ့တယ် ...... သူမရဲ့ လှပမှု့က လူတစ်ဦးစီနဲ့ နည်းနည်းစီတိုက်ဆိုင်နေသည်။
သူမက သူ့နှလုံးသားထဲ ထူးခြားထင်ရှားတဲ့ ပုံသဏ္ဌာန်တစ်ခုဖြစ်လာပြီး သူ့ကမ္ဘာမှာ ပုံရိပ် အမှတ်အသားကို ထွင်းထုခဲ့သည်။
ချန်ရှုက ဆိုဖာပေါ်မှာ လဲလျောင်းနေပြီး မျက်နှာကျက်ကိုကြည့်နေခဲ့ကာ သူ့နှုတ်ခမ်းထောင့်များက မြင့်တက်နေကာ ပြုံးနေခဲ့သည်။
နောက်တစ်နေ့မှာ သူတို့က အလွန်ပင်ပန်းသဖြင့်မွန်းတည့်ချိန်အထိအိပ်နေခဲ့ကြကာ ဟိုတယ်ကိုနေ့လည်စာစားဖို့ ချက်ချင်းသွားခဲ့ကြသည်။
ချန်ရှု့က ဟိုတယ်တစ်ခုလုံးကို ကြိုတင်မှာယူထားခြင်းကြောင့်အခြား ဧည့်သည်များမရှိခဲ့ပေ။
တစ်နည်းအားဖြင့်ပြောရရင် ဒီဟိုတယ်ရှိ ဝန်ထမ်းတိုင်းက ချန်ရှု့နဲ့ယဲ့ဆွေကိုသာ လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက အလုပ်အကျွေးပြုရတာဖြစ်သည်။
ဟိုတယ်စားသောက်ဆိုင်က ရေကန်ပေါ်မှာ အမှီပြုထားပြီး မှန်နံရံက တစ်ဆင့်အပြင်ဘက်ရှိ နေရောင်ခြည်နှင့်အေးဆေးတည်ငြိမ် ငြိမ်းချမ်းတဲ့ ရေကန်ကိုမြင်တွေ့နိုင်သည်။
မှာထားတဲ့စားစရာတွေ ရောက်လာချိန် ယဲ့ဆွေက ဦးနှောက်ထဲကဟာတွေကို ဝဲပစ်ခဲ့သည်။ ဦးထုပ်က သူမမျက်နှာအများစုကို အရိပ်ရစေကာ နေကာမျက်မှန်နဲ့လည်း သူမမျက်လုံးများကို ဖုံးထားခဲ့သည်။ ၎င်းသည်ကမ္ဘာလှည့်ခရီးသွားများ မကြာခဏအသုံးပြုလေ့ရှိသည်။
၎င်းကနေလောင်ခြင်းကနေ ကာကွယ်မှုအပြည့်အ၀ပေး ထားခြင်းနှင့်တူသည်။
သူတို့ကထမင်းစားခန်းမှာ တစ်ဦးတည်းပဲ။ စားပွဲထိုးထွက်ခွာပြီးနောက်ဆုံးမှာ ယဲ့ဆွေက ခေါင်းကိုမော့လိုက်သည်။
ထမင်းစားသောက်နေချိန်မှာ စားပွဲထိုးက မကြာခဏကြည့်နေခဲ့သည်။ ချန်ရှု့က ချောမောနေပြီး ယဲ့ဆွေက စကတ်ရှည်ကို ဝတ်ဆင်ထားတာပေမယ့်လည်း သူမရဲ့ ထူးခြားတဲ့ပုံစံက ဖျက်ကနဲကြည့်ရုံနဲ့ မှတ်မိလွယ်သည်။ ဒါပေမယ့် သူမမျက်နှာကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
နောက်ဆုံးမှာတော့ စားပွဲထိုးက မစ္စချန်က အလှအပကို စိတ်အားထက်သန်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ကောက်ချက်ချလိုက်သည်။ ပြီးတော့ သူမက စားသောက်ဆိုင်မှာ အစာစားရင်းနဲ့ နေလောင်မှာကိုကြောက်နေတယ်လေ။
ချန်ရှု့နဲ့ယဲ့ဆွေတို့ စားနေချိန်မှာ စားပွဲထိုးများ၏ အတင်းအဖျင်းပြောသံကို ကြားခဲ့ရသည်။ စားသောက်ဆိုင်တစ်ဆိုင်လုံးကို သူတို့ကြိုတင်ဘွတ်ကင်လုပ်ထားသဖြင့် စားသောက်ဆိုင်ရှိ အခြားနေရာတွေရဲ့ အသံများကို ကျယ်လောင်စွာ ကြားနိုင်သည်။
"ရေသရဲရဲ့ဒဏ္ဍာရီ"ဆိုတဲ့ စကားလုံးကို လက်ရှိဆွေးနွေးမှုတွင် ဖော်ပြထားသည်။ အထူးသဖြင့် ယဲ့ဆွေက နိုးနိုးကြားကြားဖြစ်လာပြီး သရဲပုံပြင်ကိုကြားပြီး နားထောင်ဖို့အတွက် သူမရဲ့ ခေါင်းကို စောင်းလိုက်သည်။
ယဲ့ဆွေက အရမ်းကိုစွဲလန်းနေလို့ နေ့လယ်စာစားဖို့တောင်မေ့နေခဲ့သည်။
ချန်ရှု့က မကြာခင်မှာဘဲ ယဲ့ဆွေရဲ့ လှည့်ကွက်လေးကိုသတိပြုမိလိုက်သည်။ သူက သူမ ဦးထုပ်ကို ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်မှာ သူ့လက်ကိုဆန့်ကာ ယဲ့ဆွေ ဦးထုပ်အနားစွန်းမှာ တင်လိုက်သည်။
ယဲ့တွေက အလွန်အံ့အားသင့်သွားပြီး သူ့ကိုကြည့်ဖို့လှည့်လိုက်သည်။ ချန်ရှု့က ယဲ့ဆွေမျက်နှာကိုမမြင်ရအောင် ဦးထုပ်အနားစွန်းကို ဆွဲချလိုက်သည်။
“ဝိတ်တာ” ချန်ရှု့က စားပွဲထိုးကို လက်ဟန်ပြလိုက်ချိန် အစောက အတင်းပြောနေတဲ့ စားပွဲထိုးက လျင်မြန်စွာရောက်လာသည်။
"နောက်ထပ် ဘာများလိုပါသေးလဲ?"
ချန်ရှု့က သူ့အနားမှာရပ်နေတဲ့ နောက်စားပွဲထိုး တစ်ယောက်ကို ထောက်ပြခဲ့သည်။ "မင်းအစောက ပြောခဲ့တာကို အခုပြန်ပြောပြ”
တစ်ချိန်တည်းမှာ စားပွဲထိုးက တွေဝေသွားကာ ရှက်သွားခဲ့သည်။ သူက“ ဆရာ့ရဲ့ထမင်းစားပွဲကို စိတ်အနှောင့်အယှက်ပေးမိတာ ဝမ်းနည်းပါတယ်"
ချန်ရှု့က ယဲ့ဆွေကို ကြည့်လိုက်သည်။ "ငါ့ဇနီးက ရေသရဲရဲ့ ဒဏ္ဌာရီကိုအလွန်စိတ်ဝင်စားနေတယ်။ ပြီးတော့ သူမက အဲဒီအကြောင်းအားလုံးကို သိချင်နေတယ်"
ချန်ရှု့က သူတာ၀န်ထမ်းဆောင်နေရချိန် အပြစ်မပြောတဲ့အခါမှာ စားပွဲထိုးက သူတို့ပြောသမျှကို ချက်ချင်းရှင်းပြခဲ့သည်။
ဒီနေရာမှာ ဒဏ္ဌာရီပုံပြင်တွေ ပျံ့နှံ့နေတယ်ဆိုတာ သိလာရသည်။ တစ်ချိန်က ဒီရေဧရိယာမှာ သေဆုံးသွားတဲ့ကောင်မလေးတစ်ယောက်ရှိခဲ့သည်။ သူမသေဆုံးပြီးနောက် သူမရဲ့ဝိဉာဏ်က ရေထဲမှာလှည့်လည်သွားခဲ့ပြီးရေသရဲဖြစ်လာသည်။
ရေသရဲက သူမနှင့်ပေါင်းသင်းဖို့အတွက် လူတို့စိတ်ကိုစွဲလမ်းစေခဲ့သည်။ သူမက ရေကန်ဘောင်ကို မကြာခဏလာပြီး ရေအနီးရှိသူများကို ရေထဲဆွဲချလေ့ရှိသည်။
ဒါကြောင့် လူအများစုက ရေထဲကိုလျှောကျသွားကြသည်။
သို့သော် အဖြေတစ်ခုရှိခဲ့သည်။ ရေသရဲများသည်သန်းခေါင်ကျော်မှသာပေါ်လာသည်။ သူမက သင့်ကိုကြည့်နေစဉ်မှာ သူမကိုငါးစက္ကန့်ကျော် မကြည့်ရပေ။ သူမဆွဲဆောင်တာကိုမခံသင့်ပေ၊ လွတ်မြောက်ဖို့ အခွင့်အရေးရှာရမည်။
စားပွဲထိုးရဲ့ ပါးစပ်က ခြောက်သွေ့နေပြီး သူမပုံပြင်များကို ပြောပြနိုင်သည့် စွမ်းရည်ကြောင့် သူမအံ့အားသင့်ခဲ့ရသည်။ ရုတ်တရက် သူမအချိန်မတန်သေးဘဲ ရေကျသံကို ကြားလိုက်ရသည်။ အဲ့ဒါက သူမဇာတ်လမ်းကို အဆက်ပြတ်သွားစေပြီး သူမနှလုံးကို လုံး၀ရပ်တန့်စေခဲ့သည်။
ယဲ့ဆွေက ခေါင်းကိုငုံ့ချလိုက်သည်။ အခုတော့ သူမရဲ့ထမင်းစားတူကိုတောင် မြဲအောင် မကိုင်နိုင်တော့ဘဲ ကြမ်းပြင်ကို ပြုတ်ကျသွားစေသည်။ ဒါပေမယ့် သူမကြောက်စိတ်ကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး။
ချန်ရှု့က အေးဆေးတည်ငြိမ်စွာနဲ့ ကြမ်းပြင်ပေါ်ကထမင်းစားတူကို ငုံ့ကောက်လိုက်ပြီး စားပွဲထိုးဆီကို ပေးလိုက်သည်။ "ကျေးဇူးပြုပြီး တူအသစ်တစ်စုံ လဲပေးပါ "
စားပွဲထိုးထွက်သွားတာနဲ့ ယဲ့ဆွေက ချက်ချင်း ကိုယ့်ကိုယ်ကို အိပ်မွေ့ချထားခဲ့သည်။ “ ဒီပုံပြင်က မှားယွင်းနေတယ် " သူမရဲ့အသံက အလွန်အပြုသဘောဆောင်နေခဲ့သည်။
ချန်ရှု့က စားပွဲထိုးပြန်လာတာကိုမြင်ချိန်မှာ သန့်ရှင်းတဲ့ ထမင်းစားတူကိုယူလိုက်သည်။ “ နောက်တစ်ကြိမ် ထပ်မပစ်ဖို့သတိရ ” ချန်ရှု့က မညှာမတာနဲ့ ယဲ့ဆွေရဲ့ ကြောက်စိတ်ကို ဖယ်ရှားလိုက်သည်။
ယဲ့ဆွေ - "... "
ယဲ့ဆွေက သူ့ကိုယ်သူသာ နှစ်သိမ့်နိုင်ခဲ့သည်။ သူမ ချန်ရှု့ နဲ့အတူရှိလို့ ကြောက်စရာအကြောင်းမရှိပေ။
ရေသရဲ ပေါ်လာရင်တောင် ချန်ရှု့ရဲ့စိတ်ထားအရ သူကသူ့ရဲ့ဆံပင်တွေကို ဆွဲယူနိုင်ပြီး ရေထဲက ဆွဲထုတ်ကာ တစ်နေ့လုံး နေလှန်းထားနိုင်သည်။
ယဲ့ဆွေ အဲ့ဒါကို တွေးမိတဲ့အခါမှာ သူမ မကြောက်ရွံ့တော့ပေ။
အစာစားပြီးနောက် ချန်ရှု့ ဖုန်းက ရုတ်တရက် မြည်လာသည်။ ယဲ့ဆွေက သူမအခန်းထဲ ဦးစွာပြန်ဝင်သွားသည်။ သူမကကန့်လန့်ကာများ အားလုံးကို ဖွင့်လိုက်သည်။ အခန်းထဲ နွေးထွေးတဲ့ နေရောင်ခြည်ဖြာလာပြီး သရဲများဖုံးကွယ်ဖို့ နေရာမရှိတော့ပေ။
ကန့်လန့်ကာကို ဆွဲဖွင့်လိုက်ပြီးတဲ့နောက် ပြတင်းပေါက်က ရေကန်ကြီးကိုပြသနေသည်။ နေ့အချိန်မှာ အဲ့တာက ငြိမ်သက်အေးချမ်းသည်။ ယဲ့ဆွေရဲ့ နားထဲကိုတိုက်လိုက်တဲ့လေက တိတ်ဆိတ်ခြင်းထဲကို နစ်ဝင်သွားပုံရသည်။
ယဲ့ဆွေက သစ်သားကြမ်းပြင်အစွန်းနားမှာ ထိုင်နေရင်းခြေထောက်နား ရေတွေရောက်လာခဲ့ကာ သူမရဲ့မျက်လုံးတွေကို ပိတ်ပြီးဒီမှာ အိပ်နေချင်ခဲ့သည်။
တိတ်ဆိတ်တဲ့ နေ့လည်ခင်းတွင် ရေမျက်နှာပြင်ပေါ်ရှိ ရေတုန်ခါမှုသည် ရုတ်တရက် အဝေးကနေ အနီးကိုရောက်လာသည်။ ယဲ့ဆွေက ထူးဆန်းတဲ့ မြင်ကွင်းကိုစိုက်ကြည့်နေမိသည်။
နောက်တစ်စက္ကန့်မှာ ရေထဲက ခေါင်းတစ်လုံး ထွက်လာသည်။ အရိပ်ထဲတွင်ပင် မိန်းကလေး အသားအရေမှာအဖြူရောင်ပုလဲကဲ့သို့တောက်ပနေသည်။
ရှည်လျား စိုစွတ်နေတဲ့ ဆံပင်များကို သူမပခုံးပေါ်တွင်ချထားသဖြင့် ၄င်း၏ပါးကိုဖုံးအုပ်သွားသည်။ သို့သော်သူမက ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ လှပတဲ့ မျက်နှာကိုမြင်ယောင်ကြည့်နိုင်သည်။
ရုတ်တရက် ရေလှိုင်းပြန်တက်လာပြီး မိန်းကလေးက သူမရဲ့ဖြူဖွေးနေတဲ့ လက်နှစ်ဖက်ကိုဖြန့်ပြီး မြေပြင်ပေါ် ညင်ညင်သာသာတင်လိုက်သည်။
မိန်းကလေးက ယဲ့ဆွေကို ကြည့်လိုက်ပြီး သူမမျက်လုံးများက လူသားအပေါ်တွင်သာ ရှိနေခဲ့ကာ လေ့လာနေခဲ့သည်။
ယဲ့ဆွေက မိန်းကလေးရဲ့ ခြေထောက်ကို ကြည့်လိုက်သည်။ ပြီးတော့ သူတို့ကအမြီးမဟုတ်ဘဲ ခြေထောက်တွေပါ။ ဒါကြောင့် ဒီလှပတဲ့မိန်းကလေးက ရေသူမ မဟုတ်ဘဲ ဒဏ္ဌာရီထဲက ရေသရဲတစ်ကောင်ူာ ဖြစ်သည်။
လူများ၏စိတ်ဝိညာဉ်ကို ချိတ်ဆက်ပြီး ရေထဲသို့ဆွဲငင်ခဲ့တဲ့ဟာဖြစ်သည်။
ယဲ့ဆွေက ရေသရဲ မစောင့်ဘဲချက်ချင်း ကြမ်းပြင်ပေါ်က မတ်တပ်ရပ်လိုက်သည်။ သူမတွေ့ဆုံခဲ့ဖူးတဲ့ သရဲများအားလုံးက ချစ်စရာကောင်းတာကြောင့် သူမနှင့်အတူငြိမ်းချမ်းစွာနေထိုင်လိုသည်။
သို့သော် ဤရေသရဲက မတူပေ။ သူမက အန္တာရာယ်ရှိသည်။
ယဲ့ဆွေက ရေသရဲနဲ့ ဘယ်လိုဆက်ဆံရမလဲကို သတိရလိုက်ပြီး သူမမျက်လုံးကိုမကြည့်ဘဲ အမြန်ဆုံးဖယ်ထားခဲ့သည်။
ချန်ရှု့အသံက ရုတ်တရက် ထွက်လာချိန်မှာ ယဲ့ဆွေက အခန်းထဲကို ထွက်ပြေးတော့သည်။ "ယဲ့ဆွေ မင်းအပြင်မှာလား? "
ယခုအချိန်မှာ ယဲ့ဆွေက တံခါးဖွင့်သံကို ကြားတာကြောင့် အလွန်စိတ်လှုပ်ရှားနေပြီး ချန်ရှု့ အထဲ၀င်နေသည်ကိုမသိခဲ့ပါ။ စကားပြောနေရင်းဘဲ သူကပြတင်းပေါက်ကထွက်ပြီး သူမရှေ့တွင်ရပ်နေသည်။
ချန်ရှု့က ယဲ့ဆွေရဲ့ ထူးဆန်းသည့် တုန့်ပြန်မှုကိုအနီးကပ်အာရုံစိုက်ခဲ့သည်။ သူ့နဖူးက အနည်းငယ်တွန့်တွန့်သွားသည်။ “ ဘာတွေဖြစ်နေတာလဲ? သရဲကိုထပ်မြင်ရတာလား? ”
နောက်တစ်စက္ကန့်မှာဘဲ ချန်ရှု့က ရေမျက်နှာပြင်ကိုလှည့်ကြည့်ကာ ရှာဖွေခဲ့ပြီး ရေသရဲရဲ့ ဒဏ္ဌာရီပုံပြင်ကို ရှာဖွေရန်ကြိုးစားခဲ့သည်။ သို့သော် သူစိတ်ပျက်ခဲ့ရသည်။ သူကို သရဲတစ္ဆေများက ကြောက်ကြသော်လည်း သူဆန္ဒရှိသလို သူတို့ကိုမမြင်နိုင်ခဲ့ပေ။
ယဲ့ဆွေက ချန်ရှု့ရဲ့လုပ်ရပ်တွေကို မြင်ပြီး စိုးရိမ်ပူပန်နေခဲ့သည်။ ယခုအချိန်တွင် သူသည်လှပသော သရဲက ချန်ရှု့ကို သွေးဆောင်ဖြားယောင်းမှာ ကြောက်ရွံ့သဖြင့် သရဲများကို ထိန်းချုပ်နိုင်တာကို သူမ မေ့နေသည်။
ယဲ့ဆွေ ရဲ့ဗီဇကသူ့အတွေးတွေထက် ပိုမြန်သည်။ သူမလက်ကိုဆန့်ထုတ်ပြီး ချန်ရှု့ ရဲ့မျက်လုံးတွေကို ဖုံးအုပ်ထားလိုက်သည်။
"မကြည့်နဲ့ ဒီသရဲက ရှင့်ကိုခြောက်လိမ့်မယ်"