လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၅၆ - အိပ်ပျော်နေစဥ် ယောင်၍လမ်းထလျှောက်ခြင်း
နောက်တစ်နေ့မနက်တွင် ချန်ရှု့ အိမ်မှမထွက်ခွာမီ ယဲ့ဆွေက အလုပ်သွားပြီးဖြစ်သည်။သူက ဖုန်းခေါ်လာတာကိုလက်ခံရရှိပြီး အခြားဘက်မှ အမျိုးသမီးတစ်ဦး ရဲ့ အပြစ်ရှိတဲ့အသံကိုကြားလိုက်ရသည်။ "ချန်ရှု့၊ ငါပါ"
ချန်ရှု့ရဲ့ ခံစားချက်က နစ်မြုပ်သွားခဲ့သည်။ ထိုသူက သူ့ဆီကြာမြင့်စွာ ဆက်သွယ်ခဲ့ခြင်းမရှိပေမယ့်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် သူ ဒီအသံကို မှတ်မိနေဆဲဖြစ်သည်။
ဖုန်းခေါ်လာတဲ့သူက နှစ်ပေါင်းများစွာ အဝေးမှာနေခဲ့တဲ့ သူ့ရဲ့အမေဖြစ်သည်။
ချန်ရှု့က သူ့အသံကို နိမ့်လိုက်သည်။ အဲဒီအသံမှာ အေးစက်စက်နိုင်တဲ့အသံ ပေါင်းစပ်နေတဲ့ အရိပ်အမြွတ်လည်းပါသည်။ "ဘာကိစ္စရှိလို့လဲ?"
ထိုအချိန်တွင် ယဲ့ဆွေက တစ်စုံတစ်ခုကိုယူဖို့ အိမ်ကိုပြန်လာခဲ့သည်။ သူမက ကျန်ခဲ့တဲ့ ဖုန်းကိုယူပြီး ပြန်ထွက်ဖို့လုပ်ခဲ့ဖြစ်သည်။ ဒါပေမယ့် အဲဒီနောက်မှာ သူမသာမန်ကာလျှံကာ ကြည့်လိုက်တော့ ချန်ရှု့ရဲ့အခန်းတံခါး ပွင့်နေတာကို သတိပြုမိခဲ့သည်။
ချန်ရှု့ကို နှုတ်ဆက်ချင်တာကြောင့်သူမက သူ့အခန်းရှေ့ကို လျှောက်သွားခဲ့သည်။ တံခါးက အနည်းငယ်ဟလျက်ရှိပြီး အထဲမှသူ့ရဲ့မတူကွဲပြားခြားတဲ့အသံထွက်လာတာကို သူမကြားလိုက်ရသည်။ "ခင်များပဲ ထားခဲ့ပြီးတော့ အခုမှဘာလို့ ဖုန်းခေါ်နေရတာလဲ?"
“ခင်များ ထွက်သွားတဲ့နေ့ကစပြီး ခင်များကကျွန်တော့်အမေ မဟုတ်တော့ဘူး” ဟု ချန်ရှု့ ထည့်သွင်းပြောကြားနေစဥ် ယဲ့ဆွေ ကြည့်ရှု့စစ်ဆေးလိုက်သည်။
ဒီဝါကျနဲ့ ချန်ရှု့ ဖုန်းကိုချပစ်လိုက်သည်။
ဤသည်မှာ ချန်ရှု့ရဲ့အမူအရာ အရမ်းကွဲပြားခြားနားနေတာကို ယဲ့ဆွေ မြင်လိုက်ရတာက ပထမဆုံးအကြိမ်ဖြစ်သည်။ သူက သူ့ဆဲလ်ဖုန်းကို ကိုင်ထားပြီး သူ့မေးရိုးက တင်းမာနေလျက် သူ့ခန္ဓာကိုယ်ကလည်း တောင့်တင်းနေကာ သူက သူ့အမေကို စကားမပြောချင်ပုံရသည်။
စာအုပ်ထဲမှာ ချန်ရှု့နဲ့သူ့မိခင်တို့က ဆက်ဆံရေးမကောင်းကြောင်းကို ဖော်ပြထားခဲ့သည်။ ချန်ရှု့ ဆယ်ကျော်သက်အရွယ်တုန်းက သူမက အိမ်ကနေထွက်သွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ပေ။
ယဲ့ဆွေက ချန်ရှု့ကို ခေတ္တစောင့်ကြည့်ခဲ့ပြီး အဲ့တာကသူ့ရဲ့ ကိုယ်ပိုင်ကိစ္စဖြစ်ကြောင်း သိသည်။ အခုတော့ သူကတိတ်ဆိတ်တာကိုလိုအပ်နေပြီး တစ်ယောက်တည်း နေဖို့အချိန်လိုအပ်သည်။ ထို့ကြောင့်သူမက တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။
ချန်ရှု့က ဖုန်းကိုကိုင်ထားကာ အဲ့နေရာမှာထိုင်နေပြီး ယဲ့ဆွေရဲ့ တည်ရှိမှုကို သတိမပြုမိခဲ့ပေ။
သူ့အမေက သူငယ်ငယ်လေးကတည်းက အိမ်ကနေ ထွက်သွားခဲ့သည်။ တစ်နှစ်ပတ်လုံး မိခင်မေတ္တာငတ်မွတ်နေခြင်းနှင့် ကလေးဘ၀၏ မကောင်းသောအမှတ်တရများကို အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ရကာ အရိပ်ကဲ့သို့ပင် သူ့နောက်သို့လိုက်နေခဲ့သည်။
ထိုပျော်ရွှင်စရာမရှိတဲ့ အမှတ်တရများအားလုံးက သူ့ရဲ့အရိုးတွေထဲ၌ တိတ်ဆိတ်စွာ ထွင်းထုထားသော ပုန်းအောင်းနေတဲ့ အမာရွတ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ပြန်လည်စဥ်းစားဖို့က နာကျင်ရပေမယ့် သူအဲ့တာတွေကို ရှင်းရှင်းလင်းလင်းနဲ့ မှတ်မိနေတုန်းပဲ။
ချန်ရှု့က အရိပ်တွေထဲမှာ လွှမ်းခြုံနေသလိုနဲ့ ထိုနေရာ၌ပင် တိတ်ဆိတ်စွာထိုင်နေလေသည်။
ယဲ့ဆွေအလုပ်ပြီးသွားတဲ့အခါ သူမက အိမ်ပြန်လာခဲ့သည်။ ရေချိုးပြီး ဆိုဖာပေါ်တွင်ထိုင်ကာ တီဗွီကြည့်နေခဲ့သည်။ ယခုတိုင် တစ်ယောက်တည်းအထီးကျန်နေတယ်လို့ ယဲ့ဆွေ ရုတ်တရက်ခံစားမိလိုက်သည်။ ပတ်ပတ်လည်ကြည့်ရှုလိုက်ပေမယ့် ချန်ရှု့က ပြန်မလာသေးဘူး။
ချန်ရှု့က စကားအများကြီး မပြောပေမယ့် သူတို့ဆက်ဆံရေးက အရင်ကထက် အများကြီးပိုကောင်းလာခဲ့သည်။ ညအချိန်တွင် သူတို့ကအများအားဖြင့် ဆိုဖာပေါ်တွင်ထိုင်ပြီး စကားပြောကြသည်။
အခု ချန်ရှု့ အိမ်မှာမရှိတဲ့အတွက်သူမ အထီးကျန်ပြီးစိတ်မကြည်မလင်ဖြစ်နေမိသည်။
ယဲ့ဆွေ အချိန်ကို မော့ကြည့်လိုက်သည်။ အခုက ည ၈နာရီခွဲရှိနေပြီ။ ချန်ရှု့ရဲ့ ပုံမှန်ပြန်လာချိန်က နေ့စဉ်နာရီဝက်ခန့်ကျော်မှ ပြန်လာတတ်သည်။
တစ်နေ့က ချန်ရှု့ အိမ်ပြန်တာ အရမ်းနောက်ကျပြီး ထိုညတွင် သူအိပ်ပျော်နေစဥ် ယောင်ပြီးလမ်းထလျှောက်ခဲ့သည်။ ထို့အပြင် မနက်က သူ့ရဲ့မိခင်နှင့် စကားပြောဆိုခဲ့သည်ကို ယဲ့ဆွေ ကြားခဲ့ရသည်။ ရလဒ်အနေနှင့် သူမစိုးရိမ်နေခဲ့သည်။
ယဲ့ဆွေက တီဗွီကြည့်နေပေမယ့် စိတ်က တီဗွိီထဲမှာမရှိနေဘဲ ချန်ရှု့ အကြောင်းကိုပဲ တွေးနေမိသည်။ သူမက အခါအားလျော်စွာ နံရံပေါ်ရှိနာရီကို ခဏခဏလှည့်ကြည့်ခဲ့သည်။ စက္ကန့်အနည်းငယ်ကြာသည့်တိုင် သူအိမ်သို့ပြန်မလာသေးပေ။
ခဏကြာတော့ နောက်ဆုံးမှာတံခါးက ပွင့်လာခဲ့ကာ ချန်ရှု့ ပြန်လာတာကို ယဲ့ဆွေ တွေ့လိုက်ရတော့ သူမစိတ်သက်သာရာရသွားသည်။ သူကခေါင်းကိုငုံ့ကာ ဖိနပ်လဲနေခဲ့ပြီး အဲ့တာက သူ့ရဲ့အမူအရာကိုကြည့်ဖို့ သူမအတွက် ခက်ခဲစေသည်။
ချန်ရှု့က အထဲ၀င်လာပြီး သူ့အခန်းဆီသို့ တန်းတန်းမတ်မတ် သွားဖို့လုပ်လိုက်သည်။ ဒါပေမယ့် ရုတ်တရက် ယဲ့ဆွေက “ ချန်ရှု့ ဒီည ရှင်ဘယ်အချိန်မှာ အိပ်မှာလဲ? ” ဟုမဝံမရဲ မေးခဲ့သည်။
ချန်ရှု့က ယဲ့ဆွေ ကိုမကြည့်ဘဲ “ ကိုယ်မကြာခင် အိပ်တော့မှာ ” လို့ အသံနိမ့်နိမ့်ဖြင့် ဖွင့်ဟပြောခဲ့သည်။
ယဲ့ဆွေ စိတ်မအေးဘူး။ သူမက “ရှင် အိပ်လို့မပျော်နိုင်ခဲ့ရင် အိပ်ရာမဝင်ခင်မှာ နွားနို့ပူပူလေးတစ်ခွက် သောက်လိုက်နော်” လို့ပြောခဲ့သည်။
ချန်ရှု့က တိတ်တိတ်လေးနေပြီး သူ့အခန်းထဲ ပြန်ဝင်သွားလိုက်သည်။ ယဲ့ဆွေက သူ့ရဲ့အထီးကျန်ဆန်တဲ့နောက်ကျောကို ကြည့်ပြီး မျက်မှောင်ကြုတ်နေကာ သူညဘက်မှာ ကောင်းကောင်းအိပ်စက်နိုင်ပါစေလို့ မျှော်လင့်နေသည်။
ညဥ့်နက်ချိန် ဖြစ်၍ လက တိမ်များရဲ့ အနောက်တွင် ပုန်းကွယ်နေသည်။ ယဲ့ဆွေ အိပ်ပျော်သွားချိန်မှာ ပတ်ဝန်းကျင်က ငြိမ်သက်မှုနှင့် ပြည့်နှက်သွားသည်။ ဒါပေမယ့်အဲ့နောက်မှာတော့ ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရသည်။
ဒေါက်!ဒေါက်!ဒေါက်!ဒေါက်!
ယဲ့ဆွေရဲ့ မထင်မှတ်ထားတဲ့ အတွေးက ညဥ့်နက်သန်းခေါင်အချိန်မှာ တစ်စုံတစ်ဦး ကဘယ်ကို တံခါးလာခေါက်မှာလဲ? နောက်တစ်စက္ကန့်မှာ သူမရုတ်တရက် အိပ်ရာမှလန့်နိုးလာခဲ့ကာ ချန်ရှု့ရဲ့ အိပ်ပျော်ရင်းလမ်ယလျှောက်တဲ့ရောဂါကို သတိရသွားခဲ့သည်။
ယဲ့ဆွေက ဖိနပ်တောင် မဝတ်ခဲ့ပေ။ သူမအိပ်ရာထဲကထွက်ကာ ကြမ်းပြင်ပေါ် ဖိနပ်မပါဘဲ တံခါးကိုဖွင့်၍ ထွက်သွားခဲ့သည်။
ဧည့်ခန်းက မီးများမဖွင့်ထားတာကြောင့် အလွန်မှောင်မိုက်နေခဲ့သည်။ ယဲ့ဆွေက ခလုတ်ကို နှိပ်လိုက်ပြီး ကလစ်! ဆိုတဲ့အသံနဲ့အတူ အလင်းတွေက ထွက်ပေါ်လာခဲ့သည်။ အမှောင်ထုက ပျောက်ပျက်သွားပေမယ့် သူမခံစားခဲ့ရသည့် စိုးရိမ်မှုမှာရှိနေဆဲ ဖြစ်သည်။
ယဲ့ဆွေက ချန်ရှု့ရဲ့အခန်းကို ပိုနီးအောင်အထိ ချဉ်းကပ်လာတာနဲ့အမျှ တံခါးကိုထုနေသည့်အသံကလည်း ပို၍ ရှင်းလင်းသွားသည်။ ၎င်းသည် သူမအား ယခင်က သူ့ရဲ့ စိတ်ပျက်ဖွယ်ကောင်းတဲ့ ခံစားချက်များကိုသတိပေးခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ရဲ့အခန်းကိုကြည့်လိုက်သည်။
တံခါးလက်ကိုင်ကို သူဆွဲနေသ၍ နောက်တစ်စက္ကန့်တွင်လမ်းလျှောက် ထွက်သွားနိုင်သည်။ သို့သော် ချန်ရှု့ကထိုသို့မပြုခဲ့လုပ်ပါ။ သူ့လက်ကိုမြှောက်ပြီး တံခါးကိုအကြိမ်ကြိမ် ထပ်ခါထပ်ခါ ထုရိုက်နေခဲ့သည်။
စိတ်သောကရောက်နေပြီး တုန်နေတဲ့အသံက တံခါးပိတ်ထားတဲ့ နောက်ကနေ တိတ်ဆိတ်တဲ့ ညမှာထွက်ပေါ်လာခဲ့သည်။ ချန်ရှု့ရဲ့ အားနည်းပြီး ထိခိုက်လွယ်တဲ့ အသံကထွက်လာသည်။ "တံခါးဖွင့်! ငါ့ကိုအထဲမှာ မပိတ်ထားပါနဲ့ !"
ချန်ရှု့က တံခါးကို ထပ်ခါထပ်ခါ ထုရိုက်နေခဲ့ပြီး တူညီတဲ့စကားကိုလည်းပြောနေခဲ့သည်။ အပြင်ဘက်ရှိကမ္ဘာသည် သူ့နဲ့ခြေလှမ်း အနည်းငယ်သာ ဝေးသော်လည်း သူက မထွက်နိုင်ချေ။
သူကထိုတံခါးကိုပိတ်ထားလိုက်ပြီး သူ့နှလုံးသားအရိပ်ထဲတွင်ပိတ်မိနေသည်။
ယဲ့ဆွေက အတိတ်ကိုဖြတ်သန်းသွားပြီး အသက်ပြင်းပြင်းရှူကာ တံခါးကိုဂရုတစိုက် တွန်းဖွင့်လိုက်သည်။ တံခါးဖွင့်ပြီး ယဲ့ဆွေက အထဲကိုကြည့်ကာ တံခါးကိုတဖြည်းဖြည်းကျယ်လာစေသည်။
ချန်ရှု့က အမှောင်ထုထဲတွင် ရပ်နေပြီး သူ့ပုံစံက မှုန်ဝါးနေခဲ့သည်။ ဧည့်ခန်းအတွင်းရှိ အလင်းက တံခါးထောင့်ကနေ အခန်း အတွင်းပိုင်းကို ထွန်းလင်းစေခဲ့သည်။
သို့သော် ချန်ရှု့က မီးအိမ်နောက်တွင် ရပ်နေခဲ့သည်။ သူ့မျက်လုံးတွေက မှုန်မှိုင်းနေဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံး အမှောင်ထုက ဝန်းရံနေကာ အလင်းရောင်က မှောင်မိုက်နေသောအရိပ်များကို မလွမ်းမိုးနိုင်သကဲ့သို့ဖြစ်နေသည်။
ချန်ရှု့က မှောင်မိုက်နေဆဲဖြစ်ကာ ရုပ်ထုတစ်ခုနှင့်တူနေပြီး တစ်စုံတစ်ခုကို ပျောက်ဆုံးသွားပုံရသည်။ ယဲ့ဆွေက သူ့ရှေ့တွင်ရပ်နေခဲ့ပေမယ့် သူကထိုအရာကို သတိမထားမိဘဲ သူ့မျက်လုံးတွေက ရောက်တက်ရာရာကို လှည့်ပတ်ကြည့်နေခဲ့သည်။
ယဲ့ဆွေက ရုတ်တရက် သူမမျက်လုံးစူးတက်တာကို ခံစားလိုက်ရသည်။ သူမကနှာရှုပ်လိုက်ပြီး ရှေ့ကိုတက်လာကာ ချန်ရှု့အခန်းထဲဝင်ကာ အမှောင်ထဲကို လျှောက်သွားခဲ့သည်။
ချန်ရှု့က တံခါးကို ထုနေခြင်းကို ရပ်တန့်လိုက်သော်လည်း“ တံခါးဖွင့်! ငါ့ကိုအထဲမှာ မပိတ်ထားပါနဲ့ ! ” ဆိုသောစကားကို ထပ်ခါထပ်ခါ ရေရွတ်နေခဲ့သည်။
ယဲ့ဆွေက တံခါးကနေအထဲဝင်လိုက်တဲ့အချိန်မှာ ချန်ရှု့ရဲ့ စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရသည်။ သူမဤစာကြောင်းကို သေချာကြားရတဲ့အခါမှာ သူမစိတ်က ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ချန်ရှု့ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို သူမမစဥ်းစားရဲခဲ့ပေ။
ယဲ့ဆွေက ချန်ရှု့ သူ့အမေဆီက ဖုန်းလက်ခံရတဲ့အချိန်က သာမန်ဖြစ်ခဲ့ပြီး လျစ်လျူရှု့လိုတဲ့ သဘောထားကို ရုတ်တရက် သတိရသွားခဲ့သည်။ သူဖုန်းကိုချပြီးနောက် သူက ပိုတိတ်ဆိတ်သွားခဲ့သည်။
ပြီးတော့ ဒီညမှာ ချန်ရှု့က နောက်တစ်ခါ အိပ်ပျော်ရင်း လမ်းလျှောက်တဲ့ရောဂါက ထလာခဲ့ပြီး သူရဲ့အကူအညီမဲ့မှုကိုပြသခဲ့သည်။ ယဲ့ဆွေအနေနဲ့ ချန်ရှု့ရဲ့ထူးဆန်းမှုက သူ့အမေနဲ့ဆက်နွှယ်မှုရှိလားဆိုတာ မစဉ်းစားနိုင်ခဲ့ပေ?
ယဲ့ဆွေက ချန်ရှု့ကို ကြည့်လိုက်သည်။ သူမရှေ့ကိုတိုးလိုက်ပြီး သူ့မျက်လုံးများကို ကြည့်လိုက်မိသည်။ အခန်းသည် အလင်းရောင်မကောင်းသော်လည်း ယခုအချိန်တွင် သူမက မီးများကို မဖွင့်ခဲ့သေးပေ။ သူမက ယခုချိန်မှာ အလင်းရောင်က သူ့ကိုအနှောင့်အယှက်ပေးမိမှာကိုစိုးရိမ်ခဲ့သည်။
ယဲ့ဆွေက ဘာလုပ်ရမှန်းမသိဘူး။ သူမရဲ့စိတ်က လှုပ်ခတ်နေပေမယ့် သူမက ချန်ရှု့ကိုပုံမှန်ပြန်ဖြစ်အောင်လုပ်ဖို့သာကြိုးစားခဲ့သည်။ ဒါကြောင့် သူမက "ချန်ရှု့ ကျွန်မပါ ယဲ့ဆွေလေ "
တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမှောင်ထုထဲတွင် ယဲ့ဆွေရဲ့ အသံက ပျော့ပျောင်းစွာထွက်လာခဲ့သည်။
ချန်ရှု့က ထိုနေရာတွင် တင်းကြပ်စွာ ရပ်လျက်တုံ့ပြန်ခြင်းမရှိဘဲ သူအကျွမ်းတဝင်ဖြစ်သော အသံကိုကြားရသော်လည်း အလွန်ဝေးကွာပြီး မကြာခင်မှာ ပျံ့နှံ့သွားခဲ့သည်။
ချန်ရှု့က မတုံ့ပြန်တာကို ယဲ့ဆွေ တွေ့တော့ "ချန်ရှု့ ကျွန်မပါ ယဲ့ဆွေ" လို့သူမထပ်တလဲလဲ ပြောလိုက်သည်။
ချန်ရှု့က လက်ကအနည်းငယ် ရွေ့လျားသွားသည်။ သူ့ကိုကြည့်ရတာ အနည်းငယ် သတိဝင်လာပုံပေါ်ပေမယ့် သူ့ရဲ့စိတ်ခံစားချက်ထဲမှာ နစ်မြုပ်နေတုန်းပဲ။
ယဲ့ဆွေက အရမ်းစိတ်ရှည်သည်။ သူမကသူ့ကိုထပ်ခါထပ်ခါ ခေါ်နေခဲ့သည်။ တိတ်ဆိတ်ငြိမ်သက်တဲ့ညမှာသူမရဲ့အသံက ချန်ရှု့ရဲ့ နားဆီကိုရှင်းရှင်းလင်းလင်းရောက်လာသည်။
သူမအတွက် သာမန်ထင်ရသော ဝါကျတစ်ခုဖြစ်သော်လည်း သူ့အမှောင်ကမ္ဘာထဲမှာ တဖြည်းဖြည်းထွန်းလင်းတောက်ပပြီးရင်း တောက်ပနေသည်။
"ချန်ရှု့ ကျွန်မပါ ယဲ့ဆွေလေ "
"ချန်ရှု့ ကျွန်မပါ ယဲ့ဆွေလေ "
"... "
ယဲ့ဆွေက ထိရောက်မှုရှိ၊ မရှိကိုမသိခဲ့ပါ။ ချန်ရှု့က ဒီလို ဆက်မလုပ်သင့်ကြောင်းသာ သူမသိသည်။ ထိုသို့သောအခြေအနေမျိုးတွင် သူ့ကိုနူးညံ့သိမ်မွေ့သောနည်းဖြင့် သူမပြန်ခေါ်ခဲ့သည်။
ဖြစ်နိုင်တာကတော့ ချန်ရှု့ရဲ့မှတ်ဉာဏ်တွင် ယဲ့ဆွေက အခြားသူများနှင့် ကွဲပြားနိုင်သည်။ ထို့ကြောင့် သူသည်သူမ၏စိုးရိမ်ပူပန်မှုများကို အလွယ်တကူသိရှိနားလည်ခဲ့သည်။
သူမသည် သူ့ကို ပြန်ခေါ်ခဲ့သည်။
နောက်ဆုံးတော့ ချန်ရှု့ရဲ့အမူအရာတွေက အတက်အကျ ဖြစ်ပေါ်လာသည်။ သူ့မျက်လုံးထောင့်မှာ အလင်းသေးသေးလေး တစ်ခုရှိခဲ့သည်။ သူသည်နှုတ်ခမ်းကိုဖွင့်ပြ သူ့မှတ်ဉာဏ်ထဲက အကျွမ်းတဝင်အမည်ကို ခေါ်ခဲ့သည်။ “ ယဲ့ဆွေလား?”
ယဲ့ဆွေရဲ့ နှလုံးက သက်သာရာရသွားခဲ့သည်။ ချန်ရှု့ရဲ့ အခြေအနေက လုံးဝပုံမှန်ပြန်မဖြစ်သေးတာကို သူမသိသည်။ ဒါပေမယ့် အနည်းဆုံးတော့ သူမပြောတာကို သူနားထောင်ခဲ့သည်။
ယဲ့ဆွေက စိတ်ခြေလက်ခြေ ဆက်ပြောနေခဲ့တယ် ။ "ကျွန်မပါ ယဲ့ဆွေ။ ကျွန်မကိုကြည့်ပါဦး"
ချန်ရှု့က ထိုစကားသံကို အလိုအလျောက် နာခံခဲ့သည်။ သူက ခေါင်းဖြည်းဖြည်းချင်း လှည့်ကြည့်ခဲ့ပြီး မူလအရင်းအမြစ်ဖြစ်တဲ့ ယဲ့ဆွေ မျက်နှာကနေ မျက်လုံးတွေကို ဖြည်းဖြည်းချင်း အာရုံစူးစိုက်ကာ ကြည့်ခဲ့သည်။
ယဲ့ဆွေက ချန်ရှု့ကို ကြည့်ပြီး နူးညံ့သိမ်မွေ့တဲ့အသံနဲ့ ပြောခဲ့သည်။ “ ရှင် ကျွန်မနဲ့အတူလာမလား?” သူမဖိနပ်မဝတ်သော သူ့ကိုကြည့်လိုက်သည်။ ဆောင်းဦးရာသီ ဖြစ်၍ သူသည်ထိုနေရာမှာ ရပ်နေလျှင်ဖျားနာလိမ့်မည်။
ချန်ရှု့က ငြင်းဆန်ခဲ့ဘူး။
ယဲ့ဆွေက သူမရဲ့လက်ကို ဆန့်လိုက်ပြီး သူမရဲ့လက်ဖဝါးက ချန်ရှု့ရဲ့လက်ကို ညင်ညင်သာသာ ဖုံးအုပ်လိုက်ချိန် သူ့ခန္ဓာကိုယ် အပူချိန်က ဆောင်းဦး ညထက်အေးစက်နေသလိုခံစားရသည်။
ယဲ့ဆွေက ချန်ရှု့ရှေ့က ဦးဆောင်ရင်း သူမရဲ့ချုပ်ကိုင်မှုကိုအနည်းငယ် တင်းကျပ်လိုက်သည်။
အိပ်ရာပေါ်ကို ရောက်ချိန်မှာ ယဲ့ဆွေက ချန်ရှု့ကို ကြည့်ပြီး“ လှဲချပြီး အိပ်လိုက်နော် ” ဟုပြောခဲ့သည်။ သူအိပ်ပျော်သွားပြီးနောက်မှာ သူမစိတ်အေးသက်သာစွာနဲ့ ပြန်သွားနိုင်သည်။
ချန်ရှု့က မလှုပ်ရှားဘဲ ယဲ့ဆွေကို ဘာအမူအရာမှမရှိတဲ့ မျက်နှာနဲ့ကြည့်နေခဲ့သည်။ သူမ သက်ပြင်းချလိုက်မိကာ ချန်ရှု့ အပြည့်အဝမနိုးသေးတာကို သူမ မေ့သွားခဲ့သည်။
ထိုအခါ သူမကသာ အဆုံးထိကြည့်ရှု့ရမည်ဖြစ်သည်။
ယဲ့ဆွေက ချန်ရှု့ ရဲ့လက်ကိုကိုင်ထားပြီး အိပ်ရာပေါ်မှာ ထိုင်လိုက်ရင်း လှဲလိုက်ကာ သူ့ရဲ့တစ်ဖက်လက်ကို ဆုပ်ကိုင်ပြီး အိပ်ရာအောက်ကို ထိုးလိုက်ပြီး "လှဲပြီး အိပ်လိုက်" လို့ပြောခဲ့သည်။
ယဲ့ဆွေ ရဲ့အမိန့်လို အသံကိုကြားတော့ ချန်ရှု့က သူမအနားမှာ တဖြည်းဖြည်းနဲ့ လဲလျောင်းလိုက်သည်။ အတွေးများက ပျောက်ကွယ်သွားပြီး သူမရဲ့မျက်နှာကို ချန်ရှု့ဘက်သာ ဦးတည်လိုက်သည်။
ချန်ရှု့ကလည်း ခေါင်းမော့ပြီး ယဲ့ဆွေကို ကြည့်လိုက်တယ် ။ သူတို့နှစ်ဦးသည် အမှောင်ထုထဲတွင် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
ယဲ့ဆွေက သူမရဲ့မျက်လုံးတွေကို မရွှေ့ခဲ့ဘူး။ သူမ ချန်ရှု့ ကိုငေးကြည့်ရင်း“ နောက်ကျနေပြီ။ အိပ်တော့” လို့နွေးထွေးစွာ ပြောလိုက်သည်။
သူမရဲ့အသံက တကယ့်ကို သာယာသည်။ ချန်ရှု့က သူ့မျက်လုံးတွေကို ပိတ်ပြီးအိပ်ပျော်သွားသည်။ ဒါပေမယ့် ယဲ့ဆွေ ရဲ့လက်ကိုတော့ ဆက်ကိုင်ထားခဲ့ပြီး မလွှတ်ပေးခဲ့ပေ။
ယဲ့ဆွေလည်း အိပ်ရာပေါ်မှာ လဲလျောင်းနေရသည်။
တိတ်ဆိတ်ငြိမ်သက်သောညတွင် အိပ်ရာတစ်ခုတည်း၌ လူနှစ်ဦးက အတူအိပ်နေကြသည်။ ညသည်မှောင်မိုက်လာပြီး သူတို့၏အသက်ရှူမှုမှာ ရှည်လျားပြီးနှေးလာခဲ့သည်။
ထိုညတွင် ချန်ရှု့က အိပ်မက်မက်ခဲ့သည်။
အိပ်မက်ထဲမှာ သူကတံခါး တင်းတင်းကျပ်ကျပ် ပိတ်ထားသည့်နေရာတွင် ပိတ်မိနေပြီး သူစိတ်ပျက်လက်ပျက်ဖြစ်နေချိန်တွင် တစ်ယောက်ယောက်ကရုတ်တရက် သူ့နာမည်ကို နူးညံ့စွာခေါ်လာခဲ့သည်။
တံခါးကိုပိတ်ထားဆဲဖြစ်သော်လည်း သူမကအရှုံးမပေးဘဲ သူ့အမည်ကို ထပ်ခါတလဲလဲပြောပြီး သူ့ကိုအမှောင်ထဲက ခေါ်ထုတ်ဖို့ ကြိုးစားခဲ့သည်။
နောက်ဆုံးတွင် ချန်ရှု့က တံခါးဖွင့်ချိန်မှာ မိန်းမတစ်ယောက်ရပ်နေသည်ကို မြင်လိုက်သည်။ ယဲ့ဆွေရဲ့ အရိပ်သည် သူ့အမှောင် အရိပ်များကို ဖယ်ရှားပေးလိုက်သည်။ သူမနောက်တွင် တောက်ပနေသော နေရောင်ခြည်များ ဖြာကျနေခဲ့သည်။ သူမက သူ့ကိုကြည့်ပြီး ပြုံးပြခဲ့သည်။
ချန်ရှု့က အိပ်မက်မှနိုးလာပြီး သူ့မျက်စိကိုဖွင့်လိုက်သည်။ ကောင်းကင်သည် တောက်ပနေပြီး အလင်းရောင်သည် ပြတင်းပေါက်များမှ ကြမ်းပြင်ပေါ်ကို ပြန့်ကျဲနေသည်။
ချန်ရှု့က သူ့ခေါင်းကိုငုံ့ပြီး သူ့လက်ကိုကြည့်လိုက်သည်။ သူက ယဲ့ဆွေလက်ကို ကိုင်ထားခဲ့ပြီး သူ့လက်ချောင်းတွေက သူမရဲ့နူးညံ့တဲ့ အသားအရေကို ထိနေခဲ့သည်။ သူကနောက်ဆုံးတော့ မနေ့က မှတ်ဉာဏ်အချို့အပိုင်းအစများကို သတိရလာခဲ့သည်။
ယဲ့ဆွေက သူ့နာမည်ကိုခေါ်ပြီး လက်ကိုင်ကာ အိပ်ရာပေါ်တွင် တစ်ညလုံးအိပ်ခဲ့သည်။ ထို့ကြောင့် သူတို့သည်လက်များကို အတူတကွကိုင်လျက် အိပ်ပျော်နေကြသည်။
ချန်ရှု့က ယဲ့ဆွေကို မှင်နဲ့တူတဲ့ မည်းနက်နေတဲ့ မျက်လုံးနဲ့ စောင့်ကြည့်နေခဲ့သည်။ သူမက အိပ်ပျော်နေဆဲဖြစ်သည်။ သူ့ရှုထောင့်မှကြည့်လျှင် ယဲ့ဆွေရဲ့ မျက်တောင်နဲ့လွှမ်းနေတဲ့ မျက်ခွံတွေက အနည်းငယ် လှုပ်လာနေသည်။
ယဲ့ဆွေက အိပ်ပျော်နေချိန်မှာ သူမရဲ့အမူအကျင့်များက ပေါ်လာခဲ့ပြီး ရုတ်တရက် လှည့်လာကာ ချန်ရှု့ရဲ့လက်မောင်းထဲကို လှိမ့်ဝင်လာခဲ့တယ်။ နှစ်ယောက်ကြားမှ အကွာအဝေးက ရုတ်တရက် ကျဉ်းသွားခဲ့သည်။
သူတို့နှစ်ဦးလုံးက မျက်နှာချင်းဆိုင်ရှိခဲ့ကြပြီး သူတို့ နှာခေါင်းထိပ်များက တစ်ဦးနှင့်တစ်ဦး ထိမိလုနီးပါးဖြစ်နေသည်။ ယဲ့ဆွေရဲ့ ဆံပင်က ချန်ရှု့ရဲ့ မျက်နှာကို အလောတကြီးပွတ်တိုက်လာသည်။
ယဲ့ဆွေရဲ့မျက်နှာက သူ့လက်နဲ့ အရမ်းနီးကပ်နေပြီ။
ချန်ရှု့ ရဲ့ခန္ဓာကိုယ်က တောင့်သွားခဲ့ပြီး သူ့အသက်ရှုနှုန်းက လေးလံလာကာ သူ့နှလုံးက ရုတ်တရက် ကြမ်းတမ်းစွာ ခုန်လာခဲ့သည်။