အပိုင်း ၅၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး  

 

အပိုင်း ၅၇ - အသံ အမူအရာ စမ်းသပ်ကြည့်ရှု့ခြင်း 

 

 

 

  

 ယဲ့ဆွေကို ချန်ရှု့က ရင်ခွင်၌ပွေ့ဖက်ထားခဲ့သည်။  သို့သော်ငြားလည်း သူမနိုးမလာခဲ့ပေ  ဘာဖြစ်လို့လဲဆိုတော မိုးသောက်ချိန်မှာ နေက အနည်းငယ်စူးပြီး အဲ့တာကို သူမကို မျက်မှောင်ကြုတ်အောင လုပ်နေတာကြောင့် သူမက သူ့ရဲ့လက်တွေထဲ ဆက်တိုးဝင်သွားခဲ့သည်။  

  

 

 နေရောင်ကိုရှောင်ရှားရန ကြိုးစားနေသော ယဲ့ဆွေက သူမဘာလုပ်ခဲ့သလဲဆိုတာကို မသိခဲ့ပေ သူမက ချန်ရှု ရဲ့ခန္ဓာကိုယ်ကိုပွတ်တိုက်နေတုန်း ချန်ရှု့ရဲ့အဝတ်တွေက သူမကိုပိတ်ဆို့ထားတယ်လို ထင်ခဲ့သည်။ 

 

 

 ချန်ရှု့ရဲ့ခန္ဓာကိုယ်က အပြည့်အဝ ဆွဲထားတဲ့လေးလိုမျိုး လုံးဝတောင့်တင်းနေခဲ့သည်။ ယဲ့ဆွေကို အဝေးကိုတွန်းပို့ဖို့တောင သူ့မှာသတ္တိမရှိခဲ့ပေ 

 

  

 နောက်ဆုံး ယဲ့ဆွေ သူမရဲ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခ သူမက ချန်ရှု ရဲ့လက်မောင်းထဲကို လှိမ့်ဝင်သွားခဲ့မိတာကို တွေ့လိုက်ရသည်။ အလန့်တကြားဖြစ်သွားခဲ့ပြီး သူမအိပ်ရာပေါ်မှ ချက်ချင်းထလိုက်သည်။ 

 

 

 ယဲ့ဆွေ အလောတကြီး လုပ်မိသွားကာ သူမရဲ့ခြေထောက်တွေဟာ စောင်ထဲမှာရှိနေခဲ့သည်။ သူမရဲ အင်အားကို မထိန်းချုပ်နိုင်သည့်အတွက ချန်ရှု အပေါ်ကို ပြုတ်ကျသွားခဲ့သည်။  ကံကောင်းထောက်မစွာနဲ သူမအချိန်မီ သူ့ခန္ဓာကိုယ်ပေါ်ကိုကိုင်ထားတော အောက်ကိုပြုတ်ကျမသွားခဲ့ဘူး  

 

  

 ယဲ့ဆွေ အိပ်ရာမှာထိုင်လိုက်ပြီး ချန်ရှု့ကို ရှက်ရွံ့စွာတောင်းပန်ခဲ့သည်။  “ တောင်းပန်ပါတယ်။  ကျွန်မ ကောင်းကောင်းမွန်မွန မအိပ်ခဲ့ဘူး " 

 

 

 သူအခုမှထလာလာကြောင့် ချန်ရှု့ရဲ့အသံက ပုံမှန်အသံနဲ နှိုင်းယှဥ်ရင အခုအသံက အနည်းငယ အက်နေခဲ့သည်။   "ဒါက ဘာမှမဟုတ်ပါဘူး "လို သူ မပြောခင်မှာ အချိန်အကြာကြီးယူလိုက်ရသည်။ 

 

 

 ယဲ့ဆွေ နိုးလာကတည်းက သူမရဲ့အသားအရေဟာ အနည်းငယ်နီပြီး တောက်ပနေသည်။  ထို့အပြင ယခုပင်ဖြစ်ပျက်တဲ့တဲ့အရာကြောင့် သူမဆံပင်နဲ အဝတ်တွေက အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။ 

 

  

 ချန်ရှု့ခေါင်းကိုစောင်းလိုက်ပြီး ယဲ့ဆွေကိုကြည့်လိုက်သည်။  နောက်တစ်စက္ကန့်တွင သူက သူ့မျက်လုံးများကို ဖယ်ရှားရန ကိုယ့်ကိုယ်ကို ဖိအားပေးခဲ့သည်။ 

 

 

 "ရှင်ချွေးထွက်နေတာလား?"  ယဲ့ဆွေက ပြတင်းပေါက်အပြင်ဘက်က ရာသီဥတုကို တစ်ချက်ကြည့်လိုက်သည်။ ဆောင်းဦးရာသီက တစ်ဝက်ကျော်သွားပြီ ဖြစ်သောကြောင့် အပူချိန်မှာ အဲ့လောက်မမြင့်ပေ 'အဲ့တာဆို ချန်ရှု့က ဘာလို့ချွေးထွက်နေရတာလဲ?'  

 

  

 ချန်ရှု့က မေးခွန်းကိုမဖြေဘဲ စောင်ကို တိတ်တဆိတ်နဲ သူ့ဘေးသို ဖယ်လိုက်သည်။ 

 

  

 သူက တံတွေးကို အလျင်စလိုမျိုချလိုက်ပြီး ညင်ညင်သာသာ ခေါင်းဆိုးလိုက်သည်။  “ မင်းအရင်သွားလိုက်။.ကိုယ့်ကို အနှောင့်အယှက်မပေးပါနဲ  

 

  

 ယဲ့ဆွေက ချန်ရှု့ကို စက္ကန့်အနည်းငယ်ကြာကြည့်ပြီး သံသယဝင်ခဲ့ပေမယ့် အများကြီးမမေးခဲ့ဘူး  အိပ်ရာမှထပြီးနောက သူမလှည့်ပြီးထွက်သွားလိုက်သည်။ 

 

  

 ချန်ရှု့က ယဲ့ဆွေရဲ နောက်ကျောကို ကြည့်လိုက်သည်။သူ့မျက်လုံးတွေက သူမရဲ့ပုံရိပ်ကို မခွဲနိုင်မခွာရက်ဖြစ်နေကာ သူက တံခါးကိုပိတ်လိုက်သည်အထိ အနားမယူခဲ့ပေ 

 

 

 နေရောင်က အလွန်တောက်ပနေသောကြောင့် ချန်ရှု့က ပြင်းထန်သောနေရောင်ခြည်ကို သူ့ရဲ့လက်ဖြင့် ပိတ်ဆို့လိုက်သည်။  တစ်စက္ကန့်အကြာတွင သူကရုတ်တရက နှုတ်ကိုဖွင့်ဟပြီး ကိုယ့်ကိုယ်ကို ဆူခဲ့သည်။  

 

 

 “ချန်ရှု မင်းကသားရဲတိရစ္ဆာန်လား!? ” 

 

  

 သားရဲတိရစ္ဆာန်လို့ပြောတဲ ချန်ရှု့ကတော အိပ်ရာကထပြီး ရေချိုးခန်းကိုသွားခဲ့ရသည်။  သူပြန်ထွက်မလာခင်ထိ နာရီဝက်ကျော်နေခဲ့သည်။ 

 

  

 ချန်ရှု ထွက်လာသောအခ သူကရှုပ်ထွေးသော စောင်တစ်ထည်ကိုတွေ့ပြီး သူ့နှလုံးသားကို ကိုယ့်ကိုယ်ကိုကျိန်ဆဲလိုက်သည်။  သူကနောက်ထပ ရေချိုးခန်းထဲပြန်ဝင်သွားပြီးနောက ရေအေးနဲ့ထပ်မံချိုးခဲ့ပြန်သည်။ 

 

 

 ယဲ့ဆွေက ဒီနေ့မနက်မှာ အစီအစဉ်မရှိဘူး သူမက သူတို့နှစ်ယောက်စလုံးအတွက မနက်စာကိုလုပ်ခဲ့သည်။  ထို့နောက သူမက ချန်ရှု့ရဲ့အခန်းကို အချိန်ကြာမြင့်စွာကြည့်ပြီး အနည်းငယ ထူးဆန်းနေတယ်လို ခံစားမိနေသည်။ 

 

 

 ယဲ့ဆွေက စားသောက်ရန ထိုင်ဖို့လုပ်နေတဲ့အချိန်မှာ ချန်ရှု့ရဲ အခန်းတံခါးက နောက်ဆုံးတော ပွင့်လာခဲ့သည်။  

 

 

 “ ချန်ရှု့၊ ရှင့်အတွက ကျွန်မ မနက်စာလုပ်ထားတယ်။ ရှင်စားချင်လား? ”  သူအိမ်မှာဘယ်တုန်းကမ မနက်စာမစားဘူးဆိုတာကို သိတော ယဲ့ဆွေက သူ့ကို ဖိတ်ခေါ်ခဲ့သည်။ 

 

  

 ချန်ရှု ရဲ့ခြေလှမ်းက အနည်းငယ်နှေးကွေးလေးလန်သွားသည်။  သို့သော်လည်း သူက ယဲ့ဆွေရဲ မျက်နှာချင်းဆိုင်မှာ ထိုင်ခဲ့သည်။ 

 

 

 ချန်ရှု ထိုင်ခုံမှာထိုင်လိုက်တဲ့အချိန ယဲ့ဆွေ  အနည်းငယ မျက်မှောင်ကြုတ်၍ သူ့ကိုခဏလောက်ကြည့်ပြီး မေးခဲ့သည်။  “ ရှင ရေချိုးလာတာလား?”  

 

 

 'သူဒီလိုအချိန်အကြာကြီးမထွက်လာခဲ့တာက ရေချိုးနေတာ မဟုတ်လား?'   

 

  

 'ဘယ်လိုရေချိုးနေလို ဒီလောက်တောင်ကြာနေရတာလဲ?'  

 

 

 ချန်ရှု့က သူ့ရဲ့တူကိုကိုင်ထားပြီး   "အမ်း "လို့ဖြေလိုက်သည်း 

 

 

 ယဲ့ဆွေ ခေါင်းခါလိုက်သည်။  “ မနက်စာစားပြီးရင အဲ့တာကိုထပ်လုပ်။ ဘာမှမရှိတဲ ဗိုက်ပေါ်ကို ရေချိုးချတာက ရှင့်ရဲ့ကျန်းမာရေးအတွက မကောင်းဘူး  ပြီးတော ရေနွေးနွေးလေးနဲ ရေချိုးဖို့မှတ်ထားလိုက်။  နံနက်စာမစားရင သွေးတွင်းသကြားဓာတ်က လျော့နည်းပြီး လူတစ်ယောက်ကို အလွယ်တကူ ပင်ပန်းသွားစေတယ 

 

 

ယခုပင ရေအေးအေးနဲ နှစ်ခါချိုးခဲ့သော ချန်ရှု့က အနည်းငယ်အပြစ်ရှိသလို ခံစားခဲ့ရသည်။  သူကနံနက်စာစားတာကို ဖြည်းဖြည်းချင်းစား လိုက်ပြီး ယဲ့ဆွေကို မော့မကြည့်ရဲတော့ပေ   

 

 

 ယဲ့ဆွေ အများကြီးမစဉ်းစားခဲ့ဘူး သူမက ပြီးခဲ့သည့်ညရဲ ကိစ္စရပ်ကိုမဖော်ပြဖို ဆုံးဖြတ်ခဲ့သည်။ နောက်ပြီး အဲ့တာက သူ့ပုဂ္ဂိုလ်ရေးကိစ္စ ဖြစ်ခဲ့သည်။ 

 

 

———- 

 

 တရုတ်ရုပ်ရှင်လုပ်ငန်း အကျော်ကြားဆုံးရုပ်ရှင ကြယ်ပွင့် နင်းလင ကွယ်လွန်ခြင်း နှစ်မြောက်နှစ်ပတ်လည်တွင ရုပ်ရှင်ပွဲတော်မှာ သူမရဲ့ရုပ်ရှင်အထူးရှိုးရှိခဲ့သည်။  ထို့အပြင မီဒီယာအားလုံးက ဒါရိုက်တာ ရှီကျောက်ရဲ ရုပ်ဆင်းသဏ္ဌာန်ကို မြင်တွေ့ဖို စိတ်လှုပ်ရှားခဲ့ကြသည်။ 

 

  

ရှီကျောက်က ကျော်ကြားသော အပြည်ပြည်ဆိုင်ရာ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး နင်းလင်မှာ သူ့ရဲ့ထင်ရှားကျော်ကြားတဲ မင်းသမီးနှင့် ဇနီးဖြစ်သည်။  နှစ်ပေါင်းများစွာ လက်ထပ်ပေါင်းသင်းပြီးနောက သူမ ဤလောကမှထွက်ခွာချိန်မှစ ရှီကျောက်က ရုပ်ရှင်နယ်ပယ်မှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ 

 

  

တစ်နည်းဆိုရသော ဒါရိုက်တာ ရှီကျောက်က  နှစ်ကြာ ရုပ်ရှင်မရိုက်ခဲ့ပေ 

 

  

ဒီရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ရှီကျောက်က သူ့ရဲ့နောက်ဆုံးရုပ်ရှင်အစီအစဉ်ဖြစ်တဲ နင်းလင်ရဲ့အတ္ထုပ္ပတ္တိကို မမျှော်လင့်ဘဲ ထုတ်ဖော်ပြသခဲ့သည်။ 

 

  

သတင်းတွေ ထွက်လာသောအခ A-အဆင့် နာမည်ကြီးအမျိုးမျိုးနဲ လူကြိုက်များမှုမရှိတဲ နာမည်ကြီးတွေက လှုပ်ရှားမှုထဲသို လှုံ့ဆော်ခံခဲ့ရသည်။  အကယ်၍ သူတို့က ရှီကျောက ရိုက်ကူးထားသော ရုပ်ရှင်ကားတွင သရုပ်ဆောင်နိုင်ပါက အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင ပါ၀င်ပြီးဖျော်ဖြေရေးကမ္ဘာတွင် အမှတ်အသားတစ်ခု ချန်ထားနိုင်သည်။ 

 

 

အကယ်၍ တစ်စုံတစ်ယောက်က နင်းလင်ကို ကောင်းစွာကစားလိုပါက င်းတို့ဟာ အောက်ဖော်ပြပ လိုအပ်ချက်များနဲ တွေ့ရမည - အလွန်ကောင်းမွန်သော ကျွမ်းကျင်မှု ရင်သပ်ရှုမောဖွယ်အသွင်အပြင နဲ့သန့်စင်သောစိတ်ထား 

 

  

ဒါရိုက်တာ ရှီကျောက က သရုပ်ဆောင်များကို ကိုယ်တိုင်ကိုယ်ကျစစ်ဆေးမှု ပြုလုပ်သည်။  လူတိုင်းသိကြသည့်အတိုင်း သူ့မှာဆိုးရွားတဲ့ဒေါသရှိခဲ့သည်။  သူ့ရဲ့အရည်အချင်းနှင့် စိတ်ကြီးဝင်မှုကို မှီခိုရင်း သူ အသိအမှတ်ပြုတာခံရပြီး ရင်းနှီးမြှုပ်နှံသူများကို လုံးဝလက်မခံခဲ့သည့် သရုပ်ဆောင်များကိုသာ သူရွေးချယ်ခဲ့သည်။ 

 

  

ထိုအချိန်တွင သရုပ်ဆောင်များက ရှီကျောက်ရဲ နှစ်သက်မှုကိုရရန ရည်ရွယ်ခဲ့ကြသည်။ 

 

 

ရှီကျောက်က ရုပ်ရှင်နယ်ပယ်မ မပျောက်ကွယ်မီ ဖိန်နင်အနေနဲ တစ်ချိန်ကသူ့ရုပ်ရှင်တစ်ခုတွင အပိုဇာတ်ကောင အဖြစ်သရုပ်ဆောင်ခဲ့သည်။ 

 

  

ဖိန်နင်က ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ အခြားအမျိုးသမီးကြယ်ပွင့်များနှင့် နှိုင်းယှဉ်လို့ရတယ်လို ခံစားမိခဲ့သည်။ သူမနှင့် ရှီကျောက်တို့ကို မိတ်ဆွေအဖြစ သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူမအနေဖြင့် အခြားသူများထက်ပို ဇာတ်ကောင်ကို ရဖို  အခွင့်အလမ်းပိုနိုင်သည်။ 

 

 

ဒါရိုက်တာ ရှီကျောက်အား သူမရဲ့ကိုယ်စားလှယ်မှတစ်ဆင့် ဖုန်းခေါ်ဆိုပြီးနောက သူမက "မင်္ဂလာပါ၊ ဒါရိုက်တာ ရှီ"လို ပြောလိုက်သည်။ 

 

 

 လွန်ခဲ့သောရက်အနည်းငယ်က ရှီကျောက်ရဲ့ဖုန်းက အမြဲတမ်းဖုန်းမြည်နေခဲ့သည်။  နားလည်နိုင်သည်မှာ သူ့ရဲ့အသံက အေးစက်နေသည်။  "ဘယ်သူလဲ? " 

 

  

ဖိန်နင -“ ဒါရိုက်တာ ရှီ ကျွန်မက ဖိန်နင်ပါ။  ရှင့်ရဲ့ရုပ်ရှင်တွေမှာ ဧည့်သည်အသွင်အပြင်ကို ကျွန်မလုပ်ခဲ့တယ်လေ   

 

 

ဖုန်းကိုမချခင ဖိန်နင်ရဲ့စကားက ပြီးတောင်မပြီးသေးပေ  သူမရဲ့ပထမဆုံးဝါကျကို ရှီကျောက အမုန်းဆုံးနေရာထဲသို ထိုးထည့်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ  သူက သူတို့ရဲ့ဆက်ဆံရေးအပေါ် ဖုန်းခေါ်ပြီးအခွင့်အရေးပေးဖို တောင်းဆိုတဲ အခြားသူတွေကိုမကြိုက်ဘူး အဲ့ကြောင်းရဲ့ထိပ်ဆုံးမှာ ဒီဆက်ဆံရေးက ဘာမှမဟုတ်ဘူး 

 

  

ဖိန်နင ဖုန်းပြန်ခေါ်တဲ့အခ ရှီကျောက်က သူမရဲ့ဖုန်းကို ဆက်မပြောတော့ဘူး 

 

 

မကြာခင်မှာပဲ ပျံသန်းနေတဲ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တယ်။ နာမည်ကြီးမင်းသမီး ဖိန်နင်က ​​နင်းလင်နေရာကို သရုပ်ဆောင်ဖို စေတနာ့ဝန်ထမ်းလုပ်ခဲ့ပေမယ့် ဒါရိုက်တာက ငြင်းပယ်ခဲ့သည်။ 

 

  

ချန်းယင်ကလည်း ဒါရိုက်တာရှီကျောက်ရဲ အတ္ထုပ္ပတ္တိကိုသိထားသည်။  သူမက ယခုမှာ လူသိများသော မင်းသမီးဖြစ်သော်လည်း ရုပ်ရှင်က ထိပ်တန်းအဆင့်သို ရောက်နေဆဲဖြစ်သည်။ 

 

  

အကယ်၍ သူမကကမ္ဘာမှာကျော်ကြားတဲ့မင်းသမီး ဖြစ်လိုလျှင်၊ သူမပါဝင်ရန သင့်တော်သော ရုပ်ရှင်ကိုလက်ခံရရှိရမည်။  သိသာထင်ရှားတဲ အခွင့်အလမ်းဟာ သူမအတွက ကြီးမားတဲ့အခွင့်အလမ်းတစ်ခုပဲ 

 

 

ဖိန်နင်က ဒီဇာတ်ကောင်ကို ဖုန်းခေါ်ပြီးတောင်းဆိုသည်ကို ချန်းယင ကြားခဲ့ပေမယ့် ရှီကျောက်က ငြင်းခဲ့သည်။ဖိန်နင်က စိတ်ရင်းမှန်နဲ့မတန်ဘူးဆိုတာ သူမ သိသည်။အကယ်၍ သူမကသူ့ဇနီး နင်းလင်ရဲ ရုပ်ရှင်အားလုံး ကန့်သတ်ထုတ်ဝေထားသည့် ကြည်လင်ပြတ်သားတဲ အခွေတွေနဲ သူနဲ့တွေ့ဆုံဖို့လုပ်ခဲ့ရင်ကော? 

 

 

အဲဒါက စိတ်ရင်းမှန်ဖြစ်ရဲ့လား? 

 

 

ချန်းယင်က မီဒီယာများနှင့်လည်း ဆက်သွယ်၍ ရှီကျောက ရဲ အိမ်သို့သွားသောအခ ဓာတ်ပုံရိုက်ဖို သူတို့ကိုတောင်းဆိုခဲ့သည်။ အကယ်၍ သူကဒီရုပ်ရှင်မှာသူမကို သရုပ်ဆောင်ခွင့်ပြုမယ်ဆိုရင သတင်းက အင်တာနက်ပေါ်မှာ ပထမဆုံးပျံ့နှံ့သွားလိမ့်မည်။ 

 

  

ရှီကျောက်က သူမအား ဇာတ်ကောင်နေရာကိုပေးဖို သဘောမတူခဲ့လျှင်ပင မီဒီယာများရှိနေခြင်းက သူ့ကိုဖိအားပေးလိမ့်မည်။ သူမက အကယ်၍ ထိုသို့ဖြစ်ခဲ့လျှင် ဒီဇာတ်ကောင်ကို ခက်ခက်ခဲခဲရရှိလိမ့်မည်။ 

 

 

ချန်းယင်က ရှီကျောက်ရဲ နေအိမ်သို ရောက်ခဲ့သည်။  ဤလမ်းသည မူလကအလွန်စည်ကားခဲ့သော်လည်း ယခုတွင်မူ နေထိုင်သူအနည်းငယ်နဲ့သာ လူသူကင်းမဲ့နေသည်။ 

 

  

ဒါရိုက်တာ ရှီကျောက်ရဲ အိမ်က အလယ်တွင်တည်ရှိကာ ချောက်ချားဖွယ်ကောင်းပုံပေါ်နေပြီး တိတ်ဆိတ်နေသည်။ 

 

 

ဤအချိန်တွင ရုတ်တရက်လေပြင်းက တိုက်လာသဖြင့် သစ်ပင်ပေါ်ရှိ အရွက်များက ကြွေကျသွားသည်။  သူတို့ဟာ ညှိုးနွမ်းခြောက်သွေ့ပြီး အဝါရောင်ဖြစ်နေကာ ဆောင်းဦးနှောင်းပိုင်း ရောက်ပြီဆိုတာကို ပြသနေသည်။  

 

 

ချန်းယင်က ဒီနေရာအကြောင်းပါတဲ ကောလာဟလများကို ပြန်လည်မပြောပြနိုင်ပေ  ဒါက ရှီကျောက်ရဲ့အိမ်ကို သရဲခြောက်တယ်လို ပြောခဲ့တာလား? 

 

 

ညဉ့်နက်သောအချိန်၌ ထူးဆန်းသောစန္ဒရားသံက ရုတ်တရက်မြည်လာလိမ့်မည်။  စန္ဒရားရှေ့တွင မည်သူမျှရှိလိမ့်မည်မဟုတ်သော်လည်း အဲ့တာက င်း ကိုယ်တိုင်တီးနိုင်တယ....... 

 

 

သဘာဝလွန်ဖြစ်ရပ်များ အဖြစ်အပျက်များက အစဉ်အမြဲစိတ်၀င်စားစရာ  ကောင်းခဲ့သည်။  ဒီလိုမျိုးဖြစ်ပျက်ခဲ့ရင ကောလဟာလတွေဟာ မီးလိုပျံ့နှံ့သွားလိမ့်မည်။  ထို့ကြောင့် ရှီကျောက်က သရဲခြောက်သည့်အိမ်တွင နေထိုင်သည်ကို လူတိုင်းသိကြသည်။ 

 

 

အချိန်ကြာလာသည်နှင့်အမျှ အိမ်နီးချင်းအချို့က ထွက်ခွာသွားကြပြီး ထိုနေရာက လူသူကင်းမဲ့သထက်ကင်းမဲ့လာခဲ့သည်။ ဒါပေမယ့် ရှီကျောက်က ဘယ်တော့မှထွက်မသွားခဲ့ပေ 

 

 

ချန်းယင်က မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ သူမ ဒီနေရာကနေ ချက်ချင်း လှည့်ထွက်ပြီး ထားခဲ့ချင်သည်။ ထိပ်တန်းဇာတ်ကောင အတွက်သာ မဟုတ်ခဲ့လျှင် သူမသည ဤသရဲခြောက်သည့်အိမ်သို လူကိုယ်တိုင ရောက်လာလိမ့်မည်မဟုတ်ပေ 

 

  

ဒါပေမယ့် သူမသူ့ကို စည်းရုံးသိမ်းသွင်းနိုင်နေသမျှကာလပတ်လုံး အရာအားလုံးက တန်ဖိုးရှိခဲ့သည်။ 

 

  

ချန်းယင်က နောက်မ စာနယ်ဇင်းသမားများကို တစ်ချက်ကြည့်လိုက်သည်။ တံခါးဆီသို လျှောက်သွားလိုက်ကာ တံခါးပေါက်ရှိ လူခေါ်ခေါင်းလောင်းကို တီးလိုက်ပြီး ခဏကြာတော တံခါးကပွင့်လာသည်။ 

 

 

ဒါရိုက်တာ ကျောက်က ချန်းယင်ကိုအေးစက်စွာ ကြည့်ရှုခဲ့သည်။  "မင်းဘာလိုချင်လို့လဲ?" 

 

  

ချန်းယင်က ဒီလူသိများသည့် ဒါရိုက်တာက ဘာသိဘာသာ နေတတ်သူဖြစ်ကြောင်း သိထားသည်။  သူမကပြုံးပြီး ကြာရှည်စွာပြင်ဆင်ထားသော အခွေ လွှဲပြောင်းပေးခဲ့သည်။  "ဆရာ့ဇနီးရဲ အလုပ်တွေအားလုံးကို ကျွန်မကြည့်ထားပါတယ 

 

 

နင်းလင်အကြောင်းကို ကြားတော ရှီကျောက်ရဲ့အမူအရာက အနည်းငယ်သက်သာသွားသည်။  ဒါကိုမြင်တော ချန်းယင်က မင်းစိတ်ထဲမှာ အကြိုက်ဆုံးသူရဲကောင်းတစ်ယောက ရှိပြီးသားလား မရှိဘူးလားဆိုတာ ကျွန်မမသိဘူး 

 

  

ရှီကျောက်က ချန်းယင ကိုကြည့်လိုက်သည်။  "မင်းက မသင့်တော်ဘူးချန်းယင်ရဲ မျက်နှာကို ရိုက်သလိုမျိုး 'ဘန်း' ဆိုတဲ့အသံကြီးဖြင့် တံခါးကိုရက်စက်စွာ ပိတ်လိုက်သည်။ 

 

 

သတင်းထောက်က ကြက်သေသေသွားခဲ့ကြသည်။  သူတို့ရဲ့ကင်မရာများမှာ အဆင်သင့်ဖြစ်သော်လည်း ရှီကျောက်က ချန်းယင်ရဲ မျက်နှာကို လုံးဝလျစ်လျူရှုလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ 

 

  

ချန်းယင်ရဲ့မျက်နှာပေါ်က အပြုံးက ရုတ်တရက်အေးခဲသွားသည်။  သူမ ရှက်သွားခဲ့သည်။ သူမက လူတစ်ယောက်အတွက်လာခဲ့ပြီး သူ့ဇနီး အလုပ်တွေရဲ အခွေတွေပြင်ဆင်ခဲ့ပေမယ့် သူကဂရုတောင်မစိုက်ခဲ့ဘူး 

 

  

ရှီကျောက်က သူမယူဆောင်လာသည့်အရာကို အမှန်တကယ စိတ်မကျေနပ်မှု မရှိတာလား? 

 

 

ဟုတ်ပါတယ ချန်းယင်က ဒီလိုမျိုးတော အရှုံးမပေးဘူး  ဤအချိန်၌ သူမက အခွေကို မထုတ်ပြသေးဘူး  အဲဒီအစား သူမက လူခေါ်ခေါင်းလောင်းကို ဆက်တီးဖို ရှေ့သို့တိုးလိုက်ပြီး သူမကိုယ်တိုင်တင်ပြရန အဆင်သင့်ဖြစ်ခဲ့သည်။ 

 

 

မင်္ဂလာပါ၊ ကျွန်မက ချန်းယင........” 

 

  

သူမ စကားပြောတာ မပြီးခင်၊ ဒါရိုက်တာ ကျောက်က နောက်ထပ်ဝါကျကို ထားခဲ့ပြီးသူမကိုကြည့်ဖို အရမ်းပျင်းရိနေသည်။ " မင်းကိုမသင့်တော်ဘူးလို ငါပြောပြီးပြီ နောက်ထပ ငါ့ကိုမနှောင့်ယှက်နဲ " 

 

 

နောက်တကြိမ 'ဘန်း' ဆိုတဲ့အသံနဲ ချန်းယင်အား ငြင်းပယ်ခဲ့သည်။ 

 

  

ချန်းယင်က ဒေါသနဲ အံကြိတ်လိုက်သည်။ ဒါပေမယ့် ကျိုးပဲ့သွားအောင်လုပ်ဖို့အတွက သူမအဆင်သင့်ဖြစ်ခဲ့သည်။  သူမက ရှီကျောက်ကိုသုံးကြိမ်တိုင ရှာဖွေခဲ့သည်။  ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲမှာ ဘယ်သူက ဒီလိုလုပ်နိုင်မှာလဲ? 

 

 

ဤတစ်ကြိမ်တွင ဒါရိုက်တာ ရှီက သူမကိုလျစ်လျူရှုကာ တံခါးကိုတောင မဖွင့်ခဲ့ပေ အခြားတစ်ဖက်မ ချန်းယင်ရဲ့မျက်နှာက လုံးဝဆောင့်အောင့်နေပြီး တံခါးထပ်ခေါက်ဖို့ကို ကြောက်ခဲ့သည်။ 

 

  

ပရိသတ်တွေအားလုံး ချန်းယင်ရဲ ငြင်းပယ်ခံရမှုကိုသိပြီး ရှီကျောက်က အလွန်အစွမ်းထက်တဲ မင်းသမီးလေးကိုတောင်မ စိတ်ကျေနပ်မှုမရှိဘူးလို သူတို့ပြောခဲ့သည်။ 

 

  

ဖိန်နင်နဲ ချန်းယင်တို့က လူကြိုက်အများဆုံး ပထမဆင့်ကြယ်ပွင့်များဖြစ်ပြီး သူတို့နှစ်ယောက်လုံးကို ဒါရိုက်တာက ပယ်ချခဲ့သည်။ 

 

  

ဒါရိုက်တာ ရှီကျောက်ရဲ အသံ အမူအရာ စမ်းသပ်ကြည့်ရှု့ခြင်းကို အခုထိ မစတင်ရသေးပေမယ့် ဖျော်ဖြေရေးစက်ဝိုင်းထဲက မင်းသမီးတိုင်းကို သူ စိတ်မကျေနပ်သလို ဖြစ်နေသည်။ သူကအမြဲတမ်း မာနထောင်လွှားသည်ဟု အုံကြွမှုက ရှိပြီးသားဖြစ်သည်။ 

 

  

နောက်ဆုံးတွင ရှီကျောက်က နင်းလင ကို တကယ်နားလည်သူတွေကပဲ သူမကိုကောင်းစွာ ပုံဖော်နိုင်တယလို စကားလုံးအချို့ကို ပေးလိုက်သည်။ 

 

 

ဒါအမှန်ပဲ  နင်းလင်က ဒဏ္ဍာရီရုပ်ရှင်ကြယ်ပွင့်တစ်ဦးနဲ ရှိီကျောက်ရဲ့ဇနီးအနေဖြင့် သူမကသူမရဲ့ဘဝတစ်လျှောက်လုံးတွင ပြည်တွင်းနှင့်နိုင်ငံတကာဆုများစွာကို ရရှိခဲ့သည်။ သူမမှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ရှိခဲ့သည်။ 

 

 

ဒါပေမယ့် တကယ့် နင်းလင်က ကွယ်လွန်သွားခဲ့ပြီ  ဒါကြောင့်သူတို့က သူမကို လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ နားလည်ချင်ရင်တောင သူမရုပ်ရှင်အကြောင်းနဲ သတင်းတွေကနေတစ်ဆင့်သာ မှန်းဆလို့ရနိုင်တော့သည်။ 

 

  

ဒါပေမယ့် င်းသည ရှီကျောက်ရဲ "နင်းလင်ကို အမှန်တကယ်နားလည်နိုင်မှု" ဆိုတာနဲ လုံးဝကိုက်ညီမှုမရှိပေ 

 

  

ဒီဇာတ်ကောင်ကိုယူဖို ဘယ်လိုလူမျိုးကို သူ စဉ်းစားထားတာလဲ? 

 

 

ဖျော်ဖြေရေးအသိုင်းအဝိုင်းမ အမျိုးသမီးစတားအားလုံးက ထိုအခွင့်အလမ်းကိုအသုံးချလိုသော်လည်း ယဲ့ဆွေက နင်းလင်ရဲ ဇာတ်ကောင်ကို အနိုင်ရဖို့ကိုတောင မစဉ်းစားခဲ့ပေ 

 

 

ဒါရိုက်တာရဲ စိတ်နေသဘောထားက မာနကြီးပြီး ရုပ်ရှင်အားလုံးက ဒေါသတွေပါသည်။ အဲ့တာက သေချာပေါက်ကို ယဲ့ဆွေ အတွက်တော မဟုတ်ဘူး 

 

  

ယဲ့ဆွေအလုပ်မ အိမ်သို့ပြန်လာပြီး ချန်ရှု့က သူမကိုဆိုဖာပေါ်တွင စောင့်နေသည်ကို တွေ့လိုက်ရသည်။  သူမက သူမရဲ့ရှိုးမ ငွေအမြောက်အများကို ရရှိခဲ့သဖြင့် သူမက "ချန်ရှု့၊ ဒီည ရှင့်ကို ညစာစားပွဲအကြီးကြီးနဲ ပြုစုမယ " လို့ပြောလိုက်သည်။ 

 

 

ချန်ရှု့က ခေါင်းကိုခါရင်း သူအနားက ဆိုဖာကိုပုတ်လိုက်သည်။   "ဒီနေ့ကိုယ်စားမှာမဟုတ်ဘူး ကိုယ်မင်းကို တစ်ခုခုပြောစရာရှိတယ်။" 

 

 

ယဲ့ဆွေဟာ ရှုပ်ထွေးမှုအချို့နဲ ထိုင်ချလိုက်သည်။ ချန်ရှု့က အေးဆေးတည်ငြိမ်စွာနဲ့ကြည့်ပြီး ယဲ့ဆွေဆီ သတင်းစာများစွာကို တွန်းပို့လိုက်သည်။ 

 

 

[အိမ်နီးချင်းတွေ အဆိုအရ ဒါရိုက်တာ ရှီကျောက်ရဲ့အိမ်က ညသန်းခေါင်ယံမှာ ထူးဆန်းတဲ့ဆူညံသံတွေ ပြုလုပ်လေ့ရှိတယ်လို့သိရှိရပါတယ] 

 

 

 [အနောက်ပိုင်းခရိုင်မှာရှိတဲ သရဲခြောက်သည့် ဗီလာဆိုတဲ ကောလဟာလတွေ ပိုဆိုးလာတာနှင့်အမျှ မိသားစုတွေကလည်း အဝေးကိုရွှေ့ပြောင်းသွားကြသည်။ ] 

 

 

 ယဲ့ဆွေက သတင်းတွေက လွန်ခဲ့တဲ သုံးနှစ်က ဆိုတာသတိထားမိခဲ့သည်။  လောလောဆယ ဒါရိုက်တာ ရှီကျောက်တစ်ယောက်တည်းသာ အနောက်ပိုင်းခရိုင်တွင နေထိုင်နေသည်။ 

 

  

သဲလွန်စတွေဟာ တဖြည်းဖြည်းရှင်းလာပြီး အမှန်တရားကို ညွှန်ပြပုံရသည်။  ယဲ့ဆွေက ချန်ရှု့နဲ တွေ့ဆုံဖို သူမရဲ့မျက်လုံးကို ပင့်လိုက်သည်။ 

 

 

ချန်ရှု - "ကိုယ်မနက်ဖြန ရှီကျောက်ရဲ့အိမ်ကို မင်းနဲ့အတူလိုက်ခဲ့ပေးမယ်။ သူ့ကို သဘောကျစေနိုင်တဲ တစ်ယောက်တည်းသော မင်းသမီးက မင်းပဲဖြစ်လိမ့်မယ 

 

 *** 

 

အပိုင်း အဆုံး 

 

 

စာရေးသူမှာ ပြောစရာရှိပါတယ်။ 

 

 

 ယဲ့ဆွေ - ချန်ရှု ရှင်ဘာကြောင့် မနက်မှာ ရေချိုးတာလဲ? 

 

 

 ချန်ရှု - ပူလို 

 

 

ယဲ့ဆွေ - အပြင်ဘက်က ဆောင်းဦးရာသီရဲ့လေအေးကို ကြည့်မိလိုက်သည........