အပိုင်း ၅၈
Viewers 8k

 

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး  

 

အပိုင်း ၅၈ - မင်းသမီးသရဲ   

 

  

 

အနောက်ပိုင်းခရိုင်က ဗီလာမှာ နှစ်ပေါင်းများစွာထဲက သေဆုံးသွားတဲ့သူက သရဲခြောက်နေတဲ့ဆိုတာ ရှီကျောက်ရဲ ဇနီးဆိုတာကို ယဲ့ဆွေနဲ ချန်ရှု့တို့နှစ်ယောက်စလုံး ခန့်မှန်းခဲ့ကြသည်။ 

  

 

 ရှီကျောက်၏ဇနီး နင်းလင်က သူမသေဆုံးပြီးသည့်နောက်တွင ဗီလာကိုဘယ်တော့မ မစွန့်ခွာခဲ့ဘဲ သူမနှင့် သူမခင်ပွန်းတို့ရဲ အမှတ်တရများကို မျှဝေခဲ့သောအိမ်တွင်သာ ရှိနေခဲ့သည်။ 

 

 

 ယခုမှာပြိုင်ဘက မင်းသမီးတွေထဲက ဘယ်သူမ  ယဲ့ဆွေလို စွမ်းရည်မရှိဘူးဆိုတာ သေချာသည်။ ယဲ့ဆွေက သရဲတွေကို မြင်နိုင်တာကြောင့် နင်းလင်သရဲကိုလည်းတွေ့လိမ့်မည်။ 

 

 

 ချန်ရှု ဒီအကြောင်းကို ပြောတာက နင်းလင မသေဆုံးခင်က ယဲ့ဆွေက နင်းလင်ရဲ့ရုပ်ရှင်တွေကို ရှာဖွေပြီး ထပ်ခါထပ်ခါကြည့်နေတာကို မြင်တွေ့ဖူးခဲ့တာကြောင့်ဖြစ်သည်။ 

 

 

 နင်းလင်က ရှားပါးတဲ မင်းသမီးကောင်းတစ်ယောက်ဖြစ်သည်။  သူမကွယ်လွန်သွားခဲ့ပေမယ့် သူမရဲ့သရုပ်ဆောင်မှုက အောင်မြင်မှုများစွာရရှိခဲ့ပြီး လက်ရှိမင်းသမီးတစ်ယောက်မ သူမကိုကျော်လွှားနိုင်မှာမဟုတ်ဘူး 

 

 

 "အခုသွားရအောင "ယဲ့ဆွေက သတင်းစာကို ဖယ်လိုက်ပြီး Mask နဲ နေကာမျက်မှန်ကိုဝတ်လိုက်သည်။ 

 

 

 သူတို့က အလျင်အမြန ထွက်လာခဲ့ကြသည်။ ချန်ရှု့က မြို့၏အခြားတစ်ဖက်ခြမ်းရှိ ရှီကျောက်ရဲ အိမ်တစ်လျှောက်ကို ကားမောင်းသွားခဲ့သည်။ 

 

 

 ထိုနေရာကို သူတို့ရောက်ရှိလာချိန်တွင သတင်းထောက်များက ဗီလာကိုဝိုင်းရံနေဆဲဖြစ်သည်။ အခြားရွေးချယ်စရာမရှိသောကြောင့် ချန်ရှု့က လျှို့ဝှက်တဲ ထောင့်ကိုရှာဖွေပြီး ကားကိုရပ်ခဲ့သည်။ 

 

 

 သူတို့က ရက်အနည်းငယ်အကြာတွင်ပင ရှီကျောက်ကို မည်သည့်အမျိုးသမီး စတားများက ဆက်လက်ရှာဖွေသွားမည်ကို စောင့်မျှော်လျက သတင်းထောက်များသည ဤနေရာတွင်ဆက်လက်ရှိနေသေးမယ်လို သူတို့မမျှော်လင့်ခဲ့ကြပေ 

 

 

ရှီကျောက်ကို သတင်းထောက်တွေရဲ ရှေ့မှာပဲ ယဲ့ဆွေက တွေ့ဆုံလို့ရသည်။ 

 

 

 "ကျွန်မအရင်သွားလိုက်မယ ရှင်ကျွန်မကို ကားထဲမှာ စောင့်နေ ယဲ့ဆွေက ကားထဲမှထွက်လာသည်။ ချန်ရှု့ကို မီဒီယာတွေက ဓာတ်ပုံမရိုက်နိုင်အောင်လို သူကသူမနဲ မလိုက်ပါနိုင်ခဲ့ပေ 

 

 

 ယဲ့ဆွေ ချဉ်းကပ်လာသည်ကို မြင်ချိန်မှာ စိတ်ဓာတ်ကျနေသော သတင်းထောက်အချို့သည ချက်ချင်းသတိပြန်ဝင်လာကြသည်။ ကင်မရာအားလုံးက သူမဘက်ကို ဦးတည်ထားခဲ့ကြသည်။ 

 

 

 "ယဲ့ဆွေ မင်းဒီကိုလာတာ ဒီအတ္ထုပ္ပတ္တိရဲ အဓိကဇာတ်ကောင်ကို တောင်းဆိုဖို့လား? " 

 

 

 "မင်းဘာတွေ ပြင်ဆင်ထားလဲ? မင်းသူ့စမ်းသပ်ချက်တွေ အောင်နိုင်မယ်ဆိုတာ သေချာလား? " 

 

 

 အချို့သတင်းထောက်များသည ယဲ့ဆွေကို မသနားဘဲတိုက်ရိုက်မေးမြန်းခဲ့သည်။ 

 

 

 "ဖိန်နင်နဲ ချန်းယင်တို့ကိုတောင်မ ငြင်းပယ်ခဲ့တယ်။ မင်း မင်းရဲ စွမ်းရည်ကို ယုံကြည်မှုရှိလား? " 

 

 

 "... " 

 

 

 ယဲ့ဆွေက မေးခွန်းတစ်ခုကိုမ အဖြေမပေးခဲ့ပေ သတင်းထောက်တွေကို ကျော်ဖြတ်သွားပြီး ယဲ့ဆွေက ရှီကျောက်ရဲ တံခါးဝကိုရောက်သွားခဲ့ကာ တံခါးကိုဘဲလ်တီးခဲ့သည်။   

 

 

 စက္ကန့်အနည်းငယ်လောက်အကြာမှာ တံခါးကဖွင့်လာပြီး ရှီကျောက်က တံခါးဝမှာပေါ်လာသည်။မင်းအတွက ငါဘာလုပ်ပေးရမလဲ? ” 

 

 

 ယဲ့ဆွေက ချက်ချင်းပဲ ပြောခဲ့သည်။ကျွန်မနာမည ယဲ့ဆွေပ ပြီးတော ကျွန်မမင်းသမီးတစ်ယောက..... 

 

 

 သူမမိတ်ဆက်စကားကိုကြားချိန်မှာဘဲ ရှီကျောက်က  တံခါးကိုရက်ရက်စက်စက ပိတ်ချလိုက်သည်။ ချန်းယင်နဲ ဖိန်နင်တို့လိုဘဲ ယဲ့ဆွေလည်း တူညီစွာ ငြင်းပယ်ခံရတဲ အတွေ့အကြုံကိုရရှိခဲ့သည်။    

 

 

 ယဲ့ဆွေက အဆုံးသတ်ကို မျှော်လင့်ထားပြီးသားဖြစ်သည်။ ဒါပေမယ့် သတင်းထောက်တွေက သူမနဲ့အတူ ရှိနေတာကြောင့် နင်းလင်အကြောင်းကို ဘာမှပြောလို့မရဘူး 

 

 

 ရှီကျောက်က သူမအားငြင်းပယ်ခဲ့ပြီး ဖြစ်တာကြောင့် သူမဤနေရာတွင ဆက်မနေခဲ့တော့ပေ သတင်းထောက်တွေက ယဲ့ဆွေ ပြန်သွားချိန်မှာ သူမဘယ်ကထွက်လာတာလဲဆိုတာကို ကြည့်နေခဲ့ကြသည်။  

 

 

 ယဲ့ဆွေက သတင်းထောက်တွေရဲ ခြေရာခံမှုကိုရှောင်ရှားခဲ့ကာ သူမနောက်မှာ ဘယ်သူမှမရှိဘူးဆိုတာသိတော သူမလှည့်ထွက်သွားပြီး ချန်ရှု့ရဲ့ကားဆီကိုသွားခဲ့သည်။ 

 

 

 ချန်ရှု့က ဤအချိန်တစ်လျှောက်လုံးမှာ စောင့်ဆိုင်းနေခဲ့ရသည်။ ယဲ့ဆွေ အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ပြီးပြန်လာတာကို သူတွေ့သောအခ သူကရလဒ်နှင့် ပတ်သက်၍ ကြိုတင်မှန်းဆထားပြီးသားဖြစ်သည်။ 

 

 

 ယဲ့ဆွေ ကားထဲရောက်ပြီးချိန်မှာ သူမရဲ့ဖုန်းသံကရုတ်တရက မြည်လာသည်။ ခေါ်သူရဲ့နာမည်ကို ကြည့်လိုက်ပြီး ယဲ့ဆွေက ဖုန်းပြန်ဖြေခဲ့ကာ စပီကာကိုဖွင့်လိုက်သည်။ ရန်ကျဲရဲ ရဲ့အသံက ကျယ်လောင်လွန်းလို့ကားတောင တုန်ခါလုနီးပါးပဲ 

 

 

 ရန်ကျဲ - "ငါ ဒီသတင်းကို အခုပဲမြင်လိုက်ရတယ်။ နင ဒါရိုက်တာရှီ ကိုဘာလို့သွားတွေ့တာလဲ?  " 

 

 

 ယဲ့ဆွေ - "အခွင့်အလမ်းကို ဆုပ်ကိုင်ရုံပဲ" 

 

 

 ရန်ကျဲက သူမရဲ့လက်ထဲမှာရှိတဲ အနုပညာရှင်တွေက အရမ်းစိုးရိမ်နေကြတယ်လို ခံစားခဲ့ရသည်။ သူမက ကောင်းပြီ ငါချက်ချင်း ပီအာနဲ့ဆက်သွယ်ပြီး ဒီသတင်းကိုကိုင်တွယ်လိုက်မယ 

 

 

 "ရန်ကျဲ မလုပ-" 

 

 

ယဲ့ဆွေ စကားပြောမပြီးခင်မှာဘဲ ရန်ကျဲက ဖုန်ချပြီး ပီအာ အဖွဲ့ကို ရှာဖွေဖို့သာ အလျင်လိုနေခဲ့သည်။ 

 

 

 ရန်ကျဲက မန်နေဂျာ ဖြစ်တာကြောင့် ပီအာ ဘက်တွင်အရည်အချင်းမရှိပေ ကုမ္ပဏီတွင ပီအာ ၀န်ထမ်းအတော်များများရှိနေသော်လည်း င်းတို့နေ့စဉ်နေ့တိုင်း တင်ခဲ့သောအရာများသည ထိုကဲ့သို့သော ကောင်းသောဆောင်းပါးများမဟုတ်ပေ 

 

 

 နောက်တစ်စက္ကန့်အတွင်းမှာ ယဲ့ဆွေက ဖုန်းထဲမှာ ရှက်စရာကောင်းတဲ ခေါင်းစဉ်နဲ သတင်းဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်ရသည်။ 

 

 

 [ယဲ့ဆွေက နင်းလင်ရဲ့နေရာအတွက လာရောက်ခဲ့ပေမယ့် သူမအဲ့တာအတွက မတောင်းဆိုခဲ့ဘူး အဲ့တာအစား သူကဘယ်လိုလျှောက်ထားရမလဲဆိုတာကိုသာ  မေးခွန်းထုတ်ချင်ခဲ့တာ ! ] 

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့က တစ်ဦးကိုတစ်ဦးကြည့်မိသွားကြသည်။  "........ "  

 

 

 ရန်ကျဲရဲ အရေးကြီးတဲ စျေးကွက်ရှာဖွေရေးနည်းလမ်းသည ဆန့်ကျင်တဲ့ဖန်တွေကို စုရုံးနိုင်သည့်အပြင အလွန်ပင်ပြင်းထန်ခဲ့သည်။ အကယ်၍ သူမရဲ နွေးထွေးတဲ စိတ်ထားကြောင့်သာ မဟုတ်ခဲ့ရင အခြားကုမ္ပဏီမှပေးပို့သော လျှို့ဝှက်ထောက်လှမ်းရေးရတဲ့သူလို လူတိုင်းထင်မြင်ကြလိမ့်မည်။  

(T / N: သူမရဲ့စျေးကွက်ရှာဖွေရေးနည်းလမ်းက သူမအနုပညာရှင်ကိုပိုမိုဆိုးရွားစေသည်။ ) 

 

 

 ရသစုံရှိုးမှာ သူမကဖြူစင်စွာနဲ သရုပ်ဆောင်ခဲ့ခြင်းကြောင့် ယဲ့ဆွေအပေါ် ပရိသတ်က အနည်းငယ်ပို ထင်မြင်ချက်ကောင်းများ ပေးခဲ့ကြသည်။ သို့သော ရန်ကျဲရဲ့ဖျက်စီးလိုက်မှုက ယခုချိန်မှာ လုံးဝဖယ်ရှားပစ်ခဲ့သည်။ 

 

 

 အောက်ပ အင်တာနက်သုံးစွဲသူများသည ရဲရင့်စွာယုံကြည်မှုရှိခြင်းကြောင့် ယဲ့ဆွေကို လှောင်ပြောင်သရော်ခဲ့ကြသည်။ 

 

 

 "ဖိန်နင်နဲ့ချန်းယင်တို့တောင်မ မအောင်မြင်ခဲ့ကြဘူး ယဲ့ဆွေက ဒါရိုက်တာရှီ ကိုဘယ်လိုရှာတွေ့နိုင်မလဲ? " 

 

 

 "ယဲ့ဆွေက သူမရဲ့သရုပ်ဆောင်မှုအတွက အရမ်းယုံကြည်မှုရှိနေတာလားရသစုံရှိုးမှာ ချက်ပြုတ်တာတွေနဲ ကြွားဝါတာတွေမှာ ပါ၀င်တာနဲ့ မင်းသမီးဖြစ်လာနိုင်တယ မထင်နေနဲ့။ သူမမှာ အခုလက်ရှိထိ ကျွမ်းကျင်မှုမရှိသေးဘူး!" 

 

 

 "အိမ်ပြန်ပြီး ကိုယ့်ကိုယ်ကို ဆေးကြောလိုက်ပါ။ ယဲ့ဆွေက အိမ်ရှေ့စံမင်းသား မှာ တကယ်ကို အံ့သြစရာကောင်းတယ်။ ဒါပေမယ့် သူမနှလုံးက ကောင်းကင်ထက ပိုမြင့်ပြီး သူမဘာသာကြက်သွန်လို ခုန်တက်ချင်နေတယ " 

 

 

 ယဲ့ဆွေက ဒီပိုစ့်ကို ဆက်ပြီး မှတ်ချက်ပေးချင်သည်။ ဒါပေမယ့် လက်တစ်ဖက်ကဆန့်လာပြီး သူမရဲ့လက်ကိုနွေးထွေးစွာထိတွေ့လာခဲ့သည်။ သူမခေါင်းကိုမော့ကြည့်လိုက်ချိန်မှာ ချန်ရှု့ရဲ့မျက်လုံးတွေက အနည်းငယ်သောကရောက်နေတာကို တွေ့လိုက်ရသည်။ 

 "မကြည့်နဲ့တော" 

 

 

 ချန်ရှု့က ယဲ့ဆွေရဲ့ဆဲလ်ဖုန်းကို ဖယ်ရှားလိုက်ကာ ယဲ့ဆွေရဲ့ဒီအဖွဲ့ကိုအစားထိုးသင့်တယ်လို သူခံစားရသည်။ အထူးသဖြင့် အေးဂျင့်ဖြစ်တဲ ရန်ကျဲ သူ့အနုပညာရှင်တွေကျော်ကြားခဲ့သော်လည်း သူတို့သည ပြင်းထန်စွာဝေဖန်ခံခဲ့ရသည်။ 

 

 

 ချန်ရှု - "ကိုယ်တို ဒီမှာခဏစောင့်ရလိမ့်မယ်။ " 

 

 

 ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။ သူမက ကားထိုင်ခုံပေါ်မှာ တိတ်ဆိတ်စွာထိုင်နေခဲ့ပြီး အချိန်က နှေးလွန်းနေသည်ဟုခံစားရသည်။ 

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့က ကားထဲတွင တံခါးဝက သတင်းထောက်များ ထွက်ခွာသွားချိန်ကို ကားထဲတွင်ညအထိစောင့်နေကြသည်။ သူမဆဲလ်ဖုန်းနှင့် ထပ်အချိန်မဖြုန်းနိုင်တာကြောင့် မကြာခင်ကားထဲမှာ အိပ်ပျော်သွားခဲ့သည်။ 

 

 

 ချန်ရှု့က သူ့ကုတ်အင်္ကျီကိုချွတ်ကာ ယဲ့ဆွေရဲ့ခန္ဓာကိုယ်ပေါ်တွင ခြုံထားပေးခဲ့သည်။ ယဲ့ဆွေက ပင်ပန်းလွန်းနေတာကြောင့် အလွယ်တကူ အိပ်မောကျသွားတာဖြစ်နိုင်သည်။  အွန်လိုင်းဆူပူမှုနှင့် အများပြည်သူ ထင်မြင်ချက်များက သူမအတွက်အရေးမကြီးပေ  

 

 

 ချန်ရှု့၏အမြင်တွင ယဲ့ဆွေက လူကောင်းတစ်ယောက်ဖြစ်သော်လည်း သူမသည်အကြောင်းပြချက်မရှိဘဲ စွပ်စွဲချက်များစွာကို လက်ခံခဲ့ရသည်။ သူ့မျက်လုံးတွေကမဲမှောင်လာပြီး သူ့နှလုံးသားထဲမှာ ဝမ်းနည်းနေခဲ့သည်။ 

 

 

 ချန်ရှု့က ယဲ့ဆွေရဲ ဘေးမှာထိုင်ခဲ့ပြီး ဝမ်ချွမ်းနဲ သူ့အတွင်းရေးမှူးကို ဆက်သွယ်ခဲ့သည်။ 

 

 

 ယဲ့ဆွေက သူမရဲ့ကုမ္ပဏီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခြင်းမရှိသေးတာကြောင့် ချန်ရှု့က စျေးကွက်ရှာဖွေရေး အဖွဲ့ကို တိုက်ရိုက်ဆက်သွယ်သင့်သည်။ ပြီးနောက သူက အပေးအယူလုပ်ရန စဉ်းစားခဲ့သည်။ 

 

 

 ချန်ရှု့က ဝမ်ချွမ်းကို ယဲ့ဆွေစာချုပ်ချုပ်ထားတဲ ကုမ္ပဏီငယ်လေးကို ၀ယ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုဌာနကို သွားဖို့ပြောခဲ့သည်။ 

 

 

 ချန်ရှု့က ဝါရင့်ကြယ်ပွင့်တစ်ဦးက အခွင့်အလမ်းတစ်ခုအတွက ဟောလိဝုဒ်သို့သွားတာကို သတိရလိုက်သည်။  သူနဲ ဟွာရွေ့ရဲ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည်။  ထို့အပြင သူ့အဖွဲ့သည တရုတ်နိုင်ငံတွင်အကောင်းဆုံးဖြစ်သည်။ 

 

 

 သူက ယဲ့ဆွေ စာချုပ်ချုပ်ထားတဲ ကုမ္ပဏီကို ဟွာရွေ သိမ်းယူသည်အထိ စောင့်ဆိုင်းခဲ့ရပြီး အချိန်ကုန်လွန်လာသောအခ သူမက ဟွာရွေ့၏ တရားဝင အမှတ်အသားဖြင့် အနုပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်။ 

 

 

 ထိုအဖွဲ့ကလည်း ယဲ့ဆွေကို အရာအားလုံးကို ဂရုတစိုက်ကူညီလိမ့်မည်။ ချန်ရှု့က သူမဘာနာကျင်မှုမှမရှိတော့မှာကို မျှော်လင့်ခဲ့သည်။ 

 

 

 ယဲ့ဆွေ နိုးလာချိန်မှာ ညနေခင်းရောက်နေပြီဖြစ်သည်။  သူမရဲ အိပ်မောကျနေတဲ မျက်လုံးများကိုဖွင့်ကာ နွေးထွေးတဲ ဆန်ပြုတ်နံ့ကို ရလိုက်သည်။ 

 

 

 ယဲ့ဆွေက သူမမျက်လုံးများကို ပွတ်သပ်လိုက်ပြီးချိန်မှာ ချန်ရှု့က သူမဘေးတွင ထိုင်နေတာကိုတွေ့လိုက်ရသည်။သူ့လက်ထဲမှာ ဆန်ပြုတ်တစ်ကန်းကန်ကို ကိုင်ထားပြီး သူမကိုထမင်းကျွေးဖို ထွက်လာတဲ မစ္စတာ ထျန်းလျို လိုမျိုးပဲ 

 

 

 ယခုအချိန်တွင ချန်ရှု့က ဟွာရွေ့၏ ဥက္ကဌ မဟုတ်တော့ဘဲ သူသည်အန္တရာယ်ကင်းတဲ ချန်ရှု့အဖြစ်သို့ပြန်ပြောင်းသွားသည်။ သူက ယဲ့ဆွေကို အရေးကြီးတဲ့ဘာတစ်ခုမှမလုပ်ထားသကဲ့သို အေးဆေးတည်ငြိမ်တဲ အမူအရာနဲ့ကြည့်နေခဲ့သည်။  

 

 

 ယဲ့ဆွေက တည့်တည့် ထိုင်ပြီးချိန်မှာ အံ့သြသွားခဲ့သည်။  "ရှင်ကျွန်မအတွက ဆန်ပြုတ်ဝယ်ခဲ့တာလား ?" 

 

 

 ချန်ရှု့က ခပ်ပြတ်ပြတ်ပြောလိုက်သည်။ "ကိုယ်ကုန်စုံဆိုင်ကနေ ဝယ်လာတာ " 

 

 

အနောက်ပိုင်းခရိုင်တွင ဖြစ်ပွားခဲ့တဲ ကောလာဟလများကြောင့် ဒေသခံများနှင့်စီးပွားရေးလုပ်ငန်းများမှာ ပြောင်းရွှေ့သွားကြသည်။ စတိုးဆိုင်ပိုင်ရှင်ကသူ ကလေးများအတွက အနီးအနားရှိ ကျောင်းသို့တက်ပြီးကတည်းက ဖွင့်လှစ်ထားသော တစ်ခုတည်းသောစတိုးဆိုင်သည လာမယ့်လမ်းမပေါ်တွင်ဖြစ်သည်။ 

 

 

 ယဲ့ဆွေက ချန်ရှု့လက်ထဲက ဆန်ပြုတ်ကိုယူပြီး ပါးစပ်နဲ့အပြည့် သောက်လိုက်သည်။ နွေးထွေးတဲ့ဆန်ပြုတ်က  သူမရဲ့အစာအိမ်ထဲကို ၀င်သွားပြီး ဆန်ပြုတ်ရဲ အနံအရသာ စူးစူးရှရှလေးတွေ ပါနေသည်။ ကားတစ်စီးလုံးကတိတ်ဆိတ်ငြိမ်သက်သွားပြီးသူမရဲ့နည်းနည်းချင်းစီ စုပ်သောက်နေတဲ အသံသာထွက်လာသည်။ 

 

 

 ချန်ရှု့က ထိုင်နေပြီး ဘာစကားမှမပြောခဲ့ပေ ယဲ့ဆွေ ပျော်ရွှင်နေသရွေ သူကျေနပ်သည်။ 

 

 

 ယဲ့ဆွေက ဆန်ပြုတ သောက်နေစဥ်မှာ တစ်ခုခုမေ့သွားသလိုခံစားရကာ သူမရပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ရှင်က အရမ်းကောင်းတာဘဲ " 

 

 

 ချန်ရှူ့က သူမ၏နူးညံ့သိမ်မွေ့သော စကားများကိုကြားရချိန်မှာ အနည်းငယ်အံ့အားသင့်သွားပြီး မျက်လုံးများကိုချပြီး နှုတ်ခမ်းများပြုံးလိုက်သည်။ မျက်လုံးထောင့် မှနေ ယဲ့ဆွေရဲ ဘေးဘက်မျက်နှာကို သူသတိပြုမိလိုက်သည်။ သူမမျက်နှာသေးသေးလေးက အဖြူရောင အငွေ့တွေထဲ ဖုံးကွယ်နေပြီး အလွန်နူးညံ့သိမ်မွေ့နေခဲ့သည်။ 

 

 

 ကားခေါင်အမိုးပေါ်ရှိ အလင်းရောင်က ပေါ်လာပြီး ကားတစ်စီးလုံးပေါ်ကို ကျနေကာ ထို့အပြင ဆန်ပြုတ်နံ့လေးကလည်း ရှိနေသေးသည်။ တစ်ချိန်က အထီးကျန်နေတဲ ချန်ရှု့ကို ယဲ့ဆွေကမီးရှူးမီးပန်းများလို နည်းနည်းချင်း ဆွဲတင်လိုက်သည်။ အနည်းငယ်နှင့် အမှန်တကယ်ဘဝ နွေးထွေးမှု ခံစားရသည်။ 

 

 

 အမှောင်ထဲတွင ဒီဧရိယာမှာရှိတဲ အနောက်တိုင်ပုံစံ ဗီလာက အေးအေးဆေးဆေးပဲ ရှီကျောက အနီးရှိလူအားလုံးက ပြောင်းရွှေ့သွားကြတာကြောင့် လက်ရှိ သူ့နေအိမ်ကသာ မီးဖွင့်ထားသည်။ 

 

 

 လမ်းမီးမ လွဲ နေရာတိုင်းတွင မှောင်မိုက်နေသည်။ 

 

 

 ဆောင်းဦးညတွင လေထန်နေပြီး အပူချိန်မှာ ပုံမှန်ထက်ပိုနိမ့်သည်။ အပြင်ဘက်တွင စောင့်နေသည့်သတင်းထောက်များသည ရုတ်တရက အေးစိမ့်စိမ့်နိုင်တာကို ခံစားလိုက်ရသည်။ သူတို့ကဒီမှာရက်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ထိုကဲ့သို့သော အခြေအနေမျိုးမရှိခဲ့ပေ  သို့သော ယနေ့ညရာသီဥတုမှာ ထူးထူးဆန်းဆန်းဖြစ်ခဲ့သည်။ 

 

 

 ဒါ့အပြင ဘယ်အချိန်မှာ စတင်ခဲ့တယ်ဆိုတာ မသိခဲ့ပေမယ့် သတင်းထောက်တွေက စကားပြောတာရပ်တန့်လိုက်ပြီး ဒီဧရိယာကို တိတ်ဆိတ်ငြိမ်သက်စေခဲ့သည်။ 

 

 

 "မင်း ထူးဆန်းနေတယ မထင်ဘူးလား? " သတင်းထောက်တစ်ဦးက မေးခွန်းကိုမတက်နိုင်စွာမေးခဲ့သည်။ 

 

 

 မည်သူမျှမဖြေနိုင်ဘဲ ကျန်သူများကတစ်ဦးကိုတစ ဦး ကြည့်ကြသည်။ဒီနေရာက သရဲခြောက်တယ်လို မင်းပြောခဲ့တာ မဟုတ်လား? အဲ့ဒီကောလဟာလက အမှန်လား?  ” 

 

 

 စကားလုံးများပြီးဆုံးသွားသောအခ သတင်းထောက်တစ်ဦးသည မတ်တပ်ရပ်ပြီး ဆုတ်ခွာရန်အကြောင်းပြချက်ပေးခဲ့သည်။ 

 

 

 တကယ်တော သရဲကိုမရှိဘူးဆိုတာထက ယုံကြည်တာက ပိုကောင်းသည်။ သူတို့က သတင်းအတွက်တော မသေချင်ပေ 

 

 

 အဆုံးထိကပ်နေ ယချင်တဲ သတင်းထောက်တွေ အများကြီးရှိပေမယ့် ရုတ်တရက လေပြင်းမုန်တိုင်းကြောင့် သူတို့ပစ္စည်းတွေကိုလည်း ချက်ချင်းသယ်ကာ ထွက်သွားကြသည်။ 

 

 

 မကြာခင်မှာ သတင်းထောက်များက အဖက်ဖက်ကို   သန့်ရှင်းစွာဖြန့်ကျက်သွားခဲ့ပြီး ယဲ့ဆွေ နှင့် ချန်ရှု တို့အားအခွင့်အရေးပေးနေခဲ့သည်။ 

 

 

 ယဲ့ဆွေက ကားထဲမှာထိုင်နေပြီး ရေဒီယိုက ရာသီဥတုခန့်မှန်းချက်ကို ကြေငြာနေခဲ့သည်။  

 

 

 “ လေအေးများတိုက်သောကြောင့် ညအချိန်တွင်အပူချိန သိသိသာသာက ဆင်းသွားပါလိမ့်မယ်။ လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှု့က အအေးပိုသည့်နေရာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ကျေးဇူးပြုပြီး နွေးထွေးစွာ... ” 

 

 

 လေပြင်းနှင့် အအေးဓာတ်များကြောင ယခုအချိန်တွင်သာမန်ရာသီဥတု အပြောင်းအလဲများဖြစ်သော်လည်း ထိုသတင်းထောက်များသည အပူချိန်အနည်းငယ်ပြောင်းလဲမှုကြောင့် ကြောက်လန့်နေသည့် ငှက်များနှင့်တူကြသည်။ 

 

 

 လေပြင်းတိုက်ခြင်း မှောင်မိုက်သောလမ်းများနဲ အေးစိမ့်စိမ့်နိုင်မှုရဲ့မြင်ကွင်းက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ရုပ်ရှင်ကားအဖြစ်သို့ရုတ်တရက ပြောင်းလဲစေခဲ့သည်။ နောက်ပြီး အေးခဲနေတာကြောင့် အဝတ်အစားများ ထပ်မံ၀တ်ရန်အချိန်ကောင်းဖြစ်ခဲ့သည်။ 

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့က ရာသီဥတုခန့်မှန်းချက်ကိုအေးဆေးတည်ငြိမ်စွာ နားထောင်ခဲ့ပြီးနောက်မှာ သတင်းထောက်များသည ကြောက်လန့်နေသော ငှက်များကဲ့သို့အဝေးကို ထွက်ပြေးနေကြသည်ကို တွေ့မြင်ခဲ့ရသည်။ 

 

 

 ဤအချိန်တွင ချန်ရှု့က ယဲ့ဆွေနှင့်အတူလိုက်ပြီး တံခါးဘဲလ်ကိုထပ်တီးခဲ့သည်။ 

 

 

 ရှီကျောက်က တံခါးကိုဖွင့်လာခဲ့သည်။ ယဲ့ဆွေကိုမြင်ချိန်မှာ သူကမျက်မှောင်ကြုတ်ကာ တံခါးကိုပိတ်ချင်ခဲ့သည်။  

 

 

 သူမလုပ်နိုင်ခင်မှာ ယဲ့ဆွေက သူမပါးစပ်ကို ချက်ချင်းဖွင့်ပြီး သူမရည်ရွယ်ချက်ကို ပြောခဲ့သည -“ ရှင့်ရဲ့ဇနီးအကြောင်း ပြောချင်တယ 

 

 

 ရှီကျောက်က သူ့ဇနီးနှင့် ပတ်သတ်တာကို ကြားလျှင် သူရပ်လိုက်ကာ နောက်တစ်စက္ကန့်မှာဘဲ သူ့တံခါးကိုပိတ်ဖို ကြိုးစားခဲ့သည်။ 

 

 

"မစ္စတာရှီ ခင်ဗျားမိန်းမက ဒီအိမ်မှာရှိနေတာလား? " 

 

 

 ရှီကျောက်က အလွန်အံ့အားသင့်သွားပြီး တံခါးကိုမပိတ်တော့ဘဲ အပြင်မှာ ရပ်နေတဲ ယဲ့ဆွေနဲ့ချန်ရှု့ကို ဖွင့်ကာဝင်ခွင့်ပေးလိုက်သည်။ 

 

 

 "တကယ်ပဲ ငါ့ကိုသက်သေပြနိုင်မှာလား? " 

 

 

 ဧည့်ခန်းထဲမှာ ဘယ်သူမှမကစားတဲ စန္ဒရားကရုတ်တရက မြည်လာခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ညမှာ တီးခတ်နေခဲ့သည်။ 

 

 

 စန္ဒရား၏အသံသည ဧည့်ခန်းမမှထွက်လာပြီး ရောက်ရှိလာသူများရဲ နားကိုရောက်သွားသည်။ အဲ့ဒါက အရမ်းထူးဆန်းသည်။