အပိုင်း ၅၉
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၅၉ - ဖြတ်တောက်ခြင်း

 

 

 

 

 

နားဝင်ချိုတဲ့တီးလုံးရဲ့စန္ဒရားတီးခတ်သံက တိတ်ဆိတ်သောညတွင် နူးညံညင်သာပြီး  ပညာသားပါ  သော်လည်း အနည်းငယ် တမူထူးခြားသည်။  ထို့နောက်ရုတ်တရက် အပြင်ဘက်တွင် လေပြင်းတိုက်ခတ်လာပြီး နမိတ်ပြနေသကဲ့သို့ စဥ်ဆက်မပြတ် ရွှန်းရွှန်းဝေနေသည်။

 

 

ရှီကျောက်ရဲ့ စိတ်နှလုံးက ပြင်းထန်စွာ တုန်ခါနေချိန်တွင် ယဲ့ဆွေနဲ့ ချန်ရှု့တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။  သူ့ကိုယ်သူ စိတ်အေးအေးထား၍ဝင်လာခဲ့ပါဟု ပြောလိုက်သည်။

 

 

အထဲ၀င်ပြီးနောက် ယဲ့ဆွေ နှင့် ချန်ရှု့တို့က သူတို့အထဲဝင်သွားလေလေ၊ စန္ဒရားသံက ပိုပြီးကြည်လာသည်နှင့် အိမ်ကြီးအတွင်း ရင်တထိတ်ထိတ်ဖြစ်စေတဲ့ လေထုရဲ့အသံကိုလည်း သတိပြုမိခဲ့ကြသည်။

 

 

သူတို့ ဧည့်ခန်းဆီသို့သွားသောအခါ စန္ဒရားအကြီးကြီးကို စတင်မြင်နိုင်ခဲ့သည်။ စန္ဒရားထိုင်ခုံတွင် မည်သူတစ်ဦး တစ်ယောက်မှ မရှိသော်လည်း အနက်ရောင်နှင့်အဖြူရောင်ကီးတွေက သူတို့တို့ဘာသာ လှုပ်ရှားနေကြသည်။စန္ဒရား၏အသံက နိမ့်ထားပြီး တစ်စုံတစ်ယောက်ရောက်လာလျှင်ပင် အဲ့တာက မရပ်တန့်သွားခဲ့ပေ။

 

 

ယဲ့ဆွေက စန္ဒရားအနားတွင် ရပ်နေသည့်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။  သူမမှာ ဆံပင်ရှည်တွေရှိပြီး ဖျော့တော့တဲ့မျက်နှာနဲ့ အေးဆေးတည်ငြိမ်တဲ့ မျက်လုံးတွေရှိသည်။  သူမက ရှီကျောက်ရဲ့ ဇနီး နင်းလင်မှလွဲ၍ အခြားသူတစ်ဦး မဟုတ်ပါ။

 

 

ယဲ့ဆွေ အသက်ပြင်းပြင်းရှူလိုက်ပြီး "နင်းလင်"

လို့ ခေါ်လိုက်သည်။

 

 

စကားလုံးများ ကျဆင်းသွားသည်နှင့်တပြိုင်နက် စန္ဒရားကရပ်တန့်သွားပြီး နင်းလင်းက ယဲ့ဆွေကို ကြည့်ရှုဖို့ လှည့်ခဲ့သည်။

 

 

 ယဲ့ဆွေ -“ ကျွန်မ ရှင်နဲ့စကားပြောလို့ရနိုင်မလား?”

 

 

နင်းလင် ခေါင်းညိတ်လိုက်သည်။ ယဲ့ဆွေနဲ့တခြားသူတွေ အပြင်မှာရှိနေတယ်ဆိုတာကို သူမ သိသည်။ ဒါကြောင့် သူမကအထူးတလည် သူတို့ကို အထဲဝင်လာအောင် ဦးဆောင်လမ်းပြဖို့ သူမ စန္ဒရားကို တီးခဲ့တာဖြစ်သည်။

 

 

ရှီကျောက်က ယဲ့ဆွေ လေထဲကို စကားပြောနေတာကို ကြည့်နေရင်း သူ့မျက်လုံးများက စိတ်ချောင်ချားမှုနဲ့ တောက်ပနေသည်။ ချန်ရှု့က ယဲ့ဆွေ ဤသို့ပြုလုပ်ခြင်းကို သိခဲ့တာကြာနေပြီဖြစ်သည်။ သူ့ရဲ့မျက်လုံးတွေက သူမဆီမှာပဲ မပြောင်းလဲဘဲရှိနေခဲ့သည်။

 

 

ယဲ့ဆွေ  -“ ရှင့်မှာသူ့ကိုပြောစရာရှိလား? ”  နင်းလင်က ပြန်မဖြေခဲ့ဘူး။

 

 

စကားလုံးတချို့ကိုပြောလိုက်မှပဲ အမှန်တရားက ရှင်းလာလိမ့်မယ် ”  ယဲ့ဆွေက နင်းလင် ရဲ့ အမူအရာကိုတွေ့ခဲ့သည်။  သိသာထင်ရှားတာက သူမမသေဆုံးခင်မှာ မကျေနပ်မှုအချို့ရှိခဲ့ပြီး သူမရဲ့မျက်နှာပေါ်မှာ အမျက်ဒေါသအလွှာတစ်ခုကို ရေးထားရှိနေသည်။

 

 

မျက်နှာအသွင်အပြင်တွေက လှပနေဆဲဖြစ်သော်လည်း မျက်လုံးများက သေစေနိုင်တဲ့ရေကန်နဲ့ တူသည်။

 

 

အချိန်အများကြီးကြာသွားပြီးနောက်၊ နင်းလင်က သူမရဲ့နှုတ်ကိုဖွင့်ဟလိုက်သည်။  “ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မတော်တဆမှုတစ်ခုဖြစ်ပျက်ခဲ့ပြီး ငါတို့ရဲ့သမီး သေသွားခဲ့တယ်။ ဒါကငါတို့ နှစ်ဦးလုံးရဲ့ နာကျင်မှုပဲ........”

 

 

နင်းလင်နဲ့ ရှီကျောက်တို့က အဲ့တာအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ခဲ့ကြသည်။ ဒါပေမယ့်လည်း နင်းလင် က နာကျင်လောက်တဲ့ အမှတ်တရများမှ လွတ်မြောက်နိုင်ခဲ့ပြီး ရှီကျောက်နဲ့သာမန်ဘ၀ကို စတင်ချင်ခဲ့သော်လည်း သူက ပြောင်းလဲသွားခဲ့သည်။

 

 

သူကမကြာခဏ ရိုက်ကွင်းမှာပဲ ရှိနေခဲ့သည်။  သူအိမ်ပြန်ရောက်တဲ့အခါမှာတောင် ဇာတ်ညွှန်းရေးရင်းနဲ့ အလှုပ်ရှုပ်နေပြီး နင်းလင်နဲ့စကားပြောဖို့က ကြုံတောင့်ကြုံခဲပဲ။ အချိန်ကုန်လွန်လာသည်နှင့်အမျှ သူတို့နှစ်ဦးက ပိုပိုပြီးဝေးသထက်ဝေးလာခဲ့ကြသည်။

 

 

ရလဒ်အနေဖြင့် နင်းလင်က ရှီကျောက် အား ဒေါသထွက်ခဲ့သည်။ သူ့ရဲ့အလုပ်ကြောင့်  သူက သူ့သမီးရဲ့ သေဆုံးခြင်းနှင့် သူတို့အကြား ခံစားချက်တွေကို မေ့လျော့ခဲ့သည်။

 

 

နင်းလင်း စကားပြောသည့်အခါ ယဲ့ဆွေက သူမရဲ့စကားများကို အရမ်းအံအားသင့်နေတဲ့သူဖြစ်တဲ့ ရှီကျောက်သို့ ပြန်လည်ပြောပြခဲ့သည်။ သူမပြောခဲ့တာက သူနဲ့ နင်းလင်တို့အကြား ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ယဲ့ဆွေ အတွက်ကတော့ အဲ့တာကို ဘာမှမသိခဲ့ဘူး။

 

 

ဒီနေရာမှာ သူ့ဇနီး တကယ်ရှိနေတယ်ဆိုတာ အဲ့တာကပြသနေသည်။ ရှီကျောက်က ယဲ့ဆွေရဲ့ ဘေးမှာရှိတဲ့လေထဲကို ရှုပ်ထွေးတဲ့အမူအရာဖြင့် ကြည့်ခဲ့သည်။

 

 

နင်းလင် စကားပြောခဲ့တဲ့အချိန်မှာ သူမက ရှီကျောက်ကို လုံးဝမကြည့်ခဲ့ဘူး။  အဲဒီအစား သူမရဲ့မျက်လုံးတွေက အမုန်းတရားတွေနဲ့ ပြည့်နှက်နေသည်။

 

 

အချို့က ရှီကျောက်က ရုပ်ရှင်တွေကိုသာ နှစ်သက်ကြောင်းနဲ့ အခြားအရာများကို ဂရုမစိုက်ကြောင်း ပြောဆိုခဲ့ကြသည်။ ပြီးတော့ သူမကလည်း တူညီသောအတွေးကို မျှဝေခဲ့သည်။  သူတို့ရဲ့သမီးကသေပြီးသွားပြီ  ဒါပေမယ့်သူက မအော်ဟစ်ခဲ့ဘူး။ သူမက သူ့ရဲ့အသည်းမာမှုကြောင့် မပျော်ရွှင်နိုင်ဖြစ်ခဲ့သည်။

 

 

သူမက သေသွားခဲ့ရင် သူအလွန်စာနာစိတ်ကင်းမဲ့ပြီး အကြင်နာကင်းမဲ့ဦးမလားဆိိုတာကို သူမကြည့်ချင်ခဲ့သည်။

 

 

ဤခိုင်မာသောထင်မြင်ယူဆချက်ဖြင့် သူမသေဆုံးပြီးနောက်တွင် သူမရဲ့ဝိညာဉ်က ဤနေရာတွင် ပြန်ရွေ့လျားလာခဲ့သည်။ နင်းလင်က သူမ မသေဆုံးခင် သူမအပေါ်ထားရှိသော သူ့ရဲ့လျစ်လျူရှုခြင်းကို မုန်းတီးခဲ့သည်။ ယခုတိုင် ဒီနေရာက သူမ ပြန်အလာချင်ဆုံးသော နေရာဖြစ်နေဆဲပဲ။

 

 

အဲဒီမှာပဲတစ်နေ့လုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ထိုင်ပြီး မကြာခင်မှာပဲ ထပ်မံပြီး စတင်အလုပ်လုပ်နေတဲ့သူဖြစ်တဲ့ ရှီကျောက်ကို နင်းလင်က စောင့်ကြည့်နေခဲ့သည်။

 

 

သူမရဲ့ အတွေ့အကြုံတွေကိုပြောပြရင်း နင်းလင် ငိုခဲ့ကာ  သူမက ဆို့နစ်စွာ ပြောလိုက်သည်။ငါသေသွားခဲ့တဲ့အချိန်မှာတောင် သူက သိပ်ပြီး စိတ်မဝင်စားခဲ့ဘူး။ သူက ငါ့ကိုလုံးဝမချစ်ဘူး "

 

 

 ရှီကျောက်က သူ့ရဲ့နှုတ်ကိုဖွင့်ဟလိုက်ပေမယ့် စကားမပြောခဲ့ပေ။

 

 

နင်းလင်က ပိုဒေါသထွက်လာလေလေ သူမမျက်နှာက မဲမှောင်လာလေလေ ဖြစ်သည်။စန္ဒရားကို ငါညဥ့်နက်တဲ့အချိန်မှာ တမင်တကာတီးခတ်ခဲ့တယ်၊ မနက်စောစောမှာ ကြမ်းပြင်ပေါ်မှာပတ်ပြီး လမ်းလျှောက်တယ်။ ပြီးတော့ တစ်ခါတစ်ရံမှာ သူ့ရဲ့လက်ရေးစာမူကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ သက်သောင့်သက်သာရှိတဲ့ဘဝမှာ သူ့ကိုမနေစေချင်ဘူး

 

 

 “ လူတွေကဒီနေရာဟာ သရဲခြောက်တယ်လို့ပြောကြတယ်၊ ပြီးတော့ သူတို့က ဒီမှာကြာကြာမနေနိုင်ကြဘူး။လူတိုင်းကိုခြောက်လှန့်ပြီးတော့ ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်က အောင်မြင်ခဲ့တယ်။ ဒါပေမယ့်  သူကဘာလို့ အခုထိ မထွက်သွားသေးရတာလဲ?”

 

 

နင်းလင်က ရှီကျောက်ကို အေးစက်စွာကြည့်ခဲ့သည်။ "သူငါ့ကိုမချစ်ရင်လဲ ဘာကြောင့် ပွဲတက်မယားအဖြစ် ထားထားရတာလဲ?"

 

 

 နင်းလင်က ဒီနေရာမှာစကားပြောနေတာကို ရပ်လိုက်သည်။ သူမ ရှီကျောက်ရဲ့ ရှင်းပြချက်ကိုစောင့်နေတယ်ဆိုတာ ယဲ့ဆွေ သိသည်။ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ ရှီကျောက်က အပြစ်ရှိတယ်လို့ခံစားလာရသည်။

 

 

 "လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ကိုယ်မင်းအကြောင်းတွေ စဥ်းစားတာကို ဘယ်တော့မှ မရပ်တန့်ဖူးဘူး "

 

 

 နင်းလင်က အေးစက်စွာရယ်ခဲ့သည်။

 

 

 ရှီကျောက် - "ကိုယ်တို့ သမီးရဲ့သေခြင်းအတွက် ကိုယ့်ကိုယ်ကိုအပြစ်တင်ခဲ့တယ်။  အလုပ်ထဲမှာ ကိုယ့်ကိုယ်ကိုမြှုပ်နှံပြီးလုပ်မှ အချိန်ကြာရင် ဒီကိစ္စကိုမေ့သွားနိုင်မှာမလို့ပါ။ ပြီးတော့ အဲဒီနေ့ပြန်ရောက်တော့ မင်းသေသွားပြီဆိုတာကို ကြားရဖို့အတွက် မမျှော်လင့်ထားခဲ့ဘူး "

 

 

 "အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ အဲဒါက မင်းရဲ့ထွက်ခွာသွားမှုက ကိုယ့်ရဲ့ပေါ့ဆမှုကြောင့်ပဲ။ ကိုယ်ကစာရေးတာကို စွဲလမ်းလာပြီး ကိုယ့်ကိုယ်ကိုအေးဆေးတည်ငြိမ်အောင် ရုပ်ရှင်တွေကို အသုံးပြုခဲ့တယ်"

 

 

 ရှီကျောက်က ယဲ့ဆွေ အနားက လေထဲကို ကြည့်ပြီးပြုံးလိုက်သည်။

 

 

 "စန္ဒယားတီးသူတစ်ယောက်မှ မရှိတဲ့အခါတွေနဲ့ လက်ရေးမူများက တစ်ခါတစ်ရံ ဖျက်ဆီးခံရတဲ့အခါတွေရယ်။ ဤအိမ်ကိုအခြားသူများက ကြောက်လန့်ပေမယ့်လည်း ကိုယ်မထွက်သွားချင်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းကကိုယ်နဲ့အတူရှိနေမယ်လို့ မျှော်လင့်ခဲ့လို့ပါ ဒါပေမယ့် ကိုယ်က မင်းကို မမြင်ရသလို သတ်သေလည်းပြလို့မရတာကြောင့်ပါ "

 

 

 နင်းလင်က နှုတ်ဆိတ်နေပြီး စကားမပြောသော်လည်းသူမမျက်နှာပေါ်မှ အနက်ရောင် အလွှာက ပိုပါးလာသည်။

 

 

 ရှီကျောက် - “ မင်းရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတော့မယ်။ မင်းကအရမ်းထူးချွန်တယ်။ မင်းရဲ့ဘဝကို မှတ်တမ်းတင်ပြီး ကိုယ့်ဇနီးက ဘယ်လောက် အံ့သြဖွယ်ကောင်းကြောင်း လူတိုင်းကိုအသိပေးမယ်

 

 

  "ကိုယ်ဒီဇာတ်ညွှန်းကို လွန်ခဲ့တဲ့ငါးနှစ်က ရေးခဲ့တာ "ရှီကျောက်က နင်းလင်ကို ဇာတ်ညွှန်းပြ ဖို့အတွက် ယဲ့ဆွေကိုပေးလိုက်သည်။

 

 

 နင်းလင်က ဇာတ်ညွှန်းကို လှန်လှောကြည့်လိုက်ချိန် သူမလက်က အနည်းငယ်တုန်သွားသည်။ ' ရှီကျောက် တစ်ခုခုရေးနေတာကို သူမအမြဲတမ်းသိခဲ့တယ်။ ဒါပေမယ့် သူဘာရေးနေတာလဲဆိုတာကို သူမဘယ်တော့မှဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံးမှာ သူမစိတ်ထဲ တစ်ချိန်က သူ့ကိုချစ်ခဲ့သောအရာသည် သူမမုန်းသောအရာ ဖြစ်လာလေသည်။'

 

 

 'အခုသူကသူမအတွက် ဇာတ်ညွှန်းရေးထားတာလို့ ပြောနေတာလား?'

 

 

 ရှီကျောက်က နင်းလင်ကို မတွေ့မြင်ရသဖြင့် သူသည်လေထဲကို ညင်ညင်သာသာ ဆက်ပြောခဲ့သည်။

 

 

 "ကိုယ်အစတုန်းက ဒီရုပ်ရှင်ကိုရိုက်ပြီးတဲ့အချိန်မှာ ကိုယ့်ဘဝကိုအဆုံးသတ်လိုက်မယ် လို့တွေးထားခဲ့တာ ပြီးတော့ ကိုယ်တို့မိသားစု ပြန်လည်ဆုံစည်းနိုင်မယ်လို့ထင်ခဲ့တာ "

 

 

 ဒီအတ္ထုပ္ပတ္တိဟာ ဒီပါရမီရှင်ဒါရိုက်တာရဲ့နောက်ဆုံးဖန်တီးမှုဖြစ်တယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြဘူး။ ရုပ်ရှင်ကိုထုတ်လွှင့်တဲ့အခါမှာ ရှီကျောက်ရဲ့ သေဆုံးခြင်းသတင်းလည်း ပျံ့နှံ့သွားလိမ့်မည်။

 

 

 သူ့ဇနီးပေါ် အပြစ်ပြုမိတာကို ပြေရာပြေကြောင်း ပြုလုပ်ဖို့အတွက် သူသည်တိုက်ရိုက်လမ်းစဉ်ကို အသုံးပြုလိုခဲ့သည်။

 

 

 ရှီကျောက် စကားပြောအပြီးတွင် လေထဲထိ တိတ်ဆိတ်သွားသည်။

 

 

 ယဲ့ဆွေက တိတ်ဆိတ်စွာတွေးခဲ့သည်။ အခြားသူများကသူ့ဇနီးသေဆုံးပြီးနောက် ဒါရိုက်တာရှီ၏ ပင်ကိုစရိုက်သည် ပို၍ သိမ်မွေ့နက်နဲလာပြီး အပြင်လူတွေကို မတွေ့ချင်တာကြောင့် သရဲခြောက်သည့်အိမ်တွင် ဆက်လက်နေထိုင်ခဲ့တယ်လို့ ပြောခဲ့ကြသည်။

 

 

 သူကလွန်ခဲ့တဲ့ ငါးနှစ်မှာ လုံးဝအလုပ်မလုပ်ခဲ့ဘဲ အိမ်ထဲမှာဘဲ ကိုယ့်ဘာသာသော့ခတ်ထားခဲ့သည်။

 

 

 အပြင်ဘက်တွင် ကောလာဟလများ ထွက်ပေါ်နေသော်လည်း ရှီကျောက်သည် ဤမှတ်ချက်များကို ဂရုမစိုက်ပါ။ သူသည် ရုပ်ရှင်အပြီးသတ်တာကို လိုချင်ခဲ့ပြီး သူ့သေသွားတဲ့ဇနီးနောက်ကို လိုက်သွားချင်ခဲ့သည်။

 

 

 ယဲ့ဆွေ သက်ပြင်းချလိုက်သည်။ နားလည်မှုလွဲမှားခြင်းကြောင့် တစ်ယောက်ကနာမကျန်းဖြစ်နေပြီး တစ်ယောက်ကသေသွားကာ သရဲဖြစ်နေရသည်။

 

 

 သို့တိုင်၊ သူတို့ထဲက တစ်ယောက်က လွတ်လပ်သွားခဲ့သည်။

 

 

 နင်းလင်က ရှီကျောက်၏ ခံစားချက်များကို နားလည်သောအခါ သူမမျက်ရည်များ ကျလာသည်။ "ရှင် ကျွန်မကို ဘာလို့စောစောမပြောခဲ့ရတာလဲ?"

 

 

 သူတို့သာ ရှင်းရှင်းလင်းလင်း သိထားမယ်ဆိုရင် သူတို့အကြားနားလည်မှုလွဲမှားခြင်းက နက်ရှိုင်းလာမှာမဟုတ်ဘူး။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက်လည်း တစ်သက်လုံး လက်လွှတ်ခံမှာမဟုတ်ဘူး။

 

 

 ယဲ့ဆွေက နင်းလင်ရဲ့ အမဲရောင်အလွှာက သူမရဲ့တကယ့်မျက်နှာကို ပြသဖို့အရည်ပျော်နေတာကို သတိပြုမိခဲ့သည်။ သူမကတောက်ပတဲ့ရုပ်ရှင်မှာ သရုပ်ဆောင် နေတာနဲ့ တူနေခဲ့သည်။ 

 

 

 နောက်ဆုံးတော့ သူမပြဿနာကို ဖြေရှင်းပြီးပြီလို့ ထင်ရသည်။

 

 

 ရှီကျောက်က သတိရှိစွာနဲ့မေးခဲ့သည်။မင်း ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား?”

 

 

 ယဲ့ဆွေက နင်းလင်ကို နောက်လှည့်ကြည့်လိုက်ချိန် ဘယ်သူမှစကားမပြောခဲ့ပေ။ သူမက စားပွဲခုံရှိရာလမ်းလျှောက်သွားခဲ့သည်။ ယဲ့ဆွေက စားပွဲပေါ်ကိုညွှန်ပြလိုက်ပြီး လူတိုင်းကို အဲဒီမှာကြည့်ဖို့ပြောလိုက်သည်။

 

 

 ရှီကျောက် အကြည့်တွေက အဲ့ဒီနေရာကို ရောက်ချိန်မှာ စိတ်သက်သာရာရသွားခဲ့သည်။ သို့တိုင် နင်းလင်ရဲ့ ခွင့်လွှတ်မှုကို သူမမျှော်လင့်ရဲခဲ့ပေ။  ယခုအချိန်တွင် ဘောပင်က အပေါ်တက်လိုက် ဆင်းလိုက်ရေးနေသည်ကိုသူမြင်ခဲ့သည်။

 

 

 

 ထို့နောက်အဖြူရောင်စက္ကူတစ်ရွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဘောပင်၏အစွန်အဖျားအောက်သို့ပြန့်နှံ့သွားသည်။

 

 

 ဘောပင်သည် စက္ကူကို ဖြတ်၍ စာလုံးအနည်းငယ်ပေါ်လာသည်။

 

 

 

"ကျွန်မ ရှင့်ကို ဘယ်တော့မှအပြစ်မတင်ပါဘူး "

 

 

 

ရှီကျောက်က စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။ သူရေးသောစာကို တွေ့လိုက်ချိန်မှာ သူမကနင်းလင် ဖြစ်ကြောင်းနှင့် သူမ သူ့ကိုခွင့်လွှတ်ခဲ့သည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

 

 

 မျက်ရည်များက စဉ်ဆက်မပြတ် ကျဆင်းနေတာကြောင့် ရှီကျောက်က သူ့မျက်လုံးများကိုပိတ်လိုက်သည်။

 

 

 ယဲ့ဆွေက နင်းလင်ကိုကြည့်ခဲ့သော်လည်း နင်းလင်က ရှီကျောက်ကိုသာ အာရုံစိုက်နေခဲ့သည်။

 

 

 လူနှစ်ဦး၏ နားလည်မှုလွဲမှားခြင်းကို ရှင်းလင်းခဲ့ပြီးနောက် ယခုအချိန်တွင် ရှီကျောက်က ယဲ့ဆွေကို အရင်ကထက် အများကြီးပိုကောင်းတဲ့ သဘောထားနဲ့ကြည့်လာခဲ့သည်။မင်းငါ့ဇနီးကို တွေ့နိုင်ရင်တောင် မင်းကိုဇာတ်ကောင်နေရာ ပေးမှာမဟုတ်ဘူး။ မင်းရဲ့သရုပ်ဆောင်ပုံကိုကြည့်ချင်တယ်

 

 

 ရှီကျောက်က သူမကိုအခွင့်အရေးတစ်ခု ပေးခဲ့သည်ဟုဆိုလိုသော်လည်း သူသည်သူမ၏ကျွမ်းကျင်မှုကိုသိချင်ခဲ့သည်။

 

 

 ယဲ့ဆွေကို မည်သည့်ရုပ်ရှင်မှာမှ မတွေ့ရသေးပေ။ သူမ၏ "ကျို့ယွမ်" ဇာတ်ကားကလည်း စတင်ခြင်းမရှိသေးတာကြောင့်  ရှီကျောက်သည် သူမ၏စွမ်းရည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

 

 

 ရှီကျောက်က သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း သူ့အသံသည် အနည်းငယ်နက်ရှိုင်းပြီး ပြင်းထန်သောအသံဖြစ်သည်။

 

 

 ရှီကျောက်နဲ့နင်းလင်တို့မှာ ကလေးဆုံးရှုံးခဲ့ရပြီး ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိလည်း ဖြစ်သည့်အတွက် သူကရုပ်ရှင်ထဲသို့ ကျိန်းသေစိတ်သွင်းထားလိမ့်မည်။ နောက်ပြီး အဲ့ဒါက သူတို့နှစ်ယောက်ကြား ခွဲထုတ်ခဲ့တဲ့ အကြောင်းပြချက်လည်း ဖြစ်ခဲ့သည်။

 

 

 ဤအပိုင်းသည် ရှီကျောက်နဲ့နင်းလင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

 

 

 "အိုကေ " ယဲ့ဆွေ ခေါင်းညိတ်လိုက်သည်။

 

 

 ယဲ့ဆွေမှာ ဘယ်တုန်းကမှ ကလေးမရှိခဲ့ဘူး၊ တစ်ယောက်တည်းဆုံးရှုံးခဲ့ရတာမဟုတ်ဘဲ သူမမှာအရေးကြီးတဲ့ လူတွေလည်းမရှိခဲ့ဘူး။ သူမဒီကမ္ဘာကြီးဆီ မရောက်လာခင်က သူမကမိသားစုနဲ့သူငယ်ချင်းတွေမရှိတဲ့ မိဘမဲ့ကလေးတစ်ယောက်ဖြစ်သည်။

 

 

 အခုတော့ သူမအတွက် အရေးအကြီးဆုံးပုဂ္ဂိုလ်က ချန်ရှု့ပဲ။

 

 

 အကယ်၍ သူမသာချန်ရှု့ကိုဆုံးရှုံးလိုက်ရပြီး သူ့ကိုနောက်တစ်ခါ ထပ်တွေ့ဖို့ဘယ်တော့မှ မဖြစ်နိုင်ဘူးဆို သူမဘယ်လိုတုံ့ပြန်မှာလဲ?

 

 

 ယဲ့ဆွေက ဒီအကြောင်းကိုတွေးပြီး သူမရဲ့မျက်ရည်တွေစီးကျလာသည်။ အသံကျယ်ကျယ်ငိုမယ့်အစား သူမဖိနှိပ်ထားတဲ့ မျက်ရည်တွေကိုမျိုချလိုက်ပေမယ့် လူတွေဟာသူမရဲ့စိတ်ပျက်လက်ပျက်နဲ့ ဝမ်းနည်းမှုကိုခံစားခဲ့ရသည်။

 

 

 ဤအပိုင်း၌စိတ်လှုပ်ရှားမှုနှင့် ငိုနိုင်ရုံတင်မကဘဲ၊ ယဲ့ဆွေက ရှီကျောက်၏အပြင်းထန်ဆုံး လိုအပ်ချက်ကိုပြည့်မီခဲ့သည်။

 

 

 ယဲ့ဆွေ မျက်ရည်ကျနေသည်ကို ချန်ရှု့မြင်ချိန်မှာ သူ့စိတ်နှလုံးက ရုတ်တရက်နာကျင်လာသည်။ သူသည်မသိစိတ်ဖြင့် ရှေ့သို့ထွက်လာပြီး နုနယ်လှတဲ့ ယဲ့ဆွေကို သူ့လက်မောင်းတွေထဲ ပွေ့ဖက်ထားချင်ခဲ့သည်။ 

 

 

 "အားလုံး ကောင်းတယ်" ရှီကျောက် ထိုအချိန်တွင်ရပ်ရန်ပြောလိုက်သည်။

 

 

 ချန်ရှု့က ထိုအချိန်အထိ တုန့်ပြန်မှုမရှိခဲ့ပေ။ ယဲ့ဆွေရဲ့သရုပ်ဆောင်မှုကို သူတစ်ခါမှမမြင်ဖူးသော်လည်း သူသည်လူများကို တိုက်ရိုက်ခံစားနိုင်သည့် စိတ်လှုပ်ရှားမှုက သူမအလုပ်ကောင်းကောင်းလုပ်ခဲ့သည်ကို သူသိသည်။

 

 

 ရှီကျောက်က သဘောတူသလို ပြုံးနေခဲ့သည်။ "မင်းအောင်မြင်ပြီ "

 

 

 ရက်အနည်းငယ်အကြာတွင် ရှီကျောက်က သတင်းထောက်များကို သူကိုယ်တိုင်ဆက်သွယ်ခဲ့သည်။  သူကအရေးကြီးသော သတင်းများကို ထုတ်ဖော်မည်ကို လူတိုင်းသိကြသည်။

 

 

 နံနက် :၀၀ နာရီတွင် မီဒီယာနှင့်အတင်းအဖျင်းမဂ္ဂဇင်းများအားလုံးသည် ရှီကျောက်ရဲ့ အိမ်ကိုအပြည့်အ၀ ဝိုင်းထားပြီးဖြစ်သည်။ မူလကစွန့်ခွာသွားကြတာကြောင့် အထီးကျန်နေတဲ့ အနောက်ဘက်ရှိ လမ်းများသည်လက်ရှိတွင် ပြည့်ကျပ်နေခဲ့သည်။

 

 

 တံခါးက ဖြည်းဖြည်းဖွင့်လာကာ ရှီကျောက်က အပြင်ဘက်ကို ထွက်လာပြီးနောက် ကင်မရာအားလုံးသည် သူ့ကိုရည်ရွယ်ပြီး မီးရောင်များက သူ့မျက်နှာကိုတောက်ပလင်းလက်နေစေသည်။

 

 

 "ဒါရိုက်တာရှီ နင်းလင်ရဲ့ဇာတ်ကောင်အတွက် မင်းသမီးကို လူသိရှင်ကြားရွေးချယ်မှာလား?"

 

 

 "ဒါရိုက်တာ ရှီ ဘယ်တော့ ရိုက်ကွင်း စမှာလဲ?  "

 

 

 "ဒါရိုက်တာရှီ၊ ဒီရုပ်ရှင်မှာ တိုးတက်မှုအသစ်ရှိပါသလား?  "

 

 

 ရှီကျောက်က ကင်မရာကို လေးလေးနက်နက် ကြည့်ရှုခဲ့ပြီးနောက် သူကပရိတ်သက်ကို ကြေညာခဲ့သည်။ငါအမျိုးသမီးဇာတ်လိုက်နေရာအတွက် သင့်တော်တဲ့သူကို ငါရှာတွေ့ပြီးပြီဟုပရိသတ်ကို ပြောကြားခဲ့သည်။

 

 

 ဘာ? သတင်းထောက်များသည် အလွန်အံ့အားသင့်သွားသဖြင့် မိုက်ခရိုဖုန်းကိုတောင် မကိုင်နိုင်ခဲ့ကြပါ။ ထိုသတင်းကို သူတို့မရကြပါ။ ထို့ကြောင့် အမျိုးသမီးဇာတ်လိုက်ကို မည်သို့ရွေးချယ်ခဲ့သနည်း?

 

 

 "ဒီမင်းသမီးရဲ့သရုပ်ဆောင်မှုက ထူးခြားတယ်။ ဒါ့အပြင် နင်းလင်ကို ဖျော်ဖြေရေးစက်ဝိုင်းထဲက သူမနဲ့အရည်အချင်းတူသူတွေထက်ပိုသိတယ် "

 

 

 ရှီကျောက်က သူအနားမှာရှိတဲ့ လေထဲကို တစ်ယောက်ယောက်ကိုကြည့်သလိုမျိုး ကြည့်နေခဲ့ပြီး ဒါမှမဟုတ် ဖြစ်နိုင်တာက သူတို့ကိုပေါ့ပေါ့ပါးပါး ကြည့်နေသလိုမျိုးဖြစ်သည်။

 

 

 နောက်တစ်စက္ကန့်မှာဘဲ သူကပြုံးပြီး ပြောလာသည်။ "နင်းလင်ကလည်း ငါ့ရဲ့ရွေးချယ်မှုအပေါ် ကျေနပ်လိမ့်မယ်လို့ ယုံကြည်တယ် "

 

 

 အသေးစိတ်အချက်အလက်များ ပျောက်ဆုံးမည်ကိုစိုးရိမ်တာကြောင့် သတင်းထောက်များသည် ကိရိယာများကို ကိုင်ထားကြသည်။ ခဏရပ်သွားပြီးနောက်မှာ ရှီကျောက်က သူနှုတ်ခမ်းကိုဖွင့်ပြ အံ့သြစရာကောင်းလောက်တဲ့ နာမည်ကိုပြောခဲ့သည်။

 

 

 "ယဲ့ဆွေ"

 

 

 ထိုအခိုက်အတန့်မှာ ရုတ်တရက် တိတ်ဆိတ်သွားကာ ပို၍ပင်ပြင်းထန်သော မေးခွန်းများမေးလာခဲ့သည်။

 

 

 ရှီကျောက်ကတော့ ဘယ်သူ့ကိုမှ ပြန်မဖြေခဲ့ပေ။ယဲ့ဆွေရဲ့ အချိန်ဇယားက နေရာမရှိရင်တောင်မှ သူမအခြားရုပ်ရှင်ကားများကို မရိုက်ကူးမီ အပြီးသတ်ရန်စောင့်ဆိုင်းမယ် "

 

 

 "ဘာလို့လဲဆိုတော့ နင်းလင်ကို ကောင်းကောင်းသရုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသောသူက ယဲ့ဆွေပဲ"

 

 

 ဖိန်နင်၊ ချန်းယင်နဲ့ အခြားအမျိုးသမီးကြယ်ပွင့်များအပြင် ယဲ့ဆွေကိုလွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆူဆဲခဲ့ကြသော အင်တာနက်သုံးစွဲသူများအားလုံး၏စိတ်ထဲ၌ အတွေးတစ်ခုရှိသည်။ သူတို့မျက်နှာတွေကို ရိုက်ခံလိုက်ရပြီ_မဟုတ်ဘူး။