လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၆၀ - စားသောက်ပွဲ
ချီးပဲ! ရောက်ရှိနေသော မီဒီယာများက မေးခွန်းမေးချင်ခဲ့သည်။
'ဒါရိုက်တာ ရှီရဲ့ အရသာခံနိုင်စွမ်းက အလွန်ဇီဇာကြောင်ကြောင်းကို သိထားကြတယ်။ သူယဲ့ဆွေကို
ဘယ်လို ရွေးချယ်လိုက်တာလဲ?'
သတင်းထောက် - “ ဖိန်နင်နဲ့ ချန်းယင်တို့က အောင်မြင်တဲ့
ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ယဲ့ဆွေနဲ့ သူတို့ကြားမှာ ကွာခြားမှုများရှိပါသလား?
ရှီကျောက်က အေးအေးဆေးဆေးပဲ ပြန်လည်ချေပလိုက်သည်။ "နင်းလင်ကို သူတို့တကယ်ပဲ သိကြလား?"
ယဲ့ဆွေက နင်းလင်ရဲ့အတိတ်နဲ့
ရုပ်ရှင်တွေအကြောင်းကို တော်တော်များများ သိထားသည်။ ထို့အပြင် သူမက နင်းလင်ရဲ့ဘ၀ နှင့် ပတ်သက်၍ နက်နက်နဲနဲသုတေသနပြုလုပ်ခဲ့သည်ကို
ရှီကျောက် သိရှိခဲ့သည်။ ပြောစရာမလိုတော့ဘူး၊
နောင်အနာဂတ်မှာ သူမကိုလမ်းပြနိုင်ဖို့ နင်းလင်ရှိလိမ့်မည်။
လူတိုင်း အံ့အားသင့်သွားကြသည်။ 'အဲဒါဘာကိုဆိုလိုတာလဲ? တစ်နည်းအားဖြင့် ဖိန်နင်နဲ့
ချန်းယင်တို့က နင်းလင်ကို ရိုးသားစွာသရုပ်ဆောင်လိုသည့် ဆန္ဒမရှိဘဲ အပေါ်ယံအပြုအမူနဲ့ပဲ
သရုပ်ဆောင်ချင်ခဲ့ကြတာလား?'
နာမည်အကြီးဆုံး အမျိုးသမီးကြယ်ပွင့်နှစ်ယောက်က ဒါရိုက်တာ
ရှီရဲ့ ရိုက်နှက်မှုကိုခံခဲ့ရသည်။
ယနေ့တွင် ဝေ့ပေါ်နဲ့
ဖိုရမ်တွေ အားလုံးကိုသတင်းများက လွှမ်းမိုးထားသည်။ [ယဲ့ဆွေက နင်းလင်ရဲ့နေရာမှာ
သရုပ်ဆောင်ရမယ်။ သူမ ဒီလောက်ကြီးမားတဲ့ အခန်းကဏ္ဍကို ဘယ်လိုရခဲ့သလဲဆိုတာ ငါ့ကိုဘယ်သူပြောပြနိုင်မလဲ?။
]
"ယဲ့ဆွေရဲ့ ကျောထောက်နောက်ခံက မကြာသေးခင်က ပိုကောင်းသထက်
ပိုကောင်းလာခဲ့ပြီ။ ဒီပုဂ္ဂိုလ်က တကယ်ကိုကြီးမားတဲ့
ရိုက်ချက်လား?"
“ ဒါရိုက်တာရှီ
မှာ စိတ်တိုလွယ်ပြီး ဒေါသထွက်လွယ်တယ်ဆိုတာကိုသိထားတာပဲ။ သူအဲ့တာကို အရင်ဆုံးစဥ်းတောင်မစဥ်းစားဘဲ
သူမကိုတကယ် လက်ခံနိုင်ပါ့မလား? သူပြောတာကို နားမထောင်ဘူးလား? လွှမ်းမိုးမှုက အရေးမကြီးဘူး အရေးကြီးဆုံးက ရိုးသားမှုပဲတဲ့
”
"ချန်းယင်က
ယဲ့ဆွေရဲ့ လက်တွေထဲမှာ အကြိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ သူမက သစ်ရွက်အသစ်တစ်ခုအဖြစ်
ပြောင်းလဲသွားပုံရတယ်! ”
မနက်ဖြန်က ချန်မိသားစု သခင်ကြီးရဲ့ မွေးနေ့ပါတီဖြစ်သည်။
သူကအချိန်အတော်ကြာကတည်းက ချန်ရှု့ နဲ့ ယဲ့ဆွေ တို့အားအကြောင်းကြားပြီးဖြစ်သည်။ 'ဟုတ်ပါတယ်၊
သူမကသဘောတူခဲ့ပြီး ချန်ရှု့ နဲ့အတူ လက်ဆောင်ကိုလည်း ထုပ်ပိုးထားခဲ့တယ်။'
နောက်တစ်နေ့မနက်ခင်းတွင်
ယဲ့ဆွေက ရန်ကျဲဆီမှ ဖုန်းကောလ်ကိုလက်ခံရရှိခဲ့သည်။ အဲ့ဒီမှာ အကျဥ်းချုပ် ကြေညာစရာရှိပြီး
မကြာခင်မှာ ပြီးဆုံးတော့မည်ဖြစ်သည်။
ယဲ့ဆွေက ချန်ရှု့ကို ချန်မိသားစု အိမ်တော်ဆီ အရင်သွားလိုက်ဖို့နဲ့
နောက်မှ သူမ လိုက်လာခဲ့မယ်လို့ သတင်းပေးလိုက်သည်။ ချန်ရှု့ကလည်း သဘောတူခဲ့သည်။
ညနေပိုင်းတွင် ချန်ရှု့က ချန်မိသားစု အိမ်တော်ကိုတစ်ယောက်တည်း
ကားမောင်းသွားခဲ့သည်။ လက်ရှိမှာ လူတွေအများကြီး ရှိနေကြပြီ။ ခန်းမက ထွန်းလင်းတောက်ပနေပြီး
လူတိုင်းက အခြားသူတွေနဲ့စကားပြောနေကြပြီး အဲဒီနေရာမှာ ရပ်နေကြသည်။ ကြည့်ရတာက အသက်ဝင်နေသည်။
ချန်ရှု့က ထိုလူများနှင့် အကျွမ်းတဝင်မရှိသောကြောင့် သူကသူတို့ကိုမကြည့်ဘဲ
ထောင့်တစ်နေရာဆီ တန်းတန်းမတ်မတ်သွားလိုက်ပြီး သူ့ရဲ့ဆဲလ်ဖုန်းကို ပေါ့ပေါ့ပါးပါးနဲ့
စစ်ဆေးခဲ့သည်။
ဤအချိန်တွင် ချန်ရှု့က ရုတ်တရက်အသံတစ်သံကို ကြားလိုက်ရကာ
ယောကျ်ားတစ်ယောက်က သူ့ရဲ့နာမည်ကို ခေါ်လာတာဖြစ်သည်။ "ချန်ရှု့"
ချန်ရှု့က အသံလာရာကို ကြည့်လိုက်သည်။ ဒီလူက ချန်မိသားစုနှင့်
အလွန်ဝေးကွာသော ဆွေမျိုးတစ်ဦးဖြစ်ပြီး အလွန်ရှည်လျားတဲ့ ဆက်ဆံရေးရှိခဲ့သည်။ အရေးကြီးသော
အခါသမယများ၌သာ သူက သူတို့မိသားစုဆီကို လာလည်သည်။
ထိုလူက ချန်ရှု့ကို
ငေးကြည့်ရင်း ချန်ရှု့မှာ ခက်ခဲသောဘဝရှိတယ်ဆိုတဲ့ ကောလဟလကို သတိရမိခဲ့ကာ သူ့မျက်လုံးတွေထဲမှာတော့
ထေ့ငေါ့မှုတွေနဲ့ လင်းလက်နေခဲ့သည်။
“ မင်းမွေးဖွားတဲ့နှစ်မှာ
မင်းရဲ့အစ်ကိုက သေသွားခဲ့တယ်။ လူတွေကပြောကြတာကတော့ မင်းမှာ ခက်ခဲတဲ့ဘဝရှိတယ်တဲ့။ မင်းမွေးတဲ့အချိန်တုန်းက
မင်းရဲ့အစ်ကိုကို မင်းက ချက်ချင်းပဲသတ်ခဲ့တယ်။”
ချန်ရှု့ရဲ့စိတ်နှလုံးက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း
သူကမြန်မြန်ဆန်ဆန်ပဲ အေးဆေးတည်ငြိမ်စေခဲ့သည်။
သူအောက်ကိုငုံ့ကြည့်လိုက်ပြီး လျစ်လျူရှုခြင်းတွေ ရောက်လာခဲ့သည်။
သူငယ်ငယ်ကတည်းက ထိုကဲ့သို့သော စကားလုံးများစွာ မရေမတွက်နိုင်အောင်ကို ကြားခဲ့ရသည်။
သူမွေးဖွားချိန်မှ စ၍ သူက 'ကံဆိုးခြင်း' ဆိုတဲ့ ခေင်းစဥ်တပ်တာကို ခံခဲ့ရသည်။
သူက သူ့အစ်ကိုကိုသတ်ခဲ့တယ်လို့ သူတို့ကပြောခဲ့ကြသည်။ သူ့မွေးဖွားမှုက
သူ့မိသားစုဆီ ကံဆိုးခြင်းတွေယူဆောင်လာပြီး သူ့မွေးဖွားမှု့က မရှင်းလင်းပေ။
ထိုလူက ဆက်လက်၍
ပြောခဲ့သည်။ “ မင်းငယ်ငယ်တုန်းက မင်းအမေက အိမ်ကနေထွက်သွားခဲ့တယ်။ မင်းက မင်းအစ်ကိုကို
သတ်ခဲ့ရုံသာမကဘူး မင်းရဲ့အမေကိုလည်း နှင်ထုတ်ခဲ့တယ်”
ချန်ရှု့မှာ မျက်နှာမှာ ဘာအမူအရာမှ မရှိခဲ့ဘူး။ သူက အခြားသူများရဲ့
အေးစက်စက်နိုင်ခြင်းနှင့် နေသားတကျဖြစ်ခဲ့ပြီး သူတို့ရဲ့ထေ့ငေါ့မှုကို လက်ခံခဲ့သည်။
သူမှတ်မိနိုင်သည့်အစောဆုံးအချိန်မှစ၍ ထိုအရာအားလုံးက သူ့ဆီကိုဝင်ရောက်လာခဲ့သည်။
ဤအရာက အမြဲတမ်းဖြစ်စဥ်တစ်ခု ဖြစ်ခဲ့သည် - မည်သူမှလည်း သူ့ကိုမကူညီခဲ့သကဲ့သို့
မည်သူမှလည်း သူ့ဘက်တွင်မရှိခဲ့ပေ။
ဒါပေမယ့်လည်း တစ်စုံတစ်ယောက်က သူ့အမေကို တမင်တကာ ဖော်ပြလိုက်တဲ့အခါ
သူက သူမရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတယ်ဆိုတဲ့အချက်ကို ပြန်သတိရသွားပြီး သူ့ရဲ့နှလုံးသားက
ပိုမိုတင်းကျပ်နေဆဲပဲဖြစ်သည်။
ထိုလူက ဆက်ပြီးပြောနေခဲ့သည်။ “ပြီးတော့ မင်းရဲ့မိန်းမ။
သူမရဲ့ အသက်မွေးဝမ်းကြောင်းကို ပထမဆုံး စတင်လုပ်ကိုင်ခဲ့တဲ့အချိန်က သူမကို အင်တာနက်သုံးစွဲသူတွေက
ဆူဆဲခဲ့ကြတယ်။ မင်းရဲ့ဘဝက အရမ်းခက်ခဲလွန်းတယ်။
ဒီတော့ နောက်ထပ်လာမယ့်သူက ဘယ်သူဖြစ်မလဲ? "
ယဲ့ဆွေရဲ့နာမည်ကို သူပြောတဲ့အချိန်မှာ ချန်ရှု့က နောက်ဆုံးတော့ သူ့မျက်လုံးတွေကို လှန်ကြည့်လိုက်သည်။
သူတို့ထဲမှာ အအေးဓာတ်တွေနဲ့ တောက်ပနေတဲ့အလင်းရောင်ကြောင့် သူ့မျက်နှာက ချက်ချင်းနစ်မြုပ်သွားသည်။
ယဲ့ဆွေက သူဂရုစိုက်တဲ့ တစ်ဦးတည်းပဲ။ သူကအခြားသူတွေ
သူမကိုလုံးဝမကောင်းဘူးလို့ ပြောတာကိုမကြားချင်ဘူး။
ဤအချိန်တွင် ယဲ့ဆွေက
သူမ၏အလုပ်ကိုပြီးဆုံးခဲ့သည်။ အလုပ်ပြီးလို့ မကြာခင်မှာဘဲ သူမကချက်ချင်း ချန်မိသားစု
အိမ်ရာကို ထွက်လာခဲ့သည်။
ယဲ့ဆွေ ရောက်တဲ့အချိန်မှာ
သူမရဲ့မျက်လုံးတွေက ချန်းရှု့ကိုသာရှာဖွေနေသည်။ သူမ မကြာခင်မှာဘဲ သူ့ပုံကိုမြင်လျှင်
ပြုံးပြီးသူ့ဆီသို့လျှောက်သွားသည်။
ယဲ့ဆွေ လမ်းမလျှောက်မလာခင်မှာ
ယောက်ျားတစ်ယောက်က ချန်ရှု့ဆီ လမ်းလျှောက်သွားကာ သူနှင့်စကားပြောနေသည်ကို သူမတွေ့ခဲ့သည်။
ချန်ရှု့က ထိုလူကိုမကြည့်တာကြောင့် သူနှင့်စကားစမြည်ပြောဆိုတာလို့ မထင်ခဲ့ပါ။
ယဲ့ဆွေ မျက်မှောင်ကြုတ်လိုက်ပြီး
သူမရဲ့စိတ်ထဲမှာ ရုတ်တရက် မကောင်းတဲ့ခံစားမှုတစ်ခုလည်းရလာသည်။ သူမသည် လျင်မြန်စွာလျှောက်လာပြီး အခြားအရာတွေကို
ကျော်သွားခဲ့သည်။ သို့သော် သူမနီးကပ်လာသည်နှင့်အမျှ
ကြမ်းတမ်းသောစကားများက သူမနားထဲရှင်းလင်းလာသည်။
'ကံမကောင်းဘူး၊
မင်းအကိုကိုသတ်တာ၊ မင်း မိခင်ကစွန့်ပစ်ခဲ့တာ ... 'စကားလုံးတိုင်းက ယဲ့ဆွေရဲ့ စိတ်နှလုံးထဲမှာ
ဆူးကဲ့သို့ဖြစ်၏။
ယဲ့ဆွေ ရဲ့လက်တွေက
အမျက်ဒေါသကြောင့် တုန်နေသည်။
သူမ သိတယ်။ အခြားလူများက
ချန်ရှု့မှာ ခက်ခဲတဲ့ဘဝက ရှိတယ်လို့ပြောကြတာကို။ ဒါပေမယ့် သူမမည်သူမဆို သခင်ကြီးချန်
ရဲ့မွေးနေ့မှာ မျက်နှာချင်းဆိုင် ဖော်ပြရမယ်လို့ မမျှော်လင့်ခဲ့ဘူး။
ယဲ့ဆွေက ဒေါသထွက်နေပြီဖြစ်ပေမယ့်
ချန်ရှု့ ကတော့ထုံနေပြီး မျက်နှာမှာ ဘာအမူအရာမှ မဖော်ပြခဲ့ဘူး။ သူသည် သူတစ်ပါးပြုခဲ့သော မကောင်းမှုအားလုံးနှင့်
အကျွမ်းတဝင်ရှိဟန်ရှိသည်။
ဒါပေမယ့် သူမက
ချန်ရှု့ကို တခြားသူတွေက မလေးမစား ပြုခွင့်ပြုမှာမဟုတ်ဘူး။
ဘယ်သူကမှ သူ့ကိုအဲ့လိုဆက်ဆံလို့ မရစေရဘူး။
ယဲ့ဆွေက ဝိုင်ခွက်တစ်ခွက်ကို
ကောက်ယူလိုက်ပြီး ထိုသူ၏ ဘေးဘက်သို့လျှောက်သွားကာ မတော်တဆဝိုင်ဖိတ်ကျသွားသလို ဟန်ဆောင်ခဲ့သည်။ ထိုသူသည် သူ့အင်္ကျီလက် စိုသွားတာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူတွေ့လိုက်တာက ချန်ရှု့ရဲ့ဇနီး ယဲ့ဆွေဘဲ။
ယဲ့ဆွေက ဝိုင်ဖန်ခွက်ကိုခါလိုက်ပြီး“
ဂါး! အမြင်ကျဥ်းတဲ့လူပေါ်ဖိတ်သွားပြီး အဖိုးတန်ဝိုင်ကို ဖြုန်းတီးမိသွားပြီပဲ ”
သူမပြောပြီးချိန်မှာ
သူမကထိုသူကို ကြည့်ပြီး ဆက်ပြောခဲ့သည်။ - "ရှင်က အဲ့ဒီအမြင်ကျဥ်းတဲ့သူဘဲ
"
ယဲ့ဆွေက တောင်းပန်ခြင်းမပြုသည်သာမက
သူ့ကိုလည်း ဝေဖန်လိုက်သည်ကို မြင်သောအခါ သူမကိုမာန်ဖီလာခဲ့သည်။ "မင်းဘာပြောတာလဲ? "
ယဲ့ဆွေက အေးစက်စွာရယ်ခဲ့သည်။ "ငါဘာပြောခဲ့တာလဲ?"
သူမ၏လေသံသည် အနည်းငယ်
လျစ်လျူရှု့တဲ့ အမူအရာထဲ နစ်မြုပ်နေခဲ့သည်။ " နင့်ရဲ့ပုပ်နေတဲ့ ပါးစပ်ကို ပိတ်ထားဖို့
ငါပြောလိုက်မယ်။ နင်ကအခြားသူတွေရဲ့ ဘ၀ကို သက်သေအထောက်အထားမရှိဘဲ ခက်ခဲတယ်လို့ပြောခဲ့တယ်။
နင်က နတ်ဘုရား မလို့လား? ချန် မိသားစုက နင့်လိုလူတွေကိုလက်မခံဘူး "
ထိုသူက ပြောစရာ
စကားပျောက်သွားတာကြောင့် ယဲ့ဆွေကို သူ့အဆင့်အတန်းနဲ့ ဖိနှိပ်လိုခဲ့သည်။ "မင်းက
မင်းရဲ့ အကြီးတွေကို မလေးစားဘူး!"
ယဲ့ဆွေက ထိုလူကို
အာရုံမထားခဲ့ဘဲ အကြည့်တစ်ချက်သာပေးခဲ့သည်။ "ငါက အခြားသူတွေကို နှိမ့်ချတက်နဲ့
နင့်လိုလူကို ငါမလေးစားဘူး"
ယဲ့ဆွေက သူမရဲ့အသံကိုပြောင်းလဲလိုက်သည်။ "ရှင်အခုက ဘယ်လိုအချိန်အခါလဲ သိလား? ဒီနေ့
ကျွန်မယောက္ခမမွေးနေ့ပါတီဘဲ "
"ရှင်က ဝေးလံတဲ့နေရာက
ကင်းကွာနေလို့ ထပ်ကင်းကွာလို့မရတော့တဲ့ ဆွေမျိုးသက်သက်ဘဲ။ ဒီကိုလာတာတောင်မှ ရှင့်ရဲ့မျက်နှာက အရေတော်တော်ထူနေပြီ။
ဒါပေမယ့် ရှင့်ရဲ့အောက်ခြေလွတ်နေတဲ့လုပ်ရပ်နဲ့ ကျွန်မယောကျ်ားရဲ့ အမှားတွေကို ရှာနေသေးတယ်
"
"ကျွန်မ မေးကြည့်ချင်တယ်
ဒီလိုအရေးကြီးတဲ့ နေ့မျိုးမှာ ဒီလိုမျိုးပြောဖို့ ယုံကြည်စိတ်ချမှုကို ဘယ်မှာရခဲ့တာလဲလို့လေ?"
ယဲ့ဆွေက တံတားရှေ့ကိုဆက်သွားဖို့
ငြင်းပယ်ခဲ့သည်။ စကားလုံးတိုင်းက ထိုယောက်ျားကို တစ်ခုတည်းကိုသာ သတိပေးခဲ့သည်။ - ဘယ်သူက
ချန်ရှု့ကို ကြိမ်းမောင်းဖို့ လာရဲတာလဲ?
အဲ့ဒိလူက အရမ်းအံ့သြသွားပြီး
ယဲ့ဆွေကို စကားပြန်မပြောနိုင်ဘူး။
ယဲ့ဆွေက သူ့ဘက်ကစကားကူပြောပေးတာကို
ချန်ရှု့ မြင်လိုက်ပြီး သူ့မျက်လုံးတွေက အရမ်းစိတ်လှုပ်ရှားလာသည်။
ထိုလူ ထိတ်လန့်တုန်လှုပ်တာကို
လိုချင်နေတဲ့ ယဲ့ဆွေက တမင်သက်သက်ပြောလာခဲ့သည်။
"စကားမစပ်၊ ရှင်နည်းနည်း အေးမနေဘူးလား?"
သူမကထိုယောက်ျားရဲ့လည်ပင်းကို
ကြည့်ပြီးနောက်မှာ သူမမျက်နှာမှာ ကြောက်ရွံ့တာကိုဖော်ပြလာခဲ့သည်။ " ရှင့်ရဲ့လည်ပင်းမှာ
သရဲမတစ်ကောင်တွေ့တယ်။ သူမက အနီရောင်ဝတ်စုံကို
ဝတ်ထားပြီး သူမမျက်နှာကဖြူဖျော့နေတယ်။ ပြီးတော့ သူမလျှာကမြွေတစ်ကောင်လိုရှည်တယ်။ သူမလည်း မင်းကိုကြည့်ပြီး သူမဆာနေပြီလို့ပြော......."
ထိုလူ၏မျက်နှာက
ကြောက်ရွံ့မှုကြောင့် ဖြူဖျော့လာသည်။ သူက သဘာဝလွန်အရာတွေကို ယုံကြည်ပြီး ဒီ၀ါကျရဲ့အမှန်တရားကို
သံသယမရှိခဲ့ဘူး။ ဘုရားကျောင်းကိုသွားကာ ကောင်းကြီးမင်္ဂလာကို ခံယူဖို့အတွက် သူကအမြန်ထွက်သွားခဲ့သည်။
သို့သော်သူသည်
အလွန်လျင်မြန်စွာ လမ်းလျှောက်သွားတာကြောင့် တံခါးဝက အခြားသူများ၏အာရုံကိုဆွဲဆောင်မိခဲ့သည်။
ယဲ့ဆွေက ထိုလူကြောက်လန့်ပြီးထွက်သွားတာ
တွေ့ချိန်ကျမှ စိတ်သက်သာရာရသွားခဲ့သည်။ နောက်ပိုင်းတွင်သူမ ချန်ရှု့ကို ကြည့်ပြီး သူ့လက်ကိုကိုင်ကာ
ထွက်သွားခဲ့သည်။ “ ဒီကလေထုက အရမ်းဆိုးတယ်။
အပြင်ကိုသွားကြစို့။ "
သူမက ချန်ရှု့ကို ဒီလူတွေနဲ့ထပ်ပြီး မတွေ့ဆုံစေချင်တော့ဘူး။
သူတို့က သူနဲ့သွေးသားတော်စပ်ရင်တောင် သူတို့က သူ့ကိုဘယ်တော့မှ မလေးစားကြဘူး။
ချန်ရှု့က သူတို့ရဲ့တွဲထားတဲ့ လက်တွေကို ကြည့်လိုက်သည်။
သူကစကားမပြောဘဲ ယဲ့ဆွေနောက်ကနေ လိုက်သွားခဲ့သည်။ သူတို့နှစ်ယောက် တိတ်ဆိတ်သောနေရာသို့
ရောက်သောအခါ ခန်းမရှိဆူညံသံများနဲ့ အလွန်ဝေးကွာသွားခဲ့သည်။
ဆောင်းဦးရာသီနှောင်းပိုင်းဖြစ်၍ လေတွေက အေးမြသည်။ လေတွေက
တိုက်ခတ်နေပြီး သစ်ရွက်တွေက တရှဲရှဲမြည်နေကာ ပတ်ပတ်လည်မှာ ဘယ်သူမှမရှိပေ။ လရောင်ကသာ
တိတ်ဆိတ်စွာ ကျဆင်းနေပြီး တိတ်ဆိတ်ငြိမ်သက်နေသော နေရာကို ဖုံးလွှမ်းထားသည်။
ယဲ့ဆွေက ချန်ရှု့ကို သေချာကြည့်လိုက်သည်။ သူ့ရဲ့ပုံက တိတ်ဆိတ်ပြီး
စိတ်ဆင်းရဲနေပုံရသည်။ သူ့ရဲ့မျက်လုံးများက အလွန်မှောင်မိုက်နေသဖြင့် မျက်ခုံးများပေါ်တွင်
လွှမ်းမိုးထားသော လရောင်က အနက်ဆုံးသောတွင်းထဲသို့ ကျသွားပုံရသည်။
ယဲ့ဆွေရဲ့နှလုံးသားက ခါးသီးခြင်းနဲ့ ပြည့်နှက်သွားခဲ့သည်။ ချန်ရှု့က အရမ်းတော်တယ်၊ သူအရမ်းအများကြီး မခံစားသင့်ဘူး။
သူမက သူ့ရဲ့လက်ကိုဆုပ်ကိုင်ထားပြီး သူမရဲ့အသံက နူးညံပျော့ပျောင်းပြီး သူ့နားထဲမှာ ကြင်နာစွာထွေးပွေ့ပေးနေသလို
ဖြစ်သွားခဲ့သည်။
“ချန်ရှု့၊ ရှင့်အစ်ကိုရဲ့ သေဆုံးခြင်းက မတော်တဆပါ။အဲ့တာက
ရှင်နဲ့ ဘာမှမဆိုင်ပါဘူး”
ယဲ့ဆွေက ဆက်ပြောလိုက်သည်။ -“ ရှင့်အမေအိမ်ကနေ ထွက်သွားတဲ့အချိန်မှာ နာကျင်ခဲ့ရတဲ့သူက
ရှင်ပါပဲ။ ရှင့်ပတ်လည်က လူတွေမှမဟုတ်ကြတာ။ ဒီအရာတွေအားလုံးက ရှင့်ကြောင့်ဖြစ်ရတာလို့
ကိုယ့်ကိုယ်ကို မမှတ်ယူသင့်ဘူး"
“..........”
သူမက သူ့ကိုစိုးရိမ်မှု့နဲ့ကြည့်နေစဥ်မှာ ချန်ရှု့ရဲ့ နက်ရှိုင်းသောမျက်လုံးတွေက
ယဲ့ဆွေကို တန်းတန်းမတ်မတ် သူငေးကြည့်နေသည်။
အမှောင်ထဲမှာ ယဲ့ဆွေရဲ့ အရိပ်က ပိန်ပိန်ပါးပါးနဲ့ ရှည်သွယ်နေသည်။
ဒါပေမယ့် သူမရဲ့မျက်လုံးတွေက တောက်ပပြီး ကြည်လင်နေသည်။ သူမက သူ့ကိုမော့ကြည့်ပြီး ထပ်ခါထပ်ခါအလေးပေးကာ
ပြောခဲ့သည်။
သူ့အစ်ကိုရဲ့သေခြင်းနှင့်
သူ့မိခင်ရဲ့ ထွက်ခွာသွားခြင်းက သူ့ရဲ့အမှားတွေ မဟုတ်ဘူး။
မျက်စိတမှိတ်အတွင်းမှာ ချန်ရှု့ရဲ့အကြည့်က သူမအပေါ်ကျသွားတာကြောင့်
ယဲ့ဆွေက စကားဆက်ပြောလိုက်သည်။ နွေးထွေးမှုက
သူ့ရဲ့လက်ချောင်းများမှတစ်ဆင့် ပျံ့နှံ့နေပြီး တဖြည်းဖြည်းချင်းနဲ့ သူ့ရဲ့နှလုံးသားထဲသို့
ပျံ့နှံ့သွားကာ သူ့ရဲ့အေးစက်မှု့ကို တစ်နည်းနည်းဖြင့် ရစ်ပတ်ထားခဲ့သည်။
ထိုသို့သောခံစားမှုက အရင်က မရှိခဲ့ဖူးဘူး။
အမှောင်ထုထဲတွင် သေးငယ်သော်လည်း အလွန်တောက်ပသော အလင်းတန်းက
အလွန်နက်သော စိတ်ပျက်အားလျော့ခြင်းမှ သူ့ကိုဆွဲထုတ်သွားခဲ့သည်။
ယဲ့ဆွေ ဆက်ပြောလိုက်တာကတော့ “ ချန်ရှု့၊ အဲ့လူရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို
ဘာမှအာရုံစိုက်မနေနဲ့”
ထို့နောက်သူမက ချန်ရှု့ရဲ့ ကောင်းတဲ့အချက်တွေကို တစ်ချက်ပြီးတစ်ချက်
ရေတွက်လိုက်သည်။ “ ရှင့်မြင်ရဲ့လား၊ ရှင်ကကြည့်ကောင်းတယ်၊
ကြင်နာတတ်တယ်၊ လူတွေကိုဂရုစိုက်တတ်တယ်၊ ပြီးတော့ သရဲတွေကိုလည်း တားဆီးပေးတယ်.........”
သူမ ထိုအရာကိုမသိရှိမီက၊ သူမက သူရဲ့အကြောင်းကို တော်တော်လေးပြောခဲ့သည်။
သူက သူမရဲ့နှလုံးသားထဲမှာ အလွန်ထူးခြားတယ်ဆိုတာကို နားလည်သဘောမပေါက်ခင်ကပေါ့။
ယဲ့ဆွေ ရဲ့အသံက ချန်ရှု့ ရဲ့နားထဲကို ညင်ညင်သာသာ ကျဆင်းသွားခဲ့သည်။ ထို့အပြင် သူ့ရဲ့မျက်လုံးတွေက အတန်ငယ် မည်းနက်နေခဲ့သည်။
ဖြူဖွေးနေသော လရောင်အောက်တွင် ယဲ့ဆွေက သူမရဲ့မျက်နှာကိုမော့ချီပြီး သူက အရမ်းတော်ကြောင်း
စိတ်ပါလက်ပါနဲ့ ပြောပြခဲ့သည်။
ချန်ရှု့က ယဲ့ဆွေကို ငုံ့ကြည့်လိုက်သည်။ သူမက ပုံမှန်အတိုင်း
လှပပြီး၊ သွယ်လျနေဆဲပဲဖြစ်သည်။ ဒါပေမယ့် ထိုကဲ့သို့သောနေရာများနှင့် အခါသမယများတွင်
အရာအားလုံးက ကွဲပြားခြားနားပုံရသည်။
ယဲ့ဆွေက ခဏလောက်စဉ်းစားပြီးနောက် စိတ်ရင်းမှန်ဖြင့် ဤသို့ပြောခဲ့သည်။
-“ ရှင့်နဲ့အတူ ကျွန်မရဲ့ကံက ပြောင်းလဲသွားခဲ့ပြီ။ ရှင်က ကံတရားပဲမဟုတ်ဘူး ရှင်က ကျွန်မရဲ့ ကံကောင်းတဲ့အဆောင်ပဲ
.......... ”
နောက်တစ်စက္ကန့်တွင် ချန်ရှု့က ရုတ်တရက် ကိုယ်ကိုကိုင်းလာပြီး
သူ့ရဲ့လက်ကိုဆန့်၍ ယဲ့ဆွေကို သူ့ရဲ့လက်မောင်းထဲသို့ ဆွဲထည့်လိုက်ကာ သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ချန်ရှု့ရဲ့လက်တွေက ယဲ့ဆွေကိုရစ်ပတ်ထားပြီး သူ့ရဲ့မှောင်မိုက်နေတဲ့ဘဝတွင်
အဲ့တာကတစ်ခုတည်းသော အာဟာရလိုမျိုး သူမကိုခိုင်မြဲစွာ ပွေ့ဖက်ထားသည်။ မသေချာမရေရာသော အနာဂတ်က သူမအတွက်ကြောင့် ခက်ခဲပြီး
စိတ်ပျက်စရာတွေမရှိတော့ဘူး။
ယဲ့ဆွေကို ချန်ရှု့ကသူ့ရဲ့ လက်မောင်းထဲတွင် ဖက်ထားသည်။
သူမရဲ့ ဦးနှောက်က ရုတ်တရက်ဗလာဖြစ်သွားပြီး ကြောင်အမ်းအမ်းနဲ့ သူမအဲဒီနေရာမှာပဲ ရပ်နေခဲ့သည်။ သူ့ရဲ့နွေးထွေးသော ဝင်သက်ဝက်သက်က သူမကိုဝန်းရံထားပြီး
လက်တွေက သူမရဲ့ပခုံးတွေကို ဖုံးအုပ်ထားသည်။
ဆောင်းဦး ညချမ်းဖြစ်သော်လည်း၊ ချန်ရှု့က သူမကိုတင်းတင်းကျပ်ကျပ်
ဘယ်တော့မှမဖက်ခဲ့ဖူးဘူးဆိုတာကို စဥ်းစားလိုက်တော့ ယဲ့ဆွေရဲ့နားရွက်တွေက ရုတ်တရက်ပူလာခဲ့သည်။
ချန်ရှု့ရဲ့ အသက်ရှူအငွေ့က သူမရဲ့လည်ပင်းကို နူးညံ့စွာထိမိနေတာကို
ယဲ့ဆွေ သတိပြုမိလိုက်ကာ အဲ့တာကသူမကို ထုံထိုင်းသွားစေူည်။ သူမရဲ့မျက်နှာက နောက်ထပ်နီမြန်းလာခဲ့တယ်။
ယဲ့ဆွေ အသက်ပြင်းပြင်းရှူလိုက်ပြီး
ဂရုတစိုက်နဲ့ခေါ်လိုက်သည်။ "ချန်ရှု့?" သူမက အရမ်းကြောက်လန့်ပြီး ဘာလုပ်ရမလဲဆိုတာကို မသိခဲ့ပေ။
ချန်ရှု့ရဲ့ခေါင်းက သူမရဲ့လည်ပင်း၌ နစ်မြုပ်နေသည်။ယဲ့ဆွေရဲ့
ဆံပင်က သူ့မျက်နှာကိုပွတ်တိုက်နေပြီး မွှေးပျံ့တဲ့ရနံ့က သူ့နှာခေါင်းထိပ်ကို ရောက်သွားခဲ့သည်။ အလိုအလျောက်နဲ့ သူ မထွက်ခွာသွားချင်တာကြောင့် "ဟမ်
"လို့ ညင်သာစွာပြောလိုက်သည်။
ယဲ့ဆွေရဲ့အသံက အကူအညီမဲ့နေခဲ့သည်။ "ရှင်က ကျွန်မကိုနာကျင်အောင်လုပ်နေတယ် "
ချန်ရှု့က သူ့ရဲ့ချုပ်ကိုင်ထားမှုကို အနည်းငယ်ဖြေလျှော့ပေးလိုက်ပေမယ့်
ယဲ့ဆွေရဲ့ ခန္ဓာကိုယ်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားတာကိုတော့ သူမလွတ်ပေးသေးဘူး။ အဆိုပါလရောင်အောက်က
စုံတွဲရဲ့ပုံရိပ်က မြေပြင်ပေါ်တွင် အရိပ်ထင်နေခဲ့သည်။ အဲ့တာက အရမ်းရှင်းလင်းသည်။
ချန်ရှု့က သူမကို သွားခွင့်မပြုဘူး။ ပြီးတော့ ယဲ့ဆွေကလည်း
မငြင်းဆန်ခဲ့ဘူး။ သူမက သူ့ကိုဖက်ထားခွင့်ပြုခဲ့သည်။
တိတ်ဆိတ်ငြိမ်သက်သော ညချမ်းတွင် သူမက ပြင်းထန်စွာ ရိုက်ခတ်နေတဲ့
သူမရဲ့နှလုံးခုန်သံကို တစ်ချက်ပြီးတစ်ချက် ကြားနေရသည်။