အပိုင်း ၆၂
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၆၂ - သွယ်ဝိုက်အနမ်း

 

 

 

 

 

နံနက်စောစောတွင် ဖုန်းပေါ်မှာ အရမ်းလျှို့ဝှက်တဲ့သူဖြစ်တဲ့ ရန်ကျဲဆီမှ ဖုန်းခေါ်ဆိုမှုကို ယဲ့ဆွေ လက်ခံခဲ့ရသည်။  သူမမှာ လူကိုယ်တိုင် သူမကိုပြောစရာ တစ်ခုခုရှိနေသည်။

 

 

အခြားရွေးချယ်စရာလမ်းမရှိသော ယဲ့ဆွေက သူမရဲ့အနားယူချိန်ကို စွန့်လွှတ်ပြီး ကုမ္ပဏီသို့သာသွားခဲ့ရသည်။

 

 

ရုံးထဲကို ၀င်လိုက်တာနဲ့ ယဲ့ဆွေကို အသက်ရှူကျပ်လုနီးပါးဖြစ်အောင် ရန်ကျဲက ရုတ်တရက်ကြီး ပွေ့ဖက်လိုက်သည်။

 

 

 "ဆွေဆွေ၊ ငါတို့ ကြီးပွားတိုးတက်တော့မယ်!"  ရန်ကျဲက ဒေါ်လာတစ်သန်း ထီလက်မှတ်ပေါက်သကဲ့သို့ သူမရဲ့မျက်နှာက နီမြန်းမှုက တောက်ပနေသည်။

 

 

ယဲ့ဆွေက ရုတ်တရက် စူးစမ်းမိလိုက်သည်။ " သတင်းကောင်းရှိလို့လား?"

 

 

ရန်ကျဲက ယဲ့ဆွေ ရဲ့လက်မောင်းကိုကိုင်ပြီး ထိုင်ခုံပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ အဲ့လိုလုပ်တာက သူမ ရှည်လျားသောစကားကို ပြောတော့မယ့်ပုံရသည်။

 

 

“ငါတို့ရဲ့ကုမ္ပဏီကို ဟွာရွေ့က ဝယ်ယူခဲ့တယ်! ”

 

 

ယဲ့ဆွေရဲ့ကုမ္ပဏီက အလွန်သေးငယ်သော်လည်း ကောင်းမွန်သော ထုတ်လုပ်မှုအဖွဲ့ မရှိပေ။  အခြားတစ်ဖက်တွင်မူ ဟွာရွေ့က အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီဖြစ်သည်။  ထို့ကြောင့် ရန်ကျဲက သူတို့နှင့်ဆက်ဆံရေး တည်ဆောက်ဖို့ စိတ်ကူးယဉ်ခဲ့သည်။

 

 

 “ သူတို့က ဝယ်လိုက်တော့ ငါတို့ရဲ့ကုမ္ပဏီက အခုဒီနယ်ပယ်မှာ အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်လာပြီ ” ကျယ်လောင်စွာနဲ့ စကားပြောနေတဲ့ ရန်ကျဲ ကိုကြည့်လိုက်ရင်း ဒီနေ့ သူမရဲ့အူတွေက ဘာကြောင့်ပိုကြီးလာရတာလဲဆိုတာကို သူမ မသိခဲ့ဘူး။

 

 

 ယဲ့ဆွေ ရှုပ်ထွေးနေတုန်းပဲ။ " ဘာလို့ငါသတင်းမှာ အဲ့တာကိုမတွေ့ရတာလဲ?  ဘာကြောင့် ဟွာရွေ့က ငါတို့ကုမ္ပဏီကို အကြောင်းပြချက်မရှိဘဲနဲ့ ၀ယ်ခဲ့တာလဲ? ဘာကြောင့်လဲ? "

 

 

ရန်ကျဲ ခါးခါးသီးသီးဖြစ်သွားသည်။ “ နင်ဘာသိလဲ? ဒီသတင်းကို အခုအချိန်မှာ အထက်တန်းအဆင့်ရှိတဲ့ လူတွေပဲ သိထားကြတယ်။ ဒါပေမဲ့ အဲ့တာက မကြာခင်ထွက်လာလိမ့်မယ်”

 

 

 “ ဟွာရွေ့ ရဲ့ဥက္ကဌက နင့်ရဲ့အလားအလာကို တန်ဖိုးထားပြီး မင်းကိုဖမ်းဆီးချင်နေတာပဲ ဖြစ်ရမယ်။ ဒါကြောင့်သူက ငါတို့ကုမ္ပဏီကို ကြုံကြိုက်တုန်း ဝယ်သွားတာပဲ ”   ရန်ကျဲက သူမအမှတ်တမဲ့နဲ့ အမှန်တရားကိုပြောပြခဲ့ကြောင်းကို မသိခဲ့ပေ။

 

 

ယဲ့ဆွေကတော့ သူမရဲ့စကားကို မယုံဘူး။ သူမက လူကြိုက်များခြင်း မခံရသေးသောကြောင့် ဟွာရွေ့ ဥက္ကဌအား သူ့ရဲ့ပိုက်ဆံကိုဖြုန်းခြင်းနှင့် ကုမ္ပဏီကို၀ယ်ဖို့ အတင်းအကျပ်ခိုင်းစေခဲ့တာလား။

 

 

ရန်ကျဲ - "အချိန်တန်ရင် ဟွာရွေ့က ငါတို့ကိုအကောင်းဆုံး အဖွဲ့တစ်ဖွဲပေးလိမ့်မယ်။ ပြီးတော့ အရင်ကလို နင့်ကိုဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မှာမဟုတ်ဘူး”

 

 

ယဲ့ဆွေက ရန်ကျဲကို တစ်ချက်ကြည့်လိုက်သည်။ ပုံမှန်စျေးကွက်ရှာဖွေရေးနည်းလမ်းတွေက လုံးဝမကောင်းကြောင်းကိုလည်း သူမ သိထားသည်။

 

 

တကယ် ကိစ္စအနေဖြင့်၊  ရန်ကျဲရဲ့စျေးကွက်ရှာဖွေရေး ဦးတည်ချက်က နှစ်လိုဖွယ်ကောင်းနေဆဲဖြစ်သည်။ဆန်ကျင်တဲ့ဖန်တွေ ရှိခြင်းက ကျော်ကြားမှုရဖို့အတွက် အခြားရွေးချယ်စရာတစ်ခုလည်း ဖြစ်သည်။  နောက်ပိုင်းတွင် သူမဂုဏ်သိက္ခာတက်လာပြီး အတင်းအဖျင်းကို ရှင်းလင်းခြင်းကကောင်းလျှင်၊ ယခင်က ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို ဘယ်သူကမှတ်မိနိုင်မှာလဲ?

 

 

ယဲ့ဆွေကတော့ဒီကိစ္စကို ရန်ကျဲလို စိတ်မလှုပ်ရှားနေဘူး။ ဒါပေမယ့်လည်း သူမကသူမရဲ့စကားကို နားထောင်ပြီး ထားလိုက်တော့သည်။

 

 

ယဲ့ဆွေ စိတ်မ၀င်စားတာကိုမြင်တော့ ရန်ကျဲက သူမရဲ့အိတ်ထဲမှ လက်မှတ် ၂ စောင်ကို ရုတ်တရက် ထုတ်ယူလိုက်သည်။  “ ဒီမှာ ချီရှန်း ရဲ့ဖျော်ဖြေပွဲအတွက် လက်မှတ်တွေရှိတယ်။ ဒီတနင်္ဂနွေမှာ နင့်ခင်ပွန်းနဲ့အတူ သွားလို့ရတယ်။”

 

 

ယဲ့ဆွေက ယခင်နှင့်မတူဘဲ ဤကိစ္စကို အတော်လေး စိတ်ဝင်စားခဲ့သည်။ သူမက လက်မှတ်တွေကိုယူပြီး ထိုတွင်ပါသော စကားလုံးများကိုကြည့်လိုက်သည်။ သူမရဲ့စိတ်သည်လည်း အခြားကမ္ဘာသို့ရွေ့သွားခဲ့သည်။ နာမည်ကို သူမပထမဆုံးအကြိမ် ကြားဖူးခဲ့တာကတော့ သရဲကြောင့်ပဲ။

 

 

ချီရှန်းက ထိပ်တန်းစူပါစတားတစ်ယောက်ဖြစ်သည်။အဓိကရင်ပြင်အားလုံးရှိ ဖန်သားပြင်ကြီးများတွင် သူ့ရဲ့ကြော်ငြာများနှင့် သီချင်းအသစ်များကို မြှင့်တင်ထားခြင်းက အများပြည်သူထံ ပြသနိုင်ရန်အလှည့်ကျလာလိမ့်မည်။

 

 

သူ့ရဲ့ဖျော်ဖြေပွဲခရီးစဉ်တွေကို တစ်ပွဲပြီးတစ်ပွဲ စတင်ခဲ့ပြီး စွမ်းဆောင်ရည်နှင့် ပြည့်နှက်နေသည်။  နားလည်နိုင်သည်မှာ လက်မှတ်များမှာ လိုသလောက် မရပေ။

 

 

ဒါပေမဲ့အခုတော့ သရဲပျောက်ကွယ်သွားပြီးနောက်မှာတော့ သူမကနောက်ထပ် ဖျော်ဖြေပွဲကိုကြည့်ဖို့ လမ်းစမရှိတော့ပေ။

 

 

ရန်ကျဲက ယဲ့ဆွေကို ပခုံးနဲ့တိုက်လိုက်ူည်။  “နင်ဘယ်လိုထင်လဲ? အရမ်းကိုကြည်နူးပီတီဖြစ်ပြီး  နင့်ရဲ့ခင်ပွန်းနဲ့အတူ နောက်ရက်အနည်းငယ်လောက်မှာ နင့်ရဲ့ခရီးတိုထွက်ဖို့အတွက် ကြိုတင်စီစဉ်ပြီးပြီလား?”

 

 

ယဲ့ဆွေ  မဖြေခဲ့ဘူး၊ လက်မှတ်တွေကို သိမ်းလိုက်ပြီး ရန်ကျဲ ကိုနှုတ်ဆက်ခဲ့သည်။ သူမ အိမ်ကိုပြန်ရောက်သည်နှင့် ဖုန်းကောလ်တစ်ခုကို လက်ခံခဲ့သည်။

 

 

“ ကျနော်တို့က ရန်ရှင်းရဲ့ PR အဖွဲ့ပါ။  သူ့ရဲ့စာချုပ်က သက်တမ်းကုန်ဆုံးသွားပါပြီ။ ကျွန်တော်တို့နဲ့ ခင်များစာချုပ်ချုပ်မယ်လို့ ရည်ရွယ်ထားရင် ကျနော်တို့ဝမ်းသာမိမှာပါ။ အသေးစိတ်အချက်အလက်တွေကို ကျွန်နော်တို့ နောက်မှပြောလို့ရပါတယ် ”

 

 

ရန်ရှင်းက ရုပ်ရှင်ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်ပြီး တိုင်းပြည်ထဲမှာရှိကြတဲ့ လူတွေအားလုံးနီးပါးက သူ့နာမည်ကိုကြားဖူးကြသည်။  သိပ်မကြာခင်မှာပဲ သူက Hollywood ကိုသွားပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

 

 

ရန်ရှင်းက အရမ်းလူကြိုက်များခဲ့သည်။ သူ့ရဲ့ကိုယ်ပိုင်ထူးချွန်မှုအပြင် သူ့နောက်ကွယ်မှာ PR အဖွဲ့က အကြောင်းပြချက်ရဲ့ အစိတ်အပိုင်းကြီးတစ်ခုဖြစ်ခဲ့သည်။

 

 

ရန်ရှင်းရဲ့ PR အဖွဲ့က ဟွာရွေ့ နဲ့သာသက်ဆိုင်တယ်ဆိုတာကို ယဲ့ဆွေ သိသည်။ ဒါပေမဲ့ သူတို့ရုတ်တရက် သူမနဲ့ဘာကြောင့်ဆက်သွယ်ရတာလဲဆိုတာကိုတော့ မသိရသေးပေ။

 

 

ယဲ့ဆွေရဲ့လက်ရှိအေးဂျင့်ဖြစ်သူ ရန်ကျဲက ရွှေတံဆိပ်အေးဂျင့်ဖြစ်တဲ့ တိုင့်ကျီ  ထံမှသင်ခန်းစာကို သင်ယူလိမ့်မည်ဟုလည်း သူတို့ဖော်ပြခဲ့သည်။  ထို့နောက်ယဲ့ဆွေရဲ့ လူသိရှင်ကြားကြော်ငြာများနှင့် အစီအစဉ်များအားလုံးကို သူတို့ဆုံးဖြတ်ကြလိမ့်မည်။

 

 

ယဲ့ဆွေက အင်တာဗျူးအတွက် အချိန်တိုအတွင်းမှာ သဘောတူခဲ့သည်။ ထို့နောက် သူမဖုန်းချလိုက်သည်။

 

 

ဒီနေ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ယဲ့ဆွေ  တစ်ယောက်ဟာ ကောင်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုပေါ်ပေါ်လာပုံကို မဖော်ထုတ်နိုင်ခဲ့ဘူး။ သူမက စဉ်းစားတွေးတောခြင်းကို လုံးဝရပ်တန့်ခဲ့ပြီး အင်တာဗျူးတစ်ခုအတွက် ဟွာရွေ့ သို့ သူမလည်ပတ်မယ့်ချိန်အထိတိုင်အောင် စောင့်ခဲ့သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့တုံ့ပြန်မှုကို စိတ်ကူးပြီး သူမရဲ့အိတ်ထဲက ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို ထုတ်ယူလိုက်သည်။  သူဖျော်ဖြေပွဲကို သွားချင်ပါ့မလား?

 

 

 

အဲဒီမှာရှိတဲ့ လေထုထဲမှာ တိတ်ဆိတ်နေတာက သူမရဲ့ ပင်ကိုယ်စရိုက်နဲ့ ယှဥ်လို့မရဘူး။

 

 

 ချန်ရှု့ ညဘက် အိမ်ပြန်ရောက်ချိန်မှာ နောက်ဆုံး ယဲ့ဆွေရဲ့စိတ်ထဲ အကြံတစ်ခုပေါ်လာခဲ့သည်။ အကယ်၍ သူ မသွားလျှင် သူမအစ်မဖန်သရဲရဲ့ (ဝေးရွှင့်) ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် သူမရှောင်လျို့ကို သူမနှင့်အတူလိုက်ခွင့်ပြုလိုက်မည်။

 

 

 ညနေရှစ်နာရီမှာ ချန်ရှု့ တံခါးကိုဖွင့်ပြီး ဝင်လာခဲ့ကာ ယဲ့ဆွေက ဆိုဖာပေါ်မှာထိုင်ပြီး သူ့ကိုစောင့်နေခဲ့သည်။

 

 

 "ဒီကိုလာဦး။ ကျွန်မရှင့်ကို တစ်ခုမေးစရာရှိတယ်” ယဲ့ဆွေကချန်ရှု့ကို လက်ယက်ခေါ်လိုက်သည်။

 

 

 ချန်ရှု့ လမ်းလျှောက်သွားချိန်မှာ ကော်ဖီစားပွဲပေါ်က ဖျော်ဖြေပွဲလက်မှတ်နှစ်စောင်ကို တစ်ချက်ကြည့်လိုက်သည်။

 

 

 ယဲ့ဆွေက လက်မှတ်တွေကို ကောက်ကိုင်လိုက်ပြီးပေးလိုက်သည်။  "ဒါကချီရှန်းရဲ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ။ ရန်ကျဲက ကျွန်မကိုပေးလာတာ ရှင်အတူတူသွားချင်လား။ "

 

 

 "အကယ်၍ ရှင်မလိုက်ချင်ဘူးဆိုရင် ရှောင်လျို့ကိုအတူလိုက်ဖို့ မေးလိုက်_ "

 

 

 ယဲ့ဆွေ စကားမဆုံးခင်မှာဘဲ ချန်ရှု့က ချက်ချင်း ဖြတ်ပြောခဲ့သည်။  “ကိုယ်မင်းနဲ့လိုက်မယ်”

 

 

 ယဲ့ဆွေကလည်း သူသဘောတူမယ်ဆိုတာကို အရိပ်အခြည်သိသည်။ အဆိုပါဖျော်ဖြေပွဲက ညနေပိုင်းတွင်စတင်မှာဖြစ်ပြီး ဖန်တွေသာမက သရဲပရိတ်သက်တွေလည်း လာလိမ့်မည်။  အကယ်၍ သရဲတစ္ဆေတွေအားလုံး အုပ်စုလိုက်ထွက်လာပါက ငိုမယ့်သူက ဘယ်သူဖြစ်မလဲ?

 

 

 ယဲ့ဆွေက ကျေနပ်ရောင့်ရဲစွာပြုံးပြလိုက်သည်။  "ကောင်းပြီ, အချိန်ကဒီတနင်္ဂနွေနေ့ပဲ  အတူတူသွားကြမယ် "

 

 

 ယဲ့ဆွေက ထိပ်တန်းစူပါစတား၏ ဖျော်ဖြေပွဲသို့သွားသောအခါ သူမသည်ရုပ်ဖျက်ရမည်။  မဟုတ်ရင် နောက်တစ်နေ့မှာ ကောလဟလတွေပျံ့နှံ့သွားလိမ့်မည်။

 

 

 mask လိုတယ်၊ ဦးထုပ်လည်းလိုတယ်။ ယဲ့ဆွေက ပိုကြီးတဲ့ အနားကွပ် ဦးထုပ်ကိုကောက်ယူကာ အနက်ရောင်အနားကွပ် မျက်မှန်တစ်စုံကိုတပ်ပြီး သူမရဲ့မျက်နှာအားလုံးနီးပါးကိုဖုံးအုပ်ထားသည်။

 

 **************

 

 တနင်္ဂနွေနေ့

 

 

 ချန်ရှု့ သူ၏ပြင်ဆင်မှုများကိုစတင်ခဲ့သည်။  သူသည်ဗီရိုထဲမှ အနီးဆုံး အဝတ်အစားတစ်ထည်ကို သေချာထုတ်ယူကာ ယဲ့ဆွေ လာမည်ကို ဆိုဖာပေါ်တွင် ထိုင်စောင့်ခဲ့သည်။

 

 

 ချန်ရှု့  အဝတ်အစားလဲပြီးတဲ့နောက်မှာ ယဲ့ဆွေရဲ့အသံကိုသူကြားလိုက်ရသည်။  သူက သူမမကြာခင် အောက်ထပ်ဆင်းမှာထင်ပြီး ညစာစားဖို့ ဒါမှမဟုတ် တစ်ခုခုအတွက် စားသောက်ဆိုင် တစ်ခုရှာမယ်လို့ စဥ်းစားခဲ့သည်။

 

 

 ဒါပေမယ့် သူက ယဲ့ဆွေကို အောက်ထပ်ဆင်းဖို့အတွက် အချိန်ကြာမြင့်စွာစောင့်ရမယ်လို့ မျှော်လင့်မထားခဲ့ပေ။  သူမကသူတောင်မှ သူမ၏မျက်လုံးတွေကို မမြင်ရနိုင်အောင် ဖုံးထားခဲ့သည်။  "ကျွန်မတို့နောက်ကျပြီ။  ကျွန်မကားထဲမှာ စားဖို့အတွက် အသားညှပ်ပေါင်မုန့် ဝယ်ခဲ့တယ် "

 

 

 ချန်ရှု့ - “ …”

 

 

 ချန်ရှု့ရဲ့ စားဖို့ စိတ်ကူးလေးကို ရက်စက်စွာ အပိုင်းပိုင်းချိုးဖျက်ခဲ့သည်။

 

 

 ယဲ့ဆွေက သူဘာတွေးနေတာလဲဆိုတာကို မသိဘူး။ သူမက ဗီရိုရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး  လှန်လှောမွှေနှောက်ရှာဖွေနေသည်။ အလွန်ရက်ရောစွာဖြင့် သူမကဤသို့ပြောလာခဲ့သည် -“ ရှင်ဘာအရသာစားချင်လဲ  ကျွန်မအများကြီးဝယ်ထားတယ်။ အဲ့ဒါတွေထဲက ရှင်ရွေးလို့ရတယ် "

 

 

 တကယ်တမ်း မရွေးချင်သော ချန်ရှု့က ယဲ့ဆွေကို အကြံဥာဏ်တောင်းလိုခဲ့သည်။ ၎င်းကိုဂရုတစိုက်စဉ်းစားပြီးနောက် သူသည်အသားညှပ်ပေါင်မုန့်တစ်မျိုးကိုညွှန်ပြကာ သူ့ပါးစပ်ကိုဖွင့်ချင်ခဲ့သည်။

 

 

 ယဲ့ဆွေက မကြည့်ဘဲ သူ့ကိုတိုက်ရိုက်ကူညီခဲ့သည်။ "အရသာတစ်ခုစီအတွက် တစ်လုံးစီယူလို့ရတယ်။ ဒါကြောင့် ရှင်ရွေးစရာမလိုတော့ဘူး "

 

 

 ချန်ရှု့ - “ …”

 

 

 

 ယဲ့ဆွေက ကားပေါ် ကျောပိုးအိတ်အပြည့် ထည့်လိုက်သည်။  ၎င်းသည် သူမနဲ့ချန်ရှု့ရဲ့ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲသွားကြည့်တာဖြစ်ပြီး သူမနောက်ကျရန်မလိုလားခဲ့ပေ။

 

 

 ချန်ရှု့က ဖျော်ဖြေပွဲသို့တစ်လျှောက်လုံးကားမောင်းခဲ့သည်။

 

 

 ညမှာမှောင်နေပြီ၊ သို့သော် ဤသည်မှာသူတို့၏ အိုင်ဒေါ အတွက် ပရိသတ်များ၏ စိတ်အားထက်သန်မှုကို မထိခိုက်စေပါ။  သူတို့လက်၌ မီးလင်းချောင်းများကိုင်ထားကြပြီး စနစ်တကျတန်းစီထားကာ သူတို့တစ်ဦးပြီးတစ်ဦး စစ်ဆေးခံပြီးဝင်သွားကြသည်။

 

 

 ယဲ့ဆွေက အထဲကိုမဝင်ခင်မှာ ပရိသတ်များစွာအပြင် လူတစ်ယောက်ကို သတိပြုမိခဲ့သည်။  မဟုတ်သေးဘူး လူသားမဟုတ်ခဲ့ပါ၊ ၎င်းသည်သရဲ ဖြစ်သင့်သည်။

 

 

 သရဲက အနောက်တိုင်းပုံစံ အဝတ်အစားများ ဝတ်ဆင်ထားပြီး သွေးမပါဘဲသန့်ရှင်းသည်။

 

 

 သာမန်သရဲတစ်ကောင်သာဖြစ်ခဲ့ရင် ယဲ့ဆွေက သူ့ကိုအထူးအာရုံစိုက်မှာမဟုတ်ဘူး။  သို့သော် ထိုသရဲသည် အနည်းငယ်ရင်းနှီးပြီး ချီရှန်းနှင့်ဆင်တူသည်။

 

 

 သူ့မျက်နှာက အမူအရာမဲ့နေကာ သူက သရဲဖြစ်နေတာကို မသိသေးပေ။

 

 

 သူကပတ်ပတ်လည်လှည့်ပြီး သူ့ဘာသာပြောနေခဲ့သည်။ " ချီရှန်း ရဲ့ဖျော်ဖြေပွဲက ဘယ်မှာလဲ? ငါ့သားရဲ့ဖျော်ဖြေပွဲကို ကြည့်ရမယ် "

 

 

ယဲ့ဆွေ ခဏမျှမျက်မှောင်ကြုတ်လိုက်သည်။ သူမသည် လူအများရှေ့တွင် သရဲနဲ့ မဆက်သွယ်နိုင်ပေ။ ဒါ့အပြင် ချီရှန်းရဲ့အဖေ သေဆုံးတာကိုသူမ မကြားဖူးဘူး။

 

 

 ယဲ့ဆွေက သူမ၏မှန်းဆချက်ကို သူမနှလုံးသားထဲသိုဝှက်ထားခဲ့သည်။  ဖြစ်နိုင်တာက သူမနောက်ကျရင် သိဖို့အခွင့်အရေးရှိလိမ့်မည်။

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့သည် ရှေ့ဆုံးတန်းတွင်ရှိနေကြသည်။ သူမတို့ထိုင်ပြီးသည်နှင့် သူမအိတ်ကို ဇစ်ဆွဲဖွင့်ပြီး တစ်စုံတစ်ခုကို ရှာနေခဲ့သည်။

 

 

 ချန်ရှု့သည် သူမ၏လုပ်ရပ်များကြောင့် သူမကိုအချိန်ကြာကြာ မကြည့်ဘဲမနေနိုင်ခဲ့ပါ။ ယဲ့ဆွေ အသံက အနည်းငယ် ရွှင်လန်းစွာထွက်လာသည်။  "တွေ့ပြီ"

 

 

 ယဲ့ဆွေက ချန်ရှု့ကို သူမလက်ထဲရှိအရာကို ကမ်းပေးလိုက်သောအခါ သူသည်အကူအညီမဲ့စွာကြည့်နေခဲ့သည်။  သူကခေါင်းငုံ့ပြီး မီးလင်းချောင်းကိုကြည့်လိုက်တယ်၊ ဒါပေမယ့် သူစကားမပြောခဲ့ဘူး။

 

 

 ယဲ့ဆွေရဲ့ မီးလင်းချောင်းကို ၀ယ်ရန်မူလရည်ရွယ်ချက်မှာ သရဲ ဖန်အစ်မ ကြောင့်ဖြစ်သည်။  သူမသည် သူမလက်၌အမြဲဆုပ်ကိုင်ထားခဲ့သော မီးလင်းချောင်းကိုမှတ်မိနေသေးသည်။

 

 

 မည်သို့ပင်ဆိုစေ၊ ယဲ့ဆွေတွင် ဝှက်ထားသောရည်ရွယ်ချက် အနည်းငယ်ရှိသေးသည်။ သူမက မီးလင်းချောင်ကိုဝှေ့ယမ်းတဲ့အခါ ချန်ရှု့ ရဲ့ပုံပန်းသဏ္ဌာန်ကို ကြည့်ဖို့သူမဒီပစ္စည်းကို ၀ယ်ခဲ့တာကိုသူမ မငြင်းခဲ့ဘူး။

 

 

 "ရှင်ကျွန်မကို ​ဝှေ့ယမ်းပြ" ယဲ့ဆွေက သူမ၏ ပါးစပ်ကိုဖွင့်ကာပြုံးလိုက်သည်။  သို့သော် mask တပ်ထားတာကြောင့် သူက သူမ၏မျက်လုံးများကိုသာမြင်နိုင်သည်။

 

 

 ယဲ့ဆွေ ရယ်သောအခါ သူမရဲ့မျက်လုံးတွေက အနည်းငယ်မြင့်တက်သွားကာ ကြက်သွေးရောင်လရဲ့ ပုံသဏ္ဌာန်လိုဖြစ်နေပြီး သူမရဲ့သူငယ်အိမ်များပေါ်တွင် ပျော်ရွှင်မှုများစီးဆင်းနေသည်ကို မြင်တွေ့နိုင်သည်။

 

 

 ချန်ရှု့ မသိမသာခေါင်းငြိမ့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူနောင်တရသွားသည်။ 'ယဲ့ဆွေလုပ်တာက ကောင်းပါတယ်၊ ဒါပေမယ့် သူကကောင်မလေးတစ်ယောက်လို မီးလင်းချောင်းကို ဝှေ့ယမ်းလိုက်တယ်။ တစ်ခုခုတော့ မှားနေပြီမဟုတ်လား? '

 

 

 ထို့အပြင်သူသည် အမျိုးသားအနုပညာရှင်တစ်ဦး လည်းဖြစ်သည်။

 

 

 သို့သော် ယဲ့ဆွေက ဒါကိုမျှော်လင့်နေတာကြောင့် ချန်ရှု့က လည်းမငြင်းပေ။

 

 

 တေးဂီတဖျော်ဖြေပွဲစတင်သည်နှင့် ကျင်းပရာနေရာတစ်ခုလုံး ရုတ်တရက်အမှောင်ကျသွားသည်။ ချီရှန်း စင်မြင့်ထက်တွင် ပေါ်လာသောအခါပရိသတ်သည် ချွင်းချက်မရှိ အော်ဟစ်လိုက်သည်။

 

 

 ချန်ရှု့နဲ့ယဲ့ဆွေ နှစ်ယောက်တည်းမှလွဲ၍ပင်။

 

 

 ယဲ့ဆွေသည် ချီရှန်း၏ ပရိတ်သတ်မဟုတ်ပါ၊ ချန်ရှု့ သည် သူမနှင့်အတူလိုက်ပါခဲ့သည်။  သူတို့ဘေးကလူတွေနဲ့ယှဉ်ရင်သူတို့ရဲ့တည်ငြိမ်တဲ့အသွင်အပြင်ကနည်းနည်းတော့လွဲနေသည်။

 

 

 ယဲ့ဆွေနဲ့ချန်ရှု့တို့သည် သူတို့၏လက်ထဲရှိ မီးလင်းချောင်းများကိုဝှေ့ယမ်းပြီး လူအုပ်နှင့်ရောနှောပစ်လိုက်ကြသည်။

 

 

 ပထမဆုံးသီချင်းစတင်သောအခါ ချီရှန်း၏ နူးညံ့သိမ်မွေ့သောအသံသည် မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်လာပြီးဖျော်ဖြေပွဲ၏နေရာတိုင်း၌ကြားရသည်။

 

 

 ချီရှန်း ရဲ့သီချင်းကိုကြားတော့ ယဲ့ဆွေ ရဲ့အတွေးတွေကအဝေးကို လွင့်သွားသည်။ အစ်မဖန်သရဲက ချီရှန်း ကိုအရူးအမူးခေါ်နေတဲ့မြင်ကွင်းကို သူမစိတ်ကူးယဉ်ပြီး ရုတ်တရက်ဝမ်းနည်းလာသည်။

 

 

 ချီရှန်းသည် အချစ်ကိုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။  ထိုအချိန်တွင် ဖိန်နင်သည် အတွေ့အကြုံမရှိသေးသောသူတစ်ဦး ဖြစ်ခဲ့ပြီး ကျော်ကြားမှုရခဲ့သော်လည်း သူမသည်ကျော်ကြားမှုရခဲ့ပြီးနောက် ချက်ချင်းပင်သူ့ကိုစွန့်ပစ်ခဲ့သည်။

 

 

 အခုတော့ ချီရှန်းက ထိပ်တန်းစူပါစတားတစ်ယောက်ဖြစ်နေပြီ။

 

 

 သရဲ ဖန် အစ်မလည်း သူမ အိုင်ဒေါက ဒီထက်ပိုပြီး သူမကိုဘယ်တော့မှ လက်မလျှော့ဘူးဆိုတာသိသည်။

 

 

 ယဲ့ဆွေက ချီရှန်းကိုသာငေးကြည့်နေသော်လည်း ချန်ရှု့ ၏မျက်လုံးများတွင် ဤအရာသည်မဖြစ်ခဲ့ပေ။  သူကဒီသီချင်းကိုနားမထောင်ချင်ခဲ့ဘူး။  သူမျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။

 

 

 နောက်အခိုက်အတန့်တွင် သူမ၏မျက်လုံးများကိုဖုံးအုပ်ထားသော ဦးထုပ်ကိုဖယ်လိုက်တာကို ယဲ့ဆွေ ခံစားလိုက်ရသည်။ သူမတစ်ခုခုကို ရုတ်တရက်သတိရသွားခဲ့သည်။

 

 

 ယဲ့ဆွေက ခေါင်းကိုစောင်းကာ ချန်ရှု့ကိုကြည့်လိုက်သည်။ ထိုအချိန်တွင် သီချင်းသည်ရပ်တန့်သွားပြီးဒုတိယသီချင်းကို အလျင်အမြန်စတင်ခဲ့သည်။

 

 

 ချန်ရှု့က ယဲ့ဆွေ ကိုတစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကိုပြောနေသလို သူ၏နှုတ်ခမ်းများလှုပ်လာသည်။

 

 

 သို့သော်အပြင်မှာ ဆူညံလွန်းတာကြောင့် ယဲ့ဆွေက သူပြောတာကို ရှင်းရှင်းလင်းလင်းမကြားလိုက်ပေ။  သူမ ချန်ရှု့ အနားကပ်ကာ ပြန်မေးခဲ့ရသည်။   "ရှင်ဘာပြောလိုက်တာလဲ?"

 

 

 ချန်ရှု့က ထပ်ခါထပ်ခါပြောနေပေမယ့် ယဲ့ဆွေက နားမလည်သေးတာကြောင့် သူမသူ့ကိုလက်ပြလိုက်သည်။  သူကခေါင်းအနည်းငယ်ညိမ့်လိုက်တာကြောင့် ယဲ့ဆွေက သူ့ နားရွက်နဲ့ကပ်နေခဲ့သည်။

 

 

 ယဲ့ဆွေက ချန်ရှု့ နားရွက်နှင့်နီးပြီး၎င်းနှင့်တစ်လက်မသာကွာသည်။  "ရှင်အခု ဘာပြောချင်တာလဲ?  "

 

 

 စကားများဆုံးသည်နှင့်တစ်ပြိုင်နက် ယဲ့ဆွေက အနီး တစ်ဝိုက်ရှိ ပရိသတ်များသည် အလွန်စိတ်လှုပ်ရှားပြီး သူမအားမတော်တဆတိုက်မိခဲ့သည်။ သူမသည် ရှေ့ကို ညွှတ်ကြသွားပြီး တစ်လက်မအကွာအဝေးသည်လည်း လုံးဝပျောက်ကွယ်သွားသည်။

 

 

 mask အောက်မှ ယဲ့ဆွေ၏နှုတ်ခမ်းသည် ချန်ရှု့၏ မျက်နှာပေါ်တွင် ကပ်သွားခဲ့သည်။

 

 

 ယခုအချိန်တွင် ချန်ရှု့အတွက် ကမ္ဘာကြီးက အေးခဲသွားပုံရသည်။